Tuesday, March 7, 2017

Myanmar Idol နဲ. ရဲနောင် ( ၃ )

အဓိက ပြသာနာမှာ ရဲနောင် ကို အားပေးကြသော ပရိသတ် ( ထိုအထဲတွင် ရဲနောင်စိတ်ဓါတ်ကို ကြိုက်၍ ၊ ရဲနောင်ဘ၀ကို သနား၍ ၊ ရဲနောင် အရည်အချင်းကိုသဘောကျ၍ ၊ ရဲနောင် ၏ ဇာတိမြေ နှင့် ဆက်နွယ်၍ စသည်ဖြင့် ) အကြောင်းအမျိုးမျိုးဖြင့် အားပေးကြ ထိုပရိသတ်နှင့်
အဆိုကောင်းဖို.သာလိုသည် ကျန်တာဘာမှကြည့်ရန်မလို ထို.ကြောင့် အဆိုအတော်ဆုံးလူကိုသာ Vote ပေးရမည်ဟူသောအဖွဲ.
ရဲ.နောင်ကို အားကြိုးမာန်တက် အားပေးနေကြသည်ကို မနှစ်လိုကြသောအဖွဲ.
ထို ၃ဖွဲ.တွင် ပထမ အဖွဲ.က တစ်ဘက် ၊ ဒုတိယ နှင့် တတိယအဖွဲ.က ပေါင်းလျှက် တစ်ဘက် ဖြစ်သွားကာ ထိုဖိအားသည် သက်ဆိုင်သူအသီးသီး အပေါ် သက်ရောက်သွားရာက Myanmar Idol သည် ပို၍ သက်ဝင် ဆူညံ လာခဲ့ခြင်းဖြစ်သည် ။

အောက်တွင် အယူအဆ အသီးသီး ရှိသော ပရိသတ်တို.၏ Myanmar Idol Page တွင်ရေးထားသော Comment များအနက် အချို.အား ကူးယူဖော်ပြထားပါသည် ။





Mayoo Nang -  ရဲနောင်ရေ ကြိုးစားထား ရင်ခုန်စွာနဲ့ဆက်ပီးအားပေးနေမယ် ဒီည အိသဲတို့ မငိုချင်ဘူးနော် ရဲနောင် ကို ရိုင်းစိုင်းပုတ်ခတ်စော်ကားနေကြတဲ့ လူလူချင်း စာနာစိတ်မထားပေးတက်တဲ့ လူတစ်ချို့ကြောင့် စိတ်ဖိစီးမူ့ခံစားနေရပီထင်ပါတယ် ကော့မက်တွေကလဲ လူတစ်ယောက်ရဲ့ စိတ်ကိုအသေသက်နေသလိုပါပဲ ဘူတွေဘာပဲ ပြောပြော အိသဲတို့ကတော့ ရဲနောင်ရဲ့ ထာဝရ ပရိတ်သက်ပါပဲ ဒီည ရဲနောင် save ဖြစ်ပါစေလို့ ဆုတောင်းပေးနေပါတယ်

Alexandro Nesta - မနာလိုဖြစ်လိုလဲမဟုတ်ဘူးရှုံ့ချလို့လဲ မဟုတ်ဘူး ဘယ်သူဖန်မှလဲမဟုတ်ဘူးဒါပေမယ့်ရဲနောင်ဒီအဆင့်ထိပါမလာသင့်ဘူးထင်တယ် ပြုတ်ကျန်ခဲ့တဲ့ချမ်း
ငြိမ်းတို့ဇင်ကြီးတို့ကသူ့ထက်သာပါတယ်ရဲနောင်ကြိုးစားတာမျက်နှာအမူအရာကိုကြည့်ရိုးသားတာပေါ်လွင်ပါတယ် ခက်တာကတောသံလိုဖြစ်နေတယ် သီချင်ရေးတဲ့ဘက်မှာအောင်မြင်နိုင်ပါတယ်
Nay Phyo Aung - Idol ဆိုတာ မြန်မာလိုဘာသာပြန်ရင် အသည်းစွဲအောင်ကြိုက်တယ် အားပေးတယ်ဆိုတဲ့သဘောပဲလေ... ဘ်ာသူက ပရိတ်သတ်​​တွေအသည်းမှာအစွဲဆုံးလဲဆိုတာရွေးရမယ့်ပွဲ... အသံကောင်းတာ မကောင်းတာလာမဝေဖန်နဲ့... အနုပညာဆိုတာပရိတ်သတ်အားပေးမှုနဲ့ အသက်ဆက်ရတာချည်းပဲ... တကယ့်အနုပဘာလောကမှာတောင် သရုပ်​​ဆောင်သိပ်ကောင်းပဲပိုအောင်မြင်တာ.. သရုပ်​​ဆောင်​​ကောင်းရက်နဲ့ မအောင်မြင်တာ... အသံမကောင်ပေမယ့် ဝက်ဝက်ကွဲနာမည်ကြီးလူကြိုက်များတာ.. အသံသိပ်​​ကောင်းပြီး မပေါက်တဲ့အဆိုတော်​​တွေ အများကြီး.... ပရိတ်သတ်အားပေးမှုရထားတယ်ဆိုတာ သူ့ရဲ့စန်းပဲလေ... မုဒိတာထားကြစမ်းဘာ

KoSai Lay - မအူပင်မှာက ရှားရှားပါးပါး ဒီတစ်ယောက်တည်း ပြိုင်ပွဲဝင်( contestant) ထင်ပါတယ်..။။ ဒါကြောင့် တစ်ရပ်ကွက်လုံး တစ်မြို့နယ်လုံး..ရှားပါးပစ္စည်းဆိုတော့လည်း နင်းကန် Vote လိုက်ကြရော၊ အားပေးချက်ကတော့ အံ့ပါ့ ။။..MaUPin idol လို့.နာမည်.ပြောင်းရမဲ့ကိန်းပဲ..။။ ကံကောင်းနေတုန်းပါ...ရဲနောင်..။

ကွီး ဖြိုး - ရဲနောင် စိတ်ဓါတ်မကျပါနဲ့ shwe htooတို့G fattတိုတောင်ဘာဆုမှမရဘူး ဘာပြိုင်ပွဲမှမပြိုင်ဘူး အရည်ချင်းရှိယင်အောင်မြင်ပါတယ် ရွှေထူးဆိုမအောင်မြင်ခင်ကဆရာဂျွန်လွင်သင်တန်းမှာmodelသင်တန်းလာတတ်တုန်းက ဝတ်တာစားတာတောဆိုဒ်ပုံတုန်းမို့ဝေဖန်ခံအကဲ့ရဲ့ခံခဲ့ရတာ ခုအောင်မြင်နေတော့လဲ မိန်းခလေးတွေအသဲစွဲပါးစပ်ဖျားမှာ ကွီးရွှေဖြစ်နေပြန်ရော ကိုယ်ပိုင်သီးချင်းနဲ့အောင်မြင်အောင်ကြိုးစားပါ အဆက်သွယ်ကောင်းတွေရှိ အရည်ချင်းရှိယင်အောင်မြင်ပါတယ် ပြိုင်ပွဲတွေသွားအားကိုးယင် စိတ်ဓါတ်ပါကျသွားလိမ်မယ် G fattဆိုအသံလုံးဝမကောင်းပါ ဒါပေမဲ့သူသီးချင်းစာသားတွေအရမ်းကောင်းတော့အောင်မြင်တာပါပဲ fightingရဲနောင်  
Min Thet Xoe - ရဲနောင်ကို မမုန်းပါဘူး၊ ကိုယ်လည်း သူ့ကိုယ်ပိုင်သီချင်းကို အားပေးခဲ့တာပဲ၊ ဒါပေမယ့် solo show က စပီး top10 ပြိုင်ပွဲထိ ထွက်သွားရတဲ့ ချမ်းငြိမ်းလောက် မကောင်းဘူးဆိုတာ ခု ရဲနောင်ကို vote နေတဲ့ လူတွေကိုယ်တိုင်လည်း သိကြမှာပါ၊ ခင်ဗျားတို့ တင်းခံမနေပါနဲ့ ၊ ဝန်ခံကြစမ်းပါ။အံသြတာက မကောင်းမှန်းသိရဲ့နဲ့ ဘာကြောင့် ဆက် vote နေကြတာလဲ၊ သားငယ်တို့ မိုင့်မိုင်စန်တို့ကို ကျော်ပီး လိပ်ပြာမလုံစွာ သူ့ကို winner ဖြစ်စေချင်ကြတာလား၊ အဲ့ဒီအချိန်မှာ သူကိုင်တိုင်ရော ထိုက်တန်တယ်လို့ ထင်နေမှာသေချာလား၊ ခင်ဗျားတို့ vote တွေက ရဲနောင်ကို ပိုထိခိုက်နေပီပဲ၊ ကျနော်ကတော့ စိတ်မကောင်းပါဘူး။တပတ် တခါ သူ့ထက်ကောင်းတဲ့ သူတွေ ထွက်သွားရတာကို မျက်နှာပူစွာ သူငိုနေရပါလိမ့်မယ်

Yu Ya Hlaing  - ရဲနောင်နေရာမှာ ငါသာဆိုရှက်လို့သေမှာလို့ ပြောနေကျတဲ့သူတွေကို ပြောပါရစေ.တယောက်ထွက်ရလည်းရဲနောင်ကြောင့်.နှစ်ယောက်ထွက်ရလည်းရဲနောင်ကြောင့်လို့အပြစ်တင်နေတဲ့သူတွေကို ပြောပါရစေ.Myanmar Idol ပြိုင်ပွဲဟာ voting အရေအတွက်နဲ့ပဲဆုံးဖြတ်တဲ့ ပြိုင်ပွဲတစ်ခုပါ..Voteအနည်းဆုံးလူဟာထွက်ရမှာပါပဲ.ဘာလို့voteနည်းလည်း?အားပေးတဲ့သူနည်းလို့ဆိုတာရှင်းရှင်းလေးပါပဲ..ဒါကိုသဘောမကျဘူးဆိုရင်MyanmarIdolကိုမကြည့်ပါနဲ့လို့ပဲပြောပါရစေ.Vote နဲ့ဆုံးဖြတ်တာမဟုတ်ပဲ ဒိုင်တွေပဲအဆုံးအဖြတ်ပေးကျတဲ့ အိမ်မက်ဆုံရာတို့ Melody world တို့ကိုပဲကြည့်ကျပါ.ဒိုင်တွေရွေးပေးလိုက်လို့ရဲနောင်ကTop10ထဲပါခဲ့တာလေ.သူ့ထက်ကောင်းတဲ့သူကိုမဖြုတ်ဘဲ သူ့ကိုပဲဖြုတ်ပေးပါလို့သူ့မှာပြောခွင့်ရှိလား?ခုချိန်ကျမှ ဆက်မပြိုင်တော့ဘဲ bye bye လုပ်လို့ရော်ရမလား?သူ့ကို vote တွေမပေးကျတော့အောင် စင်ပေါ်မှာ သူကသီချင်းမဆိုပြပဲ ကပြနေရမလား?ကျနော့်ကို vote တွေဆက်မပေးကျပါနဲ့တော့လို့ရော်သူ့မှာပြောခွင့်ရှိလား?Vote အနည်းဆုံးရတဲ့သူဟာ ရဲနောင်မဟုတ်သေးသရွေ့သူဟာဒီပြိုင်ပွဲမှာ ဆက်ပြိုင်နေရဦးမှာပါပဲ.ဒါဟာ ဒီပြိုင်ပွဲရဲ့ သတ်မှတ်ချက်တစ်ခုပဲလေ.ပြိုင်ပွဲအစကနေ ခုချိန်ထိ ရဲနောင်က သူ့ကိုvoteပေးဖို့တခါမှမတောင်းဆိုဖူးတဲ့သူပါ.သူ့ official အကောင့် နဲ့ we love ye naung groupတွေထဲ ဝင်ကြည့်ရင်သိနိုင်ပါတယ်.သူလည်း သူအတက်နိုင်ဆုံး ကြိုးစားမှာပဲ.ဒါကသူ့အခွင့်အရေးပဲလေ.လူတယောက်ကို သဘောမကျတာနဲ့ပဲကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ထိုးနှက်ပီး မသတ်ကျပါနဲ့တော့လား.သူ့ကိုမကြိုက်ရင် အားမပေးပါနဲ့.ဒါပဲရှိပါတယ်.ကိုယ်အားပေးတဲ့ သူမပြုတ်စေချင်ရင် တက်နိုင်သလောက်Vote ပေးကျပါ.လေနဲ့ပဲအားပေးနေလို့တော့ဘယ်ရမလည်းနော်.ဒါက Vote အနည်း အများနဲ့ ဆုံးဖြတ်တဲ့ပြိုင်ပွဲတစ်ခုဖြစ်နေလို့ပါ.ပြီးတော့ ဒီနေ့ မအူပင်မြို့က ရဲနောင်အတွက် မဲဆွယ်တဲ့အပေါ်မှာလည်း တော်တော်လေးဝေဖန်ထားကျတာတွေ့ရတယ်.ဒါက သူလုပ်ခိုင်းတာမှမဟုတ်တာ.သူ့မြို့က သု့ပရိတ်သတ်က သူ့ကိုချစ်လို့လုပ်ပေးတာပဲ.တခြား ပြိုင်ပွဲဝင်တွေရဲ့ မြို့တွေကလည်း လုပ်ပေးကျတာကိုတွေ့ကျမှာပါ 😊😊😊😊ရဲနောင်ကျမှ မတရား မပြောစေချင်ပါဘူး..
Paukapthang Sen Pu - ဦးသိန်းတန် ကို အပြစ်တင်တယ်​​ပေါ့စိတ်​​တော့မရှိနဲ့ စောက်ပိန်းလို့ပြောပါရစေ..သူပြောတဲ့စကားတွေရဲ့ အခြေအမြစ်ကို သေချာသိမှဝေဖန်ပါရဲနောင်ကို အဲ့လိုပြောတာ တစ်ဖက်သတ်​​ပြောနေတာမဟုတ်ဖူးသူ့အတွက်​​ပြောတာပါရဲနောင်ဟာ ပရိသတ်အခိုင်အမာရှိထားပီသူ့အတွက် winnerဆိုတာ မလိုအပ်​​တော့ဘူးသူ့အရည်အချင်းနဲ့ ဒီအဆင်လောက်နဲ့ ထွက်သွားသင့်ပီနောက်ထပ် ၁၂၃လောက်မှာ ထွက်သွားသင့်ပီလို့သူ့ပရိသတ်​​တွေကို သိစေချင်တဲ့သဘောပါသူ့ရဲ့ ဂီတလမ်ကြောင်းကို အပြင်ဘဝနဲု့ပဲ ဖြတ်သန်းလို့ရနေပီ သူ့ပရိသတ်​​တွေအနေနဲ့ သူ့ကို အားပေးလို့ရတယ်Voteပေးတဲ့အခါ တကယ်​​ကောင်းတဲ့သူကိုပေးပါလို့ အရင်အပတ်ကလဲ ဥပမာနဲ့ပြောခဲ့ပီးပီသူသာ မကောင်းပဲနဲ့ winnerဖြစ်သွားခဲ့ရင်လူမုန်းများလာမှာစိုးလို့ သူ့ကို သတိပေးတဲ့အနေနဲု့သူ့ပရိသတ်​​တွေကို ထောက်ပြနေတာ ဥပမာတွေနဲ့သူထက်သာတဲ့လူတွေ ရှိနေတယ်ဆိုတာ လူတိုင်းသိတယ် အဲ့လိုအခြေအနေမျိုးမှာသူwinnerုဖြစ်သွားခဲ့ရင် ဘယ်သူက သတီမှာလဲ သူ့ကို ဒီအဆင်လောက်နဲ့ထွက်သွားရငိကိုသူ့အတွက် မေတ္တာထားတဲ့သူတွေများလာမယ်လို့အဲ့ဒါကြောင့် အားပေးပါ voteပေးတဲ့အခါကောင်းတဲ့သူကို ပေးပါလို့ဥပမာနဲ့ အထာကျကျ ပြောသွားတဲ့ဦးသိန်းတန် လိုလူမျိုးကို စောကိမြင်ကပ်ဖို့ဆိုတာတော်ရုံ ပုဂ္ဂိုလ်စွဲရှိသူတော့မရဘူး

May Myat Lynn -  ရဲနောင်လို ပြိုင်ပွဲဝင် တက်သစ်စ (လူသစ်တန်း)ကို ကမ္ဘာကျော် အဆိုတော်နဲ့ ယှဉ်ပြ နှိမ်ချတယ် (မျက်နှာထား တင်းတင်းနဲ့ ရုတ်တရက်ကြီး အံ့တောင် အံ့သြမိတယ်)။ သီချင်းကိုလည်း ဘာပညာမှ မပါတဲ့ သီချင်းလို့ ပစ်ပစ်ခါခါ ဝေဖန်တယ်။ (မေးစရာ ရှိလာတာက) မူရင်း အဆိုတော် ကမ္ဘာကျော်က ဘာပညာမှ မပါတဲ့ သီချင်း တစ်ပုဒ်ကို ဆိုခဲ့သလိုတောင် ဖြစ်သွားရတယ်။ ( ရဲနောင်ကို ဘယ်လိုတောင် မုန်းသလား အန်ကယ်ရယ်)။ သည်သီချင်း ရွေးချယ်မှုမှာ Vocal coach ဦးဥက္ကာနဲ့ တီတီထရေစီတို့ လမ်းညွှန်မှုနဲ့ ရွေးတာဖြစ်လို့ သူတို့ကိုပါ အပြစ်တင်ရမယ်။ (American Idol မှာဆို သီချင်းရွေးပေးတာ ဘယ်သူလဲ မေးပြီး မကောင်းရင် မကောင်းဘူး ပြောတယ်)တခြား မိန်းမ စစ်စစ်ဒိုင်၂ ဦးနဲ့ အတော် ဆန့်ကျင်ဘက် ဖြစ်အောင် သမားဂုဏ် မောက်ပြသွားတယ်။ သူ့မိန်းမကို တီဗီပါအောင်တော့ ကျော်ထက်အောင်ကို ကလိလိုက်သေးတယ်။ ဒီတခါ ကျော်ထက်အောင် အပီ ပြန်ဖဲ့ သွားတာတော့ တော်တော်လှတယ်။ ရဲနောင်ရဲ့ဗုတ်တင်အပေါ်မှာ တင်းနေတာ ဖော်ပြ သွားတာလို့ ယူဆတယ်။ ဗုတ်တင်ရတာ တင်းရင်လည်း ရဲနောင်နဲ့ မဆိုင်တာ အန်ကယ် သိသိကြီးနဲ့။ ပရိတ်သတ် အသိအမှတ်ပြုမှုကို ဘယ်လို လေးစားရမလဲ ဆိုတာ သည်လောက် အသက်ကြီးနေတဲ့ အန်ကယ်က နားမလည်တာလား။ အံ့သြဘ။

ကို မျိုး - (အများပြောနေကြတဲ့) အသံမရှိ ရုပ်မရှိ ရဲနောင် ဘာလို့ ဒီလောက် vote တွေ တစ်အားရနေတာလဲ ဆိုတာကို အဖြေထုတ်ကြည့်ရင် မြန်မာပရိတ်သတ်တော်တော်များများ ငတ်မွတ်နေတာဟာ အသံကောင်းတဲ့ အဆိုတော်လည်း မဟုတ်ဘူး၊ ရုပ်နဲ့ လုပ်စားတဲ့ အဆိုတော်လည်း မဟုတ်ဘူး။ ကိုယ်ပိုင် သံစဉ်ကို သူ့နည်းသူ့ဟန် သူ့ရှိသမျှ အသံလေးနဲ့ မွေးဖွားပေးမယ့် အဆိုတော်မျိုးပဲ။ ရဲနောင်ဖန်တွေကို တစ်ချက်လောက်ကြည့်ကြည့်လိုက် သူများတွေ စွပ်စွဲနေတဲ့ သုတ်ကြောင် မိန်းကလေး fan တွေထက် ယောကျာင်္းလေး ဖန်တွေက ပိုများနေတာဟာ မငြင်းနိုင်တဲ့ အချက်ပဲ။ ရဲနောင် Myanmar Idol က ထွက်ခွာသင့်ပြီလို့ ပြောတဲ့ သူတွေ များများရှိလေလေ ရဲနောင် vote တွေရလေ winner ဖြစ်ဖို့ လမ်းပွင့်လေပဲ။ မယုံရင် result စောင့်ကြည့်ကြတာပေါ့။ တကယ်လို့ ရဲနောင် winner ဖြစ်ခဲ့ရင် ရဲနောင်အနေနဲ့ သူ့ကို လမ်းဖောက်ပေးခဲ့တဲ့ ပရိသတ်ကို အထူး ကျေးဇူးဆပ်ရလိမ့်မယ်။ အဲ့ဒါကတော့ အခုပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ (ဦးသိန်တန်ကြီးတောင် နောက်ထပ်ရှိသေးလား မေးယူရတဲ့) သူ့ကိုယ်ပိုင်သီချင်းမျိုးထက် အဆင့်မနိမ့်တဲ့ သီချင်းမျိုးတွေကို လုံးဝ ဖန်တီး "ဆိုပြ" ပေးဖို့ပဲ။ ဆိုလိုတာက "မင်းကို ငါချစ်တယ် x x x ငါ့ကို ပြန်ချစ်မလား x x x လွမ်းတယ် ချစ်တယ် x x x ဘလာဘလာ " ဒီလို ပိချီပိချီဖြစ်တဲ့ စာသား သံစဉ်တွေထက် ပိုပြီး အဓိပ္ပါယ်ရှိတဲ့၊ ဘဝ သံစဉ်တွေပါတဲ့ သီချင်းမျိုးတွေကို ရဲနောင် မွေးဖွားဆိုပြတာကို ပရိတ်သတ်က ပိုလိုချင်တာပါ။ ဒါဆိုရင် ရဲနောင် winner ဖြစ်ရင်လည်း တန်ပြီ။

Aung Thu Min - ရဲနောင်ကိစ္စနဲ့ပါတ်သတ်ပြီးကျော်​​တွေ့တာကိုပြောပြမယ်...ခင်​​ဗျားတို့ ယုံမလားတော့်မသိဘူးရဲနောင်ဟာ မြန်မာပြည်ဦးသိန်းတန်​​ကြောင့် safe ဖြစ်ဖြစ်သွားရတာပါ...ဒီလိုပြောလို့ မဖြစ်နိုင်တာလို့ တွေးမိလိမ့်မယ်တကယ်​​တော့ ဦးသိန်းတန်ရဲ့မန်တွေဟာ အရမ်းကိုပဲပြင်းထန်လွန်းခဲ့တယ် ရဲနောင်ပေါ်မှာရဲနောင်ဟာမကောင်းဘူး...ဆိုတဲ့သီချင်တွေဟာ ပညာသားလုံးဝမပါဘူးတို့အတင်းကိုဖိပြောလေ ရဲနောင်ဟာ safe ဖို့ပိုသေချာလေပဲ....ဘာလို့လဲဆိုတော့ မြန်မာလူမျိုးတွေရဲ့ သနားတက်တဲ့စိတ်...အားနည်းသူကို ဖေးမချင်တဲ့စိတ်ကို သွားအထင်​​သေးနေတာကိုး...ဦးသိန်းတန်ကအဲလိုများများဝေဖန်​​လေ ရဲနောင်ကိုသနားတာနဲ့vote တဲ့လူကပိုများလေပါပဲ...ကျွန်​​တော်ထင်တာကိုပြောပြရရင်ဦးသိန်းတန်နေနဲ့ ရဲနောင်ကို ပြုတ်​​စေ့ချင်ရင် ပုံမှန်​​လေးပြိုင်ပွဲဝင်​​တွေအပေါ်မန့်သလို မန်ပေးလိုက်....အဲဒါဆိုပရိသတ်က သူ့အလိုလို အရည်အချင်းရှိတဲ့သူကိုပဲရွေးပီပေးလိမ့်မယ်...အဲလိုမှမဟုတ်ပဲ အခုလိုပဲ ပစ်ပစ်ခါခါသာဆက်ပြီးမန်နေအုန်းမယ်ဆိုရင်​​တော့ ....မယုံမရှိနဲ့ ရဲနောင်ဟာ myanmar idolရဲ့ winnerတောင်ဖြစ်သွားနိုင်တယ်​​ဗျ...မယုံတော့လဲအဲလိုများများလေးမန်ပေးပေါ့ဗျာ...#ကြိုက်သလိုသဘောထားကွဲလွဲနိုင်ပါတယ်....


( အထက်ပါ စာသားအားလုံးသည် မူရင်းရေးသားသူများ၏ အာဘော်သာဖြစ်ပါသည် )

ဆက်စပ်ဖတ်ရှု ရန်

Myanmar Idol နဲ. ရဲနောင် ( ၁ )


Myanmar Idol နဲ. ရဲနောင် ( ၂ )

1 comment:

  1. Myanmar Idol Season 4 Top Result Live Full Show
    Myanmar Idol Season 4 Live Full Show

    Pakistan Education News Read Online Books NTS Results
    itnewsnet.com/

    ReplyDelete