Thursday, March 30, 2017

ဦးအံ့ကျော် ကြက်တောင်ရုံ နှင့် အားကစားခန်းမ

ဦးအံ့ကျော် ကြက်တောင်ရုံ ဖွင့်ပွဲ

၂၀၁၇ မတ်လ ၂၅ ရက်နေ.မနက် ၁၀နာရီအချိန်က ၀ါးခယ်မမြို. အနောက်ပိုင်း မြူရုံးလမ်း ရှိ ဦးအံ့ကျော် ကြက်တောင် နှင့် Gym အားကစားခန်းမ ဖွင့်လှစ်ပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည် ။
ဖွင့်ပွဲအခမ်းအနားကို အစီအစဉ် ၂ ပိုင်းခွဲကျင်းပခဲ့ပြီး ပထမပိုင်းတွင် အခမ်းအနားဖွင့်လှစ်ကြောင်းကြေညာခြင်း ၊ တက်ရောက်လာသော ဖိတ်ကြားထားသည့် ဧည့်သည်တော်များ နေရာယူခြင်း ၊ ပြည်သူ.လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း မှစက်ခလုတ်နှိပ်၍ ဖွင့်လှစ်ခြင်း ၊ ဆိုင်းဘုတ်အား အမွှေးနံ.သာရည်များပက်ဖျမ်းခြင်း ၊ ပထမပိုင်း အခမ်းအနား ပြီးဆုံးကြောင်း ကြေညာခြင်း တို.ဖြင့် ကျင်းပခဲ့ပါသည် ။

အခမ်းအနားဒုတိယပိုင်းကို ကြက်တောင်ရုံအတွင်းကျင်းပခဲ့ပြီး ဒုတိယပိုင်း အခမ်းအနားစတင်ကြောင်းကြေညာခြင်း ၊ ပြည်သူ.လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း မှ ဂုဏ်ပြု အဖွင့်စကားပြောကြားခြင်း ၊ အလှုရှင်မိသားစု ကိုယ်စား ဦးအောင်မင်း ( AMPS Construction ) မှ လှုဒါန်းခဲ့ရမှုများအကြောင်း ရှင်းလင်းပြောကြားခြင်း ၊ ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး မှ ဂုဏ်ပြု အမှာစကားပြောကြားခြင်း ၊ တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်မှ တည်ဆောက်ခဲ့ရမြှ အခြေအနေ ၊ အချက်အလက်များ ရှင်းလင်းတင်ပြခြင်း ၊ ဖွင့်ပွဲ အထိမ်းအမှတ် အလံများကို တိုင်းဒေသကြီး တရားသူကြီးချုပ် ၊၀ါးခယ်မမြို.နယ်အသင်း ဥက္ကဋ္ဌ နှင့် မြို.နယ် ထွေ/အုပ် ဦးစီးမှုးတို.ထံ ကျင်းပရေးဥက္ကဋ္ဌ မှ ပေးအပ်ခြင်း ၊ အခမ်းအနားပြီးဆုံးကြောင်းကြေညာခြင်းတို.ဖြင့် ကျင်းပခဲ့ပါသည် ။

ပြည်သူ.လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ပြောကြားသော ဂုဏ်ပြုအဖွင့်စကားတွင် ၀ါးခယ်မမြို.နယ်အသင်း ၏လုပ်ဆောင်မှုများအား ချီးကျုးပြောကြားခဲ့ပြီး ဦးအံ့ကျော်၏ စွမ်းဆောင်ခဲ့မှုများအား ဂုဏ်ပြုပြောကြားခဲ့ပါသည် ။ အလှုရှင်မိသားစု ကိုယ်စား ဦးအောင်မင်း မှပြောကြားခဲ့ရာတွင် အကိုဖြစ်သူ ဒုတိယဗိုလ်မှုးကြီး အံ့ကျော်၏ အ့ကျော်ကုန်းအမည်တွင်သည်အထိ တပ်မတော်အတွင်းစွမ်းဆောင်ခဲ့မှုများ ၊ အိုးအိမ်ညွန်ချုပ်ဘ၀တွင် စက်မှု ဇုံနှင့် မြို.သစ်များတည်ဆောက်နိုင်ရေး ကိုယ်တိုင်တာဝန်ခံချေးငွေဖြင့် တည်ဆောက်လုပ်ကိုင်ခဲ့မှုများနှင့် မြို.အပေါ် စေတနာအပြည့်ဆောင်ရွက်မှုများ အကြောင်းဆို.နင့်စွာ ရှင်းလင်းပြောကြားခဲ့ပါသည် ။ ၀ါးခယ်မမြို.နယ် အသင်း ဥက္ကဋ္ဌ မှ ပြောကြားရာတွင် မြို.နယ်အသင်း အစဉ်အဆက် ဥက္ကဋ္ဌ များ၏ ဆဆာင်ရွက်ခဲ့မှုများ ၊ ၀ါးခယ်မမြို.နယ် အတွင်းကြက်တောင်အားကစားသမိုင်းကြောင်း ၊ ကျေးဇူးတင်ထိုက်သူများအကြောင်းတို.ကိုပြောကြားရင်း ကိုယ်တိုင်ကျော်ကြားမှုကို မလိုလာားခဲ့သော ဦးအံ့ကျော်၏ ဤ တစ်ခုတည်းသော အမည်တပ် အားကစားရုံအတွက် ဆို.နင့်စွာတိုင်တည်ဂုဏ်ပြုခဲ့ပါသည် ။ တည်ဆောက်ရေးဥက္ကဋ္ဌ မှပြောကြားခဲ့ရာတွင် မြေနေရာ လျှောက်ထားခြင်းမှ စ၍ အဆောက်အဦးပေါ်ပေါက်လာရေး အဆင့်ဆင့် ကြိုးစားခဲ့ရပုံများ ၊ ကျေးဇူးတင်ထိုက်သူတစ်ဦးချင်းစီအကြောင်းတို.ကိုပါ ဂုဏ်ပြုပြောကြားသွားခဲ့ပါသည် ။

အခမ်းအနားသို.
ပြည်သူ.လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ( ဇာတိနွယ်ဝင် ) ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ( ဇာတိဖွား ) ၊ ၀ါးခယ်မမြို.နယ်အသင်း -ရန်ကုန် ဥက္ကဋ္ဌ ၊ ပန်းတနော် ဘကက်တောင်အသင်း ဥက္ကဋ္ဌ အပါအ၀င် မြို.နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ ကျင်းပရေးကော်မတီဝင်များ ၊ အားကစားဝါသနာရှင်များ ၊ ၀ါးခယ်မမြို.နယ်အသင်း ရန်ကုန် အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည် ။



အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများအားလုံးက Gym တည်ဆောက်ထားမှု ၊ ထည်.သွင်းထားသော အားကစားဆိုင်ရာ စက်ကိရိယာများ ၊ ချွေးထုတ်ခန်း စသည်တို.ကို လှည်.လည်ကြည်.၇ှုခဲ့ကြပါသည် ။ ထို.နောက်တက်ရောက်လာသူများအားနေ.လည်စာဖြင့် ဧည့်ခံခဲ့ကြောင်း သိရပါသည် ။

မူလစတင်ဆောက်လုပ်စဉ်က ၀ါးခယ်မဘောလုံးကွင်းနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိသော မြေနေရာ ( ယခင်အခေါ် မန်းဂုတ်ကွင်း ) တွင် ကြက်တောင်အားကစားရုံဆောက်လုပ်ရန် ဒေါက်တာဝင်းဇော် နှင်. အားကစားဝါသနာရှင် များကမြေနေရာ လျှောက်ထားပြီးနောက် ၂၀၁၆ ဒီဇင်ဘာခန်.တွင်အဆောက်အဦးစတင်ဆောက်လုပ်ခဲ့ကြောင်းသိရပါသည် ။ ထိုအဆောက်အဦးတည်ဆောက်ရာတွင် မူရင်းရည်ရွယ်ချက်များအနက်တစ်ခုမှာ ၀ါးခယ်မမြို.နယ်အကျိုး သူမတူအောင်သယ်ပိုးခဲ့သူ ဦးအံ့ကျော် ( ဒုတိယဗိုလ်မှုးကြီး အငြိမ်းစား ) အားဂုဏ်ပြုရန် ဟူသော အချက်တစ်ခုလည်းပါဝင်သည် ။ ပထမဥိး ဒေါက်တာဝင်းဇော်မှ မတည်လှုဒါန်းပြီးနောက် ဦးစိုးလွင် ၊ ထိုမှ ဦးအံ့ကျော် မှလည်း ထည်.၀င်လှုဒါန်းလာခဲ့ကြောင်းသိရပါသည် ။ ထို.နောက် ၀ါးခယ်မမြို.နယ်အသင်း ၊ သခင်သိန်းဖေမိသားစုအပါအ၀င် စေတနာရှင် ၊ အားကစားဝါသနာရှင်င်များမှပူးပေါင်းထည့်ဝင်လှုဒါန်းပြီး ဆက်လက်တည်ဆောက်ခဲ့ကြကြောင်းသိရပါသည် ။
ထိုသို.ဆောက်လုပ်ရင်း အဆောက်အဦးနေရာအျကယ်အ၀န်းကြောင့် ထို ရုံအတွင်း Body Beauty & Fitness Gym တစ်ခုပါထည်.သွင်းတည်ဆောက်ရန် ဆုံးဖြတ်ကြပြီးနောက် ထို Gym အတွက် လိုအပ်သော လေ့ကျင်.မှုဆိုင်ရာ ကိရိယာများ ၊ လေအေးပေးစက်အပါအ၀င် အပြီးသတ်အချောထည် လုပ်ငန်းဆိုင်ရာများကို ဦးအောင်မင်း ( AMPS Construction ) မျတာဝန်ယူလှုဒါန်းပေးခဲ့ကြောင်းသိရပါသည် ။
ထိုအဆောက်အဦးသည် မြေအကျယ် ပေ ၁၀၀ × ပေ ၂၀၀ ရှိပြီး အဆောက်အဦးမှာ ပေ ၆၀ × ပေ ၈၀ ရှိသော Steel Structure အဆောက်အဦးဖြစ်ကြောင်းသိရပါသည် ။ ထိုအဆောက်အဦးအတွင်း ကြက်တောင်ကွင်း၂ကွင်း ၊ Fintess Center ( ချွေးထုတ်ခန်း - ရေချိုးခန်း ၊ သန်.စင်ခန်း အပါအ၀င် ) တို.ပါဝင်ကြောင်းသိရပါသည် ။



ထိုအဆောက်အဦးအတွက် ကုန်ကျစ၇ိတ် ( စက်ကိရိယာများအပါအ၀င် ) စုစုပေါင်း ၇၁၈ သိန်း ၃သောင်း ရှိခဲ့ကြောင်းသိရပါသည် ။အတွင်းတွင် ကြက်တောင်ကွင်း၂ကွင်း ၊ လေအေးပေးစက်တပ် Gym တစ်ခု ၊ ချွေးထုတ်ခန်း ၊ အ၀တ်လဲခန်း ၊ သန်.စင်ခန်း ၊ ရေချိုးခန်းစသည်တို.အပြည့်အစုံပါဝင်ပြီး Gym Member ၀င်လိုသူတို.အဖို. နှစ်စဉ်ကြေး ၁၀၀၀၀ ၊ လစဉ်ကြေး ၁၅၀၀၀ သတ်မှတ်ထားကြောင်း သိရပါသည် ။



Photo by ၀ါးခယ်မ Page , Kyaw Naing , ရွှေခယ်သားလေး & Htay Yu May


No comments:

Post a Comment