Thursday, March 22, 2018

အမြန်လမ်း ရှစ်လောင်းပြိုင် သတင်း အစ-အဆုံး ( ၂ )

 



သူတို.မသေခင် ဘာတွေ လုပ်ခဲ့သလဲ အဲ့ဒီ အဖွဲ့ဟာ ကား accident မဖြစ်ခင် လှေပေါ်မှာ Facebook Group Live လုပ်သွားခဲ့ ကြောင်း သိရပါတယ် အဲ့ဒီမှာ Live တင်ပေးနေသူ ကလွဲလို. ကျန်သူအားလုံး ဆုံးပါးသွားခဲ့ရတာကလည်း စိတ်ဝင်စားစရာ တစ်ခုပါပဲ ဒါ့အပြင် မသေခင်တင်ထားတဲ့ သူတို.၇ဲ. Post တွေကို Facebook User တစ်ဦးကို ခုလိုဖော်ပြ သုံးသပ်ထားခဲ့ပါတယ်


ဒီနေ့ကိုယ့်အတွက်တော့ ပျော်စရာ စနေနေ့မဟုတ်ခဲ့ဘူး.. သတင်းဆိုးတစ်ခုကြောင့် Saddest Saturday တစ်ခု၊ ဖြစ်သွားခဲ့တယ်.. အရမ်းလဲ အံ့သြထိတ်လန့်သွားခဲ့တယ်.. နိမိတ်တွေ၊ သေမှာကြိုသိနေတဲ့ဖြစ်ရပ်တွေကို ယုံရမလိုဖြစ်သွားတယ် မနက်က အမြန်လမ်း၊ ရန်ကုန်ကိုအဝင် လှည်းကူးမှာ HiAce အန်စာတုံးကားလေး မီးလောင်သွားလို့ လူ9ယောက်မှာ၊ 8ယောက်သေသွားတဲ့၊ သတင်းပါပဲ.. ဟိုယောင်္ကျားလေး၊ driverက၊ ကားပေါ်က လွင့်ကျသွားလို့၊ မသေခဲ့ဘူး၊ ကျန်တဲ့ မိန်းကလေးတွေအကုန် မီးသွေးခဲဖြစ်ပြီး သေသွားတယ်တဲ့၊ အံ့သြစရာကြီးဖြစ်နေလို့... (7days မှာတော့၊ driver ကောင်လေးပါသေသွားပြီး၊ မိန်းကလေး တစ်ယောက်ထဲ လွတ်သွားတယ်လို့ရေးထား) နောက်ပြီး၊ နည်းပညာတက္ကသိုလ်ကနေ၊ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာလုပ်နေတဲ့ လူငယ်ကောင်မလေးတွေ.. ရုပ်လေးတွေကလဲ အပြစ်ကင်းတဲ့ရုပ်လေးတွေ၊ ချောချောလေးတွေ၊ FBပေါ်မှာ လူတစ်ယောက်က၊ သေသွားတဲ့ကောင်မလေး တွေရဲ့ accကို၊ screen shot ရိုက်ပြထားလို့၊ ကိုယ်တွေကလဲ ဒီဖြစ်ရပ်ကို မသင်္ဂါဖြစ်နေတာနဲ့၊ သူတို့ရဲ့ profile လေးတွေကို၊ ဝင်ကြည့်ဖြစ်တယ်.. အဲ့မှာပဲ ပါးစပ်အဟောင်းသားနဲ့ အံသြထိတ်လန့်ရတော့တာပဲ. Acc တိုင်းမှာ၊ အခု Decလမှာ၊ ရှေ့ပြေးနိမိတ်တွေ၊ စိတ်ဓာတ်အရမ်းကျနေတဲ့ပုံတွေ တွေ့ရတယ်... အံသြဖို့အကောင်းဆုံးကတော့.. K Khin Thida ဆိုတဲ့၊ acc ပဲ၊ မသေခင်နာရီပိုင်းလေးမှာပဲ 2NE1ရဲ့ Goodbye ဆိုတဲ့ korea သီချင်းလေးကို နားထောင်ပြီး fbပေါ်၊ တင်သွားတယ်.. နောက်ပြီး.. Jan17ရက်က၊ လက်စွပ်က လက်ကနေ၊ ဘယ်လိုမှ ချွတ်လို့မရတော့လို့၊ လက်ချောင်းက ရောင်ကိုင်းပြီးဖောင်းနေတာကို၊ ရေခဲတုံးတွေနဲ့ ဘာတွေနဲ့ အမျိုးမျိုးချွတ်ပြီးမှ လက်စွပ်ကပြတ်သွားခဲ့တယ်.. သွေးလဲထွက်သွားခဲ့တယ်.. အရမ်းလဲနာခဲ့တယ်တဲ့.. 

 



နိမိတ်တစ်ခုလေလား??? နောက်ပြီးကြောက်စရာတစ်ခုတင်ထားသေးတယ်.. "Don't forgot to smile everyday in the mirror. Say Goodbye to the one with brightest smile" ဆိုတဲ့စာကြီးတင်ထားတယ်.. သူသေမှများ ကြိုသိနေသလား?? အရင်အချိန်တွေ ပြနိရချင်တယ်ဆိုပြီး အမြဲလွမ်းနေတယ်.. Yu Yadanarနဲ့၊ May ThuKoကတော့.. နှစ်ယောက်လုံး ကားလမ်းဘေးလိုနေရာမှာ ရိုက်ထားတဲ့ပုံတွေမှာ 'One day I'll leave and never come again' လို့ရေးသွားတယ်.. အံသြစရာကြီး အိမ်မက်ဆိုးတွေကြောင့်၊ သူတို့သေမဲ့ ကားလမ်းဘေးကို မြင်ထားလို့၊ ဒီလိုတင်ထားတာလား?? MayThuကတော့.. ကားလမ်းဘေးမှာရိုက်ထားတဲ့ပုံအောက်မှာ ယောင်္ကျားလေးတွေက သရဲမလို့ ဝင်မန့်နေကြတယ်.. တိုက်တိုက်ဆိုင်ဆိုင်ကြီး၊ 'လိပ်ပြာလေးရေ ငါ့ဆီပြန်လာခဲ့' 'သရဲမကြောက်တတ်သူများ ခနအတွင်းကြောက်သွားစေရမယ်' သူမကပြန်ပြောတယ် 'ဟဲ့.. အရောင်မရှိ အနံ့မရှိတဲ့အကောင်' တဲ့.. ဘယ်လိုကြီးလဲဗျာ.. ဒီလောက်တိုက်ဆိုင်တာ ဖြစ်နိုင်ပါ့ မလား၊ သေသွားတဲ့လမ်းဘေးကော၊ သရဲဖြစ်တာတွေကော မသေခင်မှာ ပြောဆိုနေကြတာ.. ရှေ့ပြေးနိမိတ်တစ်ခုလေလား? နှစ်ယောက်လုံးအဲ့လိုဖြစ်တာနော်.. screen shotတွေဖမ်းပြီး တင်ပေးထားတယ်၊ ကြောက်တတ်ရင်တော့ မကြည့်နဲ့. အရမ်းအံသြသွားလိမ့်မယ်..



 နောက်ပြီး YuYadanar ဆိုတဲ့၊ ကောင်မလေးက၊ အရမ်းအထီးကျန်နေတဲ့ပုံပေါ်နေတယ်.. ဝက်ဝံရုပ်လေးတစ်ခု Suicide လုပ်တဲ့ပုံတင်ထားတယ်၊ ငါ့ကိုအထီးကျန်အောင် မထားကြနဲ့ တနေ့နေ့မှာ ငါ့ရဲ့အတွေးတွေက ကြောက်စရာ ကောင်းလာနိုင်တယ်ဆိုပြီး၊ မျက်နှာမရှိတဲ့ပုံကြီးတင်ထားတယ်. အခု ဒီအချက်တွေက public တင်ထားတာတွေချည်းပဲ.. နောက် fri only တင်ထားတာတွေလဲ၊ ဘာတွေရှိအုံးမလဲ မသိဘူး၊ ဒါတွေကိုတော့ ကျနော်မသိနိုင်တော့ဘူး.. သူ့သူငယ်ချင်းတွေပဲ တွေ့နိုင်တော့မယ်... အရမ်းအံသြစရာကြီးဗျာ.. ကျနော့်အဖိုးလဲ သူမသေခင် မက်သွားတဲ့ အိပ်မက်ကို diary ထဲမှာရေးသွားတာ.. နောက်အမေတို့၊ အဖွားတို့က ဖတ်ကြည့်မိတော့.. ကြောက်စရာကြီး၊ သူသေမဲ့ဟာကိုရေးထားတာ ဖြစ်နေတယ်. ကျားက အဖိုးရဲ့မျက်နှာကို ကုပ်တယ်တဲ့၊ အမှောင်ထဲက လမ်းမီးတိုင်အောက်မှာ၊ နောက်ပြီးကျားက အိမ်ခေါင်မိုးပေါ် တက်သွားတယ်တဲ့၊ အဖွားကို အဖိုးက အိပ်မက်ထဲမှာ ကွမ်းယာခိုင်းသွားတယ်တဲ့.. အဓိပ္ပါယ်ပြန်ကြည့်တော့.. အဖွားက တနင်္လာနံ၊ ကျားကလဲ တနင်္လာ၊ ကျားခေါင်မိုးပေါ်တက်သွားဆိုတော့၊ အဖွားက အိမ်ထောင် ဦးစီးဖြစ်တော့မယ်၊ အဖိုးမဟုတ်တော့ဘူး.. ဒါ့ကြောင့် သေတော့မယ်.. ကျားကုတ်ခံရတာတော့ ဘာသဘောလဲ မသိဘူး.. အဖွားက သတ်တာတော့မဟုတ်နိုင်လောက်ပါဘူး. ရုံးမှာပဲ သေသွားတာ၊ အိမ်မှာသေတာ မဟုတ်ဘူး..





 အော်... လောကကြီးက ကိုယ်မသိတာတွေနဲ့ အရမ်းထူးဆန်းတယ်ဗျာ.. သိပ္ပံကိုပဲယုံတယ်. လက်တွေ့ကျမှ ယုံတတ်ပေမဲ့၊ ဒါတွေကိုတွေ့တော့.. စဉ်းစားရတာ ခေါင်းတော်တော်ခြောက်လာတယ်. လောကရဲ့အမှန်တရားက ဘာဖြစ်မလဲ၊ လူတွေက ကိုယ်သေမှာကို ကြိုသိနိုင်တဲ့ အစွမ်းတစ်ခုခုများရှိနေတာလား၊ ဒါမှမဟုတ် ဘုရားသခင်က သေမဲ့လူကို နိမိတ်ပြနေတာလား?? အော်.. ကိုယ်တွေလဲ ဘယ်အချိန်၊ ဘယ်လို သေရမယ် မသိဘူး၊ သေခြင်းက လူကြီး၊ ခလေး မရွေးတော့ဘူး.


အမြန်လမ်း အန်စာတုံးကားပေါ် လူရှစ်ဦးသေတဲ့အမှု စီအိုင်ဒီက ကိုင်တွယ်


အမြန်လမ်း အန်စာတုံးပုံကားပေါ် လူရှစ်ဦးမီးလောင်သေဆုံးမှုကို စီအိုင်ဒီအဖွဲ့ကပြောင်းကိုင်တွယ်မှာဖြစ်ကြောင်း အမှတ်(၃) အမြန်လမ်းရဲတပ်ဖွဲ့ကနေသိရပါတယ်။
ကားပေါ်မီးလောင်ကျွမ်းမှုမှာအသက်ရှင်လွတ်မြောက်ခဲ့တဲ့ကိုအောင်ခန့်ကို အမြန်လမ်းရဲတပ်ဖွဲ့ကနေ စီအိုင်ဒီအဖွဲ့ကစစ်ဆေးမှာဖြစ်ပါတယ်။
“စီအိုင်ဒီက မနက်ရှစ်နာရီကကျွန်တော်တို့ဆီ စာရောက်နေတာ၊ အမှုကိုပြောင်းလွှဲလိုက်တယ်၊သေဆုံးသူရဲ့မိသားစုဝင်တွေကိုလည်း သူတို့ရဲ့ပစ္စည်းတွေပေးဖို့ ခေါ်ခဲ့တာ”လို့ အမှတ် (၃) အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရှာရှိကဆိုပါတယ်။
အမှုလွှဲပြောင်းစာဟာဆိုရင် အမြန်လမ်းရဲတပ်ဖွဲ့ဆီ သည်ကနေ့(ဇန်န၀ါရီ ၂၅ရက်)မနက်၈နာရီကရောက်ရှိခဲ့တာဖြစ်ကြောင်းသိရပါတယ်။ကျန်ရှိနေတဲ့အမှုအခြေအနေကိုစီအိုင်ဒီ
(CID)ကစစ်ဆေးမှာဖြစ်တာကြောင့်ရလဒ်ကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။

“ကျန်ရှိနေတဲ့ရုပ်ကလာပ်တွေရဲ့လက်ဝတ်လက်စားတွေကို ကာယံကာရှင် ရှစ်ဦးလုံးကိုလွှဲပေးလိုက်ပြီ၊ စီအိုင်ဒီကဘာဆက်လုပ်မလဲဆိုတာစောင့်ကြည့်ရမယ် ကျွန်တော်တို့ကာယံကာရှင်တွေရဲ့ဖုန်းနံပါတ်တွေအကုန်လုံးစီအိုင်ဒီကတောင်းတယ် လိုအပ်တာတွေကိုသူတို့ကခေါ်စစ် ခေါ်မေးမယ် နိုင်ငံတော်ကပါ သင်္ကာမကင်းဖြစ်လို့ စီအိုင်ဒီကကိုင်တာ အမှုမှန်ပေါ်ပေါက်ဖို့ ကျွန်တော်တို့လည်းစိတ်ချမ်းသာတယ်”လို့သေဆုံးသူ အမျိုးသမီးတစ်ဦးဖြစ်တဲ့မသင်းသင်းမော်ရဲ့ခင်ပွန်းကိုအောင်ကိုဦးကပြောပါတယ်။
နောက်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၃ ရက်နေ့ကလည်း အသက်ရှင်လွတ်မြောက်သူ ကိုအောင်ခန့်က ကားမောင်းသမားလို့ဝန်ခံခဲ့တာကြောင့် အမှတ်(၃) အမြန်လမ်းရဲတပ်ဖွဲ့က ပုဒ်မကြီး သုံးခုနဲ့တရားစွဲဆိုမှာဖြစ်ကြောင်းသိရပါတယ်။


ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်တွင် ရှစ်ဦးသေဆုံးခဲ့သည့် ယာဉ်မီးလောင်မှု ဖြစ်ပွားစဉ်က ကားပေါ်မှ နှစ်ဦးဆင်းလာသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း CID ပြန်လည်ရှင်းလင်း



၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်၌ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး လေးမိုင်နှစ်ဖာ လုံခန့်တွင် ရှစ်ဦးသေဆုံးခဲ့သည့် ယာဉ်မီးလောင်မှုဖြစ်ပွားစဉ်က Toyota Hiace ကားပေါ်မှ နှစ်ဦးဆင်းလာသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း စီအိုင်ဒီရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၈ ရက်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

စီအိုင်ဒီမှ အဆင့်မြင့် ရဲအရာရှိက “၂၆ ရက်မှာ ရဲတပ်ဖွဲ့က စီအိုင်ဒီကို လွှဲပေးတာ။ အောင်ခန့်ရဲ့ ထွက်ချက်အရ မီးလောင်တဲ့အချိန်မှာ ကားတံခါးဖွင့်တဲ့အချိန်မှာ တစ်ယောက်က လာကူတယ်။ ပထမဦးဆုံး အဲဒီလူတစ်ယောက် လာကူတယ်။ ပြီးရင်နောက် တစ်ယောက်က မီးသတ်ဆေးဘူး လာပေးတယ်။ ငါတို့ အဲဒီနှစ်ယောက်စလုံးကို လိုက်ရှာတယ်။ တွေ့ပြီးပြီ။ ပထမဆုံး စတွေ့တဲ့သူက ထန်းလျက်လို့ခေါ်တယ်။ သူ့ကို ၂၇ ရက်မှာ ထန်းလျက်(ခ)၀င်းစိုးအောင်ကို ခေါ်တွေ့တယ်။ သူက အမြန်လမ်း ၁၅ မိုင်မှာရှိတဲ့ မူလတန်းကျောင်းမှာ နေတယ်။ သူကတော့ လေးမိုင်နဲ့ သုံးဖာလုံလောက်အရောက်မှာ ကားရပ်ပြီးသွားတယ်။ အောင်ခန့် တစ်ယောက်ပဲရှိတယ်။ သူဝိုင်းကူပေးတယ်။ အဲဒါကို (ဓာတ်ပုံ - ကားပေါ်မှ နှစ်ယောက် ထွက်ပေါ်နေသည့်ကိစ္စအား ရည်ညွှန်း) ဥပမာ တစ်ယောက်ယောက်ကပဲ ဖြတ်သွား၊ ဖြတ်လာပဲ တွေ့သွားလား မသိဘူး။ ဒါကို ထန်းလျက်ကိုယ်တိုင်ကပဲ ပြောတယ်။ အလားတူပဲ ထန်လျက်နဲ့ အောင်ခန့် မီးငြိမ်းသတ်နေတဲ့ အချိန်မှာ မီးသတ်ဆေးဘူးနဲ့ နေပြည်တော်ဘက်သွားတဲ့ သူက လာဝိုင်းကူငြိမ်းပေးတယ်။ အခင်းဖြစ်တဲ့နေရာမှာ သုံးယောက်ပဲရှိတယ်။ စီအိုင်ဒီက နှစ်ယောက်စလုံးကို တွေ့ပြီးစစ်ပြီးပြီ။ ကားပေါ်မှာ နှစ်ဦးဆင်းလာတယ်ဆိုတာ မဟုတ်ဘူး” ဟု ကားပေါ်မှ လူနှစ်ဦး ဆင်းလာသည့် သတင်းမှာ မဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။ “ဒီအမှုက အရှေ့မှာ ရမန်နှစ် ကြိမ်ယူပြီးပါပြီ။ အခုအမှုတည်ဆောက်ပြီး ဥပဒေအကြံပေး တောင်းပြီးတော့ ၂၀ ရက်မှာ တရားစွဲဆို တင်ပို့မယ်” ဟု အဆိုပါရဲအရာရှိက ဆက်လက် ပြောကြားသည်။

ရှစ်လောင်းပြိုင် သေဆုံးခဲ့သည့် ယာဉ်မီးလောင်မှုကို ပထမဆုံးမျက်မြင်တွေ့ရှိ ကူညီခဲ့သူ ကိုဝင်းစိုးအောင် (ခ) ထန်းလျက်က “ကျွန်တော်က ကားမောင်းလာရင်း အနောက်မှာ ဗုန်းဆိုတဲ့ အသံကြားလိုက်ရတယ်။ ဘယ်ဘက် မှန်ကနေလှမ်းကြည့်လိုက်တော့ ဖုန်လုံးကြီးတွေ့တာနဲ့ ကားကိုထိုးရပ်လိုက်တယ်။ ဖြစ်တဲ့နေရာကိုပြေးတယ်။ ကားက ကျွန်တော်နဲ့ သုံးပေအကွာလောက်ရောက်တော့ မီးထလောင်တယ်။ ကျွန်တော်ပြေးနေတုန်းမှာ ကားကို လူတစ်ယောက်က ပတ်ကြည့်နေတယ်။ ကျွန်တော်လည်း အနားရောက်တော့ မီးလောင်တာ ကားပေါ်မှာလူပါ၊ မပါမေးတယ်။ အဲဒီလူက ခုနှစ်ယောက်၊ ရှစ်ယောက် လောက်ပါတယ် ပြောတယ်။ အဲဒါနဲ့ ကျွန်တော်ကားတံခါးတွေကို ဖွင့်ကြည့်တယ်။ မရဘူး။ ဒါနဲ့နောက်က မှန်ကို ခဲနဲ့ထုပြီးခွဲလိုက်တယ်။ ဒါပေမဲ့ မီးကများတော့ မီးခိုးတွေ ရောနေတော့မမြင်ရဘူး။ အဲဒီအချိန်မှာ ဘေးကကားတစ်စီး ရောက်လာတယ်။ မီးသတ်ဆေးဘူးပေးတယ်။ ငြှိမ်းပေမယ့်မီးက အရမ်းများတော့မရဘူး။ အဲဒါနဲ့ ကျွန်တော်ကားထဲ ၀င်ကယ်ဖို့လုပ်တော့ ဘေးကလူတွေကညီလေးမင်း မ၀င်နဲ့တော့ မင်းပါမီးလောင်သွားမယ်။ ကျွန်တော်လည်း မ၀င်တော့ဘူး။ ခဏနေတော့ ဆီတိုင်ကီ ပေါက်တာလား၊ ဘာလားမသိဘူး။ တစ်ခုခု ထပေါက်ကွဲတယ်” ဟု ဇန်န၀ါရီ ၂၅ ရက်က ပြောကြားခဲ့သည်။

ကိုဝင်းစိုးအောင်က “ဖြစ်တဲ့နားမှာ ကျွန်တော်တွေ့တာ တစ်ယောက်ပဲ။ အဲဒီနားမှာ ကျွန်တော်နဲ့သူ (ကိုအောင်ခန့်) နှစ်ယောက်ပဲရှိတာ။ ပြီးတော့မှ နောက်ကကားတွေ ရောက်လာပြီး မီးသတ်ဆေးဘူးတွေ ပေးတာ” ဟု ဖေဖော်ဝါရီ ၈ ရက်က ပြောကြားသည်။

အသက်ရှင် လွတ်မြောက်ခဲ့သူ ကိုအောင်ခန့်မှာ အဆိုပါယာဉ်ကို မောင်းနှင်ခဲ့သူဖြစ်ကြောင်း ဇန်န၀ါရီ ၂၃ ရက်တွင် ၀န်ခံထွက်ဆိုခဲ့ပြီးနောက် အမှတ် (၃) အမြန်လမ်းမကြီး ရဲစခန်းက ပုဒ်မ ၃၀၄(က) / ၃၃၇/ ၂၈၅ ဖြင့် ကနဦးတွင် အမှုဖွင့်ခဲ့ကာ ဇန်န၀ါရီ၂၃ ရက်မှ ဖေဖော်ဝါရီ ၆ ရက် ပထမအကြိမ်ရမန်ယူ၍ စစ်ဆေးခဲ့ကြောင်း၊ ဇန်န၀ါရီ ၂၆ ရက်တွင် စီအိုင်ဒီသို့ လွှဲပြောင်းပေးခဲ့ပြီး စီအိုင်ဒီမှ လွှဲပြောင်းစစ်ဆေးဆဲ ကာလတွင် ပထမအကြိမ် ရမန်ယူရက်ကုန်ဆုံးခဲ့သဖြင့် ဖေဖော်ဝါရီ ၆ ရက်မှ ဖေဖော်ဝါရီ ၂၀ရက်အထိ ဒုတိယ အကြိမ်ရမန်ယူခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့သူများ၏ မိသားစုဝင်များက အဆိုပါ ဖြစ်စဉ်သည် ကြိုတင်ကြံစည်၍ ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆမှုများနှင့် အမှုမှန်အမြန်ဆုံး ပေါ်ပေါက်နိုင်ရန် ပြောဆိုမှုများရှိခဲ့သည်။
ယာဉ်မီးလောင်ကျွမ်းမှု ဖြစ်စဉ်မှာ ယာဉ်၏ ညာဘက်ဘီးပေါက်ကာ လမ်းလယ်ကျွန်းရှိ Guard Rail အား တိုက်မိရာမှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်ပေါ်တွင်လိုက် ပါလာခဲ့သူများမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး ခုနစ်ဦးဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
“ဖြစ်ချိန်က မနက် ၈ နာရီ ၂၉ မိနစ်မှာ ဖြစ်တယ်။ သတင်းရတာ ၈ နာရီ ၃၀ မိနစ်မှာ သတင်းရတယ်။ သွားပြီးမီးငြိမ်းသတ်တာ ၉ နာရီ ၅ မိနစ်မှာပြီးတယ်။ ကားပေါ်ပါလာတာက ယာဉ်မောင်းအပါအ၀င် ကိုးဦး၊ ကျားနှစ်၊ မခုနစ်ဦးမှာ ကျားတစ်ယောက်ပဲကျန်တယ်။ ယာဉ်မောင်း အပါအ၀င် လူရှစ်ဦးသေတယ်။ သူတို့က ပုဂံညောင်ဦးက ဘုရားဖူးပြီး အပြန်မှာ ရှေ့ဝဲဘက်ဘီးပေါက်ပြီးတော့ အလူမီနီယံ ဘောင်ကိုဝင်တိုက်ပြီးတော့ ဆီတိုင်ကီ ကွဲသွားတာ။ အဲဒီကနေစပြီးလောင်တာ” ဟု မီးလောင်မှု ဖြစ်ပွားရာသို့သွားရောက် မီးငြှိမ်းသတ်ခဲ့သည့် အမှတ် ၃ လမ်းဆုံ အမြန်လမ်းမကြီး မီးသတ်စခန်းမှ လ/ ထဦးစီးမှူး ဦးငြိမ်းချမ်းက ပြောကြားထားသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ယာဉ်မှာ ဇန်န၀ါရီ ၁၉ ရက်က ပုဂံ - ညောင်ဦးသို့ ဘုရားဖူးရန် သွားရောက်ခဲ့ခြင်းဖြစ်ပြီး အပြန်ခရီးတွင် နေပြည်တော်သို့ အလုပ်ကိစ္စဖြင့် ၀င်ရောက်ခဲ့ပြီးမှ ရန်ကုန်မြို့သို့ ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းမှအပ သေဆုံးခဲ့သူများမှာ ဆောက်လုပ်ရေး ကုမ္ပဏီမှဖြစ်ပြီး အင်ဂျင်နီယာ အများစုဖြစ်ကြောင်း သေဆုံးခဲ့သူများ၏ မိသားစုဝင်များက ပြောကြားသည်။


လူ ၈ ဦးသေဆုံးခဲ့သော အမြန်လမ်းကားမီးလောင်မှု ယာဉ်မောင်းအား အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်


ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၊ ၄ မိုင် ၂ ဖာလုံတွင် ဖြစ်ပွားခဲ့သည့် ကားမီးလောင်ပြီး လူ ၈ ဦး သေဆုံးမှု နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ အောင်ခန့် ဇွဲမြန်မာ (ခ) အောင်ခန့်အားအလုပ်​နှင့်​ ​ထောင်​ဒဏ်​ ၁၂ ကျခံစေ ရန် ယနေ့ မတ်လ ၂၁ ရက်၊ လှည်းကူးမြို့နယ်တရားရုံးသူကြီးက အမိန့်ချမှတ်လိုက်သည်။

အောင်ခန့် ဇွဲမြန်မာ (ခ) အောင်ခန့်အား ပေါ့လျော့စွာ ယာဉ်မောင်းနှင်မှုကြောင့် လူသေစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃ဝ၄(က)အရ အလုပ်​နှင့်​ ထောင်ဒဏ် ၇ နှစ်၊ မီးကိုပေါ့လျော့စွာအသုံးပြုသဖြင့် မီးလောင်ကျွမ်းမှု ပုဒ်မ- ၂၈၅ အရ အလုပ်​နှင့်​ ထောင်ဒဏ် ၃ နှစ်၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာတွင် ယာဉ်ကို မဆင်မခြင်မောင်းနှင်မှု ပုဒ်မ- ၂၇၉ အရ အလုပ်​နှင့်​ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ကို သီးခြားစီ​ကျခံစေရန် အပြီးသတ်အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
လှည်းကူးမြို့နယ်​တရားသူကြီး ​ဒေါ်နံ့သာ​နွေး​နွေးဝင်းက အပြီးသတ်​အမိန့်​ချရာတွင်​ ယာဉ်​​မောင်း​အောင်​ခန့်​မှာ ယာဉ်​​မောင်းအတတ်​ပညာကို စနစ်​တကျသင်​ယူခဲ့ခြင်းမရှိခြင်း၊ ၁ နှစ်​ခန့်​သာ ​ယာဉ်​​မောင်းနှင်​ဖူးသည့်​အ​တွေ့အကြုံရှိခြင်း၊ အလူမီနီယံ​ဘောင်​အား အကွာအ​ဝေး ၉၁ ​ပေခန့်​ထိ ပွတ်​တိုက်​မိ​အောင်​ ယာဉ်​မဆင်​မခြင်​​မောင်းနှင်​ခဲ့ခြင်း၊ လူ ၈ ဦးအရှင်​လတ်​လတ်​မီး​လောင်​​သေဆုံးခဲ့ခြင်း၊ ယခုကဲ့သို့ယာဉ်​​ပေါ်ပါလာသူများသာမက အများပြည်​သူ အခြားခရီးသွားများလည်း အန္တရာယ်​ကျ​ရောက်​​စေနိုင်​​ကြောင်း ပြစ်​မှုထင်​ရှားသည့်​အတွက်​ ယခုကဲ့သို့ အမိန့်​ချမှတ်​ခဲ့ခြင်းဖြစ်​​ကြောင်း တရားခွင်​အတွင်း ​ပြောကြားခဲ့သည်​။

အဆိုပါ အောင်ခန့် ဇွဲမြန်မာ (ခ) အောင်ခန့်အား လှည်းကူးမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၄(က)၊ ၂၈၅၊ ၂၇၉ စသည့် ပုဒ်မ ၃ ခုဖြင့် ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်စွဲချက်တင်အမိန့်ချခဲ့ကာ စစ်ဆေးခဲ့ပြီး ယနေ့ မတ်လ ၂၁ ရက်တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ လူ ၈ ဦးထိသေဆုံးခဲ့သည့် ကားမီးလောင်မှုမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့် ဟိုက်အေ့စ် ကိုယ်ပိုင်ယာဉ်မှာ ပုဂံဘုရားဖူးပြီးအပြန် နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာစဉ် အမြန်လမ်း၊ ၄ မိုင် ၂ ဖာလုံတွင် လမ်းလယ်ရှိ အလူမီနီယံပေါင်အား တိုက်မိကာ ကားမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကားမီးလောင်မှုကြောင့် အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၁ ဦး၊ စုစုပေါင်း ၈ ဦးသေဆုံးခဲ့ပြီး လက်ရှိ အမှုရင်ဆိုင် နေရသော ယာဉ်အားမောင်းနှင်ခဲ့သူ အောင်ခန့် ဇွဲမြန်မာ (ခ) အောင်ခန့်ဆိုသူ တစ်ယောက်သာ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

" အစ်မတို့က အခုလိုအမိန့်​ချတာကို မ​​ကျေနပ်​ဘူး။ မုဒိမ်းမှုလည်း မဟုတ်​ဘူး။ ​ဆေးမှု၊ ခိုးမှုလည်း မဟုတ်​ဘဲနဲ့ ပုဒ်​မသုံးလုံးကို အမြင့်​ဆုံးပြစ်​ဒဏ်​ချလိုက်​တယ်​။ ဒါ​ကြောင့်​မ​ကျေနပ်​တာ။ အယူခံတက်​၊ မတက်​က​တော့ အစ်မတို့​ရှေ့​နေနဲ့တိုင်​ပင်​ဦးမယ်​" ဟု အောင်ခန့်၏ အမဖြစ်​သူက​ပြောသည်​။
အဆိုပါ အမှုကို တစ်နှစ်ကျော်ကြာစစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ အပြီးသတ်အမိန့် ချမှတ်ခဲ့ခြင်းလည်းဖြစ် သည်။

ထိုသေဆုံးကြမည့်သူများ ရိုက်တင်ခဲ့သော Facebook Video Live

Ref ;  Eleven Media Group , 7 Day TV & Mizzima Burmese

ဆက်စပ်သတင်း

 အမြန်လမ်း ရှစ်လောင်းပြိုင် သတင်း အစ-အဆုံး ( ၁ )

No comments:

Post a Comment