Thursday, November 22, 2012
သကျမဟာသီ၇ိ ဘုရားကြီး တွင်းမှ မဟာပုည
မဟာပုညကောသလ္လတန်ဆောင်း..မဟာပုည ၀တ်အသင်း..နှင်.မဟာပုည ကျောင်း
...ထိုတန်ဆောင်းအတွင်း ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင်.အတူ မဟာပုည ၀တ်အသင်းလည်း တည်ရှိပါသည်....
မဟာပုည ၀တ်အသင်းကို မည်သည်.ခုနှစ်တွင် စတင်တည်ထောင် ခဲ့ကြောင်းမသိရသော်လည်း မြန်မာနိုင်ငံလွတ်လပ်ရေး မရမှီကပင် ထိုအသင်းတည်ရှိနေခဲ့သည်ဟု ခန်.မှန်းရပါသည်...ထိုစဉ်ကပင် ၀ါတွင်းအဖိတ်နေ. ညနေတိုင်း မြို.တွင်းသို. လှည်.လည် အလှုခံပြီး ဥပုသ်နေ. နံနက်တွင် သံဃာတော်များအား အာရုဏ် ဆွမ်း ဆက်ကပ်သည်. ဓလေ. ရှိခဲ့ပါသည်....မြို.အတွင်း လှည်.လည် အလှုခံရာတွင် ရှေ.မှ နှိုးဆော် အသံချဲ့စက်...ထို.နောက်မှ အလံကိုင်အဖွဲ. ..ထို.နောက်တွင် ပန်းဗြတ်...ဆန်အလှုခံတောင်း...ချိုချဉ်ခဲဘွယ်ဘောဇဉ် နှင်. အမွေးတိုင်ဖယောင်းတိုင် များလှုဒါန်းနိုင်ရန် ဆိုင်းထမ်းများ..ကြေးစည်..ကြေးနောင် တို.ကို အစဉ်လိုက် ထမ်းပိုးသယ်ဆောင်ကာ နောက်ဆုံးတွင် ဆိုင်းအဖွဲ.ဖြင်. အလှုခံလေ.ရှိပါသည်....မြို.လေးတွင် ၀ါတွင်းကာလ အလှုခံလှည်.လည်သော အခြားအဖွဲ.များလည်း ရှိပြီး မဟာပုည အသင်း မှန်းသိသာစေသော အချက်မှာ ပါလာသော ဆိုင်းဝိုင်းမှတီးလေ.ရှိသည်. တီးလိုက်ပါတဲ.ဗုံကြီးသံ ဆိုသောသီချင်း....ခရီးပန်းတိုင်မရောက်မချင်း တစ်ယောက်ဆင်း..တစ်ယောက်တက်...ဆက်လက်ထွက်ခွာလာဆိုသော ဘ၀သံသရာ သီချင်းများ ဖြစ်သည်...နောက်ပိုင်းတွင် သဒ္ဓါ အဟုန်ကြွ..မဟာပုည ဆိုသော မဟာပုညအသင်း သီးသန်.သီချင်းလည်း အမြဲတီးခတ်သီဆိုလေ.ရှိသည်....ထို.အပြင် ကလေးငယ်များ သဘောကျလေ.ရှိသည်က မဟာပုည အသင်းလှည်.လျှင် ပါလာလေ.ရှိသော အလှုခံ နတ်ရုပ်ဖြစ်သည်...လက်ဖြင်.ပွေ.သယ်ရပြီး တစ်တောင်ခန်.ရှိထိုနတ်ရုပ်လေးများမှာ ပါးစပ်မှ ပိုက်ဆံထည်.ရခြင်းဖြစ်ပြီး 
ကလေးငယ်များအထူးသဘောကျသလို ကြောက်ရွံ.တတ်သော အရုပ်ကလေးများလည်းဖြစ်သည်.....နှစ်စဉ်မပြတ် ၀ါတွင်းကာလတိုင်းလှည်.လည်ပြီး ၁၉၈၈ ခုနှစ်လို ကာလမျိုးတွင်ပင် (ထိုစဉ်က အသင်းဥက္ကဌ ရွှေပန်းတိမ် ဦးသိန်း 
ကတာဝန်ခံလက်မှတ်ထိုးကာ)အစဉ်လာမပျက်အောင် ကြိုးပမ်းခဲ့ကြသည်.ယခင်က လူငယ်များ လူလတ်ပိုင်းများဖြင်.စည်စည်ကားကားလှည်.လည်ပွဲများပြုလုပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းကာလများတွင် ကလေးငယ်များကိုသာ.အဓိကအားပြု၍ လူငယ်အချို.အားကိုဝန်းရံအသုံးပြုခဲ့ကြရသည်..အသင်းလှည်.ရာတွင် ယခင်က မိမိနှစ်သက်ရာအ၀တ်အစားဖြင်.ခွင်ပြုထားခဲ့ပြီးနောက်ပိုင်းတွင်ယောဂိရောင်စလွယ်တွင် မဟာပုည ၀တ်အသင်းစာသားရိုက်ထားသော စလွယ်များ ၀တ်ဆင်အသုံးပြုခဲ့သည်..ထို.နောက်လှည်.လည်ရာတွင်ပါဝင်သူအားလုံးအတွက်ယောဂီပုဆိုးကို အသင်းမှစီစဉ်ထားပေးပြီး အကျီင်္အဖြူကိုသာ အသင်းလှည်.ရာသို. ၀တ်ဆင်ခွင်.ပြုခဲ့သည်...ပုံမှန်အားဖြင်. သံဃာတော်များ..အလှုရှင်များ..အသင်းသားများအား မုန်.ဟင်းခါးဖြင်. လှုဒါန်း ဧည်.ခံကျွေးမွေးလေ.ရှိပြီး ထိုစဉ်ကာလ(၁၉၈၈ ခုနှစ်ဝန်းကျင်)က အစစရှားပါးချိန် ဖြစ်သောကြောင်. ဘဲသားဆန်ပြုတ်မျှဖြင်. လှုဒါန်းကျွေးမွေးနိုင်ခဲ့သော်လည်း ပုံမှန်လှုဒါန်းနိုင်ရန်တော. ကြိုးပမ်းခဲ့ကြသည်...သို.သော် ၂၀၁၀ ၀ါတွင်းကာလက နောက်ဆုံးလှည်.လည်နိုင်ခဲ့ပြီး ထိုအသင်း၏ တာဝန်ခံတစ်ဦး ဆုံးပါးသွားချိန်မှ စကာ ၀တ်အသင်းလှည်.ခြင်းများ ရပ်တန်.နေခဲ့ရပြီး မြို.လေးရှိ လူလတ်ပိုင်းတို.မှ ဦးစီးကာ ပြန်လည် အသက်သွင်းနိုင်ရန် ကြိုးပမ်းလျှက်ရှိနေပါသည်.....
ထို.အပြင် မဟာပုည အသင်း၏ အလှုဒါန များတွင် ဆွမ်းတော်ကြိးကပ်ပွဲသည်လည်း ထင်ရှားသော ပွဲတစ်ပွဲ ဖြစ်ခဲ့သည်...နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆန်း ၁၄ ရက်နေ.တွင် မြို.တွင်းမှ အလှုရှင်များ လှုဒါန်းသော သစ်သီး ခဲဘွယ်ချိုချဉ် ဘောဇဉ်တို.ကို မဟာပုည အသင်းသားများက လိုက်လံသိမ်းဆည်းပြီး တန်ဆောင်မုန်းလပြည်.နေ. မနက်တွင် တန်ဆောင်းတော်ကြီးအတွင်းရှိ မြတ်စွာဘုရား ကိုယ်ပွားဆင်းတုတော်ကြီးထံ ဆက်ကပ်လှုဒါန်းကြပါသည်...ဟိုးးးး ယခင်ကဆိုလျှင် တန်ဆောင်းတော်အတွင်း ဆွမ်းတော်ကြီးကပ်အတွက် လှုဒါန်းဖွယ်ရာများ လာရောက်ပို.ဆောင်ပေးသူတို.ကို အသင်းက မုန်.ဆန်းပြန်ပေါင်းနှင်. ပြန်လည်ဧည်.ခံလေ.ရှိသည်.....
၁၉၇၀ ၀န်းကျင်ပိုင်းတွင် တန်ဆောင်းတော်ကြီးအတွင်း၌ တန်ဆောင်တိုင်ပွဲတော်ကာလတွင် တရားပွဲ ပုံမှန် ကျင်းပလေ.ရှိပြီး ထိုစဉ်က သိမ်ကြီးဆရာတော် (ရန်ကုန်) မှ ၅ရက်တိုင် တရားဟောကြားလေ.ရှိပါသည်...ဆရာတော်က တရားဟောကြားရာတွင် နာယူကောင်းစေရန် ပုံတို.ပတ်စ .ရီမောစရာများဖြင်. ဟောကြားလေ.ရှိသဖြင်. ၁၂ နာရီခန်.မှ တရားပွဲပြီးလေ.ရှိသော်လည်း လူပြည်.စည်ကားစွာ နာယူကြပါသည်...ထိုစဉ်က လာရောက်တရားနာယူသူများကို ဆွမ်းတော်ကြီးကပ်မှ စွန်.သော အသီးအနှံများကိုအသင်းသားများက ဖျော်ရည်ပြုလုပ် လှုဒါန်းတိုက်ကျွေး လေ.ရှိပါသည်...ဆရာတော်ကိုဆွမ်းဆက်ကပ်ရန် မနက်ပိုင်းများတွင် ဘုရားကြီးအနီးတစ်ဝိုက်ရပ်ကွက်များသို.အသင်းသားများကဆွမ်းအလှုခံ ထွက်လေ.ရှိပြီး ဆက်ကပ်ခြင်းကို ..သီရိမင်္ဂလာဝတ်ရွတ်အသင်းတန်ဆောင်းအတွင်း ပြုလုပ်လေ.ရှိပါသည်...သို.သော် ထိုဆရာတော် ပျံလွန်တော်မူပြီး နောက်ပိုင်း မှစ၍ တရားပွဲများ ပြုလုပ်လေ.မရှိတော.ပါ
တန်ဆောင်းအတွင်းရှိ မဟာပုည ကျောင်းကထိန်သည်လည်း ယခင်ကဆိုလျှင် အထူးစည်ကားသော ကထိန်တစ်ခုဖြစ်သည်...၁၉၅၀ ၀န်းကျင်ခန်.ကဆိုလျှင် .မဟာပုညအသင်းသားများ...ဈေးသူဈေးသားများ..မြို.လေးရှိ ဆေးလိပ်ခုံများ..စက်ခုံများမှအမျိုးသမီးငယ်များပါ ပါဝင်လှည်.လည်လေ.ရှိသော ကထိန်ဖြစ်သည်....နောက်ပိုင်းတွင်တော. ထိုလှည်လည်ခြင်းမျိုး မရှိတော.ပဲ သာမာန်ကထိန်ပွဲ တစ်ခုအသွင်သာ ကျင်းပလေ.ရှိသည်....ကထိန်မတိုင်မှီ ဈေးအတွင်း..ရပ်ကွက်အတွင်း သင်္ဃန်းဘိုး တာဝန်ခံစုသော စနစ်ရှိခဲ့ပြီး ကထိန်နီးလာလျှင် အသင်းသားများက ဈေးအတွင်း..မြို.ရှိ လမ်းဆုံအချို.တို.တွင် ပဒေသာပင်များ လိုက်ချကာ ကထိန်ပြုလုပ်မည်.နေ.မတိုင်မှီ တစ်ရက်တွင်မှ လိုက်လံသိမ်းဆည်းကြပါသည်...ကထိန်ကိုပုံမှန် တန်ဆောင်မုန်း လပြည်.နေ.တွင်ပြုလုပ်လေ.ရှိပြီး ယခုတော. ရက်အနည်းငယ်နောက်ဆုတ် ကျင်းပပါသည်...
ဓါတ်ပုံများကို က၀ိသိပ္ပံကျောင်းဆရာတော် အရှင် ဇ၀န နှင်.zawminlwin တို.ရိုက်ကူးပူဇော်ပါသည်
No comments:
Post a Comment