( မြို.လေးတွင် မွေးဖွားခဲ့သူ ၊ ကြီးပြင်းခဲ့သူ အများစုက မြစ်ဝကျွန်းပေါ်ဒေသပီပီ မြစ်၊ချောင်းများသည့် ဒေသဖြစ်သည့်အလျှောက် ရေမှာပျော် ၊ ရေတွင်ဆော့ ၊ ရေနှင့်မကင်းသည့် ငယ်ဘ၀ ကို အမှတ်ရတတ်ကြသည် ။ ယခုစာစု မှာလည်း ဝါးခယ်မမြို.လေးတွင် ကြီးပြင်းခဲ့ဖူးသူ တစ်သီး၏ အမှတ်တရ စာစုလေး ဖြစ်သည်မို. ကူးယူမှတ်တမ်းတင်ပါသည် )
ဧရာဝတီကို ၇ နှစ်သားအရွယ်မှာ စရောက်တော့ .... ... ရေချိုးဆိပ်ဆင်းရင် အသား မကျ။
ကုန်းတွင်းနေတဲ့ ရေတွင်းသုံးသူတွေ အကျင့်က ဖျောက်မရ။ ရေချိုးသွားရင် ကြိုးတပ်ထားတဲ့ ရေပုံးထဲ ဆပ်ပြာခွက် ထည့်ပြီး ရေဆိပ်ရောက်တော့ တံတားပေါ်က ခပ်ချိုးတယ်။
ဘိုးကလေးရောက်စ က ရေချိုးဖို့သွားရင်း ရေထဲ ဝါဝါရှည်ရှည် အုန်းတီးဂျီး (e tone) မျော လာ တာ မြင်လို့ ရေမချိုးပဲ ပြန်ခဲ့တဲ့ ရက်လည်း ရှိတယ်။
နောက်တော့လည်း ဒေသနဲ့ အသားကျ ပြီး ကိုယ်ပါ ရေကူး တက်လာတယ်။ အဲ့အချိန်က ဘိုကလေး မှာ ပုဇွန်ထုပ်နဲ့ ဂဏန်းကြီး တွေ ဆိုတာ လူတိုင်း ဝယ်စားနိုင်ပြီး အရွယ်အကြီးကြီးတွေ။ ၁၉၈၈ အရေးခင်းကာလထဲ ရေခဲ မရတော့ ငါးသလောက် တစ်ကောင်ကို မနက်ခင်းက ငါးမူး၊ ညနေကျ တစ်မတ် ဖြစ်သွားတယ်။ နောက်နေ့ ရေသွားချိုးတော့ ဘိုကလေးမြစ်ထဲ ငါးသလောက်အသေတွေ ပေါလောမျော လို့......။ ရေထွက် အသားငါး သိပ်ပေါတဲ့ မြို့ ။
မိုးတွင်းဆို ရေထဲမျောလာတဲ့ ဗေဒါပုတ် တွေပေါ်က ဖောင်စီးဂဏန်းလို့ ခေါ်တဲ့ ဂဏန်းအသေးလေးတွေ ပေါလွန်းလို့ ပြည်တောင်း နဲ့ ချိန်ရောင်းကြတယ်။ ပြုတ်ပြီး သားရည်စာ လုပ် စားကြတာ။
ဘိုကလေး မှာ မြစ်နဲ့ နှစ် နှစ် နီးပါး မိတ်ဆက်ခဲ့တဲ့ ကျတော်.... ဝါးခယ်မ ရောက်တော့ ရေဖျံ တစ်ကောင် ဘဝ ရောက်လာတယ်။ ကျတော်တို့ ရုံးဝန်းက ကလေးပေါ ပြီး ဘေးဝန်းကျင်က ရွယ်တူတွေ ပေါင်းလိုက်တာ ဝါးခယ်မ မြစ်ဟာ ရဲစခန်းဆိပ်ကနေ သံကြိုးတိုင်ကတို့ဆိပ်အထိက ရေစုန်ရေဆန် စော့တဲ့ ကျတော့တို့ ကစားကွင်း ။
တခါရေချိုးရင် အိမ်က လာမခေါ်တဲ့အထိ ရေထဲက မတက်ကြတော့ဘူး။ တားမရတဲ့အဆုံး ရေချိုးသွားမယ်ဆို အဖေက ကျတော့ ကျောနဲ့ရင် ကို မုန်ညင်းဆီ လိမ်းပေး လိုက်တယ်။ အဆုတ်အအေးမိမှာစိုးလို့တဲ့။ ရေချိုးတယ်သာပြော ရေထဲဆော့လိုက်တာ မေးစိမှာ ရေညှိစိမ်းစိမ်းတွေ စွဲတဲ့ အထိ။
နွေနဲ့ဆောင်းမှာ မြစ်ရေက ကြည်တယ် .... ကမ်းစပ်က သဲသောင်ခုံ လေးက ကျတော်တို့ ဘောလုံးကွင်း။
မိုးတွင်းဆို နုံးနှစ်ရည်နောက်ကျိကျိ နဲ့ ကမ်းစပ်က လတာခုံ ... ရွှံံ့လူးပြီး သိုင်းချ ရတဲ့ နေရာ။
မိုးတွင်းဆို ရုံးဝန်းဆိပ်နား ဘဝင်းပိုက် ပိတ်မည့် တံငါတွေ ရောက်ရင် ကျတော်တို့ အလွန်ပျော်။ ဘဝင်းပိုက်က ပဇောက်ပုံစံ ကမ်းကို ပိုက်နဲ့ တားပြီး ငါးဖမ်းတဲ့နည်း။
ညနေ ရေကျချိန် မှာ ငါးဖမ်းပိုက်ရဲ့ အခြေကို မြေမှာမြှပ်ပြီး၊ သုံးလံ ကွာစီ လောက် ဝါးလုံးရှည်တွေ လိုက်စိုက် ရတယ်။ ည ရေတက်ချိန် ငါးဖမ်းပိုက်ရဲ့ အပေါ်စ ကို စိုက်ထားတဲ့ ဝါးလုံးမှာ ချည်ပြီး နောက်နေ့မနက် ရေကျချိန်..... ပိုက်တားထားလို့ ကမ်းစပ်ခုံပေါ် တင်ကျန် ခဲ့တဲ့ ငါး၊ပုစွန်၊ဂဏန်း အစုံ ကို အသာလေးကောက်ရုံပဲ။
ဘဝင်းပိုက်တားသူတွေက အများဆုံး လူငါးယောက်လောက်ပဲ။ အဲ့အချိန်က ဘဝင်းပိုက်တားသူတွေရဲ့ စည်းကမ်းက သူတို့ အနောက်ကနေ လိုက်ကောက်လို့ ရတဲ့ ငါး၊ပုစွန်တွေ သူတို့ကို ပေးစရာ မလိုပဲ ..... လိုက်ကောက်တဲ့သူ ယူပိုင်ခွင့်ရှိတယ်။
ကျတော်တို့က အမြဲ သူတို့နောက်က လိုက်ကောက်တယ်။ ကိုယ်တွေက အပျော်ဆိုတော့ ရသမျှ သူတို့ကို ပြန်ပေးတယ်။ သူတို့က ပိုကြည်ဖြူတာပေါ့။
အကုသိုလ်အလုပ်ပေမည့် အကောင်ကြီးကြီးတွေ များ ကိုယ်တွေ့လို့ ကောက်လိုက်ရတဲ့ အပျော်က ဘာနဲ့ မှ မတူဘူး။
ကိုယ်တိုင် ဒိုင်းကွင်းနဲ့ ငါးလိုက်ဖမ်းတဲ့ အခါလည်း ရှိတယ်။ ရေကျချိန် ရုံးဝန်းဘေးက မင်္ဂလာဝင်းချောင်း အောက်မှာ ကျတော်တို့ထဲက ကလေးကြီးတွေက ဒိုင်းကွင်းနဲ့ ပိတ်ရင် ကျတော်တို့က ချောင်းဖျားကနေ ဖားလှန့်ငါးလှန့် ပြေး ပေးရတယ်။ ကျရေနဲ့ ငါးတွေ မြစ်ထဲဆင်းရင် ချောင်းအောက်က တားထားတဲ့ ဒိုင်းကွင်းသမားက အသာလေးကောက်ရုံပဲ။
အဲ့ လို နဲ့ ဧရာဝတီမှာ အသားကျ ခဲ့တဲ့ ငယ်ဘဝ က မမေ့နိုင်စရာ တွေ များလွန်းတယ်။
အပေါ်က အတွေးကို သန်လျင်ရေလည်ကျောက်တန်းသွားခဲ့ချိန်က မြစ်ရေပြင်မြင်ရင်း သတိရမိတာ။ နေပူပူအချိန် ကမ်းစပ်က အရိပ်ကောင်းကောင်းမှာ လှေကလေးကြိုးနဲ့ ချည်ပြီး လှေကိုပုတ်တဲ့ လှိုင်း၊ မြစ်ပြင်က လာတဲ့လေ နဲ့ ငြိမ့် ရတဲ့ စည်းစိမ်မျိုး ပြန်တောင့်တ မိ တယ် ။ ။
ဆက်စပ်ဖတ်ရှုသင့်သော စာစု
မြို.လေးရဲ. ရေကြောင်းအတတ်သင် ... ခဝါဆိပ် ယဉ်ကျေးမှု နှင်. ကြည်နူးဆည်းဆာများ 2013
( ၿမိဳ.ေလးတြင္ ေမြးဖြားခဲ့သူ ၊ ႀကီးၿပင္းခဲ့သူ အမ်ားစုက ၿမစ္၀ကၽြန္းေပၚေဒသပီပီ ၿမစ္၊ေခ်ာင္းမ်ားသည့္ ေဒသၿဖစ္သည့္အေလွ်ာက္ ေရမွာေပ်ာ္ ၊ ေရတြင္ေဆာ့ ၊ ေရႏွင့္မကင္းသည့္ ငယ္ဘ၀ ကို အမွတ္ရတတ္ႀကသည္ ။ ယခုစာစု မွာလည္း ၀ါးခယ္မၿမိဳ.ေလးတြင္ ႀကီးၿပင္းခဲ့ဖူးသူ တစ္သီး၏ အမွတ္တရ စာစုေလး ၿဖစ္သည္မို. ကူးယူမွတ္တမ္းတင္ပါသည္ )
ဧရာဝတီကို ၇ ႏွစ္သားအ႐ြယ္မွာ စေရာက္ေတာ့ .... ... ေရခ်ိဳးဆိပ္ဆင္းရင္ အသား မက်။
ကုန္းတြင္းေနတဲ့ ေရတြင္းသုံးသူေတြ အက်င့္က ေဖ်ာက္မရ။ ေရခ်ိဳးသြားရင္ ႀကိဳးတပ္ထားတဲ့ ေရပုံးထဲ ဆပ္ျပာခြက္ ထည့္ၿပီး ေရဆိပ္ေရာက္ေတာ့ တံတားေပၚက ခပ္ခ်ိဳးတယ္။
ဘိုးကေလးေရာက္စ က ေရခ်ိဳးဖို႔သြားရင္း ေရထဲ ဝါဝါရွည္ရွည္ အုန္းတီးဂ်ီး (e tone) ေမ်ာ လာ တာ ျမင္လို႔ ေရမခ်ိဳးပဲ ျပန္ခဲ့တဲ့ ရက္လည္း ရွိတယ္။
ေနာက္ေတာ့လည္း ေဒသနဲ႔ အသားက် ၿပီး ကိုယ္ပါ ေရကူး တက္လာတယ္။ အဲ့အခ်ိန္က ဘိုကေလး မွာ ပုဇြန္ထုပ္နဲ႔ ဂဏန္းႀကီး ေတြ ဆိုတာ လူတိုင္း ဝယ္စားႏိုင္ၿပီး အ႐ြယ္အႀကီးႀကီးေတြ။ ၁၉၈၈ အေရးခင္းကာလထဲ ေရခဲ မရေတာ့ ငါးသေလာက္ တစ္ေကာင္ကို မနက္ခင္းက ငါးမူး၊ ညေနက် တစ္မတ္ ျဖစ္သြားတယ္။ ေနာက္ေန႔ ေရသြားခ်ိဳးေတာ့ ဘိုကေလးျမစ္ထဲ ငါးသေလာက္အေသေတြ ေပါေလာေမ်ာ လို႔......။ ေရထြက္ အသားငါး သိပ္ေပါတဲ့ ၿမိဳ႕ ။
မိုးတြင္းဆို ေရထဲေမ်ာလာတဲ့ ေဗဒါပုတ္ ေတြေပၚက ေဖာင္စီးဂဏန္းလို႔ ေခၚတဲ့ ဂဏန္းအေသးေလးေတြ ေပါလြန္းလို႔ ျပည္ေတာင္း နဲ႔ ခ်ိန္ေရာင္းၾကတယ္။ ျပဳတ္ၿပီး သားရည္စာ လုပ္ စားၾကတာ။
ဘိုကေလး မွာ ျမစ္နဲ႔ ႏွစ္ ႏွစ္ နီးပါး မိတ္ဆက္ခဲ့တဲ့ က်ေတာ္.... ဝါးခယ္မ ေရာက္ေတာ့ ေရဖ်ံ တစ္ေကာင္ ဘဝ ေရာက္လာတယ္။ က်ေတာ္တို႔ ႐ုံးဝန္းက ကေလးေပါ ၿပီး ေဘးဝန္းက်င္က ႐ြယ္တူေတြ ေပါင္းလိုက္တာ ဝါးခယ္မ ျမစ္ဟာ ရဲစခန္းဆိပ္ကေန သံႀကိဳးတိုင္ကတို႔ဆိပ္အထိက ေရစုန္ေရဆန္ ေစာ့တဲ့ က်ေတာ့တို႔ ကစားကြင္း ။
တခါေရခ်ိဳးရင္ အိမ္က လာမေခၚတဲ့အထိ ေရထဲက မတက္ၾကေတာ့ဘူး။ တားမရတဲ့အဆုံး ေရခ်ိဳးသြားမယ္ဆို အေဖက က်ေတာ့ ေက်ာနဲ႔ရင္ ကို မုန္ညင္းဆီ လိမ္းေပး လိုက္တယ္။ အဆုတ္အေအးမိမွာစိုးလို႔တဲ့။ ေရခ်ိဳးတယ္သာေျပာ ေရထဲေဆာ့လိုက္တာ ေမးစိမွာ ေရညႇိစိမ္းစိမ္းေတြ စြဲတဲ့ အထိ။
ေႏြနဲ႔ေဆာင္းမွာ ျမစ္ေရက ၾကည္တယ္ .... ကမ္းစပ္က သဲေသာင္ခုံ ေလးက က်ေတာ္တို႔ ေဘာလုံးကြင္း။
မိုးတြင္းဆို ႏုံးႏွစ္ရည္ေနာက္က်ိက်ိ နဲ႔ ကမ္းစပ္က လတာခုံ ... ႐ႊံံ့လူးၿပီး သိုင္းခ် ရတဲ့ ေနရာ။
မိုးတြင္းဆို ႐ုံးဝန္းဆိပ္နား ဘဝင္းပိုက္ ပိတ္မည့္ တံငါေတြ ေရာက္ရင္ က်ေတာ္တို႔ အလြန္ေပ်ာ္။ ဘဝင္းပိုက္က ပေဇာက္ပုံစံ ကမ္းကို ပိုက္နဲ႔ တားၿပီး ငါးဖမ္းတဲ့နည္း။
ညေန ေရက်ခ်ိန္ မွာ ငါးဖမ္းပိုက္ရဲ႕ အေျခကို ေျမမွာျမႇပ္ၿပီး၊ သုံးလံ ကြာစီ ေလာက္ ဝါးလုံးရွည္ေတြ လိုက္စိုက္ ရတယ္။ ည ေရတက္ခ်ိန္ ငါးဖမ္းပိုက္ရဲ႕ အေပၚစ ကို စိုက္ထားတဲ့ ဝါးလုံးမွာ ခ်ည္ၿပီး ေနာက္ေန႔မနက္ ေရက်ခ်ိန္..... ပိုက္တားထားလို႔ ကမ္းစပ္ခုံေပၚ တင္က်န္ ခဲ့တဲ့ ငါး၊ပုစြန္၊ဂဏန္း အစုံ ကို အသာေလးေကာက္႐ုံပဲ။
ဘဝင္းပိုက္တားသူေတြက အမ်ားဆုံး လူငါးေယာက္ေလာက္ပဲ။ အဲ့အခ်ိန္က ဘဝင္းပိုက္တားသူေတြရဲ႕ စည္းကမ္းက သူတို႔ အေနာက္ကေန လိုက္ေကာက္လို႔ ရတဲ့ ငါး၊ပုစြန္ေတြ သူတို႔ကို ေပးစရာ မလိုပဲ ..... လိုက္ေကာက္တဲ့သူ ယူပိုင္ခြင့္ရွိတယ္။
က်ေတာ္တို႔က အၿမဲ သူတို႔ေနာက္က လိုက္ေကာက္တယ္။ ကိုယ္ေတြက အေပ်ာ္ဆိုေတာ့ ရသမွ် သူတို႔ကို ျပန္ေပးတယ္။ သူတို႔က ပိုၾကည္ျဖဴတာေပါ့။
အကုသိုလ္အလုပ္ေပမည့္ အေကာင္ႀကီးႀကီးေတြ မ်ား ကိုယ္ေတြ႕လို႔ ေကာက္လိုက္ရတဲ့ အေပ်ာ္က ဘာနဲ႔ မွ မတူဘူး။
ကိုယ္တိုင္ ဒိုင္းကြင္းနဲ႔ ငါးလိုက္ဖမ္းတဲ့ အခါလည္း ရွိတယ္။ ေရက်ခ်ိန္ ႐ုံးဝန္းေဘးက မဂၤလာဝင္းေခ်ာင္း ေအာက္မွာ က်ေတာ္တို႔ထဲက ကေလးႀကီးေတြက ဒိုင္းကြင္းနဲ႔ ပိတ္ရင္ က်ေတာ္တို႔က ေခ်ာင္းဖ်ားကေန ဖားလွန္႔ငါးလွန္႔ ေျပး ေပးရတယ္။ က်ေရနဲ႔ ငါးေတြ ျမစ္ထဲဆင္းရင္ ေခ်ာင္းေအာက္က တားထားတဲ့ ဒိုင္းကြင္းသမားက အသာေလးေကာက္႐ုံပဲ။
အဲ့ လို နဲ႔ ဧရာဝတီမွာ အသားက် ခဲ့တဲ့ ငယ္ဘဝ က မေမ့ႏိုင္စရာ ေတြ မ်ားလြန္းတယ္။
အေပၚက အေတြးကို သန္လ်င္ေရလည္ေက်ာက္တန္းသြားခဲ့ခ်ိန္က ျမစ္ေရျပင္ျမင္ရင္း သတိရမိတာ။ ေနပူပူအခ်ိန္ ကမ္းစပ္က အရိပ္ေကာင္းေကာင္းမွာ ေလွကေလးႀကိဳးနဲ႔ ခ်ည္ၿပီး ေလွကိုပုတ္တဲ့ လႈိင္း၊ ျမစ္ျပင္က လာတဲ့ေလ နဲ႔ ၿငိမ့္ ရတဲ့ စည္းစိမ္မ်ိဳး ျပန္ေတာင့္တ မိ တယ္ ။ ။
13May2020(7:05pm)
ဆက္စပ္ဖတ္ရႈသင့္ေသာ စာစု
No comments:
Post a Comment