Monday, February 11, 2013

ဆရာမ ဒေါ်ဥ ရဲ.ကဗျာ

ဝါးခယ်မ အထက ၁ မှ မြန်မာစာ အထက်တန်းပြ ဆရာမ ဒေါ်ခင်ခင်ဥ ရဲ. ကဗျာလေးဖြစ်ပါတယ်...ရေးခဲ့တာတော. ကြာပါပြီ..အမှတ်တရ ပြန်လည်ဖော်ပြပြီး စုစည်းထားခြင်းဖြစ်ပါသည်...



ချစ်တဲ့ သူငယ်လေ
သူငယ်ချင်းကောင်း၊ငယ်ကပေါင်းသည့်
ကျောင်းနေဖေါ်တစ်သင်း၊ရောင်းရင်းတို့လေ ။
သူများမောင်မှာ
တာဝန်ထမ်းရွက်၊ခရီးထွက်လျှင်
တစ်ရက်မအောင်း၊တစ်နေစောင်းသော်
အကြောင်းပြလို့ ပြန်တတ်တယ် ။
နှမလေး မယ်တို့မောင်မှာ
တာဝန်ထမ်းရွက်၊ခရီးထွက်လျှင်
တစ်ရက်မက၊တစ်လမပြန်
လေထန်မိုးကောင်း၊သင်္ဘောစောင်းလို့
ရွှေလောင်းမှ လွန်ပါလိမ့်မလားတော် ။
မြို့ရွှေခယ်သူ
နှမလေး မယ့်ထက်ဖြူကို ယူမလားတော် ။
မြို့ရွှေခယ်က
နှမလေး မယ့်ထက်လှကို ရမလားတော် ။
မြို့ရွှေခယ်သား
ဘိုးဘွားမောင့်မှာ ရှိသလားတော် ။
မြို့ရွှေခယိသူ
နှမလေး မယ့်ထက်ဖြူကို မယူဘူးဗျာ ။
မြို့ရွှေခယ်က
နှမလေး မယ့်ထက်လှကို မရဘူးဗျာ ။
မြို့ရွှေခယ်သား
ဘိုးဘွားမောင့်မှာ မရှိဘူးဗျာ ။
မင်းအစိုးရ၊ဌာနဆိုင်ရာ
အမိန့်စာသွင်း၊တာဝန်နှင်းလို့
မင်းမှုကျေအောင် ထမ်းရတယ် ။
ငွေဂုန်လျှော် ရွှေစပါး
ငါးမြင်းသား အဆီလျှံ
ပေါ်ဆန်းဆန် ဖြူလွလွ
ငါးမုန့်ကြွပ် ရွရွနှင့်
ချိုမြမြ သီးစုံလင်
ပုစွန်ချဉ် ငရုပ်ပေါသည့်
ချစ်သောမောင် အမှုထမ်းတဲ့
မြစ်ကမ်းစွယ်နှင့် ရွှေခယ်ဆိုသည့်
ညိုတဲ့မြို့မှာ ...
ပျို့ လွမ်းဖွယ်လေး ...   ...။          ။

ခင်မူယာ
ဝါးခယ်မ အ.ထ.က-၁
ရာပြည့် မဂ္ဂဇင်း
အောက်တိုဘာလ၊၂၀၀၆-ခုနှစ်။

No comments:

Post a Comment