Thursday, February 21, 2013

မြို.လေး က တရုပ်ပွဲ

မြို.လေးသည် ဟိုအရင်ပြောခဲ့ဖူးသလို ပွဲတော်များဖြင် ပြည်..နှက်နေတတ်သော မြို.လေးဖြစ်သည်...နှစ်ဦးပိုင်းတွင် အမြဲလိုကြုံရလေ.ရှိသည်က ဦးရှင်ကြီးပွဲ ထိုမှဆက်၍ တရုပ်ပွဲ.....များသောအားဖြင်.ထိုပွဲချိန်များသည် မူလတန်း..အလယ်တန်း စာမေးပွဲများနှင်. ပွတ်ကာသီကာ...တစ်ခါတစ်လေတော.လည်း ဖြေကာနီး..တစ်ခါတစ်လေတော.လည်း ဖြေပြီးစ အချိန်များသာ.....သေချာသည်ကတော. ဆယ်တန်း စာမေးပွဲ သမားတွေအတွက်တော. နှစ်တိုင်း ခိုးလိုးခုလု ဖြစ်သည်...စာမေးပွဲက အဝေးကြီးမဟုတ်သလို နီးနီးလေးတော.လည်း မဟုတ်

ရေကျော် ကမ်းနားလမ်း ဟိုစိန်ဘုရားကျောင်း ၂၀၁၃- နှစ်ကူးရက်
 သာမာန်အားဖြင်. ကျင်းပလေ.ရှိသည်. ဘုရားပွဲများကအခြားမြို.များတွင်လည်း ရှိသလို  ဦးရှင်ကြီးပွဲ ဆိုသည်က အောက်မြန်မာပြည်ဝယ် ရှိတတ်သည်. ပွဲတော်တစ်မျိုးဖြစ်သည်...သို.သော် တရုပ်ပွဲ နှင်. ပတ်သက်၍ တော. အခြားမြို.များတွင် ပြောသံသိပ်မကြားဘူး.....ငါးသိုင်းချောင်းတွင်တော. တရုပ်ပွဲ ရှိသည်ထင်ပါသည်....မြို.လေးတွင်တော. ဟိုးးးးးးးးးး  ယခင်က ၃ နှစ်တစ်ကြိမ် လုပ်သလို နောက်တော. နှစ်တိုင်း လုပ်သည်မျိုးတော. သတိထားမိသည်

တရုပ်ပွဲကတော. နှစ်ကူးရာသီ ၀န်းကျင်လုပ်လေ.ရှိမြဲဖြစ်သည်....ထိုရာသီ နီးလျှင် မြို.ထဲ (ယခင်ကဆိုလျှင်တော. အနီးပတ်ဝန်းကျင်မြို.များအထိပါ ) သို. တရုပ်နဂါး နှင်. ခြင်္သေ. လိုက်ကလေ.ရှိသည်...ထို.အပြင် တရုပ်အခေါ်အဝေါ်တော. ဘယ်လိုရှိသည်မသိ...ခြင်္သေ.နှင်. နဂါး ကလျှင် ယပ်တောင်အကြီးကြီးနှင်. လိုက်ခပ်ပေးသည်. ဖိုးပြုးချိုလို မျက်နှာဖုံး နှင်. လူကိုလည်း ကလေးအတော်များများ သဘောကျ ကျသည်..၁၉၉၀ ၀န်းကျင်နှစ်များ ထင်ပါသည်...ထိုစဉ်က မြို.ရှိ လုပ်သမျှ ပွဲ အားလုံး (၀တ်အသင်းလှည်.သည်ကအစ) အစည်ကားဆုံး (ကိုယ်သိမှီသမျှ) ဟုထင်ပါသည်...ထိုအချိန်က ထိုရာသီနီးလျှင် အကအဖွဲ. ယူနီဖောင်းများနှင်. တက်ကြွနေသော လူငယ်..လူလတ်များ...ဟိုစိန် ဘုရားကျောင်း အတွင်းမှ အကလေ.ကျင်.နေသော ဘင်တီးသံများ က အလိုအလို တက်ကြွနေစေတတ်သည်....တရုပ်ဘုရားလှည်.လျှင်လည်း ရှေ.ဆုံးမှ အလံရောင်စုံ.ဓါး..လှံ..ခရင်းခွ.လက်နက်များ....အသံကျယ်လွန်းလှသော တရုပ်မောင်း နှင်. လင်ကွင်းသံများ....ပိုးဖဲစ ရောင်စုံကြားက တရုပ်ဘုရားကျောင်းဆောင် အရောင်အသွေးစုံ အသံစုံနှင်. စိတ်လှုပ်ရှားဖွယ် မြင်ကွင်းများ

ယခုနှစ် ခြင်္သေ. အက အဖွဲ.
 တရုပ်ပွဲ ကျင်းပလျှင် အမြဲ ဦးရှင်ကြီးကွင်းတွင် ကျင်းပသည်....ဦးရှင်ကြီးပွဲပြီးမှ ကျင်းပသည်....တစ်ခုထူးခြားသည်ကတော. ဇာတ်စင် နှင်. မျက်နှာချင်းဆိုင်တွင် တရုပ်ဘုရားစင် (သံဃာ.ဆေးရုံ ကိုကျောပေး၍)ဆောက်ထားရသည်...ပိုထူးခြားသည်က တရုပ်ဘုရားပွဲတိုင်း နေ.ပွဲကပေးရသော ဓလေ.ဖြစ်သည်...နေ.လည် ၁နာ၇၈ီဝန်းကျင်မှ အဆို..အက..အငြိမ်.ခန်း (သို.)ဟာသ တစ်ခုခုဖြင်. ၂နာရီ ခန်.ကပေးရသော အစီအစဉ်ပါမြဲဖြစ်သည်...ထိုပွဲကား ကျောင်းတက်နေရချိန်တွင် ကောင်းကောင်း ဒုက္ခပေးတတ်သော သဘောတော.ရှိသည်....နေ.ခင်းကျောင်းပြန်အတက် ပွဲက ကနေ ၀င်ကကြည်.ချင် ကျောင်းကနောက်ကျမှာစိုး  ဒါမျိုးတွေက ကြုံဘူးကြသည်....ကသော သူများကလည်း နေပူကြဲကြဲအောက် (အမိုးက ကျုထရံ အမိုးဆိုတော. နေကကွက်တိကွက်ကျား ကျ)ကြည်.တဲ့လူတွေကလည်း နေ.လည်နေပူကြဲတဲအောက် အချို.ကတော.ထီးတွေ နှင်.) အတော်တော်.ဇွဲရှိကြရသည်.ဖျော်ဖြေမှု နှင်. ကြည်.ရှုခံစားနိုင်စွမ်းပင်.....ထိုကဲ့သို. နေ.ပွဲကပေးရခြင်းကိုတော. အတော်များများပြောကြသည်က တရုပ်ဘုရားက ပွဲကြိုက်သည်မို. သူ.ကိုပူဇော်သည်. အနေဖြင်. နေ.ပွဲကပေးရခြင်းဖြစ်သည်တဲ့

အိမ်တစ်အိမ်တွင် ကပြနေသော ခြင်္သေ.အဖွဲ.
 ပုံမှန်အားဖြင်.တော. ၃ ရက်ကပြသည်..ပွဲကိုလည်း ယခင်ကဆိုလျှင်တော. ပွဲကောင်း ဇာတ်ကောင်းများရွေးငှားလေ.ရှိသည်...ယခုနှစ်တော. ၂ ရက်သာ ကျင်းပခဲ့ပါသည် တဲ့...ယခင်နှစ်ကဖျော်ဖြေခဲ့သော ရွှေညီအကိုများ အဖွဲ.ကပင် ဖျော်ဖြေခဲ့သည်ဟုသိရပါသည်....

No comments:

Post a Comment