Showing posts with label ထွက်ခွာသွားကြသူများ. Show all posts
Showing posts with label ထွက်ခွာသွားကြသူများ. Show all posts

Wednesday, September 3, 2014

နာမည်ကောင်း တစ်ခု ချန်ရစ်ခဲ့သူ (သို.) ဆရာကြီး ဦးအောင်ဝင်း၏ နောက်ဆုံးခရီး




၂၀၁၄ သြဂုတ်လ ၃၀ ရက်နေ.

လောကတွင် မစည်ကားအပ်သော ဌာန ၃ ခုအနက် တစ်ခုဖြစ်သော ရေဝေးသုဿန်ကား  မှိုင်းညို.ညို. မိုးသားအောက် စည်ကားနေသည် ။ 

သဂြိုဟ်စက်ရှေ. ဆိုင်းဘုတ်တွင်ရေးထားသော ယနေ.သဂြိုဟ်မည်. စာရင်းဝင် အမည်၃၀ အနက် အမည်တစ်ခုက ဦးအောင်ဝင်း အသက် ၆၄ နှစ် သဂြိုဟ်မည်. အချိန် ၁၂နာရီ  -  ခန်းမ ၁ / က 
ထိုခန်းမ ၁ / က ရှေ.တွင်တော. ကြိုတင်ရောက်နှင်.နေသော ချောက် GTI လွမ်းသူ.ပန်းခြင်း ၊ RIT 1997  သူငယ်ချင်းများပန်းခြင်း ၊ စည်ပင် အင်/ယာ ဋ္ဌာန ပန်းခြင်း ၊ မိသားစုပန်းခြင်းစသော ပန်းခြင်းအချို. ယာယီတင်ထားသည်ကိုတွေ.ရပြီး . အသက်ကြီးပိုင်း နှင်. လူလတ်ပိုင်းအတော်များများ ရှိနေကြသည် ။ ခန်းမအတွင်း တွင်မူ ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ သက်မဲ့ Body တစ်ခုရှိနေပြီးငွေကြေးပြည်.စုံသော အသိုက်အ၀န်းမို.ထင်. ၊ အနက်ရောင်ဝတ်စုံများ နှင်. လူအတော်များများ အပါအ၀င် ပရိသတ်ကစည်ကားနေသည် ။ ၁၁နာရီနီးတော. ထို Body သဂြိုဟ်ရန် သယ်ဆောင်သွားချိန်မှ ဆရာကြီးဦးအောင်ဝင်း ၏ သက်မဲ့ကိုယ်အား စတင်ပြင်ဆင်ကြရသည် ။

 ၁၁နာ၇ီခွဲခန်.အချိန်တွင်တော. ခန်းမတစ်ခုလုံး လူပြည်.လာနေသည်.အပြင် ၊ ပြင်ပကော်ရစ်တာ တွင်လည်း လူကအပြည်.နီးပါးပင် ။ လူတစ်ယောက် မည်သည်တို.လုပ်ခဲ့သည် ၊ မည်သို.ပြုမူနေထိုင်ခဲ့သည်ကိုသူတို.နောက်ဆုံးခရီးက ထိုက်သင်.သလောက်တော.လှစ်ဟပြနိုင်ကြသည် ။ ယခု ဆရာကြီး ဦးအောင်ဝင်းကား မည်ကဲ့သို.သော လူမျိုးနည်း ။


 ဆရာကြီး ဦးအောင်ဝင်းသည် အောင်ဆန်း THS ၊ အထက ၂ THS ၊ မြစ်ကြီးနား THS ကျောင်းအုပ်ကြီး ၊ ချောက် GTI ၊ မအူပင် GTI ၊ အင်းစိန် GTI ကျောင်းအုပ်ကြီး ၊ သံလျှင်နည်းပညာ တက္ကသိုလ် စသည်ဖြင်. တာဝန်များထမ်းဆောင်ခဲ့ပြီး လက်ထောက် ညွှန်ကြားရေးမှုး ရာထူးဖြင်. တာဝန်မှအနားယူခဲ့သည် ။

ဆရာကြီးသည် မအူပင် GTI ကျောင်းကို စတင်တည်ထောင်ခဲ့သူတစ်ဦးဟု ပြော၍ရသည် ။ ကျောင်း၏ ပထမဆုံးကျောင်းအုပ်တစ်ဦး ရှိခဲ့.သော်လည်း ဆရာကြီး စတင်ရောက်ရှိချိန် နှင်. ကျောင်းသားများ စတင်လက်ခံပြီး ကျောင်းစတင်ဖွင်.လှစ်ချိန် ဖြစ်သောကြောင်.ဖြစ်သည် ။ မအူပင်ကျောင်းတွင် ပညာသင်နှစ် ၃ နှစ်ခန်.တာဝန်ထမ်းဆောင်ခဲ့ပြီး အင်းစိန် GTI သို.ကျောင်းအုပ်အဖြစ် ပြောင်းရွှေ.တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည် ။ ဆရာကြီးသည် BE ( Mechanical ) 1977 – 78 ဟုသိရပါသည် ။

ဆရာကြီးသည် မိမိ၏ လုပ်ဖော်ကိုင်ဖက်များအတွက် လိုအပ်သည်များကို အကြီးအကဲပီသစွာ တာဝန်ခံ ဖြည်.ဆည်းပေးတတ်သကဲ့သို. ကျောင်းသားတပည်.များကိုလည်း မိမိ၏ သွေးသားရင်းများသဖွယ် ကာကွယ်စောင်.ရှောက်ပေးခဲ့သူ တစ်ဦးလည်းဖြစ်သည် ။ မိမိဝန်ထမ်းများအတွက် ၊ မိမိကျောင်းသားများအတွက် ခေါင်းဆောင်ပီသစွာ ၊ အကြီးအကဲ ပီသစွာ ရှေ.တန်းမှ မားမားရပ် ကာကွယ် ၀ံ.သူတစ်ဦးလည်းဖြစ်သည် ။ ထို.အပြင် အကြောင်းအရာ အတော်များများကို နှံ.နှံ.စပ်စပ် သိသူတစ်ဦးဖြစ်သကဲ့သို.တပါးသူ နားလည်အောင်လည်း ပြောပြနိုင်စွမ်းသူဖြစ်သည် ။ 


 
သြ၀ါဒစကားများပြောကြားရာတွင်လည်း နားထောင်သူတို.နားဝင်အောင် အချိန်ယူဆုံးမနိုင်စွမ်းသူ တစ်ဦးလည်းဖြစ်သည် ။ အပေါင်းအသင်း ခင်မင်တတ်သူတစ်ဦးဖြစ်ပြီး စည်းကမ်းပိုင်းဆိုင်ရာ စီမံမှု ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သည် ။ ထို.အပြင် အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်ရေးအတွက် ကျောင်းသားများကို စနစ်တကျ သွန်သင်ပြသနေတတ်ပြီး မည်သည်.ကျောင်းသားဟောင်းကိုမဆို အင်ဂျင်နီယာကောင်းတစ်ယောက် သိထားရမည်.အချက်များ ၊ လိုက်နာရမည်များ ၊ကြိုးစားရမည်များကို ယခုတိုင်တွေ.တိုင်း ဆုံးမနေတတ်ပြီး ထူးချွန်ထက်မြက်သော တပည်.ဟောင်း အင်ဂျင်နီယာများအတွက် ထာဝရ ဂုဏ်ယူနေတတ်သူတစ်ဦးလည်းဖြစ်သည် ။ ဆရာကြီးကြောင်. ကျောင်းသား / ဆရာ မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်နစ်နာမှု မရှိခဲ့ပဲ တစ်ဖက်သားကိုယ်စားဝင်ရောက်ခံစားပေးစိတ်ဖြင်.ဖြေရှင်း အုပ်ချုပ်ခဲ့မှု၏ ပြယုဂ် တစ်ခုလည်းဖြစ်ခဲ့သည် ။

ဆရာကြီးသည် အင်းစိန် GTI ရာပြည်.ပွဲ ကျင်းပနိုင်ရေးအတွက် အခက်အခဲများစွာကြားမှ ဦးဆောင်စည်းရုံးခဲ့သူ တစ်ဦးဖြစ်သလို All GTI ဆရာကန်တော.ပွဲဖြစ်မြောက်ရေး ၊ အသင်းဖြစ်မြောက်ရေးတို.အတွက်လည်း ဦးဆောင်စည်းရုံးခဲ့သူ တစ်ဦးဖြစ်ပါသည် ။

မှတ်ဥာဏ်ပိုင်းဆိုင်ရာလည်း ထူးချွန်သူတစ်ဦးဖြစ်ပြီး မကွယ်လွန်မှီ ၂ ရက်ခန်. ဝေဒနာအပြင်းအထန်ခံစားနေရချိန် လူမမာ လာမေးသော မအူပင်မှဆရာမတစ်ဦးကိုပင် ဟိုးတုန်းကခေါ်သော နာမည်ခေါ်၍နှုတ်ဆက်နေနိုင်ဆဲဖြစ်သည် ။

ဆရာကြီး အနေဖြင်.  စစ်ဆေးပြီးချိန်တွင် အဆုတ်ကင်ဆာဝေဒနာအဆင်.၄ အခြေအနေတွင် ရှိနေပြီး ဆရာဝန်က သက်တမ်း ၆လခန်.ဟု ခန်.မှန်းပေးထားပြီး ဘန်ကောက်တွင် စစ်ဆေးမှုများ သွားရောက်ပြုလုပ်ခဲ့သလို ဆေး၎ကြိမ်ခန်.သွင်းခဲ့သေးသည်ဟု သိရသည် ။ ပြီးခဲ့သော ၁၀ ရက်ခန်.မှ စ၍ ရောဂါအခြေအနေ ဆိုးဝါးလာသဖြင်. ဗဟိုရ် စည်ဆေးရုံသို. တင်ပို.ကုသခဲ့ပြီး ယခု ၂၀၁၄ သြဂုတ်လ ၂၈ ရက်နေ. တွင် ဆုံးပါးခဲ့ခြင်းဖြစ်သည် ။ ဆုံးပါးချိန်တွင် ဆရာကြီးသည် အသက် ၆၄ နှစ် ရှိနေခဲ့ပြီး ဇနီး ဒေါ်သန်းသန်းဋ္ဌေး ( ဋ္ဌာနခွဲမှုး ယာ/ အုံ YCDC ) နှင်. သားသမီး ၄ဦး မြေး ၁ ဦးတို.ကျန်ရစ်ခဲ့ပါသည်




မအူပင်ကျောင်းသားဟောင်းများအသင်းမှ တာဝန်ရှိသူအချို.က မိသားစုမှစီစဉ်ထားသော ကျွန်းခေါင်းအစား Aluminium မှန်ခေါင်းဖြင်. သဂြိုဟ်စက်သို.သယ်ဆောင်ပါက ကျောင်းသားဟောင်းများ ၊ မိတ်ဆွေများ ၊ မိသားစုဝင်များလည်း စိတ်တိုင်းကျကြည်.နိုင်မည်ဖြစ်ပြီး ထိုကျွန်းခေါင်းကို နာ/ကူ အသင်းသို.လှုဒါန်းလိုက်လျှင် လိုအပ်သောနေရာတွင် ပိုမိုအကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်သဖြငိ. မိသားစုနှင်.တိုင်ပင်ပြီး မှန်ခေါင်းရရှိရန် အချိန်မှီ ကြိုးစားခဲ့ကြသည် ။ အချိန်မှီလည်း ရရှိခဲ့ပါသည် ။

ခန်းမအပြင်ဘက်တွင် ချောက် GTI ကျောင်းသားဟောင်းများက အလှုငွေ လက်ခံဋ္ဌာန တစ်ခုဖွင်.ပြီး ကျောင်းသားဟောင်းအချင်းချင်း ထံမှ အလှုငွေ လက်ခံပေးနေသလို မအူပင်ကျောင်းသားဟောင်းများကလည်း အလှုငွေများ လက်ခံစုဆောင်းပေးလျှက်ရှိနေကြသည် ။ ကျောင်းပေါင်း ( ၇ ) ကျောင်း ခန်.တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးမို.  ထိုကျောင်းပေါင်းစုံက ကျောင်းသားဟောင်းများ ၊ RIT ကျောင်းသားဟောင်း တစ်ဦးဖြစ်သလို သီးစီးဌာန ၀န်ထမ်းတစ်ဦးမို. နယ်ပယ်စုံက မိတ်ဆွေများ ၊ ဇနီးဖြစ်သူက YCDC ၀န်ထမ်းတစ်ဦးမို.၀န်ထမ်းမိတ်ဆွေများက အပြည်.ပင် ။ မအူပင်မှ ဆရာများနှင်. တပည်. ၁၁ ဦးပင် နောက်ဆုံးခရီးကို လာရောက်ဂါရ၀ပြုခဲ့ကြသည် ။

ထို.အပြင် ခန်းမ ၁/က သည် Death Body များထားရာ အအေးခန်းထိပ်ဘက်နှင်. အနီးဆုံးတွင်ရှိနေသော အခန်းဖြစ်ပြီး ဤခန်းမတွင်ပင် ဆက်လက်ပြင်ဆင်မည်. Death Body တစ်ခုအထုတ်ကိုစောင်.ဆိုင်းနေသော လူများကလည်းအတော်များလှသဖြင်. ရှေ.ကော်ရစ်တာက ပိုကြပ်နေသည် ။ ကြည်.လိုက်တော. နောက်ထုတ်မည်. Death Body က အသက်၁၉ နှစ်အရွယ်ရှိ အေးချမ်းမြတ်မိုးဆိုသော မော်ဒယ်မိန်းကလေးငယ် ။

 Telenor , Sunsilk စသောကြော်ငြာများရိုက်ကူးထားသလို လက်ခံထားသော ကြော်ငြာများလည်းရှိပြီး Laural Art သင်တန်းကျောင်းတက်ရောက်နေသူဖြစ်ပြီးဖခင်မှာ DSA 29 မှအရာရှိ တစ်ဦးလည်းဖြစ်သည် ။ သူမမိခင်အပြောအရ သူမကိုတစ်ဖက်သတ်ချစ်ကြိုက်ပြီး လိုက်လံနှောင်.ယှက်နေသူက သူမအိမ်သို.အပြန် အခန်းဝတွင်လည်ပင်းကိုဓါးဖြင်. ထိုးသတ်သွားသည်ဟုသိရပြီး ထိုလူသတ်သမားမှာ မဟာတန်းဒုတိယနှစ်ကျောင်းရပ်နားထားရသူဟုသိရပြီး အတည်ပြုချက်မရှိသော သတင်းတစ်ခုကမူ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးဟု ဆိုသည် ။ထိုသူ၏ လိုက်လံနှောင်.ယှက်မှုကြောင်. Channel 7 Presenter အဖြစ်မှလည်း အလုပ်ထွက်ခဲ့သေးသည်ဟုသိရပြီး နောက်ပိုင်းအိမ်မှ တစ်ယောက်ယောက် မပါပဲ အပြင်မထွက်ဝံ.သော အခြေအနေရှိကာ ထိုနေ.က ထိုမိန်းကလေးငယ်မှာ အိမ်မှအဖော်ပါမသွားပဲ သူငယ်ချင်းများ၏ပြိုင်ပွဲဆီလိုက်သွားပြီးအပြန် မုန်.စားနေစဉ်မှာပင်တောက်လျှောက် Message ပို.ခြင်း ဖုန်းဆက်ခြင်းများပြုလုပ်နေပြီး အိမ်ခန်းအတက် လှေကားတွင်စောင်.၍ လည်ပင်းကိုဓါးဖြင်. ထိုးသတ်သွားသည်ဟုသိရကာ ထိုမိန်းကလေးမှာ ဒုတိယနှစ် ကျောင်းသူ တစ်ဦးဖြစ်သည် ။ထို.အတွက်ကြောင်. 5Plus အပါအ၀င် Media သမားများ ၊ မိတ်ဆွေများ ၊ စိတ်ဝင်စားသူများ ၊ ပရိသတ်များက ကြို တင်စောင်.ဆိုင်းနေကြခြင်းဖြစ်သည် ။


မည်သို.ပင်ဆိုစေကာမူ လောကသို.လက်ဗလာနှင်. ၀င်လာခဲ့ကြရသူများပီပီ အချိန်တန်တော. လက်ချည်းဗလာ ပြန်လည်ထွက်ခွာကြရတော.သည် ။ လောကအတွင်း အဖော်မပါ တစ်ယောက်တည်းသာ ၀င်ခွင်.ရကြသော လူ.လောကပီပီ မည်မျှ မိသားစု ၊ မိတ်ဆွေ ၊ တပည်.တပန်း ပေါများလှစေကာမူ ထီးတည်းသာ ပြန်လည်ထွက်ခွာရသော ဓလေ.အတိုင်း ၁၂နာရီတွင်တော. ဆရာကြီးဦးအောင်ဝင်း၏ သက်မဲ့ Body ကို သဂြိုဟ်နိုင်ရန် မီးသဂြိုဟ်စက်ဆီ သယ်ဆောင်ခဲ့ကြရတော.သည် ။ပန်းခြင်းများကလည်းအများအပြား ၊ လိုက်ပါပို.ဆောင်သူများကလည်း အရေအတွက်မနည်းလှသဖြင်. ၁/က မှ သဂြိုဟ် စက်အတွင်းကြားတွင် လူအုပ်ဖြင်. အတိပြီးနေတော.သည် ။
နောက်ဆုံးနှုတ်ဆက်ခြင်း ၊ နောက်ဆုံးကြည်.ရှုခြင်း ၊ ထိုနောက်ဆုံးဆိုသော စကားလုံးများက တိုက်ရိုက်သက်ဆိုင်သူတို.ရင်ကို အပူတိုက်နေခိုက်မို. ၀န်းကျင်၏ ကူးယူကြေကွဲမှု ၊ စာနာနှစ်သိမ်.ခြင်းတို.က သိပ်တော.အရာမထင် ။ နောက်ဆုံးတော. မဖြစ်မနေချန်ထားခဲ့ကြရပြီ ဖြစ်သည် ။ ကျန်နေခဲ့ကြရပြီဖြစ်သည် ။

တိုက်ဆိုင်မှု တစ်ခုကတော. ထိုနေ.က ရေဝေး ခန်းမ ၁/က ၏ဆက်တိုက်နာရေး၃ခု တွင် ပထမကလေးငယ်က အေး နှင်.စ သော မိန်းကလေး ၊ ဒုတိယက အောင်နှင်.စသော ဆရာကြီး ၊ တတိယက အေးနှင်.စသော မော်ဒယ်မိန်းကလေးငယ် စနေနေ. ၁/က တွင် တနင်္ဂနွေ ၃ယောက်ဆုံစည်းခြင်းလား ?


ထို.နောက် မွန်းလွဲပိုင်းတွင် ဆရာကြီး၏ မိသားစုရှိရာအိမ်သို. သွားရောက်၍ မအူပင်ကျောင်းသားဟောင်းများ( မအူပင် ၊ ၇န်ကုန် ၊ စင်္ကာပူ ) ၏ စုပေါင်းလှုဒါန်းငွေ ၁၄သိန်း နှင်. ကျောင်းသားဟောင်းများအသင်းမှ လှုဒါန်းငွေ ၁သိန်း စုစုပေါင်း ၁၅ သိန်းအား လက်ရောက်ပေးအပ်လှုဒါန်းခဲ့ပါသည် ။ ထိုလှုဒါန်းမှုကို ဆရာကြီး၏ ကျန်ရစ်သော ဇနီးဖြစ်သူ ဒေါ်သန်းသန်းဋ္ဌေးမှ လက်ခံရယူပေးခဲ့ပြီး ဆရာကြီး လုပ်ကိုင်နေဆဲဖြစ်သော ၊ ဆန္ဒ ရှိသော လှုဒါန်းမှုများတွင် ထည်.သွင်းလျုဒါန်းသွားမည်ဖြစ်ကြောင်း ၊ ကျောင်းသားဟောင်းများကိုလည်း ကျေးဇူးတင်ပါကြောင်း ၊ မိမိတို.ထံလည်း မကြာမကြာ ဆက်သွယ်ပါရန်  ပြောဆိုခဲ့ပါသည် ။ သွားရောက်ကြသူများမှလည်း ကိစ္စရှိပါက မိမိတို.ထံသို.အချိန်မရွေးဆက်သွယ်နိုင်ကြောင်း အားပေးပြောကြားခဲ့ပါသည် ။

ထိုနေ.က ချောက် GTI ကျောင်းသားဟောင်းများက ဈာပန အခမ်းအနားတွင်သူတို. ကျောင်းသားဟောင်းများထံမှသီးခြား အလှု ခံရာ ဆယ်သိန်းကျော်ရရှိခဲ့ပြီး စင်္ကာပူ ရှိချောက်ကျောင်းသားဟောင်းများထံမှ ၅သိန်း နှင်. ၁၀သိန်းကြား ထပ်မံရရှိမည်ဟု ခန်.မှန်းထားကြောင်း ချောက်ကျောင်းသားဟောင်းများထံမှ သိရသည် ။
ဈာပန ဓါတ်ပုံများ ကို ဤ Facebook Page တွင်သွားရောက်ကြည်.ရှုနိုင်ပါသည် ။

Wednesday, July 30, 2014

သာသနာ. ဟိတကာရီ ဆရာတော် ၏ အန္တိမ အဂ္ဂိဈာပန





အဂ္ဂမဟာပဏ္ဍိတ
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
နိုင်ငံတော်သြ၀ါဒါစရိယ ဘဒ္ဒန္တ စန္ဒောဘာသာ မထေရ်၏ နောက်ဆုံး အန္တိမ အဂ္ဂိဈာပန ကို  ၂၈ . ၇. ၂၀၁၄ နေ.က ကျင်းပ ပြုလုပ်ခဲ့ပါသည် ။

ရက်သတ္တပတ်တစ်ပတ်တိတိပြည်.မြောက်သော နေ.ဖြစ်သောကြောင်. သံဃာတော် အပါး ၁၂၀ အား ဆွမ်း အစရှိသော လှုဖွယ် ၀တ္တု တို.ကို လှုဒါန်းခဲ့ပြီး ကျုံမငေး အုန်းပင် ဆရာတော် ဟောကြားသော ဆွမ်း အနုမောဓနာ တရားတို.ကိုနာကြားပြီး နောက် ဈာပန အခမ်းအနား ကျင်းပခဲ့ပါသည် ။

အခမ်းအနားတွင် ဆရာတော်ကြီး၏ ထေရုပ္ပတ္တိ တို. ဖတ်ကြားပူဇော်ခြင်း ၊ သာသနာရေးဝန်ကြီး ဋ္ဌာန မှ ပေးပို.လာသော ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ကိုဖတ်ကြားခြင်း ၊ တပည်. ရဟန်း သံဃာတော် တို. မှ ခွှင်.လွှတ်ပါရန် တောင်းပန်တော် မူခြင်း အစရှိသည်တို.ကို ပြုပြီးနောက် လောင်တိုက်သွင်း ပူဇော်မည်. သော်ကဘက်ကမ်း သို. ပို.ဆောင်ရန်ဆွေတော် မျိုးတော်များ ၊ တပည်.ရဟန်း များက ကရ၀ိတ် ဖောင်တော် ဆီ သယ်ဆောင်ကြပါသည် ။

ကရ၀ိတ်ဖောင်တော် ပေါ် တင်ပြီးသည်.နောက် ထို သံကြိုးတိုင်ဆိပ်မှ မနောသုခ ဆိပ် ၊ ထိုမှ မြသိဒ္ဒိ ဆန်စက် ထိုမှ နေ၍ ဖောင်တော် ဆိုက်ကပ်ရမည်. သော်က ဆိပ်ကမ်းဆီသို. မောင်နှင်သယ်ဆောင်ခဲ့ကြပါသည် ။

သော်ကဘက်ကမ်းတွင် စောင်.ဆိုင်းနေသော တပည်.ဒါယိကာ ၊ ဒါယိကာမများ မှ လောင်တိုက်တော် တည်ဆောက်ထားရာေ၇ှးဟောင်းသော်ကစေတိတော် အနီး သို. မြပုခက်ဖြင်. ထမ်းယူ သယ်ဆောင်ကြပါသည် ။ ထို.သို.မြို.တစ်ဖက်ကမ်း သော်ကစေတီတော် အနီးတွင် လောင်တိုက်သွင်း ပူဇော်ရခြင်းမှာ ဆရာတော်ကြီး သည် သော်ကစေတိတော်မြတ်၏ သြ၀ါဒ စရိယ ဆရာတော် တစ်ပါးလည်းဖြစ်သလို စေတိတော် ကြီး၏ ဘက်စုံမွမ်းမံ ပြင်ဆင်မှုများအား အလေးထား ဂရုပြု အမြဲလိုလို စစ်ဆေးကြပ်မတ်နေကျ ဖြစ်သလို ဆရာတော်ကြီး၏ ကိုယ်တိုင်ဆန္ဒတော်ကြောင်. ထိုနေရာတွင် လောင်တိုက်သွင်း ပူဇော်ခြင်းဖြစ်သည်ဟု သိရသည် ။



ထို.အပြင် ဆရာတော်ကြီးအား ပူဇော်သည်. နံ.သာတုံးများအနက် ဆရာတော်ကြီးကိုယ်တိုင် သာသနာ.ဟိတကာရီကျောင်းတိုက် သို.စာချဆရာတော်အဖြစ် ရောက်ရှိစဉ်ကပင် စတင်စိုက်ပျိုးထားပြီး သူဘ၀နတ်ထံ ပျံလွန်တော် မူပါက နံ.သာထင်းအဖြစ် ထည်.သွင်းအသုံးပြု လိုသော သနပ်ခါးပင်အားလည်း ဆရာတော်ကြီး၏ တူတော်များကိုယ်တိုင်ခုတ်ဖြတ် သန်.စင် ထည်.သွင်း ပူဇော် ပေးခဲ့ပါသည် ။
တေဇော ဓါတ်ဖြင်. ပူဇော်အပြီး ကြွင်းကျန်ရစ်သော အ၇ိုးပြာများအနက် ခါးအထက်ပိုင်း အရိုးပြာများကို ရွှေအိုးဖြင်. လည်းကောင်း ၊ ခါးအောက်ပိုင်း အရိုးပြာများကို ငွေအိုးဖြင်. လည်းကောင်း ထည်.သွင်းလျှက် ၀ါးခယ်မမြစ်အတွင်း ရေမျှော ပူဇော်တော် မူခဲ့ပါသည် ။

ဆရာတော်ကြီး၏ ဈာပန အခမ်း အနား တစ်ခုလုံးတွင် မြတ်စွာ ဘုရားအလိုကျ မည်သည်.ချဲ.ကား စိစဉ်မှုမျှ ထည်.သွင်း ခြင်းမပြုလုပ်ပဲ (  ၊ အဆို ၊အငို စသည်ဖြင်. ) ညစဉ် တရားပူဇော်ပွဲများသာ ပြုလုပ်ခဲ့သလို လောင်တိုက်တော် မှအစ လိုအပ်သည်ထက် ပို၍ချဲ.ထွင်တည်ဆောက်ခြင်း မပြုခဲ့ပဲ အရိုးရှင်းဆုံး ဈာပန တစ်ခုအဖြစ်သာ ပူဇော် လုပ်ဆောင်ခဲ့ကြပါသည် ။ ဓလေ.အရ ကရ၀ိတ်ဖောင်တော် နှင်. သယ်ဆောင်စဉ်ကသာလျှင် တက်ခုတ်ယိမ်း ဆိုင်းငယ်တစ်ခုပါခဲ့ပါသည် ။ 

အများအကျိုး အလို.ငျာ လောင်တိုက်တော် မှ သစ်တို.ဖြင်. ဆောက်အပ်သော သံကြိုးတိုင် ဆိပ် ရေဆင်းတံတားသစ်

 ဆရာတော် ကြီး၏ ရုပ်ကလပ်တော် အား တေဇော ဓါတ်ဖြင်. ပူဇော်ခဲ့သော နေရာတွင် လွမ်းစေတီတစ်ဆူသာ တည်ရန် တပည်. ဒါယိကာ / ဒါယိကာမများက ကြိုးစားအားထုတ်လျှက် ရှိပါသည် ။ ဆရာတော်ကြီး၏ ဆွေတော် မျိုးတော် တို.ကလည်း ဆရာတော်ဇာတိရပ်တွင် လွမ်းစေတီတစ်ဆူ တည်ထားမည်ဟု သိရပါသည် ။ ဆရာတော်ကြီး၏ လောင်တိုက်တော် မှသစ်များကို မူ အများပြည်သူ သွားလာရလွယ်ကူစေ၇န် သံကြိုးတိုင် ကမ်းနားတွင် ဆိပ်ခံ တံတား တစ်ခု တည်ဆောင် လှုဒါန်းခဲ့ကြသည် ဟု သိရပါသည် ။

ဆက်စပ် ဖတ်ရှုရန် 



ဓါတ်ပုံများ အပြည်.အစုံ ကြည်.ရှုနိုင်ရန်


ဈာပန အတွက် ပြင်ဆင်မှုများ


* ကျောင်းတိုက်တော် မှ ဆွေတော် မျိုးတော် တပည်. များကပင်.ဆောင်ကြပုံများ