Showing posts with label သတိပြုရန်များ. Show all posts
Showing posts with label သတိပြုရန်များ. Show all posts

Wednesday, July 8, 2015

မိမိလိုက်ပါလာသော လေယာဉ် ပျက်ကျခဲ့ပါလျှင် နှင်. ကြိုတင်သိရှိ ပြင်ဆင်ထားရန်များ



သင်စီးနေသောလေယာဉ်ကြီးပျက်ကျပါကအသက်ရှင်လွတ်မြောက်နိုင်ရန်အတွက်သင်အရေး
တကြီးလုပ်ဆောင်ရမည့်အချက်များ
လေယာဉ်ပေါ်မတက်မှီပြင်ဆင်ထားသင့်သောအချက်(၁၅)ချက်



(၁)ခရီးသွားမည့်အ၀တ်အစားကိုသက်တောင့်သက်သာဖြစ်အောင်ဝတ်ဆင်ပါ။

  
အ၀တ်အစားဝတ်ခြင်း။
မပြောကောင်းမဆိုကောင်းလေယာဉ်ပျက်သည့်အထဲတွင်သင်သာပါရှိသွားပါကပထမဆုံးအသက်ရှင်
အခွင့်လမ်းရဖို့အတွက်သင်သည်ပူနွေးမှုရနိုင်သည့်
အ၀တ်အစားများကိုဝတ်ဆင်ရန်လိုအပ်သည်။
.လေယာဉ်ပျက်ကျပါကထိခိုက်ဒါဏ်ရာရမှုနှင့်မီးလောင်ဒါဏ်ရာရမှုတို့က
သင့်အသက်ကိုခြိမ်းခြောက်
လျှက်ရှိရာမူနွေးစေ
ရန်နှင့်ဒါဏ်ရာရခြင်းမှ
ကာကွယ်ရန်အတွက်
အကျီလက်ရှင်ဘောင်း
ဘီရှည်များကို
ဝတ်ဆင်သွားသင့်သည်၊
ဝတ်ဆင်ရာတွင်လည်း
နိုင်လွန်ပါသော
အ၀တ်အစားများသည်
မီးလောင်ပြီး
ကိုယ်တွင်ကပ်ညိနိုင်သဖြင့်
သိုးမွေး၊ချည်သားဖြင့်ချုပ်
ထားသောချွတ်ရလွယ်ကူသောပွပွအ၀တ်အစားများကိုဝတ်ဆင်ရမည်။
-
(၂)ချွတ်ရ၀တ်ရ၊လမ်းလျောက်ရလွယ်ကူသောဖိနပ်များကိုသာစီးခြင်း။


လေယာဉ်စီးမည့်ခရီးစဉ်တွင်ချွတ်ရလွယ်ကူသောဘိနပ်ကိုသာစီးသွားသင့်သည်ထောင့်မြင့်
ဘိနပ်ကိုစီးထားခြင်းဖြင့်လေယာဉ်အရေးပေါ်
အခြေအနေတွင်လျှင်မြန်စွာလမ်းလျောက်ခြင်းကိုသင်ပြုလုပ်နိုင်မည်မဟုတ်ပါ..
ဘိနပ်ချွတ်ပြီးလမ်းလျောက်မည်ဆိုပါကလည်းမှန်ကွဲအစအနများ..
မီးလောင်နေသောအရာများ
ကိုနင်းမိပြီးသင့်ခြေတောက်
ဒါဏ်ရာရနိုင်သဖြင့်..
.စီရလွယ်ကူပြီးပေါ့
ပါးသောဘိနပ်ကို
သာဝတ်ဆင်သွားပါ။

(၃)အမြီးပိုင်းတွင်နေရာရဖို့အတွက်ကြိုးစားပါ။



လေယာဉ်အမြီးပိုင်းတွင်စီးနင်းသောခရီးသည်တဦးသည်လေယာဉ်ဦးပိုင်းတွင်စီးနင်းသော
ခရီးသည်တဦးထက်အသက်ရှင်သန်ဖို့အခွင့်
အလမ်း(40%)ပိုများသည်။အမြီးပိုင်းနှင့်နီးနိုင်သမျှနီးအောင်
စီးနင်းသောခရီးသည်တဦးအတွက်အသက်ရှင်နိုင်ဖို့အခွင့်အရေးအများဆုံးပိုင်ဆိုင်နိုင်သည့်
အနေအထားဖြစ်သည်။လေ
ယာဉ်အတောင်
ပံအောက်နေရာ၊လေ
ယာဉ်အတောင်ပံ
အထက်နေရာတွင်မစီးနင်း
နိုင်အောင်ကြိုးစားပါအ
ဘယ်ကြောင့်ဆိုသောလေယာဉ်
အတောင်ပံထဲတွင်လေ
ယာဉ်မောင်းနိုင်နှင်နိုင်သောဆီကန်ကြီး
တည်ရှိနေသောကြောင့်ဖြစ်သည်။

(၄)သင်ရှေ့ဘက်ခုံကျောမှီတွင်ရှိသောလုံခြုံရေးဆိုင်ရာသတိပေးချက်ကဒ်ကိုသေချာစွာ
ဖတ်ထားပါ၊လေယာဉ်အမှုထမ်း
များညွှန်ကြားချက်ကိုလိုက်နာပါ။



လေယာဉ်မတက်မှီသင်ရှေ့ဘက်ခုံကျောမှီတွင်ရှိသောလုံခြုံရေးဆိုင်ရာသတိပေးချက်ကဒ်ပြားတွင်
ပါဝင်သောအကြောင်းအရာများကိုသေ
ချာစွာဖတ်ထားပါ။လေယာဉ်မယ်သို့မဟုတ်လေယာဉ်မောင်ပြော
ပချက်တွေအားလုံးကိုဂရိုစိုက်နားထောင်ထားပါ။လေယာဉ်ဘေးတခုခုမကျရောက်ပဲလေ
ယာဉ်တခါးမကြီးထွက်ပေါက်၊
အရေးပေါ်ထွက်ပေါက်များကို
သင်ကိုယ်တိုင်
သွားမဖွင့်မိပါစေနင့်ဖွင့်မိ
ပါကလေယာဉ်
ပျက်ကျသွားနိုင်ပါတယ်။
သာမန်အချိန်
မှာလေယာဉ်ဝန်ထမ်းများ
သာလျှင်လေယာဉ်
တံခါးပေါက်များကိုအဖွင့်အပိတ်
လုပ်လိမ့်မည်ဖြစ်သည်။

(၅)သင်ထိုခုံနှင့်အနီးဆုံးထွက်ပေါက်ကိုကြိုတင်ရှာထားသင့်သည်။



သင့်ထိုင်ခုံနှင့်အနီးဆုံးအရေးပေါ်ထွက်ပေါက်ကိုမှတ်ပြီးထိုအရေးပေါ်ထွက်ပေါက်နှင့်
သင်ထိုင်နေသောနေရာကြားတွင်ခုံမည်မျှရှိသည်
ကိုကြိုမှတ်သားထားပါ။တကယ်လို့လေယာဉ်ပျက်ကျပါကလေ
ယာဉ်ထဲတွင်မီးခိုးများအူနေခြင်း၊ဆူညံသံများနှင့်အပျက်အစီးများရှုပ်ထွေးနေချိန်တွင်
သင်ကြိုတင်မှတ်သားထား
သည့်ဘက်သို့ခုံများ
ကိုရေတွက်ပြီးထွက်ပေါက်
မည်သည့်နေရာ
တွင်ရှိသည်ဆိုတာကို
သင်သိနေမည်ဖြစ်သည်။

(၆)ခရီးစဉ်တလျောက်လုံးခါးပတ်ထားပါ။



ခရီးစဉ်တခုလုံးခါးပတ်ထားခြင်းဖြင့်သင့်အသက်ဘေးအတွက်ပိုမိုလုံခြုံစေပါသည်။
ရာသီဥတုအခြေအနေကြောင့်လေ၀ဲကတော့
မိလျှင်ဖြစ်စေသင်အိပ်ပျော်နေစဉ်အတွင်းလေယာဉ်တစုံတခုဖြစ်ပွား
ပါကသင်ခါးပတ်ပတ်ထားခြင်းကြောင့်သင်လွင့်စင်သွားပြီးဒဏ်ရာမရနိုင်ပါ။

(၇)ဖြစ်ပေါ်လာသောအခြေအနေကိုအကဲဖြတ်တတ်ပါစေ။



လေယာဉ်ပျက်ပါကမြေပြင်ပေါ်သို့ပျက်ကျသွားတာလားရေထဲသို့ပျက်ကျတာလားဆိုတဲ့
ပတ်ဝန်းကျင်ကိုသုံးသပ်တတ်ဖို့လိုတယ်.
.မြေပြင်ပေါ်ကိုပျက်ကျရင်အသက်ကယ်အကျီဝတ်ထားဖို့မလိုပါဘူး၊
ထိုနည်းတူရေထဲသို့ပျက်ကျသွားပါကလည်းအသက်ကယ်အကျှီမ၀တ်ဆင်ပဲလေယာဉ်
အပြင်ဘက်ကိုမထွက်ပါ နှင်.။

(၈)အကာအကွယ်တတ်နိုင်ဆုံးယူထားပါ။



တကယ်လို့သင်လေယာဉ်ပျံသန်းနေရင်းလေယာဉ်ပျက်ကျတော့မယ်ဆိုတာကိုကြိုတင်
သိထားပါကသင်ထိုင်ခုံရှိရာသို့အမြန်
ဆုံးပြန်လာပြီးခါးပတ်ပတ်လိုက်ပါ၊သင့်ဂျာကင်ဇစ်ကိုအပေါ်ဆုံးအထိဆွဲစေ့
ထားလိုက်ပြီးရူးဘိနပ်ကိုသေချာစွာဝတ်ဆင်ပါ။သင်ခြေတောက်နှစ်ချောင်းကိုသင်
ထိုင်နေသောထိုင်ခုံအောက်သို့
ထိုးသွင်းစေ့ထားလိုက်ပြီး
လက်မောင်းနှစ်ဘက်ကို
သင့်ဒူးနှစ်ဘက်ပေါ်တင်ထားပြီး
ခါးကိုညွန်လျှက်လက်ဝါး
နှစ်ဖက်ကိုသင့်ခေါင်းနောက်
ပိုင်းသို့တင်ပြီးနေလိုက်ပါ။

(၉)ထိုင်ခုန်နှစ်အလွန်နီးကပ်နေခဲ့လျှင်။



ခြေနှစ်ချောင်းကိုသင်ထိုင်ခုံအောက်သို့စေ့လျှက်ထိုးသွင်းထားပါရှေ့ဘက်ထိုင်ခုံကူရင်ပေါ်
လလက်ဖ၀ါးနှစ်ခုရှင်ပြီးသေ
ချာစွာကိုင်ထားပါသင့်နဖူးကိုရှေ့ခုံဆိုဖါတုန်းပေါ်တင်းကြပ်စွာကပ်ထားပြီးထိုင်နေပါ.
.ထိုသို့ထိုင်နေစဉ်အတွင်းသင်ခါးပတ်ကိုတင်းကြပ်စွာပတ်ထားပေးပါ။

(၁၀)မီးခိုးထဲတွင်အသက်ရှုသောအခါမီးခိုးငွေ့များနှာခေါင်းထဲသို့မ၀င်ရောက်စေနိုင်
ရန်ကာကွယ်ထားပါ။



လေယာဉ်ဆီကြောင့်လေယာဉ်မီးလောင်ရာမှထွက်လာသောမီးခိုးကြောင့်အသက်ရှင်နေသူများ
ရှူမိပြီးသတိလစ်မေ
့မြောနေစဉ်မီးလောင်သေဆုံးနိုင်သောကြောင့်မီးခိုးများအကြားတွင်လေယာဉ်
အပြင်ထွက်မည်ဆိုပါကမိမိနှာခေါင်းအတွင်းသို့မီးခိုးနံ့များမ၀င်ရောက်စေရန်အ၀တ်ခု
ခုဖြင့်ဖုန်းထားပြီးအသက်ရှုပြီး
ထိုနေရာမှအမြန်ထွက်ပါ။

(၁၁)လေယာဉ်ပျက်ထဲမှအမြန်ဆုံးထွက်လိုက်ပါ။



ခရီးသည်ပို့ဆောင်ရေးဘုတ်အဖွဲ့ရဲ့အဆိုအရလေယာဉ်ပျက်ရာတွင်(68%)သေဆုံးရာတွင်လေယာဉ်
ထဲကအချိန်မှီအပြင်မထွက်နိုင်သဖြင့်မီးလောင်သေဆုံးရခြင်းဖြစ်သည်ဟုရေးသားဖေါ်ပြထားသည်။
ထိုကြောင့်
သင်လေယာဉ်ပျက်ထဲမှနှစ်မိနစ်အတွင်းအပြင်ရောက်ရန်ထွက်ဖို့အချိန်ရပြီးထိုအချိန်
အတွင်အပြင်ထွက်နိုင်ရန်အတွက်အပြင်းအထိန်ကြိုးစားသင့်သည်။

(၁၂)လေယာဉ်အမှူထမ်းများကလေယာဉ်ပျက်ကျစဉ်ဘယ်လိုနေထိုင်ရမည်ဆိုတာကိုရှင်းပြတာ
လိုက်နာပါ။



လေယာဉ်အမှုထမ်းကလေယာဉ်ပျက်ကပါကလာလုပ်ဆောင်ရမည်ကိုအတိကျလမ်းညွှန်လိမ့်မယ်သူ
လမ်းညွန်ချက်
အတိုင်းလိုက်နာပါ။လေယာဉ်မယ်သို့မဟုတ်လေယာဉ်မောင်များသည်သင်တန်း
တက်စဉ်အခါကတည်းကလေယာဉ်ပျက်ထဲကခရီးသည်များကိုမည်ကဲ့သို့ကယ်ထုတ်ရမည်ဆိုတာကို
လက်တွေ
့လေကျင့်ထားပြီးဖြစ်သည်။
ထိုကြောင့်မိမိအသက်
ရှင်သည့်အခွင့်လမ်းရရှိစေရန်
သူတို့၏ညွန်ကြားချက်ကို
အဓီကလိုက်နာရမည်ဖြစ်သည်။

(၁၃)လေယာဉ်အတောင်ပံသို့မဟုတ်လေယာဉ်အပျက်အစီးများနေရာမှ(500)ပေ(152)
မီတာအကွာ
အဝေးရောက်သည်အထိအမြန်ပြေးပါ။



လေယာဉ်ပျက်အပြင်ရောက်ပြီးဘေးကင်းပြီဆိုပြီးရပ်မနေပါနဲ့လေယာဉ်အတောင်ပံတွင်ရှိသောလေယာဉ်
ဆီလှောင်ထားရှိသောတိုင်ကီသည်အချိန်မရွေးမီးလောင်ပေါက်ကွဲလာနိုင်ပါသည်
ထိုကြောင့်လေယာဉ်အတောင်ပံသို့မဟုတ်လေယာဉ်အပျက်အစီးများနေရာမှ(500)ပေ(152)
မီတာအကွာအဝေးရောက်
သည်အထိ
အမြန်ပြေးပြီးရှောင်နေပါ။

(၁၄)အသက်ရှင်လွတ်မြောက်လာသူများသည်တနေရာတည်းတွင်စုနေပါ။



အသက်ရှင်လွတ်မြောက်လာသူများသည်သည်တယောက်တနေရာစီမသွားနေပဲ့အားလုံးစုနေသင့်ပါသည်
သို့မှသာတဦးတယောက်ဒါဏ်ရာရှိမှုကိုရှေးဦးသူနာပြုနည်းဖြင့်ကူညီ
နိုင်မည်ဖြစ်သည်။မိမိကိုယ်မှာဒါဏ်ရာမရသေချာစွာစစ်ဆေးပါ။တဦးတယောက်တည်းဦးတည်ရာမရှိမထွက်
သွားပါနှင့်။နောက်ထပ်
အသက်ရှင်ကျန်ရစ်သူရှိမရှိ
ကိုစောင့်ကြည့်ပါဦး။

(၁၅)ကယ်ဆယ်ရေးအဖွဲ့တွေကိုစောင့်နေပါ။



သင့်ဆီသို့မကြာမှီကယ်ဆယ်ရေးအဖွဲ့ဝင်များရောက်ရှိလာမည်ဖြစ်သည်။ထိုသူများကိုစောင့်နေပြီးအကူ
အညီယူပါ။


Credit to သားငယ် သားငယ်

Wednesday, May 13, 2015

အင်တာနက် မှာ ခြိမ်းခြောက်ခံရရင် ဘာတွေ လုပ်မလဲ ( မိန်းကလေးများ အထူးသတိ )

အခုတစ်လော Viber ကနေ ခြိမ်းခြောက်စာပို့တာတို့၊ Facebook ကနေ ခြိမ်းခြောက်စာပို့တာတို့ ရှိလာတာ တွေ့ရပါတယ်။ အရင်တုန်းကတော့ E-mail (သို့မဟုတ် G-mail) ခေတ်ဆိုတော့ မေးလ်တွေကနေ ခြိမ်းခြောက်စာတွေ ပို့တတ်ကြပါတယ်။



ခိမ်းခြောက်ခံရတဲ့ထဲမှာ အမျိုးသမီးတွေ များပါတယ်။ ဒါကြောင့်မို့လို့ ခြိမ်းခြောက်ပြီးရင်လည်း ငွေ (သို့မဟုတ်) လိင်မှုကိစ္စတွေ တောင်းဆိုတတ်ကြပါတယ်။ ငွေပေးလိုက်ရတာ ပြဿ        နာမရှိပေမယ့် နောက်တစ်ခုကတော့ ပြဿ        နာရှိပါတယ်။ ဒါပေမယ့် ဘယ်ဟာပဲဖြစ်ဖြစ် တစ်ခါလိုက်လျောမိရင် ထပ်ခါထပ်ခါ တောင်းဆိုလာမှာ ကျိန်းသေပါတယ်။ ဒါကြောင့်မို့လို့ ဘယ်ဟာမှ မလိုက်လျောမိဖို့ အရေးအကြီးဆုံးပါ။



အဲဒီလိုခြိမ်းခြောက်မှုတွေဟာ အောက်တန်းကျလွန်းပါတယ်။ အဲဒါအပြင် ခြိမ်းခြောက်သူတွေက သူတို့ကိုယ်သူတို့၊ “IT ပညာရှင်” တို့ “Hacker” တို့ စတဲ့အသုံးအနှုန်းတွေ သုံးကြတာပါပဲ။ တစ်ကယ်က ဘာမှမဟုတ်တဲ့ လူတွေပါ။ အဲဒီလိုလူတွေကို အားလုံး စုပေါင်းပြီးတော့ ဖယ်ထုတ်ရပါမယ်။

အဲဒီလို ခြိမ်းခြောက်စာတွေ များနေတဲ့အချိန်မှာ တစ်ချို့ကလည်း ကိုယ်မကျေနပ်တဲ့လူ၊ ကိုယ်နဲ့ မတည့်တဲ့လူကို ချောက်တွန်းကြတာလည်း ရှိပါတယ်။ ဘယ်လိုချောက်တွန်းလည်းဆိုတော့ ဥပမာ မောင်မောင်က အောင်အောင်ကို မကျေနပ်ဘူးဆိုပါတော့ .. မောင်မောင်က ဓာတ်ပုံပြင်တဲ့ software တွေကိုသုံးပြီးတော့ အောင်အောင်က တစ်ခြားမိန်းကလေးတစ်ယောက်ကို ခြိမ်းခြောက်စာပို့နေသယောင် ဖန်တီးလိုက်ပါတယ်။ နောက်ပြီးတော့ အဲဒီပုံကို Facebook လိုနေရာမျိုးမှာတင်ပါတယ်။ တင်တဲ့အခါမှာ အောင်အောင်ရဲ့ ဓာတ်ပုံနဲ့ Facebook profile လိပ်စာကိုလည်း ထည့်တင်လိုက်ပါတယ်။


ဒီလိုဆိုရင် မသိတဲ့လူတွေက အဟုတ်ထင်ပြီးတော့ Share ကြတဲ့အခါ တဖြည်းဖြည်းနဲ့ လူသိများလာပြီး အောင်အောင်က မကောင်းတဲ့လူတစ်ယောက်အဖြစ် သိက္ခာကျပါတယ်။ တစ်ချို့လည်း အောင်အောင်ရဲ့ wall မှာ၊ chat မှာ သွားဆဲကြပါလိမ့်မယ်။ အဲဒီလိုလုပ်တာကလည်း အင်တာနက်ကို အလွဲသုံးစားလုပ်တာပဲ ဖြစ်ပါတယ်။


ကိုယ်တိုင် တစ်ကယ်ခြိမ်းခြောက်ခံရလို့ Facebook မှာ တင်မယ်ဆိုရင်လည်း share များလို့ လူသိများသွားတာသာ ရှိပါမယ်။ တစ်ခြားလူတွေ သတိထားမိတာကလွဲလို့ ဘာမှအကျိုးကျေးဇူး မများပါဘူး။ ဒါကြောင့် အဲဒီလို အကြောင်းအရာတွေကို မ share သင့်ပါဘူး။ ဒါဆို အဲဒီလို ခြိမ်းခြောက်ခံရတဲ့အခါ ဘာတွေလုပ်သင့်လဲဆိုတာကို WikiHow ရဲ့ post တစ်ခုက ပုံတွေကို ကိုအိမောင် ဘာသာပြန်ထားတဲ့အတိုင်း ဖော်ပြလိုက်ပါတယ်။




ခိမ်းခြောက်သူကို စာပြန်တာဟာ သူတို့ပို့တဲ့စာကို ဖတ်ပြီးသွားပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ စာမပြန်ဘဲထားတာကမှ သူတို့စာကို မဖတ်မိသေးဘူးအထင်နဲ့ အချိန်ပိုရနိုင်ပါသေးတယ်။ တစ်ချို့ chat application တွေမှာတော့ Seen ဆိုတာပြန်ပေါ်တဲ့အတွက် ဖတ်ပြီးကြောင့် ခြိမ်းခြောက်သူက သိနိုင်ပါတယ်။ ဒါပေမယ့်လည်း စာပြန်ပို့တာက ကိုယ်စိတ်ပူနေကြောင်းကို ပြောတာနဲ့ အတူတူပါပဲ။

အဲဒီလိုလူတွေက စာနာစိတ် မထားတာကြောင့် စိတ်ပူလေပိုကြိုက်လေပဲ ဖြစ်ပါတယ်။ အသနားခံတာတို့ဘာတို့လုပ်ရင်လည်း ပိုပြီး ခြိမ်းခြောက်ရုံပဲရှိပါတယ်။ ကိုယ့်ဘက်ကပြန်ပြီး သက်ဆိုင်ရာတိုင်မယ်လို့ ခြိမ်းခြောက်ရင်လည်း ပြဿ       နာကို ပိုဆွပေးရာပဲရောက်ပါလိမ့်မယ်။ ဒါကြောင့် အကောင်းဆုံးက စာမပြန်ပဲနေတာဖြစ်ပါတယ်။




သက်ဆိုင်ရာကို တိုင်တဲ့အခါမှာ သက်သေခံအထောက်အထား ပြနိုင်အောင် ဖြစ်ပါတယ်။ ခြိမ်းခြောက်လာသူနဲ့ ပတ်သတ်ပြီး အချက်အလက် များနိုင်သမျှ များအောင် စုဆောင်းပါ။ အဲဒါတွေပေါ်မူတည်ပြီး ခြိမ်းခြောက်မှုကို ရပ်တန့်အောင် ဘယ်လိုလုပ်နိုင်မလဲ စဉ်းစားနိုင်ပါတယ်။



သက်သေအထောက်အထားတွေ သိမ်းဆည်းပြီးတာနဲ့၊ ခြိမ်းခြောက်သူက နောက်တစ်ကြိမ် ဆက်သွယ်လို့မရအောင်

– Gmail မှာဆိုရင် သူ့အကောင့်ကို ကိုယ့်စာရင်းထဲက ဖျက်ပစ်ပါ။ (သူပို့တဲ့စာတွေ ဖျက်ခိုင်းတာမဟုတ်ပါ)


– Chat app တစ်ခုခုမှာဆိုရင် block လုပ်ပစ်ပါ။


– Phone မှာဆိုလျှင် Blacklist စာရင်းထဲ ထည့်လိုက်ပါ။


– Facebook မှာဆိုလျှင် Report လုပ်ပြီး block လုပ်ပါ။ အကောင့်နာမည်ပြောင်းပါ (တစ်ခြားအကောင့်တစ်ခုနဲ့ လာ add နိုင်သောကြောင့်ပါ)။ အဲဒီအတောအတွင် လာ add လုပ်တဲ့သူများကို လက်မခံပါနဲ့၊ မှတ်ထားပါ။ ဓာတ်ပုံပါလျှင် သိမ်းထားပါ (သက်ဆိုင်ရာ တိုင်တဲ့အခါ ထည့်သွင်းပြောကြားပါ)။ ဖုန်းနံပါတ်၊ လိပ်စာတို့ကို အလွယ်တကူမမြင်နိုင်အောင် setting ပြောင်းပါ။ အရေးမကြီးလျှင် ထိုအချက်များကို Only me ဖြင့်သာထားပါ (သို့မဟုတ်) facebook ပေါ် မတင်ပါနဲ့။










ဒီ နံပါတ် (၇) အချက်ကလည်း အရေးကြီးပါတယ်။

လွတ်လပ်စွာ ကွဲလွဲလို့ရတယ်ဆိုပြီး အရည်မရအဖတ်မရ ကိစ္စလေးတွေကအစ စောင်းချိတ်ပြီး Status တင်တာမျိုး၊

တစ်ကယ့်အပြင်လောကမှ သူများအတင်း၊ မကောင်းကြောင်းပြောတာမျိုး
အင်တာနက် သို့မဟုတ် အပြင်လောကမှာ အကြွားသန်တာမျိုး
မလုံ့တလုံ ဓာတ်ပုံမျိုးကို Public နဲ့ တင်တာမျိုး
စတဲ့အချက်တွေကလည်း ကိုယ့်ကို ခြိမ်းခြောက်မယ့်သူတွေကို ဖိတ်ခေါ်ရာရောက်ပါတယ်။ အထက်ပါ အချက်လေးချက်မှာ

– ပထမနဲ့ ဒုတိယ အချက်ကတော့ ကိုယ့်ကို ရန်စများစေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ရန်ငြိုးထားတဲ့သူက ကိုယ့်ကို သိက္ခာကျအောင် လုပ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်မှန်ပေမယ့်လည်း အရေးမကြီးတာတွေကို သိပ်ပြီး မကွဲလွဲဖို့လိုပါတယ်။


– တတိယအချက်ကတော့ မဆိုင်ဘူးလို့ ထင်ရပေမယ့် ဆိုင်ပါတယ်။ ကြွားလိုက်မိခြင်းအားဖြင့် ကိုယ့်မှာ ရှိကြောင်း သိသွားပါတယ်။ ရှိကြောင်းသိသွားတဲ့အခါမှာ ငွေညှစ်တာ၊ ခြိမ်းခြောက်ပိုက်ဆံတောင်းတာတွေလုပ်ဖို့ အားပေးရာရောက်ပါတယ်။


– စတုတ္ထအချက်ကတော့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့အရှက်သိက္ခာကိုထိခိုက်နိုင်ပါတယ်။ ယောက်ျားလေးဆို ပြဿ       နာမရှိလောက်ပေမယ့် မိန်းကလေးဆို ဒုက္ခများနိုင်ပါတယ်။ Facebook မှာ Public နဲ့တင်တဲ့ပုံတွေဆို လူတိုင်းမြင်နိုင်ပါတယ်။ အကောင့် login ဝင်ထားဖို့မလိုဘဲ အလွယ်တကူ မြင်တွေ့၊ သိမ်းယူနိုင်ပါတယ်။ ခြိမ်းခြောက်မယ့်သူက ကိုယ့်ရဲ့ အဝတ်အစားကိုမြင်ပြီး တစ်လွဲတွေးပြီး လိင်ကိစ္စကို ခြိမ်းခြောက်တောင်းဆိုဖို့ အားပေးရာ ရောက်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ပုံတွေတင်တိုင်းမျာ Facebook သူငယ်ချင်းတွေသာ မြင်နိုင်တဲ့ Friend privacy နဲ့သာတင်သင့်သလို့ Friend လက်ခံတဲ့အခါမှာလဲ ကိုယ်နဲ့ တစ်ကယ်အပြင်မှာသိတဲ့ သူတွေကိုသာ လက်ခံသင့်ပါတယ်။


ဒါဆိုရင်တော့ တော်တော်လေး စုံလင်သွားပါပြီ။ မသိသေးတဲ့သူများအတွက် မျှဝေအသိပေးလိုက်ပါ။


Direct copy from ဒီမိုဝေယံ

Original Link - http://www.demowaiyan.org/2015/05/blog-post.html