Wednesday, June 28, 2017

Mi Account ပြုလုပ်နည်းနှင့် အသုံးပြုပုံ







Xiaomi သုံးစွဲသူတွေ အတွက် Mi Account ရဲ့ အသုံးဝင်ပုံနှင့် အသုံးပြုပုံနည်းလမ်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ

ကျနော်တို့ရဲ့ Xiaomi ဖုန်း အသုံးပြုသူ Mi Fans များအားလုံးတွင် မရှိ/မဖြစ် ရှိထားသင့်တာတော့ Mi Account ပဲ ဖြစ်ပါတယ်ခင်ဗျ.. ဒါဆိုရင် ဒီ Mi Account ရဲ့ အသုံးဝင်ပုံလေးကို ရှင်းပြပေးပါမည်။ Mi Account ဆိုတာကတော့ ကျနော်တို့ Xiaomi မှာ Mi ဖုန်းအသုံးပြုများအတွက် ရည်ရွယ်ပြီး ဖန်တီးပြုလုပ်ပေးထားတဲ့ အွန်လိုင်း Account ပဲ ဖြစ်ပါတယ်ခင်ဗျ.. အဆိုပါ Mi Account ကို ကျနော်တို့ရဲ့ Mi Smart Phone တွေထဲမှာ Login ဝင်ပေးထားမည့်ဆိုရင် Xiaomi ရဲ့ အွန်လိုင်းနှင့်ချိတ်ဆက်တဲ့ Cloud Storge ဝန်ဆောင်မှုတွေ နှင့် မိမိရဲ့ ဖုန်းတည်နေရာ ပြန်ရှာလို့ရတဲ့ Find Device Feature ဝန်ဆောင်မှု တွေအပြင် Mi Fit နှင့် Mi Home လိုမျိုး Application တွေကို အသုံးပြုပြီးတော့ Mi Band, Mi Smart Scale, စတဲ့ Mi Eco Product တွေနှင့်လည်း ချိတ်ဆက် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျ.. နောက်ပြီးတော့ Mi Account Login ဝင်ထားရင် Themes Store ကနေ Fonts တွေ Download ဆွဲတာအပြင် မိမိဖုန်းရဲ့ Themes ကို စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ Mi Designer Account ရရှိဖို့လည်း Mi Account ရှိဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်ခင်ဗျာ

Mi Account ပြုလုပ်ခြင်း
အခုတစ်ခါမှာတော့ Mi အကောင့်ဖွင့်ပုံ ဖွင့်နည်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ အရင်ဦးဆုံး https://account.xiaomi.com ဆိုတဲ့ ဝက်ဘ်ဆိုက် လင့်လေးကို ဝင်ပေးပါ။ ပြီးလျှင် ပုံအတိုင်း Sing in to your Mi Account ဆိုတဲ့ window လေးကို တွေ့ရမှာ ဖြစ်ပါတယ်။
၁။ Create Mi Account ကိုနှိပ်ပေးလိုက်ပါ
၂။ ဒီနေရာမှာ Account ဖွင့်ဖို့အတွက် နည်းလမ်း (၂) ခု ရှိပါတယ်။ ပထမနည်းကတော့ ကိုယ့်ရဲ့ အီးမေလ်အကောင့်နဲ့ ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ ဒုတိယနည်းကတော့ ကိုယ့်ရဲ့ ဖုန်းနံပါတ်နဲ့ ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။
၃။ မိမိကောင့်ကို ဖွင့်ဖို့အတွက် လိုအပ်တဲ့ ဖုန်းနံပါတ် (သို့) အီးမေးလ် လိပ်စာတို့ကို ဖြည့်စွက်ပေးလိုက်ပါ။ ထို့နောက် မွေးသက္ကရာဇ်၊ Country Code တို့ကို ဖြည့်စွက်ပေးလိုက်ပါ။
၎။ အားလုံးပြီးသွားရင်တော့ မိမိ register လုပ်ထားတဲ့ ဖုန်းနံပါတ် ဒါမှမဟုတ် Email ထဲကို Code နံပါတ်ပို့ထားပါမယ်။ အဲ့ဒီ code နံပါတ်ကို ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။
၅။ အားလုံးပြီးသွားရင်တော့ password ထည့်ခိုင်းပါလိမ့်မယ် မိမိ စိတ်ကြိုက် password ကိုသတ်မှတ်ပေးလိုက်ပါ။ ပြီးသွားပြီဆိုရင်တော့ Account တည်ဆောက်ခြင်း ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ဘာကြောင့် Mi Account ပြုလုပ်ဖို့ လိုအပ်တာလဲ
ဟုတ်ကဲ့ပါ ဒီမေးခွန်းလေးကတော့ အရမ်းကောင်းတဲ့မေးခွန်းလေးတစ်ခုပါ။ ကျွန်တော်တို့ Mi Account မရှိပဲ ဖုန်းသုံးလို့ရလားဆိုရင် ရပါတယ် ခင်ဗျ၊ ဖုန်းကို သာမန်အသုံးပြုသူအနေနဲ့ Mi Account က အထူးမလိုအပ်ပါဘူး။ ဒါပေမဲ့ ဒီထက် ပိုပြီး လုံခြုံစိတ်ချဖို့အတွက်ဆိုရင်တော့ Mi Account ဟာ မဖြစ်မနေ အရေးပါလာပါပြီ။ ဒါဆို ဘာတွေကအရေးပါနေလို့လဲ ? ဟုတ်ကဲ့ပါ Mi Account တစ်ခုရှိရင် မိမိအတွက် များစွာအထောက်အကူပြုပါတယ်။ ဒါတွေကတော့ မိမိရဲ့ လိုအပ်တဲ့ ဖုန်းနံပါတ်တွေ၊ Message တွေ၊ ကိုယ်ရေးကိုယ်တာ ဖိုင်တွေ၊ မီဒီယာဖိုင်တွေကို သိမ်းဆည်းနိုင်ခြင်း။ ကိုယ့်ရဲ့ဖုန်း လုံခြုံစိတ်ချစေဖို့အတွက် မိမိဖုန်း ပျောက်သွားခဲလျှင် ရှာဖွေဖို့ Find Device Mode ဖြင်လုပ်ဆောင်နိုင်ခြင်း။ ဒါ့အပြင် ဖုန်းပျောက်သွားခဲ့ပါက မိမိဖုန်းထဲရှိဖိုင်များကို သူတစ်ပါး မသိစေအောင် ဖုန်းမှာ သိမ်းဆည်းထားတဲ့ အရေးကြီးတဲ့ ဖိုင်များကို internet ကနေတစ်ဆင့် ခလုတ်တစ်ချက်တည်းဖြင့် ဖျက်စီးပစ်နိုင်ခြင်း။ Mi Account ရှိရင် အွန်းလိုင်းကနေ ဈေးဝယ်နိုင်ခြင်း။ Mi Accountဖြင့် theme များဝယ်ယူနိုင်ခြင်း။ ဒါ့အပြင် Mi Accountရှိရင် Mi Forum မှာ ဝင်ရောက်ဆွေးနွေးနိုင်ခြင်းအပြင် အခြားသော လုပ်ဆောင်ချက်တွေအတွက် အများကြီးကို အသုံးပြုလို့ရပါတယ်။

Mi Account ကို ဘယ်လိုပြန်ပြင်ဆင်မလဲ
Mi Account ထဲမှာရှိတဲ့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဘယ်လိုပြန်ပြီး ပြင်ဆင်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အရင်ဦးဆုံး account.xiaomi.com ထဲကိုဝင်ပေးပါ။ အဲ့ဒီမှာ ကိုယ်သတ်မှတ်ထားခဲ့တဲ့ username, password တို့ကိုဖြည့်ပေးလိုက်ပါ။ ပြီးလျှင် Verification code နံပါတ်ကို ကိုယ့်ရဲ့ ဖုန်း ဒါမှမဟုတ် အီးမေးလ်ထဲကို ပို့ပေးပါလိမ့်မယ်။ ရလာတဲ့ ကုဒ်ကို ဖြည့်ပြီး log in လုပ်ပေးလိုက်ပါ။ Account setting ထဲကိုရောက်သွားပါလိမ့်မယ်။ အဲ့ဒီမှာ ကိုယ့်ရဲ့ information တွေကို ဖြည့်စွက်လို့ရသလို၊ ပြင်ဆင်လို့လည်း ရပါတယ်။

Mi Account password မေ့သွားလျှင် ပြန်လုပ်နည်း
Mi Account password မေ့သွားခဲ့ရင် အလွယ်ကူဆုံး ပြန်လုပ်လို့ရပါတယ်။ အဲ့ဒီလိုပြန်လုပ်ဖို့အတွက် အရေးကြီးတဲ့ အချက်ကတော့ ကိုယ့်Accountကို register လုပ်ထားတဲ့ ဖုန်းနံပါတ် (သို့) အီးမေးလ် လိပ်စာ သိဖို့လိုပါတယ်။ ဒါမှသာ account recovery လုပ်ဖို့အဆင်ပြေတာ ဖြစ်ပါတယ်။ အရင်ဦးဆုံး account.xiaomi.com ထဲကိုဝင်ပေးပါ။ အဲ့ဒီမှာ login in လုပ်ဖို့ form ဖြည့်ခိုင်းတာကိုတွေ့ပါလိမ့်မယ်။ အောက်ဆုံးမှာ forget password ကိုနှိပ်ပေးလိုက်ပါ။ Link တစ်ခု ရောက်သွားပါလိမ့်မယ်။ အဲ့ဒီမှာဆိုရင် recovery လုပ်ဖို့အတွက် email (သို့) phone နံပါတ်တို့ကို ဖြည့်ခိုင်းပါလိမ့်။ ကိုယ်အကောင့်လုပ်ခဲ့တုန်းက သုံးခဲ့တဲ့ ဖုန်းနံပါတ် ဒါမှမဟုတ် အီးမေးလ်လိပ်စာတို့ အားလုံးကို ဖြည့်ပေးလိုက်ပါ။ ပြီးနောက် ကိုယ့်ရဲ့ ဖုန်း ဒါ့မဟုတ် အီးမေးလ် လိပ်စာထဲကို verify code ပို့ပေးပါလိမ့်။ ရလာတဲ့ code ကို ထည့်သွင်းပေးလိုက်ပါ။ အဲ့ဒီနောက်မှာတော့ password အသစ်ရိုက်ခိုင်းပါလိမ့်မယ်။ ကိုယ်မှတ်မိနိုင်မယ့် password အသစ်ကိုရိုက်ပေးလိုက်ပေးပြီးပါက recovery လုပ်ဆောင်ချက်ပြီးဆုံးသွားပါပြီ။

ဒီလောက်ဆိုရင်တော့ Mi ဖုန်းသုံးစွဲသူ Mi Fans တွေအနေဖြင့် Mi Account ရဲ့ အကြောင်းလေးတွေ ပြည့်ပြည့်စုံစုံသိရလို ကျေနပ်ကြလိမ့်မည်လို မျော်လင့်မိပါတယ်ခင်ဗျာ.. အားလုံးပဲ သာယာပျော်ရွယ်ဖွယ် နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ.. ကျေးဇူးတင်ပါတယ်ခင်ဗျ..

MI Myanmar

Saturday, June 24, 2017

ဝါးခယ်မ သူဋ္ဌေးကုန်း ရေကျော် ရွာလေးက ဖြစ်ရပ်မှန် - စုန်းတကယ် ရှိ မရျိ ( မောင်မြေသစ် - ၀ါးခယ်မ )




(၁)
မြန်မာမှုတွင် ‘စုန်း ဟူသောအမည်ကို အားလုံးသိပြီးဖြစ်နေကြ၏၊မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ ၊အလယ် ပိုင်း မြေလတ်ဒေသ၊အထက်ပိုင်အညာမြေနှင့် တောင်တန်းဒေသများ အထိ ‘စုန်း’ ‘စုန်းပညာ’ ‘စုန်းမ’စသည့်အမည်နာမများကို လူကြီးသူမတို့ပြောပြမှုများကြောင့် ကလေး အရွယ်ကပင်နားယဉ်နေပေပြီ။ နားယဉ်ရုံမျှမက အချို့လည်း ကိုယ်တွေ့ကြုံခဲ့ရသူများရှိ၏။’စုန်း’ ဟု ဆိုသည်နှင့် ပြုစားသည်ဟုမှတ်ချက်ပြုပြီးဖြစ်သည်။ ပြုစားသည်ဆိုရာတွင် အကောင်းမရှိ အဆိုသာ ရှိ၏။စုန်းပြုစားခြင်းခံရသူသည် ငိုခြင်း၊ရယ်ခြင်း၊ကြောက်လန့်ခြင်း စသည်များခံစားရသည့်ပြင် လူမမာ တယောက်ကဲ့သို့ပင် အမြဲတမ်းငြိုးငယ်နေတတ်၏။

စုန်းပြုစားပုံကလည်း နေရာဒေသအလျှောက် လူမျိုးများ၏ ဓလေ့စရိုက်များအပေါ်မူတည်ကာ တနေရာနှင့်တနေရာကွဲပြားလျှက်ရှိ၏။ သည့်အပြင်မုန်းလို့ပြုစားသည်၊ချစ်လို့ပြုစားသည်လည်း ဆိုကြ ပြန်သည်။

ယခုစာရေးသူဖော်ပြမည့်အကြောင်းအရာမှာ စာရေးသူ၏ဖခင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို ဖခင်ပြောပြခဲ့သဖြင့် မှတ်မိနေသောအကြောင်းအရာကို ပြန်လည်ရေးသားဖော်ပြ ခြင်းသာဖြစ်ပါသည်။ယခုစာပါအကြောင်းအရာထဲတွင်ဖော်ပြထားသော နံမည်များမှာ မူလအမည်များ မဟုတ်ပဲ စာရေးသူ၏စိတ်ကူးနှင့်ပေးထားသောအမည်များဖြစ်ပါသည်။ အကြောင်းအရာကသာအမှန် ဖြစ်ပါ၏။အဘယ်ကြောင့်ဟူမူ စုန်း ပြုစားခြင်းခံရသူများ၏ အဆက်အနွယ်မိသားစုများအား တစုံတရာ ထိခိုက်မည်စိုးသောကြောင့်ပင်ဖြစ်ပါ၏။

(၂)
သူဌေးကုန်းရေကျော်ရွာကလေးသည် မြစ်ဝကျွန်းပေါ်ဒေသ ၀ါးခယ်မမြို့နယ်အပိုင် ဧရာဝတီ မြစ်လက်တက်မြစ်ကြီးတစင်း၏ မြစ်ကမ်းနဘေးတွင်တည်ရှိသောရွာတရွာဖြစ်ပြီး မြန်မာဗုဒ္ဓဘာသာဝင် များနေထိုင်ရာဖြစ်ပါ၏။ သည်နေရာတွင် မြစ်ဝကျွန်းပေါ်သားတို့ တဦးနှင့်တဦး တရွာနှင့်တရွာ နောက် ပြောင်ကစားကြသောစကားရှိပါသည်။ `ဟေ့ကောင် ငါတို့က မြစ်ကြီးဘိုးသားကွ၊ မင်းတို့က ချောင်း တွင်းမြောင်းတွင်းသားတွေ´ဟုပင်ဖြစ်ပါသည်။ မြစ်ကြီးဘိုးဆိုသည်မှာ ယခု သူဌေးကုန်းရေကျော်ရွာ ကဲ့သို့ မြစ်ပြင်ကျယ်ကြီး၏ကမ်းနဖူးပေါ်တွင်တည်ရှိခြင်းဖြစ်ပြီး။ချောင်းတွင်းမြောင်းတွင်းဆိုသည်မှာ မြစ်လက်တက် ချောင်းငယ်၏ဘေးကမ်းနဖူးပေါ်တွင်တည်ရှိသောရွာပင်ဖြစ်ပါသည်။ ကြွားရခြင်း၏ အကြောင်းရင်းမှာ မြစ်ကြီးဘိုးရှိရွာများတွင် ဧရာဝတီသင်္ဘောကြီးများဆိုက်ကပ်ကြပြီး ရန်ကုန်အစရှိ သောမြို့ကြီးများသို့သွားလာ ကုန်ရောင်းဝယ်ပြုနိုင်ကြသော်လည်း။ချောင်းတွင်းရွာကလေးများတွင်မူ သင်္ဘောကြီးများမ၀င်ရောက်နိုင်ပဲ လှေငယ်ဖြစ်မြစ်ကြီးဘိုးသို့ထွက်ကာ မြစ်ကြီးဘိုးရှိ၇ွာမှတဆင့်သာ သင်္ဘောစီးနိုင်ကြသည်ကို အနိုင်ယူနောက်ပြောင်ကြခြင်းဖြစ်ပေ၏။

သူဌေးကုန်းရေကျော်ရွာကလေး၏သက်တမ်းကို ခန့်မှန်းရန်ခက်သောအနေအထားပင်ဖြစ်ပါ ၏။အကြမ်းဖျဉ်းအားဖြင့် သာယာဝတီမင်းလက်ထက်တွင် သာယာဝတီမင်းစီးသော လှေတော်၏ ပဲ့နင်း ကြီးမှာ ရွှေလောင်းသား ဦးပျံ့ပင်ဖြစ်ပါသည်။ အင်္ဂလိပ်ကိုလိုနီလက်ထက် မြို့ပြတခုတည်ထောင်ရန် အင်္ဂလိပ်အာဏာပိုင်တို့ကစီမံရာတွင် ရွှေလောင်းရွာကြီးကို မြို့အဖြစ်ထူထောင်ရန် စီမံဖို့ဆုံးဖြတ်ကြ၏။ ဦးပျံ့ကြီးနှင့်ရွာသားအားလုံးက အင်္ဂလိပ်နယ်ချဲ့စီမံမှုကို သဘောမတူပဲကန့်ကွက်ကြပြီး အခြားနေရာ တနေရာကိုရှာပေးမည်ဟုတင်ပြသည်ကို အာဏာပိုင်တို့ကလက်ခံသဖြင့် ကျယ်ပျံ့သောမြေပြင်ရှိရာ ၀ါးတော်ကြီးတခုကို ရှာဖွေပေးကြသဖြင့် ထိုနေရာကို မြို့အဖြစ်စီမံကာ ၀ါးခယ်မ ဟုအမည်ပေးခဲ့ကြ၏။ ထို့ကြောင့်ဝါးခယ်မမြို့သည် အင်္ဂလိပ်ခေတ်ဦးတွင်တည်ထောင်ခဲ့သည်ဟု မှတ်သားမိ၏။ ၀ါးခယ်မမြို ၏ပထမသူကြီးကို မသိပါ။ပထမသူကြီး၏သားများဖြစ်ကြသော ဦးအရာကြီး၊သူ့ညီ ဦးလူကလေးတို့ စဉ်ဆက်အုပ်ချုပ်ခဲ့။ ဦးလူကလေးသည် သူဌေးကုန်း ရေကျော်ရွာသူကြီးဦးမောင်သင်၏သမီး ဒေါ်ညွန့် နှင့်အိမ် ထောင်ပြုခဲ့သည်။ ဦးအရာကြီးနှင့် ဦးလူကလေး မိသားစုသည် ၀ါးခယ်မမြို့စာရေးကုန်း လမ်း တွင် နေထိုင်ခဲ့ပြီး ယခုတိုင် ဦးအရာကြီး၊ဦးလူလေးမျိုးဆက်နှင့် ဦးမောင်သင် မျိုးဆက်များ နေထိုင် လျှက်ရှိသည်။ (မင်္ဂလာဦးအောင်မောင်းဇာတ်သဘင်ကို ဦးအရာကြီး၏ဖခင် ကူထောင်ပေး ခဲ့ခြင်း ဖြစ်ပါသည်)။

မြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံ၏၀မ်းစာတိုက်ကြီးအဖြစ်လည်းကောင်း စပါးကျည် အဖြစ်လည်းကောင်းတင်စားခေါ်ဝေါ်ကြသည်။ အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင်းစပါးကောင်း စပါး သန့်များအများဆုံးထွက်ရာဖြစ်သောကြောင့်ပင်ဖြစ်ပါ။ထိုမျှမက ရေချို၊ရေငံထွက်ကုန်များလည်း အလွန်ပင်ပေများလှပါ၏။အနောက်ရိုးမတောင်တန်းကြီးက မြန်မာနိုင်ငံ။တံတိုင်းကြီးသဖွယ်တည်ရှိ နေပြီး သစ်တောများကလည်း အဖိုးတန်သဘာဝသယံဇာတပေါများရာလည်းဖြစ်ပေသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် မြန်မာလူမျိုးများအပြင် ကရင်လူမျိုးများ ကုလားလူမျိုးများသည် ရှင်ဘုရင်ခေတ်ကပင် ရွာချင်းဆက်အတူနေထိုင်ခဲ့ပြီး အင်္ဂလိပ်ကိုလိုနီခေတ်တွင် ပိုမိုများပြားလာသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် အခြေချနေထိုင်ကြသော လူမျိုးအသီးသီးတို့သည် ဘိုးဘွား စဉ်ဆက်လုပ်ကိုင်ခဲ့သော လယ်ယာစိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေထူထောင်သောလုပ်ငန်းများ အပြင်သားငါးရှာဖွေသောလုပ်ငန်းများဖြင့် အသက်မွေးဝမ်းမှုပြုကြ။၏။အဓိကလုပ်ငန်းမှာမူ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းပင်ဖြစ်သည်။ ဓားမဦးချအလုပ်ဟုခေါ်ဆိုကြ၏။

သူဌေးကုန်းရေကျော်ရွာဟုခေါ်ဆိုခြင်းမှာလည်း အကြောင်းရှိပါ၏။ ဂျပန်ခေတ်မှသည် ဖဆပလ ခေတ်အထိ သက်တမ်းကြာရှည်အုပ်ချုပ်ခဲ့သော သူကြီးဦးမောင်သင်သည် ရေကျော်ရွာကို အုပ်ချုပ်ထူထောင်ခဲ့သူဖြစ်သည်။ဦးမောင်သင်။ ဘိုးစဉ်ဘောင်ဆက် မျိုးရိုးမှာ မန္တလေးမှပင်ဖြစ်ပါ၏။ ဦးမောင်သင်၏ဖခင်လက်ထက်ကပင်လျှင် မြစ်ဝကျွန်းပေါ်ဒေသမှ ဆန်များကို ကိုယ်ပိုင်နှစ်ထပ် သင်္ဘောကြီးများဖြင့် လာရောက်ဝယ်ယူကာ မြန်မာပြည်အနှံ့အပြားသာမက အိန္ဒိယနိုင်ငံသို့ပါတင်ပို့ ပြီးအပြန်တွင် အမွှေးအကြိုင်များ၊ဘယဆေးများ၊ အထည်အလိပ်များကိုပြန်လည်တင်ဆောင်ကာ ပြည်တွင်းတွင်ရောင်းချ၏။ အပြန်တွင်အထက်ပါပစ္စည်းများအပြင် မြတ်စွာဘုရားရုပ်ပွားဆင်းတုတော် များပါ ပူဇော်ယူဆောင်လာပြီး မိမိ၏သားသမီးများ ဆွေမျိုးများကိုပေးကာ ကိုးကွယ်စေ၏။

ထို့ကြောင့်ပင် သူကြီးဦးမောင်သင်။အဆက်အနွယ်ဖြစ်သော မြေးမြစ်များထံတွင် အစဉ်အ ဆက်ကိုးကွယ်ခဲ့သော ရှေးဟောင်းဆင်းတုတော်များ ယခုတိုင်ရှိနေရုံမျှမက သူဌေးကုန်းရေကျော်ရွာ တွင် သူကြီးဦးမောင်သင်ပင့်ဆောင်ခဲ့သော Óဏ်တော် ၆ ပေမှအထက်ရှိ သစ်သားရုပ်ပွားတော်၊ကြေး ဆင်းတုတော်နှင့် ကျောက်ဆင်းတုတော်ကြီးများကို ယခုတိုင်ပင် သူဌေးကုန်းရေကျော်ရွာ ဘုန်းတော် ကြီးကျောင်းမှ သိမ်တော်ကြီးအတွင်းတွင်ဖူးမျှော်နိုင်ကြပါသည်။(၁၉၇၀ ခုနှစ်တွင် ရန်ကုန်မှလူအချို့ ရေကျော်ရွာသို့ရောက်လာပြီး သစ်သားရုပ်ပွားတော်တဆူကို သူတို့ကပြင်ပေးမည်။ကျန် ရုပ်ပွားတော် များကိုလည်း ရောင်တော်ဖွင့်ပေးမည်။ သစ်သားရုပ်ပွားတော်တဆူကို သူတို့ကိုပေးပါ ဟုပြောသဖြင့် ဦးမောင်သင်၏မြေးဖြစ်သူ ဒေါ်ပုကြိုင်က သူ၏မောင်တော်သူ ရန်ကုန်ရှိ ဦးအေးသိန်းထံအကြောင်း ကြားရာ ဦးအေးသိန်းက ရုပ်ပွားတော်တွေကို ဘာမှမုလုပ်နှင့် သူတို့ကိုလည်းမပေးပါနှင့်ဟုပြောသဖြင့် ထိုလူများပြန်သွားကြ၏။)

စုန်းအကြောင်းပြန်ဆက်ကြပါဦးစို့ –

ဦးလှမောင်သည် သူကြီးဦးမောင်သင်ပြီးနောက် သူဌေးကုန်းရေကျော်ရွာ၏ သူကြီးပင်ဖြစ်ပါ သည်။ဦးလှမောင်လက်ထက်တွင်ပင် ခေတ်ပြောင်းကာ ပြည်သူ့ကောင်စီခေတ်ရောက်လာသဖြင့် ရွာတွင်သူကြီးခေတ်မဟုတ်ပဲ ကျေးရွာကောင်စီဥက္ကဌကခေတ်ပင်ဖြစ်ပါသည်။ ဦးလှမောင်အနေဖြင့် ကျေးရွာတရားသူကြီးအဖြစ်ဆောင်ရွက်၏။သူသည်လယ်ယာလုပ်ငန်းကို ဦးစီးစီမံသည့်အပြင် ယခင် ကလုပ်လက်စလုပ်ငန်းဖြစ်သော သင်္ဘောဖြင့်လှည့်လည်ရောင်းဝယ်သောလုပ်ငန်းကိုလည်းဆောင် ရွက်နေပေရာ ဦးလှမောင်တို့အဖွဲ့က ၀ါးခယ်မမြို့နယ်အတွင်းသို့ပြန်လည်ရောက်ရှိချိန်တွင် သရက် တောရွာရှိ ဦးမြစိန်တို့နေအိမ်တွင် ၀င်ရောက်တည်းခိုလေ့ရှိ၏။ ဦးမြစိန်ကလည်း လယ်ယာလုပ်ငန်း အပြင် သားသမီးများက ကုန်စုံဆိုင်များဖွင့်လှစ်ထား၏။ ဦးမြစိန်မိသားစုကလည်း ဦးလှမောင်တို့အဖွဲ့ အပေါ်အလွန်ဖော်ရွေပြီး ဧည့်ပျူ ငှာရှိကြပေသည်။ဦးလှမောင်နှင့် ဆွေရင်းမျိုးချာများကဲ့သို့ဖြစ်နေပေပြီ ဦးလှမောင်ကလည်း ဦးမြစိန်မှာသောကုန်များအပေါ် အမြတ်မယူပဲ ဈေးရင်းအတိုင်းပင်ပြန်လည်ကာ ရောင်းချပေး၏။ အဘယ်ကြောင့်ဆိုသော ဦးလှမောင်တို့အဖွဲ့က ဦးမြစိန်တို့အိမ်တွင် အကြိမ်ကြိမ်ပင် တည်းခိုကာ စားသောက်ကြရသဖြင့် ကျေးဇူးကိုသိတတ်စွာ ဆပ်ရာရောက်သောကြောင့်ပါပင်။

ဦးမြစိန်ထံတွင် သားသမီးများစွာရှိသည့်အနက် သူ့အိမ်နှင့်သူဖြစ်နေကြပေရာ ဦးမြစိန်နှင့်အတူ နေသူ သမီးတယောက်ရှိ၏ အမည်မှာ မခင်ဆင့်ဖြစ်ပြီး ချောလှယုံမျှမက ယဉ်ကျေးသိမ်မွေ့သူလည်း ဖြစ်ပါ၏။ ဦးလှမောင်တို့အဖွဲ့အပေါ် ကျွေးမွေးဧည့်ခံရာတွင် တာဝန်ကျေလွန်းသဖြင့် ဦးလှမောင်တို့က ပင်အားနာနေရပေသည်။

သို့ဖြင့် ရင်းနှီးပွင့်လင်းသောဆက်ဆံရေးကြောင့် သွေးသားတော်စပ်သူများသဖွယ် ခင်မင်တွယ် တာနေကြပေသည်။ မခင်မြင့်သည် စုန်းပြုစားခြင်းခံထားရသူတယောက်ဖြစ်သဖြင့် ကောင်းနေချိန်တွင် ဦးလှမောင်တို့အဖွဲ့ နေထိုင်စားသောက်ရေးအတွက် သွက်သွက်လက်လက်ဖြင့် လိုသည်မရှိအောင် ဆောင်ရွက်ပေးနိုင်သော်လည်း စုန်း ၀င်ပူးသောအချိန်တွင်မူ ငိုလိုက် ရယ်လိုက် ကြောက်ပါပြီ ဟုအော် လိုက်ဖြစ်နေတတ်၏။တခါတရံစုန်းမဆိုသူက´ငါ့ကိုဘာမှတ်လို့လဲ သတ်ပစ်မယ်´ စသည်ဖြင့်ကြိမ်း မောင်းတတ်ပြန်၏။ထိုသို့ စုန်းဝင်ပြီးထွက်သွားပြီးနောက်တွင် မခင်ဆင့်မှာ ရက်အနည်းငယ်အထိ လူမ မာတယောက်ကဲ့သို့ အိပ်ယာထဲတွင် လဲနေကာ အစားပျက် အသောက်ပျက် အအိပ်ပျက် ခံစားနေရ တတ်၏။ဦးလှမောင်က ထိုအဖြစ်အပျက်ကို သုံးကြိမ်ထက်မနည်း ကြုံတွေ့ရသဖြင့် စိတ်မကောင်းဖြစ် ရ၏။ မခင်ဆင့်၏ စုန်းပြုစားခံနေရသည်ကို အထက်လမ်းဆရာဆိုသူတယောက်က ကုစားနေသည်ကို ဦးလှမောင် မြင်တွေ့နေရသော်လည်း မခင်ဆင့်ရောဂါက သက်သာထူးခြားခြင်းမရှိသည်ကိုလည်း ဦး လှမောင်ကိုယ်တိုင်မြင်နေရ၏။

တနေ့တွင် ဦးမြစိန်တို့အိမ်သို့ ဦးလှမောင်တို့ရောက်နေခိုက် မခင်ဆင့် စုန်းပူးချိန်နှင့်ကြုံနေ၏။ ထုံးစံအတိုင်းပင် မခင်ဆင့်က ကြောက်ပါပြီဟု အော်ကာ ငိုနေ၏။မခင်ဆင့်၏လက်နှစ်ဖက်ကလည်း ကြိုးနှင့်တုတ်ချည်ခြင်းခံထားရသလို ပူးကပ်နေကာ ခန္တာကိုယ် လဲကျမယောင်ဖြစ်လိုက် တယောက် ယောက်က ဆံပင်ဆွဲပြီးထူလိုက်သလိုဖြစ်ပြီး ပြန်လည်မတ်လိုက်နှင့် မသက်မသာခံစာနေရ၏။ ဦးလှမောင်သည် ထိုအဖြစ်ကိုကြည့်ကာ အတော်ပင်စိတ်ထိခိုက်မိ၏။မခင်ဆင့် မည်သို့မည်မျှ ခံစားနေရမည်ကို ကိုယ်ချင်းစာမိ၏။ ဦးလှမောင်က ထိုစုန်းမဆိုသူကို ပြောလိုက်၏။´ ကျွန်တော် တောင်းပန်ပါတယ် ဒီအိမ်ဟာကျွန်တော်တို့တည်းခိုရာ စားသောက်ရာ ကျေးဇူးရှင်အိမ်ဖြစ်ပါတယ်။ မခင်ဆင့်ကလည်း ကျွန်တော်တို့ရဲ့ကျေးဇူးရှင်တယောက်ဖြစ်ပါတယ်။ မခင်ဆင့်ကိုယ်စားလည်း ကျွန်တော်က အနူးအညွတ်တောင်းပန်ပါတယ်။မခင်ဆင့်မှာအပြစ်ရှိရင် ခွင့်လွှတ်ပါ ခင်ဗျား’ ။
ဦးလှမောင်စကားဆုံးသည်နှင့် မခင်ဆင့်နှုတ်မှ စကားသံထွက်လာသည်။’ကောင်းပြီ ငါ့ မောင်တောင်းပန်လို့ အမပြန်ရုတ်သိမ်းလိုက်ပါ့မယ်’။ ထိုအခါ အနီးတွင်ရှိနေသော အထက်လမ်း ဆရာက သူလက်မှဆေးကြိမ်လုံးကိုမြှောက်ကာ ‘ဟဲ့ စုန်းမ၊ ငါဆရာအမိန့်ပေးတာကိုတော့ နင်က မနာခံဘူး ဧည့်သည်စကားကိုတော့ နားထောင်တယ် ငါ့ကိုမလေးစားဘူးလား’ ဟုပြောလိုက်ရာ စုန်းမဆိုသူက ‘ ဟဲ့ ဆရာ နင်ကဆရာလုပ်ပြီး သီလလည်းမရှိဘူး ဒီဧည့်သည်မောင်လေးက ကုန် သည်ဖြစ်ပေမယ့် သီလလုံခြုံတယ် ဒါကြောင့်သီလရှိတဲ့သူတဲ့စကားကို လေးစားနားထောင်တာ’ ဆရာဆိုသူငြိမ်သွား၏။

ဦးလှမောင်က ‘ကျေးဇူးတင်ပါတယ်ဗျာ ခုလိုကူညီတာကို သာဓုလည်းခေါ်ပါတယ်’ဟုပြော လိုက်ရာ စုန်းမဆိုသူက ‘ ငါ့မောင် မမတို့စုန်းပညာဆိုတာ သားစဉ်မြေးဆက်ခံယူ ကြတယ်။ မမ နံမည်က မမြခင် ပါငါ့မောင်အကြောင်းရှိတဲ့အခါ မမနံမည်ကို တ ပြီးခေါ်လိုက်ပါ။ မမရောက်အောင် လာခဲ့ပါ့မယ်’ စကားဆုံးသည်နှင့် မခင်ဆင့်လည်း ပကတိလူကောင်းတယောက်လို ရွှင်ရွှင်လန်းလန်း ဖြင့်စကားပြောတော့သည်။

(၃)

ဦးလှမောင်တို့အနေဖြင့် အထက်အညာဆီခရီးဆက်နေရသဖြင့် ဦးမြစိန်တို့ထံမရောက်သည်မှာ နှစ်လခန့်ရှိပေပြီ။ယခုမူ အညာကပြန်လာပြီးနောက် ဆန်များဝယ်ယူရန် မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာ မြို့မှတဆင့် ၀ါးခယ်မရှိ အမျိုးဖြစ်သူအိမ်သို့ရောက်နေ၏။ ညစာစားပြီးနားနေချိန်တွင် ဦးလှမောင်၏ တပည့်ဖြစ်သူ ကိုလှကျော်က အစ်ကို ဟိုစုန်းမဆိုတာ တကယ်မှန်လားမမှန်လား ခေါ်ကြည့်ပါလားဗျ ဟုပြောသဖြင့် ဦးလှမောင်က ခဏစဉ်းစားပြီ အေးဟုတ်တယ်ကွ ငါလည်းမေ့နေတယ်ဟုဆိုလက်၏။ အခြားသူများကပါ ပြောသဖြင့် ဦးလှမောင်က ‘မမြခင် ခင်ဗျား ကျွန်တော့်အနေနဲ့တွေ့ချင်ပါသဖြင့် လာရောက်ရန် ဖိတ်ကြားပါတယ်’ဟုဆိုလိုက်၏။

မကြာမီပင် ဦးလှမောင်တို့တည်းခိုရာ အိမ်ရှင် ဦးဘ၀မ်း၏သမီးဖြစ်သူမစောမေ သည် ဦးလှမောင် တို့နှင့်စကားပြောရာမှ မျက်နှာအမူအယာပြောင်းကာ ကိုယ်က အနည်းငယ်တုန် လာပြီးနောက် ‘ ကဲ ငါ့မောင် မမ ရောက်ပြီ ဘာအကြောင်းရှိလို့လဲ’ ဟုပြောလိုက်ရာ ဦးလှမောင်တို့ အံ့အားသင့်နေကြပြီး နောက်မှ ‘ကျနော့်ညီတွေက ဟုတ်မဟုတ် စမ်းတဲ့အနေနဲ့ခေါ်ခိုင်းလိုက်တာပါ ကျနော်ယုံကြည်ပါပြီ’ ဟုပြောလိုက်၏။ ထိုအခါ စုန်းမဖြစ်သူက ‘ ငါ့မောင်မယုံမရှိပါနဲ့ စုန်းဆိုတာ တကယ်ရှိပါတယ်။ မဟုတ်ပဲ စုန်းယောင်ဆောင်နေသူလည်းရှိတယ်။အစစ်နဲ့တော့ကွာပါတယ်။ မမတို့က သီလလည်းစောင့်ပါတယ် သီလရှိသူတွေကိုလည်း လေးစားပါတယ်’ ဟုပြောလိုက်၏။ ဦးလှမောင်က ‘မမကို ကျွန်တော်လေးစား ယုံကြည်ပါတယ် ကျွန်တော့်ကိုခွင့်လွှတ်ပါ’ ဟုပြောလိုက်ရာ ‘ဒါဖြင့်မမ သွားမယ်’ဟုဆိုလျှက်ထွက်သွား တော့၏။




မောင်မြေသစ်(၀ါးခယ်မ) @ World Myanmar(world-myanmar.com)

စစ်မြေစခန်းဆီက လွမ်းမရတဲ့ လမင်းရေ - ဖေယျာမြင့်




ကုန်းဆင်းက ခပ်​​ပြေပြေလေးမို့ ခပ်သွက်သွက်လှမ်းလိုက်သည်
ရေစီးသံတဝေါဝေါကြားရပြီးမကြာခင် အမှတ်(၉)တံတားကြီးကိုလှမ်တွေ့လိုက်ရသည်။ရင်ထဲမှအပူတို့အထိုက်လျောက်​​တော့လျော့သွားခဲ့ရ၊ ဒါပေမယ့် သတိ...သတိဆိုတာလွတ်ကင်းလို့မရ။ တံတားတစ်ဘက်​​ရောက်​​တော့ ချောင်းစပ်ကိုဆင်းတဲ့လမ်လေးကိုဂရုတစိုက်​​လေ့လာရင်ရေစပ်ကကျောက်တုံးလေးပေါ်မှာ ပယ်ပယ်နယ်နယ်ထိုင်လို့ ဖိနပ်ကြိုးတွေဖြည်လိုက်သည်
တစ်ညလုံးမမြင်မကန်းနဲ့ ဗွက်တန်တွေလျောက်ခဲ့တော့ ခြေအိပ်ထဲမှာ ရွံ့တွေ သဲတွေနဲ့ ခြေဖ၀ါးတွေကနူးအိပေါက်ပြဲနေပြီလေ...
နောက်ပိတ်တပ်စိတ်မှူး တံတားဖြတ်ပြီ...
"စုံပြီလားဟေ့"
"စုံပြီခင်ဗျ"....
"အိုကေ..ခဏနား ပြီးရင်ဆက်ထွက်မယ်..ရှေ့မှာရွာဝင်ပြီ။"
 ငါးမိနစ်​​လောက်ဆက်​​လျောက်လိုက်​​တော့ လမ်ဘေးဝဲယာတစ်​​လျောက် စစ်သည်​​တွေ အသင့်​​နေရာယူထားရင်းနားနေကြသည်။ ခလရ....က 2Ic ခေတ္တရင်းမှူးနဲ့ ခလရ.....က ယာယီရင်းမှူးတို့နှစ်​​ယောက် ပြုံးစိစိဖြင့်လှမ်ခေါ်သည်...
"လာ..အမြောက်ကြီးရေ..ဘယ့်နှယ်လဲ..ရှေ့မှာကားစီးလို့ရပါပြီဗျား...စိတ်ချရပါပြီ..ဟားဟား"
"နာ့အလှည့်ကြ နာညိုးချည်းဘဲ ဆိုတာလိုပေါ့..
ခင်ဗျားတို့နဲ့တွေမှဘဲအကွက်ဆန်းချည်ဘဲ..ခင်ဗျားစစ်ကြောင်းနဲ့အကြုံလိုက်မိတာကိုကမှားတာဘဲ...ဘယ့်နှယ်..ည တစ်နာရီထဲကဆွဲလိုက်တာခု မနက်ကိုးနာရီဗျ...ရဲဘော်​​တွေဒရွတ်ဆွဲချင်​​နေပြီ"
"အေးဗျာ ခုလိုမလုပ်ရင် ပိုပင်ပမ်းမယ်..အလျော်အစားပါရှိသွားနိုင်လို့ဗျို့...ဒါလည်းတို့သုံးယောက်တိုင်ပင်ပြီး သဘောတူလို့လုပ်တာနော်..ဘူ့မှပြန်ပြောကြေး..ဟီးဟီး.." စစ်​​ကြောင်းမှူးတာဝန်ယူထားတဲ့ 2Ic က ရီပြောပြော၏။
ကဲ..ပွိုင့်တပ်စု ရွာထဲ ရှင်းပြီပြောတယ် လစ်ကြရအောင်..ရွာရောက်မှနားတော့ဗျို့........

သူကြီးအိမ်က ကုန်စုံဆိုင်နဲ့လက်ဘက်ရည်ဆိုင်​​လေးတွဲဖွင့်ထာသည်၊ သူကြီးကတော့ စစ်​​ကြောင်းကိုနေရာထိုင်ခင်းလုပ်​​ပေးနေလို့ပြန်ရောက်​​သေး..အိမ်​​ရှေ့မှာတော့ဘယ်သူမှမရှိ..နောက်မှာထင်သည်
"ဧည့်သည်လာတယ်...ဧည့်သည်လာတယ် "
...အဲ မော့ကြည်တော့ ချိတ်ထားတဲ့လှောင်အိမ်ထဲမှာ...သာလိကာလေး....အတော်ပီသည်..
တွေ့ရင်လူပြောတယ်ဘဲထင်မှာဘဲ။
"ကော်ဖီသောက်အုံးမလား.."....
ဟ..အတော်လာတဲ့ကောင်ဘဲ..အားလုံးဝိုင်းကြည်နေတုန်း သူကြီးကတော်ထွက်လာ၏..
"သားရေ..ဘသိန်းဘယ်သွားလဲ"...သူကြီးနံမယ်က ကိုဘသိန်း။
" ဘသိန်းအရက်သွားသောက်တယ်"...၀ါးကနဲ
အားလုံးဝိုင်းရီမိတော့ ဘသိန်းအရက်သွားသောက်တယ်ဘဲ ထပ်ခါထပ်ခါ....သူကြီးကတော်က ထပ်ပြီး......နားညည်းလိုက်တာသားရယ်..သူချင်းဆိုပြအုံး....ဆိုတော...အသံဩ ကြီးနဲ့..
"ချစ်ခြင်းကိုမခွဲပါနဲ့..." ဆိုပြီးလုပ်​​ရော။
...အသံကောင်ကောင်းဆိုပါသားရဲ..ဆိုတော့မှ
အသံစူးစူးလေးနဲ့ ချစ်ခြင်းကိုမခွဲပါနဲ့ လုပ်တယ်..
အံ့ရော...မခိုင်သာကြားရင်ဘယ်လိုနေမယ်မသိ

ဝိုင်းရီနေတုန်း လမ်ပေါ်ဖြတ်​​လျောက်သွားတဲ့ကလေးမလေးတွေလည်တွေ့ရော..
"ဆော်​​တွေရမ်ချောတယ်..."ပြောနေတာမပြီးတော့ဘူး..
တကယ်..တခါမှဒီလောက်တတ်တာမတွေ့ဘူးပါ........
 .
ခဏနေတော့ သူကြီးရောက်လာ...လိုအပ်တဲ့စကားလေးဘာလေးပြောဆိုပြီး အိမ်ရှင်အလိုက်တသိခင်ပေးထားတဲ့အိပ်ယာပေါ် ကျောဆန့်လိုက်သည်...အိပ်လို့ကားမရ..မျက်စိကြောင်​​နေပြီ
အင်း..အတော်အသုံးတဲ့တဲ့ဆေးဘဲ..တညလုံးမမြင်မကန်းနဲ့ စစ်​​ကြောင်းတစ်​​ကြောင်းလုံး တစ်​​ယောက်​​ကျောပိုးအိပ်တစ်​​ယောက်စမ်းပြီးဗွက်​​တောထဲမှာ night move ဆွဲတာ..ရဲဘော်​​တွေ တဖုန်းဖုန်းလဲလို့ရယ်.....ပွဲဒီလောက်ပျက်​​နေတာ တပ်မှူးသုံးယောက်ကစူပါမန်တွေကြနေရော..ရှေ့ နောက် အလယ်ပတ်ပြီးထိန်နေရတာ..တချက်မှမလဲဘူး.......မှောင်တာမှ ကိုယ့်လက်ဝါးတောင်မမြင်ရ...
 တွေးရင်းပြုံးလိုက်မိသည်...ဟိုကောင်(တစ်ဘက်ရန်သူ)တွေ ဒေါကန်လို့ ဆွေ့ဆွေ့ခုန်​​နေမှာ
မြင်​​ယောင်​​သေး၏။ ဒီလိုပါဘဲ..စစ်တို့၏သဘော...ဥာဏ်သာတဲ့သူက လှည့်စားနိုင်သူက တစ်ကွက်သာစမြဲလေ...



ဖြစ်ပုံကဒီလိုပါ....
လွန်ခဲ့တဲ့ငါးရက်က တပ်မဋ္ဌာနချုပ်ကညွှန်ကြားချက်....မောတောင် သို့ ခလရ....စစ်​​ကြောင်းကြုံရှိသည်။ ၎င်းစစ်​​ကြောင်းဖြင့်အကြုံဖြင်မောတောင်မြောက်စခန်းအားလိုက်ပါစစ်​​ဆေးရန် ဒီတော့လည်း..ပြင်ရပြီပေါ့..ပေါ့ပေါ့ပါးပါးဘဲ..လုံခြုံရေးနဲ့အကူအတွက် စစ်သည်ယောက်ပဲခေါ်သွားမယ်..ရန်သူ့သတင်းလည်ပေါ်နေတယ်..လမ်းသုံးလို့မရဘူး..ပြီးခဲ့တဲ့ရက်ကဘဲ ဆွဲမိုင်းဖြစ်စဉ်​​ကြောင့်အနုတ်-၂ ဖြစ်ထားတယ်​​လေ....တောချည်းတိုးရမှာသဘောပေါက်ပြီးသား.....ထင်တဲ့အတိုင်းပါ...လမ်းလုံးဝမသုံးဘဲ တောသက်သက်ကိုတိုးလိုက်တာ ပထမည..တောထဲဘဲ ပုခက်ဆွဲပြီးဖြုတ်​​တောထဲ...မိုးရေထဲမိုးလင်းခဲ။ ဒုတိယည...တစ်နေကုန်ဝါးတောထဲတိုးလိုက်တာ..ညကိုးနာရီထိုးတဲ့အထိ halt ဘို့နေရာ
မရ..တစ်စုတောင် ဖြန့်မရလို့ တိုးရင်းတိုးရင်းနဲ့ပွိုင့်တပ်စုက သိန်ခွန်ချောင်းကြီးကို မှောင်ထဲမှာ
ပြန့် ထင်ပြီးကပ်သွားတော့ ဂန့်ပြီပေါ့..တစ်ညလုံး ချောင်ကမ်းပါးယံမှာ မျောက်​​တွေလိုတွယ်ကပ် အိပ်လိုက်ရတယ် ထမင်းကလည်းချက်ဘို့မီးမွှေးရအုံးမှာ...မီးရောင်ကို ဟိုဘက်ကမ်းကသာ လှမ်းအုပ်ရင်...အင်း မသာဘယ်​​ဈေးလဲဘဲနောက်ဆုံးတော့ တပည်တွေလမ်းမှာစွန့်စွန့်စားစားခူးလာတဲ့ ခရမ်းကြွပ်သီးကြီးတွေကိုငါးပိနဲ့ရောဝါးလိုက်ရတယ်...ချိုလိုက်တာ.....

ကိုယ့်မစ်ရှင်က စခန်းစစ်ဘို့...ခြေလျင်ကလည်းခလရ....ရင်းမှူးနှစ်​​ယောက်တာဝန်ချိန်းတာကို
လုံခြုံရေးလုပ်ပြီးလိုက်ပို့တာလေ...အဓိကကဘာမှမဖြစ်ဘဲရောက်သွားဘို့ပါဘဲ...ရန်သူကလည်းသတင်းရထားတော့ သဲကြီးမဲကြီးကို လိုက်​​နေတာ..ကိုယ်​​တွေလဲသတင်းမပေါက်​​အောင်လို့တောထဲမှာဘယ်သူတွေ့တွေ့ အပါခေါ်ရတာဘဲထားခဲ့လို့ အဲ့ဒီရွာသား ရွာထဲရောက်တာနဲ့ ကိုယ့်သွားနေတဲ့လမ်ကြောင်းကပေါ်ပြီလေ......စောင့်တွယ်ခံရပြီဘဲ...ဒီတော့ အနဲဆုံးခရီးတစ်​​ထောက်​​လောက်ထိခေါ်သွားပြီးမှပြန်လွှတ်ရတယ်...မတတ်နိုင်ပါပြီ..ရန်သူဆိုတာ ဂျိုမပါ....

နောက်​​နေ့မနက်​​ကြည့်လိုက်တော့ ၀ါးလုံးထိုးစီးနေတဲ့သိန်ခွန်ချောင်းကြီးက ကိုယ့်ဖင်နဲ့ကပ်​​နေပြီ....စိတ်​​လေတယ်...ဖောင်နဲ့ကူးမှရမှာလေ..တစ်လမ်းလုံးတိုးခဲ့တဲ့ သောက်ဝါးပင်ကလည်းခုကြမှ အနားမှာတစ်ပင်မှမရှိ...အံမယ်..ဟိုဘက်ကမ်းမှာချည့်အခန့်သားဗျား...တတ်နိုင်ဘူး...လူချည်းလက်ပစ်ကူး...ဟိုဘက်မှာဖောင်ဖွဲ့ ဒီဘက်ပြန်ထိုး..ကြိုးသွယ်...ကူးရသပေါ့..ချောင်းကူးတာတစ်​​နေ့ကုန်ကြာ၏ ။ကြိမ်​​ချောင်း..သဲဖြူ ရောက်​​တော့မိုးချုပ်ပြီ.....

သဲဖြူဘုန်းကြီးကျောင်းမှာဘဲ ပတ်လည်လုံခြုံရေးယူပြီး စခန်းချခဲ့ရတယ်..ဘုန်းဘုန်တော့မရှိပါ ခရီးသွားနေတယ်သိရသည်။ မနက်ကျတောတွေ့ရပြီ..... ဘုန်းဘုန်းနဲ့တွေ့တော့....အင်း..ဒါကာကြီးတို့ အံ့ဩစရာဘဲ..ဘုန်းကြီးသတင်းလုံးဝမရဘူး....တဲ့ဗျာ....ဘုန်းကြီးဆီမှာဘဲ တစ်ရက်နှစ်ရက် နားကြပါအုံးလေ...တဲ့..တစ်​​ယောက်နဲ့တယောက် မျက်စပစ်မိတယ်..ဘုန်းကြီးကတော့ တားနေပြီ...သေခြာတယ်ရှေ့ မောတောင်ငယ် မှာထူးနေပြီ.....အလိုက်သင့်ဘဲ ....
တင့်ပါ့ဘုရား..ဒီညဒီမှာဘဲအိပ်ပါမည်ဟု.....

တပ်မှူးသုံးယောက် ခေါင်းချင်းဆိုင်ရပြီ...တိုင်းကလည်း မနက်ဖြန်မနက် မောတောင်ငယ်ကိုကွင်ရှောင်ပြီးတောတိုးသွားဘို့ညွှန်ကြားနေပြီ...တောတိုးရရင်လည်း လုံးဝမချောင်...တစ်ဘက်မှာ သိန်ခွန်ချောင်းကြီးနဲ့ကြိမ်​​တောကြီး တစ်ဘက်မှာတောင်ကပါးစောက်နဲ့ဝါးတောကြီး....တနေကုန်တိုးတောင် ဂရစ်ကွက်တစ်ကွက် (ကိုက်တစ်​​ထောင်) ပေါက်မည်မဟုတ်မောတောင်ငယ်​​တောင်ကြားသာလမ်းရှိသည်
ခြုံခိုဘို့နေရာကောင်း....ဒါ့ကြောင့်ဒီကောင်​​တွေအပိုင်​​စောင့်တာ။
ကဲ...တိုင်ပင်လိုက်​​တော့ "လမ်းအတိုင်းဘဲသွားမယ်...ဒါပေမယ့်....ညသန်ခေါင်မှသွားမယ်"။.......
ဒီသတင်း ဒီသုံးယောက်ဘဲသိသည်။ စစ်သည်အားလုံကိုလည်း မနက်ဖြန်မနက် ၇နာရီထွက်မည်...ဟု။ လမ်းပြကိုလည်းဒီတိုင်ပြော။ ရွာထဲကဆိုင်မှာတောင် တပ်မှူးတွေအတွက်breakfastကြိုမှာထားပြီးပြီ...
အဲ့ဒီညက ကျနော်တို့သုံးယောက်လုံးဝမအိပ်လိုက်...စစ်သည်​​တွေကိုစောစောစားခိုင်းပြီးအိပ်ခိုင်းလိုက်သည်...ကျနော်တို့သုံးယောက်ကတော့ခေါင်းခြင်းဆိုင်လို့....ရေသန့်ဘူးတစ်ဘူးနဲ့ အလုပ်ရှုပ်​​နေရော။ည၁၂နာရီထိုးမှ ရဲဘော်​​တွေအသာနိုး..မီးလုံးဝမထွန်း အသံလုံးဝမထွက်ဘဲပစ္စည်းသိမ်းပြီး တစ်​​ယောက်ခါးတစ်​​ယောက်ကိုင်...ငါ့ရှေ့ကဘယ်သူ...ငါ့နောက်ကဘယ်သူလဲမှတ်....အမှောင်ထဲမှာတစ်​​ရွေ့ရွေ.......မောတောင်ငယ်ရောက်မှ အရေးထဲ ချေးပါခွင်တောင်းတဲ့ကောင်ကရှိသေး....လမ်ဘေးမှာငြိမ်ကုတ်ထိုင်ပြီး ချေးပါတဲ့ကောင်ကိုမေတ္တာပို့ရတယ်

အင်း.......ခုချိန်ဆို မနက်မိုးလင်း တစ်​​ယောက်မှမရှိတော့တာတွေ့ပြီးခေါင်းစားနေလောက်​​ရောပေါ့......ဆိုင်ကလည်​​ငွေ ရှင်းပြီးသားထမင်ကြော်ပွဲတွေနဲ့ .....အဲ.......ထမင်ကြော်.....ဆိုတော့ ရင်ထဲမှာ နွေးကနဲ....တစ်မျိုးလေးဖြစ်သွားတယ်..................စားချင်လို့မဟုတ်ပါ..ခုထိတောင်ဗိုက်မဆာသေး.."၀ါးရုံပင်ကြားက ငွေလမင်း"......အဲ့ဒီကိစ္စပါ....ထမင်ကြော်နဲ့ ၀ါးရုံပင်ကြားက လနဲ့ ဘာဆိုင်လို့တုန်းလို့ထင်လိမ့်မယ်....ဆိုင်ပါတယ်

လမ်းမှာအအိပ်ပျက်၊အစားပျက်လာလို့ ထမင်းစားပြီးတော့တစ်​​ရေးအိပ်လိုက်တာ ညနေစောင်းမှဘဲနိုးတော့သည်။အိပ်​​ရေးဝသွားတော့ လူကလည်း လန်းဆန်းလာသည်..ကောင်းတယ် ဒါမှ ညကြလမ်လျောက်ရင်အဆင်​​ပြေမှာ.....ရေချိုး အ၀တ်အစားလဲပြီးတော့ ကျောင်ပေါ်ကဆင်းခဲ့တယ်...ကျောင်းဝင်းကအတော်ကျယ်သည်။သီးပင်စားပင်​​တွေနဲ့....



ကားလမ်းမှာတော့ ဆိုင်ကယ်​​တွေအုပ်စုဖွဲ့ပြီးပန်းစည်းကြီးတွေတင်လို့....တနင်္သာရီမြို့အထိ
မောင်းမယ်ထင်သည်....အဝေးမှာတော့ စိမ်းညို့နေသည်တောင်တန်းအထပ်ထပ်နဲ့သစ်​​တောကြီး....သဘာဝအတိုင်းမပျက်စီးသေးသည့်တောတောင်​​ရေမြေတွေနဲ့"အပျိုစင်​​တော".(virgin forest).....ဘုန်းကြီးကျောင်းဝင်းထဲမှာဘဲ စာသင်​​ကျောင်လေး ဆောက်ထားသည်...
"အခြေခံပညာမူလတန်ကျောင်း၊ သဲဖြူကျေးရွာ"
ဆိုင်းဘုတ်​​လေးဖတ်ရင်း စပ်စုချင်လာလို့ ကျောင်းထဲဝင်ခဲ့မိသည်....သပ်သပ်ရပ်ရပ်ဘဲ...စာသင်ခုံတွေလည်းစံနစ်ကျတယ်..ကျောင်းသား၅၀လောက်ဆန့်မယ်ထင်တယ်...အတန်းတစ်ခုနဲ့တစ်ခုကိုတော့ သုံးထပ်သား ပါတေးရှင်လေးနဲ့ကာထားတယ်....ဆရာစာရင်းကိုကြည်တော့၎ယောက်...မဆိုးပါဘူး..ဆရာတော်​​ပြောတာတော့ ဆရာတွေလစာရိက္ခာ ကိုဆရာတော်စီစဉ်​​ပေးထားတာလို့သိရတယ်...အင်း..ဒီလိုဒေသမျိုးက ကလေးငယ်​​တွေသနားစရာ...လာပြီးသင်​​ပေးတဲ့ဆရာဆရာမတွေလည်လေးစားစရာပါဘဲ...blackboard ရှေ့ရပ်ရင်း ဟိုတွေးဒီတွေးနဲ့မြေဖြူခဲလေးတစ်ခဲတွေ့တာနဲ့ အမှတ်မထင် ကဗျာလေးတစ်ပုဒ်​​ကောက်​​ရေးမိတယ်....

"ပန်းကလေးများပွင်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာရွှေရည်​​လောင်
ငါတို့စာသင်​​ကျောင်"
ကိုယ်ဘာသာပြန်ဖတ်ရင်းပြုံးမိသည်...
အဲ..စိတ်ထဲမှာ...အလိုလိုသိလိုက်တယ်..ကိုယ်နောက်မှာ တစ်​​ယောက်​​ယောက် ရောက်​​နေပြီ....
ဆဋ္ဌမအာရုံခေါ်မလား..ဘာလား...ဖြတ်ကနဲလှည့်ကြည့်မိတော့.......................

လေ့အကျင့်အရ တစ်ခုခုကိုကြည့်လိုက်တာနဲ့သရုပ်ခွဲပြီးပြီ...သုံးသပ်ချက်ပါ ပါပြီးသား.....
အရပ်မနိမ့်မမြင့်..ကိုယ်​​နေဟန်သွယ်လျသည်ရင်​​စေ့အဖြူ လက်ပြတ်နှင်ရေညှိစိမ်ရောင်​​ပြောင်လုံချည်ကိုဝတ်ဆင်ထားသည်ဖြန့်ချထားသည့်ဆံနွယ်တို့က ဒူးခေါက်ခွက်နားထိ၊ဖြူသည်ဆိုတာထက် ၀င်းဝါသောအသားအရည် အလွန်ကြည်လင်သည့်အသားအရည်မျက်နှာမှာဘာမှမလိမ်းချယ်ထား...သို့သော် နက်​​မှောင်သည့်ဆံနွယ်များကြားမှ ၀င်းဝါနေ သည့်မျက်နှာကျက သွယ်သည့်ဘက်ကိုပါသည်အထူးခြားဆုံးက တောက်ပသည့်မျက်ဝန်းတစ်စုံ၊ မေးစေ့ထောင့်က ထင်နေသည့်မှဲ့နက်​​လေး။ပြန်စုစည်းလိုက်​​တော့....အရိုင်းဆန်ဆန်ဖြန့်ချထားသောဆံနွယ်များကြားက ပြေပြစ်တဲ့ကောက်​​ကြောင်းများနဲ့ဘောင်ခတ်ထားတဲ့မျက်နှာဝါလေးသည်...

"၀ါးပင်ပျိုတွေကြားက လှမ်တွေ့လိုက်ရတဲ့...ပေါ်ထွက်ကာစ ငွေလမင်း"

စက္ကန့်ပိုင်လေးအတွင်း သုံးသပ်ဖြေထုတ်တာမြန်လှချည့်ရဲ့လို့မထင်ပါနဲ့...ကျနော်​​တော်လို့မဟုတ်...သူ့အလှကသာထူးခြားလေးနက်​​နေတာပါလေ......တစ်​​ယောက်နဲ့တစ်​​ယောက် ဘာပြောရမယ်မသိကြောင်အမ်းအမ်းဖြစ်​​နေတဲ့အခြေအနေကို..ထိန်းမှရမယ်​​လေ.....ဟို..ကျနော် ဗိုလ်မှူးမျိုးသန့်ဦးပါခင်ဗျ...အမှတ်မထင် ကျောင်းထဲဝင်ကြည့်မိတာ စိတ်မရှိပါနဲ့နော်....စာရေးမိတာရောပေါ့...
...ဟုတ်..ရပါတယ်ဗိုလ်မှူး..ကျမက ဒီကမူလတန်းပြဆရာမပါ..Ivy လို့ခေါ်ပါတယ်ရှင်....
အသံကတိုးပေမယ့် ကြည်လင်ပါသည်..မသိမသာ ရှတတလေး ...
အော်..ထိုင်ပါအုံးရှင့် ကျမဘာအကူညီပေးရမလဲရှင့်...ကျမက တံခါးပွင်နေလို့ လာပိတ်တာ
ဗိုလ်မှူးစာရေးနေတာတွေ့တော့ ဘာပြောရမယ်မသိဘဲ ရပ်ကြည်နေမိတာ..ဆောရီးပါနော်...
ရတယ်ဆရာမ လမ်လျောက်ရင်းဝင်ကြည့်မိတာပါ..သွားလိုက်အုံးမယ်..ခွင့်ပြုပါအုံး....
ပြုံးပြနုတ်ဆက်ပြီထွက်ခဲ့ပါသည်...အတွေးတွေလည်းတန်းလန်းတန်းလန်းနဲ့ပေါ့....ဒီလောက်လှတဲ့မိန်းကလေး......တောထဲတောင်ထဲမှာ....။ဘုန်းကြီးကျောင်းဝင်းအ၀နဲ့ဒါးလွယ်ခုတ်မှာဘဲစားသောက်ဆိုင်​​လေးတစ်ဆိုင်​​တွေ့တော့ဝင်ထိုင်လိုက်သည်၊ စစ်သည်အချို့ထိုင်​​နေရာက ထပြီး..... ဗိုလ်မှူး ဒီမှာထိုင်ပါခင်ဗျ.......နေနေ..ထိုင်ကြပါ...ရပြီ ဒီအပြင်ခုံဘဲထိုင်​​တော့မယ်.....ဆိုင်ရှင်​​ရောက်လာပြီး...ဘာမှာမလဲမေးတော့
SINGHA ရရင်တစ်ဗူးလောက်ဗျာ.....ဆိုတော့

ပုလင်းရတယ်ဗျ...ပိုသောက်​​ကောင်းတယ်ဆိုတာနဲ့ တစ်ပုလင်းမှာလိုက်သည်...အားပါးအေးစက်​​နေတာဘဲ...တောထဲမှာလည်ရေခဲမပြတ်ရပုံဘဲ....ဒါနဲ့ဆိုင်​​ဘေးမှာ ကမ်ဇော်​​စေ့တွေကို လက်ဆုံကြီးနဲ့ထောင်နေတာတွေ့တော့..ဆိုင်ရှင်နဲ့စပ်စု ရင်လေဖောရင်းနဲ့ဆင်းဂါး၂ပုလင်းကုန်တဲ့အချိန်မှာ...ကမ်ဇော်ဆီစစ်စစ် တစိပုလင်း..လက်​​ဆောင်ရလိုက်ပါပြီ.....တက္ကသိုလ်​​ကျောင်းသားဘ၀ထဲက ဖောတဲ့နေရာမှာ လေးနှစ်ဆက်ချန်ပီယံဘွဲ့ရထားတာ...အေးဆေးဘဲ။ဟော..လာနေပြီ...လမင်းကိုကြယ်နှစ်ပွင့်ခြံရံလို့ရယ်..လမ်လျောက်ထွက်လာတယ်ထင့်။မသိသလိုနဲ့ ကန်ဇော်ဆီပုလင်းကြီးကိုကသိုဏ်းရှုနေတုန်း...ဆိုင်​​ရှေ့ရောက်​​တော့ရပ်သွားတယ်ထိုင်ဘို့နေရာ.....မဖြစ်​​ချေတော့ဘူး....မော့ကြည့် ခုမှတွေ့တဲ့ပုံနဲ့...အော်..ဆရာမတို့..လာထိုင်ပါလားခဗျ ဒီမှာနေရာလွတ်ပါတယ်.......ခဏစဉ်းစားသလိုလုပ်ပြီး...
.ဟုတ်ကဲ့ဒါဆိုဒီမှာဘဲထိုင်မယ်​​နော်...
အိုင်....အဲ..ဆရာမတို့တခုခုသုံးဆောင်ကြပါအုံး
 ဒါက ဖော်မြူလာကွက်။ အိုင်ဗီ လို့ရင်းရင်းနှီးနှီးခေါ်မယ်လုပ်ပြီးမှ အားနာလို့ ဆရာမဆိုပြီးပြောင်ခေါ်တယ်​​ပေါ့နော.....
လှစ်ကနဲ ပြုံးလိုက်တယ်
ရပါတယ်ရှင့် အိုင်ဗီလို့လည်ခေါ်လို့ရပါတယ်...
ပြောပုံက ငြိမ်တယ်...ရှက်ကိုးရှက်ကန်းနဲ့အိုဗာလည်းဖြစ်နေဘူး...
အဲ့ဒါနဲ့ပေါ့လေ...အချိန်တိုအတွင်း ရင်းနှီးသွားခဲ့တယ်...သူက သိန်ခွန်းရွာသူ..အပျိုချောပေါတယ်လို့နံမယ်ကြီးတဲ့ရွာကဘဲ...မောတောင်နယ်စပ်ထိုင်းရွာကလည်းသိန်ခွန်းဘဲ...ရှမ်းသိန်ခွန်းလို့ခေါ်ကြတယ်...သွေးနှောကြလို့ထင်တယ်..အသားအရည်က ထိုင်းမလေးတွေနဲ့ဆင်တာ..စကားဖောင်ဖွဲ့ကြတော့လည်း..စစ်သားတို့ထုံးစံအတိုင်း ကိုယ့်အကြောင်းကြ လိမ်သင့်တန်လိမ်ညာသင့်တန်ညာ.....သူအကြောင်းကြတော့ အရည်ညှစ်ယူရတာပေါ့....ဒါနဲ့ ဘယ်​​နေ့ခရီးဆက်မလဲမေးတော့...သတိ..သတိ.....ဟန်မပျက်ဘဲ မနက်ဖြန်မနက် breakfast စားပြီးထွက်မယ်​​ပေါ့။ ၀ိုင်းရှင်တော့ ကျနော်လုရှင်းလိုက်တယ်...ဒီတော့...မနက်ကျရင် သူတို့အလှည့်ဖြစ်ရဘို့သဘောတူရပြန်တာပေါ့.......တနင်္သာရီမြို့ကိုလည်းတစ်လ တစ်​​ခေါက်ဆင်းဖြစ်ပါတယ် ဆိုတဲ့အပိုင်းလည်ရောက်​​ရော...ဘီယာနဲနဲသီးသွားတယ်...

ဒါပေသည့် စစ်​​ရေးသတိအမြဲရှိသူမို့..ambushed မမိလိုက်ပါဘူး.......နုတ်ဆက်လမ်းခွဲကြတယ်...မနက်၇နာရီbreakfast စားမည်နဲ့နိဂုံးချုပ်လိုက်တယ်
 ဒီလိုနဲ့....ဒီလိုနဲ့ပေါ့လေ...ခုချိန်ဆို ငွေလမင်
တစ်​​ယောက်...သူဂရုစိုက်ပြင်ဆင်ထားတဲ့စားစရာတွေကြည့်ပြီး...ဘာတွေများတွေးနေမလဲ?????




တကယ်​​တော့ကွယ် စစ်သားဆိုတာ စိတ်ကိုအလိုလိုက်လို့မရပါဘူး.....
အထူးသဖြင့် အဲ့ဒီစစ်သားဟာ အိမ်​​ထောင်ရှင်တစ်​​ယောက်ဆိုရင်​​ပေါ့................အတွေးကောင်နေတုန်း....ကားတွေဝင်လာသံကြာရတယ်...မောတောင် ဆီအုံးခြံကကားတွေလေ.......အိပ်ယာကထပြီး equipment ပတ်လိုက်တယ်
ခရီးဆက်ရဦးမယ်​​လေ....