Tuesday, February 19, 2013

ဘဲချောင်းရွာက ထူးဆန်းသော ကုက္ကိုလ်ပင်

ဝါးခယ်မ-ကျုံမငေး ကားလမ်းဘေး ဘဲချောင်းရွာအနီး စေတီ တစ်ဆူ
 ဘဲချောင်းရွာသည် ဧရာဝတီ မြစ်လက်တက် တစ်ခု၏ ကမ်းနဖူးတစ်လျှောက် အရှေ.နှင်. အနောက်တန်းလျှက် တည်ရှိနေသည်. ရွာတန်းရှည်ဖြစ်ပြီး ၀ါးခယ်မ မြို.နယ်အတွင်း တည်ရှိကာ အိမ်ခြေ ၁၁၀ ခန်. ရှိသည်။ဝါးခယ်မမြို.နှင်. ၁၃ မိုင်ကွာဝေးသော ကျုံမငေးမြို.သို.သွားရာကားလမ်း အနီး၌ ရှိ၍ စည်ကားသည်။
အရှေ.နှင်. အနောက် ရွာလယ်လမ်းကို ရွာသူရွာသားများ ကိုယ်ထူကိုယ်ထ စနစ်ဖြင်. ငါးပေကျယ်သော ကွန်ကရစ်လမ်းဖော်လုပ်ထားရာ ရှစ်မျက်နှာစေတီနှင်. အ-လ-က ကျောင်းရှေ. တစ်ဖြတ်သာ ခင်းရန်ကျန်တော.သည်။ထိုလမ်းပိုင်းကို ဆက်ခင်း၇န်မှာ ပင်စည် လူနှစ်ဖက်စာခန်.ရှိ နှစ်၁၀၀ခန်.သက်တမ်းရှိပြီဖြစ်သော ကုက္ကိုလ်ပင်ကြီး ခံနေသည်။
 ထိုအပင်ကြီးတွင် နှစ်စဉ်တပို.တွဲ လရောက်တိုင်း မည်သည်.နေရာက လာသည်မသိသော ငှက်ကြီးဝန်ပိုလိုငှက်ကြီးများ အကောင်လေးငါးဆယ်ခန်. လာရောက်နားခိုကာ အသိုက်လုပ်လေ.ရှိသည်ဟုဆိုသည်။ယခုနှစ်တွင် မိုးဒါဏ် လေဒါဏ် ကြောက်ရ၍ ထိုကုက္ကိုလ်ပင်ကြီး၏ အုပ်ဆိုင်းနေသည်.အကိုင်းများ ကိုရွာသားများကချိုင်ခဲ့ကြပြီူး ယခုတစ်ဖန်လမ်းနှင်.မလွတ်၍ အပင်ကြီးကို ခုတ်လှဲသင်. မလှဲသင်. အစည်းအဝေးပြုလုပ်သောအခါ ခုတ်လှဲ၇န် ဆန္ဒရှိသူများက အများစုဖြစ်သဖြင်. ခုတ်လှဲ၇န်ဆုံးဖြတ်ခဲ့ကြသည်။ 
Photo from Linlin Nge @ SS Avenue of WKA -Facebook
 သို.ဖြစ်၍ သစ်ပင်ခုတ်ယူမည်.သူများအား ငွေကျပ်တစ်သိန်းဖြင်.ရောင်း၍ ထိုသူတို. ခုတ်ယူကြရန် ဆွေးနွေးသဘောတူလိုက်ကြသည်။ထိုညတွင်ပင် ကျေးရွာအုပ်ချုပ်ရေးမှုး ဦးမင်းအောင်ကို လည်းကောင်း ၊ရပ်ကျိုးရွာကျိုး ဆောင်ရွက်နေသူ ကိုကျော်လွင်ကိုလည်းကောင်း ငါဒုက္ခရောက်သလို မင်းတို.လည်း ဒုက္ခရောက်စေ၇မယ်။ငါငိုသလို မင်းတို.လည်း ငိုရမယ်ဟု ထူးဆန်းစွာ အိမ်မက်လာပေးကြောင်း ၊ကျုံမငေးမြို. မြတ်စွယ်တော်ကျောင်း ပရိယတ္တိစာသင်တိုက် နာယက ဆရာတော် ဘဒ္ဒန္တ ပညာဇောတိက လည်း တရားဟောရင်း ဒီအပင်ကြီးကိုမခုတ်ကြပါနဲ. မလုပ်ကောင်းဘူး ဟုမိန်.ကြားခဲ့ကြောင်း ၊သို.ဖြစ်၍ အဆိုပါကုက္ကိုလ်ပင်ကြီးကို ခုတ်လှဲခြင်းမပြုတော.ပဲ ကွန်ကရစ်လမ်းကို အပင်ကြီး အားဝိုက်၍ ခင်းသွားရန် စီစဉ်နေပြီဖြစ်ကြောင်း ဘဲကျောင်းရွာဘုနိးတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တ ၀ရသာမိ နှင်.ကျေးရွာဖွံ.ဖြိုးေ၇းကို ရှေ.တန်းမှ ဆောင်ရွက်နေသူ ဦးကျော်စိုး (အလယ်တန်းကျောင်းအုပ် -ငြိမ်း) တို.က ၅-၂-၂၀၁၃ နေ.ကပြောပြလိုက်သည်.

MTR

(၂၀၁၃ ဖေဖ၀ါရီ ၂၁ ရက်စွဲဖြင်.ထုတ်ဝေသော ပြည်မြန်မာ ဂျာနယ် မှ မူရင်းသတင်း စာသားအတိုင်းသာဖြစ်သည်)

No comments:

Post a Comment