Friday, March 1, 2013

ဘုရင်.နောင် လက်ထက်က တောင်ငူ အင်ပါယာ

မြန်မာတွေ အရှေ့တောင်အာရှမှာ အကြီးအကျယ်ဆုံး အင်ပါယာတစ်ခုကို ထောင်ခဲ့ဖူးပါတယ် အဲတာကတော့ ဘုရင်နောင်အင်ပါယာ(၀ါ) တောင်ငူအင်ပါယာ ဖြစ်ပါတယ်။ 


အနော်ရထာ တည်ထောင်ခဲ့တဲ့ အင်ပါယာပြိုကွဲသွားပြီးနောက် တပင်ရွှေထီးလက်ထက် မှာ မြန်မာနိုင်ငံဒေသတော်တော်များများကို စပြီးတိုက်ခတ်သိမ်းသွင်းပါ တယ်။ နောက်တော့ တပင်ရွှေထီးဟာ အရက်ကြောင့်ဘ၀ပျက်သွားခဲ့ပြီး
နောက်ဆုံးလုပ်ကြံခံရကာ အနိစ္စရောက်သွားပါတယ်။ နောက်တော့ ဘုရင်နောင်မှ တိုင်းပြည်ကို ပြန်လည်စုစည်းရာ မောရှမ်းပြည်ကိုလည်း သိမ်းသွင်း နိုင်သည့်အပြင် ယခုထိုင်းနိုင်ငံကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ယခုလာအိုတွေနေခဲ့သည့် နေရာအထိ အင်ပါယာက ကျယ်ပြန့်ခဲ့ပါတယ်။ မဏိပူရလည်း ဘုရင်နောင်လက်အောက်ခံပါ။ ဘုရင့်နောင်ဟာ သီရိလင်္ကာဘုရင်ကိုတောင် စစ်ကူပေးခဲ့ပါသေးတယ်။ ဘုရင့်နောင် တည်ထောင်ခဲ့သည့် အင်ပါယာဟာ သားတော် နန္ဒဘုရင်လက်ထက် မှာ ပျက်စီးသွားခဲ့ပါတယ်။ တောင်ငူဘုရင်ခံနဲ့ ရခိုင်ဘုရင် တို့ ပူးပေါင်းပြီး ပုန်ကန်ရာ အောင်မြင်သဖြင့် နန္ဒဘုရင်ကို ဖမ်းသွားလေရာ ဘုရင့်နောင် တည်ထောင်ခဲ့သည့် အင်ပါယာလည်းပျက်စီးသွားလေသည်။ ထိုချိန်က ဘုရင့်နောင်၏ နေပြည်တော်သည် နတ်ဘုံတမျှလှပကြောင်း အရှေ့တောင်အာရှ တခွင်တွင် ကျော်ဇောခဲ့ပါတယ်။

ဦးကုလားရာဇ၀င်ကနေ ကောက်နုတ်ပါတယ်။ ဓါတ်ပုံကတော့ google image ကနေ ဆွဲလာတာပါ။ 


Post by သုတစွယ်စုံကျမ်း @ Facebook

No comments:

Post a Comment