Showing posts with label International Knowledge. Show all posts
Showing posts with label International Knowledge. Show all posts

Saturday, March 22, 2014

စင်ကာပူ ရောက် မြန်မာကလေးများ




(ဤ စာစုလေးသည် မူလရေးသားဖော်ပြခဲ့သည်မှာ ၃ နှစ် နီးပါးအထိ ရှိနေပြီဖြစ်သော်လည်း ယခုအထိ မှန်ကန်နေသော လတ်ဆတ်နေသော လိုအပ်နေသော Knowledge တစ်ခုဖြစ်နေသေးသဖြင်. Sharing လုပ်ခြင်းဖြစ်ပါသည် )

I’ll send you to child jail, OK. Do you think I don’t dare to do it!!!

ဖခင်တစ်ဦးက ၈ နှစ်အရွယ်ရှိသူ့သမီးကို ကြိမ်းမောင်းလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော် အတော်ပင် ထိတ်လန့် သွားမိပါ၏။ ၁၇-၇-၂၀၁၁ နေ့က မြန်မာပြည်မှ ခေတ္တအလည်ရောက်လာသည့် မိတ်ဆွေနှင့်အတူ အခြား အပေါင်းအသင်း သူငယ်ချင်းများဆီ သွားလည်ပါသည်။ ထိုသူငယ်ချင်းများထဲမှ တစ်ဦးမှာ ကျွန်တော် စက်မှုတက္ကသိုလ်ကျောင်းသား ဘ၀က ဗုဒ္ဓဘာသာမိသားစုတွင် အတူတွဲလုပ်ခဲ့ဖူးသူ အမျိုးသမီးမိတ်ဆွေတစ်ဦး ဖြစ်ပါသည်။ သူတို့အိမ်သွားလည်စဉ် ဤသို့ ကြုံခဲ့ရခြင်း ဖြစ်၏။


ကျွန်တော်က သူငယ်ချင်းဖြစ်သူ အမျိုးသမီးကို သူ့သမီးနှင့် ပတ်သက်၍ မေးကြည့်၏။ သူ့အပြောအရ သူတို့ ကလေးကို စင်ကာပူသို့ ၃ နှစ်သမီးအရွယ်တွင် ခေါ်လာခဲ့သည်။ စင်ကာပူမှာပင် ကျောင်းထားသည်။ ယခု Primary 2 ရောက်နေပြီ။ ကလေးမှာ ယခင်နှစ်များက မြန်မာလိုပြောသေးသော်လည်း ယခုနှစ်တွင်မူ လုံးဝနီးပါး မပြောတော့ဟု ဆိုပါသည်။ သို့သော် သူတို့မိဘများ မြန်မာလိုပြောတာကိုတော့ နားလည်သည်။ ပြန်ပြောလျှင်မူ အင်္ဂလိပ် စကားတွင် တခါတရံ မြန်မာလို ညှပ်ပြောသည်မှအပ အင်္ဂလိပ်လိုသာ ပြောတာတွေ့ရပါသည်။ သို့သော် မြန်မာပြည်သို့မူ ပြန်လိုစိတ် ရှိသည်။ ပြန်လျှင်လည်း ကြာကြာလေး နေလိုသည်ဟု သူ့မိခင်က ပြောပါသည်။

ကလေးမှာ အိမ်ပြန်ရောက်ရောက်ချင်း ကျောပိုးအိတ်ကို ဘုန်းကနဲပစ်ချကာ ကွန်ပြူတာစားပွဲတွင် ထိုင်လျှက် အဆင် သင့်ဖွင့်ပြီးသား ကွန်ပြူတာတွင် မိမိစိတ်ကြိုက် ရုပ်ရှင်နှင့်သီချင်းများ နားထောင်နေသည်ကို တွေ့ရသည်။ နားထောင်ရာတွင် တကယ့်ကို လွတ်လွတ်လပ်လပ် အားရပါးရ စားပွဲပေါ် ခြေထောက်နှစ်ချောင်းဖြဲကား ပစ်တင်လျှက် အကျယ်ကြီးဖွင့်ကာ နားထောင်နေခြင်း ဖြစ်ပါသည်။ လူကြီးများ စကားပြောနေသဖြင့် အမေလုပ်သူက နည်းနည်းတိုးရန် ပြောသည်ကိုပင် ခဏမျှသာတိုးကာ နောက်ပြီး ကျယ်မြဲ ပြန်ကျယ်ပါသည်။ သူ့ကြည့်ရတာ မည်သူ့ကိုမှ ဂရုစိုက်ဟန်မတူပါ။

ကျွန်တော်တို့မှာ ဟိုရောက်သည်ရောက် ထွေရာလေးပါး ရှေးဟောင်းနှောင်းဖြစ်များ ပြောနေကြသခိုက် ဘာ အခန့်မသင့်သည်မသိ။ အဖေနှင့် သမီးဖြစ်သူမှာ တစ်ယောက်တစ်ခွန်း အော်ပါသည်။ သို့အော်ရင်းမှ ကျွန်တော်တို့ အနီး ရောက်လာကာ အဖေဖြစ်သူက အထက်ပါအတိုင်း ပြောလိုက်ခြင်းဖြစ်၏။ ထိုအခါ အမေလုပ်သူက သမီးကို သွားချော့ပါသည်။

အမေဖြစ်သူက သူ့သမီးမှာ ယခင်နှစ်များက မိဘစကားနားထောင်သေးသော်ငြားလည်း သည်နှစ်တွင်မူ နားမထောင် တော့ဟု ပြောပါသည်။ အဘယ်ကြောင့်ဆိုသော် ကလေးမှာ တော်သဖြင့် အတန်းထဲတွင် အတန်းခေါင်းဆောင် ခန့်ခြင်းခံရ သည်။ ထိုအခါ အခြားကလေးငယ်များကို လူကြီးသဖွယ် ထိန်းကျောင်းပေးရသည်။ ထို့အတွက် သူ့ကိုယ်သူ အခြားသူများ၏ ခေါင်းဆောင် သို့မဟုတ် ဆရာအဖြစ် အထင်ရောက်ကာ သူကသာ သူများကို ဆိုဆုံးမ ပြောဆိုရမည်။ သူ့ကို လာဆုံးမလျှင် မကြိုက်တော့။ သူ့ကိုဆိုဆုံးမသည့် မိဘများကို why ဟု အမြဲပြန်မေးလေ့ရှိသည် ဟု ဆိုပါသည်။

သူတို့က လူကြီးသူမများရှေ့တွင် ခေါင်းငုံ့သွားခိုင်းသောအခါ သူတို့ကို လူညွန့်ချိုးသည် ထင်သည်ဟု ဆို၏။ လူကြီးများကို ရိုရိုသေသေဆက်ဆံခိုင်းသောအခါ သူတို့၏ အစွမ်းအစ(သူတို့ကတော့ မာနတရား ကိုဆိုလိုတာ ဖြစ်နိုင်ပါသည်) ကို ဖိနှိပ်တာဟု ပြောသည် ဆိုပါသည်။ သူ့အဖေက စိတ်မရှည်၊ ကလေးနှင့် အမြဲထိပ်တိုက်တွေ့သည် ဟု သူ့မိခင်က ပြောပါ သည်။ ယခုမူ ကလေးမှာ မိဘများဆုံးမတာကို မနာခံတော့ပဲ အပြောရအဆိုရ အလွန်ခက်သည် ဟု မိခင်က ငြီးပါသည်။

တကယ်တော့ ဤဖြစ်ရပ်ကလေးမှာ ၅ မိနစ်မျှပင် မကြာပါ။ သို့သော် ကျွန်တော့်အတွက်တော့ တွေးတောစရာ၊ စဉ်းစားစရာများ အများအပြားရလာပါသည်။

သည်ကလေးများအကြောင်းရောက်တိုင်း ကြေးညီနောင်ပုံပြင်ကို သတိမရဘဲ မနေနိုင်ပါ။ ကလေးဟူသည် ပီဘိ အဖြူရောင် ဖြစ်၏။ ကြည်လင်နေသည့် ရေဖန်ခွက်ထဲသို့ အနီရောင် ဆေးစက်ကလေး ချကြည့်ပါ။ ရေနီဖန်ခွက် ဖြစ်သွားမည်။ မဲနယ် နည်းနည်းလောက် ထည့်လိုက်လျှင် အပြာရောင်ရေဖန်ခွက် ဖြစ်သွားမည်။ ကလေးဟူသည် အတုမြင် အတတ်သင် တတ်သည်ဖြစ်ရာ သူနှင့်အမြဲထိတွေ့နေရသော ပတ်ဝန်းကျင်မှ ဓလေ့စရိုက်များ သူ့ထံကူးစက်လာမည်မှာ သဘာဝသာ ဖြစ်ပါသည်။ ဤသည်ကို နိုင်ငံရပ်ခြားတွင် မိမိကလေးများခေါ်ထားသော မိဘတိုင်း သတိပြုရန် လိုပါသည်။

မိုးလင်းမှ မိုးချုပ် အလုပ်လုပ်နေရသော မိဘနှင့် ကျောင်းတက်နေသော သားသမီးသည် တစ်နေ့လျှင် နာရီမည်မျှ ထိတွေ့နိုင်ပါမည်နည်း။ သူတို့ အချိန်အများဆုံး ပေါင်းသင်းဆက်ဆံနေရသည်မှာ သူတို့ပတ်ဝန်းကျင်သာ ဖြစ်ပါသည်။ မိမိက ဤသည်ကို လက်ခံနိုင်ရန်လိုပါသည်။ မိမိဖြစ်စေချင်သည့်တိုင်း ကလေးကို အတင်းရိုက်မောင်းပုတ်မောင်းလုပ်လျှင် ကလေးက မိဘများကို ရန်သူသဖွယ် ထင်သွားနိုင်သည်။ နောက်ဆုံး ထွက်ပေါက်ရှာသည့်အနေဖြင့် မိမိကိုယ်မိမိ လုပ်ကြံသည်အထိ ဖြစ်သွားနိုင်ပါသည်။

(၂)


မြန်မာပြည်မှ လာခါစက စင်ကာပူမှကျောင်းတွင် ပထမရခဲ့သော ကလေးတစ်ဦးသည် ယခုအခါ စာမေးပွဲအောင် ဘို့ပင် အနိုင်နိုင်လုပ်နေရကြောင်း အခြား ကျွန်တော့်မိတ်ဆွေတစ်ဦးကလည်း ပြောပြပါသည်။

သည်သူငယ်ချင်းနှင့် ကျွန်တော်မှာ စက်မှုတက္ကသိုလ်တက်စဉ်က အတန်းဖော်ဖြစ်သည်။ သူတို့စင်ကာပူရောက် သည်မှာ အတော်ကြာပြီ။ သူ စင်ကာပူပီအာ (Singapre Permanent Resident) ဖြစ်တော့ သမီးနှင့်ဇနီးဖြစ်သူကိုပါ ခေါ်သည်။ သမီးကို မြန်မာပြည်မှ ၅ တန်းအောင်အပြီး စင်ကာပူသို့ခေါ်ကာ Primary 4 စတက်စေသည်။ ရောက်စက စာတော်သောကလေးတစ်ဦးဖြစ်၏။ သူငယ်ချင်းက သူ့သမီးအတန်းထဲတွင် ပထမရကြောင်း ကျွန်တော့်ကို ပြောဖူးတာ ခုထိမှတ်မိနေပါသေးသည်။

ယခု သမီးမှာ ၁၇ နှစ်ရှိပြီ။ ရောက်စကနှင့်မတူတော့။ လုံးဝနီးပါးပြောင်းလဲသွားခဲ့ပြီ။ ကျွန်တော်က သူငယ်ချင်းဖြစ်သူ အား ခင်ဗျားသမီးကို ခန့်မှန်းကြည့်စမ်းပါ။ မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ ဘယ်နှရာခိုင်နှုံးလောက် ကျန်သေးလဲ ဟု မေးသောအခါ သူငယ်ချင်းက ရောက်စက ၁၀၀ % ဆိုရင် အခု ၃၀% တောင် မနည်းကျန်ရတော့မယ် ဟု ဆိုပါသည်။ မိခင်ဖြစ်သူက သူ လုံးဝပြောင်းလဲသွားတာ Secondary 1 နဲ့ 2 မှာ ဟု ဆိုပါသည်။ အသက်အားဖြင့် ၁၄ နှစ်၊ ၁၅ နှစ်အရွယ်၊ ကြီးကောင်ဝင်စ၊ စိတ်ကစားတတ်ချိန်။ ကလေးစိတ်ပညာအရလည်း အလွန်သတိထား ကိုင်တွယ်ရမည့် အရွယ်ဖြစ်ပါသည်။

သမီးဖြစ်သူက မိဘစကားကိုနားမထောင်၊ မိခင်ဖြစ်သူကို ပြန်အော်၊ မခန့်လေးစားလုပ်သောအခါ ဖခင်ဖြစ်သူမှာ စိတ်ဆင်းရဲရသည်။ ထို့ပြင် အတန်းထဲတွင် စာတော်လာခဲ့သော ကလေးမှာ စာမေးပွဲများ တစ်ဘာသာပြီးတစ်ဘာသာ ကျရှုံး ခဲ့သဖြင့် ကျောင်းမှ မိဘကိုခေါ်ယူသတိပေးရသည်ထိ ဖြစ်လာခဲ့သည်။ ပါးစပ်နှင့်ပြော၍ ဆုံးမ မရသောအခါ ဖခင်ဖြစ်သူက ရိုက်နှက် ဆုံးမသည်။ ထိုအခါ ဖခင်နှင့်သမီးမှာ ထိပ်တိုက်တွေ့တော့၏။ သမီးဖြစ်သူက အခန်းတွင်းဝင်လျှက် တံခါးပိတ်ကာ ချက်ချထားခြင်းဖြင့် ဆန္ဒပြသည်။

ထိုအခါ ဖခင်ဖြစ်သူက နင်စိတ်ဆိုးရင် အိမ်ကဆင်းသွားပါလားဟု ပြောသောအခါ သမီးဖြစ်သူမှာ ဘာမှ ပြန်မပြော။ သူ့ကို စိမ်းစိမ်းစိုက်ကြည့်နေသည် ဟု ဆိုသည်။ သည်နိုင်ငံတွင် တစိမ်းမိန်းကလေးတစ်ဦးအား မည်သူကမှ ညအိပ် ညနေလက်မခံ ဆိုသည်ကို ဘ၀ပေးအသိဖြင့် သူတို့သိသည်။ မြန်မာပြည်တွင်ဆိုလျှင် ဘကြီးဘထွေး၊ ဒေါ်ကြီးဒေါ်လေးများထံ သွားခိုနေလို့ရသည်။ သို့သော်စင်ကာပူတွင် မိဘမှလွဲ၍ မည်သူ့မှ အားကိုးစရာမရှိ။ ထိုအခါ မိဘက အကိုင်အတွယ်မတတ်၍ အတင်းဖိနှိပ်ချုပ်ချယ်လာသောအခါ နောက်ဆုံးထွက်ပေါက်အနေနှင့် ၁၁ ထပ်မှ ခုန်ချ အဆုံးစီရင်သွားခဲ့သော မိန်းကလေး တစ်ဦးရှိခဲ့ကြောင်း သူငယ်ချင်းက ပြောပြသည်။ သူလည်း အကယ်၍ သူ့သမီးသာ ဟု တွေးမိပြီး အလွန်ထိတ်လန့်သွားခဲ့ရ သည် ဟု ဆိုသည်။ သူတို့အိမ်မှာ ၄ ထပ်တွင်သာရှိသော်လည်း လုံးဝ စိတ်ချရသည့်အခြေအနေတော့ မဟုတ်။

ထိုအခါ သူငယ်ချင်းက နည်းဗျူဟာပြောင်းဘို့ ဆုံးဖြတ်ခဲ့သည်။ သူ့ကို အကြမ်းနည်းနဲ့ကိုင်တွယ်လျှင် မလိုလား အပ်သော ဆိုးကျိုးများနှင့်ရင်ဆိုင်ရနိုင်သည် ဟု တွက်ဆကာ အနုနည်းနှင့် အကျိုးအကြောင်း ပြောဆိုဆုံးမခဲ့သည်။

သူတို့အိမ်အနီးတွင် ပညာမတတ်သော မိသားတစ်စုရှိသည်။ ဖခင်ဖြစ်သူက Cold Storage (အသား၊ ငါး၊ အသီးအနှံများကို အအေးခန်းဖြင့်ရောင်းသော ဈေးဆိုင်) တွင် ၀က်သားခုတ်သောအလုပ်ကို လခနည်းနည်းဖြင့် လုပ်ရသည်။ မိခင်ဖြစ်သူကလည်း သန့်ရှင်းရေးသမား ဆိုသော လခမည်မျှရပါမည်နည်း။ ထိုအခါ မိမိတို့၏ ကလေးများပညာရေးကို ပြန်မကြည့်နိုင်။ သို့အတွက် သားနှစ်ဦးမှာလည်း ပညာမထူးချွန်။ ITE ၀င်အောင်ပင် မနည်းလုပ်ယူရမည်။ (ITE – Institute of Technical Education - မြန်မာနိုင်ငံမှ စက်မှုအထက်တန်းကျောင်းကဲ့သို့)

ဖခင်က သမီးဖြစ်သူအား ထိုမိသားစုကိုပြကာ ဆုံးမသည်။ လူနေမှုစရိတ်ကြီးမြင့်လှသော စင်ကာပူတွင် ပိုက်ဆံမရှိ ပါက သို့မဟုတ် လခနည်းပါက နေရေးထိုင်ရေး၊ စားသောက်ရေး အလွန်ကြပ်တည်းသည်။ သမီး စာမကြိုးစားသဖြင့် ပညာရေး အောက်ကျနောက်ကျဖြစ်လျှင် ကြီးပြင်းလာသောအခါ ထိုမိသားစုကဲ့သို့ဖြစ်မှာ မကြောက်ဖူးလား ဟု ပြောပြသည်။ ထို့ပြင် မိမိတို့ ဤနေရာရောက်လာခဲ့သည်မှာ လွယ်လွယ်ကလေး ရောက်လာတာ မဟုတ်ကြောင်း၊ မိမိဆိုလျှင် တောမှာပင်မွေး၊ တော မှာပင်ကြီးကာ ဆယ်တန်းအောင်၍ အမှတ်ကောင်းတာတောင် ငွေအားမတတ်နိုင်သဖြင့် စက်မှုတက္ကသိုလ်တက်ဖို့ ချီတုံချတုံဖြစ်ခဲ့ရကြောင်း။ နောက်မှ ဆွေမျိုးသားချင်းတစ်ဦး၏ ထောက်ပံ့မှုဖြင့်သာ တက်ခဲ့ရကြောင်း။ ဆင်းရဲသည့်အတွက် ကျောင်းတွင် မည်သည့်အပိုအသုံးစရိတ်မှ မသုံးပဲ ချွေတာခဲ့ရကြောင်း။

ကျောင်းပြီးပြန်သောအခါ အလုပ်ကမလွယ်။ သဘောင်္သားဖြစ်လိုဖြစ် ဖြင့် နောက်ဆုံး ကံအားလျော်စွာ စင်ကာပူ ရောက်လာကာ ယခုအခြေအနေရောက်ရန် မိမိစိတ်ဓါတ်ကို မြှင့်ကာ ကြိုးစားခဲ့ရကြောင်း။ သမီး၏ အခြေအနေမှာ နေရေး၊ စားရေး၊ ငွေရေးကြေးရေး ဘာမှ ပူစရာမလိုဘဲ စာကိုသာ ကြိုးစားဘို့ရန်လိုကြောင်း။ သမီးလိုသမျှ မိဘများက ဖြည့်ဆည်း ပေးရန် အသင့်ရှိကြောင်း ပြောဆို ဆုံးမခဲ့သည်။ ထို့ပြင် သည်နှစ် ဘာသာစုံအောင်လျှင် သမီးလိုချင်တာ ၀ယ်ပေးမည်။ မည်သည့်ဘာသာတွင် ဂုဏ်ထူးထွက်လျှင် သမီးကြိုက်တာ ရစေ့မည် စသဖြင့် အပေးအယူလုပ်ကာ စည်းရုံးခဲ့ရကြောင်းများ ပြောပြသည်။

ထို့ပြင် သမီးကြိုက်တတ်သည့် အစားအစာကလေးများ ချက်ပြုတ်ပြင်ဆင်ပေးခြင်း၊ သမီးကြိုက်တတ်သော ကိုးရီးယား ဇာတ်လမ်းခွေများ ၀ယ်ပေးခြင်း စသည်ဖြင့် မိဘများနှင့် သမီးအကြား ချစ်ခြင်းမေတ္တာကို ပြန်လည် တည်ဆောက် ယူရသည်။ သားသမီးကို အကြမ်းနည်းနှင့် ဆုံးမ၍မရ၊ မေတ္တာဖြင့် စောင့်ရှောက်မှ အောင်မြင်မှုရနိုင်ကြောင်း သူတို့ သဘော ပေါက်သွားသည့်အခါ ယခင်ကလောက် မဆိုးတော့ဟု သူငယ်ချင်းက ပြောပြပါသည်။

ယခင်က သမီးကို ဘုန်းကြီးကျောင်းများသို့ မကြာခဏခေါ်သွားလေ့ရှိသော်လည်း ယခုအခါ သိပ်မသွားတော့ ကြောင်း။ ယခင်ကလောက် မဆိုးတော့လည်း မြန်မာပြည်မှ ခေါ်လာကာစ အခြေအနေထိ ပြန်ရဘို့ကိုမူ မမျှော်လင့်ရဲကြောင်း မိတ်ဆွေဖြစ်သူက ပြောပါသည်။ မိခင်ဖြစ်သူကမူ သူတို့ကို အလွန်တစ်ကိုယ်ကောင်းဆန်သူများဖြစ်သည် ဟု မြင်ပါသည်။ အခြေအနေကိုက မိမိကိုယ် မိမိအားကိုးရန် သင်ပေးထားတာဖြစ်သည့်အတွက် သူတို့က သူတို့လမ်းသူတို့ လျှောက်နေတာ ဖြစ်သည်။ မိဘများနှင့် တစ်ဦးနှင့်တစ်ဦး ချစ်တာခင်တာ၊ ကြင်နာတာ၊ ယုယတာ မရှိ။ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား ဆိုတာ မရှိ။ သံယောဇဉ်ကြိုးဆိုတာထက် တာဝန်နှင့်ဝတ္တရားကိုသာ ပိုအရေးကြီးကြောင်း ခံယူသည်။ ဥပမာ - အိုမင်းမစွမ်းရှိသော မိဘများကို စောင့်ရှောက်တာတောင် မိမိ၏ မိဘဖြစ်သဖြင့် စောင့်ရှောက်တာထက် သူတို့တွင် တာဝန်ရှိ၍ စောင့်ရှောက်တာသာဖြစ်သည် ဟု မိခင်ဖြစ်သူကပြောပါသည်။

ကျွန်တော့်သူငယ်ချင်း ဇနီးမောင်နှံ၏ ဖြစ်အင်ကိုကြည့်ခြင်းဖြင့် ကလေးအပေါ် မိဘများက ဆိုဆုံးမပုံ၊ ဆိုဆုံးမနည်း မှာလည်း အလွန်အရေးကြီးကြောင်း မီးမောင်းထိုးပြနေပါသည်။ ကလေးကတော့ သူ့ပတ်ဝန်းကျင်တွင် မြင်နေကြားနေရသမျှ ကို လက်ခံကျင့်သုံးနေမည်သာ ဖြစ်သည်။ မိဘက ကလေးကို အကိုင်အတွယ်မတတ်လျှင် ပြုပြင်၍မရသော အမှားများ၊ မဆုံးနိုင်သော နောင်တများ ရသွားနိုင်သည်။ ယခုအချိန်တွင်မူ ကျွန်တော့်မိတ်ဆွေ၏ သမီးမှာ ယခင်ကထက်စာလျှင် အတော်ပြောင်းလဲလာပြီဟု ဆိုပါသည်။

(၃)


နောက်တစ်ဦး၏ကလေးမှာမူ သားယောက်ျားကလေးဖြစ်သည်။ သူ့သားကတော့ အခြားသူများနှင့်မတူ။ တမူထူး ခြားသည်ဆို၏။ သူက ဖခင်ဖြစ်သူ၏ အလုပ်အကိုင် အဆင်ပြေမှုပေါ်မူတည်ကာ စင်ကာပူတွင် ကျောင်းလာတက်လိုက်။ မြန်မာပြည် ပြန်ပြီး ကျောင်းနေလိုက်နှင့် မြန်မာပြည်မှာတစ်ဝက်၊ စင်ကာပူမှာတစ်ဝက် ကျောင်းတက်ခဲ့ခြင်း ဖြစ်သည်။ မူလတန်းကို မြန်မာပြည်မှ ကျောင်းတွင်တက်ရောက် သင်ကြားခဲ့သည်။ Primary 4 တွင် စင်ကာပူသို့ ကျောင်းလာတက်သည်။ သို့သော် ၂ နှစ်ခန့်တက်ပြီး အဆင်မပြေသည်နှင့် မြန်မာပြည်သို့ပြန်ကာ ကျောင်းတက်ပြန်သည်။ Secondary 4 လောက် ရောက်မှ စင်ကာပူပြန်လာသည်။

ထို့ပြင် ထိုစဉ်က မိသားစုမှာ မြန်မာပြည်တွင်ပင် နေထိုင်သည်ဖြစ်သဖြင့် စင်ကာပူတွင် ကျောင်းတက်သည် ဆိုသော် ငြားလည်း ကျောင်းပိတ်သည်နှင့် မြန်မာပြည်တွင် ပြန်နေသည်။ သို့အတွက် ခြုံ၍ ပြောရလျှင် မြန်မာအသိုင်းအ၀ိုင်း၊ မြန်မာ့ ယဉ်ကျေးမှုနှင့် သိပ်မစိမ်း။ ဤသည်မှာ သည်ကလေးအတွက် မြန်မာ့ဓလေ့စရိုက်များကို ဆယ်ကျော်သက်အရွယ်ရောက် သည်ထိ လက်ခံကျင့်သုံးလာစေရန် အကြောင်းဖြစ်လာခဲ့သည်။ သို့အတွက် ငယ်စဉ်ကတည်းက စင်ကာပူတွင်နေလာခဲ့သော ကလေးများထက်စာလျှင် သူ့အပေါ် နိုင်ငံခြားမှ ယဉ်ကျေးမှုများ ကူးစက်လာမှုမှာ အတော်နည်းသည်ဟု မိတ်ဆွေဖြစ်သူက ပြောပါသည်။

ယခုအခါ သားဖြစ်သူမှာ ပိုလီတက်နေပြီ။ သို့သော် မိဘများကို ကလန်ကဆန်လုပ်ခြင်း၊ နင်ပဲငဆ ပြောဆိုခြင်းများ မရှိ။ သို့သော် သူ့ဘာသိဘာသာ၊ သူ့အခန်းထဲတွင် သူ့အပေါင်းအသင်း သူငယ်ချင်းများနှင့် ဂစ်တာတီးလိုက်၊ သီချင်းဆိုလိုက် နှင့်နေတတ်သည်။ သူ့မိဘများကလည်း သူ့တို့သားနှင့်ပတ်သက်၍ ပြဿနာကြီးကြီးမားမား မရှိသဖြင့် အထွေအထူး ဆုံးမ မနေတော့ဘဲ သူ့ဆန္ဒရှိသလိုသာ လွတ်လွတ်လပ်လပ်နေခွင့် ပေးထားသည်။ သို့ဖြစ်သည့်အတွက် မိဘနှင့် သားသမီး ဆက်ဆံရေးတွင် အဆင်ပြေသည်။ သည်တော့ တစ်မိသားစုလုံး စိတ်လက်ချမ်းချမ်းသာသာ နေရသည်။

ဘာသာရေးအပေါ်ခံယူချက်ကရော ဘယ်လိုရှိသလဲ ဟု မေးသောအခါ ကျွန်တော့်မိတ်ဆွေက ရယ်လျှက် ဟာဗျာ။ ကျွန်တော်တောင် ပုံမှန် ဘုရားရှိခိုးဖြစ်တာမှ မဟုတ်တာ။ နောက်ပြီး ဘုန်းကြီးကျောင်းတွေ ဘာတွေလည်း တစ်လနေလို့ တစ်ခေါက် မရောက်ဖြစ်ပါဘူး။ အလုပ်နဲ့ အိမ်နဲ့လုံးချာလည် လိုက်နေတာဘဲ။ နေ့တိုင်းအလုပ်ဆင်းနေရတော့ ပိတ်ရက်တွေ လည်း ဘယ်မှ မသွားတော့ဘဲ အိမ်မှာဘဲ နေတာများပါတယ် ဟု ဆိုပါသည်။ သားကရော ဘယ်လိုလဲ ဟု မေးသောအခါ သူ့ကိုလည်း ဘာသာရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေတော့ ဖတ်ခိုင်းပါတယ်။ သူလဲ တစ်ခါတလေတော့ ဖတ်ပါတယ်။ အမြဲ တော့လည်း ဘယ်ဟုတ်မလဲဗျာ၊ ကိုယ်တောင် မဖတ်ဖြစ်တာ ဟု ဆိုပါသည်။

ကျွန်တော့်သူငယ်ချင်းမှာ မူလစိတ်ရင်းခံကိုက အေးအေးဆေးဆေး နေတတ်သူဖြစ်ပါ၏။ ဘယ်မှသိပ်မထွက်သလို၊ ဘယ်သူနှင့်မှလည်း သိပ်မရော။ ဘယ်လှုပ်ရှားမှုမှလည်း သိပ်မလုပ်။ ဘ၀ကို သက်တောင့်သက်သာ အေးချမ်းစွာ ဖြတ်သန်း နေသူဖြစ်သည်။ ဇနီးဖြစ်သူမှာလည်း သူ့အတိုင်း၊ အေးအေးချမ်းချမ်း ရှိပါသည်။ သို့အတွက် သူတို့မိသားစုမှာ အလွန် စိတ်ချမ်းသာစရာ ကောင်းပါသည်။

(၄)


မိမိသားသမီးကို စင်ကာပူတွင် ခေါ်ထားပြီဆိုကတည်းက စင်ကာပူမှလူနေမှုစရိုက်တို့ကို လက်ခံရတော့မည်ဟု ယခင်ကတည်းက ကြိုတင်ပြင်ဆင်ထားရန် လိုပါသည်။ အချို့ကျတော့လည်း သည်အတိုင်းပင်ခံယူပါသည်။ ကျွန်တော်နှင့် ရုံးချင်းနီးသဖြင့် ရုံးဆင်းချိန်တွင် မကြာခဏ အတူ လဖက်ရည်ဆိုင်ထိုင်ဖြစ်သော သူငယ်ချင်းကမူ ဘာတတ်နိုင်မလဲဗျာ။ ကိုယ်က ဒီမှာထားချင်တာကိုး။ ဒီကဓလေ့အတိုင်းပဲ ဖြစ်တော့မှာပေါ့။ ကျွန်တော်ကတော့ အရမ်းဆိုးဆိုးဝါးဝါးကြီး မဖြစ်သွား ရင် တော်လှပြီ ဆိုပြီး ဒီအတိုင်းကြည့်နေလိုက်တာပဲ။ အမြင်မတော်တာ တွေ့ရင်တော့လည်း ပြောရတာပေါ့ ဟု ဆိုပါသည်။ အမှန်ဆိုလျှင် သူ့သမီးနှစ်ဦးမှာ မြန်မာစာကို လုံးဝမရေးတတ်၊ မဖတ်တတ်တော့ပါ။ သူ့မိဘများကလည်း ကလေးက အင်္ဂလိပ်စာ၊ တရုတ်စာ နှစ်ဘာသာယူထားရသည့်အတွက် ကလေးအပေါ် ၀န်ပိမည်စိုးသည် ဟု ဆိုကာ မြန်မာစာကို မသင် စေပါ။ အိမ်တွင် မြန်မာလိုပြောသဖြင့် မြန်မာလိုတော့ နားလည်သည် ဟု ဆိုပါသည်။ အချို့သော စကားလုံးများကိုတော့ သေသေချာချာရှင်းပြရသည် ဆို၏။ ဘုန်းကြီးပျံဆိုတာ ဘာလဲ သား လို့မေးတော့ ကျွန်မသားက flying monk လို့ ဖြေတယ် ဟု Clementi တွင်နေသူ အသိ အမျိုးသမီးတစ်ဦးက ပြောပါသည်။

GCE’O’ ဖြေရန် မြန်မာကလေးနှစ်ဦးကို ကျွန်တော် မြန်မာစာသင်ပေးဖူးပါသည်။ စကားအားဖြင့်သာ မြန်မာလို ပြောတတ်သော်လည်း မြန်မာစာ အရေးအဖတ်တွင်မတော့ သိပ်အားရစရာမရှိပါ။ သူတို့ပတ်ဝန်းကျင်တွင် အင်္ဂလိပ်စာ ကိုသာ အထိအတွေ့များသဖြင့် စင်ကာပူရောက် ကလေးငယ်များ မြန်မာစာကို မေ့ကုန်ပါပြီ။ ဤသည့်ရောဂါကို ကုစားရန် မြန်မာ ဘုန်းတော်ကြီးကျောင်းများက မြန်မာကလေးငယ်များအား တနင်္ဂနွေနေ့တိုင်း မြန်မာစာ အခမဲ့ သင်ပေးပါသည်။ မည်မျှ အောင်မြင်သနည်းဆိုသည်ကိုတော့ ကျွန်တော် မလေ့လာမိသေးပါ။

မိဘများဘက်ကလည်း ဂုဏ်မယူရမှာကို ဂုဏ်လုပ်မပြောမိစေရန် သတိပြုရပါမည်။ အချို့ကျတော့ မိမိကလေး မြန်မာစာ မရေးတတ်၊ မဖတ်တတ်တာကိုပင် ဂုဏ်တစ်ခုအဖြစ် ငြီးသလိုလိုနှင့် လူကြားထဲတွင် ကြွားတတ်ပါသေးသည်။ ငြီးတာနှင့် ကြွားတာ အလွန်ကွာခြားပါသည်။ နောက်တစ်ချက်မှာလည်း ကလေးကို ဆုံးမ မရကြောင်း၊ ကလေးကို ရိုက်နှက် ဆုံးမမည်ကြံတိုင်း ကလေးက ရဲတိုင်လိုက်မယ် ဟု ပြောသဖြင့် မဆုံးမရဲကြောင်းကို လူကြားထဲတွင် ခပ်ကြွားကြွားကလေး ပြောကြပါသေးသည်။ ဤသည့်အရာမှာ ကြွားစရာ ဖြစ်ပါသလား။ မိမိကလေးကို မိမိဆုံးမတာ ရဲက ဖမ်းလို့ရပါသလား။ မိမိ ဦးဏှောက်နှင့် မိမိစဉ်းစားကြရန် လိုပါသည်။

နောက်အသိတစ်ဦး၏ သမီးကလေးမှာတော့ သိပ်အခြေအနေမဆိုးလှပါ ဟု ဆိုရမည်။ သူကလေးက စင်ကာပူတွင် ငယ်စဉ်ကတည်းက နေလာခဲ့သော်ငြားလည်း ယခု အရွယ်ကလေးရောက်လာသည့်တိုင် တကယ့် မြန်မာမိန်းကလေး စစ်စစ် ပင်ဖြစ်ပါသည်။ နေတာထိုင်တာ ပိပိပြားပြား၊ စကားကို ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ကလေး ပြောတာ တွေ့ရသဖြင့် ၀မ်းသာမိပါ၏။ ၀တ်တာစားတာလည်း လျှပ်ပေါ်လော်လီမှု မရှိပါ။ သူ့မိဘများ သွန်သင်ဆုံးမမှု ကောင်းတာ၊ အကိုင်အတွယ် တတ်တာ အများကြီး ပါပါသည်။



အဘယ်ကြောင့် အ၀တ်အစား လျှပ်ပေါ်လော်လီခြင်းကို ထည့်ပြောရသနည်း ဟူမူ ကျွန်တော်နှင့်အလွန်ရင်းနှီးသော အမျိုးသမီးတစ်ဦး၏ ညီမဆိုသူမှာ စင်ကာပူရောက်တာ လပိုင်းမျှ ပင် ရှိသေးသော်ငြား ကျွန်တော်နှင့်တွေ့သော အချိန်တွင် စင်ကာပူမှ အမျိုးသမီးများ ၀တ်သကဲ့သို့ အင်္ကျီချိုင်းချိတ်နှင့် ပေါင်ရင်းထိရောက်နေသော ဘောင်းဘီတိုကလေးနှင့် တွေ့ရသောကြောင့် ဖြစ်ပါသည်။ စင်ကာပူရောက်သည်နှင့် မြန်မာ အမျိုးသမီးဆိုတာ မေ့ပစ်လိုက်ကြပါသည်။ သူတို့ဆီက ကောင်းတာတွေ အတုခိုးရမှာတော့ အလွန်နှေးပြီး မဟုတ်တာ (ဥပမာ - လူကြားထဲတွင် ကောင်လေးနှင့်ဖက်ပြီး ပလူးနေခြင်း) အတုခိုးရမှာကျတော့ အလွန်မြန်လှပါ၏။

မြန်မာပြည်မှ ကျွန်တော့်မိတ်ဆွေတစ်ဦးကတော့ ဤကဲ့သို့ သူ့အမြင်ကို ပြောပါသည်။

ဟေ့ကောင်၊ မင်းတို့ စင်ကာပူမှာတင်မဟုတ်ဘူးနော်။ ငါတို့ဆီမှာလည်း ရှိတာဘဲ။ တခြား မဟုတ်ဘူး။ ငါနဲ့တစ်လျှောက်လုံး အတူနေလာတဲ့ ငါ့ညီဝမ်းကွဲဘဲ။ ငါတို့လည်း အမြဲပြောဆိုဆုံးမနေတာဘဲ။ ဒါပေမဲ့ သူ့စရိုက်နဲ့ သူလာတာကိုး။ ဘယ်လိုမှ ပြောမရတော့ ဒီအတိုင်းထားလိုက်ရတာဘဲ၊ အရမ်းရိုင်းတယ်။ လူကြီးကို လူကြီးမှန်းမသိဘူး ဟု ဆိုပါသည်။

နိဂုံးချုပ်ရလျှင် မြန်မာပြည်မှ ဆယ်တန်းအောင်လာသော ကလေးများလည်း စင်ကာပူတွင် ပိုလီ တက်၍ရပါသည်။ မြန်မာပြည်မှ ဘွဲ့ရလာသော ကလေးများလည်း အခြားနိုင်ငံများတွင် ဘွဲ့လွန်ပညာများ ဆည်းပူးနေကြသည်မှာ ကမ္ဘာ အနှံ့အပြားတွင် ရှိပါသည်။ စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရများဆိုလျှင် ဂျာမဏီ၊ ဂျပန်၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများမှ Ph. D (ဒေါက်တာဘွဲ့) ဆွတ်ခူးခဲ့ကြသူများ အများအပြားရှိပါသည်။ မိမိ မိသားစုနှင့် အတူနေရရေးအတွက် ကလေးကို မိမိနှင့်အတူခေါ်ရင်း ကျောင်းထားသည်မှာ သဘာဝကျပါသည်။ သို့သော် ကလေးပညာရေး သီးသီးအတွက် စင်ကာပူခေါ်ထားခြင်းကိုတော့ အထက်ပါ အကြောင်းအချက်များကို ထည့်သွင်းစဉ်းစားပြီးမှ ရှေ့ရေးကို မျှော်ကိုးကာ ဆုံးဖြတ်ကြရန် လိုပါကြောင်း တင်ပြလိုက်ရပါသည်။

Aye Nyein Written in 12 August 2011 .

Tuesday, April 16, 2013

Ras Vehera (Saseruwa purana Raja Maha Vihara)

Ras Vehera (Saseruwa purana Raja Maha Vihara)
Ras Vehera (Saseruwa purana Raja Maha Vihara)
Saseruwa had been a Buddhist monastery in the second century BC with more than 100 rock caves. Ruins of stupas, ancient moonstones and stone inscriptions are on the site. It is situated at Galgamuwa, in the Kurunegala district of North Central province.
One has to climb more than three hundred steps to reach the somewhat incomplete 13 meter high statue of Buddha carved on a rock with a missing “siraspatha” on the head and an unfinished ear. But, the beauty and the serenity is unmatched.
Three legends connect the Sasseruwa Buddha Statue with that of the Aukana Buddha image which is situated about 11 km away.One legend says that the cracks that appeared on the torso of the statue during the construction made the craftsman to abandon it & to create a new statue at Aukana.
Ras Vehera (Saseruwa purana Raja Maha Vihara)
The other legend narrates a competition between the master & his protege. According to the legend two great statues were crafted at the same time. The master’s more detailed Aukana Buddha was completed first & the protege disheartened of being upstaged by the master, abandoned his work of art.
The third says that King Dutugamunu, while going to war with King Elara had to camp in the area since “Malwathu Oya” (river Malwathu) was full to the brim and water was rapid hindering the Army’s movement. The king had given orders for his men not to be idle and do whatever they were skilled with. The craftsmen who were there had started to carve the Buddha image which they had to abandon when the river subsidized enabling the Army to cross it.
Ras Vehera (Saseruwa purana Raja Maha Vihara)
The sapling of the very first 32 saplings (Dethis Maha Bo Ankura) of the Sri Maha Bodhi in the Anuradhapura is thought to be planted by king Devampiyathissa (250 – 210 BC), stands majestically at a lower level to the Buddha image. It is said that on the day the tree was planted the area was lit by colourful rays of light (ras). Thus, the name ‘Ras Vehera’ was attached to this site. The tree is protected by a 10 feet tall 4 layers of tightly packed stones. This too is a unique feature comparable to bodigara seen in other temples.
There are two image houses in caves on the front and the back of the huge rock. The image house in front of the rock has been done by King Walagamba in 89-77 BC. At the entrance is a beautiful dragon arch & a seated Buddha statue with numerous wall paintings.
Ras Vehera (Saseruwa purana Raja Maha Vihara)
At the back image house lies a massive 39 feet long reclining Buddha with numerous other Buddha statues and wall paintings. one can walk right around this reclining statue which is a unique feature.

Ras Vehera (Saseruwa purana Raja Maha Vihara)
original link ; http://www.thebuddhism.net/