Sunday, March 17, 2013

ဂျာမဏိ စာကြည်.တိုက်က အလောင်းမင်းတရားကြီး ရဲ. သ၀ဏ်လွှာ

အလောင်းမင်း တရားကြီး၏ ဗြိတိန်ဘုရင် ထံသို့ ပေးပို့သည့် ရွှေပေလွှာ ဂျာမနီ နိုင်ငံ စာကြည့်တိုက် တွင် ထိန်းသိမ်းထား


အေဒီ ၁၇၅၆ ခုနှစ် မြန်မာ ဘုရင် အလောင်းဘုရား က ဗြိတိန် ဘုရင် George 2 ထံသို့ ပေးပို့ ခဲ့သော ရွှေပေရွက်လွှာ သည် ယနေ့အထိ ဂျာမနီ နိုင်ငံ ဟန်နိုဗာမြို့ရှိ Gottfried Wilhelm Leibniz စာကြည့် တိုက်၌ ထိန်းသိမ်း ထားသည်။
အေဒီ ၁၇၅၆ ခုနှစ်တွင် မြန်မာ ဘုရင် အလောင်းဘုရားသည် ဗြိတိန်ဘုရင် George 2 ထံ မြန်မာ နှင့် ဗြိတိန် ချစ်ကြည်ရေး တိုးမြှင့် ဆောင်ရွက်ရန် ရေးသားကာ အင်္ဂလိပ် ကုန်သည် အဖွဲ့အား ဟိုင်းကြီး ကျွန်းတွင် နေထိုင်၍ ကုန်သွယ်ခွင့် ပြုထားကြောင်း၊ ဆက်လက် ၍လည်း နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီး စွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တို့ကို ဖော်ပြ ထားသည်။
ပြည်ထောင်စုမင်း အချင်းချင်း တန်းတူ ညီမျှမှုဖြင့် သ၀ဏ်လွှာ ပေးပို့ ခြင်းဖြစ်ကာ ဗြိတိန်ဘုရင် George 2 က ၄င်း၏ မွေးဖွားရာ ဇာတိ ဟန်နိုဗာမြို့ စာကြည့်တိုက်သို့ လွှဲပြောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရွှေပေလွှာသည် အရည် အသွေး ကောင်းသော ရွှေအစစ်ကို ပါးလွှာအောင် အပြား ခတ်ထားပြီး အလျှား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာရှိ ပေရွက် ပုံသဏ္ဍာန် ပြုလုပ် ထားကာ ထိပ်တစ်ဖက်စီတါင် အရည်အသွေး တူညီသော ပတ္တမြား ၁၂ လုံးစီ မြှုတ်ထားသည်။
ရွှေပေရွက်လွှာ ပေါ်တွင် ကညစ်ဖြင့် ရေးသား ထားသော စကြောင်း ၁၀ ကြောင်း ပါဝင်ပြီး သက္ကရာဇ် ၁၁၁၈ ခု၊ ကဆုန်လဆန်း ၁၀ ရက် ၇-၅-၁၇၅၆ ဟု၍ ရက်စွဲ ပါရှိသည်။ အဆိုပါ ရွှေပေရွက်လွှာကို လိပ်၍ ဆင်စွယ် ကြုတ်တွင် ထည့်သွင်း ထားသည်။ နှစ်ပေါင်း ၂၅၀ ကြာမြင့် ပြီးနောက် ၂၀၀၇ ခုနှစ် တွင် ဟန်နိုဗာ မြို့ရှိ စာကြည့် တိုက်မှ ပညာရှင် Dr.Fri-edrich Hulsmann က တွေ့ရှိ ခဲ့ပြီး လူဇင်ဘတ် နိုင်ငံသား သမိုင်း ပညာရှင် အကူ အညီဖြင့် လေ့လာ သုတေသန ပြုခဲ့ရာမှ မြန်မာ ဘာ သာဖြင့် ရေးသား ထားကြောင်း သိရှိ ခဲ့ပြီး ကွန်ပျူတာ အကူအညီဖြင့် ဘာသာပြန်ခြင်း၊ အက္ခရာ ဖ လှယ်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း၊ ဟန်နိုဗာမြို့ရှီ စာကြည့်တိုက်၌ အလောင်းဘုရား ပေးပို့သည့် ရွှေပေရွက်လွှာကို ဓာတ်ပုံ စက္ကူဖြင့် ပုံအကြီးချဲ့၍ ချိန်ဆွဲ ပြသထားပြီး မူရင်း ရွှေပေ ရွှေရွက် အစစ်ကို စနစ်တကျ ပြုပြင် ထိန်းသိမ်း၍ အထူး သိမ်းဆည်း ထားကြောင်း သိရှိ ရသည်။
ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်ကြူနှင့် ယဉ်ကျေးမှု အဖွဲ့က ဟန်နိုဗာရှိ Gottfried Wilhelm Leibniz စာကြည့်တိုက်သို့ ရောက်ရှိစဉ် အဆိုပါ ရွေပေ ရွက်လွှာအား ကြည့်ရှု လေ့လာခွင့် ရရှိ ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment