Sunday, October 28, 2012

Coffee Crazy နှင်. နောက်ဆက်တွဲ ရောဂါများ

 ကော်ဖီစွဲလန်းစွာသောက်သုံးခြင်းဖြင့် အရိုးပွရောဂါ၊ ခန္ဓာကိုယ်တွင်း အဆိပ်အထောက်များဖြစ်ကာ နာတာ ရှည်ရောဂါများနှင့် အခြား နောက်ဆက်တွဲရောဂါများ ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်ကြီးများက ဆိုသည်။

 "ကော်ဖီက အရိုးကျစ်လျစ်မူကို လျော့နည်းစေတယ်။ အရိုးကျိုးလွယ်တာတို့ မျက်လုံးရေ တိမ်ရောဂါတွေအဖြစ်များတယ်။ တစ်ချို့သုတေသနပြုချက်တွေမှာဆိုရင် ကော်ဖီက အရိုးကျစ်လျစ် တာ တွေကို လျော့နည်းသွားစေလို့အရိုးကျိုးလွယ်တယ်ဆိုတဲ့ ဆိုးကျိုးကိုတွေ့ရတယ် ” ဟု အလုံ မြို့နယ်၊ ၀င်းဆေးခန်းမှ အထွေထွေရောဂါကု ဒေါက်တာမြင့်ဦးက ပြောသည်။

ကော်ဖီများများ သောက်ခြင်းကြောင့် ဂဏှာမငြိမ်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးစည်းချက်မမှန်ခြင်း၊ အစာအိမ် အပူလောင်ခြင်း၊ သွေးပေါင်ချိန်များတိုးခြင်း စသည့် ခန္ဓာကိုယ်တွင်းရောဂါများဖြစ်ပွား နိုင်သည့်အပြင် နောက်ဆက်တွဲဆိုးကျိုးအဖြစ် အရိုးပွရောဂါများပါ စွဲကပ်လာနိုင်ကြောင်း ဆရာဝန်များကြီးများက သုံးသပ်သည်။

ကဖီန်းဓါတ်အလွန်အကျွံပါဝင်သော ကော်ဖီအား စွဲလမ်းစွာသောက်သုံးပါက ခန္ဓာကိုယ်တွင်း အဆိပ် အတောက်များ ပိုများပြားလာ၍ နာတာရှည်ရောဂါများအား  ဖြစ်ပွားလာနိုင်ကြောင်း ဆရာ ၀န်များက သုံးသပ်ပြောဆိုကြသည်။   

ကော်ဖီတစ်ခွက်လျှင် အင်တီအောက်ဆီးဒင့် ဓါတ်တိုး ဆန့်ကျင်ပစ္စည်းများ အပြင် ကေဖိန်းဟု ခေါ်သော ဓါတ်ပေါင်းပမာဏ (၂၀)ဂရမ်မှ (၁၀၀)ဂရမ်အထိ ပါဝင်နေပြီး နိုင်ငံတကာရှိ အားကစား ပြိုင်ပွဲများတွင် ကော်ဖီထဲ၌ ကေဖီးန်ဓါတ်သုံးစွဲခြင်းအား   နိုင်ငံတကာရှိ အားကစား ပြိုင်ပွဲများတွင် တားမြစ်ထားကြောင်းကိုလည်း သိရရသည်။
 “တနေ့ကို  ကော်ဖီတစ်ခွက် လောက်ပဲ သောက်သုံးသင့်ပါတယ်။ အချို့ဆိုရင် သုံးလေးခွက် လောက် သောက်သုံးနေတာ ကိုတွေ့ရတယ်။ ကြိုက်လို့သောက်တာဆိုပေမယ့် ကော်ဖီကြောင့် ဖြစ်တက်တဲ့ ရောဂါတွေက အများကြီးပါ။ အချို့နိုင်ငံတွေမှာဆို အားကစားသမားတွေ ဆို ကော်ဖီ ရှောင်တာတွေ တောင်ရှိတယ်” ဟု မြောက်ဒဂုံမြို့နယ်မှ အထွေထွေရောဂါ ကုဒေါက်တာ အောင်မင်းက ပြောသည်။   
  
လက်ရှိတွင် အမေရိကန်နိုင်ငံ၌ ကော်ဖီအား အရက်အစားထိုး အရည်အဖြစ်တွင်တွင် ကျယ်ကျယ် သုံးစွဲ လာကြပြီး လူတစ်ယောက်သည် တစ်နှစ်အတွင်းလျှင် ကော်ဖီပမာဏ (၂ ဒသမ ၂)ဂါလံ သောက်သုံးနေကြကြောင်း၊ မြန်မာနိုင်ငံတွင်မူ အစဦးပိုင်း၌ မြို့နေလူထု သာ ကော်ဖီ သောက်ကြခဲ့ သော်လည်း ယခုအခါ တောင်ပေါ် ဒေသများအထိ ပါ ကော်ဖီသောက်လာကြကြောင်း သိရှိရ သည်။    

ပြည်တွင်း စားသောက်ကုန်ဈေးကွက် ကော်ဖီတံဆိပ်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချ လျက်ရှိပြီး  ကော်ဖီမစ် တစ်ထုပ်လျှင် (၁၀၀)ကျပ်၊ တစ်ပါကင် (၅၀ထုတ်)လျှင် ကျပ်(၃၈၀၀)မှ (၅၀၀၀)၀န်းကျင်အထိ ဈေးရှိကြောင်းနှင့် (၃၀ထုတ်)ပါ  တစ်ပါကင်လျှင် ၂၆၀၀ ကျပ် ၀န်းကျင် ဈေးရှိကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။ 
 
By Yamin @ Myitmakha

No comments:

Post a Comment