မြို့ဟာ သူ့ဝန်သူထမ်းလို့
နံနက်ချိန်ခါ တေးသံသာနဲ့ နိုးထလာခဲ့တယ်၊
ဘယ်သူ လျှောက်လျှောက်မလျှောက်လျှောက်
မနက်စောစောလမ်းထလျှောက်တဲ့မြို့၊
သူ့အပေါ်ပုံချသမျှ
အညစ်အကြေးတွေကို အပြုံးမပျက်ခံယူတတ်တဲ့မြို့၊
စုလျားတစ်ထည်လို
ရစ်ပတ်ထားတဲ့မြစ်နဲ့ ပေါင်းဖက်
အတွတ်နဲ့ မွှေးတို့ကိုလည်းမွေးဖွားခဲ့သေးတဲ့မြို့၊
သူ့ခြေထောက် စစ်စစ်တွေနဲ့ ဖြတ်လျောက်ခဲ့တဲ့သမိုင်းဟာ
လက်စစ်စစ်တွေနဲ့ရေးသလို
မရိုင်းခဲ့တဲ့မြို့၊
မြို့ပစ်ချရာနေရာတိုင်းမှာ ကဗျာတစ်ပုဒ်ဖြစ်တည်စေတဲ့မြို့၊
အနုပညာနဲ့သန္ဓေတည်တဲ့မြို့၊
ကြိုးတံတားကြီးကို ဂစ်တာသံတွေနဲ့စောင့်ရှောက်တဲ့မြို့၊
ခေတ်ဟောင်းနဲ့ခေတ်သစ်ကြား
ဗျာမများရအောင် ယဉ်ကျေးမှုဆက်ထုံးတွေ တည်ဆောက်နေတဲ့မြို့၊
မနက်ခင်းရဲ့ကောင်းကင်မှာ
ပန်းရနံ့တွေမွှေးထုံစေတဲ့မြို့၊
တို့ခေတ်ရောက်မှ မညံ့စေချင်တဲ့မြို့၊
မွှေးဆိုတဲ့မြို့။
နောင်ယဉ်ထက်
No comments:
Post a Comment