မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် နည်းပြ၏သင်ကြားမှုများကို အကြိမ်ကြိမ် ဝေဖန်ပုတ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အပြင် အသင်း၏အုပ်ချုပ်သူနှင့် နည်းပြအဖွဲ့ဝင်များအပေါ် ရိုင်းပြစွာပြုမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပဏာမမြန်မာ့လက်ရွေးစင်အသင်းမှ ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။
Photo by ဧရာဝတီ |
ထိုသို့သော အပြုအမူများကြောင့် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၎င်းအား စည်းရုံးမှုများ ပြုလုပ်ခဲ့သော်လည်း လိုက်နာမှုမရှိကြောင်း သိရသည်။
အဆိုးဆုံးအနေဖြင့် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းလေ့ကျင့်ရေးကွင်းမှ ပြန်လာချိန်တွင် နည်းပြများရေးဆွဲထားသည့် တစ်နေ့တာ အချိန်ဇယားဘုတ်ပေါ်၌ အုပ်ချုပ်သူနည်းပြများအပေါ် ရိုင်းပျစော်ကားသည့် အဓိပ္ပာယ်သက်ရောက်သော စကားလုံးများကို ရေးသားခဲ့ခြင်းကြောင့် နည်းပြချုပ်က ယခုကဲ့သို့ အသင်းမှ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပဏာမလက်ရွေးစင် နည်းပြအဖွဲ့ဝင်များ၏ သဘောထားထုတ်ပြန်ချက်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
အသင်းနည်းပြချုပ်ပက်ဆောင်ဟွာကမူ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
ယခုလေ့ကျင့်မှုများပြုလုပ်နေသော ပဏာမမြန်မာ့လက်ရွေးစင်အသင်းသည် မတ်လ ၂ ရက်တွင် ယှဉ်ပြိုင်မည့် AFC Challenge Cup ခြေစစ်ပွဲအတွက် ရည်ရွယ်၍ လေ့ကျင့်နေခြင်းဖြစ်သည်။
7DayNewsJournal
No comments:
Post a Comment