Thursday, February 14, 2013

ချစ်သူများနေ. ...သူတို.အမြင် နှင်. လက်ရှိအခြေအနေ

 အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။ သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီးမယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ကြတယ်..။
ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်.. စစ်သားသစ်တွေလိုလာတယ်..။စစ်သည်အင် အားကို လည်း ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်.။ ဒါပေမယ့် ယောကျာ်းတွေကလဲ စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။
Claudius ဟာစဉ်းစားတယ် ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်ကြောင့် စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့ မိုက်မိုက်မဲမဲတွေးမိတယ်..။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေ အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်..။ လူငယ်တွေ အတွက် ရက်စက်ပြီး အဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့...။
ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး တစ်ပါးပေါ်လာတယ်..။ သူ့နာမည်က
Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေမှာကောင်းချီးပေးတဲ့ ဘုးန်ကြီးပေါ့..။
သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထက်ပွဲတွေကို သိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်..။ သူ့ရဲ့ သီးသန့် အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ် မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။ တစ်ညမှာတော့ သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက်ဖမ်းဆီးကြတယ်..။ မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ဖမ်းဆီးခြင်းခံရပြီး သေဒဏ်ချမှတ် လိုက်ကြတယ်..။
သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ် သူထောင်ထဲမှာရှိစဉ် ရောမမှာ ရှိတဲ့ လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ် ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ မှတ်စုလေးတွေရေးကြ တယ်..။ ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊ သူတို့လေးတွေလည်းအချစ်ကို ယုံကြကြောင်း အားပေးထောက်ခံကြတယ်..။ အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလဲပါတာပေါ့..။ ထောင်မှုးကြီး က ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ အများကြီးပြောတယ်.။ အားပေးစကားတွေပြောတယ်.. နောက် သူသေခါနီးမှာ သူမရဲ့ ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့ "Love from your Valentine." ဆိုတဲ့ မှတ်စုတိုလေး တစ်စောင် ထိုအမျိုးသမီးတွက်ရေးထားခဲ့တယ်..။
အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ်.. အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့်
"" . . Valentine's Day . . "" ဆိုတာ ပေါ်ပေါက်လာခဲ့တယ်..။
American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို သန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။ Christmas လက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေက ဝယ်ကြတာ ၈၄ ရာခိုင်နှုန်းလောက်ပါတဲ့...။
source http://myittar-yaysin.blogspot.com/2009/02/blog-post_15.html


 ဒါကတော. မူကွဲ တစ်ခုပါ
ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ရောမမြို
စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့်
စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြလို့ ချစ်သူရည်းစား မဖြစ်စေရ
အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော
ဘုန်းတ်ာကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန်
အမိန့်ထုတ်ခဲ့ကြပါတယ်။ နှလုံးသားရဲရင့်တဲ့ချစ်သူနှစ်ဦးကတော့ သူတို့၏
အချစ်ကို ချစ်တက်သူတွေအတွက်အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး Valentine ကို
လက်ထပ်ပေးရန်တောင်းဆိုခဲ့ကြပါတယ်။ ဘုန်းတော်ကြီး Valentineကလည်း
ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတက်သူမို့ မိမိအသက်ကို
ပဓာနမထားပဲ လက်ထက်ပေးလိုက်ပါတယ်။ ဒီအကြောင်းတွေကို ဘုရင်သိသွားတော့
ဘုန်းတော်ကြီး ကို ဖေဖေါ်ဝါရီ (၁၄)ရက်တွင် အဆုံးစီရင်လိုက်ပါတယ်။
ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကို
ဂုဏ်ပြုသောအားဖြင့် Valentine’ Day (သို့မဟုတ်) ချစ်သူများနေ့
ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါတယ်။
 
ဒါကတော. ဒီလိုဆိုပြန်ပါတယ်
အခြားသမိုင်းကြောင်းတစ်ခုကတော့ ဘီစီ၎ရာစုခေတ်က ရောမနိုင်ငံသားတွေဟာ
လူပါကပ်စ်ဆိုတဲ့ နတ်ဘုရားကို အကြောင်းပြုပြီး
ပွဲတော်အဖြစ်ကျင်းပခဲ့ကြတယ်။ ပွဲတော်ရက်မတိုင်ခင်
ဖေဖော်ဝါရီလ၁၄ရက်နေ့မတော့ ရောမနတ်ဘုရားရဲ့ မိဖုရားဖြစ်သူ
လက်ထပ်ထိမ်းမြားခြင်းရဲ့ နတ်ဘုရားဖြစ်တဲ့ ဂျူနိုကို ဂုဏ်ပြုတဲ့အနေနဲ့
ပွဲကျင်းပ ပါတယ်။ဖေဖော်ဝါရီ(၁၅)ရက်နေ့ရောက်တော့မှ နတ်ဘုရားဖြစ်တဲ့
လူပါကပ်စ်ကို ကိုးကွယ် ပူဇော်ပသကြတာဖြစ်တယ်။ အဲဒီနေ့မှာတော့ အမျိုးသား
နဲ့အမျိုးသမီး လုံးဝတွေ့ဆုံခွင့်မပြုခဲ့ကြဘူး။ သီးခြားဆီနေခဲ့ကြရတယ်။
အဲဒီနေ့ရဲ့ ညနေပိုင်းမှာတော့ လူငယ်များဟာ ကံစမ်းမဲတွေ ကိုယ့်နာမည်ရေးပြီး
မဲအနှိုက်ခံရပါတယ်။ အကယ်၍ မဲပေါက်တဲ့ အမျိုးသားကို
သူပေါက်တဲ့မဲနာမည်ဖြစ်တဲ့ အမျိုးသမီးဟာ နောက်နှစ် ဒီလိုရက်အချိန်ထိ
တစ်နှစ်လုံးလုံးအတူနေခွင့်ရှိတယ်။ ဒါကြောင့် ဒီတစ်နှစ်လုံးအတူနေ
ခွင့်ကြောင့် တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးကျွမ်းဝင် ဖြစ်ကြပြီး
မေတ္တာသက်မျှကြတယ်ပေါ့။ ဒါပေမယ့် နှစ်ပေါင်း ၈၀၀လောက် အဲဒီပွဲကို
ကျင်းပပြုလုပ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ဘာသာရေး
ဆိုင်ရာဘုန်းတော်ကြီးများက ရပ်ဆိုင်းပစ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါကြောင့်
ဒီပွဲတော် ရက် ပျောက်သွားတဲ့ အထိမ်းအမှတ်အဖြစ် ချစ်သူများနေ့ ဆိုတာကို
ကျင်းပခဲ့တယ်လို့ ယူဆခဲ့ ရပါတယ်။


 နောက်တစ်မျိုးကတော.
ဒါ့အပြင်အချို့အချို့သောသူတွေကလည်း
ချစ်သူများနေ့ဆိုတာဧဒင်ဥယျာဉ်ထဲက
ပန်သီးကိုအာဒံကဧ၀အတွက်ဝင်ခူးပေးတဲ့နေ့

လို့လဲပြောကြပြန်ပါသေးတယ်။
အာဒံပာာနတ်ဆိုးတစ်ကောင်ရဲ့လှုံ့ဆော်မှုကြောင့်
ဘုရားသခင်တားမြစ်ထားတဲ့ပန်းသီးကို
ဝင်ခူးပြီးတော့ဧ၀ကိုကျွေးခဲ့ပါတယ်။
အဲဒီကတည်းကစလို့လူတွေမှာ

လဲအချစ်စိတ်တွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။
ဒါ့ကြောင့်အာဒီပန်းသီးဝင်ခူးတဲ့နေ့ကို
ချစ်သူများနေ့လို့သတ်မှတ်ကြတယ်လို့လဲသိရပြန်ပါတယ်။
ဘယ်လိုပဲပေါ်ပေါက်ခဲ့ပါစေဒီနေ့ကမ္ဘာအရပ်ရပ်မှာတော့ချစ်သူများနေ့ကို
လူတိုင်းလက်ခံယုံကြည်နေကြပါတယ်။
 

 ခုလို ပေါ်ပေါက်လာတဲ့ ချစ်သူများနေ.ဟာ မြန်မာနိုင်ငံမှာလည်း အရှိန်အဟုန် အတော်ပြင်းပြင်းနဲ.ကို ထိုးဖောက်လာနေပါတယ်.........အရင်ကတော. ချစ်သူများနေ.မှာ ပန်းစည်းလေးတွေပေးတာ..ချောကလက်လေးတွေပေးတာ...ချစ်စကားစပြောတာ..ချစ်အဖြေတုန်.
ပြန်တာလေးတွေနဲ. တကယ်.ကို Romantic ဆန်တဲ့ အခြေအနေလေးတွေကနေ ခုတော. ဒီလိုနေ.မျိုးမှာ မိန်းကလေး တစ်ယောက်က သူ.ဘ၀ကို သူ.ချစ်သူဆီ ပုံအပ်ပလိုက်တာ....သူ.အပျိုစင်ဘ၀ကို သူ.ချစ်သူထံ စွန်.လွှတ်ပလိုက်တာ...ယောက်ကျာင်္းလေးတွေကလည်း ဘာမဆိုင်..ညာမဆိုင် ဒီလိုနေ.အကြောင်းပြပြီး ကိုယ်.ချစ်သူရဲ. အပျိုစင် ဘ၀ကို တောင်းခံစားသုံးတာ တွေဟာ ဒီဘက် နှစ်တွေမှာ အမှတ်ထားမိလောက်အောင်ကိုဖြစ်လာနေပါတယ်...တကယ်က မိန်းကလေးတွေ က သူတို.ဘ၀ကို ဘာယုံပြီး ပုံအပ်လိုက်တယ်ဆိုတာ နားမလည်ပါဘူး...ဒါမှမဟုတ် ကိုယ်.အပျိုစငါဘ၀ကိုပဲ တန်ဖိုးမထားတာလားဆိုတာလည်း ပြောတော.မပြောရက်ပါဘူး...ခုဆို အပျို လို.ပြောနေကြတဲ့ မိန်းကလေးငယ် အချို.ဟာ သူတို.ချစ်သူတွေကို သူတို.ဘယ်လို အလိုလိုက်ကြောင်းကို သူငယ်ချင်းတွေကို ပွင်.ပွင်.လင်းလင်း ဖွင်.ပြောဂုဏ်ယူနေတတ်ကြပါပြီ....အခွင်.အရေး ကို ဖန်တီးယူလိုသူတွေ...အချောင်စားသုံးလိုသူတွေအဖို.တော. ခုခောတ်မိန်းကလေးငယ်အချို.ရဲ. လိုက်လျောမှုတွေဟာ စိတ်ကျေနပ်စရာ ကောင်းလွန်းလှနေပါတယ်...


“ကျနော် သတိထားမိသလောက် သိပ်မကြာသေးဘူး။ ၃ နှစ်လောက်ပဲ ရှိဦးမယ်။ အဲဒီနေ့ဆို တည်းခိုခန်းက အချိန်ပိုင်းနဲ့တင် ၀င်ငွေ တော်တော် ဖြောင့်တာ။ တချို့ဆို အခန်း ပတ်ရှာတာ မရလို့ ဒီမှာပဲ ထိုင်စောင့်နေရတဲ့ အထိပါ ရှိတယ်” လို့ ကန် တော်ကြီးအနီးမှာ ရှိတဲ့ နယူးကန်တော်ရိပ် ဟိုတယ် ၀န်ထမ်းတဦးက ပြောပါတယ်။

“သန်လျင်လို တည်းခိုခန်းနဲ့ ဟိုတယ်ပေါတဲ့ နေရာမှာတောင် အဲဒီနေ့ဆို အခန်းရဖို့ မလွယ်ဘူး” လို့ သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်း MITT က အရာရှိ တဦးဖြစ်တဲ့ ကိုကျော်မင်းဆွေက ပြောပါတယ်။
ယုဇနပလာဇာ အနောက်ဘက်က တောင်ပေါ်သား တည်းခိုခန်း၊ မြေနီကုန်းနားက Motherland ၊ Summer place၊ ဖိုးစိန် လမ်းပေါ်က ဟိုတယ်တွေ၊ အင်းတွေမှာဆိုလည်း စုံတွဲတွေ အပြည့်လို့ သိရပါတယ်။

အမျိုးသမီး သတင်းထောက်တဦးက “အိမ်ထောင်ကွဲတွေကို တွေ့ရတာ များလို့လားတော့ မသိဘူး။ ယူလိုက်ပြီးမှ အဆင် မပြေတာထက် အတူနေရင်း လေ့လာ စေချင်တယ်။ တကယ်ချစ်တဲ့သူ ဆိုရင်တော့ အစဉ်အလာတွေ မထိန်းသိမ်းချင်ဘူး။ ကိုယ့်မှာလည်း လွတ်လပ်ခွင့် ရှိတယ်လေ။ အပျိုစင် မဟုတ်တော့ပေမယ့်လည်း ကိုယ့်ကို ချစ်တဲ့၊ ကြိုက်တဲ့ ယောက်ျားက ယူလိမ့်မယ်” လို့ ပြောပါတယ်။
 
ရန်ကုန်က အထက်တန်းကျောင်းသား တဦးဖြစ်တဲ့  ဇေယျာကတော့ သာမန်နေ့တွေမှာထက် ချစ်သူများနေ့မှာ စုံတွဲတွေ အတူ အိပ်ကြတာ အဓိပ္ပာယ် ပိုရှိတယ်၊ ပိုပြီး လေးနက်မှုကို ပြတယ်လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဆိုရင်တော့ မယူဖြစ်ရင် အတူတူနေတယ် ဆိုတာ မိန်းကလေးရော၊ ယောက်ျားလေး အတွက်ပါ နစ်နာတယ် ဆိုတဲ့ စကားက မှန်ပါသေးတယ်။ အခုခေတ်မှာတော့ ရန်ကုန် အသိုင်းအ၀န်းမှာ ဆို ဒီလိုကိစ္စကို လက်မခံတော့ ပါဘူးလို့” သူက ပြောပါတယ်။


ကဲညီမတွေအမတွေ ရှိနေသူတွေ သမီးမိန်းကလေးမွေးထားသူတွေအတွက် ရင်ပူစရာပါပဲဗျာ....အချို.တည်းခိုခန်း/ဟိုတယ် အချို.ဆို ဒီလိုနေ.တွေမှာ အခန်းတွေထဲ Spy Camera တွေ ဆင် (ငွေသောင်းဂဏန်း သုံးရုံနဲ. အလွယ်တကူ ..ပုံစံမျိုးစုံ...function မျိုးစုံ အလွယ်တကူဝယ်လို.ရနေပါတယ်) ချောချောမောမော လှလှပပ အတွဲတွေ လာရင် အဲဒီအခန်းတွေပေး...ပုံတွေ Video File တွေ ရိုက်ယူထား...အချို.ကတော. ၀ါသနာ သက်သက်..အချို.ကတော. ...............နောက်ဆုံး On Line ပေါ်တက်လာတော.မှ သတ်သေမလို...ဘ၀ပျက်မလို....မိသားစု တစ်ခုလုံးထွက်ပြေးရတော. မလိုဖြစ်ကြ.........တကယ်ကတော. ဘယ်သူမပြုမိမိမှုပဲဟုတ်ပါသလားဗျာ

ဒီဂယက်ကဘယ်လောက်ထိ ဖြစ်လာလည်းဆို ချစ်သူများနေ.မတိုင်ခင်မှာ TV အစီစဉ်တွေကနေ ဒီလိုနေ.မှာ မြန်မာမိန်းကလေးတွေ မိမိကိုယ်ကိုစောင်.ထိမ်းနိုင်ဖို. အသိပေးဟောပြောမှုတွေ လုပ်လာရတာ.....တည်းခိုခန်းတွေကို အသက်မပြည်.တဲ့သူတွေ လာရင် ခွင်.မပြုဖို. တရားဝင်စာထုတ် တားမြစ်ရတာ...အင်းလျားကန်ဘောင်လိုမျိုးမှာ စာရွက်တွေနဲ.ကို ဝေပြီး သတိပေးနေရတာတွေက အရှက်နဲ. လူလုပ်ပါတယ်ဆိုတဲ့ ...မိန်းကလေးတို.အိနြေ္ဒ ရွှေပေးလို.မရ...လို.ကြွေးကျော် ဖူးတဲ့ ကျွန်တော်တို.(ကိုယ်.ကိုကိုယ် အရမ်းတန်ဖိုးထားတတ်တဲ့ )မြန်မာမိန်းကလေးတွေအတွက် ရှက်စရာ လို.တောင်ပြောလို.ရနေမလားပါပဲ....



ဒီလို ချစ်သူစုံတွဲတွေ လက်မထပ်ခင် အတူတူနေတာနဲ့ ပတ်သက်ပြီး ဘာသာစကား သင်တန်းကျောင်း တကျောင်းမှာ အင်္ဂလိပ်စာ သင်ကြားနေတဲ့ မကေဇင်သွယ်က “တရားဝင် လက်ထပ်ထားတာ မဟုတ်သေးတဲ့ အတွက် အဲဒီလို နေလိုက်ပြီးလို့ မယူဖြစ်ကြတော့ရင် ယောက်ျားလေးက ဘာမှမဖြစ်ဘူး။ မိန်းကလေးပဲ နစ်နာမှာလေ။ မယူခင် အဲဒီ အခွင့်အရေးကို ယောက်ျားလေးတွေကို မပေးသင့်ဘူး။ မြန်မာ့ ယဉ်ကျေးမှုနဲ့ ကြည့်ပြီး ပြောရရင်လည်း မကိုက်ညီဘူး” လို့ ပြောပါတယ်။

 ချစ်သူများနေ့ဟာ အနောက်နိုင်ငံက အစပြုခဲ့တဲ့၊ မြန်မာ့ယဉ်ကျေးမှု မဟုတ်ပေမယ့် ချစ်သူတွေ အချင်းချင်း လက်ဆောင်တွေ ဖလှယ်ကြတာ၊ ပန်းကလေးတွေ၊ ကဗျာကလေးတွေ ပို့ပေးကြတာ ကြည်နူးစရာ ကောင်းပါတယ်လို့ စာရေးဆရာမ နုနုရည် (အင်းဝ) က ဆိုပါတယ်။ ဒါပေမယ့် စီးဆင်းလာတဲ့ ယဉ်ကျေးမှုမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို သတိမူ သင့်တယ်လို့ ပြောပါတယ်။
“အဲဒီ ရေစီးကြောင်းကြီးထဲကို တိုက်စားပွတ်တိုက်ပြီး ပါမသွားစေချင်တာကတော့ Virgin ဆိုတဲ့ အပျိုစင် ဂုဏ်လေးပါပဲ။ စောင့်ထိန်းနိုင်ခြင်းတန်ဖိုး၊ မိမိကိုယ်ကိုယ် ယုံကြည်မှု တန်ဖိုး၊ သိက္ခာ တန်ဖိုး၊ ယဉ်ကျေးမှု တန်ဖိုးတွေနဲ့ ပြည့်စုံနေတဲ့ အပျိုစင် ဆိုတဲ့ ဂုဏ်လေးကို မြန်မာ မိန်းကလေးငယ်တွေ ဂုဏ်ယူစွာနဲ့ စောင့်ရှောက်ထိန်းသိမ်းစေချင်ပါတယ်” လို့ မြန်မာစာ ဆရာမ တဦးလည်း ဖြစ်တဲ့ စာရေးဆရာမ နုနုရည် (အင်းဝ) က ဆိုပါတယ်။

မြန်မာပြည်မှာ HIV/ AIDS ရောဂါနဲ့ ပတ်သက်လို့ ပညာပေးနေတဲ့ NGO အဖွဲ့အစည်း PSI ရဲ့ ဆက်သွယ်ရေး အရာရှိ တဦးဖြစ်သလို၊ ကျန်းမာရေး အသိပညာပေး စာပေတွေ ရေးသားနေတဲ့ စာရေးဆရာမ မြနှောင်းညိုက အချိန်မတိုင်ခင် သိပ်နုနယ်တဲ့ အရွယ်မှာ လိင်ဆက်ဆံတာကို မလုပ်စေချင်ပါဘူးလို့ ဆိုပါတယ်။
“လက်မထပ်ခင် အတူနေတဲ့ အလေ့အထကို ခေတ်နဲ့လျော်ညီတဲ့ အကြံပေးရရင် မယူနိုင်သေးဘဲ တအိမ်တည်းမှာ အတူတူနေ ကြတဲ့ အခိုက်အတန့် တယောက်နဲ့တယောက် သစ္စာ ရှိစေချင်တယ်။ ကွဲသွားကြလို့ မယူဖြစ်ရင် HIV စစ်ပေါ့” လို့ ဆရာမ မြနှောင်းညိုက ဆက်ပြောပါတယ်။


 ဖြစ်နိုင်ရင်တော. ချစ်သူများနေ.မှာ ချစ်သူတွေလိုပဲ လက်ဆောင်လေးတွေ ၀ယ်ပေး...အတူတွဲပြီးသွား..စားချင်စရာရှိတာလေးတွေ ၀ယ်စား..တစ်ယောက်နဲ.တစ်ယောက်စ..နောက်..ချော.မော. ဒါကသာ တကယ်. Romantic ဆန်ဆန် လေးမဟုတ်ဘူးလားဗျာ...........ခုတော. အထူးသဖြင်. မိန်းကလေးငယ်တွေကို ပြောချင်တာပါ...သင်.ချစ်သူကသာ အခွင်.အရေး သမားဆိုရင် ဒီရက်လေးတစ်ခုအကြောင်းပြပြီး သင်.အပျိုစင်ဘ၀ကို သိမ်းပိုက်သွားလိမ်.မယ်ဆိုတာတော.အမုန်းခံ သတိပေးပါရစေဗျာ........

Source; Chocolate City ,Irrawady Blog



No comments:

Post a Comment