Sunday, October 28, 2012

နောက်တစ်ခါ.......လာပြန်ပြီ...ဟေ.


အားလုံးမှ ငြိမ်းချမ်းမယ် မကြံသေး...လာပြန်ပါပြီ..
ဤကား ပြဿနာတို.၏ အစ 
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် အောက်တိုဘာ ၂၁ ရက်  ညနေပိုင်းမှ စတင်ပြီး မတည်ငြိမ်မူ ဖြစ်ပွားရာ အိမ်မီးရှို့မူများ ပေါ်ပေါက်ခဲ့ကြောင်း သတင်း ရရှိသည်။

ပိုက်သည်ရွာမှ မွတ်ဆလင် အိမ် ၁၈ ဆောင် မီးထဲပါသွားသည်ဟု သိရကြောင်းအချင်းချင်း အရက်သောက် ရန်ဖြစ်ရာကနေ ရခိုင် တစ်ယောက်ကို ဂျင်ဂလိနဲ့ ပစ်ရာကနေ စဖြစ်တာဖြစ်ကြောင်း မင်းပြားမြို့နယ်မှ ပြည်နယ် လွှတ်တော်အမတ် ဦးသာကျော်က ပြောသည်။
 
ဂျင်ဂလိဖြင့် အပစ်ခံရသူမှာ ပိုက်သည်ရပ်နှင့် ကပ်ပြီး တည်ရှိသော ကင်းဆိပ်ကျေးရွာမှ ဦးစံသိန်း (၄၇ နှစ်)  ဖြစ်ကြောင်း “ဦးစံသိန်းဂျင်ဂလိနဲ့ အပစ်ခံရတော့ ရခိုင်တွေဘက်က လူတွေစုပြုံလိုက်သွားတော့ အဲဒီမှာ ပြဿနာ စဖြစ်တယ်။ အဲဒီ မွတ်ဆလင်တွေက သူတို့အိမ်တွေကို စမီးရှို့တော့ မီးက ရွာထဲကနေ ထတောက်လောင် ပါတယ်” ဟု ဦးသာကျော်က ပြောသည်။
 
် ပြည်တွင်းထုတ် ဂျာနယ်တစောင် ဖြစ်သည့် Eleven Media Group (EMG) ၏ အွန်လိုင်း စာမျက်နှာ တခုတွင် ရခိုင်ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ''ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ မနက်ကတည်းက အခင်းဖြစ်ပွားရာ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တို့ကို သွားကြည့်နေပါတယ်။ အခုဖြစ်စဉ်ထဲမှာ အပြန်အလှန်မီးရှို့ တာတွေ ရှိခဲ့ပါတယ်။ ပြီးတော့ ကိုယ့်အိမ်ကိုယ် မီးရှို့တာလည်း ရှိပါတယ်။ အတိအကျကို ညနေကျမှ ပြောနိုင်မှာပါ'' ဟု့ အောက်တိုဘာလ (၂၂) ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့ကြောင်း (EMG) အဖွဲ့၏ အင်တာနက် အွန်လိုင်း တခုဖြစ်သည့် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။




ထို့အပြင် ပြဿနာရင်းမြစ်ကို သေခြာ မသိရသေးသော်လည်း ပြဿနာ ကူးစက်မှု မဖြစ်စေရန် စစ်တပ်အပါအ၀င် သက်ဆိုင်ရာ မြို့နယ်နှင့် မြို့ပြ အုပ်ချုပ်ရေး အဖွဲ့များထံ အကူအညီ တောင်းခံ၍ ထိန်းသိမ်းသွားမည်ဟု ပြောဆိုလိုက်ပြီး "အခြေအနေအရ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ဖို့ အလားအလာ ရှိပါတယ်။ ဒီဖြစ်စဉ်မျိုးက အရင်ကလည်း ရှိခဲ့တယ်။ ၁၉၇၈ နဂါးမင်းစစ်ဆင်ရေး တုန်းကလည်း သူတို့ဟာ ကိုယ့်ရွာကို ကိုယ် မီးရှို့မှုတွေ လုပ်ခဲ့ဖူးတယ်။ ပြီးတော့ ၁၉၉၂ ခုနှစ်တုန်းကလည်း ဒီလိုမျိုး တစ်ခါ လုပ်ခဲ့ဖူးတယ်။ ဒီလိုလုပ်တဲ့ အလေ့အကျင့်ဟာ သူတို့မှာ ရှိပြီးသားဖြစ်တယ်။ အမှန်တကယ် စဉ်းစားမယ်ဆိုရင် ဖြစ်နိုင်ခြေမရှိဘူးလို့ ယူဆရပေမယ့် အမှန်တကယ် ဖြစ်ခဲ့တယ်။ စစ်ဆင်ရေးတစ်ရပ်အနေ နဲ့ ခိုးဝင်တဲ့သူတွေကို စာရင်းကောက်တဲ့အခါ သူတို့က တရားမ၀င် ၀င်လာတဲ့သူတွေဆိုတော့ စစ်ဆေးမခံဘဲနဲ့ ထွက်ပြေးတဲ့အခါမှာ ကိုယ့်အိမ်ကို ကိုယ် မီးရှို့ခဲ့ကြတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ ကို ထားခဲ့ရမှာဆိုတော့ မြေလှန်စနစ်နဲ့ နောက်လာတဲ့သူတွေကို ဘာမှ မရနိုင်အောင် လုပ်ထားခဲ့တာ ဖြစ်တယ်။ လောလောဆယ်မှာတော့ ဒီပြသနာရဲ့ သတင်းအပြည့်အစုံကို မရရှိသေးပါဘူး။'' ဟု သတင်းထောက်များအား ဖြေကြားခဲ့ကြောင်း အဆိုပါ စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

အခင်း ဖြစ်ပွားနေစဉ် စစ်တပ် ရောက်ရှိလာပြီး ရခိုင် ၁၅ ဦးခန့်ကို ဖမ်းဆီး၍ အခြေအနေကို တည် ငြိမ်အောင် ထိန်းသိမ်းခဲ့ကြောင်း သိရသော်လည်း နောက်ပိုင်းတွင် ဖမ်းဆီးခံရသူများကို မင်းပြားလူထုက ၀ိုင်းဝန်း တောင်းဆိုသဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဦးသာကျော်က ဆိုသည်။


 နေရဉ္စရာ သတင်းဌာန ၏ သတင်း တစ်ပုဒ် တွင်မူ 
အိမ်က ၁၅ လုံး၊ ၂၀ ခန့် လောင်သွားပါပြီ။ အခုအချိန်ထိ မငြိမ်းသေးပါဘူး။ ဟိုနား တကွက် ဒီနား တကွက် လောင်နေပါတယ်” ဟု ရမ်းဗြဲဒေသခံ တစ်ဦးက ပြောသည်။
အာဏာပိုင်များမှ မီးမရှို့ရန် မွတ်ဆလင် (ကမန်) မိသားစုများအား မေတ္တာရပ်ခံထားသည့်ကြားက  အောက်တိုဘာ ၂၆ နေ့လည် ၁၂ နာရီကျော်တွင် အိမ်များကို မီးရှို့ပြီး ထွက်ပြေးသွားကြသည်ဟု သူက ဆက်ပြောသည်။
“ အာဏာပိုင်တွေက မီးမရှို့နဲ့လို့ ပြောတဲ့ကြားက မီးရှို့ပြီး ထွက်ပြေးတော့ အခု အာဏာပိုင်တွေလည်း ဘာမှ မတတ်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒေသခံ ရခိုင်တွေက မီးတွေကို  လိုက်ငြိမ်းနေရပါတယ်။ ရခိုင်အိမ်တွေလည်း လောင်နေပါတယ်” ဟု သူက ဆက်ပြောသည်။
ယခုကဲ့သို့ မီးရှို့မူ ဖြစ်ပွားသော်လည်း ရခိုင်နှင့် မွတ်ဆလင်များအကြား တစ်စုံတစ်ရာ တိုက်ခိုက်မူ မရှိကြောင်း သူက ဆိုသည်။
“ ရခိုင်တွေက ဘာမှ မလုပ်ပါ။ မွတ်ဆလင် ယောင်္ကျားတွေက အကုန်လုံး တောင်ပေါ်ကို တက်ပြေးသွားတယ်။ အမျိုးသမီးတွေက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ခိုလုံနေကြပါတယ်။ အပြန်အလှန် တိုက်ခိုက်တာ တွေ  မရှိပါဘူး” ဟု ဆိုသည်။
မွတ်ဆလင် အများစုမှာ မြို့စွန်ရပ်ကွက်များတွင် ရခိုင်များနှင့် ရောနှော နေထိုင်ကြပြီး ယခုကဲ့သို့ မီးရှို့ခြင်းမှာ ရမ်းဗြဲမြို့ တစ်ခုလုံးကို ပြာကျသွားစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း သူက ကောက်ချက်ချ ပြောကြားသည်။


 မြောက်ဦး-မင်းပြားတွင် ဖြစ်ပွားခဲ့သည် ဆူပူအကြမ်းဖက်မှုများကြောင့် ယခုအခါတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်ခွာထွက်ပြေးသူပေါင်း(၃၀၀၀)ခန့်ရှိကြောင်း သတင်းရရှိသည်။
ပိုးဖြူကျွန်း၊ ကျောက်တန်းကုန်း၊ ပရိန်ကုန်း၊ မြရိပ်ကျွန်း စသည့်ကျေးရွာများမှ ဒေသခံများသည် ပန်းမြောင်း၊ ဂုံးချွန်၊ ဆင်အုပ်ကြီး၊ ဆင်အုပ်ချေ၊ စေတီကုန်း၊ လီညှင်းတောင် စတဲ့ ကျေးရွာစုစုပေါင်း (၁၀)ရွာသို့ ထွက်ပြေးခိုလှုံ နေကြပြီး လူဦးရေ (၂၅၀၀)ခန့်ရှိမည်ဟု မြောက်ဦးမြို့ ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့မှ ပြောသည်။
"အခုမြောက်ဦးမြို့ပေါ်မှာ ရတနာ့မာရ်အောင်ကျောင်း၊ အလိုတော်ပြည့်ကျောင်း၊ လက်ကောက်ဈေးကျောင်းနဲ့ စန္ဒမုနိကျောင်းတွေမှာ မီးဘေးဒုက္ခသည်နဲ့ နေ့အိမ်စွန့်ခွာထွက်ပြေးလာသူ(၅၀၀)ကျော်ရှိပါတယ်။ မြောက်ဦးမြို့ပေါ်ကိုလာဖို့ ခက်ခဲသွားခဲ့တဲ့ လူပေါင်း (၂၅၀၀)လောက်ဟာ အဲဒီကျေးရွာ(၁၀)ရွာမှာ ရောက်ရှိနေပါတယ်။ ထွက်ပြေးလာခဲ့တဲ့ ကျေးရွာက(၅)ရွာပါ။ တစ်ရွာမှာ အိမ်ခြေ(၁၀၀)နဲ့ (၂၀၀)ကြားမှာရှိပါတယ်။"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
ယင်းကျေးရွာ(၁၀)ရွာသို့ ရောက်ရှိသွားသည့် ဒုက္ခသည်များကို မြောက်ဦးမြို့သို့ ခေါ်ဆောင်ရန် ရဟန်းသင်္ဃာများနှင့် လူမှုအဖွဲ့အစည်းများမှ ကြိုးပမ်းလျှက်ရှိပြီး ဒုက္ခသည်များ စားဝတ်နေရေးအတွက် မြောက်ဦးမြို့ခံများမှ တာဝန်ယူဖြေရှင်းပေးလျှက်ရှိကြောင်း သိရှိရသည်။
"အဲဒီရွာတွေကိုရောက်သွားတဲ့လူတွေကို မြောက်ဦးမြို့ကိုခေါ်မှဖြစ်မယ်။ ဘာလို့လဲဆိုတော့ ရွာတွေအကုန်လုံးက ဆင်းရဲတော့ လူပေါင်း (၂၅၀၀)ကို ဘယ်လိုလုပ် ကူညီနိုင်မလဲ။ ကျနော်တို့ဆီကနေပြီး အဲဒီရွာတွေကို ရိက္ခာတွေသွားပို့ဖို့ကလည်း ကြားမှာ ဘင်္ဂလီရွာတွေခံနေပြီး လမ်းခရီးကမကောင်းတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့ သက်ဆိုင်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး သူတို့ကို ဒီမြောက်ဦးမြို့ထဲကို ခေါ်ယူသွားရမှာပါ။ လိုအပ်တဲ့အကူအညီတွေကိုလည်း ကျနော်တို့ ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အကူညီတောင်းထားပါတယ်။"ဟု ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် အောက်တိုဘာလ(၂၄)ရက်နေ့ထိ သေဆုံးသူ(၁၂)ဦး၊ ဒဏ်ရာရရှိသူ(၅၀)ဦး၊ လူနေအိမ်(၁၉၄၈)အိမ်၊ ဘာသာရေး အဆောက်အဦး(၈)ခု မီးလောင်ပျက်စီးခဲ့ပြီး လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်(၁/၂၀၁၂)တွင် ဖော်ပြထားသည်

Eleven Media Group ၏ဖော်ပြချက်အရ   
 ရခိုင်ပြည်နယ်တွင် မြို့နယ် ခြောက်မြို့နယ်တွင် ဖြစ်ပွားလာသော ပဋိပက္ခများကြောင့် အောက်တိုဘာ ၂၅ ရက်အထိ ရရှိသောစာရင်းအရ သေဆုံးသူ ဦးရေမှာ ရခိုင်၊ ဘင်္ဂါလီ စုစုပေါင်း ၆၄ ဦး(ကျား ၃၃ ဦး၊ မ ၃၁ ဦး)ရှိပြီး ဒဏ်ရာရရှိသူမှာ ကလေး ၁၀ ဦး၊ မ လေးဦး၊ ကျား ၆၈ ဦး ရှိကာ မီးလောင်မှုကြောင့် အိမ်ခြေ ၂၃၀၀ ကျော် ပျက်စီးခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်း
မြိုင်က Eleven Media Group သို့ အောက်တိုဘာလ ၂၆ ရက်နေ့ ပြောကြားခဲ့သည်။

တူမီးသေနတ် ၄၀ ကျော်ကို ရခိုင်နှင့် ဘင်္ဂါလီတို့ထံမှလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖြစ်စဉ်တစ်လျှောက်လုံးတွင် ဓား၊ လှံ၊ လက်နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အခုလက်ရှိ ဖြစ်ပေါ်နိုင်ခြေရှိသည်ဟု ယူဆရသည့် ကျေးလက်ဒေသများတွင်လည်း လုံခြုံရေးအပြည့်အ၀ ပေးထားကြောင်း၊ နောက်ထပ် ပဋိပက္ခများ မဖြစ်ပွားစေရေးအတွက်လည်း ဒေသခံများနှင့် အစိုးရအဖွဲ့ဝင်များနှင့် ညိနှိုင်းဆောင်ရွက်နေကြောင်း၊ ပေါက်တောမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်များတွင် ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် ထွက်ပြေးလာခဲ့သည့် ဘင်္ဂါလီများကို မောင်တောမြို့နယ် မြောက်ပိုင်းတွင် ထားရှိရန် ဒေသခံအဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ အဆိုပါဘင်္ဂါလီအရေအတွက်မှာ ၃၀၀၀ ကျော် ရှိကြောင်း ဦးဝင်းမြိုင်က ဆက်လက်ပြောကြားခဲ့သည်။
 

 ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ သမ္မတ အနေဖြင့် ပြတ်သားစွာ အရေးယူ ဆောင်ရွက် ပေးရန် ရန်ကုန်တွင် သောကြာနေ.က ပြုလုပ်သည့် ဆန္ဒပြပွဲ၌ ရဟန်းတော်များက တောင်းဆိုခဲ့ကြသည်။ ယမန်နေ့ နေ့လည် ၁နာရီ အချိန်က ဆူးလေဘုရား၌ ဆုတောင်း မေတ္တာပို့ခဲ့ကြပြီးနောက် မြိ့တော်ခန်းမရှေ့တွင် ပြုလုပ်သော ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ၌ ရဟန်းတော် ၁၀၀ ခန့်က တောင်းဆိုချက် (၅) ချက်နှင့် အတူ သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
တောင်းဆိုချက်များထဲတွင် ရခိုင်လူမျိုးများအား ဘင်္ဂလီရန်မှ ကာကွယ်ပေးပါ၊ စစ်တပ်မှ တိုင်းရင်းသားလူမျိုးများအား ပစ်ခတ် သတ်ဖြတ်ခြင်းကိုရပ်၊ ဘင်္ဂလီမူဆလင်များနှင့် အတူယှဉ်တွဲ (လုံးဝ) မနေလို၊ သမ္မတဦးသိန်းစိန်မှ ရခိုင့်အရေးကို ပြတ်သားစွာ ဆောင်ရွက်ပါ။ စသည်တို့ ပိုစတာများ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့သည်။

“ဦးဇင်းတို့တောင်းဆိုတာက နိုင်ငံတော်အစိုးရကနေပြီးတော့ ရခိုင်လူမျိုးတွေရဲ့ အသက် အိုးအိမ်တွေကို ချက်ချင်း ကာကွယ်ပေးပါ။ ပြီးတော့ အခုပြဿနာက ကျူးကျော်သူ ဘင်္ဂလီ မူဆလင် တွေကြောင့် ဖြစ်တဲ့အတွက် ပြည်ထောင်စု တိုင်းရင်းသားအားလုံး ဒီကိစ္စ အပေါ် တောင်းဆိုဖို့ လိုတယ်လို့  ဦးဇင်းတို့ မြင်တဲ့ အတွက် ခုလို ပြုလုပ်ရတာဖြစ်ပါတယ်”  ဟု ဦးဆောင် ဆရာတော်မှ မိန့်ကြားသည်။

 
သို.သော်လည်း ယခုဖြစ်စဉ်များနှင်. ပတ်သက်၍ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ ၊ Human rights watch (www.hrw.org) မှ ရခိုင်ပြည်နယ် ကျောက်ဖြူ အကြမ်းဖက်မှု ဆိုပြီးအာကာသ ဂြိုလ်တုမှတဆင့် မှတ်တမ်းတင်ထားရာ၊ ထိုမှတ်တမ်းကို www.hrw.org တွင် ၂၆ ရက်၊ အောက်တိုဘာလ၊ ၂၀၁၂ နေ့စွဲဖြင့် ဖြော်ပထားပါသည်။ ယင်းမှတ်တမ်းနှင့်စပ်လျဉ်းပြီး ကမ္ဘာ့မီဒီယာများတွင်လည်း ဖော်ပြထားပါသည်။ ထိုင်းနိုင်ငံအခြေစိုက် http://phuketwan.com/ (http://phuketwan.com/tourism/rights-group-captures-burmas-ethnic-cleansing-satellite-reporting-16931/) တွင် “Rights group captures Burma’s Ethnic Cleansing by Satellite Reporting” ခေါ် “လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ မြန်မာပြည်၏ လူမျိုးတုန်းသတ်ဖြတ်မှုကြီးအား ဂြိုလ်တုမှ မှတ်တမ်းတင်ထား” ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လန်ဒန်အခြေစိုက် နာမည်ကြီးမီဒီယာ ရိုက်တာ (http://www.reuters.com/article/2012/10/27/us-myanmar-violence-idUSBRE89P0VN20121027) တွင် “Muslim Rohingyas under vicious attack in Myanmar: rights group” ခေါ် “မြန်မာပြည်ရှိ မွတ်စလင်မ်ရိုဟင်ဂျာများ လူမဆန်စွာ တိုက်ခိုက်ခံနေရဟု လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ဆို” ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း ဖော်ပြထားကြပါသည်။   အာကာသ ဂြိုလ်တုမှတ်တမ်း ပီဒီအက်ဖ်ဖိုင်ကို အောက်ပါအတိုင်း ရှုစားနိုင်ပါသည်။ http://news.mmsy.info/news/7065   
ဟု News@MMSY ကလည်း ဖော်ပြထားပါသည်။
 မီးလောင်နေသော ဓါတ်ပုံများမှာ အိမ်ခြေ ၈၀၀ ခန်.ရှိ ပေါက်တော.ကျေးရွာ ဖြစ်ကာ မိမိအိမ် မိမိဘာသာ ဘဂါင်္လီများက မီးတင်ရှို.ထားခြင်းဖြစ်ကြောင်း ကိုသီဟ ၏ Facebook မှ ရရှိပါသည်
သတင်းအချက်အလက်များ ဓါတ်ပုံများကို နိရဉ္စရာ သတင်းဌာန၊ The Arkan Time ၊Burma News International ၊News @MMSY ၊ Weekely Eleven တို.မှ စုဆောင်းဖော်ပြပါသည်။
 

No comments:

Post a Comment