Monday, December 8, 2014

ဒီဇင်ဘာ ၇ ရက်နေ. - အမေ.လျော.ခံ သူရဲကောင်းတို.အတွက် အမှတ်တရ ဂုဏ်ပြုပွဲ




၂၀၁၄ ဒီဇင်ဘာ ၇ ရက်နေ. မွန်းလွဲ ၂နာရီက ရွှေတိဂုံ စေတီတော် ခြေရင်း သွေးဆေးကန် အနီး အညတရ သူရဲကောင်း စစ်သည်ဗိမာန်တွင် ခောတ်အဆက်ဆက် နိုင်ငံတော်အတွက် အသက်ပေးလှုခဲ့ကြသော တပ်မတော်သားများအား အမှတ်တရ ဂုဏ်ပြုပွဲ တစ်ရပ်ကျင်းပခဲ့ပါသည် ။ ထို အခမ်းအနားကို ရောင်နီဦး ပရဟိတ အဖွဲ.က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တာဝန်ထမ်းဆောင်ဆဲ တပက်မတော်သားအချို. ၊ စစ်မှုထမ်းဟောင်းကြီးများ ၊ ပြည်သူများ ၇၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရပါသည် ။
ထိုနေ. နံနက် ၅း ၃၀ အချိန်က မြတ်လေးရုံ ပရိယတ္တိ စာသင်တိုက်တွင် ကျဆုံးသွားခဲ့ကြသော တပ်မတော်သားများ အားလုံးအတွက် ရည်စူး၍ အာရုဏ်ဆွမ်း နှင်. လှုဘွယ်ဝတ္တု များအား သံဃာတော်များထံ ဆက်ကပ်၍ အမျှအတန်း ပေးဝေခဲ့ကြပါသည် ။

Photo by မြန်မာ.တပ်မတော် Page
 မွန်းလွဲပိုင်း ကျင်းပသော အခမ်းအနား သို. အမှတ်တရ လွမ်းဆွတ်ဂုဏ်ပြုခြင်း ပန်းခွေ ၊ ပန်းခြင်း ၊ပန်းစည်းပေါင်း ၈၀ ခန်.ကို အဖွဲ.လိုက် - မိသားစုလိုက် - တစ်ဦးချင်းအလိုက် ပေးပို.ခဲ့ကြပါသည် ။အခမ်းအနား ကျင်းပရာတွင် တက်ရောက်လာသူအားလုံး နေရာယူပြီးနောက် နိုင်ငံတော် အလံအား အလေးပြုကြပါသည် ။ ထို.နောက်ဗိုလ်ချုပ်အောင်ဆန်း နှင်.တကွ နိုင်ငံတော်အတွက် အသက်ပေးလှုခဲ့ကြသော တပ်မတော်သားအားလုံးတို.အား အလေးပြုကြပါသည် ။ ထို.နောက်တက်ရောက်လာသူများထဲမှ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားများ ၊ တပ်မတော်သားဟောင်းများမှ သစ္စာဓိဌာန် ၄ ချက် ရပ်ဆိုကြပါသည် ။


ထို.နောက်ဗိုလ်ချုပ်အောင်ဆန်း နှင်.တကွ နိုင်ငံတော်အတွက် အသက်ပေးလှုခဲ့ကြသော တပ်မတော်သားအားလုံးတို.အားရည်စူး၍ လွမ်းသူ.ပန်းခွေ ၊ ပန်းခြင်း ၊ ပန်းစည်းများ ချပြီးနောက် ကျဆုံး သူရဲကောင်း စစ်သည်များ အားလုံးအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် ၂ မိနစ်ငြိမ်သက်ကြပါသည် ။


ထို.နောက် တပ်မတော် ၏ တပ်မတော်သားတို. စွန်.လွှတ်စွန်.စား ပေးဆပ်ခဲ့ရမှု နှင်. သမိုင်းကြောင်းဆိုင်ရာများ ဟောပြောခြင်းအစီအစဉ်တွင် ဦးကျော်ဇင်ထွန်း မှ ရှေးမြန်မာ.မင်းဆက်ခောတ်စစ်သည်တော်များ ၊လွတ်လပ်ရေးရပြီးနောက်တပ်မတော် ၏တာဝန်ထမ်းဆောင်ခဲ့ရမှုများ ၊ တပ်မတော်သားတို.၏ ပေးဆပ်ခဲ့ရမှုများကို အကျဉ်းချုပ်ဟောပြောခဲ့ပါသည် ။ ထိုဟောပြောမှုများအနက် မိမိတို. အသက်သွေး ၊ ချွေး ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတို.ဖြင်. ရင်းခဲ့သည်.အတွက် ရရှိသော ဆုလာဘ်မှာ မြန်မာနိုင်ငံ ပင်ဖြစ်ကြောင်း လည်းပြောကြားခဲ့သည် ။ မိမိအနေဖြင်.တောင်စဉ် ၊ တောင်တန်းများကို မြင်တိုင်း ဒါ.. ငါတို.တပ်မတော်သားတွေရဲ. အရိုးတွေနဲ. တည်ဆောက်ထားပါလား ၊ ပင်လယ်ပြင်နှင်.ရေပြင်တို.ကိုမြင်တိုင်း ဒါ.. ငါတို.တပ်မတော်သားတွေရဲ. သွေးတွေပါလား ၊ မြေပြင်ပေါ် လမ်းလျှောက်လိုက်တိုင်း တပ်မတော်သားတွေရဲ. သွေးတွေနဲ. ခြေလှမ်းတိုင်းစေကပ်ကပ် ဖြစ်နေသလိုပင် ခံစားရပါကြောင်း ရင်တွင်းခံစားချက်ကို တက်ရောက်လာသူများက အထူးသြဘာပေးခဲ့ကြပါသည် ။ 

ကိုရဲမိုး ဟောပြောသော အလှည်.တွင်မူ တက်ရောက်လာသူများ  အာရုံ စူးစိုက်မှု ပိုမိုလာခဲ့ပြီး သြဘာသံများလည်း ပိုမို မြင်.တက်လာခဲ့ပါသည် ။ ခံစားချက်အပြည်. ဟောပြောမှုကလည်း တက်ရောက်လာသူများကို ပိမို ထိခိုက်စေပါသည် ။ ကိုရဲမိုး ဟောပြောမှုများအနက်အစပိုင်း အချို.မှလွဲ၍ အားလုံးကို မူရင်းအတိုင်း ဖော်ပြပါမည် ။




ငြိမ်းချမ်းရေးကို ရှေးရှု တဲ့အနေနဲ. ထိုးစစ်မလုပ်ရဘူး .. တပ်တွေ ။ မိမိရောက်တဲ့ နေရာမှာပဲနေပါ ။ ကိုယ်.ကိုကိုယ်ခုခံ ကာကွယ်ရုံကလွဲပြီးတော. ပြန်မပစ်ရဘူး …ဒီလိုအမိန်.ပေးပါတယ် ။ စာနဲ.ပေးတာပါ ။ ကျွန်တော်တို.တပ်မတော်သားတွေက ငြိမ်းချမ်းရေးကို လိုလားတဲ့ ငြိမ်းချမ်းရေးဝါဒီတွေဖြစ်တာကြောင်.ဒီအမိန်.ကို အသက်နဲ.လဲပြီး လိုက်နာသွားပါတယ် ( လက်ခုပ်သြဘာသံများ )

ခမရ ၂၁ မြစ်ကြီးနား အခြေစိုက် တပ်က ငှက်ဖျားလူနာတွေကို တစ်ရက်မှာနောက်တန်းကို ပြန်ပို.ပါတယ် ။အဲ့ဒီပိုတဲ့ ယာဉ်တန်းကို ရန်သူကခြုံခိုတိုက်ခိုက်တဲ့အချိန်မှာ အဲ့ဒိနေရာမှာတင် ၁ + ၉ ယောက်ကျပါတယ် ။ ၄ယောက်အဖမ်းခံရပါတယ် ။ ၈ယောက်ပျောက်သွားပါတယ် ။အဲ့ဒီ ၈ယောက် ခုထိမတွေ.တော.ပါဘူး ။ ကျွန်တော်တို. အသံတစ်စက်မှ မထွက်ခဲ့ပါဘူး ။ငြိမ်းချမ်းရေးကြောင်.ပါ ( လက်ခုပ် သြဘာသံများ )

ဒကစ ၁၄လက်အောက်ခံ ခလရ ၂၆၉ က ဖားကန်.ဒေသ လုံခြုံရေး တာဝန်ယူနေပါတယ် ။ အဲ့ဒီလုံခြုံရေး ယူနေတဲ့ တပ်ရင်းကို အဝေးထိန်းမိုင်းနဲ. ကျောက်တွင်းသုံးမိုင်းတွေကို တပ်ထားပြီးတော. အဝေးထိန်း ခလုတ်နဲ. ဗုံးဖောက်ခွဲတိုက်ခိုက်တဲ့အတွက်ကြောင်. အဲ့ဒီ ခလရ ၂၆၉ က စစ်ကြောင်းတစ်ခုလုံးဟာ ၆ + ၅၃ယောက် အစအနတောင်ရှာမရပါဘူး ။ အဲ့ဒိနေ.က အဲ့ဒီိတပ်ရဲ. နောက်တန်းဌာနချုပ်မှာ အလောင်းမပါတဲ့ ဈာပန ၅၉ ခုကို တစ်ပြိုင်တည်း လုပ်ရပါတယ် ။ ကျွန်တော်တို. အိမ်ထောင်သည်လိုင်းတစ်ခုလုံး အရူးမီးဝိုင်းဖြစ်သွားပါတယ် ကျွန်တော်တို. အသံတစ်စက်မှ မထွက်ခဲ့ပါဘူး ။ငြိမ်းချမ်းရေးကြောင်.ပါ ( လက်ခုပ် သြဘာသံများ )



တစ်ခါ လဂျားယန် ကိစ္စ ၊ လဂျားယန် စခန်းက ၁၉၉၄ ခုနှစ်မှာ အဲ့ဒီဒေသမှာ ရှိနေပါတယ် ။ နဂိုတည်းက ရှိတဲ့ စခန်းပါ ။ ကေအိုင်အေ နဲ.အပစ်မရပ်ခင်တည်းက ရှိတဲ့ စခန်း ။ အဲ့ဒီတော. အဲ့ဒီစခန်းသည် မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီး ရဲ. လုံခြုံရေးကို တာဝန်ယူရတဲ့ စခန်းပါ ။အဲ့ဒီစခန်းကို အပစ်အခတ်ရပ်စဲရေး ပျက်သွားပြီးတဲ့ နောက်မှာ ၀ိုင်းဝန်းပိတ်ဆို.လာတဲ့ စခန်းဟာ ၃၀ အထိဖြစ်လာပါတယ် - ရန်သူ.စခန်း ။ ပြ သာနာက ၂၀၁၃ ဒီဇင်ဘာ ၁၅ ရက်နေ.မှာ အဲ့ဒီလဂျားယန် စခန်းက စစ်သည်တွေရဲ. ရိက္ခာပြတ်သွားပါတယ် ။ အပြင်လည်း ထွက်လို.မရဘူး ။ ၀ိုင်းပိတ်ထားတယ် ။ အဲ့ဒိတော. အဲ့ဒီစခန်းကို ရိက္ခာပို.ဖို.အတွက် စထရ ၃ က တပ်ရင်း တစ်ရင်း တက်သွားပါတယ် ။ အဲ့ဒီတပ်ရင်းကို ရန်သူ.အင်အား ၄၀၀ က ၀ိုင်းပြီးခြုံခိုပါတယ် ။ အဲ့ဒီ စစ်ကြောင်း က အင်မတန်မာတဲ့ တပ်မို. …………….ဆွဲထုတ်ဖို. အတွက်  မြစ်ကြီးနားက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ လိုက်သွားပြီး ပစ်ကူပေးတော.မှ ဖောက်ထွက်လို.ရပါတယ် ။ ဒီအချိန် အထိလည်း ကျွန်တော်တို.က တစ်ခွန်းမှ မဟခဲ့ပါဘူး ။

Photo by တပ်ကြပ်ကြီး ဖိုးစီ @ Facebook

 ဒါပေမယ်. ကျွန်တော်တို.မှာ တာဝန်ရှိနေပါတယ် - ဘာတာဝန်လဲ ။ ရိက္ခာကုန်ပြီးတော. ပိတ်ဆို.ခံနေရတဲ့ လဂျားယန် စခန်းကစစ်သည်တွေကို ကျွန်တော်တို. ကယ်တင်ဖို.တာဝန်ပါ ။ ဒီစစ်သည်တွေကို ကယ်တင်ဖို.အတွက် မပခ တိုင်းမှုးကတရားဝင် စာနဲ.အကြောင်.ကြားပါတယ် ။လဂျားယန်စခန်းကို ပိတ်ဆို.ထားတဲ့ စခန်းတွေကို ဖယ်ပေးပါ - မေတ္တာရပ်ခံပါတယ် ။ အရေး မလုပ်ပါဘူး ။ အဲ့ဒီအခါမှာ ကျွန်တော်တို. တပ်မတော် တပ်ရင်းတွေက စတင်ဝင်ရောက်လာပါတယ် ။ ၀င်ရောက်လာပြီးတော. လဂျားယန် စခန်းဘေးမှာ ရှိနေတဲ့ ပိတ်ဆို.ထားတဲ့ ကေအိုင်အေ တပ်စခန်း ၃၀ ကျော်ကို တစ်ခုချင်းစီ ရှင်းထုတ်ပလိုက်ပါတယ် ။ အဲ့ဒီတော. လဂျားယန်ရဲ.နောက် ကိုက် ၁၀၀၀ လောက်မှာ ပွိုင်. ၇၇၁ တောင်ကုန်း ရှိပါတယ် ။ ဒီ ပွိုင်. ၇၇၁ ပေါ် ကနေလက်နက်ကြီး နဲ. တစ်ချိန်လုံး ပစ်နေတော. ဒိ ပွိုင်. ၇၇၁ ကိုပါ တက်သိမ်းလိုက်ရပါတယ် ။ ပွိုင်. ၇၇၁ ကိုရတဲ့အချိန်မှာ ပြီးသွားပြီလားဆိုတော. မပြီးဘူး ။ ခရာဘွမ် တောင်ကြော - ခုပြီးခဲ့တဲ့ အပတ်က နိုင်ငံရေး အဖွဲ. ၅၉ ဖွဲ.ကနေ ကြေညာချက် ထုတ်တဲ့ ခရာဘွမ်တောင်ကြော ၊ ပြန်ဆုတ်ပေးပါဆိုတဲ့ ခရာဘွမ်တောင်ကြော ၊ အဲ့ဒီတောင်ကြောပေါ်ကနေ နေ.ရော / ညရော တစ်ချိန်လုံး အောက်ကစခန်းတွေကို လက်နက်ကြီး နဲ.ပစ်နေတာပါ ။ နောက်ဆုံးဘယ်လိုမှ မရတဲ့ အဲ့ဒီခရာဘွမ်တောင်ကြောက အမြှောက်စခန်းကိုပါ ကျွန်တော်တို.ဆီကတပ်တွေက တက်သိမ်းလိုက်ရပါတယ် ။ ဒီဟာတွေက ထိုးစစ်မဟုတ်ပါဘူး ။ ကျွန်တော်တို.စခန်းကို ကယ်တာပါ ။.ထွက်တိုက်ချင်ရင် ရှေ.မှာ လိုင်ဇာ ၊ လိုင်စင်ပို. နီးနီးလေးပါ ၊ တစ်ရက်အတွင်း အကုန်သိမ်းလိုက်လို.ရတယ် ( လက်ခုပ်သြဘာသံများ )



ကျွန်တော်တို.ကို ပေးထားတဲ့ အမိန်.က ရှင်းတယ် ။ ထိုးစစ်မလုပ်ရ ။ မိမိကိုယ်ကို ခုခံကာကွယ်တဲ့ ခံစစ်ပဲ ဖြစ်တဲ့အတွက် ကျွန်တော်တို. ခုခံကာကွယ်ဖို. လုံလောက်တဲ့ အတိုင်းအတာ ရောက်တဲ့အချိန်မှာ ကျွန်တော်တို.ဟာ ရပ်ထားလိုက်တယ် ။ ဒါပေမယ်. ခုဒီစခန်းတွေကို ကျွန်တော်တို.ကိုပြန်ဆုတ်ခိုင်းတယ် ။ တောင်းဆိုတယ် ။ နိုင်ငံရေး အင်အားစု တွေက ။ တစ်ဘက်သတ် အပစ်ရပ်ပေးပါ ။ တစ်ဘက်သတ် ငြိမ်းချမ်းေ၇းလုပ်ပေးပါ ။ ကောင်းပါပြီ ။ ကျွန်တော်တို. မေးချင်တာက ဒိစခန်းတွေက ပြန်ဆုတ်ပေးလိုက်ရင် ခုနလက်နက်ကြီးတွေ ပြန်ရောက်လာမ.ယ် ။  ၇၇၁ ပေါ်မှာ တပ်တွေပြန်ရောက်လာမယ် ။ လဂျားယန် ကိုနောက်တစ်ကြိမ်ပြန်မပိတ်ပါဘူးလို. ဘယ်သူတာဝန်ခံမလဲ ။ အဲ့ဒီ ၅၉ ဖွဲ. တာဝန်ခံမ လား ကျွန်တော်က သိချင်ပါတယ် ။( လက်ခုပ်သြဘာသံများ )

ပွိုင်. ၇၇၁ အလကားနေရင်း …. ရတာ မဟုတ်ပါဘူး ။ ဆရာအောင်သိန်း …. ကဆရာအောင်သိန်း အသက်ပေးခဲ့တဲ့ တိုက်ပွဲပါ ။ အဲ့ဒီကုန်းကိုတက်သိမ်းတော. ရန်သူ ပစ်လိုက်တဲ့ လက်ပစ်ဗုံးက စစ်ကြောင်းရုံးဘေး ကျလာပါတယ် ။ဆရာအောင်သိန်းကတော. ရှင်းတယ် ။ ဘာမှမပြောဘူး ပြေးပြီး လက်ပစ်ဗုံးကို ရင်ဘတ်နဲ. အုပ်ပလိုက်တယ် ။ဆရာအောင်သိန်း အသက်ပေး သွားတဲ့ ၇၇၁ ပါ ။ စစ်ကြောင်းရုံးတစ်ခုလုံးကျဆုံးမယ်. အရေးကို သူက၀င်ပြီး ကာသွားတာ ။ တပ်ကြပ် အောင်သိန်း ။( လက်ခုပ်သြဘာသံများ )

ခုကျွန်တော်တို.ကို ဒီစခန်းတွေကနေပြန်ဆုတ်ခိုင်းနေတာ ။ ကျွန်တော်.အနေနဲ.ပြောချင်တာက လက်ရှိအချိန်ကာလဟာ ငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့ ကာလဖြစ်ပါတယ် ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆွေးနွေးနေတဲ့ ကာလဖြစ်ပါတယ် ။ ငြိမ်းချမ်းရေး ကျွန်တော်တို. အင်မတန် လိုချင်ပါတယ် ။ သို.သော်လည်း ငြိမ်းချမ်းရေး ဆိုတဲ့အမျိုးဟာ တစ်ဘက်နဲ. တစ်ဘက် သဘာဝကျကျ မျှမျှတတ ယထာဘူတ ကျကျ နည်းလမ်းကျကျ ဆွေးနွေး မှအောင်မြင်ချောမွေ.တာပါ ။ မဖြစ်နိုင်တဲ့ ဟာတွေပြော .. တစ်ဘက်သတ် ကိုယ်လိုချင်တာတွေပဲပြောပြီး တစ်ဘက်သတ် ငြိမ်းချမ်းရေးလုပ်ပါဆိုရင် တစ်ဘက်သတ်ငြိမ်းချမ်းရေး တစ်ဘက်ကိုပဲသတ်တဲ. ငြိမ်းချမ်းရေး ပါ ။( လက်ခုပ်သြဘာသံများ )

Photo by Phay Sit Gyi@ Facebook

 အဲ့ဒီတော. ကျွန်တော်တို.အနေနဲ. လက်ရှိအနေအထားကနေတိုက်တွန်းလိုတာက ငြိမ်းချမ်းရေးကို အရမ်းလိုချင်ပါတယ် -  ကျွန်တော်တို.တပ်မတော် သားတွေ ။ နိုင်ငံတော် အစိုးရကလည်ူး ငြိမ်းချမ်းရေးကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်နေပါတယ် ။ ငြိမ်းချမ်းရေးသည် ခုနပြောသလို အကြောင်းအကျိုး ဆီလျှော် တဲ့ သဘာဝကျတဲ့တောင်းဆိုချက်တွေနဲ.မှ ငြိမ်းချမ်းေ၇း ဖြစ်စဉ်ဟာ လျှင်လျှင်မြန်မြန် ချောချောမွေ.မွေ. ပြီးဆုံးအောင်မြင်မှာပါ ။ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ.တွေရော နိုင်ငံရေး အင်အားစုတွေရော ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ် ဆိုရင် ငြိမ်းချမ်းရေးအတွက် သဘာဝကျတဲ. နှစ်ဦးနှစ်ဘက် မျှတတဲ့ တောင်းဆိုခြင်းအားဖြင်. ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါ ။ ပြည်တွင်းစစ်ကြီးဟာ သိပ်ကြာနေပါပြီ ။ ဒီလိုမျိုး တစ်ဘက်ကမဟုတ်တရုတ် တစ်ဘက်သတ် အပစ်ရပ်ပေးပါ ။ တစ်ဘက်သတ် သိမ်းထားတဲ့ စခန်းတွေ ပြန်ဆုတ်ပေးပါ ။ဒီလိုဟာမျိုးတွေ ပြောနေခြင်းအားဖြင်. ငြိမ်းချမ်းေ၇းဖြစ်စဉ်ကို အနှောင်.အယှက်ပေးသလိုပဲ ဖြစ်ပါတယ် ။ ဒါငြိမ်းချမ်းရေးဝါဒီ မဟုတ်ပါဘူး ကျွန်တော်တို.ပြောရရင် သူတို.ကို စစ်ဝါဒီလို.တောင်ပြန်စွပ်စွဲချင်သေးတာ ။( လက်ခုပ်သြဘာသံများ )


ကျွန်တော်.အနေနဲ. နိဂုံးချုပ်ပြောရရင်တော. လက်ရှိနိုင်ငံရေးအင်အားစု အားလုံး ၊ အတိုက်အခံအုပ်စုအားလုံး ၊ ပြည်တွင်း/ပြည်ပအဖွဲ.အားလုံး ၊ တိုင်းရင်းသားအဖွဲ.အစည်းအားလုံး ငြိမ်းချမ်းရေး ဆွေးနွေးတည်ဆောက်တဲ့ အချိန်မှာ မိမိတို.လိုလားချက်ကို တစ်ဘက်နဲ.တစ်ဘက်ညှိုနှိုင်း ဆွေးနွေးကြတဲ့ အချိန်မှာ ဖြစ်နိုင်တဲ့ ဖြစ်သင်.တဲ့ သဘာဝကျတဲ့ နည်းလမ်းကျတဲ့တောင်းဆိုချက်များကိုတောင်းဆို ဆွေးနွေးခြင်းအားဖြင်. ကျွန်တော်တို. နိုင်ငံကြီးငြိမ်းချမ်းရေးရအောင် ဆောင်ရွက်သွားကြပါလို.တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ။အားလုံးကို လေးစားပါတယ်


 .ထို.နောက် တိုက်ပွဲအတွင်း အဖမ်းဆီးခံရပြီးမှ  ကေအိုင်အေ  ခေါ့င်းဖြတ် အသတ်ခံရသော ဗိုလ်ဇော်မျိုးထက်  ၏ မိခင် ဒေါ်တင်မေဦးမှ ပြောကြားခဲ့သည် ။ထိုသို.ပြောကြားရာတွင် မိမိသားကို သတ်ခဲ့သော်လည်း ကေအိုင်အေ ကို မမုန်းပါကြောင်း  ၊ တစ်ကိုယ်ကောင်းမဆန်သည်.ငြိမ်းချမ်းရေးကိုမူလုပ်စေချင်ကြောင်း ၊ တပ်မတော်ကြောင်. တိုက်ပွဲတွေဖြစ်နေရတာလို. တစ်ဘက်သတ်မပြောစေချင်ပဲ တပ်မတော် နဲ. တပ်မတော်သား မိသားစုဝင်တွေက စစ်ပွဲ ကိုပိုမုန်းကြောင်း ၊ရှေ.တန်းကပြန်လာရင် ကိုယ်ခင်ပွန်း ၊ ကိုယ်.သား ပြန်ပါလာ/မလာ ကို ရင်တထိတ်တထိတ် နဲ. စောင်.မျှော် ခဲ့ရသူတွေ ဖြစ်တဲ့အကြောင်း ၊ တပ်မတော်ဆိုတာ ဘယ်အစိုးရ လက်ထက်မှာပဲဖြစ်ဖြစ် ပြည်သူလူထုရဲ. အသက်စည်းစိမ်ခြုံရေး ထိပါးလာမယ်-ပြည်ထောင်စုပြိုကွဲအောင် လုပ်သူ - နိုင်ငံတော် အချုပ်အခြာ အာဏာကို ထိပါးသူ ပြည်တွံင်း၇န် / ပြည်ပရန် တို.ကို နှိမ်နင်းရတဲ့ အဖွဲ.အစည်း ဖြစ်တဲ့အကြောင်း ၊  နိုင်ငံရေး ကစားကွက်တွေကြားမှာ နိုင်ငံတော် လုံခြုံအောင် ကာကွယ်ရင်း အသက်သွေးချွေး ပေးသွားသူတွေရဲ. ဂုဏ်သိက္ခာကို ညျိုးနွမ်းစေတဲ့ လုပ်ရပ်ကို လုပ်နေတဲ့သူတွေ ရပ်တန်းကိုရပ်ဖို.ကိုလည်း မေတ္တာရပ်ခံသွားပါသည် ။ တပ်မတော်သားတွေဟာ ပြည်သူတွေ မုန်းသည်ဖြစ်စေ ၊ ချစ်သည်ဖြစ်စေ အသက် သွေးတွေပေးလို. ကိုယ်အင်္ဂါတွေ စွန်.လို. မိသားစုတွေ စွန်.လို.ခောတ်အဆက်ဆက် တိုင်းပြည်ကိုကာကွယ်သွားမှာဖြစ်ကြောင်း ၊ စစ်တပ်ပဲဖြစ်ဖြစ် ပြည်သူပဲဖြစ်ဖြစ် ကောင်းသူ /ဆိုးသူ ဒွန်တွဲနေတတ်ကြောင်း ၊ တစ်ဦးတစ်ယောက်ကြောင်. အားလုံးမကောင်းဘူးထင်ရင် တကယ်စွန်.လွှတ်သွားရသူတို.အဖို. ရင်နာစရာဖြစ်ကြောင်း ၊ဒီလိုပြောလို.ဆဲကြရင်လည်း ခံနိုင်ရည် ရှိပါကြောင်း ပြောဆိုခဲ့ပြီး ပြည်ထောင်စုအတွက် ခောတ်အဆက်ဆက် အသက် ပေးကာကွယ်ခဲ့ကြပြီး သူရဲကောင်းစစ်သည်ဗိမာန်မှာ ငြိမ်သက်စွာ လှဲလျှောင်း အိပ်စက်နေပြီဖြစ်တဲ့ အမေ.ခံသူရဲကောင်းတွေရဲ. ၀ိဥာဏ်တွေ အေးချမ်းစွာအနားယူနိုင်ပါစေ ဆန္ဒပြုရင်း အမေ.ခံသူရဲကောင်းတို.၀ိဥာဏ်များငြိမ်းချမ်းကြပါစေ ဟုဆိုကာ ရင်တွင်းစကားများအဆုံးသတ်ခဲ့ပါသည် ။


 
အခမ်းအနားဖြစ်မြောက်ရေး တာဝန်ခံ တစ်ဦးအား အင်တာဗျုးတွင်တွေ.ရစဉ်
  ထို.နောက် အခမ်းအနားပြီးဆုံးကြောင်း ကြေညာပြီး Media Corner တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သလို တစ်ဦးချင်း မေးမြန်းမှုများကိုလည်းဖြေကြားခဲ့ကြပါသည် ။ ယနေ.ပွဲသို. အငြိမ်းစားဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည် နှင်.ဗိုလ်ချုပ် ညွန်.တင်တို.တက်ရောက်လာခဲ့သလို ကိုအေးနေ၀င်း နှင်. ကိုကျော်နေ၀င်းတို.လည်း တက်ရောက်လာသည်ကိုတွေ.ရပါသည် ။သို.သော် ယခု ပွဲတွင် တက်ရောက်လာသူအားလုံး ပွဲစ / ပွဲဆုံး မတ်တတ်ရပ်ဆင်နွဲခဲ့ကြပြီး မည်သည်. VIP နေရာမှ စီစဉ်မထားပဲ အားလုံးတန်းတူ ပါဝင်ဆင်နွှဲ ခဲ့ကြပါသည် ။ နိုင်ငံတော်အတွက် မျက်လုံး နှစ်ဖက် ၊ ကိုယ်လက်အင်္ဂါ စသည်တို.စွန်.လွှတ်ခဲ့ကြရသော စစ်သည်တော်ဟောင်းများ ၊ တာဝန်ထမ်းဆောင်ဆဲ စစ်သည်တော်ငယ်များ ၊အသက်အရွယ်အိုမင်းနေသော စစ်သားဟောင်းကြီးများ ၊ မိမိတို.ဖခင်/ ခင်ပွန်း / သား / အိမ်ထောင်ဖက် တို.ကို စွန်.လွှတ်ခဲ့ကြရသော မိသားစုများ ၊ တပ်မတော် ခောတ်အဆက်ဆက် စွန်.လွှတ် စွန်.စား ခဲ့ရမှုများကို အလေးအမြတ်ပြုသော ပြည်သူများ မိမိတို.အသိဖြင်.မိမိတို. ပါဝင်တက်ရောက်အလေးအမြတ်ပြုခဲ့ကြပါသည် ။

No comments:

Post a Comment