Wednesday, November 19, 2014

၂၀၁၄ အတွက် အလှုအတန်း အရက်ရောဆုံး ၂ နိုင်ငံ Myanmar & US



 
Photo by Field Poppy

နှစ်စဉ် ထုတ်ပြန်နေကျ World Giving Index ရလဒ်တွေ ထွက်လာပါပြီ။ ၂၀၁၄ အတွက် အလှုအတန်း အရက်ရောဆုံး နိုင်ငံ စာရင်းမှာ မြန်မာနဲ့ အမေရိကန် နိုင်ငံတွေက ထိပ်ဆုံးမှာ ရပ်တည်နေ ပါတယ်။

 ဒီ၂နိုင်ငံက ၆၄ရာခိုင်နှုန်းနဲ့ ပူးတွဲ ရပ်တည် နေတာ ဖြစ်ပြီး အနောက်မှာ ကနေဒါ၊ အိုင်ယာလန်၊ နယူးဇီလန်နဲ့ သြစတြေးလျ နိုင်ငံ တွေရှိပါတယ်။ UK အခြေစိုက် ပရဟိတ အဖွဲ့ဖြစ်တဲ့ CAF-America ကလူစိမ်းတွေကို ကူညီတာ၊ အချိန်ပေး လုပ်အား ပေးတာ၊ ပိုက်ဆံ လှုဒါန်းတာ ဆိုတဲ့ အချက်၃ချက်ကို အခြေခံ တွက်ချက် ထားရာမှာ မြန်မာ နိုင်ငံက ငွေလှူတဲ့ နေရာမှာ နံပတ်၁၊ လုပ်အားပေး ရာမှာ နံပတ်၂နဲ့ မသိတဲ့ သူတွေကို ကူညီပေးတဲ့ အချက်၁ မှာတော့ နံပတ် ၆၃မှာ တည်ရှိ နေပါတယ်။ အမေရိကန် ကတော့ မသိတဲ့ သူစိမ်း တွေကို အကူအညီ ပေးတဲ့ နေရာမှာ နံပတ်၁၊ လုပ်အား ပေးရာမှာ နံပတ်၅နဲ့ ငွေလှူဒါန်း ရာမှာ နံပတ်၉မှာ ရှိနေပါတယ်။

 မြန်မာ နိုင်ငံရဲ့ ငွေလှုဒါန်းမှုက မနှစ်က ၈၉ ရာခိုင်နှုန်း ရှိခဲ့ ပေမယ့် ဒီနှစ်မှာ ၉၁ရာခိုင်နှုန်း ထိတက်လာ ခဲ့ပြီး ဒီအချက်က ငွေပမာဏနဲ့ ဆုံးဖြတ်တာ မဟုတ်ဘဲ လှုဒါန်းသူ လူဦးရေနဲ့ တွက်ချက် ထားတာပါ။ ရက်ရောမှု ဆိုတာ နိုင်ငံရဲ့ ကြွယ်ဝမှုနဲ့ ဆုံးဖြတ်လို့ ရတဲ့ အရာ တစ်ခု မဟုတ်ပါဘူး။ ဒီစာရင်းမှာ G20 လိုနိုင်ငံကြီး တွေက ထိပ်ဆုံးမှာ ပါမလာ တာကို ကြည့်ပြီး သိနိုင်ပါတယ်လို့ CAF-America က Ted Hart ကဆိုပါတယ်။ 

From ;  Myanmar Youth Media Club

No comments:

Post a Comment