Friday, March 8, 2013

မြန်မာ.အားကစားဖခင် ကာယဗလ ဦးရှိန်

ကျွန်တော် ဒီတစ်ပတ် တင်ပြပေးမှာက မြန်မာ. အားကစား ဖခင်ကြီးလို. တင်စားခံရတဲ. ဦးရှိန် အကြောင်းလေးပါ။ 



ဆရာ ဦးရှိန်ကို တစ်ချို.ကလည်း ကာယဗလ ဦးရှိန်လို. ခေါ်ကြပါတယ်။ မြန်မာ. အားကစား ဖခင်ကြီး ဦးရှိန်ကို ၁၈၉၆ခုနှစ် ဇန်န၀ါရီလ (၃၀)ရက် နေ.တွင် သာယာဝတီ ခရိုင် နတ်တလင်း မြို.နယ်တွင် အဖ ဦး ဖိုးဆိတ်နှင်. အမိ ဒေါ်ဖွားစိန် တို.မှ ဖွားမြင် ခဲ.သည်။ မွေးချင်း (၉)ယောက် ရှိပြီး ဦးရှိန်သည် ဒုတိယမြောက် သား ဖြစ်သည်။ တိုးတက်ေ၇း ဦးစိန် ခေါ် ဦးဗဂျီငို မှာ ဦးရှိန် ၏ ညီအရင်း ဖြစ်သည်။ ဦးရှိန်သည် ငယ်စဉ်က နတ်တလင်းမြို. ဆရာချက်၏ လောကဓာတ် ကျောင်းတွင် စတင် ပညာ သင်ကြား ခဲ.သည်။ ငယ်စဉ်က သင်္ချိုင်း သို.အသုဘ လိုက်ပို.စဉ် နွားသတ် နေသည်ကို မြင်ခဲ.ရသည်မှ စပြီး အမဲသား စားခြင်းကို လုံးဝ ရှောင်ကြဉ်ခဲ.သည်။ အသက်(၇)နှစ် အရွယ်တွင် လယ်တီ ဆရာတော် ဘုရားကြီး နတ်တလင်းသို. ကြွလာ ချိန်တွင် အမဲသားကို လှုဒါန်းခဲ.သည်။ ရန်ကုန်မြို. လမ်း(၃၀)တွင် နေထိုင်သော အမ များ က ခေါ်ယူပြီး ကျောင်းထား ပေးသဖြင်. ရန်ကုန်မြို. (၃၆)လမ်း ထောင်.ရှိ မက်သလစ် အလယ်တန်း ကျောင်းသို. ပြောင်းရွေ. ပညာ သင်ကြား ခဲ.သည်။ နောင်တွင် ဧကရီ ၀ိတိုရိယ ဗုဒ္ဒဘာသာ ယောင်္ကျားလေး ကျောင်း တွင် ပြောင်းရွေ. သင်ကြား ခဲ.သည်။
ဦးရှိန်သည် ငယ်စဉ် ကတည်းက သူများနှင်. မတူ ကိုယ်လုံး တော်တော် သေးသွယ်သည်။ ၁၉၁၁ ခုနှစ် အသက် (၁၅)နှစ် အရွယ် ဆဌမတန်း ကျောင်းသား ဖြစ်လာသော အချိန်တွင် အရပ် ၅ပေ၃ လက်မ သာ ရှိခဲ.ပြီး ထို ခေတ်အခါက ကျောင်းများတွင် ကျောင်းသား အချင်းချင်း လက်မောင်းလှဲ ခွန်အား စမ်းမှုများ ခေတ်စား ခဲ.သည်။ ထိုယှဉ်ပြိုင်မှုတွင် ဦးရှိန်သည် အမြဲတမ်း အရှုံးနှင်. သာ ရင်ဆိုင် ခဲ.ရသည်။ ထိုအချိန် က နိုင်ငံခြားမှ ဆန်ဒို (ကမ္ဘာကာယဗလ ဖခင်ကြီး ။နောင်တွင် တင်ဆက် ရေးသား ပေးပါမည်) ၏ ကာယဗလ လေ.ကျင်. စဉ်များကို မှာယူပြီး လေ.ကျင်. ကစားသူ ပန်ချာပီ ဘသန်း နှင်. ဦးအောင်ကြီး တို.ကို ဦးရှိန်သည် အရမ်း အားကျခဲ.သည်။ အတန်းထဲတွင် ကျန်းမာရေး စာစောင်များ ဖတ်ရှု လေ.လာသော ကျောင်းသားများ တွေ.လျင် လည်း အရမ်း အားကျခဲ.သည်။ စာစောင်များတွင် တွေ.ရသော ကမ္ဘာ လူသန်များ၏ ဓာတ်ပုံများကို ကြည်.ပြီး ကာယဗလကို စိတ်ဝင်စား ခဲ.သည်။ တစ်စောင်လျင် (၁၀)ပြားတန် အင်္ဂလန်မှ အပတ်စဉ် ထုတ် စာစောင်များကို မှာယူ ဖတ်ရူခဲ.သည်။ စာအုပ် တစ်အုပ်ကို မ၀ယ်နီုင် သဖြင်. စာမျက်နှာ (၄၀)ခန်.နှင်. လေ.ကျင်.ခန်း များကို တစ်ညလုံး မအိပ်ပဲ ကူးယူ  ခဲ.သည်။ ၁၉၁၁ ခုနှစ် နိုဝင်ဘာ (၂၃) ရက်နေ. တွင် ကာယဗလ အားကစား ကို သေတပန် သက်တဆုံး လုပ်တော.မည် ဟု ဦးရှိန် ဆုံးဇြတ် ခဲ.သည်။

ကာယဗလ လေ.ကျင်.ရေး ပစ္စည်းများ ရှိသည်. ၁၆လမ်းနေ ကိုသာဟန်၏ နေအိမ်သို.  ချဉ်းကပ် သွားရောက်ပြီး (၃)ထပ် တိုက်ခန်း ပေါ်မှ အလေးများ ကို အောက်သို. သယ်ချပြီး နံစော်နေသော နောက်ဖေး လမ်းကြားတွင် လေ.ကျင်. ခဲကြရသည်။ ဦးရှိန်သည် ထို အရွယ်မစပြီး ကာယဗလ လေ.ကျင်.မှုကို စွဲစွဲမြဲမြဲ ပြုလုပ်ခဲ.ပြီး ကျူလီယာ ကုလား စာအုပ် ဆိုင်သို. သွားရောက်ပြီး ကာယလေ အားကစားနှင်. ပတ်သက်သော စာအုပ်များကို မွေနှောက် ရှာဖွေပြီး လေ.လာ ဖတ်ရှုခဲ. ရသည်။ ၇တန်းမှာ ကျောင်းထွက်ပြီး ပန်းဆိုးတန်း ရှိ ရှေ.နေကြီး လင်တန် ခေါ် မက္ကဒေါ်နယ် ကလစ်ပန်၏ ရုံးတွင် တစ်လလျင် ၁၅ ကျပ်စား အလုပ်သင် အဖြစ် စတင် အလုပ် လုပ်ခဲ.သည်။ ထိုမှ တစ်နှစ်ခွဲ အကြာတွင် ဟံသာဝတီ ကောင်စီရုံး သို. ပြောင်းရွေ. လုပ်ကိုင် ခဲ.သည်။ ထိုမှ တစ်ဖန် ဓနိတော ဘီအိုစီတွင် ၃၅ ကျပ် လစာရ လယ်ဂျာ စာရေး အဖြစ် ပြောင်းရွေ. လုပ်ကိုင် ခဲ.သည်။ နောက်ဆုံးတွင် ၁၉၁၇ ခုနှစ် ၀ီလျံဂျက်စ် ကုမ္မဏီသို့ ပြောင်းရွေ. လုပ်ကိုင်ခဲ.ရာ ၆၅ ကျပ် လစာရခဲ.ပြီး ဦးရှိန်၏  ကြိုးစားမှု ကြောင်. ၁၉၂၂ ခုနှစ်တွင် မြေဂရန်ကို ဆုငွေ အဖြစ် ချီးမြှင်. ပေးခဲ.သည်။ ဦးရှိန်သည် ကာယဗလ လေ.ကျင်.မှု ဖြင်.တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်မှုကို ရုပ်ရှင်ဖြင်. တိုင်းပြည်ကို ပထမဆုံး ရှေ.ဆောင် လမ်းပြ ပညာပေးခဲ.သူ တစ်ဦး ဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် တတိယ မြောက် မြန်မာ ရုပ်ရှင်ကား ဖြစ်သည်. နဖူးစာ ရွာလည် ဇာတ်ကားတွင် ညီဖြစ်သူ ဦးစိန် က မင်းသားနှင်. ဦးရှိန် က လူကြမ်း အခန်းမှ ပါဝင် သရုပ်ဆောင် ခဲ.သည်။ မြန်မာ. ရုပ်ရှင် လောကတွင် ပထမဆုံး စတန်. ဇာတ်ကား ဖြစ်သည်။ ဦးရှိန်တို. ညီအစ်ကို နှစ်ဦး စလုံးလည်း ပထမဆုံး စတန်. မင်းသားများ ဖြစ်လာ ကြသည်။ ထိုကား အပြီးတွင် ပီမိုးနင်း ဇာတ်လမ်း ရေးပြီး ညီဖြစ်သူ ဦးစိန် က ဒါရိုက်တာ အဖြစ် တာဝန်ယူ သော ခင်လေး သစ္စာတင်. မေတ္တာ ဇာတ်ကားတွင် ဦးစိန်နှင်. တွဲဖက်ပြီး မင်းသား အဖြစ် သရုပ်ဆောင် ခဲ.သည်။ ထိုကားမှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အာကစား ပညာပေး ရုပ်ရှင် ဖြစ်သည်။ ဦးရှိန်သည် အနောက်တိုင်း ဆန်ဆန် ရိုက်ပြခဲ.သည်။ သူ.ကို လူဆိုးများက ကြိုးဖြင်. ဇောက်ထိုး ဆွဲချပြီး ညှင်းဆဲ နှိပ်စက်ခဲ. သည်ကို လွတ်မြောက်အောင် ကြိုးစား ခဲ.ပုံများ ပါဝင်သည်။

၁၉၂၆ခုနှစ် အသက်(၃၀) အရွယ်တွင် ရန်ကုန်မြို. ဘုန်းကြီးလမ်းနေ ဦးထွန်း ပေါ် ဒေါ်ကြည် တို.၏ သမီး မမြ နှင်. အမ များက လက်ထပ် ပေးခဲ.သည်။ ဦးရှိန်၏ စာပေ ပညာ ဗဟုသုတ လေ.လာ စုဆောင်း မှတ်သားချက် များကို ဆရာကြီး ပီမိုးနင်းက လူမင်း ကလောင် အမည်ဖြင်. ရေးသားပေးသော ကမ္ဘာအလင်း စာအုပ်မှာ စောင်ရေ ၅၀၀၀ ကုန်သည် အထိ ရောင်းကောင်း ခဲ.သည်။ ထိုစာအုပ်ကို ပူးပေါင်း ပြုစုခဲ. ကြသူ ဦးရှိန်နှင်. ပီမိုးနင်း တို.ကို ခေတ်ရှေ.ကို ၂၅ နှစ်ခန်. စောပြီး ပြေးခဲ. ကြသူများဟု ကွယ်လွန်သူ စာရေး ဆရာကြီး ဦးရန်အောင် က ချီးကျူး ဂုဏ်ပြု ရေးသား ခဲ.သည်။ ၁၉၂၆ခုနှစ်တွင် ဦးရှိန် ဦးဆောင်သော ကာယဗလ အဖွဲ.ကို ဖွဲ.စည်းခဲ.ပြီး မြန်မာပြည် အပျော်တမ်း အလေးမ အသင်း ကိုလည်း ဖွဲ.စည်း ပေးခဲ.သည်။ ဦးရှိန်သည် အလေးမနှင်. ကာယဗလ အားကစားနည်းကို ကျောင်းသား လူငယ်ထု အတွင်းသို. ပျံ့နှံ့ေ၇ာက် ရှိအောင် ဆောင်ကျဉ်း ပေးခဲ.သည်။ ၁၉၂၈ ခုနှစ်တွင် မြို.မ ယောင်္ကျားလေး ကျောင်းတွင် ပထမဆုံး အလေးမ ပြိုင်ပွဲကို ကျင်းပ ပေးခဲ.ပြီး ကာယဗလနှင်. အလေးမခြင်း အကျိုး ကျေးဇူးများကို နိုင်ငံတော် အတွက် အကျိုးပြုပုံ များကို ကိုယ်တိုင် ဟောပြော ခဲ.သည်။ ထိုပြိုင်ပွဲတွင် (၈) စတုံတန်း ကူရှင် ကျောင်းသားလေး လှမောင် ၁၅၅ပေါင် မောင်စံသင်၊ ၉ စတုံတန်း ကိုစံရွှေ ၊ ၁၀စတုံတန်း ကိုညွှန်၊ တို. ရရှိခဲ.သည်။ ဦးရှိန်သည် ကာယဗလ အားကစား သာမက နယ်ချဲ. ဆန်ကျင်.ရေး လုပ်ငန်းများ တွင်လည်း တက်တက် ကြွကြွ ပါဝင် ခဲ.သည်။ မြန်မာတွေ အင်္ဂလိပ် ကျွန်ဖြစ်နေ တော.မှလား အင်္ဂလိပ်တွေကို မောင်းထုတ် ကြ သူပုန်ထ ကြလော.ဟု ပိုစတာများ လိုက်ကပ်ခဲ.သည်။ ၁၉၃၄ ခုနှစ်သည် မြန်မာကို ကမ္ဘာက သိအောင် ပထမဆုံး ပြုလုပ် လိုက်သောနေ.ဟု တင်စားခဲ.သည်။ အဘယ်ကြောင်. ဆိုသော် အိန္ဒိယ နိုင်ငံလုံး ဆိုင်ရာ တံခွန်စိုက် ပြိုင်ပွဲ၌ ဦး ဇော်ဝိတ်က ဗိုလ်စွဲ ခဲ.ခြင်းကြောင်. ဖြစ်သည်။


 ၁၉၃၃ ခုနှစ်တွင် မိုင်(၂၀) လမ်း လျှောက်ပြိုင်ပွဲကြီးကို ရန်ကုန်မြို.တွင် ပထမဆုံး ပြုလုပ်ပေး ခဲ.သည်။ ၁၉၃၅ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ.တွင် (အိန္ဒိယနိုင်ငံတွင် ဦးဇော်ဝိတ် ယှဉ်ပြိုင်သောနေ.) မြန်မာ တစ်နိုင်ငံ လုံးတွင် (၁၄) မိုင် လမ်းလျှောက် ပြိုင်ပွဲများ ကျင်းပရန် လှုံဆော်ပေး ခဲ.သည်။ ဦးဇော်ဝိတ် ကိုလည်း အမျိုးသား အားကစား စည်းရုံးရေး ဟောပြောမှု များအတွက် ထပ်ဆင်. မြေတောင် မြှောက်ပေး ခဲ.သည်။ ၁၉၃၅ခုနှစ် နိုဝင်ဘာ (၁၉) ရက်နေ.တွင် ကျင်းပသော ၁၅ ကြိမ်မြောက် အမျိုးသားနေ. အထိမ်း အမှတ် အခမ်းအနားတွင် ဦးဇော်ဝိတ်သည် အမျိုးသား အားကစားနှင်. ကျန်းမာရေး တိုးတက်မှု အတွက် ဟောပြောပွဲကို ပြုလုပ် ခဲ.သည်။ ကျောင်းများတွင် အလေး မ မရ ဆိုသော နယ်ချဲ. အစိုးရ၏ အမိန်.ကို ကန်ု.ကွက် ခဲ.သည်။ ကျွန်ဘ၀မှ သခင်ဘ၀ ရောက်အောင် လွတ်မြောက် ရေးတွင် တစ်မျိုးသား လုံး၏ ကျန်းမာ သန်စွမ်းမှု အဓိက ကျပုံကို ဟောပြော ခဲ.သည်။ ဦးရှိန်၏ ကြိုးပမ်းမှု တို.သည် ၁၉၃၆ ခုနှစ်တွင်ွှမြင်.မားဆုံး ရည်မှန်းချက် တစ်ခု အောင်မြင် ခဲ.သည်။ ၁၉၃၆ ခုနှစ်တွင် ဦးရှိန် လိုက်ပါလျှက် ဦးဇော်ဝိတ် ကြီးသည် ဘာလင် အိုလံပစ် ပြိုင်ပွဲသို. သွားရောက် ယှဉ်ပြိုင်ခဲ.သည်။ ထိုပြိုင်ပွဲတွင် ဦးဇော်ဝိတ်သည် အရှေ.တောင် အာရှ နိုင်ငံများမှ ပထမဆုံး ၀င်ပြိုင်သော အားကစား သမား ဖြစ်သည်။ ၁၉၃၆ခုနှစ် နောက်ပိုင်းတွင် ဦးရှိန်၊ ဦးဇော်ဝိတ်၊ မြောင်းမြ ဦးစံသင်တို. ခေါင်းဆောင်ပြီး မြန်မာ နိုင်ငံမြို. ကြီးများသို. လှည်.လည်ပြီး ကာယဗလ ဟောပြောပွဲများ၊ သရုပ်ပြပွဲများ ပြုလုပ် ခဲ.သည်။ ဦးရှိန်သည် ၁၉၃၇ခုနှစ်တွင် ရန်ကုန်မြို. ဂျူဗလီဟော တွင် ပထမဆုံး မြန်မာပြည် ကာယ အလှမောင် ရွေးချယ်ပွဲကို ပြုလုပ် ပေးခဲ.ပြီး တပ်မတော်ရေမှ ဗိုလ်မှုးကြီး မောင်မောင်က ပထမဆုံး မောင်ဘွဲ.ကို ရရှိခဲ.သည်။ ထိုမောင် ပြိုင်ပွဲသည် မောင်အမေရိက ပြိုင်ပွဲထက် (၂)နှစ် စော၍ ကျင်းပ နိုင်ခဲ.ခြင်း ဖြစ်သည်။ ၁၉၄၁ခုနှစ်တွင် ဦးရှိန်၊ ဦးသော်ဇင် ၊ မစ္စတာ ဟတ်စကင်း၊ တော်ဘုရားကြီး တို.သည် မြန်မာပြည် ကြံ့ခိုင်ရေးနှင်. ကျန်းမာရေး အသင်းကို စတင် ဖွဲ.စည်းခဲ.သည်။


ဦးရှိန်၊ ဦးဇော်ဝိတ်နှင်. မြန်မာ. အားကစား လောကမှ ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံတွင် အမျိုးသမီးများ ပထမဆုံး အကြိမ် ဘောင်းဘီတို ၀တ်ဆင်ပြီး အားကစား ပွဲများတွင် ယှဉ်ပြိုင်ရေးကို ဦးဆောင် တိုက်ပွဲဝင် ခဲ.ကြသည်။ ပထမဆုံး တိုင်းရင်းသား အမျိုးသား ပြေးခုန်ပစ် အားကစား ပြိုင်ပွဲကို ၁၉၄၁ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ. တွင် ဘီ အေ အေ ကွင်း၌ ကျင်းပ ဖြစ်အောင် ဆောင်ရွက် ပေးခဲ.သည်။ ဦးရှိန်သည် အမျိုးသမီးများ၏  ကျန်းမာရေးနှင်. လိင်ပညာ ပေးရေး ကိုလည်း အာရှ လူငယ် အစည်းအရုံး ဌာနချုပ်မှ အမျိုးသမီး ဥက္ကဌ အမ်အေ ဒေါ်အုန်း၊ အတွင်းရေးမှုး ဒေါ်ရီ ကြိန် ၊ဘဏ္ဌရေးမှုး ဒေါ်သင်းကြည် တို.နှင်. ညှိနှိုင်းပြီး ဦးရှိန်၏ တာဝန်ပေးချက် အရ ဒေါ်အုန်းသည် ၁၉၄၆ ခုနှစ် ဇူလိုင်လတွင် ဦးရှိန်ပေးသော အမည် အတိုင်း မိန်းမကိစ္စ အမည်ဇြင်. ထုတ်ဝေခဲ.သည။် စာအုပ်တွင် ဦးရှိန် ကအမှာ စာရေး ပေးခဲ.သည်။ ရောင်းအား ကောင်းလွန်း သဖြင်. (၂)လ အတွင်း ဒုတိယ အကြိမ် ထပ်မံ ရိုက်နှိပ် ခဲ.ရသည်။ ၇န်ကုန်တွင် မဟာမိတ်များ ဗုံးကြဲနေသည်. ကြားမှပင် ဦးရှိန်၏ ကာယဗလနှင်. အလေးမစခန်း တွင် ဦးဖော်ဝိတ် အပါအ၀င် တပည်.တပန်း အပေါင်းတို.သည် လေ.ကျင်.မှု မပျက်ဘဲ ဇွဲ ထက်သန်ခဲ. ကြသည်။ ဦးရှိန်သည် ဗုံးသံများ ကြားမှပင် ကတ္တရာ လမ်းပေါ်တွင် အလေးမ ပြိုင်ပွဲ ကျင်းပ ပေးခဲ.သည်။ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၆ခုနှစ်တွင် ဗိုလ်ချုပ် အောင်ဆန်း က ဦးရှိန်နှင်. ဦးဇော်ဝိတ် တို.ကို ဖိတ်ခေါ်ပြီး အမျိုးသား အားကစား ရေးများ ကို ဆွေးနွေး ခဲ.သည်။ ထိုဆွေးနွေးပွဲ၏ ရည်မှန်းချက်များကို ဦးရှိန်၊ ဦးဇော်ဝိတ်၊ ဦးသော်ဇင်၊ မစ္စတာ ဟတ်စကင်း၊ တို.၏ ဆက်လက် ကြိုးပမ်းမှု များကြောင်. ၁၉၄၆ခုနှစ် နိုဝင်ဘာလ (၂၇)ရက် နေ.တွင် မြန်မာ နိုင်ငံ အိုလံပစ် အသင်းကြီးကို ဖွဲ.စည်း နိုင်ခဲ.သည်။ ဦးရှိန် ခေါင်းဆောင်သော မြန်မာ အလေးမ အဖွဲ.သည် ၁၉၅၁ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ နယူး ဒေလီနိုင်ငံတွင် ပထမအကြိမ် အာရှ အားကစား ပြိုင်ပွဲ သို. သွားရောက် ယှဉ်ပြိုင်ခဲ.ရာ ဦးချူကီး၊ ထွန်းငြိမ်း၊ တင်မြင်.၊ သိန်းဟန်၊ ဘသိန်း၊ မောင်မောင်လွင်၊ ညွန်.ဖေ ၊ ဘကွန်း၊ ထွန်းမောင် တို. ပါဝင်ခဲ. ကြသည်။ ၁၉၅၂ခုနှစ်တွင် ဟဲလ်ဇင်ကီး ကမ္ဘာ အိုလံပစ် ပြိုင်ပွဲတွင် ထွန်းမောင် သွားရောက် ယှဉ်ပြိုင် ခဲ.ရာ ပြိုင်ပွဲဝင် (၃၀) အနက် အဆင်.(၁၄)သာ ရခဲ.သည်။ သို.သော်လည်း ဦးရှိန်၏ ဆက်လက် နည်းပြ ပေးမှုဖြင်. ထွန်းမောင်နှင်. မောင်မောင်လွင် တို.သည် ၁၉၅၄ခုနှစ် မနီလာတွင် ကျင်းပခဲ.သည့် ဒုတိယအကြိမ် အာရှ အားကစား ပြိုင်ပွဲတွင်  အာရှချန်ပီယံများ ဖြစ်ခဲ.သည်။ ဦးရှိန်၏ ကျေးဇူးကြောင်. ထွန်းမောင် သည် ကမ္ဘာ.တံခွန် စိုက် အဆင်.သို. တိုးတက်လာပြီး ၁၉၅၄ နှင်. ၁၉၅၅ ခုနှစ်များ တွင် (၂)နှစ် ဆက်တိုက် ကမ္ဘာ တံခွန်စိုက် ပြိုင်ပွဲများတွင် တတိယ ဆုများ ရရှိခဲ.သည်။


 မြန်မာ တစ်မျိုးသားလုံး အတွက် ကာယဗလနှင်. ညဏဗလ တိုးတက် ကြံ့ခိုင်မှုနှင်. မျိုးချစ် စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး အတွက် ထာဝစဉ် ဆောင်ရွက် ပေးခဲ.သော မြန်မာ အားကစား ဖခင်ကြီး ကာယဗလ ဦးရှိန် သည် ၁၉၇၄ ခုနှစ် စက်တင်ဘာလ (၁၀)ရက် အင်္ဂါနေ. နံနက် ၄း၁၅ မိနစ် အချိန် အသက် ၈၉ နှစ် အရွယ်၌ ဦးနှောက် သွေးကြော ပြတ်ရောဂါ ဖြင်. ကွယ်လွန်ခဲ.သည်။ သို.သော်လည်း ဦးရှိန်၏  နာမည် တစ်လုံးသည် မြန်မာ နိုင်ငံတွင် သမိုင်းတွင် ကျန်ရစ် ခဲ.သည်။ ဦးရှိန် သက်ရှိ ထင်ရှား ရှိခဲ.စဉ်က ဦးရှိန်နှင်.  ကာယဗလ နှစ် (၆၀)ပြည်. မှတ်တမ်းကို ကျင်းပပေးခဲ.ပြီး။ ဦးရှိန် ကွယ်လွန်ပြီးသည်. နောက်ပိုင်း တွင်လည်း ၇၅နှစ် မြောက် စိန်ရတု သဘင်၊ အနှစ် (၈၀) အထိမ်းအမှတ်များ ၊ဦးရှိန် နှစ် ၁၀၀၀ပြည်. အထိမ်း အမှတ်ပွဲများ ကျင်းပ ပေးခဲ.သည်။ ဦးရှိန်၏ ဘ၀ ဖြစ်စဉ်နှင်. ဆောင်ရွက် ချက်များ သမိုင်း ကို စာရေးဆရာ ဦးကျော်မြင်.လွင် က မြန်.မာ. ဗလ ခရီးနှင်. ကာယဗလ ဖခင် အမည်ဖြင်.  (၂)အုပ်တွဲကို ရေးသားခဲ.ရာ အမျိုးသား စာပေဆု ရရှိခဲ.သည်။ ဦးကျော်မြင်.လွင် သည် နောက်ထပ် မြန်မာ. လူသန် ဦးဇော်ဝိတ် အမည်ဇြင်.  ဆက်လက် ရေးသားခဲ.ရာ အမျိုးသား စာပေဆု ကို ဒုတိယ အကြိမ် ရရှိခဲ.သည် အထိ အောင်မြင်မှုများ ရရှိခဲ.သည်။ ဦးရှိန် ကို မြန်မာ. မျိုးချစ် ပုဂ္ဂိုလ်ကြီး ဦးလွန်း ခေါ် သခင် ကိုယ်တော်မှိုင်းက အောက်ပါ အတိုင်း၈ လုံးဖွဲ.  ဂါထာဖြင်. ချီးကျူး ဂုဏ်ပြု မှတ်တမ်း တင်ခဲ.ကြောင်းကို နိဂုံးချုပ် တင်ပြလိုက်ပါသည်။
သာသနာဒါယကာသတိုးဆက်ဝေးတောင်မှ
မြန်မာများဘာသာအမျိုးဆက်ရေးရှာတဲ.
တိုးတက်ရေးတပည်.ဒါယကာမောင်ရှိန်
မောင်စိန်တို.ကိုဖြင်.
ပြောင်တစ်သိန်းခေတ်သာဓရသာပ
နောင်က၀ိန် အစစ်သဒ္ဒါဗလ၀ရယ်နှင်.
အောင်ချိန်မေတ္တာမျှပါလို.
အစစ်ဂါရ၀ရွင်ကြည်ကြည်ပ
အဉ္စလီတင်ချီလို.လျှောက်ပြန်သနွဲ.
မြောက်ရန်အလှဲ. တညီကြံကြစေဖို.
ဝဇီကံစိတ်တစ်ခု မနောတွင်မှ
စီရံ ၊စီရံ၊တိဌတု သဘောတွေနှင်.
မိတ်ဟုစောကာတစ်ခေတ်မမုန်းဟု၍
အမယ်မင်းရှစ်လုံးဘွဲ. ကထာအသွားရယ်နှင်.
အချစ်ဆုံးတပည်.ဆရာသနား
မူရင်းတင်ဆက်သူ ....အောင်အောင် (aungaung.aung24@gmail.com)
@ http://myanmarfitness.com

No comments:

Post a Comment