Monday, February 19, 2018

န၀မ ပွဲ က စကားလုံးပေါင်း ၁၅၀၀






ကောင်မလေး ရေ ………………
ဂျပ်ဆင်ထိပ်က လရိပ်အောက်မှာ ချစ်တိုင်းလည်းမညားတဲ့ မဆုံးသော သီချင်းများသီဆိုရင်း ကြယ်ကြွေညတိုင်း ဆုတောင်းနေမြဲ ပါ
မိုးစက်မှုန် တွေ လွှမ်းခြုံထားတဲ့ စံပယ်ရနံ.ရယ်
သစ်ရွက်ကြွေပေါ် ဖြတ်နင်းလာတဲ့ ပိတောက်ပန်းရဲ. ခြေသံဖွဖွရယ်
ဆောင်းနှင်းမှုန်တွေကြားက ချယ်ရီပွင့်ဖတ်တွေရဲ့ တိုးတိတ်တိတ် ရယ်သံတွေရယ်
ဘယ်လိုအချိန်တွေပဲဖြစ်ဖြစ်  သတိရဆဲပါ ကောင်မလေးရေ

အဲ့ဒီနေ.ကပေါ့
ဘ၀မှာ နေ.လည် ၁၂နာရီအထိ မျက်နှာမသစ်ဖြစ်တဲ့ ပထမဆုံးနေ.ပဲ
ဘယ်သူ.ကြောင့်လဲ သိလား  လူပျိုကြီးတွေကြောင့်ပေါ့ကွယ်
တစ်ခုတော့ ရှိတယ် လူပျိုကြီးဆိုတာ ရတာမလို လိုတာမရတဲ့သူတွေဆိုတဲ့ Skill ခပ်နိမ့်နိမ့် လူပျိုကြီးတွေတော.မဟုတ်ဘူး ။ လိုသမျှ ရ ၊ တ  သမျှ ဖြစ်နေကြသူတွေဆိုတော. မိန်းမယူတယ်ဆိုတဲ့အလုပ်ဟာ မဖြစ်မနေလုပ်ရတဲ့အလုပ်မျိုးလို. မယုံကြည်ကြတဲ့ လူပျို Phd ကြီးတွေပေါ့ကွယ် ။
ဘာအစီအစဉ်မှ မရှိပဲ အိပ်နေတဲ့ အ၀တ် ၊  မျက်နှာမသစ်ရသေးခင်မှာပဲ မနက်စောစောကြီးကို MCC သွားမယ်တဲ့ ၊ ဆရာကန်တော.ပွဲက ညနေ ၃နာရီ ၊ အဲ့ဒါကို လိုတာလေးတွေ သွားကြည့်ရအောင်ဆိုပြီး အတင်းခေါ်တင်လာတာနဲ. ပေစုတ်စုတ် နဲ.ပဲ ရောက်သွားရောဆိုပါတော့ကွယ်



MCC ရောက်တယ်ဆို  စိတ်ပါလက်ပါ ကြိုးဆွဲနေတဲ့ လူပျိုကြီးတစ်ယောက် တွေ.ရပါလေရော ( ကြိုးဆွဲတယ်ဆိုတာ ဆရာကန်တော.ပွဲ Back Drop ဆင်ဖို.လုပ်နေတာ - တော်ကြာ တစ်လွဲတွေးမှာစိုးလို. )  အဲ့ဒီကြိုးဆွဲနေတဲ့ လူပျိုကြီး ဘ၀ကလည်း စိတ်ဝင်စားစရာ ။ ကလေး ၁၇ ယောက် နဲ. လူပျိုကြီးစစ်စစ်လေ ။ သူသဘောင်္ အရာရှိ ဘ၀မှာ သူတို.သင်္ဘော ဆိုမာလီဓါးပြတွေ ရဲ.ပြန်ပေးဆွဲတာခံရ ၊ အမေရိကန် စစ်သင်္ဘော က ဘေးကလိုက် နဲ. နောက်ဆုံး အဲ့ဒီက လွတ်လာပြီးနောက်ပိုင်း မိန်းမ တရားဝင် မယူတော.ပဲ သတ်သတ်လွတ်တွေပဲ စားပြီးတော့  ကလေး ၁၇ ယောက် တစ်ယောက်ပြီး တစ်ယောက်မွေးတော.တာပါပဲကွယ် ။ ကလေးတင်မွေးလို.မ၀လို. နွားတွေရော ၊ ဒေါင်းတွေရော ၊ ခွေးတွေရော ၊ ငှက်တွေရော အားထည့်ပြီးမွေးနေတော့တာပါပဲ ။


ကိုယ်လည်းအဲ့လို စိတ်ကူးယဉ်ဖူးတယ်
စမ်းချောင်းလေးရယ် ၊ တောင်တန်းတွေရယ် ၊ မြက်ခင်းပြင်ကျယ်တွေရယ် ၊ မီးခိုးခေါင်းတိုင်ပါတဲ့ သစ်လုံးအိမ်ပုပုလေးရယ် ၊ စတော်ဘယ်ရီခင်းနဲ. ပန်းသီးပင်တွေရယ် ၊ ယုန်တွေ ရှဉ်.တွေ နဲ.ရွှေငါးလေးတွေရယ် ၊ မနက်ခင်း မြူ - နေ.လည်ခင်းကောင်းကင်ပြာပြာ - ညဦးပိုင်းတောင်တန်းတွေပေါ်က တောမီးရောင် ပြပြ တွေရယ် ၊ ကိုယ်ရယ် ၊ ကောင်မလေးရယ် ပါမယ့် သက်ရှိပန်းချီကား တစ်ချပ်
ဒါပေမယ့် ဟိုသီချင်းလေးလိုပါပဲကွယ်
စိတ်ကူးလေးပါပဲ  ….စိတ်ကူးလေးပါပဲ …မကြာခင်………….
တကယ်တော့ အဲ့ဒီ လူပျိုကြီး ၂ယောက်လုံးဟာ ကိုယ်တို.ကျောင်းအတွက် သူတို.ရဲ. အကြံဥာဏ် ၊ အချိန် ၊ ငွေကြေး အတော်များများသုံးခဲ့ကြသူတွေပေါ့ ။ သူတို.က အဲ့ဒီလောက်လုပ်တော.လည်း ကိုယ်တွေက လူလောက်တော. ၀င်အပင်ပန်းခံရတာပေါ့ကွယ် ။


 


အတော်လေးကြာတော့ ကျောင်းကိစ္စတွေနဲ. ပတ်သက်ရင် အတွဲလိုက် ပတ်သက်အပင်ပန်းခံပေးကြတဲ့အထဲက တစ်တွဲဖြစ်တဲ့ ကိုလတ်ကြီးတို.လင်မယားရောက်လာတယ် ။ ခုနောက်ပိုင်းသူတို.လင်မယားခင်မျာ လည်း ကျောင်းကိစ္စတွေအတွက် အတော်လေးပင်ပန်းကြတယ် ။ကိုလတ်ကြီးဆိုတာ အရမ်းသဘောကောင်းပြီး အရက်ဆို အနံ.တောင်မခံနိုင်ရှာတဲ့ လူရိုးကြီးပေါ့ကွယ် ။တစ်ခါဆို သူငယ်ချင်းတွေက ဆရာကန်တော.ပွဲအပြီး Dinner ညမှာ အတင်းတိုက်လို. အရက် တစ်ခွက်သောက်လိုက်တာ နောက်နှစ် Dinner ညအထိ အမူးမပြေလို. နောင်ဆို သူ.ကိုဘယ်သူမှအရက်မတိုက်ရဲတော့ဘူးလေ ။ ဒါတောင် တစ်ခါတစ်ခါ သူ.သူငယ်ချင်းတွေ အရက်သောက်လာရင်တောင် သူကဘေးကနေ အဲ့ဒီအနံ.ရရုံနဲ.တင်မူးပြီး ရစ်လို. လင်မယားတောင် ရန်ဖြစ်ကြရသေးတယ် ။ 

ဒီလိုနဲ.ပဲ ၁၂နာရီကျော်မှ အိမ်ပြန်လာကြ ၊ အ၀တ်အစားလဲပြီး ပြန်လည်ချီတက်ကြတာပေါ့ကွယ် ။ လမ်းမှာ အဲ့ဒီလူပျို Phd ကြီးက လမ်းလျှောက်နေတဲ့ ကပ္ပလီ ဂျော်နီ ၁၂ ကောင်ဝင်ခေါ်လာသေးတယ် ။ဒါတောင် အရပ်ပုပု ၆ကောင် ၊ အရပ်ရှည်ရှည် ၆ကောင်ပဲရလို. သူ.သူငယ်ချင်းတွေ အဆင်ပြေပါ့မလားတွေးပူးနေသေးတယ် ။

ဒီနှစ်မှာ လုပ်ကိုင်နေကြသူအားလုံး စိတ်ပူခဲ့ကြရတဲ့ ကိစ္စတစ်ခုရှိခဲ့တယ် ။ အရင်က နှစ်တိုင်း အလှုခံရငွေဟာ သိန်း၄၀၀ နဲ.အထက် ရှိခဲ့ပြီး ဒီနှစ်မှာတော. ဆရာကန်တော.ပွဲ ကောက်ခံရငွေဟာ ပွဲအတွက် တစ်ပတ်လောက်လိုတဲ့အချိန်ထိ ၂၅၀ လောက်ပဲ  ရှိတာမို. အသားဖြူဖြူ ၀၀တုတ်တုတ် ဘဏ္ဍာရေးမှုးခမျာ အဲ့ဒီစိတ်နဲ. အိပ်မရ ၊ စိုးရိမ်ပူပန်ပြီး အသားတွေညိုပြီး လူပါ ပိန်ကျသွားတာ အခမ်းအနားနေ. ငွေစာရင်းရှင်းတမ်းဖတ်တဲ့အချိန်ကျမှ  သေချာကြည့်မိပြီး သနားလိုက်တာကွယ် ။ အချိန်တန်တော.လည်း မအူပင်ကျောင်းတော်သူ/သားတွေရဲ. စေတနာ နဲ. သဒါ က စံချိန်မှီစေခဲ့တာပါပဲ ။
ဒီနေရာမှာ တစ်ခု ချီးကျုးစရာ ရှိနေပြန်တယ်ကွ ။ အပူဇော်ခံ ၊ ကန်တော.ခံ တစ်ယောက်ရဲ. စိတ်နေစိတ်ထား ၊ ကျင့်ဝတ် နဲ.စောင့်ထိမ်းမှု ဆိုတာ သိပ်လွယ်တာမျိုးမဟုတ်ပေမယ့် ကိုယ်တို.၇ဲ. ကန်တော.ခံ တွေအားလုံးကတော. ပြည့်စုံကြပြီးသားပါ ။ သူတို.အနေနဲ.က ကိုယ်.ကို ကန်တော.နေကြသူတွေထဲမှာ အချို.ဆို ကိုယ်.ထက် အသက်ကြီးသူတွေတောင်ပါနေနိုင်တာမို. ကိုယ်.ရဲ. ဖြူစင်တဲ့စိတ်ထား ၊ မြင့်မြတ်တဲ့ ဂုဏ်သိက္ခာ တွေ နဲ. တည်ဆောက်ထားနိုင်မှသာ ရဲရဲကြီးကန်တော.ခံရဲကြတာလေ ။ ဆရာတစ်ယောက်ကပြောဖူးတယ် ။ မင်းတို.တွေ ကန်တော့လေ ၊ ငါတို.မှာပိုစောင့်ထိမ်းရလေပဲတဲ့ ။ မင်းတို.ကန်တော.ခံနိုင်ဖို. ငါတို.က ကိုယ့်ကိုကိုယ် အမြဲသတိထားနေရတာတဲ့ ။ ကန်တော.တယ်ဆိုတာ တစ်ခါတစ်လေ ကိုယ်လိုအပ်တာ ၊ ကိုယ်နှစ်သက်တာတွေ ပါမှာဖြစ်သလို ကိုယ့်အတွက်မလိုအပ်တာ ၊ မသင့်လျော်တာ ၊ မနှစ်သက်တာတွေလည်း ပါလာနိုင်တာပေမယ့် ကန်တော့ခံတို.ရဲ. ကျင့်ဝတ်အရ နှစ်လိုကြည်ဖြူပေးရတာကိုက တော်ရုံ စိတ်ထားနဲ.မလွယ်တာမို. သူတို.တွေကို ပို လေးစားမိပါရဲ. ။

ဒီနှစ် အခမ်းအနား မှာ စကားပြောကြသူတွေ တူတာ တစ်ခုကတော. လိုရင်းကို တိုတိုရှင်းရှင်းပြောသွားကြတာပါပဲ ။ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဆိုရင်လည်း ပြောသွားလိုက်တာများ  သူ.အသားအရောင်နဲ.လိုက်အောင် ထင်းကနဲ ပဲ ။ ကိုယ်တို. ဒီလို ကော်မတီမျိုး မှာ ၂နှစ်ဆက်တိုက် ဥက္ကဋ္ဌ လုပ်ဖို.ဆိုတာ တော်ရုံ မှောင်မည်းရုံ …. အဲမဟုတ်သေးဘူး  မိုက်မဲ ရုံ ….  ( မဟုတ်သေးပါဘူး မှားပြောမိပြန်ပြီ  စိတ်ဆိုးတော.မှာပဲ …)  တော်ရုံသတ္တိရှိရုံ - တော်ရုံအရည်အချင်းရှိရုံ ၊ တော်ရုံ စိတ်ပါရုံ နဲ. လုပ်နိုင်တာမျိုး မဟုတ်ဘူးလေ . သူ.ရဲ. စိတ်သဘောထား ဖြူစင်မှု ဟာ မျက်နှာမှာပါ အရောင်လာဟပ်ပြီး ဒီနှစ်ဆိုရင် မနှစ်ကထက် တော်တော်လေး သိသိသာသာဖွေးလာတာ ကို အားလုံးသတိပြုမိကြတဲ့အထိပဲ ။ နောက်ဆုံး သူ.ခမျာ ဒီပွဲကို ဘယ်လောက်ပူပန် ပြီး စိတ်ထဲအပြည့်ရှိနေလဲဆို ပွဲမတိုင်ခင် တစ်ရက် က ကိုယ်တို.တွေ အခြေပြု စခန်းချနေတဲ့ Excellence Choice Finance Institute ရဲ. ယွန်းခန်းမ ထဲ ရောက်လာချိန် ပုဆိုးတောင် မကပ်နိုင်ရှာတော့ဘူးကွယ် ။ 




အဲ့ဒီနေ.က ကိုယ်တို. လိုအပ်တဲ့ အသေးစိပ်ကိစ္စတွေ အပြီးသတ် တိုင်ပင်နေတုန်း အဲ့ဒီ ယွန်းခန်းမ ထဲကို တွံတေးစိုးအောင် တစ်ယောက် ကျောင်းသားဟောင်းယောင်ဆင်ပြီး ၀င်လာခဲ့သေးတယ်ကွ ။ ဒ်ါပေမယ့် သူဆိုတဲ့ သိချင်းက ကိုယ်တို.ကြားဖူးတာနဲ.ပြောင်းပြန် ။ ကိုယ်တို.ကြားဖူးတာက ဦးရယ် ဦးရယ် ဦးမလာတဲ့ရက်လေးများမှာ သမီးတော့ သိပ်သိပ်လွမ်းတယ် လွမ်းနေရတယ် ချစ်သောဦးရယ် ဆိုတာမျိုးမဟုတ်ပဲ သူဆိုတာက သမီးရယ် သမီးရယ် ဆိုပြီး ဆိုလိုက်တာ ဆိုလိုက်တာ ဆိုတာလေ  ကိုယ်ရေထားသလောက် သမီး ဆိုတဲ့စာလုံး အခေါက်ရေ  ၃၇၆ ခေါက်တိတိပါတယ် ကွယ် ချီးကျုးဖို..ကောင်းတာက အဲ့ဒီသမီး ဆိုတဲ့ စကားလုံး အခေါက်ရေ ၃၇၆ ခေါက်ကို ကီးမထပ်အောင် ခေါ်သွားနိုင်တာတော. ချီးကျုးမိပါရဲ. လေပျော့ လေမာ ကီးနိမ့် ကီးမြင့် သံညှင်း သံပြင်း သံတင်း သံတော်တော်တင်း  အစုံပါပဲကွယ် ဒါတောင်သူ  စောပြီးပြန်သွားလို.  …………………………




အခမ်းအနား စတော. အခမ်းအနားမှုးအဖြစ် တာဝန်ယူတာကတော. ကိုယ်တို.ကျောင်းရဲ. တစ်ဦးတည်းသော သဘင်ပညာရှင် ပန်တျာ ဟန်ဇာ စိန်မြေလူး ပေါ့ကွယ် ။ အရင်တုန်းကတော. သူ.အမည်က ပန်တျာ ဟန်ဇာ စိန်ကုလားလေး ပေမယ့် ပြီးခဲ့တဲ့ GTI ကျောင်းပေါင်းစုံ ထမနဲ ပွဲမှာ ၂၀၁၈ အတွက် သူ အသစ်တီထွင်ထားတဲ့ ခောတ်သစ် ကိုပဋါ ကကွက်ကြောင့် နာမည်သစ်တွင်သွားတာလေ ။ အဲ့ဒီတုန်းက သူ.ရဲ. ငိုချင်းအသစ်ဖြစ်တဲ့ အတုတွေ အတုတွေ သူလေ…..တိုက်တာကြောင့် အခုလေ အခုလေ မြေမှာလူးပါပေါ့ ပူလွန်းတဲ့ရင် ….  မီးလောင်ပြင်လို.မချိတော.မို.  အောင်မယ်မင်း   … ကြောက်လှပါပြီဘုရား  ဆိုပြီး လူးလိုက်တဲ့မြေ ဆိုတာကွယ် ဟိုတစ်လောက Facebook ပေါ်တက်လာတဲ့ နဂါးသိုက်ဆိုတာတွေလောက်တော. အိပ်နေသလောက်ရှိတာပေါ့ ။ ဒါတောင် ဒေ၀ဒတ်မြေမြို ကကွက်နဲ. တေးချင်းကတော. မှတ်တမ်းမတင်မိလိုက်ဘူးကွယ် ။ သူ.ခမျာ အဲ့ဒီ့ကကွက်ရဲ. ဒါဏ်ဟာ ဒီနေ.အထိ Mood မပျက်သေးပဲ ရီဝေေ၀မျက်လုံး ၊ နီတီတီ မျက်နှာပေး ၊ ဖွာလန်လန် ဆံပင်တွေကြားထဲ အခမ်းအနားမှုး လုပ်ရင်း ကန်တော.ချိုးတိုင်မယ့် လူတောင် နာမည်အသစ်မှည်.ပေးသွားခဲ့သေးတယ် ။ စန်းစန်းမောင်တဲ့ ။
 
 
ကာယကံရှင် ၏ ဂုဏ်သိက္ခာ ထိခိုက်မည်စိုးသဖြင့် မျက်နှာ မမှတ်မိအောင် ရုပ်ဖျက်ထားသည် မည်သူမျှ တစ်ဆင့်ထပ်မံကူးယူခြင်းမပြုရန် ပြင်းထန်စွာတားမြစ်သည်

ကန်တော.ပွဲပြီးတာနဲ. ညစာစားပွဲ နဲ.ဖျော်ဖြေရေး အစီအစဉ်တွေ စကြတာပေါ့
ဒီနှစ်မှာတော့ ပုံစံ တစ်မျိုးပြောင်းပြီး ဆရာ/ဆရာမတွေအတွက် ရော ကျောင်းသား/သူတွေအတွက်ပါ မြန်မာထမင်းဟင်းနဲ.ဧည့်ခံခဲ့ကြတယ် ။ ကျောင်းသားတွေအတွက်ကတော. အသင့်စား ဗူးတွေ နဲ.ပဲ စီစဉ်ပေးထားတာပေါ့

ဖျော်ဖြေရေး နဲ. ပတ်သက်လို. ဒီနေရာကနေ ကျောင်းသား/သူဟောင်းတွေရော ၊ ဆရာ/ဆရာမတွေကိုပါ မေတ္တာရပ်ခံချင်မိတာ လေးရှိပါတယ် ။ ဆရာကန်တော.ပွဲ ပြီးတဲ့အချိန်က စောတော. အချို.အဖွဲ.တွေက အဖွဲ.လိုက် ပျော်ပျော်ရွှင်ရွှင် ဆင်နွဲလို.ရတဲ့နေရာဆီ ချီတက်ကြတာပေါ့ ။ တစ်နှစ်မှ တစ်ခါ ဒီလိုဆုံကြရချိန်မှာ သူတို.အဲ့လိုဆုံးဖြတ်တာကို အပြစ်မပြောလိုပေမယ့် ဒီအ၀န်းအ၀ိုင်းထဲမှာပဲ စီစဉ်ပျော်ရွှင်ကြရင် ကိုယ်တို.ရဲ. ပွဲလေး ပိုပြီး စည်ကား ၊ ပြည့်စုံ ၊ ခန်.ထည်သွားမှာ   လို.တော. တွေးမိတယ်ကွယ် ။ ကိုယ်တို.နည်းပညာကျောင်းသားတွေဆိုတာက အမိန်.ဆိုတဲ့ စကားလုံး ကို သေလောက်အောင်မုန်းကြသူတွေမို. ဘာလုပ်ပါ ၊ ဘာမလုပ်ပါနဲ.လို. ကိုယ်တို.တွေမပြောလိုပဲ ဒီလိုလေးသာဆိုရင် ပိုကောင်းမယ်လို. တွေးကြည့်မိတာပါ ။

နောက်တစ်ခုက ကျန်းမာရေး အရဖြစ်စေ ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ မအူပင် က လာကြရတဲ့ အဖွဲ.တွေ အနေနဲ. စောပြန်ချင်ကြသူတွေ ရှိတယ်လေ ။ ဒါကလည်း ဆရာကြီး / ဆရာမကြီးတွေရဲ. ကျန်းမာရေး ပါ ပါနေတာမို. တစ်စုံတစ်ရာ မှတ်ချက် မပေးလိုပါဘူး ။ ဒါပေမယ့် အဲ့ဒီညမှာ သီဆိုကြသူတွေ ၊ ကပြကြသူတွေ ၊ တင်ဆက်ကြသူတွေ ၊ ဖျော်ဖြေကြသူတွေ အားလုံးဟာ သူတို.၇ဲ. သူငယ်ချင်းတွေ ၊ သူတို.နဲ.တစ်ကျောင်းတည်းဆင်းကြတဲ့ကျောင်းသားဟောင်းတွေ ၊ သူတို.ရဲ. ဆရာ/ဆရာမတွေပါ စိတ်ပါ ၊ လက်ပါ ဖျော်ဖြေပြချင်သူတွေမို.   အဲ့ဒီလိုပြန်ကြချိန်မှာ အနည်းနဲ. အများ စိတ်အားတော. ငယ်ကြတာပေါ့ကွယ် ။ 




ဒီနှစ်ဖျော်ဖြေပွဲကတော. ဖျော်ဖြေရေးတာဝန်ခံ Entertainment Planner ရဲ. စီမံမှု ၊ ကျောင်းသားဟောင်းတွေရဲ. တက်ကြွစွာ ပူးပေါင်းမှုတွေနဲ. ပိုပြည့်စုံတဲ့ အစီအစဉ်တွေနဲ.ပေါ့ ။ ကန်တော့ခံ ဆရာမတစ်ဦးနဲ. ကျောင်းသားဟောင်းတွေရဲ. အငြိမ့်တင်ဆက်မှု ၊ ကျောင်းသားဟောင်းနဲ. သူတို.ရင်သွေးတွေရဲ. ပူးပေါင်းတင်ဆက်မှု ၊ စာသင်နှစ်အလိုက် စည်းလုံးစွာ ပူးပေါင်းဖျော်ဖြေမှု စသည်ဖြင့် အစုံတွေ.ခဲ့ရတယ် ။

တာရာမင်းဝေ ပြောခဲ့တာလေး သတိရမိတယ်

နှင်းစက်လက်တွဲခိုနေတဲ့

စံပယ်အိုလေးရေ..

ဒီလကွယ်ညမှာပဲ

ဆုပ်ကိုင်ထားတဲ့လက်ချောင်းတွေကို

ဖြည်ချလိုက်ပါတော့။

တချို့လူတွေက

ဘ၀မှာ ကြယ်တွေ ကြွေကျခဲ့သတဲ့

ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်

ကိုယ့်မှာက..

နေတွေ လတွေတောင် ကြွေကျခဲ့ဖူးပါတယ်။

သွားတော့မယ်နော်..

ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့လို့

ကံမကောင်းသူတို့ရဲ့

မှိုင်းညို့သောလမ်းခွဲ

ကျောက်စရစ်ခဲတွေ အပြိုင်းအရိုင်း လွင့်ကြဲနေတယ်။

ဘာဖြစ်ဖြစ် ကိုယ့်အပြစ်ပါပဲ

လေရိုင်းတွေ ၀ိုင်းဝန်းကိုက်ခဲကြတဲ့

မီးလျှံစတစ်ခုလို ပြာညိုယိမ်းထိုး

ပြက္ခဒိန်မှာတော့

နက်ဖြန်ခါဟာ နာမည်ဆိုး မရှိပါဘူး။

ဒါပေမယ့်

လွမ်းဆွတ်နေသူ တစ်ယောက်ရဲ့

ကြောက်မက်ဖွယ်ရာ အိပ်မက်များ

နှင်းဆီချွေ ရထားမှာ

စူးစူးဝါးဝါး ဥသြဆွဲပစ်လိုက်တယ်

ကျောင်းသားဟောင်းနဲ. သူတို.ရင်သွေးတွေရဲ. ပူးပေါင်းတင်ဆက်မှု ကိုကြည့်ပြီး ကိုယ်လည်း စိတ်ကူး ယောင်ယောင်လေးယဉ်မိသေးတယ် ။ ဒါပေမယ့် ထာဝရတည်မြဲတဲ့ တစ်ခုတည်းသောအရာ - အနိစ္စ ဆိုတဲ့ စကားလုံးကိုတွေးမိတော. မွန်းကြပ်လာတယ် ။ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ ၁ရာခိုင်နှုံး ကအသက်ဝင်ပြီး ကံကြမ္မာက ကောင်းချီးပေးလို. ကိုယ်တို.နှစ်ဦး ပေါင်းခွင့်ရခဲ့ရင်တောင် မှ အဲ့ဒီ  အနိစ္စဆိုတာကြီး နဲ. ဆုံစည်းရရင် ကိုယ်ဘယ်လိုမှ နေသာ/ဖြေသာမယ်မထင်ဘူး ကောင်မလေးရေ ။ လောက က ကိုယ်အရင်ထွက်သွားခဲ့ရရင်လည်း ဘယ်လို မှ စိတ်ချထားခဲ့နိုင်မှာမဟုတ်သလို မတော်တဆများ ကိုယ်ကျန်နေခဲ့ရရင်လည်း ဒိလောက မှာ ကိုယ်ဘယ်လိုမှ  နေခဲ့နိုင်မယ်မထင်ဘူး ကောင်မလေးရေ ။


တင်ဆက်မှုတွေထဲမှာ အဲ့ဒီ Entertainment Planner နဲ.ပူးတွဲတင်တက်ခဲ့တဲ့ ယိုးဒယားပြန် အဆိုတော် Pha Pha Kha  တို.ရဲ. စတော်ဘယ်ရီချစ်သည်းရှင် သီချင်းကလည်း အားလုံးနှစ်သက်စေခဲ့တဲ့ ၊ ပျော်ရွှင်စေခဲ့တဲ့ တင်ဆက်မှု တစ်ခုဖြစ်ခဲ့ပါတယ် ။ ပြီးတော. ရိုဆန်တဲ့ တင်ဆက်မှု တစ်ခုလည်းတွေ.ခဲ့ရသေးတယ်ကွ ။ ကျောင်းကိစ္စတွေနဲ. ပတ်သက်ရင် အတွဲလိုက် ပတ်သက်အပင်ပန်းခံပေးကြတဲ့အထဲက နောက်တစ်တွဲပေါ့ ။ Made in Maubin GTI စစ်စစ်ဖြစ်ကြတဲ့ အဲ့ဒီအတွဲက ယောင်္ကျားဖြစ်သူက စင်ပေါ်တက်သီချင်းဆိုတယ်ပေါ့ ။ အဲ့ဒါကို သူငယ်ချင်းတွေက FM မိုက် တစ်လုံးယူလာပြီး စားပွဲမှာထိုင်နေတဲ့ သူ.အမျိုးသမီးဆီ ပေးပြီး လိုက်ဆိုခိုင်းတော. အဲ့ဒီအမရဲ. ရှက်နေပုံက သားကတက္ကသိုလ်တက်လုလု ရှိနေပြီး သူတို.၇ဲ. အသက်က ၅၀ နီးပါးဆိုတာရဲ. နှစ်ဆလောက်ပြန်ငယ်သွားလောက်အောင် အရွယ်နဲ.မလိုက် တအားရှက်နေတာကို ကြည့်ပြီး အိမ်ထောင်သည်တွေလည်း ရှက်တတ်ပါလားလို. ကိုယ်တွေးနေမိတယ်ကွ ။



ကောင်မလေးရေ တဂိုး ရဲ. အခွင့်တောင်းပုံလေးတစ်ခု ရှိတယ်ကွ
မနက်ဖက်

အရှင် ထွက်တော်မှုမယ့်

မြက်ခင်းလမ်းကို

စိမ်းစိုအောင် အကျွန့်ထားမယ်။

အရှင့်ခြေလှမ်းတော်တိုင်းကို

ဂုဏ်ပြုရင်း

အသေခံ ကြွေဆင်းဖို့

ဝန်မလေးတဲ့ ပန်းပွင်တွေနဲ့

အရှင့်ခြေအစုံကို

ကြိုဆိုစေမယ် ။

စရည်ပင်ကိုင်းတွေမှာ

ဒန်းဆင်လို့

အရှင့်ကို လွဲပေးပ့ါမယ် ။

အဲဒီမှာ

အရှင့်ခါဝတ်တော်စကို

နမ်းရအောင် ဆိုပြီး

ညည့်ဦးယံ ဖိုးရွှေလဟာ

သစ်ရွက်တွေကြားက

အတင်း အလုအယက် တိုးထွက်လာလိမ့်မယ်။

အရှင်စက်ရာ သလွန်ဘေးမှာ

ထွန်းလင်းတဲ့ မီးအိမ်ကို

ဆီမွှေးနံ့သာ ထပ်ကာ ဖြည့်ပါ့မယ်။

အရှင့် ခြေနင်းခုံကိုလည်း

အကျော် ကရမက်တွေ အိုင်အိုင်သွေးပြီး

ရှုမောစရာ ပုံအသွယ်သွယ်

လိမ်းခြယ်ပေးပါ့မယ် ။

ညံ့သက်ညွှတ်နူး ကြာမုံဖူးနဲ့တူတဲ့

အရှင့် လက်ဆုပ်ကလေးတွေကို ကိုင်ပြီး

လက်ကောက်ဝတ်မှာ

ပန်းကုံးတွေ ဆင်မြန်းပေးခွင့် -

အရှင့် ခြေဖ၀ါးအစုံကို

အသောက ပွင့်ဖတ်လွှာတွေရဲ့

ပန်းဆီနီနီနဲ့ ခြယ်သခွင့် -

ဒါပြင်

ဖုန်စ ဖုန်နတွေ

ကပ်နေအုံးမည်ဆိုရင်

နမ်းပစ်ခွင့်ကို ပေးသနားပါ  တဲ့  ကိုယ်လည်း အဲ့လို ဆန္ဒမျိုး ရှိခဲ့ပေမယ့် .........




သြော် ဒါနဲ.ပြောရအုံးမယ်ကွ
အဲ့ည က ထူးဆန်းတဲ့ကျောင်းသားတစ်ယောက် တွေ.ခဲ့ရသေးတယ်
လွတ်လပ်ရေးနေ. လွတ်လပ်ရေးနေ.လို.အော်ပြီး သူများတွေ ကတဲ့အထဲ ၀င်ကလိုက် ၊ သီချင်းတွေ လိုက်အော်လိုက်နဲ.   သူ.သူငယ်ချင်းတွေက ဟေ့ကောင် ပြည်ထောင်စုနေ.ပါကွ ဆိုတော. မသိဘူး လွတ်လပ်ရေးနေ.  မသိဘူး လွတ်လပ်ရေးနေ.ဆိုပြီး သူ.ကြည့်ရတာ တအားပျော်နေသလိုပဲ

အားလုံးတင်ဆက်လို.အပြီးမှာတော. နာယကတွေရယ် ၊ ကျင်းပရေးကော်မတီကလူတွေရယ် ပစ္စည်းတွေ သိမ်းတာစောင့်ရင်း စားပွဲဝိုင်းထိုင်ကြ မိတော. ရုပ်သံရိုက်ကူးရေးအတွက် သတင်းမှားတွေပေးပြီး ကိုယ့်ကို မြှု ဆွယ်ခဲ့တဲ့ Bass Player ရယ် ၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ထူးချွန် တတ်သိပညာရှင်တစ်ဦးဖြစ်တဲ့ စစခ ရဲ. ကြင်ယာတော် Keyboard Player ရယ် ဦးဆောင်ပြီး  သီချင်းအပုဒ်ရေ ၁၂၅ ပုဒ် Non Stop ဖျော်ဖြေပွဲကို Guitar သက်သက်နဲ.တင်ဆက်ပွဲကြီးစတော.တာပါပဲကွယ် ။ ပါဝင်အားဖြည့်ပေးတဲ့အထဲ အတက်ကြွဆုံးကတော. Senior ကြီးတွေက အိမ်ပြန်ဖို. ကားပေါ်ချော့မော့တင်ပေးလိုက်တာကို အဲ့ဒီကားပေါ်ကနေ လမ်းတစ်ဝက်ကလှည့်ပြီး ဒီနေရာရောက်အောင်ပြန်ဆင်းပြေးလာတဲ့ ၊ သမီးကို ဒီလိုပြန်ပို.လို ဘယ်ရမလဲ သမီးက ဒီလိုပြန်လာလိုက်တာပေါ့ ဆိုပြီး အားရ၀မ်းသာပြန်လာတဲ့ ၊ သီချင်း ဆိုခိုင်းလို.ကတော. အသေသာခံလိုက်မယ်  ၀ါသနာကိုမပါတာ ဆိုတဲ့ ညီမငယ်ပါပဲကွယ် ။ တော်သေးတယ် အချိန်တန်တော. သူ.သိုက်နန်းကလာခေါ်သွားလို. ။

ဒီနှစ် ကိုယ်တို.ရဲ. အဆုံးသတ်ကတော. စိတ်ဝင်စားစရာပါပဲကွယ် ။ မြေမနင်းမင်းသားရဲ.သန်းခေါင်ယံတိတ်တဆိတ် ပို.ဆောင်ပွဲလို.ပြောရင်တောင်ရပါရဲ. ။ အားလုံးက စိုးရိမ်တကြီးနဲ.မြေမနင်းမင်းသားတစ်ပါးကို  ကားပေါ်မှာတစ်ပါးသူတွေမမြင်ရအောင် လုံခြုံရေးအပြည့် ၊ ယာဉ်တန်းမှာက ကား ၁၀စီးလောက်နဲ. သန်းခေါင်ယံကြီးမှာ တိုးတိုးတိတ်တိတ် လိုက်ပို.ကြရတာဆိုတော. စိုးတထိတ်ထိတ်နဲ.ပါပဲကွယ် ။ လိုက်ပို.ကြတဲ့သူတွေအားလုံး ဦးရေခဲလမ်း မုန်.ဟင်းခါးဆင်းစားကြချိန်မှာတောင် သူ.အတွက် သီးခြားလုံခြုံရေးနဲ.ထားခဲ့ကြရတာ ။ နောက်ဆုံး တရားဝင်လက်ခံမယ့်လူလက်ကို လွှဲပြီး မှ ကိုယ်.အိမ်ကိုယ်ပြန်ခဲ့ကြတာလေ ။

ကောင်မလေးရေ
တကယ်တော့  ခုကာလအပိုင်းအခြားဟာ ကိုယ့်အတွက် Struggle ဆိုတာထက် တော်တော်လေးပိုတဲ့အချိန်ပါ ။ ကိုယ်.ဆုံးဖြတ်ချက်တွေအတွက် နောင်တရမလိုတောင်ဖြစ်ခဲ့ဖူးတဲ့ ကာလတွေပါ ။ ဒါပေမယ့်လည်း ကိုယ်နဲ.ပတ်သက်ရင် ဂရုစိုက်တတ်လွန်းကြတဲ့ သွေးသားတွေ ၊ ပတ်ဝန်းကျင်တွေကြောင့်သာ အရှိန်မပျက် ဆက်ဖြတ်သန်းနေနိုင်တာပါ ။
အဲ့ဒီထဲမှာ ကံကြမ္မာရဲ. Bonus Track အဖြစ် ကောင်မလေးရဲ. နားလည်မှု ၊ စာနာခြင်း ၊ နွေးထွေးခြင်း တွေ ရနေခဲ့တာဟာလည်း တကယ့်အားတစ်ခုပါပဲ ။
ဒါပေမယ့် နောင်တစ်ချိန် ဒီလိုအခြေအနေမျိုး ကြုံခဲ့ရင်တော. ကိုယ့်အနားမှာ ရှိမနေတော.မယ့် ကောင်မလေးကို အိမ်မက်ကနေပဲတစ်ဆင့် ရင်ဖွင့်ရတော.မှာပေါ့
အိမ်မက်ကနေတစ်ဆင့် သာပိုင်ဆိုင်ခွင့်ရတော့မယ့် နှစ်သိမ့်မှုတွေကိုပဲ မျှော်လင့်ရတော.မှာပေါ့
အဲ့ဒီအတွက် တစ်ခုပဲ ဆုတောင်းပါတယ်
အိမ်မက်မက်ခွင့်ရအောင် အိပ်ပျော်နိုင်ပါစေလို……….




တာရာမင်းဝေ ပြောသလို  ပြောလိုက်ချင်ပါရဲ.


ဟေးးးးးးးးးးးး ငါပြောမယ်

အက်စစ်တိမ်ခိုးတို. မုတ်သုန်ကိုနှိုးပါ

ဒီလူဆိုးအတွက်လည်း မိုးကြမ်းတို. တစ်စက်စက် ရွာပါစေ

မထိုက်တန်သူဆိုတာ လွင်.မျောရမှာပါပဲ

လေညင်းကလေးရေ

ငါချစ်မြတ်နိုး ရတဲ. ကမ္ဘာရဲ. ထိပ်ထားကို

သူဆံနွယ် ခက်ကလေးတွေ ဖွားကနဲ လွင်.သွားရုံ

တစ်ချက်လောက် အုန်.သည်း တိုက်ခတ်ပေးပါ

လေစီးထဲမှာ ဖွာ ကြဲလှပ နေရှာမယ်. သူ.ရဲ. ကေသာဆံမြကို

အဝေးကနေ ရှိုက်မွှေး လွမ်းဆွတ် ပါရစေအုံးနော် …………………………..