ဝါးခယ်မမြို.လေး၏ အဖြစ်အပျက် ၊အကြောင်းအရာ ၊သမိုင်းများကို လေ.လာသိရှိနိုင်စေရန် ၊ ဂုဏ်ယူနိုင်စေရန် ရှာဖွေစုဆောင်း တင်ပြထားခြင်းဖြစ်ပြီး အခြား စိတ်ဝင်စားဖွယ် ၊ ဗဟုသုတ ရဖွယ်ရာများ ကိုဖတ်ရှုနိုင်ရန်အတွက်လည်းကောင်း ၊ဤ ဘလော.မှတစ်ဆင်. အခြားဘလော.များ သတင်းဋ္ဌာနများကို အလွယ်တကူသွားရောက်လေ.လာနိုင်ရန်အတွက်လည်းကောင်း တရားဝင် မြူနီစပယ် မြို.အဖြစ်ရပ်တည်ခွင်.ရသည်.မြို.လေး၏ ၁၀၆ နှစ်ပြည်.မွေးနေ. ဖြစ်သော၁-၁၀-၂၀၁၂ တွင်ဝါးခယ်မ ဘလော.ကို စတင်ဖွဲ.တည်ပြိး ၁၂ ရက် ၁၂ လ ၂၀၁၂ တွင် အပြီးသတ်လွှင်.တင်သည်
Friday, March 15, 2013
ဖခင်ရဲ. အနမ်းကြောင်. အသက်ပျောက်ရရှာသူ
Kaiden McCormick ဆိုတဲ့ ကလေးငယ်ကို မွေးဖွားမယ့် ရက်ထက် ငါးပတ်စောပြီး လမစေ့ဘဲ သူရဲ့မိခင် ကမွေးဖွား ခဲ့ပါတယ်။ သူရဲ့ဖခင်က သူ့ကိုအလွန်ချစ် တာကြောင့် ညတိုင်း ကိုယ်တိုင်ရေချိုး ပေးပြီးနောက် အနမ်းပေးကာ ချီပိုးပြီး သိပ်ပေးတယ်လို့ သိရပါတယ်။ ကလေးငယ် နှစ်ပတ်အရွယ်မှာ နို့ဘူး မစို့တော့ဘဲ ကိုယ် ပူချိန် အနည်းငယ် မြင့်တက်လာတာကို မိဘတွေက သတိထားမိခဲ့ပါတယ်။
အဲဒါဖြစ်ပြီး နောက်မှာပဲ ရုတ်တရက် ကလေးငယ်ဟာ တစ်ကိုယ်လုံး ပြာနှမ်းပြီး အသက်ရှူ ရပ်တန့်သွား တာကြောင့် အရေးပေါ်ကားကို ခေါ်ကာဆေးရုံ သွားခဲ့ပါတယ်။ ဆေးရုံမှာ အသက်ကယ်ဖို့အတွက် အထောက် အပံ့ ပေးတဲ့စက် (အသက်ရှူစက်)နဲ့ ခြောက်ပတ်ကြာ နေခဲ့ရပြီးမှ အသက်ရှူ ရပ်သွားကာ အတက်ဝေ ဒနာကို ခံစားခဲ့ရပါတယ်။ ပြီးနောက် ကလေးငယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေ အကုန်လုံး အလုပ် မလုပ်တော့တဲ့ အတွက် သေဆုံးခဲ့ပါတယ်။ ကလေးငယ်ဟာ ဖခင်ထံမှ ရေယုန်ရောဂါပိုး ကူးစက်ခံ ရတာကြောင့် အဲဒီလို ဝေဒနာတွေ ခံစားရပြီး သေဆုံး သွားတယ်လို့ သိရပါတယ်။
ရေယုန်ရောဂါပိုးဟာ Herpes simple ဗိုင်းရပ်စ် ပိုးမွှားကြောင့်ဖြစ်ပြီး လူအများစု ကိုယ်အတွင်းမှာ ရှိနေတတ်ပါတယ်။ အနမ်းပေးတာ ဒါမှမဟုတ် နို့တိုက်တာလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ လူကြီးအများစုမှာ ဒီဗိုင်းရပ်စ် ပိုးက ရှိနေတတ်ပြီး ကျန်းမာရေးနဲ့ ပတ်သက် လို့ ဘာပြဿနာမှ မပေးတတ်ပေမယ့် နို့စို့ကလေးငယ်တွေ အတွက်မှာမူ ခုခံအား ကျဆင်းနေ ပါက အသက်အန္တရာယ် ရှိနိုင်ပါတယ်။ မွေးကင်းစ ခြောက်ပတ် အတွင်းမှာ အန္တရာယ် အရှိ ဆုံးဖြစ်ပြီး ရော ဂါကူးစက် ခံရပါက ကလေးငယ်ဟာ နို့မစို့တော့တာ၊ မှိန်းနေတာ၊ အဖျားတက်တာနဲ့ အသံခြစ်ပြီး ငိုယိုတဲ့ လက္ခ ဏာတွေ ပြတတ်ပါတယ်။ ဒါကြောင့်မို့လို့ နို့စို့ကလေးငယ်တွေကို မနမ်းသင့်ကြောင်း ကျွမ်း ကျင် သူတွေက အကြံပေးထားကြပါတယ်။
Post from yoyarlay
Subscribe to:
Post Comments (Atom)
No comments:
Post a Comment