Sunday, February 17, 2013

ဂမ္ဘီရ ၀ိဥာဏ် ရှင် ဟယ်ရီလင်း

မန္တလေးမြို့ ပုဏ္ဍားကုန်းဇာတိဖြစ်သူ ဟယ်ရီလင်းသည် ငယ်စဉ်ကတည်းကပင် မန္တလေးမြို့ အပျော်တမ်း မြိုမတူရိယာအသင်းနှင့် ဧဒင်ဂီတ၀ိုင်းတို့တွင် သီဆိုခဲ့သူဖြစ်သည်။


၁၉၈၆ ခုနှစ်ခန့်က မန္တလေးရှိ ဂီတ၀ါသနာရှင် လူငယ်များဖြစ်သည့် လေးဖြူ၊ ပီလွန် (အောင်နိုင်)၊ ကိုမြ၀င်း တို့နှင့် ပူးပေါင်းကာ Cepheus (စင်္ကြ၀ဠာမီးပြတိုက်) တေးဂီတ၀ိုင်းကို တည်ထောင်ခဲ့သည်။
ထိုနောက် ပန်းချီနှင့် တေးရေးဆရာ ဝေချစ်ကို (သော်ဒီဝေ) နှင့် တွဲဖက်ကာ သော်ဒီဝေ၏ “ကြိုက်သလို နေနိုင်တယ်” ဟဲဗီးမက်တယ်တေးစုကို ပထမဆုံး ဖန်တီးခဲ့သော်လည်း ဖြန့်ချိခါနီး  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရက ငွေစက္ကူများ တရားမ၀င် ကြေညာလိုက်ရာ အစီအစဉ်များ ပျက်ပြားခဲ့ရသည်။


 ထို့အတွက် အနုပညာသမား တယောက်၏ မျှော်လင့်ချက်များ သဲထဲရေသွန် ဖြစ်ခဲ့ရသည်ဟု ထိုစဉ်က ထုတ်လုပ်သူလည်းဖြစ်သူ တေးရေး သော်ဒီဝေက ဆိုသည်။
“သူကြောင့်ကိုယ် ဖြစ်လာတယ်၊ ကိုယ်ကြောင့် သူဖြစ်လာတယ်လို့ မဆိုချင်ပါဘူး။ ဒါပေမယ့် ကျနော် တေးရေးဆရာ ဘ၀ကိုတော့ သူနဲ့စခဲ့ရတယ် ဆိုတာကိုတော့ ငြင်းမရပါဘူး” ဟုလည်း တေးရေး သော်ဒီဝေက ပြောသည်။
ဟယ်ရီလင်းမှာ ဂီတလောကသို့ ၀င်ရောက်မှုတွင် သူငယ်ချင်းဖြစ်သူ လေးဖြူ ထက် စောသည်ဟု ဆိုနိုင်သော်လည်း ကံတရား ဟုဆိုနိုင်သော အကြောင်းအမျိုးမျိုးကြောင့် အချိန်နှင့် အနုပညာ လွဲချော်ခဲ့ရသူဟု ဆိုချင်ကြောင်း ဟယ်ရီလင်း၏ အနုပညာဖြတ်သန်းမှုနှင့် ပတ်သက်၍ တေးရေး သော်ဒီဝေက သုံးသပ်သည်။


 ပထမစီးရီး ပျက်ပြားခဲ့ရပြီးနောက် မန္တလေးမြို့၌ ပြန်လည် နေထိုင်စဉ်မှာပင် တေးရေးဆရာ ၀င်းမင်းထွေး၏ “ဟယ်ရီလင်း၏ ဟယ်ရီလင်း” တေးရေးစီးရီးကို ထုတ်လုပ်ခဲ့သည်။ ယင်းတေးစီးရီးပါ အဆိပ်ငွေကြေး သီချင်းမှာ လူကြိုက်များခဲ့သည်။
“အဲဒီတုန်းက ညဆိုရင် မန်းလေးတက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေး (IR) အဆောင်တွေဘက်မှာ ဟယ်ရီလင်းကဆို လေးဖြူက ဂစ်တာတီးနဲ့ ကျနော်တို့ သုံးယောက် အဲဒီစီးရီးအတွက် လေ့ကျင့်ခဲ့ရတာ” ဟု တေးရေး နိုင်းနိုင်က ဆိုသည်။
ဟယ်ရီလင်းမှာ လွန်ခဲ့ ၅ နှစ်ခန့်ကတည်းက ကျန်းမာရေး ချွတ်ယွင်းလာသည့်အတွက် သီချင်းသီဆိုမှုများ ရပ်ဆိုင်းထားခဲ့သည်ဟု သိရသည်။


သူ.ရဲ.အောင်မြင်တဲ့ တေးတစ်ချို.ကို ရေးခဲ့တဲ့ တေးရေးဆရာ ၀င်းမင်းထွေးကတော. ဟန်ဆောင်လောကကြီးထဲကနေ ရိုးသားပွင်.လင်းတဲ့ ရော.ခ်ဂီတ သီးသန်. အဆိုတော် တစ်ယောက် ထွက်သွားတဲ့ အတွက် အစားထိုးမရတဲ့ ကွက်လပ် တစ်ခုလို.သုံးသပ်ပါတယ်

ဂိတ အမျိုး အစားသစ်တွေ ပေါ်လာပေမယ်. သူဟာ ရော.ခ် ဂီတမှာပဲ ရပ်နေတော.မယ်..ရော.ခ် ကလွဲရင် ဘာမှ မဆိုချင်ဘူးလို. ပြောဖူးကြောင်း အဆိုတော် သျှီ က အမှတ်တရ ပြောပါတယ်

ပြီးခဲ့တဲ့ ၂ နှစ်လောက်တည်းက အသည်း နဲ. နှလုံးကြောင်.ကျန်းမာရေး မကောင်းခဲ့ပေမယ်. လာမယ်. မတ်လမှာ လုပ်မယ်. မန္တလေးသား အဆိုတော်တွေရဲ. သီးသန်.ဖျော်ဖြေပွဲမှာ ဆင်နွဲဖို. အားခဲထားခဲ့တာလို.သိရပါတယ်...


 သူ၏ထင်ရှားသော တေးစီးရီးများမှာ ဟယ်ရီလင်း၏ ဟယ်ရီလင်း၊ နောက်လူ မြည်းရင် ချိုပါစေ၊ ကျောက်ခေတ်၏ နောက်ဆုံးနေ့၊ ဂြိုလ်သားတယောက် စသည်တို့ ဖြစ်သည်။
မြန်မာ့ရော့ခ်ဂီတ ရေစီးကြောင်းတွင် ရဲသွင်၊ လေးဖြူ၊ ဟယ်ရီလင်း တို့သည် ခေတ်ပြိုင်ဟု ခေါ်နိုင်ပြီး အပြင်းစား ရောခ့်သီချင်းများကို သီဆိုသူဟု နာမည်ကြီးသော်လည်း ပလေးဘွိုင်း သန်းနိုင်နှင့် အယ်လ်ခွန်းရီ၏  မငိုနဲ့မောင်မောင်၊ မင်းမင်းလတ်၏ ငါတောင်းချင်တဲ့သီချင်းစာရင်း စသည်တို့ကို ဟယ်ရီလင်း ပြန်လည်သီဆိုရာတွင် အေးအေးငြိမ့်ငြိမ့်ဟန်ဖြင့် သီဆိုထားရာ လူကြိုက်များခဲ့သည်။


 ၅.၂.၂ဝ၁၃ ရက်နေ့ ညနေ (၄းဝဝ) နာရီ  ရန်ကုန်မြို့၊ ကျောက်မြောင်းနေအိမ်၌ ကွယ်လွန်အနိစ္စရောက်ချိန်တွင် ဇနီးသည်နှင့်အတူ သားတယောက်၊ သမီးတယောက် ကျန်ရစ်ခဲ့သည်။
တေးသံရှင် ဟယ်ရီလင်း၏ ကြွင်းကျန်ရစ်သည့် ရုပ်ခန္ဓာအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နေအိမ်သို့ သွားရောက်သယ်ယူပြီး ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ကူညီ ပံ့ပိုးပေးခဲ့သည်။
 

 ဂိတလောက သားများက ကို ဃ ဟုခေါ်သော ရော.ခ် အဆိုတော်ဟယ်ရီလင်း@ဦးထွန်းမြင်.ဦး  အသက် ၅၂ နှစ် ၏ ဈာပနအခမ်းအနားအား
၇.၂.၂ဝ၁၃ ရက်နေ့ ညနေ (၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စီစဉ်ဆောင်ရွက် ကူညီပေးခဲ့ပြီး တေးသံရှင် ဟယ်ရီလင်း၏ နောက်ဆုံးခရီးအား လိုက်ပါပို့ဆောင်ခဲ့ကြသော မိသားစုဝင်များ၊ အနုပညာလုပ်ဖော် ကိုင်ဖက်များ၊ တေးချစ်ပရိသတ်များအား ထာဝရ ခွဲခွာသွားပြီဖြစ်သော်လည်း သူသီဆိုခဲ့သည့် တေးသီချင်း များသည် တေးချစ်ပရိသတ်များတို့၏ ရင်ထဲတွင် အစဉ်ထာဝရ တည်ရှိနေမည် အမှန်ပင်ဖြစ်တော့သည်။  


အောက်ပါ Link မှာ ဟယ်ရီလင်း၏ နာရေး အခမ်းအနား Video File ဖြစ်ပါသည်။
http://www.youtube.com/watch?v=V8Pa4vxFaDw&feature=player_embedded

ဟယ်ရီလင်း၏ သီချင်းအချို.
သူ.ရဲ. ပထမဆုံးသွင်းယူပြီးမထွက်ဖြစ်သော အိမ်မက်မီးရထား ၁၉၈၆
http://www.youtube.com/watch?v=U5S4M7zUMXs
သူ၏ နာမည်ကျော် ဂမ္ဘီရ ၀ိဥာဏ် သီချင်း 
http://www.youtube.com/watch?v=N1fe8V4YOfI
နာမည်ကျော် အဆိပ်ငွေကြေး  
http://www.youtube.com/watch?v=4B00r8Om-ig
သီချင်းအချိုလေး တစ်ပုဒ်ဖြစ်သော ချောရယ်
http://www.youtube.com/watch?v=tZ0SobK-kdc

Sourceး  BBC ,Shwedarlin,ဧရာဝတီ Blog ,DVB

No comments:

Post a Comment