Showing posts with label ဟာသ ရပ်ကွက်. Show all posts
Showing posts with label ဟာသ ရပ်ကွက်. Show all posts

Wednesday, May 27, 2015

ရွှေရေးထင်ထင် ၏ မဟာ့…မဟာ ဂန္တ၀င် အိပ်မက်ရှည်ကြီး

Photos of Shweyay Htin Htin

 ယခုတစ်လော အမျိုးသမီး ပိုင်းလော.တစ်ဦးပြီးနောက် Facebook တွင်( သူမ၏ ဓါတ်ပုံအချို.ကြောင်. )နာမည်ကျော်ကြားလာသော စာရေးဆရာမ ( သူမကတော. သူမကိုယ်ကို စာပေ၀ါသနာရှင်ဟု သုံးနှုံး ပါသည် ) ရွှေရေးထင်ထင် (ပေါင်းစပ်ခြင်းအနုပညာ ဓါတ်ပုံအလင်္ကာ Group Page မှာ Admin အဖြစ် ပါဝင်ပြီး ကဗျာရေးသားနေသူ တစ်ဦး လည်း ဖြစ်ပါသည် )၏ Facebook စာမျက်နှာတွင် မေလ ၂၂ ရက်နေ.က ရေးတင်ထားသော Satire တစ်ပုဒ်အား ကူးယူဖော်ပြပါသည် ။

 အကျွန်ုပ် ရွှေရေးထင်ထင် သည် လွန်ခဲ့သော နှစ်က သူငယ်ချင်းများစွာပါဝင်သည့် အိပ်မက်ရှည်ကြီးအား မြင်မက်ခဲ့ပြီနောက် ……………… ထိုကဲ့သို့ မမြင်မက်တော့ သည်မှာ ကာလ အတန်ကြာပင် ရှိခဲ့လေပြီ။

တစ်နေ့ သော်…………. အကျွန်ုပ်သည် FB ထဲတွင် " ကျွန်မက နှင်းဆီပါ မောင် " ဟူသော စကားအားပြက်ရယ်ပြုခြင်း ၊ ၅ % အခွန်ကိစ္စ အားဝိုင်းဝန်း ရှုံ့ ချခြင်း ၊ လတ်တလော ရေပန်းစားကာ ၀န်းရံခံနေရသော FB ဆယ်လီများ သတင်း…….. အစရှိသော Post များအား ဖတ်နေချိန်တွင် သူငယ်ချင်း ၁ဦးက Screen Shot ရိုက်ထားသော ပုံတစ်ပုံအား ပေးပို့ လာလေတော့သည်။

ထိတ်လန့် ဖို့ ကောင်းလှလေစွ။ အကျွန်ုပ် အား ၀န်းရံဖို့  စီစဉ်နေကြသည် ဆိုပါတကား။ အလွန် တုံးအ လှသော အကျွန်ုပ် သည် ဤရက်ပိုင်း Friend Request များလာခြင်း ၊ Follower များလာခြင်း ၊ Chat Box ထဲတွင် ပေးပို့  သော စာတွေ မတရားများလာခြင်း ကြောင့် ဖွင့်ဖတ်မရအောင် ဖြစ်လာခြင်း………တို့  သည် ၀န်းရံခံရခြင်း ဖြစ်ကြောင်း ယခုမှပင်ရိပ်စားမိတော့၏။

ထိုကြောင့်……… ထိုနေ့ ည၌ ထိတ်လန့် ခြင်းကြီးစွာဖြင့် အိပ်ယာဝင်ရလေရာ အလွန်ထူးဆန်းသော အိပ်မက်အား မြင်မက်လေမိတော့၏။ ထိုအိပ်မက်သည်ကား………………………………………………..
***************************************************************************************
ရွှေရေးထင်ထင်
အကျွန်ုပ် သည် ၀တ္တုရှည်ကြီး တစ်ပုဒ်အား ရေးသားရန် အလို့ ငှာ ဇာတ်ကွက် စဉ်းစားနေစဉ် ၀ုန်းခနဲ အိမ်တံခါးပွင့်လာ၏။ ၀င်လာကြသည်က အနောက်တိုင်း အနက်ရောင် Suit များ ကျနစွာ ၀တ်ဆင်ထားပြီး နေကာမျက်မှန် အနက်များတပ်ဆင်ထားသော လူ၃ယောက် ……… ။ ထိုသူတို့ ၏ ခက်ထန်မာကြော တိကျပြတ်သားလှသော အသွင်သဏ္ဍာန်သည် အနောက်တိုင်း ရုပ်ရှင်ကားများထဲမှ FBI , CIA တို့ နှင့် အလားတူလှပေစွ။ ထိုသူတို့ က အကျွန်ုပ်အား ချိုင်းမှ တဖက်တချက် မကာ အိမ်ထဲမှ ဆွဲထုတ်လေတော့သည်။
အကျွန်ုပ်လည်း ကြောက်လန့် တကြီးဖြင့် အကျိုးအကြောင်းမေးရာ
" တိတ်စမ်း !!! ရုံးရောက်ရင် အားလုံးသိရမယ် " ဟု မာန်မဲလေတော့သည်။ ထိုလူများသည် ကျွန်ုပ်အား BMW ကားတစ်စီးထဲသို့  အတင်းအကြပ် တင်လိုက်ကြပေ၏။

Oh….My God
ကားထဲရောက်မှ ပို၍ အံ့သြရပေတကား။ ကားထဲတွင် လတ်တလောရေပန်းစား နာမည်ကြီးနေသော FB ဆယ်လီကြီး Thakhin Pilotcaptdaonenine ရှိနေလေသည်။ ထို Pilot ဆယ်လီကြီးက
" ညီမလေး ဘာမှ မလန့် နဲ့ ……ဆွေးနွေးစရာရှိလို့  အကို တို့ ကို သူ့ တို့ ဆရာက အခေါ်လွှတ်လိုက်တာ "……ဟု အားပေးစကား ပြောရှာသည်။ ထိုသို့ ရှင်းပြနေဆဲ တခဏအတွင်း မောင်းနေသော ကားက တုံ့ ခနဲ့ ရပ်သွားကာ ကျွန်ုပ်တို့ ကို ဆင်းခိုင်းလေတော့သည်။
**********************************************************************************************



ဒုတိယအကြိမ်…… Oh My God
ကျွန်ုပ် တို့ ရောက်နေသည်မှာ လွန်စွာလှပ တင့်တယ်၍ တိမ်မြူတိမ်စိုင် တွေကြား၌ တည်ရှိသော နတ်ပြည် ဖြစ်နေလေတော့သတည်း။ ရွှေရောင်တ၀င်းဝင်း နှင့် လွန်စွာလှပသော တန်ဆောင်ကြီး တစ်ခု ရှေ့ ၌လည်း လူသူအများစုရုံးနေကြ၏။

ကျွန်ုပ် က သိ၍ ကျွန်ုပ် ကိုလည်းသိသော...
ကျွန်ုပ် က သိ၍ ကျွန်ုပ် ကို မသိကြသော...
ကျွန်ုပ် က မသိသော်လည်း ကျွန်ုပ် ကို သိကြသော...
FB မှ လူများစွာ ပါရှိကြကုန်၏။ အံ့သြတကြီး နှင့် ငေးမောနေစဉ်… လက်မောင်း၌ တာဝန်ဆိုသော စာလုံးကို အနီပတ် ပတ်ထားသော နတ်သား တစ်အုပ်ထွက်လာကာ ကျွန်ုပ် နှင့် Pilot ဆယ်လီကြီး အား ဆွဲခေါ်လေတော့သည်။

( လှည်းတန်း မှာ မဟုတ်ပဲ နတ်ပြည် ဖြစ်လို့ သာ တော်သေးပေစွ )

" လာ….လာ… မင်းတို့  ၂ယောက် ပဲ နောက်ဆုံးကျန် လို့  စောင့်နေတာ.."
တန်ဆောင်း ထဲ ၀င်လာကြရာ ဆိုင်းဘုတ်များ ထောင်၍ နေရာများ ကန့် သတ်ထားခြင်းအား တွေ့ ရ၏။
သိကြားမင်း ဦးဆောင်သော တရားသူကြီးအဖွဲ့ 
FB တွင် ၀န်းရံခံရသော ဆယ်လီများ အဖွဲ့ 
ဆယ်လီများအား ၀န်းရံကြသူများ အဖွဲ့ 
ပြည်သူများအဖွဲ့ …………………..
ဟူ၍ အမျိုးမျိုး ရှိကြကာ ဘယ်အုပ်စုထဲ ၀င်ရပ်ရမည်နည်း ဟု စဉ်းစားနေဆဲတွင် တာဝန် အနီပတ်နှင့် နတ်သားတို့ က FB တွင် ၀န်းရံခံရသော ဆယ်လီများ အဖွဲ့ ထဲသို့  တွန်းထိုးထည့်သွင်းလိုက်လေတော့၏။
ထိုအဖွဲ့ ထဲတွင် ….. နာမည်ကြီး ဒါရိုက်တာများ ၊ မင်းသားများ ၊ မင်းသမီးများ ၊ အဆိုတော်များ ၊ မော်ဒယ်များ ၊ စာရေးဆရာများ ၊ Sexy ဓါတ်ပုံများဖြင့် နာမည်ကြီးသူများ ၊ အလှပဂေး Lady Boy များ ၊ ဆရာဝန်များ ၊ Pilot များစွာ ရှိနေကြလေသည်။ ထိုသူများကြားဝယ်…… စာရေးဆရာယောင်ယောင် ဘာယောင်ယောင် အကျွန်ုပ် မှာ အသာလေး ခပ်ကုပ်ကုပ် နှင့် ရပ်နေရလေတော့၏။

ထိုစဉ် နတ်သားကြီးတစ်ဦးထွက်လာ၏။
" ကျုပ်က သိကြားမင်း အိမ်တော် ရဲ့ ပြောရေးဆိုခွင့် ရှိသူပါ ….. အားလုံး စုံညီ စည်းဝေးရတာကတော့ ဖုန်းဆက်သွယ်ရေးများ အပေါ် ၅ % အခွန်ကောက်ဖို့  ကိစ္စ နှင့် ပတ်သက်လို့ ပါ…ဆက်သွယ်ရေး ကုမ္ပဏီတွေက ဒီ အခွန် ကို ပြည်သူတွေက ပေးဆောင်ရမယ် လို့ ဆုံးဖြတ်လိုက်တယ်….ဒီအခါ ပြည်သူတွေက မကျေမနပ် ဖြစ်ပြီး သိကြားမင်း ဆီ တိုင်တန်းလာပါတယ်…ဖုန်းငွေဖြည့်ရခြင်း ရဲ့  ၇၀%သော အကြောင်းရင်းက FB သုံးကြလို့ ပါတဲ့…ဒီတော့ FB သုံးသူများပဲ အခွန်ဆောင်သင့်ပါတယ်…ပုံမှန် ဖုန်းသုံးစွဲခြင်းအတွက် အခွန်မဆောင် သင့်ဘူးလို့  ငြင်းကြတယ် "

ဤ စကား ကြားတော့ FB ပရိတ်သတ် က ပွက်လောညံကုန်သည်။ စာနယ်ဇင်း သမားတွေကလည်း ပြောရေးဆိုခွင့်ရှိသူ နတ်သားကြီး နှင့် ပွဲတက် ပရိတ်သတ် အပေါင်း ကို ဓါတ်ပုံတွေ တဖျပ်ဖျပ် ရိုက်သူ ရိုက် ၊ နတ်သားကြီး ထံ recorder လေး ထိုးပေးသူ ပေး နှင့် အလုပ်ရှုပ်နေ၏။
သတင်းထောက်များအား ကြည့်လိုက်ရာ …..

တတိယအကြိမ်…… Oh My God
ကျွန်ုပ် Fri List ထဲရှိသူများတွေပါလား။ ကင်မရာ မီးရောင်တွေကြားမှ နတ်သားကြီး က ဟန်ပါပါ နှင့် ဆက်ပြော၏။
" FB သုံးသူတွေ ကို ဆန်းစစ်လိုက်တော့ ၃၀% က သတင်း၊အတင်း၊ပညာ၊လူမှုဆက်ဆံရေး အနေနဲ့ သုံးတာ ဖြစ်ပြီး ၇၀%ကတော့ ၀န်းရံခံရသူ ဆယ်လီ နဲ့  ၀န်းရံသူပရိတ်သတ် အုပ်စု ဖြစ်နေပါတယ်…ဒီတော့ အခွန်ကို ၀န်းရံသူပရိတ်သတ် ကပဲ တာဝန်ယူဆောင်ပေးဖို့ ရာ သင့်တော်ပါတယ် လို့  ဆက်သွယ်ရေး ကုမ္ပဏီ နဲ့  ပြည်သူတွေက ဆုံးဖြတ်ထားပါတယ် "


ထိုအခါတွင် ၀န်းရံသူ ပရိတ်သတ်က ဒေါသတကြီး …… တစ်ယောက်တစ်ခွန်း ထအော် လေတော့သည်။
" ကျုပ်တို့ က ၀န်းရံပေးရတယ် ဆိုတာ လွယ်တာ မှတ်လို့  … လိုင်းမကောင်းတဲ့ ကြားက ဆယ်လီတွေ နဲ့  ဆယ်လီဖြစ်လာလတ္တံ့ သူတွေ ရဲ့ ပုံတွေ ရှာဖွေ Post တင်…သူတို့ တွေရဲ့ Acc ကို စုံစမ်းလာသူတွေကို လမ်းညွှန်ပေးရသေး… Page တွေမှာ ပုံတွေ ရောက်သွားအောင်လည်း ဖြန့် ပေးရသေး…… အိုး…… လုပ်ပေးရတာတွေ နည်းသလား …… အဲဒါတွေ အားလုံးက အလကား လုပ်ရတာမှ မဟုတ်တာ… MB နဲ့ အမျှ Bill က ကုန်သေး "

" ဟုတ်ပါ့ဗျာ…… ကျုပ်တို့ ဝန်းရံ မှ သူတို့ က ဆယ်လီ ဖြစ်လာမှာ… ကျုပ်တို့ ချီးကျုးပြီး comment ပေးမှ သူတို့  ဆယ်လီ ဖြစ်တာ…အမှန်ဆို ကျုပ်တို့ က ဆယ်လီတွေကို ဖော်ထုတ်ပေးနေတဲ့သူ… ဒီတော့ အခွန်တော့ ကျုပ်တို့  မဆောင်နိုင်ဘူး "

" အေးဗျ…..ဖြစ်သင့်တာက အခုလို FB မှာ ကျုပ်တို့  အချိန်ဖြုန်းပြီး ကြည့်စရာ ပုံတွေတင်တဲ့ သူတွေကိုပဲ အခွန်ကောက်သင့်တာ…အဓိက က ဆယ်လီတွေပဲ "

ဟိုက်…ရှားပါး….လိုရင်း က ဒီလိုကိုး ။ အခွန်အတွက် အစိုးရက ဆက်သွယ်ရေး ကုမ္ပဏီ ကို လက်ညှိုးထိုး… ကုမ္ပဏီတွေက ပြည်သူတွေကို လက်ညှိုးထိုး……ပြည်သူတွေက FB သမားတွေကို လက်ညှိုးထိုး…… ထိုထဲကမှ ဆယ်လီတွေကိုပဲ ကွက်ကွက်လေး ရွေးချယ်…… အခွန်ဆောင် ဖို့ ဖိအားပေး……
ဘုရား…ဘုရား… ရှိစုမဲ့စု ပုံလေးတွေထဲက လူ့ သဘာဝ ပီပီ လှတာလေးရွေးပြီး FB တင်မိတာ အခွန်တာဝန်သည် အကျွန်ုပ် တို့ လူနည်းစု ဖက်လှည့်လာပါရော့ လား။ ၁ ဦးကို ၅% နှုန်း….. လူသန်း ၆၀ ခန့် ဆိုလျှင် မည်မျှနည်း။ ထိုပမာဏ အတွက် လက်တစ်ဆုပ်စာ ဆယ်လီလူနည်းစု က သာ တာဝန်ယူ ပေးဆောင်ရလျှင် ခက်ရချေရဲ့ ။ ဆယ်လီတွေ ထဲက တစ်ဦးက မကျေမနပ်နှင့် ထပြောတော့၏။

" ဒါ မတရားဘူး….သိကြားမင်း နဲ့ ပြောမယ် "
ထိုအခါ နတ်သားကြီး က
" သိကြားမင်း အခု ၄ဦးဆိုင် အစည်းအဝေး ထိုင်နေတယ်…မအားသေးဘူး….တော်ကြာ လာမယ် "
( လေသံက မာလိုက်သည့် ဖြစ်ခြင်း )
" ၄ ဦးဆိုင် ဆိုတော့ ဘယ်သူတွေ နဲ့ လဲ "
" သိကြားမင်း ၊ MPT ၊ Telenor ၊ Oredoo "
" ၄ဦး ဆိုင်ဆိုတာ တသီးပုဂ္ဂလ ဆန်လွန်းတယ်……ငါတို့ က ၁၂ ဦး ဆိုင် ဆွေးနွေးပွဲ ပဲ လက်ခံနိုင်မယ် "

ထိုအခါ…… ပြောရေးဆိုခွင့် နတ်သားကြီး က မှင်သေသေဖြင့်
" ရတယ်လေ……ဟေ့…အားတဲ့ ကောင်လေး ၈ ယောက်လောက် အထဲဝင်ထိုင် ပေးနေလိုက်ကြစမ်း "
ထိုအခါ တာဝန် အနီပတ် နတ်သား၈ယောက် က ဆွေးနွေးခန်း ထဲသို့ အလျှင်အမြန်ပြေးဝင်သွား၏။ ဆယ်လီတွေ ထဲမှ ထအော်သည်။

" ကျုပ်ပြောတာ … ပြည်သူ ၊ ဆယ်လီ ၊ ပရိတ်သတ် ၊ စာနယ်ဇင်းတွေထဲက ထပ်ထည့်ပေးဖို့ ပြောတာဗျ…ခင်ဗျားတို့  ကိုယ့်လူတွေကြီး နဲ့ ပဲ ပင်းပြီး ကြိတ်ဆွေးနွေးလို့ ရမလား "
ပြောရေးဆိုခွင့် ရှိသူ နတ်သားကြီး က ဖြုံတောင် မဖြုံ….မျက်နှာတောင် မော့လိုက်သေး။ စာနယ်ဇင်းသမားများဖက် ဟန်ပါပါ လှည့်ကာ
" အခုဆိုရင် သိကြားမင်းကြီးက ၁၂ ဦးဆိုင်ပွင့်ပွင့်လင်းလင်း ဆွေးနွေးပွဲကြီး လုပ်နေပါပြီ……၄ ဦးဆိုင် မဟုတ်တော့ဘူးနော်…သတင်းမှာ ပြင်ရေးပေးပါ ….သူငယ်တို့ .."
ကဲ….အကျွန်ုပ် ဘာများတတ်နိုင်အံ့…. သိကြားမင်း ထွက်အလာ စောင့်ရုံသာ ရှိတော့သည်။

သိကြားမင်း ထွက်လာလေပြီ။ ဆက်သွယ်ရေး ကုမ္ပဏီ မှ လူများခပ်ကုပ်ကုပ် နှင့် အလျှင်စလို ပြန်သွားကြသည်။ သိကြားမင်း က သက်ပြင်းရှည်ကြီး ချရင်း
" ဆွေးနွေးပွဲ ရဲ့ ရလဒ် ကတော့ တစ်နိုင်ငံလုံး ဆောင်ရမဲ့ အခွန်ပမာဏ ကို FB ဆယ်လီများက ၇၀% အထိ တာဝန်ယူ ဆောင်ပေးစေ "
ဆယ်လီတွေ ဒေါပွကုန်ကြလေပြီ။ စောဒက တက်၏။ သို့  သော်….သိကြားမင်း က သဘောထားမပြောင်း။



" မင်းတို့ ပုံတွေတင်လို့  အများက ငွေကုန်ခံ ၀န်းရံပေးရတာ…မင်းတို့ တာဝန် ရှိသပေါ့ကွယ် "
ထိုအချိန် နတ်သမီး ထဲမှ တစ်ဦး ထလာ၏။
" ကျွန်မ က သုဇိတာ ပါ…မောင် "
FB ပရိတ်သတ် ၀ါးခနဲ ပွဲကျသွား၏။

" မောင့် ကိုအမြဲ အကြံကောင်းတွေပေးလာတာပါ … ဒီနေ့  ဆွေးနွေးပွဲ ဒီလောက် နဲ့ ရပ်သင့်ပါပြီ…မောင် "
သုဇိတာ က FB ဆယ်လီမမတွေကို ခပ်တင်းတင်း ဝေ့၀ဲကြည့်သည်။ သိကြားမင်း က FB ဆယ်လီ အမျိုးကောင်းသား များကို ခပ်စိမ်းစိမ်း တချက်ကြည့်လိုက်သည်။ ပြီးတော့မှ သိကြားမင်း က
" ဒီနေ့ ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာပါတယ် "
အိပ်ငိုက်နေသော နတ်သားအချို့ ဘုမသိ ဘမသိ လက်ခုပ်တီး အားပေးလိုက်ကြလေသည်။

အလိုလေ….ဒီလို အဖြေ နှင့် အဆုံးသတ်တော့ ခက်ရချေပေါ့ ။ သို့ နှင့် အကျွန်ုပ်က ထပြောမည် ပြင်ရာ ဆယ်လီ Pilot ကြီးက အသာဟန့် လိုက်၏။

" မပြောနဲ့ တော့ ညီမလေးရေ… သိကြားမင်း က အကိုတို့  ကို မနာလို ဖြစ်နေတာ….သူက တဖက် မှာ ရှိလှ နတ်သမီး ၄၀၀/၅၀၀…စုစုပေါင်း မှ ၁၀၀၀ လောက်ပေါ့…အကို ဆို ဘေးမှာ ၀န်းရံနေတဲ့ အချောအလှ နတ်သမီးလေးတွေ ဘယ်လောက်ရှိမလဲ စဉ်းစား သာကြည့်…သုဇိတာ ကလည်း ညီမလေး တို့ ကို မနာလို ဖြစ်နေတာ…သူကမှ သိကြားမင်း ၁ယောက်တည်းရယ်… ညီမလေး မင်းဆိုရင် စုစုပေါင်း ဘယ်နှစ်ယောက်တောင်ရှိမလဲ…"
ဒီတော့မှ အကျွန်ုပ် တွက်မိ၏။

အင်း…နတ်သား…အဲ…လူသား…ပရိတ်သတ် တွေက တဖက်တချက်စီမှာ ထောင်ကျော်စီ ရံလို့ ……။ အို….သူတို့ အားလုံး အား အကျွန်ုပ် နိုင်နင်းပါမည်လော?? ဆိုလိုသည်က ၀န်းရံသူ အားလုံး စိတ်ချမ်းသာအောင် ပြန်စာရေးဖို့  အကျွန်ုပ် နိုင်နင်းပါမည်လော?? ဒီကြားထဲ ၀န်းရံသူများ ကောင်းမှုကြောင့် ဆယ်လီတန်းထဲ မျက်စိလည် လမ်းမှားလာသော စာရေးဆရာ ယောင်ယောင် ဘာယောင်ယောင် ကျွန်ုပ်သည် မတရား အခွန်ဆောင်ရချေဦးမည်။

အပြန်ခရီးတွက် အကျွန်ုပ်လည်း စိတ်ပျက်စွာဖြင့် နတ်ဗိမ္မာန် ထိပ်မှ ဖြတ်သွား ဖြတ်လာ လေယာဉ်တစ်စီး အား တားရန် စောင့်ရင်း
" FB သုံးမိ အပြစ် ရှိပါတယ်…သိကြားမင်း ရယ်"
ဟုသာ ရေရွတ်နေမိရတော့၏။

သို့ ကလို ရေရွတ်ရင်း နှင့်ပင်….အကျွန်ုပ် ရွှေရေးထင်ထင် သည် မဟာအိပ်မက်ကြီး မှ လန့် နိုးလာခဲ့ရလေတော့သည်တကား ။ ။

Photos from Shweyay Htin Htin  Facebook

ရွှေရေးထင်ထင် ၏ Facebook Account Link

ဆက်စပ်ဖတ်ရှုရန်

* ရွှေရေးထင်ထင် နှင်. ဧရာဝတီ အင်တာဗျုး 

Thursday, April 30, 2015

မြန်မာပြည်မှာ ရိုက်မယ်. Mission Die Hard ( Satire )



 Hollywood မှ Die Hard နှင့် Mission impossible ၂ခုပေါင်း၍ Mission Die Hard ရိုက်ရန်စီစဉ်လိုက်ကြသည်...
ထူးထူးခြားခြား နေရာကို မြန်မာကို ရွေးလိုက်ကြသည်။

Bruce Willis,Tom Cruise နှင့် Michelle Yoeh အပါအဝင် သရုပ်ဆောင်များစွာနှင့် အားဖြည့်ထားကြသည်။

ဇာတ်လမ်းအစတွင် ချောင်းသာတွင် တွမ်ခရု နားနေသည်။ ထိုစဉ် စခန်းမှ mission အတွက် video message ဝင်လာသည်။ တွမ်ခရု ဖွင့်ဖတ်သည် ... အဝိုင်းလည်နေသည်... your new mission is ... ဆိုတာပဲ တွေ့ လိုက်ရသည်...။ SIM card ကို ပြောင်းထဲ့ပြီး ပြန်ချိတ်သည်...အဝိုင်းလည်သည် .... နောက်တစ်ကဒ် ပြောင်းချိတ်သည်... အဝိုင်းလည်နေသည်...။ စိတ်မရှည်သဖြင့် hotel wifi နဲ့ သွားကြည့်သည်.... မထူးခြား။

ဒါနဲ့ပဲ အရေးကြီး mission ဆိုတာ သိသဖြင့် Bruce willis ကို ရန်ကုန်သို့ video ဖိုင်ယူလာရန် ချိန်းလိုက်သည်။

bruce က iPad ဖြင့် ရန်ကုန်လာသည်။ လေဆိပ်တွင် custom နှင့် တိုးသည်။ အိုင်ပတ် သိမ်းလိုက်သဖြင့် တိုင်ပတ်ကုန်သည်။ laptop ထဲရှိ backup ဖိုင်ကို ကြည့်ရာ laptop တက်မလာသဖြင့် ပြင်ရန် ပန်းဆိုးတန်းနားရှိ ဆိုင်တစ်ဆိုင် အပ်လိုက်ရာ ဆိုင်က ကိုယ်တော်တွေက ထုံးစံအတိုင်း format ချပြီး window အသစ် ပြန်တင်လိုက်သဖြင့် နားကားကုန်သည်။

နောက်ဆုံး မီရှဲယိုက mission ကို အသေးစိတ် အလွတ်ကျက်လာပြီး တရုတ်နယ်စပ်မှ ကားကို အမြန်မောင်းချလာသည်။ မြို့အဝင်တွင် ပြိုင်ကားကို sticker ကပ် ထားသည်ဟုဆိုတာ ရစ်နေသဖြင့် မောင်းပြေးသည်။ လမ်းက ချိုင့်တွေနဲ့ တွေ့ ပြီး ပြိုင်ကား စမုံတုံးသွားသည်။ ဒါနဲ့ပဲ taxi ကို တားပြီး ဝင်ထိုင်လိုက်ရာ မီတာမဟုတ်သဖြင့် taxi သမားနှင့် စကားများပြီး ကန်ထုတ်ခံရသည်။ အဲ့နောက် smart card အားကိုးနဲ့ bus ကား တက်စီးပြန်ရာလဲ bus ကားတွေက smart ကဒ်နဲ့ က စက်ပျက်နေတယ်ပြောသဖြင့် အကြွေလည်း မရှိသောကြောင့် ဒေါ်လာ၁၀၀တန်ကို စိတ်တိုတိုနဲ့ ပေးရင်း ဆုံမှတ် ရောက်အောင် လာခဲ့သည်။

၃ယောက်ဆုံတော့ မီရှဲယိုက mission ကိုပြောပြသည်။ လူဆိုးတွေ ဒီကိုလာပြီး ဒုက္ခပေးမည်။ hacker တွေလဲ ပါလာသည်။ ဒါကို သိတော့ ဒီက ဂျောတွေကို သိထားသော တွမ်ခရုက ရီပြီး ဒီလောက်တော့ အေးဆေးပါ ... လက်ပိုက်နေရုံပဲဟုပြောသည်။

လူဆိုးတွေ ရန်ကုန် ရောက်လာသည်။ die hard 4 တုန်းကလို hacker အုပ်စုက fire sale ကို စရန်ပြင်သည်။ လျပ်စစ် ဓာတ်အားကို ဖြတ်တောက်ဖို့ hack ရန်ပြင်သည်... မရ ...။ တစ်လမ်းဝင် တစ်လမ်းထွက် မိန်းလိုက်ချမှ ရမည်ဆိုသဖြင့် လူမသိသူမသိ မိန်းတွေ လိုက်ချသည်။ လမ်းတွေ မီးပျက်ကုန်သည်။ သို့သော် ဘယ်သူမှ အံ့သြဟန်မပြ... အသွားအလာ မပျက်... စကားပြောမပျက် ...။

လူဆိုးတွေ ဘယ်လိုမှ စဉ်းစား၍မရ ..။ မီးပျက်လို့ ၁မိနစ်ပင် မကြာ မီးစက်သံတွေ အလျိုလျို ပေါ်လာပြီး မီးများ ဟိုတစ်စ သည်တစ်စ ပြန်လင်းလာသည်။ တစ်မြို့လုံး စကေးနှင့် လျပ်စစ် backup plan တွေ မြင်လိုက်ရသည့်အခါ လူဆိုးတွေ လက်ဖျားခါသွားသည်။

ဒါနဲ့ နောက်တစ်ဆင့် မီးပွိုင့်တွေကို hack ပြီး traffic တွေ ကမောက်ကမဖြစ်အောင် ကြံသည်။ hacker က မီးပွိုင့် control center ရှာသည်။ မတွေ့။ မီးပွိုင့်နား သွားပြီး access point လိုမျိုးဟာတွေ ရှာသည် မရှိ။ ဒါနဲ့ပဲ စိတ်မရှည်ပဲ မီးပွိုင့်ကို ပေးသည့် လျပ်စစ်ကြိုးကို ကပ်ကြေးနှင့် သွားညှပ်သည်။ မီးပွိုင့် ပျက်သွားသည်။ သူ ပျော်သွားသည် ကားတွေ ပြသနာ တတ်တော့မယ်ပေါ့။ ဒါပေမယ့် သူ့အပြုံးက ၁မိနစ်ပင် မခံ။ 

ကားတွေက အေးဆေးဆေးနှင့် လက်ကလေး ပြလိုက်... လက်ညှိုးလေး တစ်ချောင်းထောင်လိုက်... မီးတောက်လိုက်... ဟွန်းတီးလိုက်... အစ်ကိုရေ တစ်စီးလောက် လို့ ပြောလိုက်နှင့် ဟိုတိုး ဒီတိုးနှင့် ဆက်သွားနေကြသည်၊ ... သူ့ဟာနှင့်သူ ဟုတ်နေတာပဲ။ လူဆိုးတွေ မျက်လုံး ထပ်ပြူးသွားသည်။ တစ်မြို့လုံး လူတွေကို ဒီလို emergency training တွေ ဘယ်တုန်းကများ ပေးထားလဲဟု စဉ်းစားမရ ဖြစ်သွားသည်။

သည်တော့ ဒါတွေ လုပ်မရရင် stock market တွေကို hack မယ်ကွာ.. စတော့ဈေးတွေ ကမောက်ကမဖြစ်ပြီး လူတွေ ဆူအောင်လုပ်မယ်ဟုဆိုတာ ကြိုးစားသည်...။ online တွင် stock market မတွေ့ ...။ သူတို့များ မှားနေလားဟု google တွင် online market ဟိုဆိုတာ ရှာတော့ အကျီလေးတွေ ပိုက်ဆံအိတ် copy လေးတွေ ရောင်းသော online shopping တွေသာ ရှာတွေ့သည်။

ဒါနဲ့ပဲ fire sale နောက်တစ်ဆင့် ဖြစ်သည့် အဆောက်အအုံတွေရှိ emergency alarm တွေ မြည်အောင် လုပ်မည်ဟု ကြိုးစားသည်။ ထုံးစံအတိုင်း online မှ လုပ်မရသည့်အတွက် နီးစပ်ရာ အဆောက်အအုံမှ fire alarm ကို manual ဖွင့်ရန်ကြိုးစားသည်။ မှန်ခွဲ၍ နှိပ်ပါဆိုသော ခလုတ်ကို နှိပ်ရာ ခလုပ်က သံကြေးကပ်နေသည်။ မရမက ခုထောင်းနှိပ်ရာ ကျိကျိ ၂ချက်သာ မြည်ပြီး ပျက်သွားသည်။ အပေါ်က emergency ရေပန်းကို မီးခြစ်နှင့် တက်ရှို့ရာ zippo ဆီသာ ကုန်သွားည် ရေက အိမ်မြောင်သေးပေါက်သလောက်တောင် ကျမလာ။ တော်တော် လေသွားကြသည်။

ဒါနဲ့ စိတ်ပျက်ပျက်ဖြင့် ငါးမရ ရေချိုးပြန် ပုံစံဖြင့် ATM စက်ကို hack ပြီး ပိုက်ဆံ ထုတ်ရန်ကြိုးစားသည်။ ATM စက်တစ်ခုဆီသွားသည်၊ ပျက်နေသည်။ နောက်တစ်ခုဆီသွားသည် စက်မဖွင့်ထား။ နောက်တစ်ခုက စက်ဖွင့်ထားတော့ ဝမ်းသာအားရနဲ့ သူတို့ VISA ကဒ်ကြီး ထဲ့ပြီး ကြိုးစားသည်။ connection မတက်သဖြင့် PIN ရိုက်၍မရ ...။ ၃ ၄ ၅ ခါစမ်းတော့ စက်က ကြောင်ပြီး သူ့ VISA ပါ ထုတ်မပေးတော့။ သွားပြီး .. သူ့ VISA ကဒ်ပါ အစစ် ပါသွားသည်။

စိတ်ညစ်ညစ်နဲ့ သူတို့ ကားဆီပြန်လာတော့ ကားက လမ်းဘေး ရပ်ထားသဖြင့် ကရိန်းက မသွားသည်။ လိုက်မေးတော့လဲ ဘယ်သူ့ ခွေးအဖေခေါ်ရမသိ ဖြစ်နေသည်။ ဒါနဲ့ စိတ်တွေ အကြီးကြီး လေပြီး လမ်းမဘေးက ခြေဦးတည့်ရာ လျောက်သွားကြရာ bus ကားပေါ်မှ ကွမ်းတံတွေး လှမ်းထွေးခံရသည်၊ လမ်းဘေးဈေးဗန်း တက်နင်းမိသဖြင့် မရှိရှိတဲ့ ပိုက်ဆံဖြင့် လျော်ရသည်၊ လမ်းမဘေး ရှေ့နောက် မကြည့် လျောက်သဖြင့် ဆိုက်ကားသမား လှမ်းဆဲတာ ခံရသည်။

စိတ်ပျက်လက်ပျက်ဖြင့် အုပ်စုလိုက် ၁၉လမ်း သွားသောက်ကြတော့ ဘီယာဆိုင်က bill ကို ၃ဆလောက် ပေါင်းထဲ့ပြီး ဂျင်းထဲ့လိုက်သည်။ နောက်ဆုံး ကိုယ့်တိုင်းပြည်ကိုပဲ ပြန်ပါတော့မည်ဟု စိတ်ဆုံးဖြတ်ကာ လေဆိပ် သွားတော့ ကားပိတ်သဖြင့် နေ့ဝက်လောက် ချွေးဒီးဒီးကျအောင် taxi စီးလိုက်ရသည်။ ဟိုရောက်တော့ flight delay ဆိုသဖြင့် ၉နာရီလောက် ထပ်စောင့်လိုက်ရသည်။ မပြန်ခင်တော့ ကောက်ချက်ချလိုက်သည် .... " ငါတို့ ကမ္ဘာလှည့်ပြီး လုပ်စားလာတာ ကြာပြီ။ ဒီလိုမျိုး ဘယ်လို စမ်းစမ်းခံနိုင်တဲ့ နေရာမျိုး မတွေ့သေးဘူး။ တော်တော် တော်တဲ့ သူတွေ။ ငါတို့တောင် စမုံတုံးတော့မလို့ ။ သူတို့ကတော့ ဟန်တောင် မပျက်ဘူး "... တဲ့။

ဒီအဖြစ်အပျက်ကို နောက်က အစအဆုံး နောက်ယောက်ခံကြည့်နေသူတွေကတော့ ... တွမ်ခရုက ဂျာနယ်လက်ပွေ့သမားအဖြစ်၊ ဘရုစ်က လေဆိပ်က အထမ်းသမား အဖြစ်၊ မီရှဲယိုက ၁၉လမ်းမှ beer promotion သူလေး အဖြစ်နှင့် ဖြစ်သည်။ ဂျာနယ်သမားယောင်ဆောင်ပြီး ကားပေါ်က နေ ကွမ်းတံတွေးဖြင့် လှမ်းထွေးလိုက်ရသည်၊ beer ဆိုင်တွင် bill ရှင်းရာ ဂျင်းထဲ့လိုက်ရသည်၊ လေဆိပ်တွင် ပစ္စည်း လုသယ်ပြီး ရသလောက် တောင်းလိုက်ရသည်ဟု ပြန်ပြောကာ သူတို့ ၃ယောက် ရီနေကြသည်။ တွမ်ခရုက ပြောသည် ... " တွေ့တယ်မလား ၊ အဲ့လို ကောင်တွေလောက်ကို ဒီမှာ စကားထဲတောင် ထဲ့ပြောဖို့ မလိုဘူး"

သည်လိုနှင့် Mission Die Hard ဇာတ်လမ်းကြီးကို ခမ်ခမ်းနားနား ရိုက်ကူးပြီး တစ်နိုင်ငံလုံး ရှိ ရုပ်ရှင်ရုံများတွင် ပြိုင်တူ ပြသသည်။ ရှယ်ကားမလို့ ၂ လ ၃လလောက် ပြမည်ဟု ကြေငြာသည်။ သို့သော် ပြပြီး ၃ရက်အကြာတွင် မြို့ထဲတွင် ခိုးကူးခွေများ ထွက်လာသဖြင့် အားလုံး ဝိုင်းအားပေးကြရာ Hollywood မှာ ခွက်ခွက်လန်အောင် ရှုံးလေသတည်း ....




Written by U Khant Kywe Soe @ Facebook

Friday, April 3, 2015

အိမ်ထောင်ကျပြီးနောက်ဝယ် - ဟာသများ

 
 
နောင်တရမိတယ်
ညတစ်ည သန်းခေါင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။
ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..
ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်.
 
 
ကိစ္စမရှိဘူး
အဖိုးကြီးကို သူ့သူငယ်ချင်းက ပြောပါတယ်။
...ခင်ဗျားမိန်းမ ကားဒရိုင်ဘာနဲ့ လိုက်ပြေးသွားတယ် လို့ ကြားလိုက်ရတယ်။ စိတ်မကောင်းပါဘူးဗျာ။?
အဖိုးကြီးက ပြန်ပြောပါတယ်။
...ကိစ္စမရှိပါဘူး။ ကျွန်တော် ကားမောင်းနိုင်ပါသေးတယ်။
 
 
ဘယ်သူရှိသေးလို့လဲ
ကျော်ကြားတဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ကို စိတ်ပညာရှင်က မေးခွန်းမေးပါတယ်။
ခင်ဗျားရဲ့ မိန်းမကို သစ္စာဖောက် ဖူးသလား။?
မင်းသားက ဒီလို ပြန်ဖြေပါတယ်။
သူ့ကို သစ္စာမဖောက်ရင် ဘယ်သူ့ကို သွားပြီး သစ္စာဖောက်ရမှာလဲ။
 
 
ဖြစ်ရလေ
 မိန်းမနှစ်ယောက်စကားပြောနေကြသည်။
''ငါ့ယောက်ျားကျားသာ ငါ့ကိုပန်းစည်းတစ်စည်းလောက် လက်ဆောင်ပေးရင် ငါ ခုနှစ်ရက်လောက် ကင်းမြီးကောက်ထောင်ပြီး နေပစ်လိုက်မယ်သိလား''
"ဟင်.. နင်တို့အိမ်မှာ ပန်းအိုးမရှိဘူးလား..."
 
 
နောင်တ
 `မင်းတို့လင်မယား ရန်ဖြစ်လို့ဆို´
`အေးကွ´
`မင်းမိန်းမရဲ့သွားတွေ အကုန်ကျိုးအောင် ရိုက်ပစ်လိုက်တယ်ဆို´
`မမေးစမ်းပါနဲ့ကွာ၊ ရိုက်မိပြီးမှနောင်တရလွန်းလို့ပါ. ခုတော့ အသစ်
တစ်ခုထပ်ဝယ်ပေးရတော့မယ်ကွ´
 
From မိုးစိုတဲ့တိမ် 
 

Thursday, August 22, 2013

ဝ ခယ်မ သွားမယ်ဆိုတဲ့သူ




 
အထက်အညာ ဒေသက ရွာကြီး တစ်ရွာမှာ ကျင်ဝှမ်းလို့ အမည်ရှိတဲ့ ပေါက်ဖော်ကြီး တစ်ယောက်ရှိတယ်။ သိပ်ရိုးတယ်။ သူ့မိန်းမ မသူဇာကို အလွန် ချစ်တယ်။ အလုပ်လည်း သိပ်ကြိုးစားတာပဲ။ တစ်ရက်မှာတော့ ပေါက်ဖော်ကြီး ကျင်ဝှမ်းဟာ အောက်ပြည်အောက် အရပ်မှာ စီးပွားရှာ သွားမယ်ပေါ့။ မသူဇာကို စိတ်မချဘူး၊ မှာစရာ ရှိတာတွေ မှာကြားနေတယ်။
တူဇာရေ ၀စိတ်ချတွားမယ်နော်။ နေ့ခင်းတွေမှာ တူများ အိမ်တွေ ရှောက်မီလည်နဲ့။ ည တံခါးတွေ တေချာပိတ်။ တခိုးတွေ ဘာတွေ မလာရဲအောင် နောက်ဖေးမီး ဖန်တီးလဲ ဖွင့်ထား။ နောက်မီးလင်း နေပစေ။ ၀ မန်မန် ပြန်ခဲ့မယ်။ ၀ ခယ်မလဲ တွားမှာခဲ့မယ်။ ၀ပြန်ရောက်ရင် တနခါးတွေ လိမ်းထားနော်။ တူဇာ့ ပါးကို ၀ အားဗွာ လုပ်မယ်။ ဘယ်လူမှ တူဇာ့ကို အပ်ဗွာ မလုပ်စေနဲ့ မသူဇာက ပြုံးပြုံးလေးနေပြီး စိတ်ချပါ ကျင်ကျင်ရယ် လို့ ပြောပြီး ခေါင်းလေးငဲ့ ပါးလေး စောင်းပေးလိုက်တော့ ပေါက်ဖော်ကြီးကလည်း စောင်းငဲ့ထားတဲ့ ပါးလေးတစ်ဖက်ကို အပ်ဗွာအထပ်ထပ်လုပ်ပြီး နှုတ်ဆက် ထွက်ခဲ့တော့တယ်။ ပေါက်ဖော်ကြီးဟာ အိမ်ထောင် ခွဲနေတဲ့ မသူဇာရဲ့ညီမ မူယာရဲ့အိမ်ဝင်ပြီး (၀ခယ်မ လည်း သွားမှာ ထားခဲ့မယ်) လို့ ပြောခဲ့တာကို သူဇာက ၀ါးခယ်မမြို့ အထိ သူ့ယောက်ျား သွားဦးမှာမို့ ခရီးစဉ် ကြာဦးမှာလို့ ထင်လိုက်တယ်လေ။ ပေါက်ဖော် ကြီးလည်း အရေးတကြီးနဲ့ သူ့ခယ်မ အိမ်ဝင်ပြီး မသူဇာကို စောင့်ရှောက်ရန် မှာဘို့ မေ့သွားတယ်။ ပေါက်ဖော်ကြီး ခရီးထွက်ပြီး နောက်နေ့ကတည်းက မသူဇာက သူ့ငယ်ချစ် ဒူးသန်နိုင်သန်းနဲ့ အိမ်မှာ ချိန်းချိန်း တွေ့နေတော့တာပဲ။ နိုင်သန်းက ခြင်းခတ်ရင် ဖနောင့်ဖ၀ါးတွေထက် ဒူးနဲ့ခတ်တာများလို့ ဒူးသန် နိုင်သန်းလို့ ခေါ်ကြတာ။ သူ့ကွယ်ရာမှာတော့ ဒူးသန်နိုင်သန်းကို ဒု-သ- န-သောလို့ အကြောင်း သိသူတွေက ခေါ်ကြလေရဲ့။

ပေါက်ဖော်ကြီး မရှိချိန်မှာ အိမ်မှာ တွေ့ရုံမျှနဲ့ အားမရကြဘူး။ ဒီနေ့ဆို တောင်ပြုံးပွဲ သွားလည်ကြတယ်။ ညနေမှ ပြန်လာတာ။ မှောင်ရီ ပျိုးပျချိန် နိုင်သန်းက သူဇာ အိမ်ထိ တက်လိုက်လာတယ်။ အိမ်ရှေ့ခန်းမှာ နိုင်သန်းကို ထားပြီး သူဇာက အခန်းထဲဝင် အ၀တ်လဲ၊ သနပ်ခါး ပါးကွက်လေး ပါးနှစ်ဖက်မှာ ကွက်ပြီး ထွက်လာတယ်။ တောင်ပြုံးက ၀ယ်လာတဲ့ ကရေကရာ မုန့်လည်း ပန်းကန်ထဲ ထည့်လာတယ်။ နိုင်သန်းဘေး ၀င်ထိုင်တယ်။ မုန့်လည်းစား၊ စကားတွေလည်းပြော။ နိုင်သန်း လက်တစ်ဖက်က သူဇာရဲ့ပုခုံးပေါ်မှာ။ သူဇာကလည်း နိုင်သန်းကို မှီလျက်။ ပေါက်ဖော်ကြီး မရှိတဲ့ ရက်တွေမှာ ဒီလို နေလာတာ (၇) ရက် (၈) ရက်ရှိပြီ။
သူဇာ သိပ်ပျော်တာပဲ။ ကိုနိုင် နက်ဖန်လည်း ဆုံကြဦးစို့နော် သူဇာ့ အဖိုးကြီးက ပြန်လာတော့မှာ မဟုတ်လား အိုး ကိုခိုင်ကလည်း သူက ၀ါးခယ်မ အထိ သွားဦးမှာ မလာသေး ပါဘူး သူမလာ ကြာတိုင်း ကောင်းပေါ့ကွယ်။ အချစ်ကို အာဗွားများများ ပေးရတာပေါ့ လို့ ပြောပြောဆိုဆို ဟာ ကိုနိုင်က ကဲတယ်ကွာ။ သူများပါးက ခုတင် လိမ်းထားတဲ့ သနပ်ခါးတွေ ပျက်ကုန်ပြီ။ သွား လူဆိုး ဆိုတုန်းရှိသေး

အိမ်ရှေ.က
တူဇာရေ၊ တူဇာလေ ၀ ပြန်လာပြီဟေ့ ၀ပြန်လာပြီ ပေါက်ဖော်ကြီး အသံကြားတော့ သူဇာလည်း နိုင်သန်း ရင်ခွင်ထဲက ရုန်းပြီး နိုင်သန်းကိုလဲ ရင်ဘတ် တွန်းလွှတ်လိုက်တယ်။ သွား သွား နောက်ဖေးပေါက်ကနေ ပြေးတော့ သူဇာဟာ ပါးတစ်ဖက် ပျက်သွားတဲ့ သနပ်ခါး ပါးကွက်ကို စမ်းမိပြီး ကမန်းကတန်း ကြံရာ ရသွားတယ်။ တောင်ပြုံးက ၀ယ်လာတဲ့ စားလက်စ ကရေကရာ မုန့်တုံးမှာ ဖြူးထားတဲ့ မုန့်မှုံ့လေးတွေ ယူပြီး ပါးပေါ်ပွတ် ထားလိုက်တယ်။ ပေါက်ဖော်ကြီးက ရောက်ရောက်ချင်းပဲ သူဇာ နားကပ်တယ်။ သူဇာ့ ပါးလေးကို လက်ညှိုးလေးနဲ့ မတို့ရက် တို့ရက်တို့ပြီး ခုလေးတင် သူဇာပွတ် တင်လိုက်တဲ့ ပါးပေါ်က မုန့်မှုံဖြူဝါ၀ါလေးကို လက်ချောင်းလေးတွေနဲ့ ပွတ်ဖယ်ချရင်းက အလို ၀ ရဲ့ မီးမ တူဇာ၊ တစ်စာ (သစ္စာ)စိလယ်၊ ကြည့်စမ်းပါးပေါ်မှာ မှိုတောင်တက်နေတယ်။ ဒါမှ ၀မီးမကွ-၀မီးမ။ အပ်ဗွာအပ်ဗွာ အပ်ဗွာနဲ့ ဘယ်နှစ်ဗွာမှန်းတောင် မသိဘူး။ မီးပျက်တဲ့ ရက် မဟုတ်တဲ့ အတွက် ဦးကျင်ဝှမ်း၊ မသူဇာတို့ အိမ်နောက်မှာတော့ နောက်မီးက လင်းလျက်။.................ဟိ......ခုလိုကျတော့လည်း...လျှပ်စစ်မီးက.....လင်းထိန်.....လို့

(ဟိုးလွန်ခဲ့တဲ့ တစ်နှစ်ကျော်က. ရွှေမြို.တော် Social Network မှာ တင်ထားတာလေးကို  မြို.နာမည်လေးပါနေတာကြောင်. ကူးယူဖော်ပြတာပါ)

(စုဆောင်းလေ.လာရေးသားထားသောမြို.လေး၏ သမိုင်းနှင်. နာမည်ပေါ်ပေါက်လာပုံတို.ကိုမူ အောက်ပါ Link တွင်သွားရောက်လေ.လာနိုင်ပါသည်)
http://wakhama.blogspot.com/2012/10/blog-post_5.html

Thursday, August 8, 2013

SEA Game အကြို အားရစရာ လေ့ကျင့်ပြင်ဆင်မှုများဖြင့် မြန်မာဘောလုံးအသင်း နောက်ဆုံး သတင်းများ (သရော်စာ)

သူရဿဝါ
နည်းပြချုပ် "ပတ်ဟောင်ဖွာ" ကိုင်တွယ်နေတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ SEA Game အကြို ပြင်ဆင်လေ့ကျင့်မှုများနဲ့ ခြေစမ်းပွဲများကို အဆက်မပြတ် ပြုလုပ်နေပြီး အားရဖွယ်ရာ တရိပ်ရိပ်အောင်မြင်မှု ရလဒ်များ ရရှိနေကြောင်း သတင်းရရှိပါတယ်ခင်ဗျာ။ 

SEA Game မှာ အိမ်ရှင်နိုင်ငံအဖြစ် ဆင်နွှဲမယ့် မြန်မာဘောလုံးအသင်းကို မြန်မာဘောလုံးအဖွဲ့ချုပ်က ဗိုက်ရွှဲဖို့ ရည်ရွယ်၊ အဲ.. သီးခံတော်မူပါခင်ဗျာ.. ဗိုလ်စွဲဖို့ရည်ရွယ်ထားတယ်လို့ သိရှိရပြီး ပထမဆုံး အဆင့်အနေနဲ့ အသင်းမှာ ရှိတဲ့ ကစားသမားတွေကိုပဲ နှစ်ဖက်ခွဲပြီး အပြန်အလှန် ကစားခိုင်းရာမှာတော့ ကစားသမား အကုန်လုံးဟာ ခြေရည်တူညီနေတဲ့အတွက် လေးဆယ့်ခြောက်ပွဲဆက်တိုက် ဂိုးမရှိ သရေကျခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဲဒီနောက်မှာတော့ တခြားသော အသင်းများနဲ့ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားခဲ့ရာ ပထမဆုံးပွဲအဖြစ် "မရမ်းကုန်းမူကြို" အသင်းကို လေးဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယမြောက် ခြေစမ်းပွဲမှာတော့ "မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်မစွမ်း" အသင်းကို ဂိုးမရှိ သရေဖြစ်အောင် ကစားနိုင်ခဲ့တဲ့ အတွက် အသင်းရဲ့ ရလဒ်ဟာ တဖြည်းဖြည်း တိုးတက် ကောင်းမွန် လာခဲ့တာ ဖြစ်ပါတယ်။

"မသန်မစွမ်း" အသင်းနဲ့ ဂိုးမရှိ သရေကစားနိုင်ခဲ့တဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မြန်မာအသင်း နည်းပြ "ပတ်ဟောင်ဖွာ" က ပြောကြားခဲ့ရာမှာတော့ "မသန်မစွမ်း" အသင်းထက် ခြေစွမ်းပိုင်းမှာ မြန်မာ့ လက်ရွေးစင် အသင်းက ပိုမိုသာလွန် ခဲ့ပေမယ့်လည်း တစ်ဖက်အသင်းက ဘီးတပ်ကုလားထိုင်များ အကူအညီကို အားပြုပြီး ကစားသွားခဲ့တာ ဖြစ်ကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာအသင်း အနေနဲ့ မသန်မစွမ်း အသင်းကို တစ်ဂိုးမှ မပေးရအောင် ကစားကွက် အသာစီးနဲ့ ခံကန်နိုင်ခဲ့ကြောင်း မစားရဝမခန်း ပြောကြားခဲ့ပါသေးတယ်ခင်ဗျာ။ နောက်ထပ် ခြေစမ်းပွဲ တစ်ပွဲအဖြစ် ပြည်ပကိုထွက်ပြီး ဘရာဇီးနိုင်ငံမှာ သွားရောက်ကာ "ဘရာဇီး လက်ရွေးစင် မျက်မမြင်" အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ တစ်ဂိုး ဂိုးမရှိနဲ့ အံ့အားသင့် ဂုဏ်ယူဖွယ်ရာ အနိုင်ယူပြီး နိုင်ငံ့ဂုဏ် ဆောင်ခဲ့ကြကြောင်း သိရှိရပါတယ်ခင်ဗျာ။ အဲဒီပွဲမှာ "ဘရာဇီး မျက်မမြင်" အသင်းက ကစားသမား ကိုးယောက်ကို တစ်ခါတည်း လိမ်ခေါက်ပြီး အနိုင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် ရှေ့တန်း ငိုက်စစ်မှူး၊ အဲ.. သီးတစ်ခါလောက် ခံတော်မူပါခင်ဗျာ၊ ရှေ့တန်း တိုက်စစ်မှူး "ဂေါ်ဂိုဂို" ဟာ Man of the Match ရရှိ ခဲ့တယ်လို့ သိရှိရပါတယ်။

နိုင်ငံခြား ခြေစမ်းပွဲ ကစားခဲ့တဲ့ အကျိုးကျေးဇူးကြောင့် ခြေစွမ်းပိုမို တိုးတက်လာခဲ့တဲ့ မြန်မာဘောလုံး အသင်းဟာ ပြည်တွင်းကို ပြန်ရောက်တဲ့အချိန်မှာ နာမည်ကြီး ပြည်တွင်းကလပ် အသင်းတစ်သင်းနဲ့ ကစားခဲ့ရာမှာ လေးဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး သူတို့နဲ့ ကစားခဲ့တဲ့ အသင်းကတော့ "နှင်းဆီကုန်း ဘိုးဘွားရိပ်သာ" ကလပ်အသင်း ဖြစ်တယ်လို့ သိရှိရပြီး ပြေးအားနဲ့ သက်လုံပိုင်းတို့မှာ နှစ်သင်းလုံး အတူတူလောက်ပဲရှိခဲ့ပေမယ့် အဆုံးသတ် ကံတရားပိုင်းမှာ မြန်မာအသင်းက အသာစီးရရှိ ခဲ့တာ ဖြစ်တယ်လို့လည်း အတွင်းသတင်းများက တိုးတိုးတိတ်တိတ် ဖွင့်ချခဲ့ပါတယ်။ ဒါနဲ့ စကားမစပ်.. မြန်မာ ဘောလုံးအသင်းရဲ့ ခြေစွမ်းခြေစရှိတဲ့ ကစားသမားတွေကို ဆုရွေးချယ် ပေးအပ်ခဲ့တဲ့ ပွဲမှာတော့ မြန်မာ့လက်ရွေးစင် အရန်ဂိုးသမား "ဖုန်းတစ်ဂိုး" က "အကောင်းဆုံး ကစားသမားဆု" ရရှိခဲ့ပြီး သူဟာ ထူးခြားတဲ့ ကမ္ဘာ့စံချိန် တစ်ရပ်အဖြစ် "သုံးနှစ်ဆက်တိုက် ဂိုးမပေးရ" စံချိန်ကို တင်နိုင်ခဲ့ပြီး အဲဒီသုံးနှစ်အတွင်း တစ်ပွဲမှလည်း ဝင်မကစား ခဲ့ရကြောင်း သိရှိရပါတယ်။ "အသန့်ရှင်းဆုံး ကစားသမားဆု" ကိုတော့ မြန်မာ့ လက်ရွေးစင် ကွင်းလယ်ကစားသမား "လယ်တယ်တယ်" က ရရှိသွားပြီး သူဟာလည်း လက်ရွေးစင် ဖြစ်ကတည်းက တစ်ပွဲမှ မကစားရသေးဘဲ ဂျာစီအကျီ င်္တောင် ချွေးတစ်စက်မှ မထွက်တဲ့အတွက် ဒီဆုကို ရရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ "တစ်နှစ်တာ သွင်းဂိုးအများဆုံးဆု" ကိုတော့ စုစုပေါင်းသွင်းဂိုး (၉၉)ဂိုးနဲ့ နောက်တန်း တိုက်စစ်မှူး "ကိုလှူဒါန်း" က ရရှိခဲ့ပြီး အဲဒီ ဂိုးတွေအားလုံးဟာ ကိုယ့်ဂိုးကိုယ် စွမ်းစွမ်းတမံ သွင်းနိုင်ခဲ့တာဖြစ်ကြောင်းလည်း ဂုဏ်ယူဖွယ်ရာ သိရှိရပါတယ်ခင်ဗျာ။

ခုလို အနေအထားတွေကြောင့် မြန်မာ့လက်ရွေးစင် အသင်းရဲ့ အခြေအနေ တိုးတက်မှုတွေကို နည်းပြချုပ် "ပတ်ဟောင်ဖွာ" အနေနဲ့ နှစ်ထောင်းအားရ ဖြစ်လျက်ရှိပြီးတော့ ခြေစမ်းပွဲမှာ လူအဟောင်းတွေကို စမ်းပြီးပြီ ဖြစ်တဲ့အတွက်ကြောင့် တကယ့်ပြိုင်ပွဲကျရင် လူအသစ်တွေကို စမ်းဖို့ အစီအစဉ်ရှိတယ်လို့ ဆိုထားပြီး လူအသစ်တွေကလည်း အစမ်းခံဖို့ကို ရင်တဖိုဖို စောင့်နေကြကြောင်း သတင်းရရှိပြန်ပါတယ်ခင်ဗျာ။ သူ့အသင်းကို ယုံကြည်မှုအပြည့်ရှိနေတဲ့ နည်းပြချုပ်ဟာ လာမယ့် SEA Game ပြိုင်ပွဲမှာ မြန်မာဘောလုံးအသင်း အနေနဲ့ "နိုင်ရင် နိုင်ပြီး မနိုင်ရင် ရှုံးမှာဖြစ်ကြောင်း" ရဲရဲတောက်စကား ပြောကြားခဲ့တယ်လို့လည်း သိရှိရပါတယ် ခင်ဗျာ။ မြန်မာအသင်း ယှဉ်ပြိုင်တဲ့ပွဲများအနက် နိုင်တဲ့ပွဲများကိုတော့ "ဘလိုင်းပျက်" ရုပ်သံလိုင်းရဲ့ ဈေးအကြီးဆုံး Package ဖြစ်တဲ့ Package-420 ကနေ တိုက်ရိုက် ထုတ်လွှင့်မှာဖြစ်ပြီး ရှုံးတဲ့ပွဲများကိုတော့ မသိချင်ယောင်ဆောင်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်ခင်ဗျာ။ မြန်မာ့ဘောလုံး ပရိသတ်များအနေနဲ့လည်း "ကမ္ဘာ့အားကစား မြန်မာမှာ လောင်းရမည်" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တစ်ခဲနက် အားပေးကြဖို့ စောင့်ဆိုင်းနေကြတယ်လို့ သိရှိရပါတယ်ခင်ဗျာ။
 By သူရဿဝါ @ ရသစာပေ အနုပညာ ဘလော.ဂ်