Saturday, August 17, 2013

ဝါးခယ်မမြို.နယ် အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးအံ.ကျော် လှုဒါန်းသော ကွန်ကရစ်လမ်း ရေစက်ချပွဲ

Photo by Dr Thet Shay
ဝါးခယ်မမြို.လေး၏ အနောက်ပိုင်း ရှိ ၀ါးခယ်မမြို.နယ်အသင်း (ရန်ကုန်)၏ ၀ါးခယ်မရုံးခွဲ ခေါင်းရင်းဘက်ရှိ ကွန်ကရစ်လမ်းလေးအတွက် ရေစက်ချပွဲကို ၁၅-၈-၂၀၁၃ နေ.က ကျင်းပခဲ့သည်ဟု သိရပါသည် ။ 

ထို ရေစက်ချအနုမောဒနာတရားနာ ပွဲသို. မုခ၀တီ ဆရာတော် ၊ သာသနာ.တံခွန် ဆရာတော် ၊ ဗောဓိမြိုင်ကျောင်း ဆရာတော်တို. ကြွရောက်ချီးမြှင်.ခဲ့ကြပြီး အလှုရှင်ဝါးခယ်မမြို.နယ် အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးအံ.ကျော် ကိုယ်စား ဒေါက်တာသန်းလွင် ၊ ဒေါက်တာသက်ရှည် ၊ ဒေါက်တာ မောင်မောင်ကြိုင် တို.အပါအ၀င်ပရိသတ်တို.က တက်ရောက်လှုဒါန်း ရေစက်ချခဲ့ကြပါတယ် ။ဆရာတော်များထံမှ သိလခံယူ ၊မေတ္တာသုတ် ပရိတ်တရားတော်များ နာကြားပြီး လှုဒါန်းမှုအစုစုတို.အတွက် ရေစက်ချ အမျှပေးဝေ သာဓုအနုမောဒနာ ခေါ်ယူခဲ့ကြပါတယ် ။


မြူရုံးလမ်း ဘက်မှ ယခုဖွင်.လှစ်သော လမ်းလေးသို. အ၀င် (Photo by Dr Thet Shay)
ဆရာတော်များ ဟောကြားခဲ့တာကတော. လမ်းခင်းတဲ့ကုသိုလ်ဆိုတာ အစဉ်မပြတ်ရနေသော ကုသိုလ် ၆မျိုးအနက် တစ်မျိုးအပါအ၀င်ဖြစ်ကြောင်း ၊အများသူငှာ အသုံးပြုနေသမျှ အလှုရှင်အဖို. ဆက်တိုက်ကုသိုလ်ရနေကြောင်း ၊အသက်ရှည်စေတဲ့ အလှု ၅မျိုးမှာ ဒီလမ်းခင်းခြင်း ကုသိုလ်ဟာ အ၀င်အပါဖြစ်ကြောင်း ၊ အသက်ကံ ကျန်နေသေးသူအဖို. အသက်အန္တရာယ် ကြုံချိန်မှာတောင် အသက်ဆက်ပေးနိုင်ကြောင်း ၊ မိမိသေလွန်ပြီး ဟိုမှာဘက်ထိ ယူသွားနိုင်တာ ဒီ ဒါနကုသိုလ်သာရှိကြောင်းတွေ ဟောပြောဆုံးမသွားခဲ့တယ်လို.သိရပါတယ်

လမ်းလေး၏ အတွင်းဘက်မှ
ဒီလမ်းလေးဟာ ၀ါးခယ်မမြို.နယ်အသင်း (ရန်ကုန်)ရဲ. ၀ါးခယ်မရုံးခွဲ ခေါင်းရင်းဘက် မှာရှိနေတာဖြစ်ပြီး ဘိုးမင်းခေါင်ဘုရားကို ကန်ရဲ. အနောက်ဖက် က ပတ်ပြီးဝင်နိုင်အောင် ဆက်သွယ်ပေးမယ်. လမ်းတစ်ခုလည်းဖြစ်သလို တည်ဆောက်ဆဲ မျက်စိဆေးခန်းရဲ. အ၀င်လမ်းအဖြစ်လည်း တည်ရှိနေမှာဖြစ်ပါတယ် ။ လမ်းဟာ အရှည် ပေ ၂၅၀ အကျယ် ၁၄ ပေ ထု ၆ လက်မ ရှိပြီး ခနိ.မှန်းကုန်ကျစရိတ် သိန်း ၅၀ ခန်.ရှိခဲ့ပါတယ် လို.သိရပါတယ် ။
Data supply by Dr Thet Shay

No comments:

Post a Comment