Wednesday, May 14, 2014

ဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ ပဉ္စမအကြိမ် အခမဲ့ဆေးကုသရေးခရီးစဉ်နှင်. ဒေသဖွံ.ဖြိုးဆိုင်ရာ ဆွေးနွေးမှုများ


ဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ ပဉ္စမအကြိမ် အခမဲ့ဆေးကုသခြင်းခရီးစဉ် ( မျက်စိအတွက် စတုတ္ထအကြိမ် ) ကို ၂၀၁၄ မေလ ၂ရက်နေ.မှ ၅ရက်နေ.အထိ သွားရောက်ခဲ့ပါသည် ။
ထိုသို.သွားရောက်ရာတွင် ဂုဏ်ထူးဆောင်နာယက ဦးအံ.ကျော်ဦးဆောင်သော အမှုဆောင် များနှင်. ကုသရေးအဖွဲ.များပါဝင်ခဲ့သည် ။ ၀ါးခယ်မသို.ရောက်ရှိသည်နှင်. ၀ါးခယ်မမြို. မြို.နယ်အသင်းရုံးခွဲတွင် စမ်းသပ် / စစ်ဆေး / ခွဲစိပ် / ကုသ မှုများပြုလုပ်ခဲ့သည် ။

မေလ ၃ ရက်နေ. မနက် ဈေးဦးကျောင်းတွင် နာယကကြီး၏ ရေစက်ချ အလှု တစ်ခုပြုလုပ်ခဲ့ပြီး တံတားတည်ဆောက်ရေးနှင်. လမ်းပိုင်းဆိုင်ရာ တိုးချဲ.လုပ်ကိုင်မှုများအတွက်သရွတ်မြိုက်ကျေးရွာသို. ထွက်ခွာခဲ့ပါသည် ။ ရှေးဦးစွာ ဒေါ်ပိုက်မိ ဘိုးဘွားရိပ်သာ သို.၀င်ရောက်ပြီး ၀ါးခယ်မ GTI ဘက်မှ ကားများဖြင်.ထွက်ခွာလာခဲ့ပါသည် ။ ပြန်လည်ပြုပြင်တည်ဆောက်ရမည်.မောင်းဒီးရေကျော် တံတားသို.ရောက်သောအခါ ပါလာသော ကားများထားခဲ့ပြီး ထိုချောင်းတစ်ဖက်ကမ်းသို.ကြိုတင်ပို.ဆောင်ထားသော ကားများဖြင်.ခရီးဆက်ခဲ့ကြပါသည် ။ အချို.နေရာများတွင် လမ်းအခြေအနေ ၊ တံတားအခြေအနေများကြောင်. ကားသပ်သပ်၊ လူသပ်သပ်ဖြတ်သန်းကြရပါသည် ။ သရွတ်မြိုက်ကျေးရွာ အိမ်အမှတ် ၁ သို.ရောက်ရှိပြီး  သက်ဆိုင်ရာ ကျေးလက်တာဝန်ရှိသူများနှင်.တွေ.ဆုံ၍ လမ်းတိုးချဲ.ရေး ၊ တံတားပြန်လည်တည်ဆောက်ရေး ဆိုင်ရာများဆွေးနွေးကြပါသည် ။


ထို.နောက်သမိုင်းဝင် ရှေးဟောင်း စေတီတော်များဖြစ်သော သော်ကစေတီတော်နှင်. အလှုရှင်အတူတူဖြစ်သည်. ဥမ္မာဒန္တီ   မိဘုရား ဦးစွာတည်ထားခဲ့သော ရွှေစာရံ / ရွှေစာပျံ စေတီတော်များသို. သွားရောက်လေ.လာခဲ့ကြပြီး ကျေးရွာအတွင်းကြည်.ရှုခဲ့ကြပါသည် ။ထို.နောက် ထပ်မံရောက်ရှိလာသော တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင် တို.နှင်. မြို.နယ်အဆင်.သက်ဆိုင်ရာ အရာရှိများ နှင်. တွေ.ဆုံ၍ အသေးစိပ် ထပ်မံညှိုနှိုင်းခဲ့ပါသည် ။ ထို ၈၅ ပေခန်.ရှိ ပြီး ခံနိုင်ဝန် ၁၈ တန်ခန်. ထားတည်ဆောက်မည်.တံတားအတွက် ခန်.မှန်း ကုန်ကျစရိတ် သိန်း ၁၅၀ အတွက် မူလတံတား အလှုရှင် ဒေါ်စန်းကြည် ထံမှ သိန်း ၅၀ လှုဒါန်းရန် နှုတ်ကတိ ရရှိထားပြီး လိုအပ်ငွေ သိန်း ၁၀၀ ခန်.ကို အသင်း၏ ဂုဏ်ထူးဆောင်နာယက ဗိုလ်မှုးကြီး အံ.ကျော် ( ငြိမ်း ) မှ တာဝန်ယူ လှုဒါန်းမည်ဖြစ်ပါသည်

  ထို.နောက် ၀ါးခယ်မသို.ပြန်လည်ထွက်ခွာလာခဲ့ပြီး ၀ါးခယ်မမြို.နယ်အသင်းရုံးခွဲတွင် တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တို.နှင်.အလွတ်သဘော ပြောဆိုဆွေးနွေးကြပါသည် ။ နေ.လည်ပိုင်းတွင် မေတ္တာကရုဏာ မြို.နယ်နာမှု ကူညီရေး အသင်း အမှုဆောင်အဖွဲ.၀င်များနှင်.တွေ.ဆုံပြီး ရှေ.လုပ်ငန်းဆိုင်ရာများ ၊ လိုအပ်ချက်များ ၊ လှုဒါန်းရရှိထားပြီးသောWheel Chair များ ၊ အောက်ဆီဂျင် အိုးများ စီမံခန်.ခွဲမှုဆိုင်ရာများ ၊ အခက်အခဲများ ၊ မြို.နယ်ပြည်သူ.ဆေးရုံနှင်. ချိတ်ဆက် လုပ်ကိုင်မှုများ ၊လိုအပ်မှုများကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည် ။

ထိုဆွေးနွေးပွဲအပြီး တွင်မြို.ခံ အဖွဲ.တစ်ခုဖြစ်သော U-45 Group နှင်.တွေ.ဆုံဆွေးနွေးကြရာတွင်  ထိုအဖွဲ.အစည်း ရပ်တည်ပုံ ၊ လုပ်ငန်းများ ၊ ဘဏ္ဍာရေးအခြေအနေ စသည်ဖြင်. သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်သူများကပြန်လည်ဖြေကြားခဲ့သည် ။ ထို.နောက် လူနာတင်ယာဉ် နှင်. ပတ်သက်သော ကိစ္စရပ်များ ကိုဆွေးနွေးရာ U-45 ဘက်မှ ကူညီနိုင်မည်. ကိစ္စရပ်များ ( စေတနာဖြင်.မောင်းနှင် ကုသိုလ်ယူပေးခြင်းစသည်ဖြင်. ) ကိုနှစ်ဖက် ညှိုနှိုင်း တိုင်ပင်ခဲ့ကြပါသည် ။ ၀ါးခယ်မမြို.နယ်အတွက် လူနာတင်ယာဉ် တစ်စီးကို အသင်း နာယက ဗိုလ်မှုးကြီး အံ.ကျော်( ငြိမ်း )မှ ၀ယ်ယူပေးထားပြီး လိုအပ်သည်များကို တပ်ဆင်မွမ်းမံလျှက်ရှိကာ ၀ါးခယ်မမြို. အကျိုးဆောင်များ သို.လွှဲပြောင်း ရယူစေရန် စီမံခြင်းဖြစ်ပါသည် ။

ထိုညနေပိုင်းတွင် အသင်းဥက္ကဋ္ဌ နှင်. ၀ါးခယ်မအကျိုးဆောင် ဥက္ကဋ္ဌတို. ရှေ.လုပ်ငန်းဆိုင်ရာများ၊ အကျိုးဆောင်အဖွဲ.ဆိုင်ရာ ကိစ္စရပ်များ ၊ ၄ ရက်နေ.ကျင်းပမည်. ဆရာကန်တော.ပွဲ ဆိုင်ရာ ကိစ္စရပ်များ ကိုအလွတ်သဘော ဆွေးနွေးခဲ့ပါသည်။



မေလ ၄ ရက်နေ.မနက် ပိုင်းတွင် မျက်စိခွဲစိပ်ပြီး လူနာအချို.ပတ်တီးဖြေပြီး ဆေးဝါးများအခမဲ့ထောက်ပံ.ခြင်းသို. သွားရောက်ကူညီကြပြီး မြို.နယ်အသင်းမှ ကြီးမှုးကျင်းပသော ၀ါးခယ်မ အထက ၁/၂  အလက ၁ / ၂ တို.မှ သက်ပြည်.အငြိမ်းစားယူပြီး ဆရာကြီး / ဆရာမကြီးများအား ပူဇော်ကန်တော.ပွဲအခမ်းအနားသို.တက်ရောက်ကြပါသည် ။ ထိုအခမ်းအနားတွင် ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာသန်းဌေး မှ ထူးချွန် ကျောင်းသား / သူ များအား သီးခြားဆု ချီးမြှင်.ခဲ့ပါသည် ။ ထိုနေ.အခမ်းအနားတွင် အကန်တော.ခံ ဆရာ / ဆရာမ ကြီးများ စုစုပေါင်း ၁၂၀ ရှိခဲ့ပါသည် ။

ထိုအခမ်းအနားအပြီးတွင် ကွမ်းခြံကုန်းကျောင်းတိုက် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲသို.သွားရောက်ခဲ့ကြပြီး အလင်းရောင်ကျောင်းတိုက်သို. ဆက်လက်သွားရောက်ကာ ပြင်ဆင်နေမှုများကို သွားရောက်ကြည်.ရှုခဲ့ကြပါသည် ။
ထို.နောက် ၀ါးခယ်မအသင်းရုံးခွဲသို.ပြန်လည်ရောက်ရှိပြီး မြို.နယ်ဆရာဝန်ကြီးနှင်. RHC ဆိုင်ရာ သိရှိလိုသည်များ ၊ လိုအပ်ချက်များအတွက်မေးမြန်းစုံစမ်းကာ အကြံဥာဏ်များ ရယူခဲ့ပါသည် ။ 

တစ်ဆက်တည်း ၀ါးခယ်မမြို.နယ် မီးသတ် ၀င်းအတွင်းအသစ်ထပ်မံရောက်ရှိသော မီးသတ်ကားထား၇န် အဆောက်အဦး အတွက် လိုအပ်ချက်များ ဆိုင်ရာအတွင် သက်ဆိုင်ရာ တာဝန်ခံ နှင်. ဆွေးနွေးပါသည် ။ မီးသတ်အဆောက်အဦးနှင်. ပတ်သက်၍ အခြေခံအုတ်မြစ်ဆိုင်ရာ တည်ဆောက်မှုကို ဦးဝင်းတင်နှင်.အဖွဲ.က တည်ဆောက်ပေးနိုင်ခဲ့ပြီး လိုအပ်သော အပေါ်ထည် အဆောက်အဦးအတွက် ခန်.မှန်း ကုန်ကျစရိတ် ၉၅ သိန်းကို ၀ါးခယ်မမြို.နယ်အသင်း ဂုဏ်ထူးဆောင်  နာယက ဗိုလ်မှုးကြီး အံ.ကျော်( ငြိမ်း ) ကတာဝန်ယူလှုဒါန်းမည်ဖြစ်ပါသည် ။



ထိုနေ.နေ.လည်ပိုင်းတွင် မေတ္တာကြယ်စင်မူကြိုကျောင်း အကျိုးဆောင်အဖွဲ. နှင်.တွေ.ဆုံပြီး လုပ်ငန်းဆိုင်ရာများ ၊ လိုအပ်ချက်များ မေးမြန်းကာ ကလေးငယ်များကျောင်းကို ပိုမိုခင်တွယ်လာရန် ၊ မိဘများအနေဖြင်. ကျောင်းကိုပိုမိုယုံကြည်လာစေ၇န် အကျိုးတော်ဆောင်များ ၊ ဆရာမများ အနေဖြင်. ကြိုးစားကြ၇န် ညှိုနှိုင်း တိုင်ပင်ခဲ့ကြသည် ။

ထို.နောက် ဦးနု စာကြည်.တိုက် အကျိုးဆောင်အဖွဲ.များ ၊ ၀န်ထမ်းများ နှင်. ဆက်လက်တွေ.ဆုံဆွေးနွေးခဲ့ပါသည် ။ ထိုသို.ဆွေးနွေးရာတွင် စာကြည်.တိုက် ဖွင်.ချိန် / ပိတ်ချိန်များ ၊ စာအုပ်များ များပြားလာမှုကြောင်. နေရာထိုင်ခင်းကိစ္စဆိုင်ရာများ ဆွေးနွေးတိုင်ပင်ကြပါသည် ။အထွေထွေ အနေဖြင်. ၀ါးခယ်မမြို. တွင် အင်္ဂလိပ်စာ စွမ်းဆောင်ရည်မြင်.မားလာစေရေး ဆိုင်ရာများ ၊အားကစားဆိုင်ရာ များဆွေးနွေးပြီး သက်ဆိုင်ရာအလိုက်အ ကြံပြုချက်များ မှတ်သားခဲ့ပါသည် ။

တဆက်တည်း IT ဆိုင်ရာ ၀ါသနာရှင် အချို.နှင်. တွေ.ဆုံဆွေးနွေးမှု များဆက်လက်ပြုလုပ်ခဲ့ပါသည် ။ထိုဆွေးနွေးမှုတွင် မြို.နယ်အသင်း ဥက္ကဋ္ဌ မှ  သက်ဆိုင်ရာ ပညာရပ် အလိုက် ၊ ၀ါသနာအလိုက် ဆိုင်ရာအစုအဖွဲ.များ စုဖွဲ.ထားပြီး နောင်လိုအပ်လျှင် လိုအပ်သလို တွေ..ဆုံညှိုနှိုင်းမှုများ ၊ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ၊ ယခု IT နယ်ပယ်မှ ၀ါသနာရှင်များ ၊သက်ဆိုင်သူ များနှင်. ပထမဆုံးတွေ.ဆုံခြင်းဖြစ်ပြီး နောင်တွင်ပြုလုပ်မည်.လုပ်ငန်းဆိုင်ရာ များ ၊ လက်ရှိဖွင်.လှစ်နေသော ကွန်ပြူတာ သင်တန်းများ ၊ ကွန်ပြူတာများ ထောက်ပံ.လှုဒါန်းထားမှုများ ကိုဆွေးနွေးရှင်းလင်းပြီး လက်ရှိ ၀ါးခယ်မ Page နှင်. Wakhama.blogspot.com တို.ကို Create လုပ်ထားသော လူငယ် အမှုဆောင် တစ်ဦးမှ စတင် Create လုပ်ဖြစ်သည်.အကြောင်းနှင်. ပူးပေါင်းဆောင်ရွက်လိုမှုများ ၊ ဦးနုစာကြည်.တိုက်တွင် E-Library တိုးမြှင်. ဖွင်.လှစ်နိုင်ရေး လိုအပ်သည်များကြိုတင်ပြင်ဆင်ထားနိုင်ရေးနှင်. အကြံပြုဆွေးနွေးရေးဆိုင်ရာ များ တိုင်ပင်ခဲ့ကြပါသည် ။ ထိုအချိန် အသင်းရုံးခွဲအပေါ်ထပ်တွင် တစ်ဆက်တည်း အခြေခံ ဂီတ သင်္ကေတ နှင်. အဆိုသင်တန်းဆင်းပွဲ အပတ်စဉ် ၃ ကို တစ်ပြိုင်တည်းပြုလုပ်ခဲ့ပါသည် ။



ညနေပိုင်းတွင် သော်က တံတားကြီးကျေးရွာတွင် ၀ါးခယ်မမြို.နယ်အသင်း၏ ချိတ်ဆက် ညှိုနှိုင်းမှုဖြင်. ဆောက်လုပ်လှုဒါန်းနေသော 100 Schools Project ၏ စဦးစီမံကိန်းဖြစ်သည်. တံတားကြီး အမက ကျောင်းပြန်လည်တည်ဆောက်မှု လုပ်ငန်းခွင်သို. စက်လှေဖြင်. ခက်ခက်ခဲခဲ သွားရောက်ခဲ့ကြပါသည် ။ ထိုရွာအရောက်တွင် ကျေးရွာသူ / သားများ ၊ ကျောင်းအုပ်ကြီး နှင်. ဆရာမများ ၊ President of 100 Schools project – Mr John နှင်.အဖွဲ.သားများက ကြို ဆိုခဲ့ပြီး လုပ်ငန်းခွင်သို. သွားရောက်ခဲ့ကြပါသည် ။ လုပ်ငန်းခွင်တွင်  President of 100 Schools project – Mr John က လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးကလည်း လိုအပ်သည်များထပ်မံ ရှင်းလင်းပြောကြားခဲ့သည် ။  ထို.နောက် Mr John က ထိုကျေးရွာမှ ၉တန်းကိုထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားတစ်ဦးကို တက္ကသိုလ်ဝင်တန်း အတွက် ပညာသင်ထောက်ပံ.ကြေးဆု ပေးအပ်ချီးမြှင်.ခြင်း အခမ်းအနားပြုလုပ်ခဲ့ပါသည် ။ ၀ါးခယ်မမြို.နယ်အသင်းမှ Mr-John နှင်. 100 Schools project ၏မြန်မာပြည်တာဝန်ခံ ကိုမောင်မောင်ကြီးတို.အား အသင်း၏ ရင်ထိုးတံဆိပ်များ ဂုဏ်ပြုပေးအပ်ခဲ့ပါသည် ။

မေလ ၄ ရက်နေ.ညတွင် ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ ကျန်းမာရေး ၊ ပညာရေး ၊ ရပ်ရွာဖွံ.ဖြိုးရေး လုပ်ငန်းများတွင် ကူညီပေးကြသော အကျိုးဆောင်အဖွဲ.များ ၊ စေတနာရှင်များအား ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ဧည်.ခံခဲ့ပါသည် ။ ထိုညစာစားပွဲတွင် မြန်မာသံတေးဂိတဖြင်. ဧည်.ခံခဲ့ကြပါသည် ။ထိုညစာစားပွဲအပြီးတွင် အသင်းတာဝန်ရှိသူအချို.နှင်. မေတ္တာကြယ်စင်မူကြိျုေကာင်းမှ အကျိုးဆောင် များနှင်.ဆရာမများအား သီးခြားထပ်မံတွေ.ဆုံ၍ လိုအပ်သည်များ ထပ်မံအကြံပြုခဲ့ပါသည် ။




မေလ ၅ ရက်နေ.မနက် အဖွဲ.များရန်ကုန်သို.ပြန်လည်မထွက်ခွာမှီ ခွဲစိပ်ကုသမှုပြီး၍ ပတ်တီးဖြေကြသည်. လူနာများအား ကူညီခြင်း ၊ ဆေးဝါးများ အခမဲ့ထောက်ပံ.ခြင်း တို.ကိုပြုလုပ်ခဲ့ပါသည် ။ ယခုတစ်ခေါက် အခမဲ့ကုသရေးအစိအစဉ်တွင် မျက်စိဝေဒနာရှင် ၁၄၂ ဦးတို.၏ မျက်လုံး ၁၄၅ လုံးအား အခမဲ့ ခွဲစိပ် ကုသပေးနိုင်ခဲ့သည်.အပြင် ထိုလူနာများ တည်းခို စားသောက်ရေးအတွက်ပါ စီစဉ်ပေးနိုင်ခဲ့ပါသည် ။ထို.နောက် ၀ါးခယ်မအကျိုးဆောင်အချို.နှင်. အလွတ်သဘော တွေ.ဆုံမှုပြုလုပ်ခဲ့ပြီး မြို.နယ်ပညာရေးမှုးနှင်. 100 Schools project မှထပ်မံလှုဒါန်းမည်.ကျောင်းဆိုင်ရာ ကိစ္စရပ်များ ကိုတိုင်ပင်ညှိုနှိုင်းအပြီး ရန်ကုန်မြို.သို.ပြန်လည်ထွက်ခွာခဲ့ကြပါသည် ။

ဓါတ်ပုံအပြည်.အစုံ ကြည်.ရှုလိုပါလျှင် အောက်ပါ Link များမှတစ်ဆင်.သွားရောက်ကြည်.ရှုနိုင်ပါသည် ။
ဝါးခယ်မမြို.နယ်အသင်း၏ ပဉ္စမအကြိမ် အခမဲ့ဆေးကုသရေးခရီးစဉ်ဓါတ်ပုံများ
မောင်းဒီးရေကျော်တံတားပြန်လည်တည်ဆောက်ရေး နှင်.လမ်းတိုးချဲ. ရေးဓါတ်ပုံများ
မျက်စိ အခမဲ့ စမ်းသပ် ခွဲစိပ် ကုသမှု ဓါတ်ပုံများ
ဝါးခယ်မမြို.နယ်အသင်း ၏ဆရာကန်တော.ပွဲ နှင်.ထူးချွန်ဆု ချီးမြှင်.ပွဲဓါတ်ပုံများ
Study to 100 Schools Project & Scholarship Program ဆိုင်ရာဓါတ်ပုံများ
တိုင်ပင်ညီညာ ရှေ.လမ်းသာဖို. ( အစည်းအဝေးမှတ်တမ်း ဓါတ်ပုံများ )
ဂုဏ်ပြု ညစာ စားပွဲ

No comments:

Post a Comment