Wednesday, February 13, 2013

ခေါက်ဆွဲတန်းလမ်း ... နာသုံးနာ...သူမတို. ၄ ဦး



နေ.လည် နေက အရောင်တော. ရင်.နေပြီ..သို.သော် သစ်ရိပ် အချို.    မြို.လေး၏ ဆောင်းဦးလေညှင်းတို.ကြောင်. သိပ်တော. မပူလှ
မြို.လေး၏ ခေါက်ဆွဲတန်း လမ်းဟုခေါ်ကြသော (ယခင်က မြို.နယ်အသင်း နှင်. ဈေးကျောင်းပထမတန်းဆရာ ဦးဂျဲ အိမ်ကြားလမ်း )ဖိုးအောင် စတိုး နှင်. စိန် စတိုးကြားလမ်း ............ထိုလမ်း၏ ဘေး ဘယ်ညာတို.၀ယ် ကားကြီး ၊ကားကောင်း အချို.အပါအ၀င် ခရီးသည်တင် ကားလတ်အချို. ပြည်.နေသည်....ဖြတ်သွားသော လူအချို.ကလည်း ဘာပါလိမ်.ဟူသော အတွေး ..ဘာလုပ်ကြတာလဲ ဟူသော သိချင်စိတ် ဖြင်. မျက်ဝန်းတို.က စူးစမ်း နေကြသည်.....ထိုလမ်းလေး၏ အလည်ခန်. ရှိ အိမ် တစ်အိမ် ရှေ.တွင်တော. လူတို.က ပိုစုရုံးနေကြသည်....တိုင်းဒေသကြီး ၀န်ကြီးအဆင်. ဒေသဖွားတစ်ဦးပင် အိမ်အပြင်တွင် ရပ်လျှက်...အိမ်အ၀တွင် လည်း ဖိနပ်မျိုးစုံ..ရောင်စုံတို.က ချစရာနေရာ မရှိတော.လောက်အောင်.......
အိမ်အတွင်းတွင်တော. အိမ်လေး၏ Capacity မက ရှိနေသော လူများ...........
သူတို.ရှေ.တွင်တော. ထိုက်သင်.သော သက်တမ်း ရှိ အမျိုးသီး ၄ ဦး
အသက်ထက် ငယ်နေပုံရသော မျက်နှာများ အပြုံးများ မျက်ဝန်းများနှင်. ........
ထိုင်နေကြသူတို. လည်း ပြုံးနေကြသည်..ပျော်နေကြသည်..ကျေနပ်နေကြသည်..
အချင်းချင်း စရင်း..နောက်ရင်း...တွန်းရင်း...တိုးရင်း....
ထိုအိမ်လေး၏ လှေကားဝန်းကျင်တွင်တော. အထက်တန်းအရွယ် ကျောင်းသားအချို. 
သူတို.မျက်ဝန်းများတွင်တော. အားကျခြင်းများဖြင်.


 ဆူညံပွက်နေသော..လုယက်ပြောဆိုနေကြသော အသံများက ရှေ.တွင် ထိုင်နေသော အမျိုး သမီး တစ်ဦး  မတ်တတ် ရပ်လိုက်သည်နှင်. အတန်ငယ်ငြိမ်ကျသွားသည်................

ကဲ ကဲ တပည်.တွေက ကိုယ်တိုင် ဆရာမကို မိတ်ဆက်ပေးကြအုံး
ထိုစကားအဆုံး ထိုင်နေကြသော လူအုပ်က တစ်ယောက်စီထ မိမိနာမည်ပြောကြသည်....ဘေးမှ သူငယ်ချင်းများ တစ်ယောက်ရပ်လိုက်သည်နှင်. သူ.ငယ်နာမည်ကို ၀ိုင်းအော်ကြသည်...ငယ်ကျိုးငယ်နာကိုဖော်ကြသည်...အအော်ခံ အဖော်ခံရသူတို.ကလည်း အပြစ်မမြင်....မျက်နှာတွင် ကျေနပ်မှု ပိတီလေးတွေတောင်မြင်နေရသည်...အချို.ကတော. ဆရာမ တို.နှင်. တအားရင်းနှီးသူများ ရှိသလို အချို.ကျတော.လည်း သာမာန် ဆရာတပည်. ...ထိုအထဲတွင်မှ ယခုတိုင် တစ်ဦးတည်း ဘ၀ကိုလျှောက်လှမ်းနေရဆဲ အမျိုးသမီး လတ်များ ဆိုလျှင်တော. အသံများ ပိုဆူညံ လာကြသလို အပျိုကြီး ဆိုသော ဂုဏ်ပုဒ် ကိုဖော်ထုတ်ချီးကျုးကြခိုက် သူတို.မှာ ရှက်ဟန်ဝဲ၀ဲ.......


တကယ်က ခု အခမ်းအနားလေးသည် ၀ါးခယ်မ အထက၁ ဆရာကန်တော.ပွဲ ၏နောက်ဆက်တွဲ အစီအစဉ်ဖြစ်ပြီး အကန်တော.ခံ သတ်မှတ်စဉ်းမျဉ်း များအတွက် လိုအပ်ချက်တို.ရှိနေသော်လည်း ကန်တော.သင်.သည်ဟု အားလုံးက (ကော်မတီအပါအ၀င်) သဘောတူဆုံးဖြတ်ကာ အခြားကန်တော.ခံ ဆရာကြီး/ဆရာမကြီးတို. အားကန်တော.သည်. အနေအထားအတိုင်း ဆရာမ ဒေါ်အေးသန်း ၊ဆရာမ ဒေါ်နွယ်နွယ်၊ဆရာမ ဒေါ်အေးအေးသင်း၊ဆရာမ ဒေါ်စန်းစန်းရီတို.ကို ကျောင်းသားများက ကျောင်းကြီးဆရာကန်တော.ပွဲ အခမ်းအနား အပြီး တစ်ဆက်တည်း  ဆရာမဒေါ်အေးသန်း အိမ်တွင် စုကန်တော.ကြခြင်းဖြစ်သည်...


မကန်တော.ခင် ဆရာမများကို ကျောင်းသား/ကျောင်းသူ ဟောင်းများက တစ်ဦးစီကိုယ်တိုင်ထ မိတ်ဆက်ကြသည်...အချို.ကိုတော. မထင်မှတ်လောက်အောင်ပင် ဆရာမတို. သေသေချာချာ အသေးစိပ်မှတ်မိနေကြသေးသည်....လှေကားနားတွင် အခမ်းအနားကို ငေးကြည်.နေကြသော ဆရာမ၏ တပည်. လက်သစ်လေးများဖြစ်ဟန် တူသူတို.က ပြောသည်တဲ့ သူတို.လက်ထက်ကျလည်း ခုလို ဆရာကန်တော.ပွဲမျိုး ကြီးကြီးကျယ်ကျယ် ခမ်းခမ်း နားနား စည်ကားအောင်ပြုလုပ်မည်ဟု ပြောသည်တဲ့ ..ထိုစကားကို ဆရာမဒေါ်အေးသန်းပြောတော. မျက်ဝန်းတို.ထက် သူတပည်.တို.၏ အတုယူစိတ်ကို ကျေနပ်နေမှုက မြင်သာထင်သာ ရှိလှသည်...ဒါပဲဖြစ်သည်.......ယခုလို ရှေ.ဆောင်လူတို. လုပ်ပြလိုက်ခြင်းသည် နှောင်းလူတို.ရင်ထဲ စွဲငြိစရာဖြစ်သွားခြင်းကပင် ကောင်းမွေများစွာတို.ကို ပါးစပ်ကပြောနေစရာ မလိုပဲ ရင်ထိ ဒုတ်ဒုတ်ထိ ရောက်သွားစေသော နည်းမှန်ဖြစ်သည်....သေချာသည်  ..ထိုကလေးတို.ရင်ထဲ ယခုလိုဆရာကန်တော.ပွဲများစွာအတွက် (အနာဂတ်အတွက်) သံမှိုနှက်ပြီးသား ဖြစ်နေပေလိမ်.မည်.......

ပြီးနောက်တော. ဆရာမများက သြ၀ါဒ စကားများပြောကြသည်....ဆရာမ ဒေါ်နွယ်နွယ်ကတော. စာပေရေးသားလေ.ရှိသလို စာပေ၀ါသနာ၇ှင် တစ်ဦးဖြစ်သော်လည်း စကားတော. သိပ်များများမပြော...ပုံမှန်အတိုင်း ဖြစ်ရသည်. ပီတိ နှင်.ကျေနပ်မှုတို.အတွက် ပြောကြားသွားခဲ့သည်....ထို.နောက် ဆရာမ ဒေါ်အေးအေးသင်း ...ဆရာမကတော. သူ.အနေနဲ. လက်ရှိ အထက ၂ တွင်ကျောင်းအုပ်တာဝန် ယူထားရသော ကျောင်းအုပ်ဆရာမကြီး တစ်ဦးဖြစ်နေသော်လည်း ယခုတပည်.တို.က ယခင်မိမိတို.နှင်.တွေ.ဆုံသင်ကြားခိုက်သုံးနှုံးသည်.အတိုင်း ဆရာမ ဟူသောအခေါ်အဝေါ်ကို သဘောကျပါကြောင်း...ယခုလုပ်ရပ်မျိုးအတွက်လည်း ကျေနပ်ပီတိ ဖြစ်ရပါကြောင်း ပြောကြားသွားခဲ့သည်။ထို.နောက် ဆရာမ ဒေါ်စန်းစန်းရီ အလှည်. ...ဆရာမကတော. ၀ါးခယ်မ အထက ၁ တွင် ဆရာကန်တော.ပွဲ လုပ်မည်ဟု သတင်းကြားစဉ်က မိမိတို.ပါမည်ထင်ကြောင်း သို.သော် တာဝန်ထမ်းဆောင်ဆဲဖြစ်နေသဖြင်. စိတ်ထဲ မည်သို.ဖြစ်မည်မသိကြောင်း...သတင်းစာထဲ ပါလာတဲ့ အချိန်မှာတော. မိမိမပါနိုင်တော.သည်ကို သိရသည်.အတွက် စိတ်ကိုဒုံးဒုံးချလိုက်ရပါကြောင်း....သို.သော်...မိမိထံ ဖိတ်စာလာပို.ပြီး အစီအစဉ်ကို ရှင်းပြချိန်မှာတော.......................................
ဆရာမ လုံးဝ စကားဆက်မပြောနိုင်တော.
ရင်ထဲရှိဆို.နင်.လာသော ပိတိ နှင်.စိတ်လှုပ်ရှားမှုကို အနိုင်နိုင်ထိမ်းနေရသည်...
တပည်.အားလုံးလည်း တိတ်ဆိတ်နေသည်
အိမ်လေးတွင်း၇ှိ လူအားလုံး အပ်ကျသံကြားရအောင် တိတ်ဆိတ်နေပြီး ဆရာမ ဆက်မပြောနိုင်တော.သော ရင်ထဲက စကားလုံးတို.အသံကို ဆက်နာခံနေကြသည်..........စိတ်မခိုင်သူတို. မျက်တောင်ပုတ်ခတ် ပုတ်ခတ် ပြုနေကြရပြီ..........
ဆရာမ စကားဆက်ပြောဖို. တစ်ကြိမ်ကြိုးစားသည်..မရ
နောက်တစ်ကြိမ် ထပ်ကြိုးစားသည်..မရ
ရင်တွင်းပီတိနှင်. ခံစားမှုတို.ကို ဦးနှောက်ကစကားလုံးအဖြစ်ပြောင်းမ၇နိုင်တော.သည်.အဆုံး ထိုင်ချလိုက်ရသည်.............


 ပွဲ၏ Tempo ကား တက်လာနေပြီဖြစ်သည်... ရောက်ရောက်ချင်း ပြောမ၀ ငြင်းမကုန် ဖြစ်နေကြသူတို. တိတ်ဆိတ်ခြင်းဆီ ကူလူးနေကြပြီဖြစ်သည်...ဆရာမ ဒေါ်အေးသန်းအလှည်.
ဆရာမက Feeling မတူသည်. Plot တစ်ခုဘက် ခပ်သွက်သွက် ပြောင်းလိုက်သည်...
သူမဘ၀ ဇာတ်ကြောင်းနှင်. စဖွင်.လိုက်သည်...
ငယ်စဉ်က ကျောင်းသူဘ၀ ဒိဆရာမလောက ဆိုတာချည်း လုံးဝစိတ်မ၀င်စားခဲ့ပုံ....ထိုစဉ်က ဆရာမများကိုတွေ.လိုက်ရလျှင် ၀တ်စားဆင်ယင် ရာမှာ ကိုယ်ကိုကိုယ်ဂရုမစိုက်အားပဲ ကျောင်းတာဝန်..အိမ်.တာဝန်တို.ကြောင်. အမြဲ ဗိုသီ ဗတ်သီ..ဖရိုဖရဲ နှင်. ထီးအပျက်တစ်ချောင်း ဆွဲခြင်း တစ်လုံးနှင်. ဘယ်လိုမှ  တွေးကြည်.ချင်စရာ မကောင်းကြောင်း.....သို.သော် ဆရာမ ဒေါ်ဝင်းတင်. ကိုစတွေ.စဉ်က တော. ဆရာမဆိုတာ ဒီလိုလည်း ရှိပါလားဟု သတိထားမိကြောင်း လှလှပပ ၀တ်ဆင် ဆွဲခြင်းလှလှလေး နဲ. လက်ကိုင်ပ၀ါလေး ခါးကြားထိုး စက်ဘီးစီးရင်းကျောင်းသွား သည်.မြင်ကွင်းကိုတော. သတိထားမိကြောင်း...သို.သော်လည်း ဆရာမ လုပ်မည်ဟုတော. ဘ၀မှာ ယောင်လို.တောင်မတွေးမိကြောင်း....သို.သော် ဆယ်တန်းအမှတ် ဆေးမှီရန် အနည်းငယ်အလိုတွင်တော. မည်သို.ဖြစ်သည်မသိပဲ ပညာရေးလောကအတွင်း ၀င်ရောက်သွားမိကြောင်း...........ဆရာမ ဖြစ်လာတော.လည်း ကိုယ်.တာဝန်ကိုယ်ကျေပြွန်ချင်သည်.စိတ်....ပညာကိုတန်ဖိုးထားသည်.စိတ်..တပည်.များကို တတ်စေလိုသောစိတ် တို.ဖြင်.သာ သင်ကြားနေထိုင်လာရသော်လည်း မိမိအလုပ်ကို ပျော်ပိုက်နှစ်ခြိုက် လှသည်မဟုတ်ပဲ လုပ်ဆောင်နေကျအတိုင်းသာ လုပ်ဆောင်နေခဲ့သည်ဖြစ်ကြောင်း........
သို.သော်............
ဆရာမ ဖြစ်ရတာ..ဆရာမလုပ်ရတာ...ဆရာမ လုပ်လိုက်မိတာအတွက် ကျေနပ်မိ..ကြည်နူးမိ..ပျော်မွေ.သွားခဲ့မိသည်.အချိန် ကိုတော. ပြီးခဲ့သည်. နှစ်ပိုင်းကမှ တွေ.လိုက်ရကြောင်း
ထိုစဉ်က မိမိ ဆိုင်ကယ်တိုက်ခံရချိန် ....ထိုအချိန်မှစ ၀ါးခယ်မဆေးရုံပေါ်ရောက်....၀ါးခယ်မ ဆေးရုံမှ ၇န်ကုန်ဆေးရုံရောက်...ပြီးတော.အိမ်အပြန် ထိအားလုံးကူညီ..ပံ.ပိုး..ဖေးမ..စောင်.ရှောက်..အားပေး..စိတ်ပူ  ပေးကြသော နယ်ပယ်စုံ နေရာစုံ အခြေအနေစုံ မှတပည်.ဟောင်းတို.၏ လုပ်ဆောင်မှုများက မိမိ ဆယ်စုနှစ်များနှင်.ချီ၍ လုပ်ခဲ့သော အလုပ်တို.ကို ကျေနပ်သွားစေကြောင်း..ပျော်ရွှင်သွားစေကြောင်း.................
ရပ်သွားပြန်ပါပြီ
ဆရာမလည်း စကားတို.ကို ဆက်မပြောနိုင်တော.ပါ
သိထားသည်က ၀မ်းနည်းပူဆွေးကြေကွဲမှုတို.ကသာ လူတို.ကိုဆွံ.အသွာစေနိုင်သည်ဆိုသော်လည်း ယနေ.အဖို.တော. ဆို.နင်.ပိတိ တို.၏ စွမ်းအားတို.ကို မြင်နေရသည်....အားလုံး ဆရာမ၏ ပိတိကို တိတ်ဆိတ်စွာ မျှဝေခံစားနေကြသည်...ခုန ပုတ်ခတ်ပုတ်ခတ် လုပ်၍ထိန်းထားရသော မျက်ဝန်းတို. မရတော. ..........သို.သော် တိတ်ဆိတ်ကျေနပ်မျက်ရည်စများ အဖြစ်သာ....................
မိမိတို.၏ သိတတ်မှု အတွက် ဆရာမတို.ရင်တွင်း ဤမျှထိရောက်ရှိခဲ့ကြခြင်း အတွက် အားလုံးဆို.နင်.စွာ ကျေနပ်နေကြသည်...တိတ်ဆိတ်စွာ ခံစားနေကြသည်...........ဆရာ နှင်. တပည်.တို. ရင်ချင်း ထင်းထင်းမြင်နေကြရသည်............မိမိတို.၏ အနည်းငယ်သော ပင်ပန်းမှု..အနည်းငယ်သောထောက်ပုံနိုင်မှု..အနည်းငယ်သောအလုပ်အကိုင်..အနည်းငယ်သော ပြောဆိုကူညီခြင်း တို.၏ သက်ရောက်မှု ပမာဏ ဤ မျှကြီးသွားလိမ်.မည်မထင်..........
အားလုံးစိတ်ထဲ မပြောပဲ တူညီဆုံးဖြတ်ချက် ချဖြစ်ကြသည်....
မိမတို.ဆရာကြီး/ဆရာမကြီးများအတွက် လူအား..နှုတ်အား..အကြံဥာဏ်အား တတ်နိုင်သလို အစွမ်းကုန် ကူညီထောက်ပံ.နိုင်ကြဖို.  ...ခုလိုဆရာကန်တော.ပွဲမျိုးတွေ ဖြစ်နိုင်ရင် တစ်နှစ်မပြတ် ဆက်တိုက်လုပ်ကိုင်နိုင်ကြဖို. .................


ထို.နောက်တွင်တော. ပုံမှန် ကန်တော.ပွဲ တစ်ခု၏ အခင်းအကျင်းအတိုင်း ကန်တော. ဆုတောင်း နှုတ်ဆက် အိမ်ပြန်................................
တိုက်ဆိုင်တာလေးတစ်ခု ရှိသည်က (ဆရာမဒေါ်စန်းစန်းရီကိုတော.မသိပါ) ကျန်ဆရာမ ၃ ဦးလုံးက ယခုတိုင် ဘ၀ကို Single Passing လုပ်နေကြသူများဖြစ်ပါသည်.............





No comments:

Post a Comment