Friday, February 22, 2013

ပုသိမ်မြို.သမိုင်းဝင် နိဂြောဓာ ဗျာဒိတ်ပေး ဘုရားလှည်.ပွဲ

 အချို.ကပြောကြသည်
မြန်မာလူမျိုးတို.အပျော်အပါးမက်ကြသလိုလို တစ်နှစ်လုံး ၁၂ရာသီ ပွဲတော်များပြည်.နှက်နေသည်တဲ့
တကယ်က ကမ္ဘာ.နိုင်ငံများတွင်လည်း လူမျိုးအလိုက်..ကိုးကွယ်ယုံကြည်မှုအလိုက်..နေရာဒေသအလိုက်..ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်းအလိုက်...လက်ခံယုံကြည်သော အယူအဆအလိုက် ပွဲတော်များ အမျိုးမျိုး ရှိနေကြသည်ချည်း ဖြစ်သည် ။


မြန်မာနိုင်ငံတွင် များသော အားဖြင်. ကိုးကွယ်ယုံကြည်မှု...ဓလေ.ထုံးတမ်း...ရိုးရာယဉ်ကျေးမှု တို.ကိုအခြေခံသော ပွဲတော်များ ရှိသည်.အနက် ရာခိုင်နှုံး အတော်များများ က ကိုးကွယ်ယုံကြည်မှုကို အခြေခံ ပေါ်ပေါက်လာကြခြင်းဖြစ်သည်...အချို.ပွဲတော်များက နေရာဒေသ အနှံ.ကျင်းပသော်လည်း အချို.ပွဲတော်များကတော. သီးခြားဖြစ်တည်နေသော သဘောရှိသည် ။


ဧရာဝတီတိုင်း ပုသိမ်မြို.တွင် အခြားဒေသများ ထက် ထူးခြားစွာ ကျင်းပလေ.ရှိသော သမိုင်းဝင် နိဂြောဓာ ဗျာဒိတ်ပေး ဘုရားလှည်.လည် ပူဇော်ပွဲကို ဖေဖ၀ါရီ ၁၇ ရက်နေ.က စည်ကားစွာကျင်းပခဲ့ပါသည် ။ထိုဘုရားပွဲသည် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန်.က စတင်ကျင်းပလာခဲ့ပြီး မြန်မာနိုင်ငံတွင် ပုသိမ်တစ်မြို.တည်းသာ ကျင်းပသော ဂုဏ်ယူဖွယ် ဗုဒ္ဓ၀င် ပွဲတော်ကြီးဖြစ်သည်ဟု သိရသည် ။


 ထိုဘုရားပွဲတော် ကျင်းပပုံမှာ
မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် ရဟန္တာ များခြံရံလျှက် ဥရုဝေလ တောအရပ်၌ အယူဝါဒလွဲမှားစွာ ကျင်.ကြံနေကြသော ဥရုဝေလ ကဿဖ အမှုးပြုသည်. ရသေ.ညီနောင် တစ်ထောင် ကျွတ်တမ်းဝင်စေသော ရာဇဂြိုဟ် ပြည်ကြွချီတော် မူခန်း....


.ထို.နောက်မှ ရှမ်းကုန်သည် လှည်းတပ် ၅၀၀ တို.က မြတ်စွာဘုရားရှင်အား ဖူးတွေ.ရ သဖြင်. ကပ္ပိလ၀တ်ပြည် ခမည်းတော် သုဒ္ဓေါဓန မင်းကြီး ထံ သတင်းပို.ဆောင်ခန်း...ထို.နောက် ဖွားဖက်တော် ကာဋ္ဌုဒါယီ အမတ်ကြီးသည် မြတ်စွာဘုရားရှင်အား ကပ္ပိလ၀တ်ပြည်သို. ခမည်းတော် သုဒ္ဓေါဓန မင်းကြီး ထံကြွရောက်ပါရန် ပင်.ဆောင်ခန်း ...သားတော်ရာဟုလာ အမွေတောင်းခန်း စသည်တို.ကို တစ်နေကုန် လှည်.လည်သည်. ဗုဒ္ဓ၀င် ပွဲတော်ကြီးဖြစ်သည်။


ပုသိမ်မြို.သူလေးများကလည်း လှည်းယဉ်ကျော.များထက် လိုက်ပါလှည်.လည် ကြသကဲ့သို. ရှမ်းရိုးရာ အိုးစည် သံများ ...ဓါးသိုင်းအကများ...မြန်မာ.ရိုးရာ အိုးစည်..ဒိုးပတ် အကများ စသည်ဖြင်. စည်ကားထူးခြားစွာ ကျင်းပကြလေ.ရှိသည်....ပြည်တွင်းရှိ အခြားမြို.သားများသာမက နိုင်ငံခြားသား များအဖို.ပါ စိတ်ဝင်စားစရာ ထူးခြားသော ပွဲတော် တစ်ခုဖြစ်သည်။

အချက်အလက်များကို ၂၀-၂-၂၀၁၃ မြန်မာ.အလင်း သတင်းစာ ပါ ပုသိမ်လှကြည် ၏ သတင်းမှ ရယူပါသည်..ပုံအချို.ကို Golden Pathein Page @ Facebook မှ ရယူအသုံးပြုပါသည်..


No comments:

Post a Comment