Tuesday, February 19, 2013

တစ်ချိန်ကပြက္ခဒိန် ဘုရင်မ ၀ါးခယ်မသူ မင်းသမီး တစ်ဦး

ဝါးခယ်မ တစ်ဖက်ကမ်း ရွာသစ်သား တို.က ငါတို. ဆီက မင်းသမီး ဟု တခုတ်တရ ပြောလေ.ရှိကြသော ...ဂုဏ်ယူကြသော သူမကို ဥိးသန်း..ဒေါ်ညို တို.မှ ၁၉၅၄ တွင် မွေးဖွားခဲ့သည်...



၁၀ တန်းကိုတော. ရန်ကုန်မြို.၏ နာမည်ကျော် အမျိုးသမီးကျောင်း တစ်ခုဖြစ်သော အ-ထ-က ၂ လသာ မှအောင်မြင်ခဲ့သည်....အေ၀မ်းဦးတင်မောင်.. မြဇော် ဦးမြမောင် တို.သည် ရုပ်ရှင် ဆရာရင်းများ ဖြစ်ကြသည်... ၁၉၇၃ တွင် သမန်းကျား တိုးညွန်. ရိုက်ကူးသော သပွတ်အူ ဇာတ်ကားတွင် ပထမဆုံး ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင် ရိုက်ကူးခွင်. ရခဲ့သည်... သူမသိ ငါပိုး....ချစ်သမျှ...နှစ်လုံးသားနဲ. စစ်တာဝန်...မိန်းမ နှင်.ယောင်္ကျား စသည်. ကားပေါင်း ၇၀ ကျော် ရိုက်ကူးခဲ့သည်. အနက် ယခုခောတ် အထိ အားလုံးလိုလို သိကြအောင် နာမည်ကြီးသော ပျဉ်းမငုတ်တို ဇာတ်ကားတွင် ကျော်ဟိန်း..ကောလိပ်ဂျင်နေ၀င်း..နွဲ.နွဲ. မူတို.နှင်. တွဲဖက် သရုပ်ဆောင်ခဲ့သည်(ထိုကား၏ ဇာတ်ကားဖြစ်မြောက်ရေး တာဝန်ခံတွင်လည်း ၀ါးခယ်မ အုန်းကျော် ဆိုသူတစ်ဦးပါဝင်သည်ကို စာတန်းထိုးထားသည်ကိုတွေ.ရပါသည်)...ဗိုလ်ကလေး တင်.အောင်.. ၀ါးခယ်မသား စန္ဒရား လှထွတ်..စန္ဒရား ဦးတင်လှ..ဒေါ်မေကြော.ရှင်း တို.သည် သူမ၏ ဂီတ ဆရာ ရင်းများဖြစ်ကြသည်...လူကောင်သေးသေးနှင်. ချစ်စဖွယ် ဟန်ပန် တို.ကြောင်. နာမည်ကျော်ခဲ့သော သူမ သည် ၁၉၇၄ မှ နှစ်ပေါင်း ၂၀ နီးပါးခန်.ထိ နှစ်စဉ် ပြက္ခဒိန် ..မျက်နှာဖုံး ၂၀၀ ခန်.ထိ ရိုက်ကူးရသဖြင်. ပြက္ခဒိန် ဘုရင်မ ဟုပင် သူမ၏ ခောတ်က နာမည်ရခဲ့သည်...သူမ၏ နာမည်ကျော် စတိုင် တစ်ခုမှာ ဆံပင်ကို ဆံမြိတ်ချ ဘေးတစ်စောင်းပုံ (အောက်တွက်ပါသောပုံ) ဖြစ်သည်...ခင်ပွန်းသည်မှာ ဦးဝင်းမြင်. (ဦးဝင်းပိုင်) ဖြစ်ပြီး သမီးနာမည်ကတော. ဂျုးဂျုးစံဖြစ်ပါသည်....

ဝါးခယ်မနွယ်ဖွား နာမည်ကျော် အနုပညာရှင် တစ်ဦးအဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ ဖော်ပြအပ်ပါသည်..


သူမပါဝင် သရုပ်ဆောင်ထားသော ပျဉ်းမငုတ်တို ရှပ်ရှင်ကို ဤ Link တွင် သွားရောက်ကြည်.ရှုနိုင်ပါသည်
 http://www.hantunlwin.net/PlayMovie/13097/1/=

အချက်အလက်တို.ကို ရွှေရတု မဂ္ဂဇင်းမှ အဓိက ရယူပါသည်..

No comments:

Post a Comment