Wednesday, December 31, 2014

၂၀၁၃ အကယ်ဒမီ ( ၂ ) - ပြီးရင်ဝေဖန်ပါ ဆိုလို...




 
Photo of Yahoo - News

  ကျင်းပသောနေ. အခမ်းအနားနေရာချထားခြင်း ပြဿနာ တွင်မူ ၎င်းအား နေရာချထားပေးမှုသည် အဆင်ပြေကျေနပ်ဖွယ်မရှိခြင်းကြောင့် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဖြစ်မည်မဟုတ်ဟု Alpine ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့သည် ။

"ကျွန်တော်တို့ ကုမ္ပဏီက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို အဓိကကူညီပေးခဲ့တာပါ။ အဲဒီလို ကူညီတဲ့နေရာမှာ Alpine ရေသန့်ဘက်က ကျပ်သိန်း ၃,၂၀ဝ နဲ့ M-150 အချိုရည်က ကျပ်သိန်း ၇၀ဝ စုစုပေါင်း ကျပ်သိန်း ၃,၉၀ဝ ကူညီခဲ့တာပါ။ အခု အကယ်ဒမီပေးပွဲကိုလည်း ဒေါက်တာစိုင်း ကိုယ်တိုင် တက်ရောက်ချီးမြှင့်ဖို့ ပြင်ဆင်ထားပြီးသားပါ။ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဘက်ကနေ ကျွန်တော်တို့ ကုမ္ပဏီကို အကယ်ဒမီပွဲတက်ဖို့ ဖိတ်စာအစောင် ၄၀ ပေးပါတယ်။ ဒါပေမဲ့ ဒေါက်တာစိုင်းထိုင်ရမယ့် ထိုင်ခုံကို လေးတန်းမြောက်မှာ စီစဉ်ပေးထားတယ်။ အဲဒါကို ကျွန်တော်တို့ဘက်က အဆင်မပြေတဲ့အတွက် ဒေါက်တာစိုင်းက ပွဲကို မတက်ရောက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဘက်က ထိုင်ခုံနေရာကို ပြန်လည်ပြင်ဆင်ပေးမယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ ဒေါက်တာ စိုင်းကတော့ အကယ်ဒမီချီးမြှင့်ပွဲကို မတက်ရောက်ဖြစ်တော့ပါဘူး"ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက "ကျွန်တော်တို့ အစည်းအရုံးက စပွန်ဆာကိစ္စကို ဆောင်ရွက်တာက ဥက္ကဋ္ဌ ကိုလူမင်း ကိုယ်တိုင်ပါ။ အခု အဲဒီကိစ္စက သူတို့အချင်းချင်း ညှိနှိုင်းပြီး ပြန်ပြေလည်သွားပါပြီ။ အသေးစိတ်ကိုတော့ ကိုလူမင်းပဲ သိပါလိမ့်မယ်"ဟု ဆိုသည်။မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်း၏ဖုန်းကို မဇ္ဈိမက ဒီဇင်ဘာ၂၆ ရက်က ဆက်သွယ်မေးမြန်းသည့်အချိန်၌ ၎င်းသည် အကယ်ဒမီဆုချီးမြှင့်ပွဲ ကျင်းပမည့် Myanmar Event Park တွင် အလုပ်များနေခြင်းကြောင့် ဖြေကြားနိုင်ခြင်း မရှိသေးဟု ၎င်း၏လက်ထောက်တစ်ဦးကပြန်လည်ဖြေကြားခဲ့ကြောင်း ထိုသတင်းဋ္ဌာနက ရေးသားဖော်ပြခဲ့သည် ။

Photo of 7 Day Daily
 အခမ်းအနားအပြင်အဆင်ပိုင်းနှင်.ပတ်သက်၍ “အခုဆိုရင်လဲ ဘယ်နှစ်နဲ့မှမတူအောင် ကိုယ်စီစဉ်ထားတယ်။ ယိုးဒယားက index အဖွဲ့ဆိုတာနဲ့ စတိတ်အပြင်အဆင်၊ မီးဒီဇိုင်း၊ Audio ဒီဇီုင်းတွေကအစ ခေါ်ပြီးတော့တကယ်ကိုခမ်းခမ်းနားနားစီစဉ်တင်ဆက်သွားမှာပါ။ကိုယ့်ရဲ့ ဆောင်
ရွက်ချက်တွေကို ကြည့်လိုက်ပါဦး၊ ပွဲကြီးကို စောင့်ကြည့်လိုက်ပါဦး
” ဟု အစည်းအရုံး ဥက္ကဋ္ဌ မှကြိုတင်ပြောဆိုထားခဲ့ပြီး မိမိတို.အနေဖြင်. ခမ်းခမ်းနားနားပွဲတစ်ခုကို စနစ်တကျပိုမိုစီမံနိုင်သည်. ပြည်ပ Company  ကိုသာငှားရမ်းစီစဉ်ထားခဲ့ကြောင်းလည်း Media သို.ပြောကြားခဲ့သည် ။


သို.သော် င်္ပွဲကျင်းပပြီးချိန်တွင်မူ  အရင်နှစ်တွေကလို ပရိသတ်များကို လက်မှတ် မရောင်းတဲ့အတွက် အနုပညာရှင်တွေနဲ့ အတူတူ ဓာတ်ပုံ ရိုက်ကူးသူတွေ၊ လက်မှတ် ရေးထိုးခိုင်းသူတွေ မရှိတာကြောင့် ပွဲက နည်းနည်းတော့ ခြောက်သွေ့နေသယောင် ခံစားရပါတယ်။ အခမ်းအနားမှူးအဖြစ် ရွှေကြိုရွေးချယ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ အကယ်ဒမီရန်အောင်နဲ့ တင်မိုးလွင်တို့က ဆောင်ရွက်ခဲ့ကြပြီး ပွဲကို ပါဖောမန့်တွေနဲ့ စီစဉ်တင်ဆက်ခဲ့ပေမယ့် တက်ရောက်လာသူများကို ဆွဲဆောင်မှု သိပ်မရှိခဲ့ပါဘူး ” ဟု နာမည်ရှိ Online Media တစ်ခုကရေးသားထားခဲ့သည် ။

ယခင်ပ၇ိသတ် ပါဝင်ခွင်.ရသော အကယ်ဒမီပေးပွဲတစ်ခု ( From MyanmarCelebrity )
 ထို.အပြင် ၂၀၁၃ ခုနှစ် အကယ်ဒမီ အခမ်း အနားသည် ပြောင်းလဲမှု များနှင့် ကြီးကျယ် ခမ်းနား မည်ဟု အားလုံးက ထင်မြင်ယူ ဆခဲ့ ကြသည့် အတိုင်း ၊ပြောင်းလဲ မှုများ ရှိခဲ့သလို ခမ်းနား မှုများလည်း ရှိခဲ့သည်က အမှန်ပင် ဖြစ် သည်။ သို့သော် အကယ်ဒမီ အပြင် ဘက်မှ အတွင်း ဘက်ကို ၀င်ရောက် ချိန်မှာ များပြားလှသည့် လူပေါင်းစုံ တို့သည် တစ်စုတစ်ဝေးတည်း ဖြစ်ခဲ့ သည့်အပြင် မင်းသား မင်းသမီး များကို ရုပ်သံများ ကသူတို့ အင်တာဗျူး မည့်နေရာ များဆီကို ဆွဲခေါ်သွားကြသလို အင်တာဗျူးသမားများကလည်း ယင်းနေရာ၌ပင် ရှုပ်ယှက်ခတ် လျက်မြင်မကောင်းအောင်ဖြစ် ၍နေသည်။ယင်းအပြင် ပွဲကျင်းပ မည့်နေရာသို့ လိုက်လံ ပို့ဆောင်ပြီး နေရာချ ထားပေး မည့်သူများ သည်လည်း များပြားစွာ မတွေ့ ရခြင်း   ကြောင့် ထိုင်ခုံတွင် ထိုင်ကြမည့် သူများသည် အဆင် မပြေ ဖြစ်ခဲ့ ကြရသည်။အကယ်ဒမီပွဲခင်းတွင် ထိုင်ခုံနေရာများကို အနုပညာရှင်များနှင့် တက်ရောက် လာကြသူ များသည် ကျယ်ဝန်း သည့်နေရာအနေ အထား အရ လိုက်လံ ရှာဖွေကြ ရခြင်းကြောင့် အဆင် မပြေမှုများ၊ မင်းသား၊ မင်းသမီး များသည် တစ်ဦး နှင့်တစ် ဦးဝေးကွာ သည့်နေရာ များတွင် ရှိခြင်းကြောင့် အဆင်မပြေခဲ့ဟု ဆိုကြသည် ဟုဆိုကာ ပွဲတက် Media တို.ကရေးသားခဲ့သည် ။

ထို.အတူ ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကားများကို ဆုချီးမြှင့်တဲ့အကယ်ဒမီညကတော့ ကမောက်ကမအလွဲအချော်တချို့နှင့်အတူ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါပြီ ဟုအစချီသော သတင်းများလည်း Media အချို.ကရေးသားခဲ့သည် ။

ထို.အပြင် ဓါတ်ပုံရိုက်ကူးမှု များနှင်. ပတ်သက်၍လည်း ပွဲတွင် မီဒီယာများ၏ ဓာတ်ပုံ သတင်း ရိုက်ယူခြင်းတွင် အများနှင့် အတူ ရရှိစေရန် မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးက စီစဉ်ဆောင်ရွက်ထားသော်လည်း ဆုယူမည့်လျှောက်လမ်းတွင် ရုပ်ရှင် အစည်းအရုံးမှ တာဝန် ယူ ရိုက်ကူး သည့် ဓာတ်ပုံ သမား ၁၀ဦးကြောင့် များစွာအဆင်မပြေ ဖြစ်ခဲ့သည်ဟု ဓာတ်ပုံ မင်းခန့်ကျော် (Excellent King)က ပြောသည်။

အားလုံးကိုတစ်ပြေးညီ အနောက်က စင်ပေါ်မှာ ရိုက်ခွင့်ပေးရင်ပေးပေါ့။ အခုလို ရိုက်ခွင့်ပေးလိုက်တော့ ကျွန်တော် တို့နောက် ကရိုက် ရတာ အဆင်မပြေတော့ဘူး” ဟု ၎င်းက ပြောသည်။
ယင်း ဆုပေး ပွဲတွင် ရုပ်ရှင် အစည်း အရုံးမှ ဓာတ်ပုံ သမား များသည် အကယ် ဒမီဆု ရရှိသည့် မင်းဦးကို ၀ိုင်းအုံ ရိုက် ခဲ့ခြင်းကြောင့် စင်မြင့်ပေါ်တွင် ရိုက်ကူးခဲ့ ကြသည့် မီဒီယာများက မကျေမနပ် အော်ဟစ် ပြောဆိုမှုများ ဖြစ်ခဲ့သည်။ယင်းပွဲခင်း အတွင်း၌ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး၏ ဓာတ်ပုံသမား ၁၀ ဦးကို မီဒီယာ များအား အကယ် ဒမီ ဓာတ်ပုံ များပေးရန်အ တွက် ဓာတ်ပုံ ရိုက်ခွင့် လျှောက်လမ်း အတွင်း၌ ပေးခဲ့ခြင်းဖြစ်သည်ဟု ကြိုဆိုနေရာ ချထားရေးမှ ကိုငယ် ကပြောသည်။အစည်း အရုံး၏ ဓာတ်ပုံ သမားများနှင့် ယင်းအစည်းအရုံး မှငှားရမ်းထား သည့် မင်းဇာ နည်ဇော် ဓာတ်ပုံအဖွဲ့နှင့် မိုးမင်း(Rays)ဓာတ်ပုံအဖွဲ့တို့ ပါဝင်ရိုက်ကူး ခဲ့သည်ဟု ဦးဘုန်းမြင့်ဝင်း ကပြော သည် ဟုလည်း Media တစ်ခု၏ သတင်းကဆိုသည် ။ Media တို.အနေဖြင်. ဓါတ်ပုံရိုက်ကူးရာတွင်သတ်မှတ်ထားသော ပေ ၂၀၀ အကွာမှသာ ရိုက်ကူးခွင်.ရခဲ့ကြခြင်းဖြစ်သည်

ထို.အပြင် Facebook ပေါ်တွင် အကယ်ဒမီပေးပွဲတွင် မည်သို.မျှ သက်ဆိုင်ခြင်းမရှိသော Miss လမ်းလျှောက်ခြင်း တင်ဆက်မှု ကို ဝေဖန်ခဲ့ကြသလို  စစ်ကြိုခောတ်ဝတ်စုံဆန်ဆန် ဖြင်. အော်ပရာစတိုင် အကယ်ဒမီတင်ဆက်မှု ကိုလည်း နှစ်ခြိုက်မှု နည်းခဲ့ကြပြီး မြန်မာဝတ်စုံဖြင်. မတော်မတည်. ပြေးလွှားနေသကဲ့သို.သာ ခံစားရကြောင်းရေးသားခဲ့ကြသည် ။ Perfomance များတွင် လူအင်အားအများအပြားသုံးပြီး စင်ပေါ်တွင် ရှုပ်ရှက်ခတ်နေကာ မည်သည်ကို တင်ဆက်နေသည်မသိရပဲ ပြချင်သည်.အကြောင်းအရာကို ပေါ်လွင်အောင်ဖန်တီးနိုင်မှု မရှိ ဟု မြင်ခဲ့ကြသည် ။  ထို.အပြင် လွတ်လပ်စွာဖန်တီးခြင်း ဘက်ကိုသာ အလေးပေးပြီး ယဉ်ကျေးမှု ထိမ်းသိမ်းစောင်.ရှောက်ခြင်း ဘက်ကိုမူ ဥပက္ခောပြုထားသကဲ့သို.မြင်ကြရသည် ။

Photo of Irrawaddy

 ဤသည်များက အစည်းအရုံး ဥက္ကဋ္ဌ ပြောခဲ့သော “ အခမ်းအနားအတွက် ပြင်ဆင်မှုအပိုင်းကိုတော့ ပြီးရင်ဝေဖန်ပါ။ အပြစ်တင်ပါ။
 အခုက ဘာမှလဲ မလုပ်ရသေးဘူး။ ဘာမှလဲ မကြေညာရသေးတဲ့အတွက်လေ။
အကယ်ဒမီပေးပွဲဆိုတာ ရုပ်ရှင်လောက တစ်ခုလုံးရဲ့မျက်နှာပါ။ လူမင်းရဲ့မျက်နှာ မဟုတ်ပါဘူးလို့။ အိုးမည်းပေရင်လဲ တစ်လောကလုံးရဲ့မျက်နှာအိုးမဲပေတာပါ။ မျက်နှာပျက်ရင်လဲ တစ်လောကလုံး မျက်နှာပျက်တာပါပဲ။ အဲ့ဒီတော့မိသားစုလိုမျိုးလေး အပြုသဘောဝေဖန်မှုတွေနဲ့ ၀ိုင်းဝန်း အကြံဥာဏ် ပေးမှုလေးတွေနဲ့ကိုယ်က သွားချင်တာ။ တချို့ကျတော့လဲ ဝေဖန်တဲ့အဆင့်ထက်
 ကျော်လွန်ပြီး ကဖြတ်ကယက် လုပ်တဲ့ အဆင့်ထိ ရောက်တဲ့ခါကျတော့ စိတ်မကောင်းတာလေး တစ်ခုကလွဲလို့ ကိုယ်အကောင်းဆုံး စီစဉ်သွားမှာပါ
  ဟူသော စကား၏ နောက်ဆက်တွဲများဖြစ်သည် ။


Ref ; Mizzima , 7DAY Daily , The Voice Weekely , Irrawaddy &  Trend Myanmar .

ဆက်စပ်ဖတ်ရှုရန် 

* ၂၀၁၃ အကယ်ဒမီ - မစခင်က ရှင်းကြ /လင်းကြ အချို.ကျ ရှင်းမရ




No comments:

Post a Comment