Thursday, March 14, 2013

ဧရာဝတီနှင်. ကီလန်တန် ပွဲ အမြင်အမျိုးမျိုး အသံအထွေထွေ

ဧရာဝတီယူနိုက်တက်အသင်းသည် 2013 AFC Cup အုပ်စု(G) အုပ်စုဒုတိယပွဲစဉ်အဖြစ် မတ် ၁၃ ရက်(ယနေ့) ည နေ ၅း၀၀ နာရီကသုဝဏ္ဏကွင်း၌ မလေးရှားကလပ် ကီလန်တန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ဧည့်သည်အသင်း အား ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
   မလေးရှားကလပ် ကီလန်တန်အသင်းသည် ပွဲစတင်သည်ဆိုသည်နှင့် တစ်ပြိုင်နက် အိမ်ရှင်ဧရာဝတီအသင်းအား အကောင်းဆုံး ဖိအားပေးကစားနိုင်ခဲ့သည့်အပြင် အပိုင်အခွင့်အရေး အမြောက်အမြားရရှိခဲ့သည်။ ဧရာဝတီအသင်း သည် ကီလန်တန်နှင့်ပွဲတွင် အသင်းခေါင်းဆောင်ဇော်ဇော်ဦး၊ သီဟဇော်၊ နန္ဒလင်းကျော်ချစ်၊ နေလင်းအောင်၊ လီ ယန်ဒရို၊ ဒေါ့မိနစ်၊ မာယန်စသည့် ကစားသမားများကို ထည့်သွင်းအသုံးပြုသွားခဲ့သည်။ ကီလန်တန်အသင်းအ တွက် အနိုင်ဂိုးများကို ၂ မိနစ်တွင် ဘတ်ဟရီ၊ ၅၃နှင့် ၈၀ မိနစ်များတွင် ပီထရာတိုက သွင်းယူပေးခဲ့သည်။
  အိမ်ရှင်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ၇၉ မိနစ်တွင် ဒေါ့မိနစ် က ပြစ်ဒဏ်ဘောမှ တစ်ဆင့် တိုက်ရိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က ဗီယက်နမ်ကလပ်ဒါ နန်အသင်းအား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုအခါကီလန်တန် အသင်းအား ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအ သင်းသည် 2013AFC Cup နှစ်ပွဲကစားပြီးချိန်တွင် နှစ်ပွဲစလုံး ရှုံးနိမ့်ထားပြီးအမှတ်ပေးဇယား အောက် ဆုံး၌ ရပ်တည်နေသည်။


  ယနေ့တွင်ကစားခဲ့သည့် မော်လ်ဒိုက်ကလပ် မဇီရာအသင်းနှင့် ဗီယက်နမ်ကလပ်ဒါနန်အသင်းတို့ပွဲတွင် ဒါနမ်အ သင်းက ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဒါနန်အသင်းသည် မဇီရာအသင်းအား အနိုင်ရရှိခဲ့သဖြင့် နှစ်ပွဲကစားနှစ်ပွဲ နိုင် ရမှတ် ၆ မှတ်ဖြင့် အုပ်စုအဆင့်မှ တက်ရန်အလားအလာကောင်းနေပြီး ဒုတိယနေရာတွင် ကီလန်တန်အသင်းက နှစ်ပွဲ ကစားတစ်ပွဲနိုင်၊ တစ်ပွဲ သရေ ရမှတ် ၄ မှတ်ဖြင့် ရပ်တည်နေသည်
ဒီသတင်းလေးက Myanmar Goal မှာရေးထားတာလေးဖော်ပြပေးတာပ

 

 ၁၃-၃-၂၀၁၃နေ.ညနေ ၅ နာရီကကျင်းပခဲ့သော Ayeyawady United FC (Myanmar) နှင်. Kelantan FA (Malaysia)ပွဲကို Red Waves Member များ..ဧရာဝတီ ပရိသတ်များ..မြန်မာအသင်းမို.အားပေးရအောင်လာသည်ဆိုသူများ...ရန်ကုန်ပရိသတ်...မနောမြေ..ရက္ခပူရ စသောအသင်းမှ ကစားသမားများ....အိမ်မဲ ..မအူပင် စသည်တို.မှ ကားငှားပြီး(သို.)ကိုယ်.အစီအစဉ် နှင်.ကိုယ် လာအားပေးကြသူများ.....ဧရာဝတီဖွားများမဟုတ်သော်လည်း ဧရာဝတီကိုချစ်စိတ်သက်သက်နှင်. လာအားပေးကြသူများ  ရောက်ရှိခဲ့ကြပြီး အသင်းတာဝန်ရှိသူအချို. ...ကစားသမားအချို. တို.နှင်.လည်း စကားပြောဖြစ်ခဲ့ပါသည်......ယခုစကားလုံးတို.သည် ထိုသူတို. ရင်မှဖြစ်သော စကားများသာဖြစ်သည်....မည်သည်.ရည်ရွယ်ချက်နှင်.အော်သည်..ပြောသည်...မည်သူပြောသည်..
မည်သည်.စေတနာအရင်းခံကာပြောသည် စသည်တို.ကိုတော. မပြောလို..မဝေဖန်လိုပါ..မိမိနှစ်သက်သလို သာ ယူဆပြီး မိမိစိတ်ကြိုက် ပုံဖော်နိုင်ကြပါသည်....

နယ်မှ လာရောက်အားပေးသောပရိသတ်များ
ှStart to 20 minute

*ဟာ...မာဂျန် လူဘယ်လိုထုတ်တာလဲ.....ညာတောင်ပံမှာ ဘာလို. သီဟဇော်နဲ. အောင်ကျော်မျိုးကို
နှစ်ယောက်ထပ်ထားတာလဲမသိဘူး...........
*နဲနဲလေး အားစိုက်ပါကွ
*လိုက်လေကွာ...လိုက်လေကွာ *လွတ်နေတယ်ကွ..နောက်တန်းကလွတ်နေတယ်...ဂိုးအုံးမယ်..တော်တော်ညံ.တယ်ကွာ
ဘာလဲကွာ.....
*ဟိုဘက်နောက်တန်းက တစ်လုံးတင် တစ်လုံးဖျက်ထုတ်နဲ. သာသာယာယာပဲ

ကစားသမားများ

                                                  20 minute to 30 minute

*ရဲရဲကန်စမ်းပါ ၂၁ နဲ. ၁၀ ရဲ.
*နောက်တန်းကလဲကွာ  စုတ်ပြတ်နေတာပဲ.........
*တက်လေကွာ တက်  ရှေ.တန်းမှာ လူတစ်ယောက်မှမရှိဘူးးးးးးးးးးးးး  ကွ
*အဲ့လိုအသင်းမျိုးနဲ. ကန်ချင်တာ ကွ
*ဧရာဝတီက တော်တော်ကို ကျသွားတာပဲ
*ကြိုးစားမှုကလည်း နည်း လိုက်တာကွာ
*၁၉ နဲ. ၁၃ မင်းတို.လိုက်ရမှာ.................ကွ


                                                  30 minute to First end

*နိုင်လင်းဦးက နေရာမှားနေတာ ဒုက္ခ  ...သူဘာမှ လုပ်မရဘူး
*ကွင်းလယ်မှာ မဖျက်နိုင်ပဲ နောက်တန်းရောက်မှ လိုက်ဖျက်နေရတော. အဲ့လိုတွေ ဖြစ်ကုန်တာပေါ.
*ကိုယ်.အသင်းမဟုတ်ပဲ မျိုးချစ်စိတ်နဲ. လာအားပေးနေတာနော် နည်းနည်းတော.အားနာအုံး
*ကစားသမားတွေ Color Blind ဖြစ်နေတာလားးးးးးးးးးး
*မလေးက တအားညက်တယ်နော် ...တစ်လုံးချင်းအေးအေးဆေးဆေး ဖျက်ထုတ်နေတယ်
*ဧရာဝတီနောက်တန်း တစ်လုံးမှ ဖျက်မထုတ်နိုင်သေးဘူးနော်
*ဗီယက်နမ်သွားတုန်းက ၂-၁ နဲ.ရှုံးတယ် အမှန်က ဒီ.ထက်ရှုံးခဲ့ရမှာ
*အလယ်တန်းကလည်း ပြတ်သတ် ထွက်နေတာပဲ
.*.... ရေ မင်းဘာတွေ လုပ်နေတာလဲ

ရန်ကုန်ပ၇ိသတ်အချို. (ရှေ.ဘက်)
                                                    45 minute to Finish

*နံပါတ်၈ ရပ်မနေနဲ. ဘောလုံးလေးဘာလေးတောင်းလေကွ
*ကောင်းလိုက်တာကွာ နောက်တန်းက ဒီလောက်စုတ်ပြတ်နေမှတော. ဂိုးတော.မှာပေါ.
*ဂိုးသမားကလည်းကွာ ၀ပ်ဖမ်းလိုက်ရင်တောင်ရတာကို
*အသင်းခေါင်းဆောင် ၀စီပိတ် ကျင်.နေတာလား ပြောလေကွ ကိုယ်.အသင်းသားတွေကို
*ဧရာဝတီက မသွင်းတော.ဘူးတဲ့ အားနာလို.
*တည်ဘောကန်တာတောင် ပေးစရာလူမရှိဘူးလားကွ
*၂၁ ကလည်း သူများနောက်မှာချည်းပဲ
*ဂိုးသမားက စိတ်ကူးယဉ်နေတာ ဘယ်လိုဖမ်းရင်ကောင်းမလဲလို.
*ကြိုးစားကြိုးစား ၂-၁ ဆိုတာ မှီတယ် မှီတယ် လုပ်လို.ရသေးတယ်
ဟာကွာ သွားပြီပေါ.
*အချီးကျုးကို မခံဘူး
*ဘယ်လိုကောင်တွေကို ခေါ်ထားတာလဲကွ
နောက်တန်းက ဘာတွေကို ရပ်ကြည်.နေတာလဲ  ကွ

မလေးသံတမန် အဖွဲ.နှင်. မလေးပရိသတ်

*ဧရာဝတီက ဧည်.၀တ်ကျေတယ်နော် ကိုယ်.အိမ်ကွင်းခေါ်ပြီး ဧည်.ခံပုံများ
*စိတ်မဆိုးပါနဲ.ဗျာ ဧရာဝတီက ခရီးဝေးက လာရလို.ပန်းနေလို.ပါ
*အလုပ်ကနေတန်းပြီး ကားငှားလာ၇တာ ၃၅၀၀ တောင်ပေးရတယ် ခုဘယ်လိုဖြစ်နေပြီလဲ ..ဟင် ၃ဂိုး
*ဧရာဝတီက အာဆင်နယ်လိုလုပ်နေတာ....ကောင်းကောင်းကစားပြိဆို ရောင်းလိုက်ရော
*ရန်ကုန်ကပါ ဒါပေမယ်.ဧရာဝတီက ရိုးသားလို. သဘောကျလို. လာအားပေးတာ 
နောက်ပွဲတွေလည်း လာမှာ
*ပြန်တော.မယ် ဧရာဝတီကို အားပေး၇တာ စိတ်ပျက်သွားပြီ


(ကျွန်တော်တို.တွေ မနေ.ညနေက ဤကဲ့သို.သော အသံများကြားဝယ် ကိုယ်.အသင်း၏ အရှုံးကို မည်.သည်.မျက်နှာ မည်သည်.စိတ် မည်သည်.ခံစားချက်တို.နှင်. အားပေးခဲ့ကြရသည်ကို ကိုယ်ချင်းစာမိစေရန်ပါ)

စိတ်ဝင်စားနေသော မလေး ကလေးငယ် တစ်ဦး
                                      ပထမပိုင်းအပြီးနှင်.ပွဲပြီး တိုက်ရိုက်စကားများ
*ကျွန်တော်တို.တွေကြည်.ကောင်းမယ်.ပွဲပဲဆိုပြီး အိမ်မဲကနေလာကြတာ ဆီကုန်ခံ အချိန်ကုန်ခံပြီးတော.လေ လာအားပေးကြတာ ခုတော.........................
*ကျွန်တော်တို.ဗျာ တကယ်မျက်နှာပူတယ် ကိုယ်.ကိုအမာခံအားပေးနေတဲ့ ပ၇ိသတ်တွေတွေ.ရင် ပိုဆိုးတယ် ဘယ်လိုမျက်နှာနဲ.ကြည်.ရမှန်းမသိဘူး
*အသင်းက ယိုင်နေတယ်ဗျာ.......ဘယ်လိုမှပြန်တည် လို.မရဘူးဖြစ်နေတယ်...မနှစ်ကအချိန်မှီ တည်လို.ရခဲ့ပေမယ်. ဒိနှစ်က......................
*Fan Club နဲ.ပတ်သက်လို. အကူညီလိုတာရှိရင် ဘာဖြစ်ဖြစ် ပြောပါနော် ကျွန်တော်တို.ကူညီမှာပါ
*ဆရာသမားရယ် အသင်းမှာက First Line Up ၅ယောက်နာနေတယ်ဗျာ.......အဲဒိတော.ဘယ်လိုလုပ်ကန်မလဲ

ပွဲကား မည်မျှစိတ်ဝင်စားစရာ ကောင်းခဲ့သနည်းဆိုသော်
 *အသင်းသားတွေ အများစုက နိုင်လိုစိတ် ကင်းမဲ့နေတယ် အဆင်မပြေမှု အချို.ကြားရပေမယ်.လည့်း ရိုစိတ် စစ်စစ်နဲ. ကစားနိုင်ဖို.တော.လိုနေသေးတယ်
*၂မိနစ်ကျော်ကျော်မှ အိမ်ကွင်း ဂိုးပေးလိုက်ရတယ်ဆိုတာ Team Work ဘယ်လောက်အားနည်းတယ်ဆိုတာပြတာပဲ
*ကျွန်တော်တို.လိုချင်တာအနိုင် (၃) မှတ်ဆိုတာထက် ကစားသမားတွေဆီက ၁၀၀ % ကြိုးစားအားထုတ်မှုနဲ့ အာရုံစိုက်မှု.........ခုတော.
*လုံးဝမခံချင်ဘူး ကိုယ်.အသင်းသားတွေညံ.တယ်ဆိုတာ ဟုတ်တယ် ဒါပေမယ်. သူများတွေအဲ့လိုပြောတာလုံးဝမခံချင်ဘူး

ဒါကလည်းရင်တွင်းဖြစ်စစ်စစ်တွေပါ 




No comments:

Post a Comment