Thursday, April 30, 2015

မြန်မာပြည်မှာ ရိုက်မယ်. Mission Die Hard ( Satire )



 Hollywood မှ Die Hard နှင့် Mission impossible ၂ခုပေါင်း၍ Mission Die Hard ရိုက်ရန်စီစဉ်လိုက်ကြသည်...
ထူးထူးခြားခြား နေရာကို မြန်မာကို ရွေးလိုက်ကြသည်။

Bruce Willis,Tom Cruise နှင့် Michelle Yoeh အပါအဝင် သရုပ်ဆောင်များစွာနှင့် အားဖြည့်ထားကြသည်။

ဇာတ်လမ်းအစတွင် ချောင်းသာတွင် တွမ်ခရု နားနေသည်။ ထိုစဉ် စခန်းမှ mission အတွက် video message ဝင်လာသည်။ တွမ်ခရု ဖွင့်ဖတ်သည် ... အဝိုင်းလည်နေသည်... your new mission is ... ဆိုတာပဲ တွေ့ လိုက်ရသည်...။ SIM card ကို ပြောင်းထဲ့ပြီး ပြန်ချိတ်သည်...အဝိုင်းလည်သည် .... နောက်တစ်ကဒ် ပြောင်းချိတ်သည်... အဝိုင်းလည်နေသည်...။ စိတ်မရှည်သဖြင့် hotel wifi နဲ့ သွားကြည့်သည်.... မထူးခြား။

ဒါနဲ့ပဲ အရေးကြီး mission ဆိုတာ သိသဖြင့် Bruce willis ကို ရန်ကုန်သို့ video ဖိုင်ယူလာရန် ချိန်းလိုက်သည်။

bruce က iPad ဖြင့် ရန်ကုန်လာသည်။ လေဆိပ်တွင် custom နှင့် တိုးသည်။ အိုင်ပတ် သိမ်းလိုက်သဖြင့် တိုင်ပတ်ကုန်သည်။ laptop ထဲရှိ backup ဖိုင်ကို ကြည့်ရာ laptop တက်မလာသဖြင့် ပြင်ရန် ပန်းဆိုးတန်းနားရှိ ဆိုင်တစ်ဆိုင် အပ်လိုက်ရာ ဆိုင်က ကိုယ်တော်တွေက ထုံးစံအတိုင်း format ချပြီး window အသစ် ပြန်တင်လိုက်သဖြင့် နားကားကုန်သည်။

နောက်ဆုံး မီရှဲယိုက mission ကို အသေးစိတ် အလွတ်ကျက်လာပြီး တရုတ်နယ်စပ်မှ ကားကို အမြန်မောင်းချလာသည်။ မြို့အဝင်တွင် ပြိုင်ကားကို sticker ကပ် ထားသည်ဟုဆိုတာ ရစ်နေသဖြင့် မောင်းပြေးသည်။ လမ်းက ချိုင့်တွေနဲ့ တွေ့ ပြီး ပြိုင်ကား စမုံတုံးသွားသည်။ ဒါနဲ့ပဲ taxi ကို တားပြီး ဝင်ထိုင်လိုက်ရာ မီတာမဟုတ်သဖြင့် taxi သမားနှင့် စကားများပြီး ကန်ထုတ်ခံရသည်။ အဲ့နောက် smart card အားကိုးနဲ့ bus ကား တက်စီးပြန်ရာလဲ bus ကားတွေက smart ကဒ်နဲ့ က စက်ပျက်နေတယ်ပြောသဖြင့် အကြွေလည်း မရှိသောကြောင့် ဒေါ်လာ၁၀၀တန်ကို စိတ်တိုတိုနဲ့ ပေးရင်း ဆုံမှတ် ရောက်အောင် လာခဲ့သည်။

၃ယောက်ဆုံတော့ မီရှဲယိုက mission ကိုပြောပြသည်။ လူဆိုးတွေ ဒီကိုလာပြီး ဒုက္ခပေးမည်။ hacker တွေလဲ ပါလာသည်။ ဒါကို သိတော့ ဒီက ဂျောတွေကို သိထားသော တွမ်ခရုက ရီပြီး ဒီလောက်တော့ အေးဆေးပါ ... လက်ပိုက်နေရုံပဲဟုပြောသည်။

လူဆိုးတွေ ရန်ကုန် ရောက်လာသည်။ die hard 4 တုန်းကလို hacker အုပ်စုက fire sale ကို စရန်ပြင်သည်။ လျပ်စစ် ဓာတ်အားကို ဖြတ်တောက်ဖို့ hack ရန်ပြင်သည်... မရ ...။ တစ်လမ်းဝင် တစ်လမ်းထွက် မိန်းလိုက်ချမှ ရမည်ဆိုသဖြင့် လူမသိသူမသိ မိန်းတွေ လိုက်ချသည်။ လမ်းတွေ မီးပျက်ကုန်သည်။ သို့သော် ဘယ်သူမှ အံ့သြဟန်မပြ... အသွားအလာ မပျက်... စကားပြောမပျက် ...။

လူဆိုးတွေ ဘယ်လိုမှ စဉ်းစား၍မရ ..။ မီးပျက်လို့ ၁မိနစ်ပင် မကြာ မီးစက်သံတွေ အလျိုလျို ပေါ်လာပြီး မီးများ ဟိုတစ်စ သည်တစ်စ ပြန်လင်းလာသည်။ တစ်မြို့လုံး စကေးနှင့် လျပ်စစ် backup plan တွေ မြင်လိုက်ရသည့်အခါ လူဆိုးတွေ လက်ဖျားခါသွားသည်။

ဒါနဲ့ နောက်တစ်ဆင့် မီးပွိုင့်တွေကို hack ပြီး traffic တွေ ကမောက်ကမဖြစ်အောင် ကြံသည်။ hacker က မီးပွိုင့် control center ရှာသည်။ မတွေ့။ မီးပွိုင့်နား သွားပြီး access point လိုမျိုးဟာတွေ ရှာသည် မရှိ။ ဒါနဲ့ပဲ စိတ်မရှည်ပဲ မီးပွိုင့်ကို ပေးသည့် လျပ်စစ်ကြိုးကို ကပ်ကြေးနှင့် သွားညှပ်သည်။ မီးပွိုင့် ပျက်သွားသည်။ သူ ပျော်သွားသည် ကားတွေ ပြသနာ တတ်တော့မယ်ပေါ့။ ဒါပေမယ့် သူ့အပြုံးက ၁မိနစ်ပင် မခံ။ 

ကားတွေက အေးဆေးဆေးနှင့် လက်ကလေး ပြလိုက်... လက်ညှိုးလေး တစ်ချောင်းထောင်လိုက်... မီးတောက်လိုက်... ဟွန်းတီးလိုက်... အစ်ကိုရေ တစ်စီးလောက် လို့ ပြောလိုက်နှင့် ဟိုတိုး ဒီတိုးနှင့် ဆက်သွားနေကြသည်၊ ... သူ့ဟာနှင့်သူ ဟုတ်နေတာပဲ။ လူဆိုးတွေ မျက်လုံး ထပ်ပြူးသွားသည်။ တစ်မြို့လုံး လူတွေကို ဒီလို emergency training တွေ ဘယ်တုန်းကများ ပေးထားလဲဟု စဉ်းစားမရ ဖြစ်သွားသည်။

သည်တော့ ဒါတွေ လုပ်မရရင် stock market တွေကို hack မယ်ကွာ.. စတော့ဈေးတွေ ကမောက်ကမဖြစ်ပြီး လူတွေ ဆူအောင်လုပ်မယ်ဟုဆိုတာ ကြိုးစားသည်...။ online တွင် stock market မတွေ့ ...။ သူတို့များ မှားနေလားဟု google တွင် online market ဟိုဆိုတာ ရှာတော့ အကျီလေးတွေ ပိုက်ဆံအိတ် copy လေးတွေ ရောင်းသော online shopping တွေသာ ရှာတွေ့သည်။

ဒါနဲ့ပဲ fire sale နောက်တစ်ဆင့် ဖြစ်သည့် အဆောက်အအုံတွေရှိ emergency alarm တွေ မြည်အောင် လုပ်မည်ဟု ကြိုးစားသည်။ ထုံးစံအတိုင်း online မှ လုပ်မရသည့်အတွက် နီးစပ်ရာ အဆောက်အအုံမှ fire alarm ကို manual ဖွင့်ရန်ကြိုးစားသည်။ မှန်ခွဲ၍ နှိပ်ပါဆိုသော ခလုတ်ကို နှိပ်ရာ ခလုပ်က သံကြေးကပ်နေသည်။ မရမက ခုထောင်းနှိပ်ရာ ကျိကျိ ၂ချက်သာ မြည်ပြီး ပျက်သွားသည်။ အပေါ်က emergency ရေပန်းကို မီးခြစ်နှင့် တက်ရှို့ရာ zippo ဆီသာ ကုန်သွားည် ရေက အိမ်မြောင်သေးပေါက်သလောက်တောင် ကျမလာ။ တော်တော် လေသွားကြသည်။

ဒါနဲ့ စိတ်ပျက်ပျက်ဖြင့် ငါးမရ ရေချိုးပြန် ပုံစံဖြင့် ATM စက်ကို hack ပြီး ပိုက်ဆံ ထုတ်ရန်ကြိုးစားသည်။ ATM စက်တစ်ခုဆီသွားသည်၊ ပျက်နေသည်။ နောက်တစ်ခုဆီသွားသည် စက်မဖွင့်ထား။ နောက်တစ်ခုက စက်ဖွင့်ထားတော့ ဝမ်းသာအားရနဲ့ သူတို့ VISA ကဒ်ကြီး ထဲ့ပြီး ကြိုးစားသည်။ connection မတက်သဖြင့် PIN ရိုက်၍မရ ...။ ၃ ၄ ၅ ခါစမ်းတော့ စက်က ကြောင်ပြီး သူ့ VISA ပါ ထုတ်မပေးတော့။ သွားပြီး .. သူ့ VISA ကဒ်ပါ အစစ် ပါသွားသည်။

စိတ်ညစ်ညစ်နဲ့ သူတို့ ကားဆီပြန်လာတော့ ကားက လမ်းဘေး ရပ်ထားသဖြင့် ကရိန်းက မသွားသည်။ လိုက်မေးတော့လဲ ဘယ်သူ့ ခွေးအဖေခေါ်ရမသိ ဖြစ်နေသည်။ ဒါနဲ့ စိတ်တွေ အကြီးကြီး လေပြီး လမ်းမဘေးက ခြေဦးတည့်ရာ လျောက်သွားကြရာ bus ကားပေါ်မှ ကွမ်းတံတွေး လှမ်းထွေးခံရသည်၊ လမ်းဘေးဈေးဗန်း တက်နင်းမိသဖြင့် မရှိရှိတဲ့ ပိုက်ဆံဖြင့် လျော်ရသည်၊ လမ်းမဘေး ရှေ့နောက် မကြည့် လျောက်သဖြင့် ဆိုက်ကားသမား လှမ်းဆဲတာ ခံရသည်။

စိတ်ပျက်လက်ပျက်ဖြင့် အုပ်စုလိုက် ၁၉လမ်း သွားသောက်ကြတော့ ဘီယာဆိုင်က bill ကို ၃ဆလောက် ပေါင်းထဲ့ပြီး ဂျင်းထဲ့လိုက်သည်။ နောက်ဆုံး ကိုယ့်တိုင်းပြည်ကိုပဲ ပြန်ပါတော့မည်ဟု စိတ်ဆုံးဖြတ်ကာ လေဆိပ် သွားတော့ ကားပိတ်သဖြင့် နေ့ဝက်လောက် ချွေးဒီးဒီးကျအောင် taxi စီးလိုက်ရသည်။ ဟိုရောက်တော့ flight delay ဆိုသဖြင့် ၉နာရီလောက် ထပ်စောင့်လိုက်ရသည်။ မပြန်ခင်တော့ ကောက်ချက်ချလိုက်သည် .... " ငါတို့ ကမ္ဘာလှည့်ပြီး လုပ်စားလာတာ ကြာပြီ။ ဒီလိုမျိုး ဘယ်လို စမ်းစမ်းခံနိုင်တဲ့ နေရာမျိုး မတွေ့သေးဘူး။ တော်တော် တော်တဲ့ သူတွေ။ ငါတို့တောင် စမုံတုံးတော့မလို့ ။ သူတို့ကတော့ ဟန်တောင် မပျက်ဘူး "... တဲ့။

ဒီအဖြစ်အပျက်ကို နောက်က အစအဆုံး နောက်ယောက်ခံကြည့်နေသူတွေကတော့ ... တွမ်ခရုက ဂျာနယ်လက်ပွေ့သမားအဖြစ်၊ ဘရုစ်က လေဆိပ်က အထမ်းသမား အဖြစ်၊ မီရှဲယိုက ၁၉လမ်းမှ beer promotion သူလေး အဖြစ်နှင့် ဖြစ်သည်။ ဂျာနယ်သမားယောင်ဆောင်ပြီး ကားပေါ်က နေ ကွမ်းတံတွေးဖြင့် လှမ်းထွေးလိုက်ရသည်၊ beer ဆိုင်တွင် bill ရှင်းရာ ဂျင်းထဲ့လိုက်ရသည်၊ လေဆိပ်တွင် ပစ္စည်း လုသယ်ပြီး ရသလောက် တောင်းလိုက်ရသည်ဟု ပြန်ပြောကာ သူတို့ ၃ယောက် ရီနေကြသည်။ တွမ်ခရုက ပြောသည် ... " တွေ့တယ်မလား ၊ အဲ့လို ကောင်တွေလောက်ကို ဒီမှာ စကားထဲတောင် ထဲ့ပြောဖို့ မလိုဘူး"

သည်လိုနှင့် Mission Die Hard ဇာတ်လမ်းကြီးကို ခမ်ခမ်းနားနား ရိုက်ကူးပြီး တစ်နိုင်ငံလုံး ရှိ ရုပ်ရှင်ရုံများတွင် ပြိုင်တူ ပြသသည်။ ရှယ်ကားမလို့ ၂ လ ၃လလောက် ပြမည်ဟု ကြေငြာသည်။ သို့သော် ပြပြီး ၃ရက်အကြာတွင် မြို့ထဲတွင် ခိုးကူးခွေများ ထွက်လာသဖြင့် အားလုံး ဝိုင်းအားပေးကြရာ Hollywood မှာ ခွက်ခွက်လန်အောင် ရှုံးလေသတည်း ....




Written by U Khant Kywe Soe @ Facebook

Sunday, April 19, 2015

မြို.လေးရဲ. ၂၀၁၅ သင်္ကြန်ရက်များ ၊ နှစ်ဆန်းတစ်ရက်နေ. နှင်. ဘုရားကြီး ရေသပ္ပါယ်ပွဲ




 
မဏ္ဍပ်ဖွင်.ပွဲ

သင်္ကြန် အကြိုနေ.

မြို.လေး သင်္ကြန်အကြိုနေ.ကတော. ထုံးစံအတိုင်း သိပ်ထူးထူးခြားခြား မရှိလှ ။

ဖျော်ဖြေရေးပါသော ရေပက် အဓိက ရေပက်မဏ္ဍပ်ဖြစ်သည်. U-45 မဏ္ဍပ်က ယခုနှစ်တွင် အဖွဲ.သားများ ဘုရားဖူးခရီးစဉ်ကြောင်. မပြုလုပ်နိုင်ဟုသိရသည် ။ ရေပက်မဏ္ဍပ်နှင်.အလှပြ ဖျော်ဖြေရေး တွဲထားသောဗဟိုမဏ္ဍပ်ကမူ ယမန်နှစ်ကအတိုင်း ကမ်းနားသောင်ကို ကျောပေး၍ ပြုလုပ်ထားပြီး ညနေပိုင်း မှသာဖွင်.ပွဲပြု လုပ်ခဲ့သည် ။ ကမ်းနားလမ်း ကွမ်းခြံကုန်းကျောင်း ရှေ. မှ မနောသုခ ရှေ.အထိ လမ်းဘေးများတွင်မူ ရေပက် အဖွဲ.ငယ်များရှိပြီး  ပိုက်ဖြင်. ပက်ကြသည် ။

ကမ်းနားလမ်း ကျန်နေရာများ ၊ လမ်းမကြီးတစ်လျှောက် ၊ လှေကျင်းရပ်ကွက်ဘက် စသည်တို.တွင် အိမ်ရှေ. အုန်းလက် မဏ္ဍပ်များသာ ရှိနေပြီး အဓိက ကလေးငယ်များသာ မနက်အစောပိုင်းတည်းက ရေပက်ကစားနေကြသည် ။

မြို.တွင် အကြိုနေ.မှသာ အချို.မဏ္ဍပ်များ စတင်ပြုလုပ်ကျပြီး အကျနေ.မှသာ ရေပက်ကစားကြသည်က ပိုများသည် ။ သံကြိုးတိုင် ရွှေစည်းစိမ်မဏ္ဍပ်လည်း ယနေ.မနက်ပိုင်းတွင် ပြင်တုန်း ဆင်တုန်းသာ ရှိသေးသည် ။

ညပိုင်း ဗဟိုမဏ္ဍပ်တွင် ယိမ်းအကပြိုင်ပွဲများ ရှိနေပြီး ၁၄ ရပ်ကွက်အနက် ၁၃ ရပ်ကွက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည် ။ လမ်းမီးများမှအစ ပျက်နေသော်လည်း လာရောက်ကြည်.ရှုသော ပရိသတ်စည်ကားခဲ့ကြောင်းသိရသည် ။

ရန်ကုန်မှ ၀ါးခယ်မအပြန် ကားခများကတော. ယခင် ၂၅၀၀ ဖြင်.ပြေးနေသော လိုင်းကားများအနက် ၃၀၀၀ ခန်.ဖြင်.ပြေးသော ကားများရှိသလို ၆၀၀၀ အထိယူခဲ့သော လိုင်းများ ရှိသည်ဟုလည်း ကြားရသည် ။ ၇၀၀၀ ဖြင်.ပြေးသော ကားများကမူ ၁၀၀၀၀ဖြင်. ပြေးဆွဲသည်ဟု သိရပြီး ၁၀၀၀၀ ဖြင်.ပြေးသောကားများကမူ ၁၅၀၀၀ ယူခဲ့ကြောင်းသိရသည် ။

ထူးခြားမှု အနေဖြင်.ညပိုင်း မြို.လေးတွင် မီးပြတ်သွားခဲ့ပြီး ရိုးရာမပျက် အစဉ်အလာဟု ထင်မှတ်ထားခဲ့သော်လည်း ထိုအချိန်တွင်တစ်ပြိုင်တည်းမအူပင် ၊ ရန်ကုန် ၊ ပျော်ဘွယ်  ၊တောင်ငူ  နေပြည်တော် ၊ မန္တလေး ၊ ပြင်ဦးလွင် ၊ လွိုင်ကော် စသောမြို.များတွင်လည်း မီးပျက်နေပြီး တစ်နိုင်ငံလုံး နီးပါး System Breakdown ဖြစ်သွားသည်ဟု အတည်ပြုချက်မရသော သတင်းများအရ ကြားသိရသည် ။တစ်ခုရှိသည်က နေရာအတော်များများတွင် မီးပျက်ကာနီးအချိန်တွင် မီးအား အတက်/အကျများ ရုတ်တရက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ည၉နာရီခွဲတွင် မီးများ ပြန်လည် ရရှိခဲ့ပြီး အ၀င် ၁၈၀ ခန်.အထိ ရှိခဲ့သည် ။

ညနေ ၃နာရီ / ၄နာရီခန်.က မူ ရွှေလောင်းနှင်.အနီးဝန်းကျင် ရွာ ၅ ရွာ သို.ရုတ်တရက် လေပြင်းကျရောက်ခဲ့ရာ ကျုံကပြင် ကျေးရွာ တွင် အိမ် ၃၅ လုံးပြိုသွားပြီး ၈လုံး အမိုးလန်သွားကာ တိုင်းဒေသကြီး အစီအစဉ်ဖြင်. ထောက်ပံ.ရေး ပစ္စည်းများဝေငှပေးခဲ့ကြောင်း သိရသည် ။ ရွှေလောင်းတွင် အိမ် ၃လုံး ပြိုပြီး ၂၈ အိမ် အမိုးလန်သွားခဲ့ကာ ကျား ၁ / မ ၁ ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည် ။လေတိုက်ခံခဲ့ရသော ဖိုးခမှီဒေါင်. ကျေးရွာ အုပ်စု လေးအိမ်တန်းကျေးရွာ တွင်လည်း အိမ် ၃လုံးခန်.ပြိုကျပြီး အိမ်အချို. အမိုးလန်ခဲ့သလို ငှက်ပျောတောများလည်းပျက်စီးခဲ့ပြီး တက်ဆိပ်ကျေးရွာ၊ အရှေ့စုကျေးရွာ၊ သလပ်ဖက်ကျေးရွာ၊ ထန်းလေးပင်ကျေးရွာ များမှပျက်စီးမှု အားလုံး ခန်.မှန်းတန်ဘိုးမှာ ၁၁၂.၅ သိန်း ဖြစ်ကြောင်း သိရသည် ။လက်ရှိအချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှုး ကိုယ်တိုင်ရောက်ရှိ စီမံနေကြောင်း သိရသည် ။

သင်္ကြန်အကျနေ.



သင်္ကြန်အကျ ( ၁၄ - - ၂၀၁၅ ) နေ.မြို.လေးတွင် မဏ္ဍပ်အားလုံးလိုလို ရေပက်ကစားကြပါသည်

အထူးသဖြင်. ကမ်းနားလမ်း ( ကျောက်တိုင် ထောင်. မှ မနောသုခရှေ.အထိ ) တစ်လျှောက် ပျော်ရွှင်စွာရေပက်ကစားကြသည် ။ဗဟိုမဏ္ဍပ် ဖျော်ဖြေရေးတွင်မူ မိန်းမလျာ ဖျော်ဖြေရေး အဖွဲ.လည်း တာဝန်ယူဖျော်ဖြေခဲ့ကြောင်း သိရသည် ။

အဓိကအားဖြင်. ရေပက်ခံထွက်ကြသူများတွင် ကလေးငယ်များက စက်ဘီးများဖြင်. အလည်ထွက်ကြပြီး လူငယ်များကမူ ဆိုင်ကယ်များဖြင်. ရေပက်ခံထွက်ကြသူများက ပိုမိုများပြားသည် ။ ရေစိုခံ ဆိုင်များတွင် ရောက်ရှိသူများ အများအပြား ရှိသော်လည်း ခိုက်ရန်ဒေါသ ဖြစ်ပွားသော သတင်းများ ( ပြောရလောက်အောင် ) မကြားရပါ ။ လူလတ်ပိုင်း နှင်. အထက်အများစုကမူ သူငယ်ချင်း အိမ်တစ်အိမ်တွင်စုပြီး ချက်ပြုတ် စားသောက် ကြသည်များတွေ.ရသည် ။
မနက်အစောပိုင်းက ဆွမ်းဆန်စိမ်း အလှုခံကြွရောက်မှု ရှိခဲ့ပြီး တရားရိပ်သာများတွင် တရားအားထုတ်ကြသူများလည်း အပြည်.ရှိနေကြောင်း သိရသည် ။

 အင်္ကြန် အကြတ်နေ.


ယနေ.တော.သင်္ကြန်ဇာတ်ရှိန်က နည်းနည်း ပိုတက်လာပြီး ဇာတ်ကောင်လည်း ပိုစုံလာသော သဘောရှိသည် ။

ယခင်နေ.များထက် ရေပက်သူရော ၊ ရေပက်ခံသူများရော ပိုများလာသည် ။သို.သော် ၉နာရီ ကျော်မှသာ စ  ပက်ကျသည်ကများသည် ။မနောသုခရှေ.ရှိ ဗဟိုမဏ္ဍပ်တွင် ယခင်နေ.ကလိုပင် မိန်းမလျှာများ  ဖျော်ဖြေရေး နှင်. ရေပက်မဏ္ဍပ်များကြောင်. အဓိက လူစည်ကားရာ နေရာဖြစ်ခဲ့သည် ။မြို.သစ်ထိပ်ဘက်ရှိ ရွှေစည်းစိမ် မဏ္ဍပ်တွင်လည်း မိန်းကလေးငယ်များ သီဆိုဖျော်ဖြေမှုများ ရှိခဲ့သည်။

ရေပက်မဏ္ဍပ်များအနေဖြင်. အနောက်ပိုင်းဘက်တွင်သာ အဓိကများပြားနေသော်လည်း အရှေ.ပိုင်းဘက်တွင်မူ မုန်.လုံးရေပေါ် ၊ မုန်.ဟင်းခါးစသော စတုဒိသာ လှုဒါန်းမှုများရှိခဲ့သည် ။ မြသိန်းတန် ၅ လမ်းရှိ မုန်.ဟင်းခါး စတုဒိသာ မဏ္ဍပ်တွင် နှစ်စဉ်ကဲ့သို.ပင် မုန်.ဟင်းခါး စတုဒိသာ လှုဒါန်းမှု ပြုလုပ်ခဲ့ပြီး အုန်းလက်မဏ္ဍပ် တစ်ခုလည်း ရှိသဖြင်. စည်ကားခဲ့သည် ။

အနီးပတ်ဝန်းကျင် ကျေးရွာများမှ လာသော ဆိုင်ကယ်များ နှင်. မြို.ခံ ဆိုင်ကယ်များ ၊ မြို.ခံ ကားအချို.နှင်. ရန်ကုန် မှပြန်လာကြသော ဇာတိဖွား နှင်. အနွယ် ၀င်တို. ကားများကြောင်. အဝေးပြေးကားများ မရှိသော်လည်း မြို.တွင်း သတိထား သွားလာ မောင်းနှင်ရသော သဘောတော.ရှိသည် ။ကျိုးပဲ့သွားလောက်အောင် ဒါဏ်ရာ အနာတရ ဖြစ်မှုမျိုး မရှိသော်လည်း ဆိုင်ကယ် မှောက်မှု အနည်းငယ်ရှိပြီး အချို.မှာ အရှိန်မြှင်. မောင်နှင်မှုကြောင်. ဖြစ်ပြီး အချို.မှာ ဆိုင်ကယ်ရှေ.မှ ရေနှင်.ဆီးပက်သဖြင်. မထိမ်းနှိုင်ဖြစ်ပြီး မှောက်ရခြင်းဖြစ်ကြောင်းလည်း သိရသည် ။
နေ.လည်ပိုင်း နေပြင်းသော အချိန်တွင် ရေစိုခံ ဆိုင်အချို. ပိတ်ထားပြီး ထိုအချိန်တွင် လမင်းသာ ၊ ပါရမီ စသောအအေးဆိုင်များနှင်. လဘက်ရည်ဆိုင်များတွင် အနားယူနေကြသူများတွေ.ရသည် ။ယနေ.အထိ ကြီးကြီးမားမား ခိုက်ရန် ဖြစ်ပွား ၊ထိခိုက်မှု များ မရှိသေးကြောင်း သိရသည် ။

တစ်ခုရှိသည်က အနီးပတ်ဝန်းကျင်ရွာများတွင် ယခင်ကဲ့သို.ရွာလုံးကျွတ် စတုဒိသာကျွေးမွေးခြင်း ၊ အခြားရွာများသို.ပါ သွားရောက်စားသောက်ကြခြင်း ၊အချင်းချင်း အိုးမဲသုတ် / ရေထဲပစ်ချ /မျောက်က ကခိုင်းခြင်းမျိုးများ ၊ ကိုယ်ကိုကိုယ် ရွှံ.ဗွက်များ လူးပြီး သူငယ်ချင်းအိမ်များပေါ်တက် လူးလှိမ်.၍ ရေဆေးချရစေခြင်းမျိုးစသော ရပ်ရွာ ဓလေ.များ တစ်ဖြေးဖြေး ပျောက်ကွယ်သွားနေသော သဘောတော.ရှိသည် ။

တစ်ခုထူးခြားသည်က ယနေ.မြန်မာ.အသံ အင်တာဗျုး တစ်ခုတွင် တောင်သုံးလုံး သာသနာပြု ရိပ်သာစခန်းရှိ ဒုလ္လဘရဟန်းတစ်ပါးအား အင်တာဗျုး ပြု လုပ်ရာတွင် မိမိမှာ တောင်ဒဂုံ ရှိ ဘုန်းတော်ကြီးကျောင်းတွင် ရဟန်းခံခဲ့ပြီး ဤတရားစခန်းတွင် သင်္ကြန်ကာလ တရားလာအားထုတ်ခြင်းဖြစ်ကြောင်း ၊ မိမိဇာတိမှာ ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မ မြို.မှဖြစ်ကြောင်း ဖြေဆိုသွားသည်ကို ကြားရသဖြင်. ဇာတိဖွားတစ်ယောက် ကုသိုလ်အတွက် သာဓုခေါ်ဆိုမိပါသည် ။

သင်္ကြန်အတက်နေ.



သင်္ကြန်အတက် ( ၂၀၁၅ ဧပြီ ၁၆ ) ရက်နေ. မြို.လေးတွင် ရေပက်သူများ စည်ကားခဲ့ပါသည် ။

ကမ်းနားလမ်းတစ်လျှောက် ရေပက်သူများ အထူးစည်ကားခဲ့ပြီး  ထူးခြားသည်ကတော. စတုဒီသာအလှုများ သိသိသာသာ များပြားခြင်းဖြစ်သည် ။ သင်္ကြန်ရာသီစာများဖြစ်သော မုန်.လုံးရေပေါ် ၊ မုန်.လက်ဆောင်း ၊ ရွှေရင်အေးတို.အပြင် ထမင်းဒါနပြုသူများလည်း ရှိခဲ့ပါသည် ။ သံကြိုးတိုင် ဆွမ်းလောင်းအသင်းတွင် ထမင်း ၊ ဆေးရုံကြီးတွင် ပေါင်မုန်.အုန်းနို.ဆမ်း ၊ ဘုရားကြီးလမ်းတွင် ရွှေရင်အေး နှင်.အခြားနေရာအတော်များများတွင်စတုဒိသာ အလှုများ ရှိခဲ့သည် ။

သင်္ကြန်နောက်ဆုံးရက်မို. ခိုက်ရန်ဖြစ်ပွားမှုအချို.လည်း ရှိခဲ့ကြောင်း သိရပြီး ယိုးဒယား သင်္ကြန်ကာလများအတွင်း  ၂၅၁ ယောက် သေ ၂၅၃၂ယောက်ဒါဏ်ရာရ ခဲ့ပြီး မူးယစ် သောက်စားမှု နှင်.ဆေးဝါးများကြောင်. ဖြစ်ပွားမှု ၄၄.၂၆% ရှိခဲ့ပြီး ထိခိုက် သေကြေမှုများတွင် ဆိုင်ကယ်တိုက်မှု ကြောင်. ၈၁.၈၃% ရှိကြောင်း ဆိုတော. ပြောပလောက်အောင် မဟုတ်ဟုဆိုရမည် ။

ထူးခြားမှုအနေဖြင်. ၀ါးခယ်မ မြို.နယ်ဆေးရုံတွင် ယောက်င်္ကျားလေး ၂ မိန်းကလေး ၁ ပါသော ၃မွှာပူး ကလေးဖွားမြင်မှု ရှိခဲ့ပြီး ယခုနောက်ပိုင်းကာလများတွင် ဒုတိယ အကြိမ် မွေးဖွားမှု ဖြစ်သည် ။ယခု ၃မွှာမွေးဖွားသော မိသားစု တွင် မူလ ကလေးငယ် ၄ဦး ရှိပြီးသား ဟုသိရသည် ။

ထို.အပြင် မြန်မာ.အသံမှအာရုဏ်တော်ခံ ၀တ်အသင်း တာဝန်ရှိသူ တစ်ဦးထံ ဆက်သွယ်၍ မနက်ဖြန် နှစ်ဆန်း တစ်ရက်နေ.တွင် ကျင်းပမည်. နှစ်၁၀၀ ပြည်. ရေသပ္ပါယ် ပွဲနှင်. ဆွမ်းဆန်စိမ်းလောင်းလှုပွဲဆိုင်ရာ ကိစ္စရပ်များကို မေးမြန်း ထုတ်လွှင်.သွားခဲ့ပါသည် ။

ညပိုင်း ဗဟိုမဏ္ဍပ် ပိတ်ပွဲ ၊ ယိမ်းအကများ ဆုချီးမြှင်. ပွဲများတွင် လာရောက်ကြည်.ရှုသူများ စည်ကားခဲ့ပြီး ဈေးသည်များလည်း လာရောက်ရောင်းချခဲ့ပါသည် ။ သို.သော် ဆုချီးမြှင်.ရာတွင် နှစ်သိမ်.ဆု ၂ခု ၊ ထို.နောက် ပဉ္စမဆု ၊ ထို.နောက် ပူးတွဲ ပဉ္စမဆု ၊ ထို.နောက် နှစ်သိမ်.ဆု စသည်ဖြင်. အစီအစဉ်လိုက် မဟုတ်ပဲ ကြေညာလိုက် ၊ ဆုပေးလိုက် ၊ ပြန်လည် ကပြလိုက်နှင်.မို. ဆုကြေညာချိန် နောက်ကျသလို စိတ်ဝင်စားမှုလည်း လျော.ကျစေပြီး နောက်ဆုံးဆုများကြေညာပြီးချိန်တွင် ပရိသတ်နည်းပါးသွားခဲ့သည် ။

ပထမ ဆုကို ရွာသစ်ရပ်ကွက် ယိမ်းအဖွဲ.မှ ရရှိသွားကြောင်း သိရသည် ။



နှစ်ဆန်း တစ်ရက်နေ.

ကလ ကျေးရွာ  ပထမဆုံးအကြိမ် သက်ကြီး ပူဇော်ပွဲ

 မနက်အစောပိုင်းတည်းက အာရုဏ်ဆွမ်းဆက်ကပ်လှုဒါန်းခြင်းများ နှင်. အတူ ပဋ္ဌာန်းရွတ်ဖတ်သံများက တစ်နေရာမက ပျံ.လွင်.နေသည် ။မြပုဏမာ သီလရှင်စာသင်တိုက်က ယနေ.ပဋ္ဌာန်းအောင်ပွဲကျင်းပနိုင်ခဲ့ပြီး မြို.မ ပရိယတ္တိစာသင်တိုက်ကပဋ္ဌာန်းရွတ်ပွဲစတင်ခဲ့သည် ။ဆေးရုံ၊ ရဲစခန်းကဲ့သို.အစိုးရဌာနများက နှစ်ဦး ပရိတ်ရွတ်ဆို ကောင်းမှုများ ပြုခဲ့ကြသလို အိမ်အတော်များများတွင်လည်း နှစ်ဦးကောင်းမှုများပြုလုပ်ကြသည် ။ လမ်းအလိုက် / ရပ်ကွက်အလိုက်/ ကျေးရွာအလိုက် ပဋ္ဌာန်း ရွတ်ဖတ်ခြင်းများ ၊ စတုဒီသာကျွေးမွေးခြင်းများ ၊နိဗ္မာန်ဈေး ဖွင်.လှစ်ခြင်းများ ၊ သက်ကြီးပူဇော်ပွဲများ ၊ ကုသိုလ်ဖြစ် ကျန်းမာရေးစောင်.ရှောက် ကုသမှုများ ကို နေရာတိုင်းလိုလိုပြုလုပ်ခဲ့ကြသည် ။ဇာတိမြေ မှအဝေးရောက်နေပြီး ခေတ္တပြန်ရောက်ကြသူများ နှင်. မြို.ရှိ သူငယ်ချင်းများ စုပေါင်းပြု လုပ်သော အလှုများလည်း တွေ.ရသည် ။

ထို.အပြင် ဘုရားစေတီအလိုက်လည်း ပြုလုပ်ခဲ့ကြရာ မြို.တစ်ဖက်ကမ်း သမိုင်းဝင် သော်က စေတီတော်မြတ် ဘုရားကနေကဇာတင်လှုခြင်း ၊ ရန်အောင်မြင် ကပ်ကာ စေတီတော် (ဘိုးမင်းခေါင်ဘုရား ) ရေသပ္ပါယ်ခြင်း ၊ သကျမဟာသီရိ မြတ်စွာဘုရားကြီး အား နှစ်ဦး ရေသပ္ပါယ်ခြင်း ၊ လာရောက်ရေသပ္ပါယ်သူများကို စတုဒီသာ လှုဒါန်းခြင်းနှင်.ရေသပ္ပါယ်ပွဲအပြီး  မြို.ပေါ် သံဃာကုန် ဆွမ်းဆန်စိမ်း လောင်းလှုခြင်း စသည်တို.ကြောင်. အနီးအနားကျေးလက် ဒေသများမှ လာရောက်ကုသိုလ်ယူသူများပါ မြို.ပေါ်တွင် စည်ကားနေခဲ့သည် ။ဆွမ်းဆန်စိမ်း လောင်းပွဲတွင် ဆရာတော် အရှင်သူမြတ် ၃၈၂ ပါးတို.အား တစ်ပါးလျှင် ဆွမ်းဆန်တော် ၁ပြည် ဆီ၂၀သား ကို အာရုဏ်တော်ခံဝတ် အသင်းက တာဝန်ယူလှုဒါန်းပြီး အခြားဋ္ဌာနဆိုင်ရာများ သီးခြားအလှုရှင်များက ပေ ၃၀၀ ရှည်စောင်းတန်း တစ်လျှောက် လှုဒါန်းကြပါသည် ။

နှစ်စဉ်မပျက် ပြုနေကျအတိုင်း ဆရာတော်သံဃာတော်များမှ မြို./ရွာ အန္တရာယ်ကင်းရှင်းစေရန် နှစ်ဦးပရိတ် ရွတ်ဖတ်ခြင်းများအားလည်း မြို.တွင်းတွင် ကားဖြင်. လှည်.လည် ရွတ်ဖတ်ခြင်း ၊ မြစ်အတွင်း ပဲ့ထောင် ဖြင်. လိုက်လံ ရွတ်ဖတ်ခြင်းများ ပြုလုပ်ခဲ့ပါသည် ။

ဘုရားကြီး ရေသပ္ပါယ်ပွဲ



ကျင်းပနေကျအတိုင်း မြန်မာ နှစ်ဆန်း တစ်ရက်နေ. သကျမဟာသီရိ မြတ်စွာဘုရား ရေသပ္ပါယ်ပွဲကို ယနေ.နေ.လည်က ကျင်းပခဲ့ပါသည် ။ သြ၀ါဒစရိယ ဆရာတော် ၉ပါးမှနမောတသာ ၃ ကြိမ်ရွတ်ဆိုပြီး အခမ်းအနားဖွင်.လှစ်ပြီး ရေသပ္ပါယ် ပေးကာ ကုသိုလ်ယူ ရေသယ်ဆောင်ကြသူများက ပေ ၆၀၀ ခန်.အကွာအဝေး ကို ရေသယ်ဆောင် ကုသိုလ်ယူကြပါသည် ။

ယခင်နှစ်များကဲ့သို.ပင် အနီးအပါး ကျေးလက်ဒေသများမှ ပါလာရောက်၍ ဘုရားရေသပ္ပါယ်ခဲ့ကြပါသည် ။ စောင်းတန်းအတွင်း ရေသယ်ယူလာသူများအား အမွှေးနံ.သာများ ဖြည်.စွက် လှုဒါန်းပေးသူ များမှာ တစ်ဖွဲ.မက ရှိနေခဲ့သလို စောင်းတန်းအတွင်းတွင်လည်းကောင်း ၊ ဘုရားကြီးလမ်းမပေါ်တွင်လည်းကောင်း စတုဒီသာ လှုဒါန်းမှုများ ရှိခဲ့ပါသည် ။

ယခင်နှစ်များကဲ့သို.ပင် စည်ကားခဲ့သော်ငြား နှစ် တစ်ရာပြည်. ပွဲ ဖြစ်သော ယခုနှစ်တွင် အခြားသော အဖွဲ.အစည်း များ ၏ထူးခြားသော ပူးပေါင်းဆောင်ရွက်မှုများ မမြင်တွေ.ခဲ့ရပဲ ရာပြည်.ပွဲမို. ယခင်ထက် ထူးခြားစည်ကား လိုသူများအဖို.မှာမူ အားမလို အားမရ ဖြစ်ခဲ့ကြရပါသည် ။


ဓါတ်ပုံများကြည်.ရှုရန် 

* သင်္ကြန်အကျနေ. ဓါတ်ပုံများ


* သင်္ကြန်အကြတ်နေ. ဓါတ်ပုံများ

* သင်္ကြန်အတက်နေ. ဓါတ်ပုံများ

* နှစ်ဆန်းတစ်ရက်နေ. ကုသိုလ်ကောင်းမှု ပြုကြသည်များ 

* နှစ်ဆန်းတစ်ရက်နေ.ဘုရားကြီး ရေသပ္ပါယ်ပွဲ

 

ဆက်စပ်ဖတ်ရှုရန်

* ၂၀၁၄၀ါးခယ်မ သင်္ကြန်  

* မြို.လေးရဲ.နှစ်ဆန်း တစ်ရက်...ကန်.သတ်ရက်တိုးသင်္ကြန်...ဘုရားကြီးရေသပ္ပါယ်ပွဲ

မြို.လေးရဲ. ကြုံခဲ့ဖူးတဲ့ သက်ြန်အချို.