Tuesday, December 2, 2014

Association of MAUBIN GTI , GTC , TU Alumni 's First Annual Meeting & Gathering







၂၀၁၄ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁နာရီ ၃၀ မိနစ် က မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အဆောက်အအုံ MES တွင် Association of MAUBIN GTI , GTC , TU Alumni ( AMTA ) First Annual Meeting & Gathering ကို ကျင်းပခဲ့ပါသည် ။

အခမ်းအနားသို. လက်ရှိတာဝန်ယူထားသော အမှုဆောင်များ ၊ ရန်ကုန်တာဝန်ခံအဖွဲ. ၊ မအူပင်တာဝန်ခံ အဖွဲ. များနှင်. အထောက်အကူပြု အဖွဲ.၀င်များ ၊ အသင်းဝင်ကျောင်းသားဟောင်းများ နှင်. အသင်းဝင်ကြမည်.ကျောင်းသားဟောင်းများတက်ရောက်ကြပါသည် ။


 အခမ်းအနားမစတင်မှီ အသင်းဝင်ကြေးထပ်မံထည်.သွင်းရန်လိုအပ်သူများ ကထပ်မံထည်.သွင်းခဲ့ကြသလို အသင်းမ၀င်ရသေးသောကျောင်းသားဟောင်းများကလည်း အသင်းဝင်ခဲ့ကြပါသည် ။ထို.အပြင် လာမည်. ၂၀၁၅ ဖေဖော်ဝါရီ ၁၂ ရက်နေ.ကျင်းပမည်.အာစရိယ ပူဇော်ပွဲ ကို ရန်ကုန် ( သို. ) မအူပင် မည်သည်.နေရာတွင်ကျင်းပလိုသည် ၊ ကျောင်းသားဟောင်းအသင်းအနေဖြင်. မည်သည်.ကိစ္စရပ်များဆောင်ရွက်စေလိုသည် ဟူသောအကြုံပြုစာများဝေငှ ဖြည်.သွင်းစေပြီး သဘောထားကောက်ခံခဲ့ပါသည် ။

 
 ထို.နောက်အခမ်းအနားကျင်းပရာတွင် ကျောင်းသားဟောင်းအသင်း ဥက္ကဋ္ဌ အစား ဒုဥက္ကဋ္ဌ ကိုမြင်.ကြူ ( 91 – 92 Civil ) မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး မိမိတို.နှင်.အတူ အသင်း၏ရည်ရွယ်ချက်များ အကောင်အထည်ဖော်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးပါရန် ဖိတ်ခေါ်ခဲ့ပါသည် ။



 အသင်း၏ပြန်ကြားရေးနှင်. ဆက်သွယ်ရေးတာဝန်ခံ ကိုဇော်မင်းလွင် ( 1995 – 97 EP ) မှ အသင်း၏လုပ်ဆောင်ခဲ့မှုများ ၊ လက်ရှိ လုပ်ဆောင်နေမှုများ ၊ဆက်လက်လုပ်ဆောင်၇န် စီမံထားမှုများ အားရှင်းလင်းရာတွင် အသင်း၏ ရည်ရွယ်ချက်များ အားတစ်ခုချင်းစီရှင်းပြပြီး လက်ရှိအသင်းတည်ဆောက်ပုံ နှင်. ဖွဲ.စည်းထားမှုများ ၊ CEC , Yg Unit , Mub Unit & Sg Unit တို.၏ ဖွဲ.စည်းပြီးမှု - ဆက်လက်ဖွဲ.စည်း၇န် လုပ်ဆောင်နေမှု ၊ ဆရာကြီး /ဆရာမကြီးများ၏ ကျန်းမာရေးစောင်.ရှောက်မှုဆိုင်ရာ - နာရေး ကူညီမှုဆိုင်ရာများ နှင်.အသင်းဝင် ကျောင်းသား /သူ ဟောင်းများ ကိုယ်တိုင်နှင်. မိဘအရင်းတို.၏ နာရေးဆိုင်ရာထောက်ပံ.လျုဒါန်းမှုများ ၊ ပူးပေါင်းဆောင်၇ွက်နေမှုများ ကို Power Point ဖြင်.ရှင်းလင်းတင်ပြခဲ့ပြီး CEC များ ၊ Unit တာဝန်ခံများ ၊ အထောက်အကူပြု အဖွဲ.၀င်များ ကို အသင်းဝင်ကျောင်းသားဟောင်းများနှင်.မိတ်ဆက်ပေးခဲ့ပါသည် ။


 
 ထို.နောက် သင်းဖွဲ.စည်းမျဉ်းနှင်. ဖွဲ.စည်းပုံပြုစုရေးဆွဲရေးတာဝန်ခံ ၊ AMTA ဒုဥက္ကဋ္ဌ နှင်. အဖွဲ.မှ ပြုစုထားသော သင်းဖွဲ.မှတ်တမ်းနှင်. သင်းဖွဲ.စည်းမျဉ်းများအား ရှင်းလင်းတင်ပြ မှုအပြီးတွင် Yg Unit တွဲဖက် တာဝန်ခံ ကိုစန်းမောင်မောင် (97 - MT )  မှ အသင်းဝင်အဆိုပြုလျှောက်လွှာ ဆိုင်ရာ သိမှတ်ဖွယ်ရာများ ၊ Yg Unit ၏ လက်ရှိ လုပ်ငန်းဆောင်တာဆိုင်ရာများ ၊ အထောက်အကူပြုကော်မတီ တိုးချဲ.ဖွဲ.စည်းသွားမည်. ကိစ္စရပ်များအား  ရှင်းလင်းတင်ပြပါသည် ။

 
 Mub Unit တာဝန်ခံ ကိုအောင်ကျော်ဦး ( 94 – 96 MP ) မှလည်း မအူပင်တွင် အသင်းဝင်စုဆောင်းမှု ၊ အထောက်အကူပြု ကော်မတီနှင်.အတူ စည်းရုံးရေးလုပ်ငန်းဆောင်တာများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဘဏ္ဍာရေးမှ အစ စီစဉ်ဆောင်၇ွက်ထားမှု ၊ Mub Unit အနေဖြင်. ထပ်တိုးလုပ်ဆောင်နေမှုများ အကြောင်း နှင်. ယခုကဲ့သို.အသင်းကြီးအောင်မြင်စွာဖွဲ.တည်ခဲ့နိုင်မှုအတွက်ဝမ်းသာပီတိဖြစ်ရပုံများ ပြောကြားသွားခဲ့ပါသည်

 
 ထို.နောက် Tea Break ရပ်နားချိန်တွင် အကြံပြုလွှာများအား စစ်ဆေးမှတ်သားကြပါသည် ။ ကျောင်းသားဟောင်းများ အချင်းချင်း လွတ်လပ်စွာပြောဆိုကြရင်း အကြံပြုကြသည်များလည်း ရှိပါသည် ။

 

အခမ်းအနားပြန်လည်စတင်ရာတွင် အသင်းမတည်ငွေအဖြစ်
o   ကိုအောင်မင်းစိုး                              91 – 92 EC             ၃၀၀ ၀၀၀
o   ကိုမြင်.ကြူ                                    91 – 92 Civil           ၁၀၀ ၀၀၀
o   ကိုဝင်းမော်သိန်း                              92 - 94 EC              ၁၀၀ ၀၀၀
o   ကိုအောင်ဆန်းစိန် - မယဉ်ယဉ်လှိုင်      92 – 94 EC             ၁၀၀ ၀၀၀
o   ကိုမိုးကျော်သူ                                 92 – 94 Civil             ၅၀ ၀၀၀
o   ကိုဝင်းအောင်မိုး                              92 – 94 Civil              ၅၀ ၀၀၀
o   ကိုကျော်မင်းထွန်း                            92 – 94 EP                ၅၀ ၀၀၀
o   ကိုကိုဇော်                                      92 – 94 EP                ၅၀ ၀၀၀
o   ကိုခင်အောင်ကြည် ( 91 – 92 EP )- မအိအိခိုင် ( 93 – 95 MT )  ၅၀ ၀၀၀  ဖြင်. စုစုပေါင်း
လှုဒါန်းငွေ ၈၅၀၀၀၀ ကျပ်အားအလှုရှင်များကိုယ်စား အလှုရှင် ကိုခင်အောင်ကြည် နှင်.ကိုကျော်မင်းထွန်းတို.မှ တက်ရောက်လှုဒါန်းရာ အသင်းကိုယ်စား ဒုဥက္ကဋ္ဌ ကိုမြင်.ကြူ နှင်. အတွင်းရေးမှုး ကိုဝင်းမော်သိန်း တို.မှ လက်ခံပေးခဲ့ပါသည် ။


 ထို.နောက် ကျောင်းသားဟောင်းများဖြစ်သော
Ø  ကိုဇော်လင်း             ( 93 – 95 EC )
Ø  ကိုသက်ထွေးအောင်   ( 93 – 95 EC )
Ø  ကိုစိုးမိုးကျော်            ( 93 – 95 EP )
Ø  ကိုဇေလတ်ဝင်း         ( 93 – 95 EC )
Ø  ကိုအောင်ကျော်စွာဝင်း( 93 – 95 EP )
Ø  ကိုကျော်နိုင်ဦး          ( 96 – 98 Civil )
Ø  ကိုမျိုးမြင်.အောင်       ( 93 – 95 EP )
Ø  ကိုခင်မောင်သန်.       ( 93 – 95 EP )
Ø  ကိုစန်းဝင်း
Ø  ကိုသန်.ဇော်မိုး          ( 94 – 95 EC )
တို.မှ တစ်ဦးလျှင် ၂ သိန်း ဖြင်. စုစုပေါင်း လှုဒါန်းငွေ သိန်း ၂၀ အား ကိုသက်ထွေးအောင် နှင်. ကိုစန်းမောင်မောင်တို.မှ ဆက်လက် လှုဒါန်းပေးခဲ့ပါသည် ။


 ထို.နောက်ဘဏ္ဍာရေး တာဝန်ခံ ကိုသက်ထွေးအောင်( 93 – 95 EC ) မှ ဘဏ္ဍာရေးဆိုင်ရာများ ရှင်းလင်းတင်ပြရာတွင် အသင်းစတည်ထောင်ချိန်တွင် မတည်ငွေအဖြစ် အာစရိယ ပူဇော်ပွဲ ပိုငွေမှ သိန်း ၅၀ တိတိအား အများသဘောတူ လွှဲပြောင်းရယူခဲ.ပြီး ထိုငွေကို ကမ္ဘောဇဘဏ် ငွေစာရင်း အမှတ် - ၀၂၁၁၂၂၀၁၃၃၇၈၈ ဖြင်. အပ်နှံထားခဲ့ပြီး လက်ရှိ လုပ်ငန်းဆိုင်ရာ လိုအပ်သော ဖုန်း ၊ ကွန်ပြူတာ ၊ အခမ်းအနားကျင်းပစရိတ်အပါအ၀င် လိုအပ်သော အသုံးစရိတ်များကို မတည်ငွေများ မှသာ အသုံးပြုနေပြီး အပ်နှံငွေများကိုသီးခြားထားရှိထားကြောင်း ရှင်းလင်းတင်ပြပါသည် ။

 
 အစီအစဉ်တစ်ရပ်ဖြစ်သော အသင်းဝင်ကျောင်းသားဟောင်းတစ်ဦးချင်းစီ၏ သီးခြားအကြံပြု ဆွေးနွေး လိုသည်များ ရှိပါက လွတ်လပ်စွာ မေးမြန်းအကြံပြုနိုင်ကြောင်း အစီအစဉ် အစတွင် AMTA ၏ ပြန်/ဆက် တာဝန်ခံ မှ ရရှိလာသော အကြံပြုစာများ နှင်. စာဖြင်. မေးမြန်းမှု များကို ရှင်းလင်းဖြေကြားပါသည် ။
ဆရာကြီး/ဆရာမကြီးများ နှင်.အသင်းဝင် ကျောင်းသား/သူ ဟောင်းများ၏ ကျန်းမာရေးဆိုင်ရာများ ကူညိပေးရန်ကို ယခုအခါတွင် ဆရာကြီး/ဆရာမကြီး တစ်ဦး ရောဂါပြင်းထန်နာမကျန်းပါက ၂သိန်းကျပ် ၊ ဆုံးပါးကွယ်လွန်သွားပါက ၁သိန်းကျပ် ၊ အသင်းဝင်ကျောင်းသား/သူ ဟောင်းတစ်ဦး ရောဂါပြင်းထန်နာမကျန်းပါက ၁သိန်းကျပ် ၊ ဆုံးပါးကွယ်လွန်သွားပါက ၁သိန်းကျပ် ၊ အသင်းဝင်ကျောင်းသား/သူဟောင်းတစ်ဦး ၏ မိဘအရင်း ကွယ်လွန်သွားပါက ၅သောင်းကျပ် ထောက်ပံ.နိုင်ရန် စီစဉ်ထားပြီး ဆရာကြီး/ဆရာမကြီးများအတွက်ထောက်ပံ.လှုဒါန်းခြင်းကိုယခုစတင်နေပြီး အသင်းဝင်ကျောင်းသား/သူ ဟောင်းများနှင်. မိဘတို.၏ ကျန်းမာေ၇း / နာရေးဆိုင်ရာ ထောက်ပံ.မှုကိုမူ တစ်ဆင်.စီအတတ်နိုင်ဆုံး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြီး တစ်ဆက်တည်း မိသားစုကိစ္စရပ်များပါ ဆောင်၇ွက်ပါကေ၇ရှည် လုပ်ဆောင်ပေးနိုင်မှု အတွက် စိုး၇ိမ်ကြောင်း စာနှင်.ပတ်သက်၍မူ တစ်ဆင်.စီသာအကောင်အထည်ဖော်မည်.အကြောင်း ရှင်းလင်းပါသည် ။


 ဆရာကန်တော.ပွဲနှင်. ပတ်သက်၍ ပိုမိုကျယ်ပြန်.ပြည်.စုံသော နေရာတွင်ကျင်းပပေးရန်နှင်. ညစာစားပွဲတွင် Pro – Band ဖြင်. ဖျော်ဖြေစေရန် ကိစ္စကိုမူ ဆရာကန်တော.ပွဲအတွက် အဆင်ပြေဆုံးညှို နှိုင်းဆောင်ရွက်မည်ဖြစ်ပြီး Pro – Band နှင်.ပတ်သက်၍မူ မိမိတို.ချင်းဖျော်ဖြေတင်ဆက်ပျော်၇ွှင်ရခြင်းက ပိုအနှစ်သာရရှိပြီး မိမိတို.ကျောင်းသားဟောင်းများတွင် Proနိးပါးတင်ဆက်နိုင်သူများရှိနေခြင်းကြောင်.လတ်တလော မဖြစ်နိုင်သေးပါကြောင်းပြန်ကြားပါသည် ။




ဆရာကန်တော.ပွဲ ကျင်းပရန်နေရာနှင်. ပတ်သက်၍ ရှင်းလင်းရာတွင် ပြီးခဲ့သော ၅ကြိမ်အနက် မအူပင်တွင် ပထမဆုံးအကြိမ် ၊ ကျန်အကြိမ်များတွင် ရန်ကုန်တွင်သာ ကျင်းပခဲ့ပြီး ယခုနှစ်တွင်မူ မည်သည်.နေရာကျင်းပလိုကြောင်း သဘောထားကောက်ယူခဲ့ရာ Maubin GTC Group @ Facebook ၏ စစ်တမ်းအရ ၇၃ % က ရန်ကုန်တွင်သာ ကျင်းပလိုကြပြီး ယနေ.သဘောထားကောက်ခံရာတွင် ၈၁ % က ရန်ကုန်တွင်ကျင်းပလိုကြောင်း အဆိုပြုခဲ့ပါသည် ။ထို.ကြောင်. ၂ကြိမ်သဘောထားကောက်ခံထားမှုအရ ၇၇ % ကရန်ကုန်တွင်ကျင်းပလိုသောဆန္ဒရှိကြောင်းသိရကြောင်း ၊ ထိုဆရာကန်တော.ပွဲကိစ္စနှင်. ပတ်သက်၍ တစ်ဆက်တည်း လာမည်. December 7 ရက်နေ.တွင် အစည်းအဝေးတစ်ရပ်ကျင်းပ၍ ဆရာကန်တော.ပွဲဖြစ်မြောက်ရေး ကော်မတီဖွဲ.စည်းကာ အသေးစိပ်တိုင်ပင်၍ အပြီးသတ်ဆုံးဖြတ်မည်ဖြစ်သဖြင်. စိတ်ပါဝင်စား၍ ပူးပေါင်းဆောင်၇ွက်နိုင်မည်. မည်သူမဆို တက်ရောက်ပေးပါရန် ဖိတ်ကြားခဲ့ပါသည် ။


 ထို.နောက် တက်ရောက်လာသူများ မှမေးခွန်းများ ထပ်မံမေးမြန်းရန် မရှိသဖြင်. အခမ်းအနားအစီအစဉ်များပြီးဆုံးကြောင်း ကြေငြာပြီး  တက်ရောက်လာသူများ စုပေါင်း၍ အမှတ်တရ ဓါတ်ပုံ ရိုက်ခဲ့ကြပါသည် ။





ယနေ.အခမ်းအနားတွင် ပထမပိုင်းအခမ်းအနား မှုး အဖြစ် ကိုဝင်းမော်သိန်း ( 92 – 94 EC ) AMTA – CEC အတွင်းရေးမှုး ကလည်းကောင်း ၊ ဒုတိယပိုင်း အခမ်းအနားမှုးအဖြစ် ကို သန်.ဇော်မိုး  ( 94 – 96 EC ) AMTA – Yg Unit ပြန်ကြားရေး တာဝန်ခံ ကလည်းကောင်း တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည် ။ Video မှတ်တမ်း တင်ခြင်းကို မသူဇာမျိုး ( 93 – 95 EC ) ကတာဝန်ယူပေးခဲ့ပြီး ဓါတ်ပုံ မှတ်တမ်းတင်ခြင်းကို ကိုဇော်မင်းလတ် ( 94 – 96 EC ) က တာဝန်ယူပေးခဲ့ပါသည် ။ အခမ်းအနား တစ်ခုလုံး၏ Presentation ဆိုင်ရာ Power Point များကို ကိုစန်းမောင်မောင် ( 97 - MT ) AMTA – Ygn Unit တွဲဖက်တာဝန်ခံ ကတာဝန်ယူဖန်တီးပေးခဲ့ပါသည် ။အသင်းဝင်သစ်လက်ခံခြင်း နှင်. နှစ်စဉ်ကြေး လိုအပ်ငွေ ထပ်မံပေးသွင်းခြင်း ဆိုင်ရာ ကိစ္စရပ်များကို မအိအိခိုင် ( 93 – 95 MT ) AMTA – Yg Unit ဘဏ္ဍာရေး တာဝန်ခံ နှင်. မအေးပပ ( 97 – 99 EC) တို.က ကူညီဆောင်ရွက်ပေးခဲ့ပါသည် ။


 AMTA ‘ s First Annual Meeting & Gathering အခမ်းအနားသို. အသင်းဝင် နှင်.ကျောင်းသား / သူ ဟောင်း ၈၀ ခန်.တက်ရောက် ခဲ့ပါသည် ။

ဆက်စပ်ကြည်.ရှုရန် ဓါတ်ပုံ များ

* Prepare for First Annual Meeting & Gathering   
* အခမ်းအနား မကျင်း ပမှီ  
* အခမ်းအနား အစီအစဉ် ပထမ ပိုင်း  
* Tea - Time Brake  

No comments:

Post a Comment