Saturday, December 6, 2014

ဦးလှဆွေ ( သို. ) ဘူးလက်လှဆွေ ၏ အတွေး ၊ အမြင် ၊ အရေး ၊ အသား များ ( ၁ )






လွှတ်တော် အမတ်တွေထဲမယ် လူသိများတဲ့သူ အနည်းငယ်ထဲ က တစ်ဦးဖြစ်သလို နိုင်ငံတော် အဆင်.တွေထဲက နာမည်ကြီး Facebook User တစ်ဦးလည်းဖြစ်တဲ့ ကြံ.ခိုင်ရေး ပါတီ အမတ် ဦးလှဆွေ ( Media မှာ တော. ဘူးလက်လှဆွေပေါ. ) ရဲ.ရေးသားတင်ပြမှုအချို.ကို စုစည်း တင်ဆက်ထားခြင်းဖြစ်ပါတယ် ။ စကားလုံးနဲ. အသုံးအနှုံး စာလုံးပေါင်းကအစ မူရင်းအတိုင်း ကူးယူဖော်ပြထားပါတယ် ။ တစ်ခုပဲရှိတာက Theme တူမယ်ထင်တာလေးတွေကို တွဲဆက်ဖော်ပြထားခြင်း သာရှိပါတယ် ။ အင်တာဗျုး တစ်ခုမှာသူပြောသွားတာကတော. သူဟာ ကွန်ပြူတာ နဲ. Facebook သုံးတာမဟုတ်လို.စာလုံးပေါင်းမှားတာမျိုးတွေ ရှိပါတယ်တဲ့ ။ဒါ.အပြင် သူ. Comment တွေမှာ ဆဲတာတွေ.ရတာ များတာကတော. Facebook ကရတဲ့စာရင်းအရ Facebook User တွေထဲမှာ NLD ကလူတွေက ကြံ.ခိုင်ရေးကလူတွေထက် အဆပေါင်းများစွာ ပါဝင်နေတာမို.ဖြစ်နိုင်ပါတယ်လို. ဖြေသွားဖူးပါတယ် ။
မလေးရှားမှာ ရှိတဲ့ မြန်မာ တွေ လုပ်ကြံခံနေ၇တဲ့ ကိစ္စ နဲ.ပတ်သက်လို. သူ.ရဲ. Facebook မှာ Nov 30 ရက်နေ. မနက် က ဒီလိုရေးခဲ့ပါတယ် ။

ဘယ်လိုလုပ်မလဲလွှတ်တော်မှာအဆိုတင်လည်းအလကားဘဲဘယ်သူ့အားကိုးရမှာလည်း သေခြာတာ
ကတော့ ပြန်လာကြ ဒီမှာ ရှာကြံပြီးလုပ်စားကြတာပေါ့ ကျနော့်မိတ်ဆွေကျောင်းနေဘက် ကုလားတယောက်းမြန်မာပြည်မှာ ကျောင်းသားတုံးက ကွမ်းယာရောင်းတယ် တကသိုလ်တက်တော့ စက်ဘီးဆိုင် ဖြစ်ပြီ ခုတော့ ဆိုင်ကယ် ဆိုင် ဆိုင်ကယ်တွေအများကြီး ၁၀၀ လောက်ရှိတယ် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ဘဲ ။ပြန်လာကြ။သတ်တဲ့သူကိုမဖော်ထုတ်နိုင်ရင် မြန်မာသံအမတ်ကိုပြန်ခေါ် ။ မလေးသံအမတ်ကိုနှင်ထုတ်။ပြတ်ပြတ်လုပ်ပစ်ဘို့ ဦးလှဆွေကတိုက်တွန်းပါကြောင်း။

 December 4 ရက်မနက်မှာတော. နေပြည်တော်မှာ မလေးရှားက စီးပွားရေးကိုယ်စားလှယ်အဖွဲ့ ရောက်နေတယ်တဲ့ မြန်မာအစိုးရနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မလို့တဲ့ ။မလေးရှား မှာရှိတဲ့ မြန်မာတွေကို အကာအကွယ်ပေးပါ့မယ် လို့ ဂတိပေးမှ ပူးပေါင်းဆောင်ရွက်သင့်တယ် ။မဟုတ်ရင်ဒီတိုင်းပြန်လွှတ် လို.ရေးသားထားခဲ့တာတွေ.ရပါတယ် ။

ဒါတွေကတော. လတ်တလော နိုင်ငံရေးဆိုင်ရာ သူ.ရဲ.အမြင်အချို.ပါ

အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်ပြောတာ ကျနော် သဘောတူပါတယ် အစ်မကြီးက မှားတာကို မှားတယ်လို့ မသိတဲ့လူ ။ ဒို့က မှန်တာလုပ်နေတာဘဲ ဘာမှားလို့လဲ ဆိုတဲ့လူတွေဟာ အမှန်ကိုမသိတာ ဝမ်းနည်းဘို့ကောင်းတယ်လို့ ဆိုပါတယ် ။ ထောက်ခံပါတယ် ။
ဒါပေမဲ့ ကြံ့ခိုင်ရေး နဲ့ စစ်တပ် ဟူသမျှ အကုန်မှားပြီး သူပုန်နဲ့ အတိုက်အခံမှန်သမျှ အကုန်မှန် တယ် ဆိုတာလည်း မဖြစ်နိုင်ပါဘူး
( 2014 October 31 )

ကြံ့ခိုင်ရေး အမတ် မြင်းခြံ အမျိုးသား လွှတ်တော် ကိုယ်စာလှယ် ဦးဇော်မြင့်ဖေ မှ လစာတိုးပေးဘို့ အရေးကြီး အဆိုတင်ပါတယ် ။good တယ်ဗျ ။သူက ဝန်ကြီး လစာနဲ့ အခြေခံဝန်ထမ်းလစာ အဆ ၂၀ ကွာနေတာကို ထောက်ပြတယ်ဗျာ။တပ်ကဗိုလ်မှုး တယောက်အမေက သူ့သားဗိုလ်မှုး ဖြစ်နေပြီ ငွေပို့ပေးနေရတုံး ရှိသေးတယ်တဲ့။တိုးရင်ကောင်းတယ်ဗျို့ ( 2014 November 12 )

တပ်မတော်ဟာ မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်မှု့ အခန်းကဏ္ဍကပါရမယ်ဆိုတာကို မငြင်းလိုပါဘူး ဒါပေမဲ့ ၄၃၆ ပြင်ဘို့ ကိုတော့ ထောက်ခံမဲပေးသင့်တယ် ( 2014 November 13 )


 အမှန်က ကျနော့်အမြင်ပြောရရင် NLD နဲ့ အမကြီးဒေါ်အောင်ဆန်းစုကြည် က အစိုးရကို ၄ ပွင့်ဆိုင်တွေ ဘာတွေ သွားတောင်းဆိုနေတာ ဟိုက လုပ်မပေးတော့ အလကားဘဲ ။လက်တွေ့လုပ်သင့်တဲ့ဖြစ်နိုင်ခြေက ကြံ့ခိုင်ရေးပါတီနဲ့ခင်အောင် ပေါင်းရမှာ။နှစ်ပါတီ CEC အခြင်းခြင်းရင်းနှီးမှု့ရအောင် တွေ့ဆုံတာတွေ အပေးအယူအလျှော့အတင်းတွေ အနာဂတ်နိုင်ငံတော်အတွက်မျှော်မှန်းချက်တွေဖလှယ်တာ ဖြစ်သင့်တာတွေ ညှိနိုင်းတာတွေ လုပ်ရမှာ ။အစိုးရသွားပြောနေ ဟိုက ဂရုစိုက်တာမှမဟုတ်တာ အပိုဘဲ ။ပါတီငယ်လေးတွေဆိုတာကလည်း ဘာမှဖြည့်ဆည်းပေးနိုင်တာမဟုတ်ဘူး။ကိုယ်ကသာအလျှော့ပေးပေါင်းရမှာ ။ ကြံ့ခိုင်ရေးက ဘားဂိမ်း လုပ်ပေးနိုင်တာတွေအများကြီးဘဲ။အနာဂတ်နိုင်ငံတော် ကောင်းစားရေး ဆိုရင် ဂဌုန် ဦးစော မိသားစုနဲ့တောင်ချန်မထားဘဲ ညှိရမှာဗျ ။ဘာပြောပြောအဘက်မလုပ်တဲ့ အစိုးရအဖွဲ့ကိုသွားပြီး ၄ ပွင့်ဆိုင် တွေဘာတွေသွားတောင်းဆိုနေတာထက်စာရင် ကြံ့ခိုင်ရေးက CEC တွေနဲ့ ညှိနိုင်းဆောင်ရွက်တာဟာ ပိုပြီးလက်တွေ့ကျလိမ့်မယ် လို့ထင်ပါကြောင်း ဗျာတို့ရေ ( 2014 November 13 )


 အင်းးး ကျောင်းသားသမဂ္ဂဆိုတဲ့ ခလေးတွေ ၂၀၁၅ နီးလို့ အာရုံလွှဲနေပြီ ။ အရေးပေါ်အခြေနေကြေငြာ ပြီးစစ်အုပ်ချုပ်ရေးလုပ်လိုက်ရင် ဒါမှမဟုတ် တပ်မတော် က နိုင်ငံအာဏာကို တာ ဝန်ယူလိုက်ရင် ပုန်မှန်က ၁ နှစ် ထပ်တိုး ၆ လ ၂ ကြိမ် ပေါင်း ၂ နှစ် ။အဲ့ချိန် လွှတ်တော် ၂ နှစ်နားထားတုန်း ရွာပြန်ပြီး ၂ နှစ် လယ်ထွန်ချိန်ရတာပေါ့ ။အမကြီးဒေါ်အောင်ဆန်းစုကြည်လည်း အသက်တွေ က ကြီး လာ ၊ ခြေ/ဥ က လည်းမပြင်နိုင် သေး ။ခက်ကပြီ ခက်ကပြီ ။မမိုက်ကြနဲ့ ။ခလေးတို့ ဘယ်သူမြောက်ပေးတာတုန်း။ဖမ်းဟယ်ဆီးဟယ်တွေလည်း လာဦးမှာဘဲ။မမြင်အပ်တာတွေမြင်ရ မကြားအပ်တာတွေကြားရ ဖြစ်ရကြုံရဦးတော့မယ်။ဒီကိစ္စ ရိုးရိုးမဟုတ်ဘူး ။ ။နောက်ကွယ်ကကြိုးကိုင်သူတော့ ရှိနေပြီ မှတ်တယ် ။ဘယ်ကရောက်လာမှန်းမသိသော ကျောင်းသားဆိုတဲ့ကျောင်းအုပ်ကြီးရုပ်ပေါက်နေသူများ ပါနေတယ် ထင်ပါ့ ။ကျောင်းသားတွေက သမဂ္ဂ ဖွဲ့ခွင့်ရခြင်တာ ။ဒါပေမဲ့ ဒီမိုကရေစီခောတ်ကြီးမှာ ဘယ်မိဘကမှ ကျောင်းသားသမဂ္ဂဖွဲ့ဘို့ သဘောတူမှာမဟုတ်ပါဘူး ။ကျောင်းသားဆိုတာ စာကျက်ပေါ့ ။နိုင်ငံရေးလုပ်ခြင်တဲ့ကျောင်းသား နိုင်ငံရေးသိပ္ပံဘာသာရပ်ပြောင်းယူပြီး ဂုဏ်ထူးထွက်အောင်လုပ်ပေါ့ ။ကျောင်းသားသမဂ္ဂဆိုပြီးမြောက်ပေးတဲ့သူကို black list အမြန်သွင်းဘို့ G20 သွားတဲ့အိုဗမာ ဆီ ကိုနောက်ကလိုက်သွားပြီးအမြန်ပြောမှရမယ် ဗျာတို့ရေ ( 2014 November 15 )

၆ပွင့်ဆိုင်တွေ့ဆုံခြင်းကို ငြင်းတယ်ဆိုတာ အစိုးရရဲ့လက်ထဲမှာ အခြေနေဖန်တီးခွင့်ရှိနေတယ်ဆိုတာကို ထင်ရှားအောင်ပြတဲ့သဘောလို့ထင်တယ်။ အစိုးရ ဆိုတာကတော့ ဘုရား ဘဲ ဆိုတာ သိပြီးသားပါ ။ဒါပေမဲ့ လွှတ်တော်ဆိုတာက အဲ့ ဘုရားကို မွေးဖွားပေး လိုက်တဲ့ မယ်တော် မာယာ နဲ့ အလားတူဖြစ်ပါတယ် ။ မယ်တော်မာယာ က နတ်ပြည်မှာ မယ်တော်မိ နတ်သားဖြစ်တဲ့အခါ တရားလာဟောပါဦးဆိုပြီးတောင်းဆိုတော့ ဘုရားလည်း ကျေးဇူးဆပ်တဲ့အနေနဲ့ နတ်ပြည်တက် ဟောရတာဘဲလေ။ဒါတောင်မွေးမေကျေးဇူးကို နို့တလုံးဘိုးသာ ကြေပါသတဲ့ ။ဘုရားနတ်ပြည်တက်တရားဟောတာ ဒါလည်းဒိုင်ယာလော့ ပါဘဲ ။လူပုဂိုလ်ကို အခြေမခံဘဲ အင်စတီကျူးရှင်းကို အဓိကထားအခြေခံရိုးမှန်တယ်ဆိုရင် ပြည်ထောင်စုလွှတ်တော် ဆိုတဲ့ အင်စတီကျူးရှင်း ထက်ပိုမို လီးဂယ်းလီး ဖြစ်တဲ့ အင်စတီကျူးရှင်းကို ဘယ်ဟာပါလို့ထောက်ပြနိုင်မလဲ။ဒါကြီးဟာအရေးမပါတဲ့အင်စတီကျူးရှင်းကြီးလား ၊ ရွေးကောက်မခံရသေးတဲ့ နိုင်ငံရေးပါတီတွေပါမှဖြစ်မှာလား ။ ဘုရားက သူ့အမေကျေးဇူး ကိုနို့တလုံးဘိုးကျေအောင်ဆပ်နိုင်ခဲ့ရင် ဘုရားဖြစ်နေတဲ့ အစိုးရကရော မွေးဖွားသန့်စင်ပေးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်ကိုဘယ်လိုကျေးဇူးဆပ်သင့်သလဲကဲ တရားလေးဘာလေး တက်ဟော ၆ ပွင့်ဆိုင် ဒိုင်ယာလော့လေးဘာလေးလုပ် ပြီး ကျေးဇူးမဆပ်သင့်ဘူးလား ဖြေကြည့်ကြပါဦး ဗျာတို့ရေ ( 2014 Nov 29 )

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘာလို့ ၄၃၆ ကို တင်းခံ နေလည်း ဆိုတော့ ၂၀၁၅ ရွေးကောက် ပွဲမှာ ကြံ့ခိုင်ရေး နဲ့ nld ဘယ်သူနိုင်မလဲ ဆိုတာ မသေခြာလို့ဘဲ ။ ကြ့ခိုင်ရေး နိုင်ရင် ပြဿနာ မရှိပေမဲ့ nld နိုင်သွားရင် လွှတ်တော်မှာ တိုင်းပြည်ပျက်စေနိုင်မယ့် အဆိုတွေ ဥပဒေ တွေသေခြာပေါက် ပြဌာန်းလာနိုင်တယ် ။ဥပမာ ဘယ်နိုင်ငံသားမဆို မြန်မာပြည်မှာ သမ္မတ လုပ်ခွင့် ရှိသွားစေမယ့် ၅၉ (စ)လိုဟာမျိုးပေါ့ ။၂၀၁၅ မှာ ကြံ့ခိုင်ရေးက နိုင်မှာပါကွာလို့ အထောက်အထားခိုင်လုံစွာနဲ့ ဦးသူရရွှေမန်းက ပြောလည်း တပ်မတော် က ယုံမယ်မထင်ပါဘူး ။ဒါကြောင့် လတ်တလောတော့ ၄၃၆ မပြင်လို့ ဗီလိန် ဇတ်ရုပ် ပေါက်နေပေမဲ့ ၂၀၁၅ မှာ nld နိုင်ခဲ့သည်ရှိသော် တိုင်းပြည်ကို ကာကွယ်မှာက ဒီ ၄၃၆ လေးနဲ့ ၂၅% လေးဘဲ ကျန်တော့မှာဗျ ။ nld က တိုင်းပြည် ပျက်အောင် မလုပ်ပါဘူးကွာ လို့ ပြော ရင်တော့ ယုံရခက်ကြီး ပါ ။ခုတောင် လူမိုက်အားပေး သူပုန် ထောက်ခံ ပြည်ပ အထောက်အပံ့ နဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး သင်တန်းတွေပေး နေတော့ တပ်မတော် က ရင်လေးမယ် ဆိုလည်း ရင်လေး စရာဘဲ ။ဟုတ်တယ်လေ ဒီလိုကိစ္စက ဘွာတေး အော်ပြီး အစကပြန်လုပ်ရအောင်ဆိုပြီး ပြောဖြစ်တဲ့အမျိုးမှ မဟုတ်တာကြီး ။ပြည်သူတွေ လက်ရှိအတိုင်း ခေါင်းပြားအောင်အိပ်ရေးဝပြီး သာယာဘို့ အခြားပျိုကွဲနေတဲ့နိုင်ငံတွေလိုမဖြစ်ဘို့ တပ်မတော်ရဲ့ ရပ်တည်ချက်ကိုထောက်ခံရင်း ၂၀၁၅မှာ ကြံ့ခိုင်ရေးကို မဲပေးကြစို့လား ။ (ဘာမှမဆိုင်ဘူး ကြော်ငြာဝင်တာ) (2014 December 1 )

No comments:

Post a Comment