Saturday, May 31, 2014

အနောက်စည်းရိုးက စိန်ခေါ်သံ

မြန်မာနယ်စပ် RSO သင်တန်းတစ်ခု
မြန်မာစကားပုံရှိသည် ။ နွားကွဲလျှင် ကျားဆွဲမည် ။

မိမိတို.ပြည်တွင်းတွင် ယခုအချိန်က အရှိန်အဟုန်ဖြင်. လွတ်လပ်ပွင်းလင်းမှုဆီသွားတိုင်း ကြုံရလေ.ရှိတတ်သည်. နိုင်ငံရေး အယူအဆ အဖုံဖုံ ၊ ဘာသာရေး အယူအဆ အနည်းနည်းဖြင်. အမြင်မတူညီမှုများ ကြောင်. သွေးကွဲနေကျချိန်ဟု မပြောလိုသော်လည်း စုစည်းညီညွတ်မှုအား လျော.လာနေချိန်တွင် သွေးတိုးစမ်းလိုသူများ ၊ ကျားချောင်းချောင်းကြသူများ ၊အခွင်.အရေး ယူလိုသူများကတော. မျက်ခြေမပြတ် စောင်.ကြည်.နေကြပေလိမ်.မည် ။


မေလ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၀န်းကျင်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြို မြို့နယ်ခွဲ နယ်စပ်တွင် ကာရံထားသည့် ခြံ စည်းရိုးကိုဖြတ်ကျော်ပြီး ၀င်ရောက်လာစဉ် နယ်ခြား မှတ်တိုင် အမှတ် ၃၉ အနီး၌   အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး  ထိုအဖွဲ့မှ လူ ၂ ဦး သေဆုံးသွားသည် ။ ယင်း လက်နက်ကိုင် အဖွဲ့အား မည်သည့်အဖွဲ့ဟု အတိအကျ မပြောနိုင်သော်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှုပ်ရှားနေ သည့် RSO (Rohingya Solidarity Organization ) အဖွဲ့ဟု ယူဆရကြောင်း၊ နယ်စပ်တွင် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ဟူ၍ ထိုအဖွဲ့သာရှိကြောင်း မောင်တော ခရိုင် ရဲတပ်ဖွဲ့မှ ဒု ရဲမှူးကြီး ရွှေသန်း က ဧရာဝတီကို ပြော ခဲ့သည်။  “နာရီဝက်လောက် ပစ်ခတ်ပြီးတော့ သူတို့က ဘင်္ဂလားဘက် ၀င်ပြေးသွားတယ်၊ ကျနော်တို့ စုံမ်းသိရတာကတော့ အဲဒီ အကြမ်းဖက် အဖွဲ့ထဲက အရာရှိအဆင့် တဦးကျတယ်၊ ၂ ဦး ဒဏ်ရသွားတဲ့အထဲက တဦး ထပ်သေတယ်လို့ ကြားတယ်၊ ဒဏ်ရာ ရသူထဲက တဦးက ပါကစ္စတန်နိုင်ငံမှာ ဖောက်ခွဲရေး သင်တန်းတက်ပြီး ပြန်လာသူလို့ သိရပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်ဟု သိရသည် ။ စိတ်ဝင်စားဖို.ကောင်းသည်က ထိုနေ.သည် ဗုဒ္ဓ .ဘာသာမြန်မာလူမျိုးတို.၏ အထွဋ်အမြတ်ထားရာ ကဆုန်လပြည်. … နေ.ဖြစ်သကဲ့သို. RSO အဖွဲ.၏ အမျိုးသားနေ.လည်းဖြစ်သည် ။



မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ခြံစည်းရိုး ကာရံနေသည့် တပ်ဖွဲ့ တချို့ရှိသော်လည်း တချို့သော နေရာများတွင် လုံခြုံရေး မ ရှိကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် တောင်ပြိုမြို့နယ်ခွဲတွင် ဒေသခံ တိုင်းရင်းသား ကျေးရွာ တချို့ ရှိကြောင်း၊ ထို ဒေသရှိ တိုင်းရင်းသားများ အတွက် လုံခြုံရေး အခြေအနေ စိုးရိမ်နေရကြောင်း သိရသည်။

“ပစ်ခတ်မှု ဖြစ်တာက အောင်သပြေရွာနဲ့ဗန္ဓုလ ကျေးရွာအကြားမှာ ဖြစ်တာပါ၊ ခဏလေးပဲ ဖြစ်တာပါ၊ နယ်စပ် လုံခြုံရေး ယူ ထားတဲ့ ရဲတပ်ဖွဲ့တွေ ရှိပေမယ့် ဘင်္ဂလားဘက် အခြမ်းက အလွယ်တကူ ၀င်ရောက် အန္တရာယ်ပြုနိုင်တဲ့အတွက် ဒေသခံတွေ က နေ့တိုင်း စိုးရိမ်မှုတွေနဲ့ နေထိုင်နေကြရပါတယ်”ဟု တောင်ပြို ဒေသခံ တဦးက ပြောသည်ဟု ဧရာဝတီ ကရေးသားခဲ့သည် ။


ထိုဖြစ်ရပ်မတိုင်မှီ ၃ ရက်နေ့ကလည်း နယ်စပ်မှဝင်ရောက်လာသည့် လက်နက်ကိုင် အုပ်စုတခုက မောင်တောမြို့နယ်ရှိ သင်္ဘော ကွေ့ ဘင်္ဂါလီ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာနှင့် မိသားစုဝင် ၄ ဦး အားဝင်ရောက်သတ်ဖြတ်သွားခဲ့သေးသည် ။



ထို.နောက် မေလ ၁၇ ရက်နေ.တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး တာဝန် ယူထားသည့် လုံထိန်း ရဲ တပ်ဖွဲ့ဝင်များသည် မိုင်တိုင် အမှတ် ၅၂ အနီး ၀န်းကျင်၌ ကင်းလှည့်နေစဉ် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အခြေစိုက် လှုပ်ရှားနေသည့် RSO  အကြမ်းဖက် အဖွဲ့ဝင် အင်အား ၆၀ ၀န်းကျင်က ခြုံခို တိုက်ခိုက်ခဲ့ကြပြန်ရာ မြန်မာ ရဲတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးပြီး ဒုရဲအုပ် တစ်ဦး ဒါဏ်ရာ ရခဲ့ပြန်သည် ။ ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များမှာ တပ်သား သီဟအောင်၊ လှမင်း၊ မင်းထွေး၊ နေလင်း စိုးတို့ ဖြစ်ပြီး၊ ဒဏ်ရာ ရရှိခဲ့သည့် ဒုရဲအုပ် နွေဦးမောင်မှာ မောင်တောဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့ရခြင်းဖြစ်သည် ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ခြံစည်းရိုး ကာရံနေသည့် တပ်ဖွဲ့ တချို့နှင့် နယ်ခြားစောင့် လုံထိန်း တပ်ဖွဲ့တို့က သက်ဆိုင်ရာ စခန်း အလိုက် တာဝန် ယူထားခြင်း ဖြစ်ပြီး စခန်း တခုလျှင် လူ ၇ ဦး ၀န်းကျင်သာရှိသည်ဟု သိရသည် ။

ထို.နောက် မေလ ၂၈ ရက်နေ.နံနက် တွင်မူ  မြန်မာ-ဘင်္ဂလာဒေခ်ျ့နယ်စပ် မိုင်တိုင် (၅၂) အနီးတွင် မြန်မာလုံခြုံရေး တပ်ဖွဲ့တစ်ခုနှင့် BGB ( Border Guard Bangladesh) ဟု ခေါ်သော ဘင်္ဂလာဒေခ်ျ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့နှင့် ထိတွေ့ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး BGB အရာရှိ တစ်ဦးဖြစ်သူ မီဇာနူရ် ရာဟာမန် ပျောက်ဆုံးနေခဲ့သည်ဟု ဆိုပြီး သူအတူ M-22 ရိုင်ဖယ် တစ်လက်နှင့်အတူ ကျဉ်ဆန် ၁၂၀ ပျောက်ဆုံးနေကြောင်းဆိုသည်။

၎င်းအရာရှိအား မြန်မာဘက်မှ ဖမ်းဆီထားသည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယူဆထားပြီး အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးအပ်ရန် ဘင်္ဂလာဒေခ်ျ့ နိုင်ငံက မြန်မာသို့ တောင်းဆိုကြောင်း မြန်မာ သံအမတ်ကြီးအား ပြောဆိုသည်ဟု သိရသည်။
မြန်မာသံအမတ်ကြီးကမူ ယင်းကိစ္စအား သက်ဆိုင်ရာ မြန်မာအာဏာပိုင် တာဝန်ရှိသူများထံတင်ပြပြီး အမြန်ဆုံး ပြန်လည် အကြောင်းပြန်ကြားပေးမည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။

အလားတူ ရန်ကုန်ရှိ ဘင်္ဂလာဒေခ်ျ့ သံရုံးကလည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနအား ကန့်ကွက် စာတစ်စောင်   ရေးသားပေးပို့ခဲ့ပြီး ယင်းဖြစ်စဉ်အား အမြန်ဆုံး စစ်ဆေးပေးရန် တောင်းဆိုခဲ့ သည်ဟု သိရသည်။



 ထိုဖြစ်စဉ်အမှန်မှာ နယ်စပ်မိုင် တိုင် ၅၁နှင့် ၅၂ကြားရှေ့တန်းလုံခြုံ ရေးတာဝန်ယူ ထားသော ခမ၇၃၅၂ စစ်ကြောင်း(၁)မှ ဗိုလ်ဇော်မိုး အောင် ဦးစီးသောတပ်စိတ်မှာကင်း ပုန်းဝပ်နေစဉ် ဘင်္ဂလားဒေ့ရှ်ဘက် မှ လက်နက်ကိုင်  ငါးဦးခန့်က မောင်တောနယ်စပ်ဘက် သို့ ကိုက် ၈၀ ကျော်သည်အထိ ဖြတ်ကျော်ဝင်ရောက်လာ သည်ကို စောင့်ဆိုင်း စဉ် ထိုလက်နက်ကိုင်များမှ စတင်ပစ်ခတ် သည့်အတွက် နှစ်ဖက်ပစ်ခတ်မှု စတင်ခဲ့ခြင်းဖြစ်သည်ဟု မောင်တော နယ်စပ်သတင်းများက ဆိုကြသည် ။ အဝါ ရောင်ပြောက်ကျားဝတ်စုံ ဝတ်ဆင် ထားသူတစ်ယောက် သေဆုံးကာ ၎င်း ကိုင်ဆောင်ထားသော M-22 သေ နတ်တစ်လက်၊ ကျည်ကတ်လေးခုနှင့် 7.62  ခဲယမ်းကျည် ၉၈ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကမူ သေဆုံးသွားဖွယ်ရှိသောနယ်ခြားစောင့် တပ်ဖွဲ့ဝင်ကို ပြန်ပေးရန် နှင်.တိုက်ခိုက်မှုဟာ ရန်လိုတဲ့ လုပ်ရပ် အဖြစ်နဲ့ ပြင်းပြင်း ထန်ထန် တုန့်ပြန်ခဲ့ကြောင်းလည်း ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံရုံး တာဝန်ရှိသူတဦးကို ကိုးကားပြီး မြန်မာ တိုင်းမ်စ် သတင်းက ဖော်ပြခဲ့ပါသည် ။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကင်းလှည့်နေသော  ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကို စတင်
ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့  ဘင်္ဂလားဒေ့ရှ်သံရုံး တာဝန်ရှိသူ က စွပ်စွဲပြောဆိုခဲ့သည် ။

ထို.နောက်တစ်ဖန် ၂၉ ရက် ၅လ ၂၀၁၄ နေ. အာရုံတက်ချိန် ၃း၃၀ ခန့်တွင် ခမရ (၃၅၂)တပ်ရင်းမှ ဗိုလ်ကြီးထွန်းနောင်ဦးစိး အဖွဲ့သည် မိုင်တိုင်အမှတ် (၄၆၊ ၄၇၊ ၄၈) အကြား ကင်းပုန်းဝပ် လုံခြုံဆောင်ရွက်နေကြစဉ် အ၀ါရောင် ပြောက်ကျားဝတ်စုံဖြင့် ဘင်္ဂလီသောင်းကျန်းသူ အကြမ်းဖက် RSO အဖွဲ့မှ ၁၀ဦးတို့သည် မိမိတို့ခြံစည်းရိုးအား ကျူးကျော်ဝင်ရောက်လာကြသဖြင့် အပြန်အလှန်ပစ်ခတ်ရာ အကြမ်းဖက်သောင်းကျန်းသူ RSO အဖွဲ့မှ (၃)ဦး ကျဆုံး၊ အလောင်း (၃)လောင်း၊ အမ်-၂၂ မောင်းပြန်ရိုင်ဖယ် (၃)လက်၊ ကျည်ကတ် (၃)ကတ်နှင့် ၄င်းကျည် (၁၁၀၀)ကျော်တို့အား ရရှိခဲ့ကြောင်း၊ ကျဆုံး သွားသည့် RSO အဖွဲ့ဝင်တစ်ဦးမှ လက်နက်နှင့်ကျည်ဆန်များကို ဘင်္ဂ လားဒေရှ့်အစိုးရတာဝန်ရှိသူများထံ ပြသပြီး ဘင်္ဂလားဒေ့ရှ်ရှိ သောင်း ကျန်းသူများကို အမြန်ဆုံးချေမှုန်းပေး ရန်အတွက် တောင်းဆိုမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူဝန်ကြီး တစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည် ။

အဆိုပါဝန်ကြီးက ''သေဆုံး သောင်းကျန်းသူကျန်ခဲ့တဲ့လက်နက် တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန် ရှိသူတွေဆီကိုပြသပြီး သူတို့နိုင်ငံမှာ သောင်းကျန်းသူရှိကြောင်း ပြသမယ်။
ပြီးရင် နှိမ်နင်းဖို့ တောင်းဆိုမယ်။ ဟိုး တလောက ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့ဘက်မှာ သောင်းကျန်းသူမရှိ ဘူးဆိုတာ ငြင်းထားတယ်လေ။ ဒီ သေနတ်နဲ့ ကျည်ဆန်တွေကို သက် သေအဖြစ် ထုတ်ပြမှာပါ''ဟုပြောဆိုခဲ့သည် ။

လက်ရှိအခြေအနေများနှင်.ပတ်သက်၍ အစိုးရတာဝန်ရှိသူတစ်ဦးဖြစသေဲာ့ Hmuu Zaw ၏ Page တွင်ယ ခုလိုထုတ်ပြန်ထားခဲ့သည် ။ 



ဘင်္ဂလားဒေ့ရှ် နယ်စပ်အငြင်းပွားမှု
************************
၁။ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မိမိနိုင်ငံ လုံခြုံရေး တပ်ဖွဲ့များမှ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ပါ။ မိမိနိုင်ငံပိုင်နက် နယ်မြေသို့ဝင်ရောက်လာသည့် RSO ဟု ယူဆရသော လက်နက်ကိုင်များသာ ဖြစ်ပါသည်။ (ဤသည်ကိုလည်း သတင်းအပြည့်အစုံ ထုတ်ပြန်ထားပြီး ဖြစ်ပါသည်)

၂။ ဘင်္ဂလားဒေ့ရှ်ရှိ မိမိနိုင်ငံသံအမတ်ကြီးမှ သက်သေအထောက်အထားများဖြင့် ဘင်္ဂလားအစိုးရအား ဖြစ်စဉ်အမှန် ရှင်းပြထားပါသည်။ နှစ်နိုင်ငံ အထင်လွဲမှားမှု မရှိစေရန် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းလျက် ရှိပါသည်။

၃။ မြေပြင်တပ်ဖွဲ့များအကြားတွင်လည်း ဖြစ်စဉ်အမှန်ကို ရှင်းလင်းထင်ရှားစွာ သိစေနိုင်ရန် ညှိနှိုင်းဖြေရှင်းလျက် ရှိပါသည်။ မိမိတပ်ဖွဲ့များ အမှား မရှိပါ။ လက်မောင်းတံဆိပ်မပါ ပြောက်ကြားဝတ်စုံအဝါဝတ် လက်နက်ကိုင်များ မိမိနယ်မြေသို့ ဝင်ရောက်လာ၍ ဖြစ်ပွားရခြင်းသာ ဖြစ်ပါသည်။

၎။ နှစ်နိုင်ငံဆက်ဆံရေး မထိခိုက်စေရန်အတွက် နိုင်ငံခြားရေးမူဝါဒနှင့်အညီ သံတမန်နည်းလမ်းဖြင့် လက်ရှိ ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်သမ္မတကြီး ချမှတ်ထာသည့် မူဝါဒမှာ (၁) အချုပ်အခြာအာဏာ အထိခိုက်မခံ (၂) ပြည်သူများအကျိုးစီးပွား အထိခိုက်မခံ (၃) နိုင်ငံတော်၏ ဂုဏ်သိက္ခာ အထိခိုက်မခံ ဟူ၍ ဖြစ်ပါသည်။

၅။ ကျန်အပိုင်းများမှာ နိုင်ငံတော်ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေးကိစ္စရပ်များ ဖြစ်၍ ထုတ်ပြန်ရန် မရှိပါ။ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည် ဟု မျှော်မှန်းထားပါသည်။ စိုးရိမ်ပူပန်ခြင်းများ မရှိကြစေလိုပါ။



ဒါနဲ.ပတ်သက်တဲ့ အခြားသတင်းတစ်ရပ်မှာတော.

ယခုလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် RSO သောင်းကျန်းသူ လက်နက်ကိုင်များနှင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျဆုံးမှုများ ဖြစ်ပေါ်လျှက်ရှိရာ မေလ (၂၈) ရက်နေ့က မိုင်တိုင် (၅၂)နှင့် (၅၃)ကြား သောင်းကျန်းသူ လက်နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေးတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် နှစ်ဖက်နယ်စပ်အခြေအနေမှာ တင်းမာမှု ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ စစ်ရေးပြင်ဆင်မှုများကို ပြုလုပ်နေကြောင်း သတင်းများအရ သိရသည်။

တဖက်နိုင်ငံခိုင်လုံသော သတင်းရပ်ကွက်များမှ လာသည့်သတင်းများအရ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ် (BGB) တပ်ရင်းသို့ တင့်ကား (၆)စီး၊ တာပေါ်လင်အမဲအလုံပိတ်ထားသော ဆယ်ဘီးကား (၃)စီး၊ တပ်အင်အား (၅၀၀)ကျော်မှာ ဘင်္ဂလားဒေ့ရှ်ဖက်ကမ်း နယ်စပ်သို့ ရောက်ရှိနေကြောင်း၊ ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ လည်း နယ်စပ်တစ်လျှောက် တပ်စွဲထာကြောင်း သိရသည်။

မေလ (၂၈) ရက်နေ့က မြန်မာနယ်စပ်ဖက်သို့ ၀င်ရောက်လာသည့် အ၀ါရောင် ပြောက်ကျားဝတ် သောင်းကျန်းသူ လက်နက်ကိုင် တစ်ဦးသေဆုံးခဲ့မှုနှင့် ပတ်သက်၍ နှစ်နိုင်ငံမှ ကန့်ကွက်စာများကို အပြန်အလှန် ပေးပို့ခဲ့ပြီး သေဆုံးခြင်းဖြစ်စဉ်နှင့်အတူ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း၊ သေဆုံးသူမှာ BGB တပ်ဖွဲ့ဝင်ဖြစ်နိုင်ကြောင်း၊ အဆိုပါ BGB တပ်ဖွဲ့ဝင်ပျောက်ဆုံးနေမှုနှင့် အသက်ရှင်လျှက်ရှိပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုထားကြောင်း ဖော်ပြထားသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဘင်္ဂလာဒေ့ရှ် ကော့ပဇားသတင်းစာတွင် သေဆုံးသူမှာ BGB တပ်ဖွဲ့ဝင်ဖြစ်သည်ဟု ဖော်ပြထားကြောင်း ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ယခုကဲ့သို့ ပြောကြားခြင်း၊ စစ်ရေးပြင်ဆင်ခြင်းနှင့် ပတ်သက်၍ မြန်မာနယ်စပ်လုံခြုံရေးမှ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်းမျိုးမရှိသေးကြောင်း သတင်းရရှိသည်။ အလားတူ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်တွင်လည်း ကင်းစခန်း (၁၂)ခုကို တိုးချဲ့တည်ဆောက်နေကြောင်း သိရသည်…….   ဟု.ဆိုထားပါသည် ။

သတိဟူသည်က ပိုသည်တော.မရှိနိုင်ပါ ။ အရေးကြီးတိုင်းသွေးစည်းကြသော်ငြား အချို.ကိစ္စများတွင  အရေးမကြီးခင်တည်းကပင် သွေးနီးနေမှတန်ရုံ ရှိပါလိမ်.မည် ။



( ထပ်မံရရှိသော သတင်းအရ မြန်မာပိုင် နယ်စပ်ခြံစည်းရိုးသို့ ဖြတ်ကျော်ဝင်ရာက်လာသော RSO သောာင်းကျန်းသူ (၁)ဦးအား မြန်မာဖက်မှ ခုခံပစ်ခတ်မှုကြောင့် သေဆုံးခဲ့မှုအပေါ် တဖက် BGB တပ်ရင်းမှ ထိုသေဆုံးသူမှာ BGB မှ ၄င်းတို့၏ တပ်ဖွဲ့ဝင်ဟု ပြောဆိုကာ တောင်းဆိုမှုကြောင့် မြန်မာနယ်စပ်လုံခြုံရေးတပ်မှ နှစ်နိုင်ငံနယ်စပ်လုပ်ထုံး လုပ်နည်းနှင့်အညီ ၃၀ရက် (၄)နာရီကျော်ခန့်တွင် ပြန်လည်လွှဲပြောင်းပေးရန် သွားရောက်စဉ် နယ်စပ်အနီး အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ၀င်ရောက်ပစ်ခတ်မှုကြောင့် မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် BGB တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယင်းသို့ ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း လွှဲပြောင်ပေးမည့် အလောင်းကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်မှ လက်ခံရရှိသွားပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ဖော်ပြထားချက်အရ သိရပါသည် ။ ထို.အပြင် ယမန်နေ.က ဘင်္ဂလား မီဒီယာများက RSO များမှ မြန်မာနိုင်ငံကို စစ်ကြေညာလိုက်ကြောင်းလည်း ထုတ်လွှင်.နေကြပါသည် )

Ref ; Irrawaddy , Hmuu Zaw FB , Western Gate Guard , VOA & ပြည်သူ.အာဏာ

No comments:

Post a Comment