Friday, February 15, 2013

ဧရာဝတီ FC နှင်. BEC Tero Sasana တို.ခြေစမ်းပွဲ

၂၀၁၃ ရဲ. ချစ်သူများနေ.မှာ သုဝဏ္ဏကွင်း အတွင်း ကန်ခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာတော. လက်ရွေးစင်ကိုပေးထားရတဲ့ အသင်းရဲ. အဓိက ကစားသမား ၄ ဦး..ဒါဏ်ရာရနေတဲ့ နိုင်ငံခြားသား ၂ ဦးမပါပဲ ယိုးဒယား ကလပ်ကို ရင်ဆိုင်ခဲ့ပါတယ်....ဂိုးသမားအဖြစ်ကတော. လူငယ်အသင်းက အောင်မင်းခန်.ပဲ ပွဲထွက်လာပြီး ထူးကျော်ကို ထည်.သွင်းကစားခဲ့ပါတယ်..ဟိန်းသီဟဇော်..ကျော်ဇေယျာဝင်း..နေလင်းအောင်..အောင်ကျော်မျိုး..ဒေါမနစ်..မျိုးဇော်ဦး..လီအန်ဒရို...နန္ဒ္ဒလင်းကျော်ချစ် ..စိုးကျော်ကျော် တို.ပါဝင်ကစားခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် နေလင်းအောင် တာဝန်ယူပါတယ်....မိနစ်၅၀ ကျော်မှာ အောင်ကျော်မျိုးအစား သီဟဇော်..နန္ဒအစား နေလင်းထွန်းတို. ၀င်ကစားခဲ့ပြီးမိနစ် ၇၀ ၀န်းကျင်မှာ စိုးကျော်ကျော် အစား ကောင်းမြတ်ဟန်၈၁မိနစ်မှာ လီအန်ဒရိုအစား ဖြိုးဝေစံ ထည်.သုံးခဲ့ပါတယ်...
MNL ပွဲစဉ်၅ အပြီး ရဂိုး ၅ ပေးဂိုး၆ အဆင်.၇ နဲ.စီနီယာလှလှလေး ကျွန်တော်တို.အသင်း ဒီနေ. ကစားပုံ အကောင်းကြီး မဟုတ်ပေမယ်. သိပ်ဆိုးရွားလှတယ်လို.တော.မမြင်
ပါဘူး....(ကျွန်တော.အမြင်သက်သက်ပါ)
 
 ၂၁မိနစ်လောက်မှာ ကျော်ဇေယျာမင်း ဖျက် ထုတ်မှုကနေ ပေးလိုက်၇တဲ့ ကိုယ်.ကွင်း တစ်ဝက်က ပြစ်ဒါဏ်ဘော ကန်ချက် ဂိုးသမား ကွက်တိကာကွယ်နိုင်ခဲ့ပါတယ်.....၂၄ မိနစ်မှာ လီအန်ဒရို ဆွဲပြေးလာပြီး တိုက်ရိုက်ကန်သွင်းချက် ပြင်းပေမယ်. ဂိုးသမားနဲ. တည်.နေတာကြောင်. အန်ထွက်လာပေမယ်. ပြန်မိသွားခဲံ့ပါတယ်...၂၆မိနစ်မှာလည်း လီအန်ဒရိုပဲ ဆွဲပြေးလာတဲ့ ဘောလုံး တစ်ဖက်ဂိုးဧရိယာနားမှာ ခပ်ကြမ်းကြမ်း ဖျက်ထုတ်ခံရပေမယ်. ထောင်.ကန်ဘောပဲ ရခဲ့ပါတယ်...အဲ့လိုမပေးခဲ့ပေမယ်.လည်း ၂၈ မိနစ်မှာတော. ယိုးဒယား ကစားသမား သူ.ဘာသာလဲကျတာကို ဒိုင်က ဧရာဝတီ ကွင်းတစ်ဝက်မှာ ပြစ်ဒါဏ်ဘော ကန်စေတဲ့ ..၃၂မိနစ်မှာတော. ယိုးဒယားတို.ထိုးဖောက်ချက် ဂိုးလွန်ခဲ့ပါတယ်...၃၂မိနစ်မှာ နန္ဒဆွဲပြေးပြီး ဖန်တီးပေးတဲ့အလုံးကို လီအန်ဒရို ဂိုးအဖြစ်မပြောင်းနိုင်ခဲ့ပါဘူး.....၃၄မိနစ်မှာတော. တယ်ရိုစာစနာ တိုက်စစ်မှုး ဂါဘရီရယ်က ဂိုးဧရိယာ ထိပ်နားကနေ အမြင်.ဘောကန်သွင်း ပြီး ဦးဆောင်ဂိုးရယူခဲ့ပါတယ်.....၃၇မိနစ်မှာပဲ ထောင်.ကန်ဘောရတဲ့အလုံးကို နောက်တန်း ကစားသမားတွေလိုအပ်ချက်ေ ကြာင်. ဒုတိယဦးဆောင်ဂိုးခွင်.ပြုခဲ့ရပြန်ပါတယ်..တစ်ခါ ၃၉ မိနစ်မှာ တိုက်စစ်သမား ဘီဟီ တစ်ကိုယ်တော် ထိုးဖောက်တိုက်စစ်ဆင်လာတာကို ဘယ်သူမှ မဟန်.တားနိုင်ပဲ ဧရာ ဂိုးသမား ဘယ်ဘက်ခြမ်းကနေ ကံကောင်းထောက်မစွာ ဂိုးလွန်ဘော ဖြစ်သွားခဲ့ပါတယ်....မိနစ် ၄၀ မှာတော. တစ်ဖက်ဂိုးဧရိယာ ထဲကို ဆွဲဝင်သွားတဲ့ အောင်ကျော်မျိုးကို နံပါတ် ၂၂ ဖျက်ထုတ်ရာကနေ ပင်နတီ ကန်ခွင်.ရခဲ့ပြီး ဒါကို ဒေါမနစ်က ဂိုးသမား ညာဘက်ကိုကန်သွင်း ဂိုးယူခဲ့ပါတယ်....၄၃မိနစ်မှာတော. ဟိန်းသီဟဇော် ဖျက်ထုတ်မှု ယိုးဒယားတစ်ယောက် အနည်းငယ် နာကျင်သွားခဲ့ပါတယ်....သိပ်မကြာခင် ယိုးဒယား ကလပ်က ရှီမိုဂျီ တစ်ယောက် ဒိုင်ကိုစောဒက တက်မှုနဲ. အ၀ါကဒ်လက်ဆောင် ချီးမြှင်.ခံရပါတယ်...၄၄မိနစ်မှာ ယိုးဒယားရဲ. ရန်ဆန် ဖျက်ထုတ်မှုကြောင်. လီအန်ဒရို အနည်းငယ်နာကျင်ခဲ့ပါတယ်
 ပထမပိုင်းကစားပုံကတော. ထိုက်သင်.သလိုကြည်.ကောင်းပြီး ဧရာကွင်းလယ်ကတောင်သာသလိုလို ရှိနေပါတယ်..ဒါဟာ ရတနာပုံကို ၁-၀ နဲ.နိုင်တုန်းက သုံးခဲ့တဲ့ ကွင်းလယ်ကစားသမားတွေကို ထည်.မသုံးသေးတာနဲ.ဆိုင်လားတော.မသိပါဘူး...မနှစ်က ဖေဖ၀ါရီပြိုင်ပဲါမှာ ဒီကလပ်က ၅-၁ နဲ.နိုင်ခဲ့တာပါ..ပြီးခဲ့တဲ့ ရာသီပိတ်မှာဒီ BEC Tero Sasana အသင်းဟာ ထိုင်းလိဂ် အဆင်. ၃ ရခဲ့ပါတယ်တဲ့
 ဒုတိယပိုင်း အစမှာပဲ ယိုးဒယားက ၃ ဦး တစ်ပြိုင်တည်း လဲခဲ့ပါတယ်...ဂိုးသမား တစ်ဦး တိုက်စစ်တစ်ဦး ကွင်းလယ် ၁ ဦးပါ...မိနစ် ၅၀ မှာ အောင်ကျော်မျိုးက လီအန်ဒရိုဆီ ခင်းပေးလိုက်ပေမယ်. တစ်ဖက်ဂိုးသမားဆီရောက်သွားပါတယ်...၅၂မိနစ်မှာတော. ဟိန်းသီဟဇော်က ဂိုးသမားကို ခေါင်းတိုက်ပြီးပြန်ပေး လိုက်တဲ.အလုံးကို တစ်ဖက်ကစားသမားတွေ ရှိနေတဲ့ကြားကနေ ဂိုးသမားက ဟိန်းသီဟဇော်ကို ပြန်ပစ်ပေးတာကြောင်. မနည်းလိုက်ဖမ်း၇တာမျိုးဟာ ပြင်းထန်တဲ့ပြိုင်ပွဲတွေမှာဆို တကယ်.အန္တရာယ်ပါ....၅၄မိနစ်မှာတော. ယိုးဒယားရဲ. ရှီမိုဂျီ ထိုးဖောက်လာမှု ၀ိုင်းဝန်းပိတ်ဆို.နိုင်ခဲ့ပါတယ်....၆၉မိနစ်မှာ တစ်ဖက်အသင်းကစားသမား ဂိုးရှေ.ဖြတ်တင်ပေးတဲ့အလုံးကို ဧရာဂိုးသမား ပုတ်ထုတ်လိုက်လို.ထောင်.ကန်ဘောဖြစ်သွားပါတယ်...၇၂ မိနစ်မှာ လီအန်ဒရို ရလာတဲ့အလုံးကို ကိုယ်.ကစား သမားဆီ ဖန်တီးမပေးနိုင်ပဲ တစ်ဖက်ဂိုးသမား 
 ကောက်ယူသွားနိုင်ခဲ့ပါတယ်...၇၃မိနစ်မှာ ယိုးဒယား ၂ယောက်ထပ်လဲပြီး စုစုပေါင်း ၇ ယောက်ထိရှိခဲ့ပါတယ်...၇၄ မိနစ်မှာလည်း ဧရာဂိုးသမား ၅၂မိနစ်ကအမှားမျိုး ထပ်ကျုးလွန်ပါတယ်...ဒီလိုစိတ်လောကြီးမှုဟာ ဒုက္ခပေးတတ်တာမို. သတိတော.ထားရပါလိမ်.မယ်...၇၆ မိနစ် တစ်ဖက်အသင်းရဲ. တိုက်စစ်အတွဲ နားလည်မှုလွဲလို.သာ ခံသာသွားတာပါ...တကယ်က ဒုတိယပိုင်းတစ်ပိုင်းလုံး ပထမပိုင်းနဲ.မတူတော.ပါဘူး...ဟိုဘက်က လဲလိုက်တဲ့ ကစားသမားတွေကို မယှဉ်နိုင်တော.ပါဘူး...ဂိုးရှေ.မှာဆို လုံးဝကွက်လပ်ကြီးကိုဖြစ်လို. ....ဒါ.အပ်ြင ကိုယ်.ကစားသမားချင်း တိုက်စစ်ဆင်ရင် ဖန်တီးပေးလိုက်သမျှ အလုံးတိုင်းလိုလို ဂိုးသမားဆီရောက်ရင်ရောက်..မရောက်ရင် တစ်ဖက်လူခြေထောက်ထဲပါပဲ....ယိုးဒယားနည်းပြကတော. ညာတောင်ပံတိုက်စစ် အားပြုကစားပြီး ဖြတ်တင်ဘောတွေနဲ.ဂိုးရဖို.ကြိုးစားခဲ့တာကို ကိုယ်လူတွေ ပိုင်ပိုင်နိုင်နိုင် မဖျက်ထုတ်နိုင်ပဲ သူတို.စိတ်တိုင်းကျ ခွင်.ပြုနေရပါတယ်...၈၅မိနစ်မှာ တစ်ဖက်နောက်တန်း ၂ယောက်ကို ကျော်ပြီး ဆွဲနိုင်ရင် ကျိန်းသေ ဂိုးလောက်မယ်. အလုံးကို ကိုယ်.ကစားသမားက ရအောင်မချိတ်နိုင်ခဲ့ပါဘူး...၈၈မိနစ်မှာတော.ဒေါမနစ်ရဲ. အဝေးကန်ချက် ဂိုးသမားလက်မှာပဲ အဆုံးသတ်သွားခဲ့ပါတယ်

ခြုံပြောရရင်တော. ပထမပိုင်းကစားပုံ မဆိုးပေမယ်.ဒုတိယပိုင်း ကတော. အားမရစရာပါ...ဒါပေမယ်.လည်းပြိုင်ပွဲမဟုတ်တော. ကစားကွက်စမ်း..လူစမ်းနေတာပဲလို.ထင်ပါတယ်..မဆိုးဘူးဆိုတာက ခြေသက်သက်ကိုပြောတာမဟုတ်ပဲ မနှစ်က ရလဒ်နဲ. ယှဉ်တာရယ်..ကိုယ်. Major Player ၄ယောက် မပါပဲ ဒိလောက်ခံကန်တာရယ်ကိုသာပြောတာပါ.အမြတ်ကတော. နည်းပြကြီးအနေနဲ. ဇော်ဇော်ဦး မပါနိုင်မယ်. နောက်ပွဲအချို.အတွက် စဉ်းစားလို.တော. ရသွားနိုင်လောက်ပါတယ်..ဒါပေမယ်.လည်း တစ်ဖက်ကကိုယ်.လိုပဲ သူ.ဘာသာစမ်းဖို.လိုတာတွေစမ်းနေတာကြောင်.မနှစ်က ရလဒ်မျိုးမရတာလည်းဖြစ်နိုင်ပါတယ်..ဘာပဲပြောပြော ကြားလို.တော.ကောင်းသေးတာပေါ. ..
 ဒီပွဲလေးကို Soccer Myanmar မှာတော.မြန်မာပြည်မှာ ရှုံးပွဲ မကြုံသေးတဲ့ တယ်ရိုဆက်ဆနာ ဆိုတဲ့ခေါင်းစဉ်နဲ. ဒီလိုရေးထားပါတယ်
ရတနာပုံကို ဖေဖော်ဝါရီ (၁၂)ရက်က အနိုင် ကစားခဲ့သည့် တယ်ရို ဆက်ဆနာ အသင်းသည် ယနေ့ ညနေက ကစားခဲ့သည့် ခြေစမ်းပွဲတွင်လည်း ဧရာဝတီကို အနိုင် ယူခဲ့ပြန်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံသို့ ခြေစမ်းခရီး လာရောက်သည့် တယ်ရိုဆက်ဆနာသည် ခြေစမ်းပွဲ (၂)ပွဲ ကစားပြီးချိန်တွင် (၂)ပွဲစလုံးကို အနိုင် ရရှိထားပြီး ရှုံးပွဲ မရှိသေးပေ။ 
တယ်ရိုဆက်ဆနာသည် ယခုပွဲတွင် ပွဲထွက် လူစာရင်း၌ နိုင်ငံခြားသား (၄)ဦးအထိ တည့်သွင်းထားပြီး ဧရာဝတီကို ရင်ဆိုင်ခဲ့သည်။ ဧရာဝတီတွင်မူ လက်ရွေးစင် အသင်းသို့ စေလွှတ်ထားရသည့် ဇော်ဇော်ဦး၊ နိုင်လင်းဦး၊ ဖြိုးကိုကိုသိန်းတို့ ပါဝင်ခြင်း မရှိဘဲ နိုင်ငံခြားသား ကစားသမား (၄)ဦးအနက်မှ လီအန်ဒရိုနှင့် ဒိုမီနစ်တို့ (၂)ဦးကိုသာ ကျန်ရှိသည့် ပြည်တွင်း ကစားသမားများနှင့် ပွဲထွက် ခဲ့သည်ကို တွေ့ရသည်။ ကျော်ဇေယျာမင်းနှင့် ထူးကျော်တို့ ဦးဆောင်သည့် ခံစစ်ကြောင်းသည် ပွဲချိန်တစ်လျှောက် အကောင်းဆုံး ပုံစံဖြင့် ကာကွယ်နိုင်ခြင်း မရှိခဲ့ပေ။
 အဖွင့်ဂိုးကို ပွဲချိန် (၂၄)မိနစ်တွင် တယ်ရိုဆက်ဆနာ တိုက်စစ်မှူး ဒေါ့ဆန်းတို့စ်က ဂိုးဧရိယာ အပြင်မှ ဧရာဝတီ ဂိုးသမား အောင်မင်းခန့် ရှေ့ထွက်နေမှုကို အခွင့်ကောင်းယူကာ သာသာယာယာ ကန်သွင်းခဲ့သည်။ ထိုဂိုးကို ကန်သွင်းခဲ့သည့် ဒေါ့ဆန်းတို့စ်၏ ကန်သွင်းချက်မှာ သပ်ယပ်လှပသည် မှန်သော်လည်း စိတ်အေး လက်အေး ကန်ခွင့်ရခဲ့သည်မှာ ဧရာဝတီ ကစားသမားများ၏ လူကပ်ပုံ အားနည်းချက်ကြောင့်ပင် ဖြစ်သည်။ ဧရာဝတီ ကွင်းလယ်မှ ဒိုမီနစ်၏ ပေးပို့မှုများ မဆိုးသော်လည်း တောင်ပံနှစ်ဖက်မှ နန္ဒလင်းကျော်ချစ်နှင့် အောင်ကျော်မျိုးတို့၏ အားနည်းမှုများကြောင့် မည်သို့မျှ အရာမရောက်ခဲ့ပေ။ ပထမပိုင်းတွင် ဧရာဝတီသည် တယ်ရိုဆက်ဆနာနှင့် ဘောလုံးပိုင်ဆိုင်မှုခြင်း ယှဉ်ကစားနိုင်ခဲ့သော်လည်း ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းတွင်မူ အားနည်းခဲ့သည်။ 

 တိုက်စစ်မှူးဖြစ်သည့် လီအန်ဒရို၏ အားနည်းချက်များကြောင့်လည်း ဧရာဝတီ တိုက်စစ်ပိုင်းမှာ တယ်ရိုကို ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပေ။ ဒုတိယဂိုးကို တယ်ရိုက ပွဲချိန် (၃၇)မိနစ်တွင် ရယူခဲ့သည်။ အဖွင့်ဂိုး သွင်းခဲ့သည့် ဒေါ့ဆန်းတို့စ်ပင် ထောင့်ကန်ဘော ကန်တင်မှုမှ ရရှိသည့် ဘောလုံးကို ဂိုးသမားနှင့် အနီးကပ် ပိတ်သွင်းသွားခဲ့ခြင်း ဖြစ်သည်။ ဂိုး(၂)ဂိုး ပေးလိုက်ရပြီး နောက်ပိုင်းတွင် ဧရာဝတီတို့ ပိုမိုအားစိုက် လာခဲ့ရာ ပွဲချိန် (၄၂)မိနစ်တွင် ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့သည်။ အောင်ကျော်မျိုးကို ဧရိယာ အတွင်း ဖျက်ထုတ်မှုကြောင့် ကွင်းလယ်ဒိုင် ဦးခင်မောင်ဝင်းက ပင်နယ်တီ သတ်မှတ် ပေးခဲ့ရာ ကွင်းလယ်လူ ဒိုမီနစ်က ကန်သွင်းခဲ့သောကြောင့် ပထမပိုင်း ပြီးချိန်တွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သည်။ ခြေစမ်းပွဲ ဖြစ်သောကြောင့် ဒုတိယပိုင်း ပွဲချိန်များတွင်မူ နှစ်သင်းစလုံး လူစားလဲမှုများ ပြုလုပ်ခဲ့ပြီး ကစားကွက် စမ်းသပ်ခဲ့ကြသည်။ တယ်ရို ဆက်ဆနာသည် ပွဲထွက် လူစာရင်းတွင် ပါဝင်လာခြင်း မရှိခဲ့သည့် နိုင်ငံခြားသား (၂)ဦး အပါအ၀င် ကစားသမား (၅)ဦး လူစာလဲခဲ့ပြီး ဧရာဝတီက သီဟဇော်၊ နေလင်းထွန်း၊ ဖြိုးဝေစံ၊ ကောင်းမြတ်ဟန် အစရှိသည့် ကစားသမားများကို လူစားလဲ ထည့်သွင်းခဲ့သည်။ သို့သော် ဒုတိယပိုင်း ပွဲချိန် တစ်လျှောက်ကို တယ်ရိုဆက်ဆနာကသာ ကွင်းတစ်ဝက် ဖိကစားသွားပြီး စိတ်ကြိုက် တိုက်စစ်ဆင်မှုများ ပြုလုပ်သွားသောကြောင့် ဧရာဝတီတို့ ဂိုးထပ်မပေးရစေရန် အသည်းအသန် ကာကွယ်ရင်း ပွဲပြီးဆုံးခဲ့သည်။

ဧရာဝတီသည် ဖေဖော်ဝါရီလ (၂၇)ရက်တွင် AFC Cup အုပ်စုပွဲစဉ် ပွဲဦးထွက်ကို ရင်ဆိုင် ကစားရတော့မည် ဖြစ်ရာ ယခုပွဲမှ ခြေစွမ်းမျိုးကို ပြောင်းလဲ ပြစ်နိုင်ရန် ကြိုးပမ်းရတော့မည် ဖြစ်သည်။

ဒီပွဲကိုပဲ မြန်မာ.အလင်း သတင်းစာ ကတော.
တယ်ရိုဆာစနာ အသင်း၏ နိုင်ပွဲမှာ လွယ်ကူလွန်းခဲ့ပြီး Training သာသာကစားကာ အနိုင်ရသွားခြင်းဖြစ်သည်.... တဲ့ဗျာ


Premier Eleven ကလည်း
ဧရာဝတီ အသင်းဟာ ပွဲစကတည်းကတိုက်စစ်ထက်  ခံစစ်ကိုပဲ ဦးစားပေးကစားခဲ့ရပါတယ်...တယ်ရိုဆာစနာ အသင်းကတော. ခုပွဲမှာ  အနိုင် အရှုံး ရလဒ် အတွက် ကြိုးစားအားထုတ် မှုမျိုးမတွေ.ရပဲ Training  ပြုလုပ်တာထက် အနည်းငယ်ပိုတဲ့ ကစားပုံမျိုးနဲ့သာ ကစားသွားခဲ့ပါတယ်တဲ့.........

ချီးကျုးလိုက်ကြပုံများကတော.....................အစုံပါပဲဗျာ

All Photos by Ag Kyaw (AUFC)
 
 

No comments:

Post a Comment