Saturday, June 24, 2017

စစ်မြေစခန်းဆီက လွမ်းမရတဲ့ လမင်းရေ - ဖေယျာမြင့်




ကုန်းဆင်းက ခပ်​​ပြေ​ပြေ​လေးမို့ ခပ်​သွက်​သွက်​လှမ်းလိုက်​သည်​။
ရေစီးသံတ​ဝေါ​ဝေါကြားရပြီးမကြာခင်​ အမှတ်​(၉)တံတားကြီးကိုလှမ်း​တွေ့လိုက်​ရသည်​။ရင်​ထဲမှအပူတို့အထိုက်​အ​လျောက်​​တော့​လျော့သွားခဲ့ရ၊ ဒါ​ပေမယ့်​ သတိ...သတိဆိုတာလွတ်​ကင်းလို့မရ။ တံတားတစ်​ဘက်​​ရောက်​​တော့ ​ချောင်းစပ်​ကိုဆင်းတဲ့လမ်း​လေးကိုဂရုတစိုက်​​လေ့လာရင်း ​ရေစပ်​က​ကျောက်​တုံး​လေး​ပေါ်မှာ ပယ်​ပယ်​နယ်​နယ်​ထိုင်​လို့ ဖိနပ်​ကြိုး​တွေဖြည်​လိုက်​သည်​။
တစ်​ညလုံးမမြင်​မကန်းနဲ့ ဗွက်​တန်း​တွေ​လျောက်​ခဲ့​တော့ ​ခြေအိပ်​ထဲမှာ ရွံ့​တွေ သဲ​တွေနဲ့ ​ခြေဖ၀ါး​တွေကနူးအိ​ပေါက်​ပြဲ​နေပြီ​လေ...
နောက်​ပိတ်​တပ်​စိတ်​မှူး တံတားဖြတ်​ပြီ...
"စုံပြီလား​ဟေ့"
"စုံပြီခင်​ဗျ"....
"အို​ကေ..ခဏနား ပြီးရင်​ဆက်​ထွက်​မယ်​..​ရှေ့မှာရွာဝင်​ပြီ။"
 ငါးမိနစ်​​လောက်​ဆက်​​လျောက်​လိုက်​​တော့ လမ်း​ဘေးဝဲယာတစ်​​လျောက်​ စစ်​သည်​​တွေ အသင့်​​နေရာယူထားရင်းနား​နေကြသည်​။ ခလရ....က 2Ic ​ခေတ္တရင်းမှူးနဲ့ ခလရ.....က ယာယီရင်းမှူးတို့နှစ်​​ယောက်​ ပြုံးစိစိဖြင့်​လှမ်း​ခေါ်သည်​...
"လာ..အ​မြောက်​ကြီး​ရေ..ဘယ့်​နှယ်​လဲ..​ရှေ့မှာကားစီးလို့ရပါပြီဗျား...စိတ်​ချရပါပြီ..ဟားဟား"
"နာ့အလှည့်​ကြ နာညိုးချည်းဘဲ ဆိုတာလို​ပေါ့..
ခင်ဗျားတို့နဲ့တွေမှဘဲအကွက်ဆန်းချည်ဘဲ..ခင်ဗျားစစ်ကြောင်းနဲ့အကြုံလိုက်မိတာကိုကမှားတာဘဲ...ဘယ့်​နှယ်​..ည တစ်​နာရီထဲကဆွဲလိုက်တာခု မနက်​ကိုးနာရီဗျ...ရဲ​ဘော်​​တွေဒရွတ်​ဆွဲချင်​​နေပြီ"
"​အေးဗျာ ခုလိုမလုပ်​ရင်​ ပိုပင်​ပမ်းမယ်​..အ​လျော်​အစားပါရှိသွားနိုင်​လို့ဗျို့...ဒါလည်းတို့သုံး​ယောက်​တိုင်​ပင်​ပြီး သ​ဘောတူလို့လုပ်​တာ​နော်​..ဘူ့မှပြန်​မ​ပြော​ကြေး..ဟီးဟီး.." စစ်​​ကြောင်းမှူးတာဝန်​ယူထားတဲ့ 2Ic က ရီ​ပြော​ပြော၏။
ကဲ..ပွိုင့်​တပ်​စု ရွာထဲ ရှင်းပြီ​ပြောတယ်​ လစ်​ကြရ​အောင်​..ရွာ​ရောက်​မှနား​တော့ဗျို့........

သူကြီးအိမ်​က ကုန်​စုံဆိုင်​နဲ့လက်​ဘက်​ရည်​ဆိုင်​​လေးတွဲဖွင့်​ထာသည်​၊ သူကြီးက​တော့ စစ်​​ကြောင်းကို​နေရာထိုင်​ခင်းလုပ်​​ပေး​နေလို့ပြန်​မ​ရောက်​​သေး..အိမ်​​ရှေ့မှာ​တော့ဘယ်​သူမှမရှိ..​နောက်​မှာထင်​သည်​။
"ဧည့်​သည်​လာတယ်​...ဧည့်​သည်​လာတယ်​ "
...အဲ ​မော့ကြည့်​​တော့ ချိတ်​ထားတဲ့​လှောင်​အိမ်​ထဲမှာ...သာလိကာ​လေး....အ​တော်​ပီသည်​..
မ​တွေ့ရင်​လူ​ပြောတယ်​ဘဲထင်​မှာဘဲ။
"​ကော်​ဖီ​သောက်​အုံးမလား.."....
ဟ..အ​တော်​လာတဲ့​ကောင်​ဘဲ..အားလုံးဝိုင်းကြည့်​​နေတုန်း သူကြီးက​တော်​ထွက်​လာ၏..
"သား​ရေ..ဘသိန်းဘယ်​သွားလဲ"...သူကြီးနံမယ်​က ကိုဘသိန်း။
" ဘသိန်းအရက်​သွား​သောက်​တယ်​"...၀ါးကနဲ
အားလုံးဝိုင်းရီမိ​တော့ ဘသိန်းအရက်​သွား​သောက်​တယ်​ဘဲ ထပ်​ခါထပ်​ခါ....သူကြီးက​တော်​က ထပ်​ပြီး......နားညည်းလိုက်​တာသားရယ်​..သူချင်းဆိုပြအုံး....ဆို​တော...အသံဩ ကြီးနဲ့..
"ချစ်​ခြင်းကိုမခွဲပါနဲ့..." ဆိုပြီးလုပ်​​ရော။
...အသံ​ကောင်း​ကောင်းဆိုပါသားရဲ..ဆို​တော့မှ
အသံစူးစူး​လေးနဲ့ ချစ်​ခြင်းကိုမခွဲပါနဲ့ လုပ်​တယ်​..
အံ့​ရော...မခိုင်​သာကြားရင်​ဘယ်​လို​နေမယ်​မသိ

ဝိုင်းရီ​နေတုန်း လမ်း​ပေါ်ဖြတ်​​လျောက်​သွားတဲ့က​လေးမ​လေး​တွေလည်း​တွေ့​ရော..
"​ဆော်​​တွေရမ်း​ချောတယ်​..."​ပြော​နေတာမပြီး​တော့ဘူး..
တကယ်​..တခါမှဒီ​လောက်​တတ်​တာမ​တွေ့ဘူးပါ........
 .
ခဏ​နေတော့ သူကြီး​ရောက်​လာ...လိုအပ်​တဲ့စကား​လေးဘာ​လေး​ပြောဆိုပြီး အိမ်​ရှင်​အလိုက်​တသိခင်း​ပေးထားတဲ့အိပ်​ယာ​ပေါ် ​ကျောဆန့်​လိုက်​သည်​...အိပ်​လို့ကားမရ..မျက်​စိ​ကြောင်​​နေပြီ
အင်း..အ​တော်​အသုံးတဲ့တဲ့​ဆေးဘဲ..တညလုံးမမြင်​မကန်းနဲ့ စစ်​​ကြောင်းတစ်​​ကြောင်းလုံး တစ်​​ယောက်​​ကျောပိုးအိပ်​တစ်​​ယောက်​စမ်းပြီးဗွက်​​တောထဲမှာ night move ဆွဲတာ..ရဲ​ဘော်​​တွေ တဖုန်းဖုန်းလဲလို့ရယ်​.....ပွဲဒီ​လောက်​ပျက်​​နေတာ တပ်​မှူးသုံး​ယောက်​ကစူပါမန်း​တွေကြ​နေ​ရော..​ရှေ့ ​နောက်​ အလယ်​ပတ်​ပြီးထိန်း​နေရတာ..တချက်​မှမလဲဘူး.......​မှောင်​တာမှ ကိုယ့်​လက်​၀ါး​တောင်​မမြင်​ရ...
 တွေးရင်းပြုံးလိုက်​မိသည်​...ဟို​ကောင်​(တစ်​ဘက်​ရန်​သူ)​တွေ ​ဒေါကန်​လို့ ​ဆွေ့​ဆွေ့ခုန်​​နေမှာ
မြင်​​ယောင်​​သေး၏။ ဒီလိုပါဘဲ..စစ်​တို့၏သ​ဘော...ဥာဏ်​သာတဲ့သူက လှည့်​စားနိုင်​သူက တစ်​ကွက်​သာစမြဲ​လေ...



ဖြစ်​ပုံကဒီလိုပါ....
လွန်​ခဲ့တဲ့ငါးရက်​က တပ်​မဋ္ဌာနချုပ်​ကညွှန်​ကြားချက်​....​မော​တောင်​ သို့ ခလရ....စစ်​​ကြောင်းကြုံရှိသည်​။ ၎င်းစစ်​​ကြောင်းဖြင့်​အကြုံဖြင့်​ ​မော​တောင်​အ​မြောက်​စခန်းအားလိုက်​ပါစစ်​​ဆေးရန် ဒီ​တော့လည်း..ပြင်​ရပြီ​ပေါ့..​ပေါ့​ပေါ့ပါးပါးဘဲ..လုံခြုံ​ရေးနဲ့အကူအတွက်​ စစ်​သည်​၄​ယောက်​ပဲ​ခေါ်သွားမယ်​..ရန်​သူ့သတင်းလည်း​ပေါ်​နေတယ်​..လမ်းသုံးလို့မရဘူး..ပြီးခဲ့တဲ့ရက်​ကဘဲ ဆွဲမိုင်းဖြစ်​စဉ်​​ကြောင့်​အနုတ်​-၂ ဖြစ်​ထားတယ်​​လေ....တောချည်းတိုးရမှာသ​ဘော​ပေါက်​ပြီးသား.....ထင်​တဲ့အတိုင်းပါ...လမ်းလုံးဝမသုံးဘဲ ​တောသက်​သက်​ကိုတိုးလိုက်​တာ ပထမည..​တောထဲဘဲ ပုခက်​ဆွဲပြီးဖြုတ်​​တောထဲ...မိုး​ရေထဲမိုးလင်းခဲ။ ဒုတိယည...တစ်နေကုန်ဝါးတောထဲတိုးလိုက်တာ..ညကိုးနာရီထိုးတဲ့အထိ halt ဘို့​နေရာ
မရ..တစ်​စု​တောင်​ ဖြန့်​မရလို့ တိုးရင်းတိုးရင်းနဲ့ပွိုင့်​တပ်​စုက သိန်​ခွန်း​ချောင်းကြီးကို ​မှောင်​ထဲမှာ
ပြန့်​ ထင်​ပြီးကပ်​သွား​တော့ ဂန့်​ပြီ​ပေါ့..တစ်​ညလုံး ​ချောင်​ကမ်းပါးယံမှာ ​မျောက်​​တွေလိုတွယ်​ကပ်​ အိပ်​လိုက်​ရတယ်​ ထမင်းကလည်းချက်​ဘို့မီး​မွှေးရအုံးမှာ...မီး​ရောင်​ကို ဟိုဘက်​ကမ်းကသာ လှမ်းအုပ်​ရင်​...အင်း မသာဘယ်​​ဈေးလဲဘဲနောက်​ဆုံး​တော့ တပည့်​​တွေလမ်းမှာစွန့်​စွန့်​စားစားခူးလာတဲ့ ခရမ်းကြွပ်​သီးကြီး​တွေကိုငါးပိနဲ့​ရောဝါးလိုက်​ရတယ်​...ချိုလိုက်​တာ.....

ကိုယ့်​မစ်​ရှင်​က စခန်းစစ်​ဘို့...​ခြေလျင်​ကလည်းခလရ....ရင်းမှူးနှစ်​​ယောက်​တာဝန်​ချိန်းတာကို
လုံခြုံ​ရေးလုပ်​ပြီးလိုက်​ပို့တာ​လေ...အဓိကကဘာမှမဖြစ်​ဘဲ​ရောက်​သွားဘို့ပါဘဲ...ရန်​သူကလည်းသတင်းရထား​တော့ သဲကြီးမဲကြီးကို လိုက်​​နေတာ..ကိုယ်​​တွေလဲသတင်းမ​ပေါက်​​အောင်​လို့တောထဲမှာဘယ်​သူ​တွေ့​တွေ့ အပါ​ခေါ်ရတာဘဲထားခဲ့လို့ အဲ့ဒီရွာသား ရွာထဲ​ရောက်​တာနဲ့ ကိုယ့်​သွား​နေတဲ့လမ်း​ကြောင်းက​ပေါ်ပြီ​လေ......စောင့်​တွယ်​ခံရပြီဘဲ...ဒီ​တော့ အနဲဆုံးခရီးတစ်​​ထောက်​​လောက်​ထိ​ခေါ်သွားပြီးမှပြန်​လွှတ်​ရတယ်​...မတတ်​နိုင်​ပါပြီ..ရန်​သူဆိုတာ ဂျိုမပါ....

နောက်​​နေ့မနက်​​ကြည့်​လိုက်​တော့ ၀ါးလုံးထိုးစီး​နေတဲ့သိန်​ခွန်း​ချောင်းကြီးက ကိုယ့်​ဖင်​နဲ့ကပ်​​နေပြီ....စိတ်​​လေတယ်​...​ဖောင်​နဲ့ကူးမှရမှာ​လေ..တစ်​လမ်းလုံးတိုးခဲ့တဲ့ ​သောက်​၀ါးပင်​ကလည်းခုကြမှ အနားမှာတစ်​ပင်​မှမရှိ...အံမယ်​..ဟိုဘက်​ကမ်းမှာချည့်​အခန့်​သားဗျား...တတ်​နိုင်​ဘူး...လူချည်းလက်​ပစ်​ကူး...ဟိုဘက်​မှာ​ဖောင်​ဖွဲ့ ဒီဘက်​ပြန်​ထိုး..ကြိုးသွယ်​...ကူးရသ​ပေါ့..​ချောင်းကူးတာတစ်​​နေ့ကုန်​ကြာ၏ ။ကြိမ်​​ချောင်း..သဲဖြူ ​ရောက်​​တော့မိုးချုပ်​ပြီ.....

သဲဖြူဘုန်းကြီး​ကျောင်းမှာဘဲ ပတ်​လည်​လုံခြုံ​ရေးယူပြီး စခန်းချခဲ့ရတယ်​..ဘုန်းဘုန်း​တော့မရှိပါ ခရီးသွား​နေတယ်​သိရသည်​။ မနက်​ကျ​တော​တွေ့ရပြီ..... ဘုန်းဘုန်းနဲ့​တွေ့​တော့....အင်း..ဒါကာကြီးတို့ အံ့ဩစရာဘဲ..ဘုန်းကြီးသတင်းလုံးဝမရဘူး....တဲ့ဗျာ....ဘုန်းကြီးဆီမှာဘဲ တစ်​ရက်​နှစ်​ရက်​ နားကြပါအုံး​လေ...တဲ့..တစ်​​ယောက်​နဲ့တ​ယောက်​ မျက်​စပစ်​မိတယ်​..ဘုန်းကြီးက​တော့ တား​နေပြီ...​သေခြာတယ်​ရှေ့ ​မော​တောင်​ငယ်​ မှာထူး​နေပြီ.....အလိုက်​သင့်​ဘဲ ....
တင့်​ပါ့ဘုရား..ဒီညဒီမှာဘဲအိပ်​ပါမည်​ဟု.....

တပ်​မှူးသုံး​ယောက်​ ​ခေါင်းချင်းဆိုင်​ရပြီ...တိုင်းကလည်း မနက်​ဖြန်​မနက်​ ​မော​တောင်​ငယ်​ကိုကွင်း​ရှောင်​ပြီး​တောတိုးသွားဘို့ညွှန်​ကြားနေပြီ...​တောတိုးရရင်​လည်း လုံးဝမ​ချောင်​...တစ်​ဘက်​မှာ သိန်​ခွန်း​ချောင်းကြီးနဲ့ကြိမ်​​တောကြီး တစ်​ဘက်​မှာ​တောင်​ကပါး​စောက်​နဲ့ဝါး​တောကြီး....တ​နေကုန်​တိုး​တောင်​ ဂရစ်​ကွက်​တစ်​ကွက်​ (ကိုက်တစ်​​ထောင်​) ပေါက်​မည်​မဟုတ်​မော​တောင်​ငယ်​​တောင်​ကြားသာလမ်းရှိသည်​။
ခြုံခိုဘို့​နေရာ​ကောင်း....ဒါ့​ကြောင့်​ဒီ​ကောင်​​တွေအပိုင်​​စောင့်​တာ။
ကဲ...တိုင်​ပင်​လိုက်​​တော့ "လမ်းအတိုင်းဘဲသွားမယ်​...ဒါ​ပေမယ့်​....ညသန်း​ခေါင်​မှသွားမယ်"။.......
ဒီသတင်း ဒီသုံး​ယောက်​ဘဲသိသည်​။ စစ်​သည်​အားလုံကိုလည်း မနက်​ဖြန်​မနက်​ ၇နာရီထွက်​မည်​...ဟု။ လမ်းပြကိုလည်းဒီတိုင်း​ပြော။ ရွာထဲကဆိုင်​မှာ​တောင်​ တပ်​မှူး​တွေအတွက်​breakfastကြိုမှာထားပြီးပြီ...
အဲ့ဒီညက ကျ​နော်​တို့သုံး​ယောက်​လုံးဝမအိပ်​လိုက်​...စစ်​သည်​​တွေကို​စော​စောစားခိုင်းပြီးအိပ်​ခိုင်းလိုက်​သည်​...ကျ​နော်​တို့သုံး​ယောက်​က​တော့ခေါင်းခြင်းဆိုင်​လို့....​ရေသန့်​ဘူးတစ်​ဘူးနဲ့ အလုပ်​ရှုပ်​​နေ​ရော။ည၁၂နာရီထိုးမှ ရဲ​ဘော်​​တွေအသာနိုး..မီးလုံးဝမထွန်း အသံလုံးဝမထွက်​ဘဲပစ္စည်းသိမ်းပြီး တစ်​​ယောက်​ခါးတစ်​​ယောက်​ကိုင်​...ငါ့​ရှေ့ကဘယ်​သူ...ငါ့​နောက်​ကဘယ်​သူလဲမှတ်​....အ​မှောင်​ထဲမှာတစ်​​ရွေ့​ရွေ.......​မော​တောင်​ငယ်​ရောက်​မှ အ​ရေးထဲ ​ချေးပါခွင့်​​တောင်းတဲ့​ကောင်​ကရှိ​သေး....လမ်း​ဘေးမှာငြိမ်​ကုတ်​ထိုင်​ပြီး ​ချေးပါတဲ့​ကောင်​ကို​မေတ္တာပို့ရတယ်​။

အင်း.......ခုချိန်​ဆို မနက်​မိုးလင်း တစ်​​ယောက်​မှမရှိ​တော့တာ​တွေ့ပြီး​ခေါင်းစား​နေ​လောက်​​ရော​ပေါ့......ဆိုင်​ကလည်း ​​ငွေ ရှင်းပြီးသားထမင်း​ကြော်​ပွဲ​တွေနဲ့ .....အဲ.......ထမင်း​ကြော်​.....ဆို​တော့ ရင်​ထဲမှာ ​နွေးကနဲ....တစ်​မျိုး​လေးဖြစ်​သွားတယ်​..................စားချင်​လို့မဟုတ်​ပါ..ခုထိ​တောင်​ဗိုက်​မဆာ​သေး.."၀ါးရုံပင်​ကြားက ​ငွေလမင်း"......အဲ့ဒီကိစ္စပါ....ထမင်း​ကြော်​နဲ့ ၀ါးရုံပင်​ကြားက လနဲ့ ဘာဆိုင်​လို့တုန်းလို့ထင်​လိမ့်​မယ်​....ဆိုင်​ပါတယ်

လမ်းမှာအအိပ်​ပျက်​၊အစားပျက်​လာလို့ ထမင်းစားပြီး​တော့တစ်​​ရေးအိပ်​လိုက်​တာ ည​နေ​စောင်းမှဘဲနိုး​တော့သည်​။အိပ်​​ရေးဝသွား​တော့ လူကလည်း လန်းဆန်းလာသည်​..​ကောင်းတယ်​ ဒါမှ ညကြလမ်း​လျောက်​ရင်​အဆင်​​ပြေမှာ.....ရေချိုး အ၀တ်​အစားလဲပြီး​တော့ ​ကျောင်း​ပေါ်ကဆင်းခဲ့တယ်​...​ကျောင်းဝင်းကအ​တော်​ကျယ်​သည်​။သီးပင်​စားပင်​​တွေနဲ့....



ကားလမ်းမှာ​တော့ ဆိုင်​ကယ်​​တွေအုပ်​စုဖွဲ့ပြီးပန်းစည်းကြီး​တွေတင်​လို့....တနင်္သာရီမြို့အထိ
မောင်းမယ်​ထင်​သည်​....အ​ဝေးမှာ​တော့ စိမ်းညို့​နေသည့်​​တောင်​တန်းအထပ်​ထပ်​နဲ့သစ်​​တောကြီး....သဘာဝအတိုင်းမပျက်​စီး​သေးသည့်​တော​တောင်​​ရေ​မြေ​တွေနဲ့"အပျိုစင်​​တော".(virgin forest).....ဘုန်းကြီး​ကျောင်းဝင်းထဲမှာဘဲ စာသင်​​ကျောင်း​လေး ​ဆောက်​ထားသည်​...
"အ​ခြေခံပညာမူလတန်း​ကျောင်း၊ သဲဖြူ​ကျေးရွာ"
ဆိုင်းဘုတ်​​လေးဖတ်​ရင်း စပ်​စုချင်​လာလို့ ​ကျောင်းထဲဝင်​ခဲ့မိသည်​....သပ်​သပ်​ရပ်​ရပ်​ဘဲ...စာသင်​ခုံ​တွေလည်းစံနစ်​ကျတယ်​..​ကျောင်းသား၅၀​လောက်​ဆန့်​မယ်​ထင်​တယ်​...အတန်းတစ်​ခုနဲ့တစ်​ခုကို​တော့ သုံးထပ်​သား ပါ​တေးရှင်း​လေးနဲ့ကာထားတယ်​....ဆရာစာရင်းကိုကြည့်​​တော့၎​ယောက်​...မဆိုးပါဘူး..ဆရာ​တော်​​ပြောတာ​တော့ ဆရာ​တွေလစာရိက္ခာ ကိုဆရာ​တော်​စီစဉ်​​ပေးထားတာလို့သိရတယ်​...အင်း..ဒီလို​ဒေသမျိုးက က​လေးငယ်​​တွေသနားစရာ...လာပြီးသင်​​ပေးတဲ့ဆရာဆရာမ​တွေလည်း ​လေးစားစရာပါဘဲ...blackboard ​ရှေ့ရပ်​ရင်း ဟို​တွေးဒီ​တွေးနဲ့​မြေဖြူခဲ​လေးတစ်​ခဲ​တွေ့တာနဲ့ အမှတ်​မထင်​ ကဗျာ​လေးတစ်​ပုဒ်​​ကောက်​​ရေးမိတယ်​....

"ပန်းက​လေးများပွင့်​​တော့မည်
ဖူးတံဝင့်​လို့ချီ
နေခြည်​မှာ​ရွှေရည်​​လောင်း
ငါတို့စာသင်​​ကျောင်း"
ကိုယ်​ဘာသာပြန်​ဖတ်​ရင်းပြုံးမိသည်​...
အဲ..စိတ်​ထဲမှာ...အလိုလိုသိလိုက်​တယ်​..ကိုယ့်​​နောက်​မှာ တစ်​​ယောက်​​ယောက်​ ​ရောက်​​နေပြီ....
ဆဋ္ဌမအာရုံ​ခေါ်မလား..ဘာလား...ဖြတ်​ကနဲလှည့်​ကြည့်​မိ​တော့.......................

အ​လေ့အကျင့်​အရ တစ်​ခုခုကိုကြည့်​လိုက်​တာနဲ့သရုပ်​ခွဲပြီးပြီ...သုံးသပ်​ချက်​ပါ ပါပြီးသား.....
အရပ်​မနိမ့်​မမြင့်​..ကိုယ်​​နေဟန်​သွယ်​လျသည်​ရင်​​စေ့အဖြူ လက်​ပြတ်​နှင့်​​ရေညှိစိမ်း​ရောင်​​ပြောင်​လုံချည်​ကိုဝတ်​ဆင်​ထားသည်​ဖြန့်​ချထားသည့်​ဆံနွယ်​တို့က ဒူး​ခေါက်​ခွက်​နားထိ၊ဖြူသည်​ဆိုတာထက်​ ၀င်းဝါ​သောအသားအရည်​ အလွန်​ကြည်​လင်​သည့်​အသားအရည်​မျက်​နှာမှာဘာမှမလိမ်းချယ်​ထား...သို့​သော်​ နက်​​မှောင်​သည့်​ဆံနွယ်​များကြားမှ ၀င်းဝါ​နေ သည့်​မျက်​နှာကျက သွယ်​သည့်​ဘက်​ကိုပါသည်​အထူးခြားဆုံးက ​တောက်​ပသည့်​မျက်​၀န်းတစ်​စုံ၊ ​မေး​စေ့​ထောင့်​က ထင်း​နေသည့်​မှဲ့နက်​​လေး။ပြန်​စုစည်းလိုက်​​တော့....အရိုင်းဆန်​ဆန်​ဖြန့်​ချထား​သောဆံနွယ်​များကြားက ​ပြေပြစ်​တဲ့​ကောက်​​ကြောင်းများနဲ့​ဘောင်​ခတ်​ထားတဲ့မျက်​နှာဝါ​လေးသည်​...

"၀ါးပင်​ပျို​တွေကြားက လှမ်း​တွေ့လိုက်​ရတဲ့...​ပေါ်ထွက်​ကာစ ​ငွေလမင်း"

စက္ကန့်​ပိုင်း​လေးအတွင်း သုံးသပ်​အ​ဖြေထုတ်​တာမြန်​လှချည့်​ရဲ့လို့မထင်​ပါနဲ့...ကျ​နော်​​တော်​လို့မဟုတ်​...သူ့အလှကသာထူးခြား​လေးနက်​​နေတာပါလေ......တစ်​​ယောက်​နဲ့တစ်​​ယောက်​ ဘာ​ပြောရမယ်​မသိကြောင်​အမ်းအမ်းဖြစ်​​နေတဲ့အ​ခြေအ​နေကို..ထိန်းမှရမယ်​​လေ.....ဟို..ကျ​နော်​ ဗိုလ်​မှူးမျိုးသန့်​ဦးပါခင်​ဗျ...အမှတ်​မထင်​ ​ကျောင်းထဲဝင်​ကြည့်​မိတာ စိတ်​မရှိပါနဲ့​နော်​....စာ​ရေးမိတာ​ရော​ပေါ့...
...ဟုတ်​..ရပါတယ်​ဗိုလ်​မှူး..ကျမက ဒီကမူလတန်းပြဆရာမပါ..Ivy လို့​ခေါ်ပါတယ်​ရှင်​....
အသံကတိုး​ပေမယ့်​ ကြည်​လင်​ပါသည်​..မသိမသာ ရှတတ​လေး ...
အော်​..ထိုင်​ပါအုံးရှင့်​ ကျမဘာအကူညီ​ပေးရမလဲရှင့်​...ကျမက တံခါးပွင့်​​နေလို့ လာပိတ်​တာ
ဗိုလ်​မှူးစာ​ရေး​နေတာ​တွေ့​တော့ ဘာ​ပြောရမယ်​မသိဘဲ ရပ်​ကြည့်​​နေမိတာ..​ဆောရီးပါ​နော်​...
ရတယ်​ဆရာမ လမ်း​လျောက်​ရင်းဝင်​ကြည့်​မိတာပါ..သွားလိုက်​အုံးမယ်​..ခွင့်​ပြုပါအုံး....
ပြုံးပြနုတ်​ဆက်​ပြီထွက်​ခဲ့ပါသည်​...အ​တွေး​တွေလည်းတန်းလန်းတန်းလန်းနဲ့​ပေါ့....ဒီ​လောက်​လှတဲ့မိန်းက​လေး......​တောထဲ​တောင်​ထဲမှာ....။ဘုန်းကြီး​ကျောင်းဝင်းအ၀နဲ့ဒါးလွယ်​ခုတ်​မှာဘဲစား​သောက်​ဆိုင်​​လေးတစ်​ဆိုင်​​တွေ့​တော့ဝင်​ထိုင်​လိုက်​သည်​၊ စစ်​သည်​အချို့ထိုင်​​နေရာက ထပြီး..... ဗိုလ်​မှူး ဒီမှာထိုင်​ပါခင်​ဗျ.......​နေ​နေ..ထိုင်​ကြပါ...ရပြီ ဒီအပြင်​ခုံဘဲထိုင်​​တော့မယ်​.....ဆိုင်​ရှင်​​ရောက်​လာပြီး...ဘာမှာမလဲ​မေး​တော့
SINGHA ရရင်​တစ်​ဗူး​လောက်​ဗျာ.....ဆို​တော့

ပုလင်းရတယ်​ဗျ...ပို​သောက်​​ကောင်းတယ်​ဆိုတာနဲ့ တစ်​ပုလင်းမှာလိုက်​သည်​...အားပါးအေးစက်​​နေတာဘဲ...​တောထဲမှာလည်း​ရေခဲမပြတ်​ရပုံဘဲ....ဒါနဲ့ဆိုင်​​ဘေးမှာ ကမ်း​ဇော်​​စေ့​တွေကို လက်​ဆုံကြီးနဲ့​ထောင်း​နေတာ​တွေ့​တော့..ဆိုင်​ရှင်​နဲ့စပ်​စု ရင်း ​လေ​ဖောရင်းနဲ့ဆင်းဂါး၂ပုလင်းကုန်​တဲ့အချိန်​မှာ...ကမ်း​ဇော်​ဆီစစ်​စစ်​ တစိပုလင်း..လက်​​ဆောင်​ရလိုက်​ပါပြီ.....တက္ကသိုလ်​​ကျောင်းသားဘ၀ထဲက ​ဖောတဲ့​နေရာမှာ ​လေးနှစ်​ဆက်​ချန်​ပီယံဘွဲ့ရထားတာ...​အေး​ဆေးဘဲ။ဟော..လာ​နေပြီ...လမင်းကိုကြယ်​နှစ်​ပွင့်​ခြံရံလို့ရယ်​..လမ်း​လျောက်​ထွက်​လာတယ်​ထင့်​။မသိသလိုနဲ့ ကန်း​ဇော်​ဆီပုလင်းကြီးကိုကသိုဏ်းရှု​နေတုန်း...ဆိုင်​​ရှေ့​ရောက်​​တော့ရပ်​သွားတယ်​ထိုင်​ဘို့​နေရာ.....မဖြစ်​​ချေ​တော့ဘူး....​မော့ကြည့်​ ခုမှ​တွေ့တဲ့ပုံနဲ့...​အော်​..ဆရာမတို့..လာထိုင်​ပါလားခဗျ ဒီမှာ​နေရာလွတ်​ပါတယ်​.......ခဏစဉ်းစားသလိုလုပ်​ပြီး...
.ဟုတ်​ကဲ့ဒါဆိုဒီမှာဘဲထိုင်​မယ်​​နော်​...
အိုင်​....အဲ..ဆရာမတို့တခုခုသုံး​ဆောင်​ကြပါအုံး
 ဒါက ​ဖော်​မြူလာကွက်​။ အိုင်​ဗီ လို့ရင်းရင်းနှီးနှီး​ခေါ်မယ်​လုပ်​ပြီးမှ အားနာလို့ ဆရာမဆိုပြီး​ပြောင်း​ခေါ်တယ်​​ပေါ့​နော.....
လှစ်​ကနဲ ပြုံးလိုက်​တယ်
ရပါတယ်​ရှင့်​ အိုင်​ဗီလို့လည်း​ခေါ်လို့ရပါတယ်​...
ပြောပုံက ငြိမ်​တယ်​...ရှက်​ကိုးရှက်​ကန်းနဲ့အိုဗာလည်းဖြစ်​မ​နေဘူး...
အဲ့ဒါနဲ့​ပေါ့​လေ...အချိန်​တိုအတွင်း ရင်းနှီးသွားခဲ့တယ်​...သူက သိန်​ခွန်းရွာသူ..အပျို​ချော​ပေါတယ်​လို့နံမယ်​ကြီးတဲ့ရွာကဘဲ...​မော​တောင်​နယ်​စပ်​ထိုင်းရွာကလည်းသိန်​ခွန်းဘဲ...ရှမ်းသိန်​ခွန်းလို့​ခေါ်ကြတယ်​...​သွေး​နှောကြလို့ထင်​တယ်​..အသားအရည်​က ထိုင်းမ​လေး​တွေနဲ့ဆင်​တာ..စကား​ဖောင်​ဖွဲ့ကြ​တော့လည်း..စစ်​သားတို့ထုံးစံအတိုင်း ကိုယ့်​အ​ကြောင်းကြ လိမ်​သင့်​တန်​လိမ်​ညာသင့်​တန်​ညာ.....သူအ​ကြောင်းကြ​တော့ အရည်​ညှစ်​ယူရတာ​ပေါ့....ဒါနဲ့ ဘယ်​​နေ့ခရီးဆက်​မလဲ​မေး​တော့...သတိ..သတိ.....ဟန်​မပျက်​ဘဲ မနက်​ဖြန်​မနက်​ breakfast စားပြီးထွက်​မယ်​​ပေါ့။ ၀ိုင်းရှင်း​တော့ ကျ​နော်​လုရှင်းလိုက်​တယ်​...ဒီ​တော့...မနက်​ကျရင်​ သူတို့အလှည့်​ဖြစ်​ရဘို့သ​ဘောတူရပြန်​တာ​ပေါ့.......တနင်္သာရီမြို့ကိုလည်းတစ်​လ တစ်​​ခေါက်​ဆင်းဖြစ်​ပါတယ်​ ဆိုတဲ့အပိုင်းလည်း​ရောက်​​ရော...ဘီယာနဲနဲသီးသွားတယ်​...

ဒါ​ပေသည့်​ စစ်​​ရေးသတိအမြဲရှိသူမို့..ambushed မမိလိုက်​ပါဘူး.......နုတ်​ဆက်​လမ်းခွဲကြတယ်​...မနက်​၇နာရီbreakfast စားမည်​နဲ့နိဂုံးချုပ်​လိုက်​တယ်​။
 ဒီလိုနဲ့....ဒီလိုနဲ့​ပေါ့​လေ...ခုချိန်​ဆို ​ငွေလမင်း
တစ်​​ယောက်​...သူဂရုစိုက်​ပြင်​ဆင်​ထားတဲ့စားစရာ​တွေကြည့်​ပြီး...ဘာ​တွေများ​တွေး​နေမလဲ?????




တကယ်​​တော့ကွယ်​ စစ်​သားဆိုတာ စိတ်​ကိုအလိုလိုက်​လို့မရပါဘူး.....
အထူးသဖြင့်​ အဲ့ဒီစစ်​သားဟာ အိမ်​​ထောင်​ရှင်​တစ်​​ယောက်​ဆိုရင်​​ပေါ့................အ​တွေး​ကောင်း​နေတုန်း....ကား​တွေဝင်​လာသံကြာရတယ်​...​မော​တောင်​ ဆီအုံးခြံကကား​တွေ​လေ.......အိပ်​ယာကထပြီး equipment ပတ်​လိုက်​တယ်
ခရီးဆက်​ရဦးမယ်​​လေ....

No comments:

Post a Comment