Sunday, November 30, 2014

MWRN ၏ Promote for Migration Workshop





၂၀၁၄ နိုဝင်ဘာ ၂၆ ရက်နေ. က MWRN မှ စီစဉ်သော Promote for Migration Workshop တစ်ခုကို Diamond Plaza ရှိ Sagawa Hall တွင်ပြုလုပ်ခဲ့ပါသည် ။

ထိုအခမ်းအနားသို. INGO များ , NGO များ ၊CBO များ ၊ အလုပ်သမား အခွင်.အရေး လှုပ်ရှားသူများ ၊ ပြည်ပအလုပ်သမား စေလွှတ်သော အေဂျင်စီအချို. ၊ အေဂျင်စီ အဖွဲ.ချုပ် စုစုပေါင်း အဖွဲ. ၁၂ ခုခန်.မှ ကိုယ်စားလှယ်များ ၊ တာဝန်ရှိသူများ နှင်. Media  ၁၀ ခုခန်. တက်ရောက်ခဲ့ကြပါသည် ။ အလုပ်သမားဝန်ကြီး ဋ္ဌာန မှ တာဝန်ရှိ သူအနေဖြင်. မူ အရေးပေါ် အစီအစဉ် တစ်ခုကြောင်. တက်ရောက်လာနိုင်ခဲ့ခြင်း မရှိဟု သိရပါသည် ။



ရှေးဦးစွာ MWRN ၏ နိုင်ငံခြားရေး အတိုင်ပင်ခံ Mr Andy Hall မှ ရွှေ.ပြောင်း အလုပ်သမားရေးရာ လက်ရှိ အခြေအနေများကို မိတ်ဆက်ရှင်းလင်း ပြောကြားခဲ.ပြီး တက်ရောက်လာကြသူများ အချင်းချင်း မိမိတို.အဖွဲ.အမည် ၊ လုပ်ဆောင်မှု တို.ကို မိတ်ဆက်ကြပါသည် ။


ထို.နောက် MOEAFတွဲဖက် အတွင်းရေးမှုး   မှ အေဂျင်စီ အဖွဲ.ချုပ် စတင်တည်ထောင် မှု နှင်. ဖွဲ.စည်းထားပုံ ၊ အစိုး နှင်. G to G MoU ထိုးထားသော နိုင်ငံများ - MOEAF နှင်. MoU ထိုးထားသော နိုင်ငံများ သို. အလုပ်သမားစေလွှတ်မှု နှင်. ညှို နှိုင်းဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းပြောကြားပါသည် ။


ပြည်ပအလုပ်သမားစေလွှတ်ရေး အေဂျင်စီ တစ်ခုမှ MD တစ်ဦး ဖြစ်သူ ကိုသောင်းထူး က အိမ်အကူ အလုပ်သမား ဆိုင်ရာ အယူအဆ နှင်. ပြည်ပ အိမ်အကူလုပ်သား အခြေအနေ များကို ဆက်လက်ရှင်းလင်းပြောကြားပါသည် ။



Humanitarian Organization for Migration Economics ( HOME ) S’ Pore မှ ဒေါက်တာသိန်းသန်းဝင်း မှ အိမ်အကူလုပ်သားဆိုင်ရာ စင်္ကာပူ ဥပဒေများ ၊ စင်္ကာပူ ရောက် မြန်မာ အိမ်အကူ လုပ်သား ဦးရေ - အသက် ကိုးကွယ်မှု - ပညာအရည်အချင်း  ဆိုင်ရာ စစ်တမ်း ၊ စင်္ကာပူ တွင် လက်ရှိ လုပ်ကိုင်နေရမှု အခြေအနေ ၊ HOME အဖွဲ. အနေဖြင်. လိုအပ်သော ကူညီ - စောင်.ရှောက် - ကာကွယ်ပေးမှုဆိုင်ရာများ ၊ MOEAF နှင်. AEA ( S ) တို.ကြား သဘောတူစာချုပ် တွင် ထည်.သွင်းချုပ်ဆိုရန် အချက်အလက်များ ဆွေးနွေးပြုစုခဲ့မှုများ ၊ ၂၀၁၀ မှ ၂၀၁၄ အတွင်း စင်္ကာပူ နိုင်ငံ တွင် အိမ်အကူဆိုင်ရာ အမှုအခင်းများ ဆန်းစစ်လေ.လာမှု အခြေအနေ စသည်တို.ကို အသေးစိပ်ရှင်းလင်းပြောကြားခဲ့ပါသည် ။


MWRN ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ကိုအောင်ကျော် မှ ယိုးဒယားနိုင်ငံ တွင် မြန်မာရွှေ.ပြောင်း လုပ်သားများ လက်ရှိ ကြုံတွေ.နေရသော ယာယီပတ်စပို. ၊ အလုပ်လုပ်ခွင်. ကဒ် ဆိုင်ရာ ကိစ္စရပ်များ နှင်. ယိုးဒယား လ၀က ဥပဒေဆိုင်ရာ လက်ငင်း အခြေအနေများ ၊ Dec 8 မှ 11 တွင် ၂နိုင်ငံ ဆွေးနွေးကြမည်. အလုပ်သမားဆိုင်ရာ ခေါင်းစဉ်များ ၊ ယိုးဒယားသို. လူပို.ပေးနေသော အေဂျင်စီိများ အခြေအနေတို.ကို ရှင်းလင်းပြောကြားခဲ့ပါသည် ။


ထို.နောက် MWRN ၏ ဥက္ကဋ္ဌ ဖြစ်သူ ကိုစိန်ဋ္ဌေး မှ တရုတ်နယ်စပ်သို. သွားရောက်၍ တရုတ်နိုင်ငံ တွင်း မြန်မာရွှေ.ပြောင်း အလုပ်သမား ရေးရာ အခြေအနေများ လေ.လာခဲ. မှု ကို ရှင်းလင်းပြောကြားခဲ့ကြပါသည် ။


ရှင်းလင်း တင်ပြမှု အားလုံးတွင် သိလိုသည်များ ကိုတက်ရောက်ကြသူများမှ မေးမြန်းဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြပါသည် ။ထို.အပြင် MWRN နိုင်ငံခြားရေး အတိုင်ပင်ခံ ၊ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ နှင်. အေဂျင်စီအသင်းချုပ် တွဲဘက် အတွင်းရေးမှုး ၂ တို.အား သတင်းဋ္ဌာန အသီးသီးတို.မှ သီးခြားစီတွေ.ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည် ။




ရှင်းလင်းဆွေးနွေး မှုများအပြီး အဖွဲ. ၂ဖွဲ. ခွဲ၍  မြန်မာ ရွှေ.ပြောင်း အလုပ်သမားများ လုံခြုံစိတ်ချစွာ သွားရောက်လုပ်ကိုင်နိုင်ရေး မည်သို.အရှိန်အဟုန်မြှင်. လုပ်ဆောင်သင်.ကြောင်း ၊ ထိရောက်သော ကွန်ယက်များဖြင်. မည်သို.ပံ.ပိုးလုပ်ဆောင်သင်.ကြောင်းများကို ဆွေးနွေးကြပြီး မိမိတို.အဖွဲ.လိုက်တွေ.ရှိ အကြံပြု ချက်များ ပြန်လည်ရှင်းလင်းတင်ပြကာ အလုပ်ရုံဆွေးနွေးပွဲကို ညနေပိုင်းတွင် အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည် ။

No comments:

Post a Comment