Monday, November 25, 2019

အိမ္မက္ပြင့္မ်ား စုစည္းမွဳ - မ်ိဳးရဲ



စာေရးသူ၏ ၂၀၀၈ တြင္ စတင္ေရးသားခဲ့ေသာ အိမ္မက္ပြင့္မ်ား ႏွင့္ ၂၀၁၉ တြင္ဆက္လက္ေရးသားေသာ အိမ္မက္ပြင့္မ်ားကို စုစည္းေဖာ္ၿပပါသည္

( ၿမဴ ရံုးလမ္​းအတိုင္​း ၿမိဳ ့အ​ေနာက္​ဖက္​ကိုျဖတ္​သြားမိတိုင္​း ​ေဘာလံုးကြင္​း ႏွင္​့လမ္​းတစ္​ဖက္​တစ္​ခ်က္​ တြင္​ တည္​႐ွိပါ​ေသာကြၽန္​​ေတာ္​တို ့ငယ္​စဥ္​ကပညာရည္​ႏို ့​ေသာက္​စို ့ခြင္​့ရခဲ့ပါ​ေသာ​ေက် ာင္​း​ေတာ္​ႀကီး႐ွိ​ေနသည္​။ထို​ေက် ာင္​း​ေတာ္​ႀကီးမွ ႏွစ္​​ေပါင္​းမ်ားစြာ​ေမြးထုတ္​​ေပးခဲ့​ေလ​ေသာ ပညာတတ္​ မ် ား
မည္​၍မည္​မ်ွ ႐ွိ​ေနသည္​ကို မိခင္​​ေက် ာင္​း​ေတာ္​ႀကီးပင္​ တိတိပပမွတ္​မိႏိုင္​မည္​မဟုတ္။
​ေခတ္​ကာလ ​ေရြ ့လ် ား​ေျပာင္​းလဲ မွဳ ႏွင့္အတူအမိ​ေက် ာင္​း​ေတာ္​ႀကီး၏ ​ေရ႐ွည္​တည္​တံ ့
ႏိုင္​ရန္​ ျပဳ ျပင္​​ေျပာင္​းလဲမွဳ မ်ား ျပင္​ဆင္​တို းခ်ဲ ့ခ် က္​မ် ား႐ွိ​ေနျငား​ေသာ္​လည္​း က် ​ေနာ္​တို ့
ကိုယ္​သင္​းနံ ့မ်ား ထိ႐ွ ​ေပ် ာ္​ဝင္​ခဲ ့ပါ​ေသာ အမိ ​ေက် ာင္​​းေတာ္​ႀကီး၏ ပင္​မအ​ေဆာက္​အအံုမ် ား
မွာ ယခုတိုင္​ ရင္​ခုန္​ခ်င္​စရာ ယၡင္​အတိုင္​းအသက္​ဝင္​လ် က္​။​ေရြ ့လ် ားျခင္​း ျဖင္​့ ခရီးသြား​ေနၾက​ေသာ
လူသား တို ့၏ ငယ္​ဘဝသည္​ ျဖဴ စင္​ျခင္​းတုိ ့လႊမ္​းျခံဳ လ် က္​။ ပံုသဏၰာန္​ အမ်ိဳ းမ်ိဳ းျဖင္​့
ကံၾကမၼာ စီမံရာအတိုင္​း စီး​ေမ် ာ​ေနၾကရပါ​ေသာ္​လည္​း ျဖဴ လြ အစြမ္​းအထင္​း ကင္​းခဲ ့
့​ေလ​ေသာ ​ေက် ာင္​းသားဘဝ​ေပၚက လြမ္​းမက္​မ​ေျပ​ေသာ ပံုရိပ္​႐ွင္​မ် ားက အခ်ိန္​ အခါ
ကာလံ​ေဒသံကို မၾကည္​့ပဲ အရိပ္​လိုကပ္​ၿငိ​ေနျမဲ ။
က် ​ေနာ္​တို ့​ေခတ္​က ဆရာႏွင္​့ တပည္​့ ဆက္​ဆံ​ေရးက ယ​ေန ့ထက္​ အ​ေႏြးဓာတ္​ပို႐ွိသလို
ခံစားမိသည္​။ ခ်စ္​​ေၾကာက္​႐ို​ေသ ဟုဆိုရ​ေလာက္​​ေအာင္​ ​ေလးစားခ်စ္​ခင္​​ေၾကာက္​ရြံ ့ ့သလို ဆရာ၏ တပည္​့​ေတြအ​ေပၚထား​ေသာ​ေမတၱာ တရားကလည္​း ဝတ္​​ေက် တမ္​း​ေက်မဟုတ္​သလို ​ေငြ​ေၾကး ဆက္​ႏြယ္​မွဳ ဆိုတာလံုးဝမပါဝင္​။ ဆိုးမိုက္​​ေသာ တပည္​့ကိုပိုစိုးရိမ္​​ေသာ မိဘလို ​ေမတၱာ မ်ိဳ းႏွင္​့ဆရာ​ေတြ။​
ေတာ္​​ေသာတပည္​့​ေတြအ​ေပၚၾကယ္​လိုလမ္​းျပ​ေသာဆရာ​ေတြ ။
ႏွစ္​ကာလမ်ား ​ေရြ ့လ် ားျခင္​းႏွင္​့အတူဆရာမ်ား သက္​ျပည္​့အၿငိမ္​းစားယူကုန္​ၾက
​ေလသည္​။ တပည္​့မ႐ွား တျပားမ႐ွိ​ေသာဆရာစစ္​စစ္တို ့အ​ေပၚ ျပန္​လည္​သိတတ္​​ေသာ တပည္​့အ​ေပါင္​းတို ့၏ ဆရာကန္​​ေတာ့ပြဲ ။ စိတ္​ကူးထဲ​ေတြးလိုက္​မိစဥ္​တြင္​ ရင္​သည္​တဖ် ပ္​ဖ် ပ္​ ၊ ဆရာတို ့အား ​ေဝးကြာ​ေန​ေသာတပည္​့မ် ားက လာ​ေရာက္​ဆံု​ေတြ ့ဂါရဝျပဳခြင္​့ရ​ေသာ ထိျခင္​းငါးပါးျဖင္​့ ကန္​​ေတာ့ခြင္​့
ရ​ေသာပြဲ ၊ မဆံု​ေဝးကြာ​ေန​ေသာ ငယ္​​ေပါင္​းသူငယ္​ခ်င္​းမ် ား​ေတြ ့ဆံု အလြမ္​း​ေျဖစရာ
အိပ္​မက္​ပြင္​႔ခ်ိန္​ ၊။မက် င္​းျဖစ္​​ေသာ သံုးႏွစ္​အတြင္​းမွာ သူငယ္​ခ်င္​းမ် ားျပန္မဆံုၾကသလို ၊ ဆရာမ် ားႏွင္​့
အ​ေဝး​ေရာက္​ တပည္​့မ် ားလည္​း မထိ​ေတြ ့ၾကကိုယ္​စီ အားလံုးတြင္​လည္​း တစ္​ႏွစ္​တစ္​ခါ
ဆံုခြင္​့ရ​ေသာ ဆရာကန္​​​ေတာ့ပြဲသည္အဓိပၸာယ္​ ​ေပါင္​းမ် ားစြာ ျဖင္​့​ေလးနက္​လြန္​း
လွသည္​ ။ ယၡဳ ႏွစ္​ျပန္​လည္​က် င္​းပမည္​ဟုၾကားရခိုက္​ အတိုင္​းထက္​အလြန္​ၾကည္​ႏူး
မိသည္​။ ​ေက် ာင္​းသား​ေဟာင္​းတို ့၏လက္​ဆင္​့ကမ္​းသယ္​​ေဆာင္​လာ​ေသာေက် းဇူးတရားအ​ေပၚ အသိအမွတ္​ျပဳမွဳ သည္​မ်ိဳ းဆက္​သစ္​တို ့အတြက္​ တန္​ဖိုး႐ွိပါ​ေသာအ​ေမြအျဖစ္​တည္​တံ ့က်န္​ရစ္​ပါလိမ္​ ့မည္​။
လာမည္​့ ဒီဇင္​ဘာသည္​ ရင္​ခုန္​စရာျပည္​့ႏွက္​​ေနပါလိမ္​ ့မည္​။ ဆရာမ် ားအားလံုး
ျပန္​မဆံုႏိုင္​​ေတာ့သလို ကန္​​ေတာ့ၾကမည္​့တပည္​့မ် ားမွာလည္​း မ​ေရာက္​လာႏိုင္​​ေတာ့
မည္​့သူမ် ား႐ွိ​ေနသည္​။က် င္​းပျပဳ လုပ္​မည္​့ ဆရာကန္​​ေတာ့ပြဲအတြက္​ အ​ေတြ ့အၾကံဳ ႐ွိၿပီးသူ
​ေက် ာင္​းသား​ေဟာင္​းမ် ားႏွင္​့ လက္​ဆင္​့ကမ္​းဆက္​လက္​တာဝန္​ယူမည္​့​ စီနီယာ
​ေက် ာင္​းသား​ေဟာင္​း မ် ား ပူး​ေပါင္​းလက္​တြဲမည္​့​ေက် ာင္​သား​ေဟာင္​းမ် ား ၊တာဝန္​ကိုယ္​
စီခြဲ​ေဝယူၾကမည္​့ ရည္​ရြယ္​ခ် က္​တူညီ​ေသာ​ေက် ာင္​းသား​ေဟာင္​းမ် ား ၊ၾကံဳခဲ့​ေလ​ေသာ
ပြဲမ် ားမွ အားနည္​းခ်က္​မ် ားအ​ေပၚ ဂ႐ုထားျပင္​ဆင္​အားျဖည္​့မည္​့ ​ေက် ာင္​းသား​ေဟာင္​း
မ် ားစြာတို ့၏ အိပ္​မက္​မ် ား။အႀကိမ္​ ႀကိမ္​ျပဳ လုပ္​ခဲ့​ေသာ​ေတြ ့ဆံု​ေဆြး​ေႏြးမွဳ မ်ားမွ
တရားဝင္​တာဝန္​ယူမည္​့ ​ေကာ္​မတီတစ္​ရပ္​ထြက္​​ေပၚလာခဲ ့သည္​။လာမည္​့ ဇူလိုင္​လ ( ၁ )ရက္​​ေန ့တနဂၤ​ေႏြ​ေန ့တြင္​ ၂၀၁၈ ျမတ္​ဆရာပူ​ေဇာ္​ပြဲက်င္​းပ​ေရး​ေကာ္​မတီ ႏွင္​့ လုပ္​ငန္​း​ေကာ္​မတီ
တို ့အႀကိဳ ညႇိႏွိဳင္​းအစည္​းအ​ေဝးက် င္​းပမည္​ဟုသိရသည္​။
သစ္​ပုတ္​ပင္​မ႐ွိ​ေသာ
၊စိန္​ပန္​းျပာ မပြင္​့​ေသာ
ခံုတန္​းလ် ားမ႐ွိ​ေသာ ၊
ကံ ့​ေကာ္​တန္​းမ႐ွိ​ေသာ
ပကတိ ​ေျမသင္​းနံ ့မ် ား ဆြတ္​ပ် ံ ့​ေနတတ္​​ေသာ
သနပ္​ခါးနံ ့ႏွင္​့​ေခြၽးနံ ့မ် ား႐ွိ​ေနတတ္​​ေသာ
​ေရစီးသံစီး​ေျမာလာတတ္​​ေသာ
လမ္​း​ေလ် ာက္​တတ္​​ေသာ
စက္​ဘီးစီးတတ္​ပါ​ေသာ
ဝါးခယ္​မၿမိဳ ့ အ ထ က (၁)၏ျမတ္​ဆရာပူ​ေဇာ္​ပြဲ ႏွင္​့ အျဖဳဳဴ ​ေရာင္​ၾကဳိ းစမ် ား​ေပါင္​းဆံုပြဲ
အိပ္​မက္​​ေဟာင္​းတို ့႐ွင္​သန္​ပြဲ ။
တာဝန္​ယူမည္​့သူမ် ားႏွင္​့ ပူး​ေပါင္​းလက္​တြဲမည္​့
တြဲလက္​မ် ားအားလံုးအား ဂုဏ္​ယူစြာျဖင္​့ )


ဇြန္လမိုးရာသီက စရြာကတည္​းက​ေဆြမ်ိ ဳးအားလံုး​ေခၚလာပံုရသည္​။ ​ေနပြင္​့ခ်ိန္​မ​ေပး​ေလာက္​​ေအာင္​ ဂ်ဴ တီ အျပည္​့ယူထားသည္​။ မွံဳ မွိဳ င္​းမွိဳ င္​း မ်က္​ရည္​စတို ့စိုရႊဲ​ေန​ေသာလမ္​းမ​ေပၚတြင္​ ထီး မိုးကာ မ်ား ျခံဳ လႊမ္​းလ်က္​​ေက် ာင္​းသား/ သူ အရြယ္​စံုကို ျဖတ္​သြားျဖတ္​လာျမင္​​ေနရသည္​ ။စိတ္​အစဥ္​က ဟိုး​ေ႐ွး​ေ႐ွး
တုန္​းကကာလတစ္​ခုစီ​ေရြ ့လ်ား​ေရာက္​႐ွိသြားသလို ။

က်​ေနာ္​က ရြာလယ္​ရပ္​ကြက္​သား ။​ေက် ာင္​းစတက္​တာက သဲကြင္​း အ. မ. ကခု​ေခတ္​ႏွင္​့မတူတာက ​ေက်ာင္​းစတက္​ခါစတစ္​ပတ္​​ေလာက္​သာ ငို၍ အိမ္​ကလိုက္​ပို ့ျပန္​ႀကိဳလုပ္​​ေပးသည္​ ။ ​ေနာက္​ပိုင္​း ကိုယ့္​
ဖာသာကိုယ္​ သြားရသည္​။ ခု​ေခတ္​မ်ား၁၀ တန္​း ​ေရာက္​တာ​ေတာင္​လက္​မလြတ္​
သူမ်ား႐ွိ​ေန​ေသးသည္​။ကြၽန္​​ေတာ္​ ငါးတန္​းစတက္​​ေတာ့ငါးတန္​းD ၊ အတန္​းပိုင္​ဆရာမက ဆရာမ​ေဒၚမူမူ
ငါးတန္​းအ​ေဆာက္​အဦးက မ်က္​ႏွာစာ​ေက် ာင္​းအ​ေဆာက္​အဦးရဲ ့အ​ေနာက္​ဖက္​မွာတည္​႐ွိ
သည္​။ ႏွစ္​ထပ္​သစ္​သားအ​ေဆာင္​ ။ထိုအ​ေဆာင္​ညာဖက္​​ေဘးတြင္​ ​ေက်ာင္​းသား
အိမ္​သာတည္​႐ွိၿပီး ဘယ္​ဘက္​​ေဘးတြင္​​ေက်ာင္​းသူ အိမ္​သာ႐ွိသည္​။​ေ႐ွ ့လမ္​းတစ္​ဖက္​
မ်က္​​ေစာင္​းထိုးအ​ေဆာက္​အဦးမွာ စက္​မွဳ ​ေဆာင္ျဖစ္​ပါသည္​ ။စက္​မွဳ​ေဆာင္​​ေ႐ွ ့လမ္​း
တစ္​ဖက္​မွာ႐ွိ​ေသာ အ​ေဆာက္​အဦးမွာလည္​းႏွစ္​ထပ္​ျဖစ္​ၿပီး ​ေအာက္​ထပ္​မွာ သိပၸံလက္​​ေတြ ့
ခန္​း႐ွိၿပီး အ​ေပၚထပ္​မွာ ကြၽန္​​ေတာ္​တို ့​ေန ့လည္​​ေက် ာင္​းဆင္​းတိုင္​း အ​ေျပးအလႊား
လာ​ေရာက္​​ေလ့႐ွိ​ေသာ ​ေက်ာင္​းႀကီးစာၾကည္​့တိုက္​ျဖစ္​သည္​။ထိုအ​ေဆာင္​မ်ားႏွင္​့တစ္​ဆစ္​ခ်ိဳ း​ေကြ ့တြင္​
ကာယ​​ေလ့က်င္​့ရာခန္​းမ႐ွိသည္​။ ထိုခန္​းမကို​ေဒၚပိုက္​မိခန္​းမဟု အမည္​သညာမွည္​့​ေခၚထားသည္​။

ကြၽန္​​ေတာ္​တို ့​ေက်ာင္​းတက္​စဥ္​အခါကအထက္​တန္​း​ေက်ာင္​းမွာ တစ္​​ေက်ာင္​းတည္​းသာ႐ွိသည္​။ အလယ္​တန္​း​ေက်ာင္​းကႏွစ္​​ေက်ာင္​း အ.လ.က(၁) ​ေခၚ ရြာသစ္​​ေက်ာင္​းႏွင္​့အ.လ.က (၂) ​ေခၚ ဦးဗိုလ္​ႀကီး​ေက်ာင္​းတို ့ျဖစ္​သည္​။ထိုအခ်ိန္​က အားလံုး အ​ေခၚမွာေက်ာင္​းႀကီး ဟုသာသံုးႏွဳ န္​းၾကသည္​။
ထိုအခ်ိန္​က အားလံုးနီးပါးတူညီ​ေသာအခ်က္​တစ္​ခုမွာ အားလံုးနီးပါး နီးနီး​ေဝး​ေဝးလမ္​း​ေလ်ာက္​​ေက်ာင္​းတက္​ၾကသည္​ ။ဆယ္​တန္​း ႏွစ္​ထပ္​​ေဆာင္​၏ ​ေက်ာင္​း​ေလွကား​ေဘး ​ေနရာတြင္​ စက္​ဘီးစီးႏိုင္​သူမ်ားက စက္​ဘီးထားၾကသည္​။ ထို​ေခတ္​ကပန္​းကမၻာစက္​ဘီး​ေခတ္​ ။ စက္​ဘီးစီးႏိုင္​သူကလက္​ဆယ္​​ေခ်ာင္​းမျပည္​့ ။ စီးႏိုင္​သူတစ္​ခ်ိဳ ဳ ့႐ွိ​ေသာ္​လည္​း မစီးၾက ။ လမ္​း​ေလ်ာက္​​ေက်ာင္​းတက္​ခ်င္​းကိုသာ ပံုမွန္​​ေနထိုင္​ျခင္​းတစ္​ခုလို
႐ိုးသား စြာ မာန္​မ႐ွိ​ေနၾကသည္​။ယၡဳ ​ေခတ္​​ေက်ာင္​းသားဘဝ မစခင္​ပင္​က်ဴ ႐ွင္​ျဖင္​့ စမိတ္​ဆက္​ၾကသည္​။
မူလတန္​း​ေက်ာင္​းဆီ မ​ေရာက္​မီက်ဴ ႐ွင္​အရင္​ပို ့ၾကသည္​။အရင္​​ေခတ္​က အလယ္​တန္​း ​ေက်ာင္​း
တက္​ခ်ိန္​ က်ဴ ႐ွင္​ဆိုတာ စ​ေပၚ​ေနၿပီ။အခုလိုအား​ေကာင္​း​ေမာင္​းသန္​မဟုတ္​။လူနည္​းစုသာက်ဴ ႐ွင္​တက္​ၾကသည္​။က်ဴ႐ွင္​ဆရာမ်ားမွာလည္​း ျပင္​ပပုဂၢိဳ လ္​ဆရာမ်ားသာ။ ​ေက်ာင္​းဆရာ /ဆရာမမ်ားက်ဴ ႐ွင္​မသင္​ၾက။ လိုအပ္​လ်င္​အခ်ိန္​ပို​ေခၚအိမ္​​ေခၚ အလကားသင္​​ေပးၾကသည္​။ဆရာမ်ား၏ လစာမွာလည္​း ရာဂဏာန္​းမ်ွသာ။သို ့​ေသာ္​​ေရာင္​့ရဲၾကသည္​။ တပည္​့မ႐ွားတစ္​ျပားမ႐ွိ​ေသာ ဆရာမ်ား။ကြၽန္​​ေတာ္​တို ့အခ်ိန္​က ​ေက်ာင္​းသားအားလံုးအျဖဴ ထည္​မ်ားသာ ။ က​ေလးစိတ္​သာ႐ွိၾကသည္​။ စာသင္​ခ်ိန္​စာသင္​ၿပီး အားလ်င္​​ေဆာ့ၾကသည္​။ ​ေမာင္​လိုႏွမလို သူငယ္​ခ်င္​းစစ္​စစ္​မ်ား။


ဆရာမ်ားကလည္​းသားသမီးလို တပည္​့လိုသတ္​မွတ္​ထားသည္​။ ဆူသည္​။႐ိုက္​သည္​။တပည္​့မ်ားကလည္​း ခ်စ္​​ေၾကာက္​႐ို​ေသသည္​။မဟုတ္​တာမလုပ္​ရဲၾက။အလယ္​တန္​းတြင္​သင္​ၾကားခြင္​့ရခဲ့​ေသာဆရာမ်ားထဲမွမွတ္​မိသမ်ွ​ေျပာၾကည္​့ခ်င္​သည္​။မွတ္​ဉာဏ္​အားနည္​း၍​ေမ့က်န္​တာမ်ားလည္​း႐ွိသည္​။ သတိရသ​ေလာက္​​ေျပာရလ်ွင္​
ဆရာမ​ေဒၚမူမူ ဆရာ​မေဒၚမာဂရက္​(ညီအမ)
ဆရာဦး​ေအာင္​ျမင္​့လွ ဆရာမ ​ေဒၚျမရီ
ဆရာဦးလွႂကြယ္​ဆရာမ​ေဒၚခင္​ဥ
ဆရာဦးသိန္​းၾကည္​ဆရာမ​ေဒၚခင္​လွႏြယ္​
ဆရာဦးတင္​​ေဌး ၊ဆရာဦး​ေအး​ေဖ
ဆရာဦး​ေလးျမင္​့ ၊
ဆရာ (ဆာဒူး)ဦးျမင္​့​ေဆြ ၊
ဆရာ(အာျပဲ)ဦးျမင္​့​ေဆြ ၊
ဆရာမ​ေဒၚခင္​မာမာ ၊ဆရာမ​ေဒၚစိုးျမင္​့- - -
စာရင္​းျပဳစုျခင္​းမဟုတ္​ပါသျဖင္​့ သတိရမိ
သမ်ွသာ။



ကြၽန္​​ေတာ္​တို ့လိုထမင္​းခ်ိဳင္​့ႏွင္​့​ေက်ာင္​းတက္​လာသူမ်ားအတြက္​​ေန ့လည္​ ခ်ိန္​မွာ​ေပ်ာ္​စရာအလြန္​​ေကာင္​းသည္​။စာၾကည္​့တိုက္​တြင္​စာဖတ္​ခြင္​့ရျခင္​းပင္​ ။​ေရႊ​ေသြး​ေပါင္​းခ်ဴပ္​စာအုပ္​မ်ားႏွင္​့ ​ေတဇတို ့​ေက်ာင္​းသား စာအုပ္​မ်ားက ​ေန ့လည္​ခင္​းအ​ေဖၚမ်ားပင္​။သည္​လိုႏွင္​့ ၈ တန္​း​ေအာင္​၍ ၉ တန္​း​ေရာက္​လာပီ။
နဝမတန္​း B. အတန္​းပိုင္​က ဆရာမ​ေဒၚစန္​းၫြန္​ ့ ။စာသင္​​ေကာင္​းသလို စည္​းကမ္​း ​ေကာင္​းသည္​။ ဆရာမက​ေျပာစရာ႐ွိလ်င္​မည္​သူ ့ေ႐ွ ့မွမ​ေ႐ွာင္​တတ္​။ ခပ္​ဆိုးဆိုး​ေက် ာင္​းသားမ် ားပင္​ဆရာမကို​ေၾကာက္​ၾကသည္​။


 အဲ့ဒီေန.က ဆရာမကနံမည္စာရင္းေခၚၿပီးျပီ။စာကစသင္ေနပီ။ ဆရာမေဒၚစန္းညႊန္႕ကစာသင္ေနသည္။
ေက်ာက္သင္ပုန္းေပၚမွာ စာေရးလိုက္ ေက်ာင္းသားေတြဖက္ကိုစာလွည့္သင္လိုက္ျဖဳန္းဆိုဆရာမက စာသင္ေနတာရပ္ပစ္လိုက္သည္။ လက္ညွိဳးလွမ္းထိုးတာ ျမင္လိုက္ခိုက္မလံုမလဲျဖစ္သြားသည္။
" မ်ိဳးနိုင္ "
" ဗ်ာ ဆဆဆရာမ "
ဘာမွန္းမသိကတုန္ကရင္စကားေျဖမိရင္းဘာမွန္းမသိျဖစ္မိသည္။မတ္တပ္ရပ္လိုက္မိေသာ္လည္း လူကေၾကာက္ေနသည္။ ဘာမွလဲ အမွားမလုပ္မိေသးပါဘူး ။ကိုယ့္ကိုကိုယ္စိတ္တင္းထားေသာ္လည္းဒူးကမခိုင္ခ်င္သလိုလို။ ဆရာမကခ်စ္ဖို႕ေကာင္းသလို ေၾကာက္လည္းေၾကာက္ရသည္။ ေျပာစရာရွိလ်ွင္ဘယ္သူ႕ေရွ႕မွမေရွာင္တတ္။ တစ္ခန္းလံုးကလည္းကိုယ့္ကိုဝိုင္းၾကည့္
ေနၾကၿပီ။
" နင့္ေဘးကစိုးလြင္ လက္နဲ႕ဖိထားတဲ႕စာရြက္ယူလာေပးစမ္း "
ေဘးကစိုးလြင္ကိုလွမ္းၾကည့္ေတာ့ သူလည္းမ်က္လံုးေလးကလည္ကလည္ ။သုူ႕လက္နွင့္ဖိထားေသာ စာရြက္တစ္ရြက္ကိုျမင္မိသည္။အသာဆြဲယူေတာ့ သူကျပန္ဆြဲထားသည္။ဆရာမမ်က္လံုးေတြကို မခံႏိုင္စြာ သူလႊတ္ေပးလိုက္သည္။ သူ႕မ်က္းလံုးေတြထဲမွာေကာက္ရိုးမ်ွင္ေမ်ွာ္ေနသလိုမ်ိဳး။ဆရာမလက္ထဲစာရြက္ေပးလိုက္မိသည္ ဆရာမကစာရြက္ကိုေသခ်ာစိုက္ဖတ္ေနသည္။ၿပီးေနာက္ စိုးလြင္ကို မ်က္လံုးစိုက္ၾကည့္လိုက္
သည္။ စိုးလြင္မ်က္နွာက ေသြးမရွိေတာ့။
" အဟမ္း "
ဆရာမဆီက ေခ်ာင္းဟန္႕သံၾကားလိုက္ရသည္။တစ္တန္းလံုးအပ္က်သံပင္ မၾကားရသလိုဆိတ္ဆိတ္တိတ္လြန္းေနသည္။အားလံုးရဲ႕အၾကည္႕ေတြက ဆရာမ မ်က္နွာေပၚစုၿပံဳစူးလက္စြာ။ေျပာမည့္စကားသံကိုမၾကား
လိုက္ရမွာမ်ိဳးနားေတြျဖန္႕စြာ။
" ခ်စ္ေအး "
အမွားရွိရင္ခြင့္လႊတ္ေပးပါေနာ္။
မင္းရဲ႕ ရွင္းသန္႕တဲ႕မ်က္နွာေလးကိုျမင္လိုက္တိုင္း
ရင္ေတြဘာလို႕ခုန္ေနလဲ ကိုယ္မသိေတာ့ဖူး။
ခ်စ္တယ္ဆိုတာလား ေအးရယ္
ကိုယ္ေအးကိုခ်စ္မိသြားပီ ။
ခ်စ္တယ္လို႕ရိုးရိုေလးေျပာမယ္ေနာ္။
သိပ္ခ်စ္တယ္ေအးရယ္ ။
တကယ္လို႕မ်ား - - -
" ဟဲ႕ နင့္ရည္းစားစာကတုန္းလိုက္တာဟာ "

ေဝါကနည္းရယ္သံေတြၾကားမွာ စ္ိုးလြင္မ်က္နွာရဲရဲတြတ္ေနသည္။ဆရာမ ကအဲ႕လိုဆရာမိ်ဳး ။

ဒီလိုႏွင့္ ဘဝမတူ အလႊာမတူ ရပ္ကြက္မတူပံုသဏၰာန္မတူေသာ သူငယ္ခ်င္းမ်ား စာသင္ခန္းတစ္ခန္းအတြင္းမွာ ညီအကိုေမာင္နွမမ်ားလိုေသြးနီးသြားၾကသည္။ေတာ္သူမေတာ္သူ ဆရာ/ဆရာမခ်စ္သူ ဆိုးသူ
အားလံုးသည္ ေျပာင္ၾက ေနာက္ၾက ကူညီၾကေန႕တစ္ေန႕ရဲ႕ အခ်ိန္မ်ားစြာဟာ ဘဝအေမာေတြမပါဝင္ေသာ ခ်စ္စရာေက်ာင္းသားဘဝ။

ကထိန္စေတာ့မည္။က်ြန္ေတာ္တို႕ပထမအစမ္းစာေမးပြဲပီးရင္သီတင္းက်ြတ္ေက်ာင္းပိတ္ရက္။သီတင္းက်ြတ္ပီးေက်ာင္းျပန္ဖြင့္ခ်ိန္ကစ ကထိန္အရုပ္ခ်ိဳးဖို႕စိုင္းျပင္းၾကေတာ့သည္။အရင္ေခတ္ကယၡဳေခတ္လိုမ်ိဳးအရုပ္ကိုပိုက္ဆံေပးအပ္ၾကတာမဟုတ္။ေယာက်ၤားေလးေတြစုပီးတိုင္ပင္ၾက ဘယ္လိုအရုပ္မ်ိဳးေတြလုပ္ၾကမယ္ဆိုပီးေတြးၾကစိတ္ကူးၾက l ဆရာမနွင့္တိုင္ပင္ၾက ။တျခားအခန္းေတြထက္သာေအာင္စိတ္ကူးမတူေအာင္ အရုပ္မတူေအာင္ သိုသိုသိပ္သိပ္နွင့္အရုပ္လုပ္ၾကေတာ့သည္။ ထိုတစ္လလံုးကလည္းစာသိပ္မသင္။ေက်ာင္းသားေက်ာင္းသူေတြ အားလံုးကလည္းကိုယ္နိုင္ေသာအလုပ္ေတြဝိုင္းကူၾက ။ဝါးေတြစိတ္ၾက စကၠဴေတြကပ္ၾက ။တက္ၾကြေပ်ာ္ရႊင္စြာ ကထိန္အတြက္ရင္ခုန္ရင္းအတန္းေတြ အျပိဳင္သူ ႕ထက္ကိုယ့္အခန္းပိုသာ
ေအာင္မိန္းကေလးေတြကဦးေဆာင္ျပင္ၾက။ေယာကၤ်ားေလးေတြက အရုပ္ေတြကိုအသက္ဝင္ေအာင္ဖန္တီးၾက။ ျပန္စိတ္ကူးၾကည့္တာနွင့္ပင္ရင္ခုန္လာျပန္သည္။၉ တန္း / ၁၀ တန္းဆိုေတာ့ အပ်ိဳေပါက္ လူပ်ိဳေပါက္စေတြျဖစ္လာၾကၿပီ။ သစ္ရြက္ေၾကြတာ ေလတိုးတာကိုရင္ခုန္စျပဳတတ္လာၿပီ။ မ်က္လံုးေလးေတြႏွင့္
ခိုးခိုးၾကည့္တတ္တာေတြ ရွိဴးစမိုးထုပ္ျပတာေတြမထိခလုပ္ထိခလုပ္ေျပာတာေတြ က စိတ္ကစား
စျပဳလာေသာနမိတ္ပံုေတြ။ကထိန္လကေတာ့ ထိုေက်ာင္းသားတို႕အတြက္အခြင့္အေရးေတြ ။ တစ္ခုေတာ့ေျပာစရာရွိသည္။ထိုေခတ္ကအရမး္ရိုးသားၾကသည္။နည္းပညာေတြလည္းမတိုးတက္ေသး ။ေရဒီယို
ြီတီဗြီသာေပၚေသးေသာအခ်ိန္။ မိန္းကေလးတစ္ေယာက္နွင့္ေယာကၤ်ားေလးခ်စ္သူျဖစ္သြားလ်င္စာေပးစာယူေလာက္သာ။ခ်ိန္ေတြ႔စရာေနရာကလည္းရုပ္ရွင္ရံု ေသာ္ကဘုရား ဘိုးမင္းေခါင္ဘုရား ထိုေနရာေတြ
ြေလာက္သာ ။ လက္ကေလးကိုင္ရံု ပါးကေလးနမ္းရံုေလာက္ကအျမင့္ဆံုးရေသာအခြင့္အေရးေတြ။ထိုခ်စ္သူျဖစ္ေသာ သူနွစ္ေယာက္စိတ္မတိုင္ဆိုင္၍လမ္းခြဲသြားၾကလ်င္ သူ႕တို႕ဂုဏ္နိမ့္သြားသလိုျဖစ္သြားသည္။
" ေဟာင့္ေကာင္ အဲဒီသူဇာက ရည္းစားနဲ႕ကြဲထားတာ l "
ရည္းစားမထားဖူးသူမိန္းကေလးနွင့္မတူေတာ့။အဲဒီလိုေခတ္မ်ိဳး။ ပန္းျခံထဲမွာ ခ်စ္သူရည္းစားထိုင္စကားမေျပာရဲၾက။လက္ခ်င္းခ်ိတ္၍ေလ်ာက္လာသူနွစ္ေယာက္ကိုျမင္လ်င္ ေတြ႕ရသူကထူးဆန္းစြာ ဝိုင္းၾကည့္ၾကသည္။ယၡဳကေလးမ်ားယံုခ်င္မွယံုပါလိမ္႕မည္။

အရုပ္ေတြလဲၿပီးပီ ။ အခန္းထဲမွာလည္းေဆးေတြသုတ္ ဆီဆိမ္စကၠဴ ေရာင္စံုေတြဖဲျပားေရာင္စံုလိပ္ေတြဆင္ၾက ပူေပါင္းေတြြခ်ိတ္ဆြဲၾက ။ အိုး မေမာနိုင ္မပန္းနိုင္ ၿပံဳးေပ်ာ္ေနာက္ေျပာင္ကာအတန္းစံု လွဳပ္ရွားသက္ဝင္
ေနပံုေတြဟာ ျပန္ျမင္ေယာင္ၾကည့္မိတိုင္းပီတိ ထိုအခ်ိန္ကိုျပန္ေရာက္ခ်င္မိေတာ့သည္။မနက္ဖန္ကထိန္ ။ ညေန ၄ နာရီအေရာက္အရုပ္အပ္္ရမည္။ေဆာင္းေဘာက္ေတြလည္းငွားထားပီးပီ။ မီးစက္လည္းငွားထားရသည္။လက္တြန္းလွည္းလည္းငွားထားရသည္။ေက်ာင္းသားကိုယ္စီေပ်ာ္ေနၾကသည္။ဆရာ/ဆရာမေတြလည္းေပ်ာ္ေနၾကသည္။အမိေက်ာင္းေတာ္ႀကီးကလည္း ေမြးထုပ္ေပးထားေသာ ေက်ာင္းသား/ေက်ာင္းသူ
မ်ားကိုၾကည့္ကာေပ်ာ္ေနသည္။တစ္ေက်ာင္းလံုးလည္းမီးေတြထိန္ထိန္လင္းလ်က္ ။တစ္ၿမိဳ႕လံုးကလည္း အ ထ က ( ၁ )ေက်ာင္းႀကီးကထိန္ကိုစိတ္ဝင္စားၾကသည္။ ညဖက္ကထိန္အရုပ္ေတြလာၾကည့္ၾက။
ခ်ီးမြမ္းၾက အံ႕ၾသၾက အားေပးၾက ခိုင္းနွဳိင္းၾက။ကထိန္ညသည္ေက်ာင္းသားအားလံုးရင္ထဲ
မည္သို႕မ်ွေမ့နိုင္စြမ္းမဲ႕ေသာ အေပ်ာ္ဆံုးညမ်ား။



က်ြန္ေတာ္တို႕အတန္းက ဒံေပါက္ေက်ြးမည္။ဆရာမအိမ္မွာ ခ်က္ျပဳတ္ၾကသည္။ ဆရာမအိမ္က ေက်ာင္းနွင့္နီးသည္။ဘိုးမင္းေခါင္ကန္ေရွ႕ တရားရံုးမ်က္ေစာင္းထိုးတြင္ျဖစ္သည္။ ဒံေပါက္ခ်က္မည့္သူက မ်ိဳးဦး
သူ႕အေဖက ပတၲျမား ကႏၷားလမ္းမွာထမင္းဆိုင္ဖြင့္ထားသည္။ဆရာမအိမ္မွာ ဝိုင္းလုပ္ေပးၾကရင္း ဆရာမျခံထဲက ကန္ထဲမွာငါးျမင္ေတာ့ ဆရာမမသိေအာင္ေနဝင္းကငါးကိုခဲႏွင့္ထုသည္။ ငါးမထိပဲကန္ထဲ
ေျခကားယားလက္ကားယား က်ေလေတာ့သည္တစ္ကိုယ္လံုးစိုေနေတာ့ တန္းမွာလွမ္းထားေသာဆရာမအမ်ိဳးသားပုဆိုးကိုခပ္တည္တည္ယူဝတ္လိုက္သည္။အိမ္ထဲမွအညာေစာင္တစ္ထည္ယူကာခပ္တည္
တည္ျခံဳထားလိုက္သည္။ဘုရားစင္ေပၚမွဆြမ္းေတာ္ကပ္းေသာအသီးအနွံမ်ားကို ခးိုစားၾကသည္။
အရက္ခိုးေသာက္ၾကသည္။အုန္းပင္တက္အုန္းသီးခိုးစားၾကသည္။အဲဒီလိုေပ်ာ္ၾကတာ။ ပီတီတီ ဟိုမေရာက္
ဒီမေရာက္ေတြက လူကြယ္ရာမွာ စကားေတြတီးတိုးေျပာၾက ။ လက္ကေလးကိုင္ထားၾက။
ျပန္မရနိုင္ေတာ့ပါေသာ လြတ္လပ္အေပ်ာ္ေတြ။ဒံေပါက္ခ်က္ေသာ မ်ိဳးဦးက မူးသြားပီးအိမ္ျပန္
သြားေတာ့ နားမလည္ပါးမလည္ဆက္ခ်က္ႀကတာ ဒံေပါက္ထမင္းေတြၿပဲကုန္သည္။

နံက္ ၅ နာရီ တန္းစီရသည္။ေဝလီေဝလင္း။အတန္းထဲမွာေကာက္ညွင္းေပါင္းေၾကြးသည္။အားလံုးအားလံုးသည္ဘယ္အခ်ိန္ေတြးေတြးတေျဖးေျဖးတစ္ကဒ္ျခင္းတစ္ကဒ္ေပၚေပၚလာသည္။ျပန္မရႏိုင္ေသာအေဟာင္းေတြ။ျဖဴစင္သန္႕ရွင္းပါေသာ အျဖဴထည္ခ်စ္ခ်င္းေတြ။သိပ္လြမ္းသည္။ေတြးတိုင္းလြမ္းသည္။ဆရာကန္ေတာ႕ပြဲ သူငယ္ခ်င္းေတြျပန္ဆံုမည္။ညႊန္မွဴးေတြ ဗိုလ္ခ်ဴပ္ဗိုလ္ႀကီးေတြ လုပ္ငန္းရွင္ေတြ ေက်ာင္းဆရာေတြ လမ္းေဘးေစ်းေရာင္းသူေတြ။ အားလံုးသည္ေက်ာင္းေတာ္ႀကီးျခံတံခါးအတြင္းဝင္လိုက္သည္နွင့္ အေဆာင္အေယာင္ေတြက်န္ခဲ႕သည္။ ခ်န္ခဲ႕ၾကသည္။သူငယ္ခ်င္းငယ္ေပါင္းေတြ ။ခုေခတ္နွင့္ကြာတာက အရင္ေခတ္ကကထိန္လွည့္အၿပီး အခန္းထဲမွာ ထမင္းေတြအတူတူစားၾကသည္။ အေအးေတြေသာက္ၾက
လုေသာက္ၾက ။ကၾကခုန္ၾကေရေတြေလာင္းၾကလြမ္းမက္မေျပ။ အေတးြနဲ႕ပင္အိပ္မက္ပြင့္ေတြႀကားမွာ။

ဟိုေခတ္ကဖံုးမရွိ။ ဓါတ္ပံုဆရာကိုစန္းလြင္ဦးျမိဳ႕မဓါတ္ပံုတိုက္ကိုသိန္းဝင္း ကိုငယ္ေလးသူတို႕ေတြနွင့္ outdoor ေတြရိုက္ၾကသည္။ထိုေခတ္ဓါတ္ပံုဆရာေတြက မင္းသားေတြလိုႀကိဳမွာထားရသည္။ပန္းႀကဲ ညွပ္သကၤန္း ဆိုင္းဘုတ္ စည္ေတာ္သကၤန္းကိုင္မ်ား သနပ္ခါးပါးကြက္ၾကားလိမ္းေနက် သမီးပ်ိဳမ်ားရဲ႕နဂိုရွိနဂိုင္းထြက္အလွမ်ားအတန္းလိုက္ပေဒသာပင္ရုပ္မ်ားႀကည္နူးေနေသာေက်ာင္းေတာ္သူ/ သားမ်ား
လမ္းတိုင္းလမ္တိုင္းမွထြက္ၾကည္နူးေပ်ာ္ရႊင္ေနေသာ မိသားစုမ်ား သူငယ္ခ်င္းမ်ား မိတ္ေဆြမ်ား။ၿပန္လည္ေမြးဖြားမရႏိုင္ပါေသာ အိပ္မက္မ်ား။



ဒီဇင္ဘာ ။
ဆရာကန္ေတာ့ပြဲက်င္းပရာ လ။
ဆရာမ်ားနွင့္ ဆံုနိုင္ခြင့္ရေသာလ။
သူငယ္ခ်င္းမ်ားနွင့္ဆံုနိုင္ပါေသာအိပ္မက္လ။
မနွစ္က ဆရာမ်ားလည္းအကုန္ဆံုနိုင္ပါမည္လား
သူငယ္ခ်င္းမ်ားေကာအကုန္တင္က်န္ေနေသးလား။ အနွဳတ္ေတြရွိမလာေစဖို႕ဆုေတာင္းေပးေနရေသာလ။
အိုမင္းလာေသာ လက္က်န္ဆရာသမားမ်ားကိုအိုစျပဳလာေသာတပည့္မ်ားက ကန္ေတာ့ပါေသာပြဲ။ 
ယခုဆံုသူမ်ားေနာက္နွစ္ျပန္လည္ဆံုစည္းပါေစေၾကာင္းလည္းဆံုရင္းဆုေတာင္းမိသည္။
နားအတြင္းသို႕သီခ်င္းသံေလးတစ္စတိုးလ်ဝင္လာသည္။

" ဒီအခ်ိန္ေက်ာင္းေတာ္ႀကီးရဲ႕အလယ္မွာ
စိန္ပန္းေတြလည္းပြင့္ေနပီကြာ × × × ×
အခ်ိန္စက္ဝိုင္းမ်ားကကုစားမစြမ္းနိုင္ပါ × × ×
အလြမ္းရယ္မေျပဖူး × ×ေက်ာင္းသားဘဝ ××
ေက်ာင္းသားဘဝ × × × × × " ။

ျဖဴစင္ဘဝကငယ္သူငယ္ခ်င္းမ်ားကို

သတိရလ်က္လြမ္းမက္စြာျဖင့္

UNICODE


( မြူ ရုံးလမ်းအတိုင်း မြို့အနောက်ဖက်ကိုဖြတ်သွားမိတိုင်း ဘောလုံးကွင်း နှင့်လမ်းတစ်ဖက်တစ်ချက် တွင် တည်ရှိပါသောကျွန်တော်တို့ငယ်စဉ်ကပညာရည်နို့သောက်စို့ခွင့်ရခဲ့ပါသောကျေ ာင်းတော်ကြီးရှိနေသည်။ထိုကျေ ာင်းတော်ကြီးမှ နှစ်ပေါင်းများစွာမွေးထုတ်ပေးခဲ့လေသော ပညာတတ် မျ ား

မည်၍မည်မျှ ရှိနေသည်ကို မိခင်ကျေ ာင်းတော်ကြီးပင် တိတိပပမှတ်မိနိုင်မည်မဟုတ်။

ခေတ်ကာလ ရွေ့လျ ားပြောင်းလဲ မှု နှင့်အတူအမိကျေ ာင်းတော်ကြီး၏ ရေရှည်တည်တံ့

နိုင်ရန် ပြု ပြင်ပြောင်းလဲမှု များ ပြင်ဆင်တို းချဲ့ချ က်မျ ားရှိနေငြားသော်လည်း ကျ နော်တို့

ကိုယ်သင်းနံ့များ ထိရှ ပျေ ာ်ဝင်ခဲ့ပါသော အမိ ကျေ ာင်းတော်ကြီး၏ ပင်မအဆောက်အအုံမျ ား

မှာ ယခုတိုင် ရင်ခုန်ချင်စရာ ယ္ခင်အတိုင်းအသက်ဝင်လျ က်။ရွေ့လျ ားခြင်း ဖြင့် ခရီးသွားနေကြသော

လူသား တို့၏ ငယ်ဘဝသည် ဖြူ စင်ခြင်းတို့လွှမ်းခြုံ လျ က်။ ပုံသဏ္ဏာန် အမျို းမျို းဖြင့်

ကံကြမ္မာ စီမံရာအတိုင်း စီးမျေ ာနေကြရပါသော်လည်း ဖြူ လွ အစွမ်းအထင်း ကင်းခဲ့

့လေသော ကျေ ာင်းသားဘဝပေါ်က လွမ်းမက်မပြေသော ပုံရိပ်ရှင်မျ ားက အချိန် အခါ

ကာလံဒေသံကို မကြည့်ပဲ အရိပ်လိုကပ်ငြိနေမြဲ ။

ကျ နော်တို့ခေတ်က ဆရာနှင့် တပည့် ဆက်ဆံရေးက ယနေ့ထက် အနွေးဓာတ်ပိုရှိသလို

ခံစားမိသည်။ ချစ်ကြောက်ရိုသေ ဟုဆိုရလောက်အောင် လေးစားချစ်ခင်ကြောက်ရွံ့သလို ဆရာ၏ တပည့်တွေအပေါ်ထားသောမေတ္တာ တရားကလည်း ဝတ်ကျေ တမ်းကျေမဟုတ်သလို ငွေကြေး ဆက်နွယ်မှု ဆိုတာလုံးဝမပါဝင်။ ဆိုးမိုက်သော တပည့်ကိုပိုစိုးရိမ်သော မိဘလို မေတ္တာ မျို းနှင့်ဆရာတွေ။

တော်သောတပည့်တွေအပေါ်ကြယ်လိုလမ်းပြသောဆရာတွေ ။

နှစ်ကာလများ ရွေ့လျ ားခြင်းနှင့်အတူဆရာများ သက်ပြည့်အငြိမ်းစားယူကုန်ကြ

လေသည်။ တပည့်မရှား တပြားမရှိသောဆရာစစ်စစ်တို့အပေါ် ပြန်လည်သိတတ်သော တပည့်အပေါင်းတို့၏ ဆရာကန်တော့ပွဲ ။ စိတ်ကူးထဲတွေးလိုက်မိစဉ်တွင် ရင်သည်တဖျ ပ်ဖျ ပ် ၊ ဆရာတို့အား ဝေးကွာနေသောတပည့်မျ ားက လာရောက်ဆုံတွေ့ဂါရဝပြုခွင့်ရသော ထိခြင်းငါးပါးဖြင့် ကန်တော့ခွင့်

ရသောပွဲ ၊ မဆုံဝေးကွာနေသော ငယ်ပေါင်းသူငယ်ချင်းမျ ားတွေ့ဆုံ အလွမ်းဖြေစရာ

အိပ်မက်ပွင့်ချိန် ၊။မကျ င်းဖြစ်သော သုံးနှစ်အတွင်းမှာ သူငယ်ချင်းမျ ားပြန်မဆုံကြသလို ၊ ဆရာမျ ားနှင့်

အဝေးရောက် တပည့်မျ ားလည်း မထိတွေ့ကြကိုယ်စီ အားလုံးတွင်လည်း တစ်နှစ်တစ်ခါ

ဆုံခွင့်ရသော ဆရာကန်တော့ပွဲသည်အဓိပ္ပာယ် ပေါင်းမျ ားစွာ ဖြင့်လေးနက်လွန်း

လှသည် ။ ယ္ခု နှစ်ပြန်လည်ကျ င်းပမည်ဟုကြားရခိုက် အတိုင်းထက်အလွန်ကြည်နူး

မိသည်။ ကျေ ာင်းသားဟောင်းတို့၏လက်ဆင့်ကမ်းသယ်ဆောင်လာသောကျေ းဇူးတရားအပေါ် အသိအမှတ်ပြုမှု သည်မျို းဆက်သစ်တို့အတွက် တန်ဖိုးရှိပါသောအမွေအဖြစ်တည်တံ့ကျန်ရစ်ပါလိမ့်မည်။



လာမည့် ဒီဇင်ဘာသည် ရင်ခုန်စရာပြည့်နှက်နေပါလိမ့်မည်။ ဆရာမျ ားအားလုံး

ပြန်မဆုံနိုင်တော့သလို ကန်တော့ကြမည့်တပည့်မျ ားမှာလည်း မရောက်လာနိုင်တော့

မည့်သူမျ ားရှိနေသည်။ကျ င်းပပြု လုပ်မည့် ဆရာကန်တော့ပွဲအတွက် အတွေ့အကြုံ ရှိပြီးသူ

ကျေ ာင်းသားဟောင်းမျ ားနှင့် လက်ဆင့်ကမ်းဆက်လက်တာဝန်ယူမည့် စီနီယာ

ကျေ ာင်းသားဟောင်း မျ ား ပူးပေါင်းလက်တွဲမည့်ကျေ ာင်သားဟောင်းမျ ား ၊တာဝန်ကိုယ်

စီခွဲဝေယူကြမည့် ရည်ရွယ်ချ က်တူညီသောကျေ ာင်းသားဟောင်းမျ ား ၊ကြုံခဲ့လေသော

ပွဲမျ ားမှ အားနည်းချက်မျ ားအပေါ် ဂရုထားပြင်ဆင်အားဖြည့်မည့် ကျေ ာင်းသားဟောင်း

မျ ားစွာတို့၏ အိပ်မက်မျ ား။အကြိမ် ကြိမ်ပြု လုပ်ခဲ့သောတွေ့ဆုံဆွေးနွေးမှု များမှ

တရားဝင်တာဝန်ယူမည့် ကော်မတီတစ်ရပ်ထွက်ပေါ်လာခဲ့သည်။လာမည့် ဇူလိုင်လ ( ၁ )ရက်နေ့တနင်္ဂနွေနေ့တွင် ၂၀၁၈ မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီ နှင့် လုပ်ငန်းကော်မတီ

တို့အကြို ညှိနှိုင်းအစည်းအဝေးကျ င်းပမည်ဟုသိရသည်။

သစ်ပုတ်ပင်မရှိသော

၊စိန်ပန်းပြာ မပွင့်သော

ခုံတန်းလျ ားမရှိသော ၊

ကံ့ကော်တန်းမရှိသော

ပကတိ မြေသင်းနံ့မျ ား ဆွတ်ပျ ံ့နေတတ်သော

သနပ်ခါးနံ့နှင့်ချွေးနံ့မျ ားရှိနေတတ်သော

ရေစီးသံစီးမြောလာတတ်သော

လမ်းလျေ ာက်တတ်သော

စက်ဘီးစီးတတ်ပါသော

ဝါးခယ်မမြို့ အ ထ က (၁)၏မြတ်ဆရာပူဇော်ပွဲ နှင့် အဖြုုူ ရောင်ကြို းစမျ ားပေါင်းဆုံပွဲ

အိပ်မက်ဟောင်းတို့ရှင်သန်ပွဲ ။

တာဝန်ယူမည့်သူမျ ားနှင့် ပူးပေါင်းလက်တွဲမည့်

တွဲလက်မျ ားအားလုံးအား ဂုဏ်ယူစွာဖြင့် )

ဇွန်လမိုးရာသီက စရွာကတည်းကဆွေမျိ ုးအားလုံးခေါ်လာပုံရသည်။ နေပွင့်ချိန်မပေးလောက်အောင် ဂျူ တီ အပြည့်ယူထားသည်။ မှုံ မှို င်းမှို င်း မျက်ရည်စတို့စိုရွှဲနေသောလမ်းမပေါ်တွင် ထီး မိုးကာ များ ခြုံ လွှမ်းလျက်ကျေ ာင်းသား/ သူ အရွယ်စုံကို ဖြတ်သွားဖြတ်လာမြင်နေရသည် ။စိတ်အစဉ်က ဟိုးရှေးရှေး

တုန်းကကာလတစ်ခုစီရွေ့လျားရောက်ရှိသွားသလို ။

ကျနော်က ရွာလယ်ရပ်ကွက်သား ။ကျေ ာင်းစတက်တာက သဲကွင်း အ. မ. ကခုခေတ်နှင့်မတူတာက ကျောင်းစတက်ခါစတစ်ပတ်လောက်သာ ငို၍ အိမ်ကလိုက်ပို့ပြန်ကြိုလုပ်ပေးသည် ။ နောက်ပိုင်း ကိုယ့်

ဖာသာကိုယ် သွားရသည်။ ခုခေတ်များ၁၀ တန်း ရောက်တာတောင်လက်မလွတ်

သူများရှိနေသေးသည်။ကျွန်တော် ငါးတန်းစတက်တော့ငါးတန်းD ၊ အတန်းပိုင်ဆရာမက ဆရာမဒေါ်မူမူ

ငါးတန်းအဆောက်အဦးက မျက်နှာစာကျေ ာင်းအဆောက်အဦးရဲ့အနောက်ဖက်မှာတည်ရှိ

သည်။ နှစ်ထပ်သစ်သားအဆောင် ။ထိုအဆောင်ညာဖက်ဘေးတွင် ကျောင်းသား

အိမ်သာတည်ရှိပြီး ဘယ်ဘက်ဘေးတွင်ကျောင်းသူ အိမ်သာရှိသည်။ရှေ့လမ်းတစ်ဖက်

မျက်စောင်းထိုးအဆောက်အဦးမှာ စက်မှု ဆောင်ဖြစ်ပါသည် ။စက်မှုဆောင်ရှေ့လမ်း

တစ်ဖက်မှာရှိသော အဆောက်အဦးမှာလည်းနှစ်ထပ်ဖြစ်ပြီး အောက်ထပ်မှာ သိပ္ပံလက်တွေ့

ခန်းရှိပြီး အပေါ်ထပ်မှာ ကျွန်တော်တို့နေ့လည်ကျေ ာင်းဆင်းတိုင်း အပြေးအလွှား

လာရောက်လေ့ရှိသော ကျောင်းကြီးစာကြည့်တိုက်ဖြစ်သည်။ထိုအဆောင်များနှင့်တစ်ဆစ်ချို းကွေ့တွင်

ကာယလေ့ကျင့်ရာခန်းမရှိသည်။ ထိုခန်းမကိုဒေါ်ပိုက်မိခန်းမဟု အမည်သညာမှည့်ခေါ်ထားသည်။



ကျွန်တော်တို့ကျောင်းတက်စဉ်အခါကအထက်တန်းကျောင်းမှာ တစ်ကျောင်းတည်းသာရှိသည်။ အလယ်တန်းကျောင်းကနှစ်ကျောင်း အ.လ.က(၁) ခေါ် ရွာသစ်ကျောင်းနှင့်အ.လ.က (၂) ခေါ် ဦးဗိုလ်ကြီးကျောင်းတို့ဖြစ်သည်။ထိုအချိန်က အားလုံး အခေါ်မှာကျောင်းကြီး ဟုသာသုံးနှု န်းကြသည်။

ထိုအချိန်က အားလုံးနီးပါးတူညီသောအချက်တစ်ခုမှာ အားလုံးနီးပါး နီးနီးဝေးဝေးလမ်းလျောက်ကျောင်းတက်ကြသည် ။ဆယ်တန်း နှစ်ထပ်ဆောင်၏ ကျောင်းလှေကားဘေး နေရာတွင် စက်ဘီးစီးနိုင်သူများက စက်ဘီးထားကြသည်။ ထိုခေတ်ကပန်းကမ္ဘာစက်ဘီးခေတ် ။ စက်ဘီးစီးနိုင်သူကလက်ဆယ်ချောင်းမပြည့် ။ စီးနိုင်သူတစ်ချို ု့ရှိသော်လည်း မစီးကြ ။ လမ်းလျောက်ကျောင်းတက်ချင်းကိုသာ ပုံမှန်နေထိုင်ခြင်းတစ်ခုလို

ရိုးသား စွာ မာန်မရှိနေကြသည်။ယ္ခု ခေတ်ကျောင်းသားဘဝ မစခင်ပင်ကျူ ရှင်ဖြင့် စမိတ်ဆက်ကြသည်။

မူလတန်းကျောင်းဆီ မရောက်မီကျူ ရှင်အရင်ပို့ကြသည်။အရင်ခေတ်က အလယ်တန်း ကျောင်း

တက်ချိန် ကျူ ရှင်ဆိုတာ စပေါ်နေပြီ။အခုလိုအားကောင်းမောင်းသန်မဟုတ်။လူနည်းစုသာကျူ ရှင်တက်ကြသည်။ကျူရှင်ဆရာများမှာလည်း ပြင်ပပုဂ္ဂို လ်ဆရာများသာ။ ကျောင်းဆရာ /ဆရာမများကျူ ရှင်မသင်ကြ။ လိုအပ်လျင်အချိန်ပိုခေါ်အိမ်ခေါ် အလကားသင်ပေးကြသည်။ဆရာများ၏ လစာမှာလည်း ရာဂဏာန်းမျှသာ။သို့သော်ရောင့်ရဲကြသည်။ တပည့်မရှားတစ်ပြားမရှိသော ဆရာများ။ကျွန်တော်တို့အချိန်က ကျောင်းသားအားလုံးအဖြူ ထည်များသာ ။ ကလေးစိတ်သာရှိကြသည်။ စာသင်ချိန်စာသင်ပြီး အားလျင်ဆော့ကြသည်။ မောင်လိုနှမလို သူငယ်ချင်းစစ်စစ်များ။



ဆရာများကလည်းသားသမီးလို တပည့်လိုသတ်မှတ်ထားသည်။ ဆူသည်။ရိုက်သည်။တပည့်များကလည်း ချစ်ကြောက်ရိုသေသည်။မဟုတ်တာမလုပ်ရဲကြ။အလယ်တန်းတွင်သင်ကြားခွင့်ရခဲ့သောဆရာများထဲမှမှတ်မိသမျှပြောကြည့်ချင်သည်။မှတ်ဉာဏ်အားနည်း၍မေ့ကျန်တာများလည်းရှိသည်။ သတိရသလောက်ပြောရလျှင်

ဆရာမဒေါ်မူမူ ဆရာမဒေါ်မာဂရက်(ညီအမ)

ဆရာဦးအောင်မြင့်လှ ဆရာမ ဒေါ်မြရီ

ဆရာဦးလှကြွယ်ဆရာမဒေါ်ခင်ဥ

ဆရာဦးသိန်းကြည်ဆရာမဒေါ်ခင်လှနွယ်

ဆရာဦးတင်ဌေး ၊ဆရာဦးအေးဖေ

ဆရာဦးလေးမြင့် ၊

ဆရာ (ဆာဒူး)ဦးမြင့်ဆွေ ၊

ဆရာ(အာပြဲ)ဦးမြင့်ဆွေ ၊

ဆရာမဒေါ်ခင်မာမာ ၊ဆရာမဒေါ်စိုးမြင့်- - -

စာရင်းပြုစုခြင်းမဟုတ်ပါသဖြင့် သတိရမိ

သမျှသာ။

ကျွန်တော်တို့လိုထမင်းချိုင့်နှင့်ကျောင်းတက်လာသူများအတွက်နေ့လည် ချိန်မှာပျော်စရာအလွန်ကောင်းသည်။စာကြည့်တိုက်တွင်စာဖတ်ခွင့်ရခြင်းပင် ။ရွှေသွေးပေါင်းချူပ်စာအုပ်များနှင့် တေဇတို့ကျောင်းသား စာအုပ်များက နေ့လည်ခင်းအဖေါ်များပင်။သည်လိုနှင့် ၈ တန်းအောင်၍ ၉ တန်းရောက်လာပီ။

နဝမတန်း B. အတန်းပိုင်က ဆရာမဒေါ်စန်းညွန့် ။စာသင်ကောင်းသလို စည်းကမ်း ကောင်းသည်။ ဆရာမကပြောစရာရှိလျင်မည်သူ့ရှေ့မှမရှောင်တတ်။ ခပ်ဆိုးဆိုးကျေ ာင်းသားမျ ားပင်ဆရာမကိုကြောက်ကြသည်။

 အဲ့ဒီနေ.က ဆရာမကနံမည်စာရင်းခေါ်ပြီးပြီ။စာကစသင်နေပီ။ ဆရာမဒေါ်စန်းညွှန့်ကစာသင်နေသည်။

ကျောက်သင်ပုန်းပေါ်မှာ စာရေးလိုက် ကျောင်းသားတွေဖက်ကိုစာလှည့်သင်လိုက်ဖြုန်းဆိုဆရာမက စာသင်နေတာရပ်ပစ်လိုက်သည်။ လက်ညှိုးလှမ်းထိုးတာ မြင်လိုက်ခိုက်မလုံမလဲဖြစ်သွားသည်။

" မျိုးနိုင် "

" ဗျာ ဆဆဆရာမ "

ဘာမှန်းမသိကတုန်ကရင်စကားဖြေမိရင်းဘာမှန်းမသိဖြစ်မိသည်။မတ်တပ်ရပ်လိုက်မိသော်လည်း လူကကြောက်နေသည်။ ဘာမှလဲ အမှားမလုပ်မိသေးပါဘူး ။ကိုယ့်ကိုကိုယ်စိတ်တင်းထားသော်လည်းဒူးကမခိုင်ချင်သလိုလို။ ဆရာမကချစ်ဖို့ကောင်းသလို ကြောက်လည်းကြောက်ရသည်။ ပြောစရာရှိလျှင်ဘယ်သူ့ရှေ့မှမရှောင်တတ်။ တစ်ခန်းလုံးကလည်းကိုယ့်ကိုဝိုင်းကြည့်

နေကြပြီ။

" နင့်ဘေးကစိုးလွင် လက်နဲ့ဖိထားတဲ့စာရွက်ယူလာပေးစမ်း "

ဘေးကစိုးလွင်ကိုလှမ်းကြည့်တော့ သူလည်းမျက်လုံးလေးကလည်ကလည် ။သုူ့လက်နှင့်ဖိထားသော စာရွက်တစ်ရွက်ကိုမြင်မိသည်။အသာဆွဲယူတော့ သူကပြန်ဆွဲထားသည်။ဆရာမမျက်လုံးတွေကို မခံနိုင်စွာ သူလွှတ်ပေးလိုက်သည်။ သူ့မျက်းလုံးတွေထဲမှာကောက်ရိုးမျှင်မျှော်နေသလိုမျိုး။ဆရာမလက်ထဲစာရွက်ပေးလိုက်မိသည် ဆရာမကစာရွက်ကိုသေချာစိုက်ဖတ်နေသည်။ပြီးနောက် စိုးလွင်ကို မျက်လုံးစိုက်ကြည့်လိုက်

သည်။ စိုးလွင်မျက်နှာက သွေးမရှိတော့။

" အဟမ်း "

ဆရာမဆီက ချောင်းဟန့်သံကြားလိုက်ရသည်။တစ်တန်းလုံးအပ်ကျသံပင် မကြားရသလိုဆိတ်ဆိတ်တိတ်လွန်းနေသည်။အားလုံးရဲ့အကြည့်တွေက ဆရာမ မျက်နှာပေါ်စုပြုံစူးလက်စွာ။ပြောမည့်စကားသံကိုမကြား

လိုက်ရမှာမျိုးနားတွေဖြန့်စွာ။

" ချစ်အေး "

အမှားရှိရင်ခွင့်လွှတ်ပေးပါနော်။

မင်းရဲ့ ရှင်းသန့်တဲ့မျက်နှာလေးကိုမြင်လိုက်တိုင်း

ရင်တွေဘာလို့ခုန်နေလဲ ကိုယ်မသိတော့ဖူး။

ချစ်တယ်ဆိုတာလား အေးရယ်

ကိုယ်အေးကိုချစ်မိသွားပီ ။

ချစ်တယ်လို့ရိုးရိုလေးပြောမယ်နော်။

သိပ်ချစ်တယ်အေးရယ် ။

တကယ်လို့များ - - -

" ဟဲ့ နင့်ရည်းစားစာကတုန်းလိုက်တာဟာ "

ဝေါကနည်းရယ်သံတွေကြားမှာ စိုးလွင်မျက်နှာရဲရဲတွတ်နေသည်။ဆရာမ ကအဲ့လိုဆရာမျိုး ။

ဒီလိုနှင့် ဘဝမတူ အလွှာမတူ ရပ်ကွက်မတူပုံသဏ္ဏာန်မတူသော သူငယ်ချင်းများ စာသင်ခန်းတစ်ခန်းအတွင်းမှာ ညီအကိုမောင်နှမများလိုသွေးနီးသွားကြသည်။တော်သူမတော်သူ ဆရာ/ဆရာမချစ်သူ ဆိုးသူ

အားလုံးသည် ပြောင်ကြ နောက်ကြ ကူညီကြနေ့တစ်နေ့ရဲ့ အချိန်များစွာဟာ ဘဝအမောတွေမပါဝင်သော ချစ်စရာကျောင်းသားဘဝ။

ကထိန်စတော့မည်။ကျွန်တော်တို့ပထမအစမ်းစာမေးပွဲပီးရင်သီတင်းကျွတ်ကျောင်းပိတ်ရက်။သီတင်းကျွတ်ပီးကျောင်းပြန်ဖွင့်ချိန်ကစ ကထိန်အရုပ်ချိုးဖို့စိုင်းပြင်းကြတော့သည်။အရင်ခေတ်ကယ္ခုခေတ်လိုမျိုးအရုပ်ကိုပိုက်ဆံပေးအပ်ကြတာမဟုတ်။ယောင်္ကျားလေးတွေစုပီးတိုင်ပင်ကြ ဘယ်လိုအရုပ်မျိုးတွေလုပ်ကြမယ်ဆိုပီးတွေးကြစိတ်ကူးကြ l ဆရာမနှင့်တိုင်ပင်ကြ ။တခြားအခန်းတွေထက်သာအောင်စိတ်ကူးမတူအောင် အရုပ်မတူအောင် သိုသိုသိပ်သိပ်နှင့်အရုပ်လုပ်ကြတော့သည်။ ထိုတစ်လလုံးကလည်းစာသိပ်မသင်။ကျောင်းသားကျောင်းသူတွေ အားလုံးကလည်းကိုယ်နိုင်သောအလုပ်တွေဝိုင်းကူကြ ။ဝါးတွေစိတ်ကြ စက္ကူတွေကပ်ကြ ။တက်ကြွပျော်ရွှင်စွာ ကထိန်အတွက်ရင်ခုန်ရင်းအတန်းတွေ အပြိုင်သူ့ထက်ကိုယ့်အခန်းပိုသာ

အောင်မိန်းကလေးတွေကဦးဆောင်ပြင်ကြ။ယောင်္ကျားလေးတွေက အရုပ်တွေကိုအသက်ဝင်အောင်ဖန်တီးကြ။ ပြန်စိတ်ကူးကြည့်တာနှင့်ပင်ရင်ခုန်လာပြန်သည်။၉ တန်း / ၁၀ တန်းဆိုတော့ အပျိုပေါက် လူပျိုပေါက်စတွေဖြစ်လာကြပြီ။ သစ်ရွက်ကြွေတာ လေတိုးတာကိုရင်ခုန်စပြုတတ်လာပြီ။ မျက်လုံးလေးတွေနှင့်

ခိုးခိုးကြည့်တတ်တာတွေ ရှိူးစမိုးထုပ်ပြတာတွေမထိခလုပ်ထိခလုပ်ပြောတာတွေ က စိတ်ကစား

စပြုလာသောနမိတ်ပုံတွေ။ကထိန်လကတော့ ထိုကျောင်းသားတို့အတွက်အခွင့်အရေးတွေ ။ တစ်ခုတော့ပြောစရာရှိသည်။ထိုခေတ်ကအရမ်းရိုးသားကြသည်။နည်းပညာတွေလည်းမတိုးတက်သေး ။ရေဒီယို

ွီတီဗွီသာပေါ်သေးသောအချိန်။ မိန်းကလေးတစ်ယောက်နှင့်ယောင်္ကျားလေးချစ်သူဖြစ်သွားလျင်စာပေးစာယူလောက်သာ။ချိန်တွေ့စရာနေရာကလည်းရုပ်ရှင်ရုံ သော်ကဘုရား ဘိုးမင်းခေါင်ဘုရား ထိုနေရာတွေ

ွလောက်သာ ။ လက်ကလေးကိုင်ရုံ ပါးကလေးနမ်းရုံလောက်ကအမြင့်ဆုံးရသောအခွင့်အရေးတွေ။ထိုချစ်သူဖြစ်သော သူနှစ်ယောက်စိတ်မတိုင်ဆိုင်၍လမ်းခွဲသွားကြလျင် သူ့တို့ဂုဏ်နိမ့်သွားသလိုဖြစ်သွားသည်။

" ဟောင့်ကောင် အဲဒီသူဇာက ရည်းစားနဲ့ကွဲထားတာ l "

ရည်းစားမထားဖူးသူမိန်းကလေးနှင့်မတူတော့။အဲဒီလိုခေတ်မျိုး။ ပန်းခြံထဲမှာ ချစ်သူရည်းစားထိုင်စကားမပြောရဲကြ။လက်ချင်းချိတ်၍လျောက်လာသူနှစ်ယောက်ကိုမြင်လျင် တွေ့ရသူကထူးဆန်းစွာ ဝိုင်းကြည့်ကြသည်။ယ္ခုကလေးများယုံချင်မှယုံပါလိမ့်မည်။

အရုပ်တွေလဲပြီးပီ ။ အခန်းထဲမှာလည်းဆေးတွေသုတ် ဆီဆိမ်စက္ကူ ရောင်စုံတွေဖဲပြားရောင်စုံလိပ်တွေဆင်ကြ ပူပေါင်းတွေချိတ်ဆွဲကြ ။ အိုး မမောနိုင ်မပန်းနိုင် ပြုံးပျော်နောက်ပြောင်ကာအတန်းစုံ လှုပ်ရှားသက်ဝင်

နေပုံတွေဟာ ပြန်မြင်ယောင်ကြည့်မိတိုင်းပီတိ ထိုအချိန်ကိုပြန်ရောက်ချင်မိတော့သည်။မနက်ဖန်ကထိန် ။ ညနေ ၄ နာရီအရောက်အရုပ်အပ်ရမည်။ဆောင်းဘောက်တွေလည်းငှားထားပီးပီ။ မီးစက်လည်းငှားထားရသည်။လက်တွန်းလှည်းလည်းငှားထားရသည်။ကျောင်းသားကိုယ်စီပျော်နေကြသည်။ဆရာ/ဆရာမတွေလည်းပျော်နေကြသည်။အမိကျောင်းတော်ကြီးကလည်း မွေးထုပ်ပေးထားသော ကျောင်းသား/ကျောင်းသူ

များကိုကြည့်ကာပျော်နေသည်။တစ်ကျောင်းလုံးလည်းမီးတွေထိန်ထိန်လင်းလျက် ။တစ်မြို့လုံးကလည်း အ ထ က ( ၁ )ကျောင်းကြီးကထိန်ကိုစိတ်ဝင်စားကြသည်။ ညဖက်ကထိန်အရုပ်တွေလာကြည့်ကြ။

ချီးမွမ်းကြ အံ့သြကြ အားပေးကြ ခိုင်းနှိုင်းကြ။ကထိန်ညသည်ကျောင်းသားအားလုံးရင်ထဲ

မည်သို့မျှမေ့နိုင်စွမ်းမဲ့သော အပျော်ဆုံးညများ။

ကျွန်တော်တို့အတန်းက ဒံပေါက်ကျွေးမည်။ဆရာမအိမ်မှာ ချက်ပြုတ်ကြသည်။ ဆရာမအိမ်က ကျောင်းနှင့်နီးသည်။ဘိုးမင်းခေါင်ကန်ရှေ့ တရားရုံးမျက်စောင်းထိုးတွင်ဖြစ်သည်။ ဒံပေါက်ချက်မည့်သူက မျိုးဦး

သူ့အဖေက ပတ္တမြား ကန္နားလမ်းမှာထမင်းဆိုင်ဖွင့်ထားသည်။ဆရာမအိမ်မှာ ဝိုင်းလုပ်ပေးကြရင်း ဆရာမခြံထဲက ကန်ထဲမှာငါးမြင်တော့ ဆရာမမသိအောင်နေဝင်းကငါးကိုခဲနှင့်ထုသည်။ ငါးမထိပဲကန်ထဲ

ခြေကားယားလက်ကားယား ကျလေတော့သည်တစ်ကိုယ်လုံးစိုနေတော့ တန်းမှာလှမ်းထားသောဆရာမအမျိုးသားပုဆိုးကိုခပ်တည်တည်ယူဝတ်လိုက်သည်။အိမ်ထဲမှအညာစောင်တစ်ထည်ယူကာခပ်တည်

တည်ခြုံထားလိုက်သည်။ဘုရားစင်ပေါ်မှဆွမ်းတော်ကပ်းသောအသီးအနှံများကို ခးိုစားကြသည်။

အရက်ခိုးသောက်ကြသည်။အုန်းပင်တက်အုန်းသီးခိုးစားကြသည်။အဲဒီလိုပျော်ကြတာ။ ပီတီတီ ဟိုမရောက်

ဒီမရောက်တွေက လူကွယ်ရာမှာ စကားတွေတီးတိုးပြောကြ ။ လက်ကလေးကိုင်ထားကြ။

ပြန်မရနိုင်တော့ပါသော လွတ်လပ်အပျော်တွေ။ဒံပေါက်ချက်သော မျိုးဦးက မူးသွားပီးအိမ်ပြန်

သွားတော့ နားမလည်ပါးမလည်ဆက်ချက်ကြတာ ဒံပေါက်ထမင်းတွေပြဲကုန်သည်။

နံက် ၅ နာရီ တန်းစီရသည်။ဝေလီဝေလင်း။အတန်းထဲမှာကောက်ညှင်းပေါင်းကြွေးသည်။အားလုံးအားလုံးသည်ဘယ်အချိန်တွေးတွေးတဖြေးဖြေးတစ်ကဒ်ခြင်းတစ်ကဒ်ပေါ်ပေါ်လာသည်။ပြန်မရနိုင်သောအဟောင်းတွေ။ဖြူစင်သန့်ရှင်းပါသော အဖြူထည်ချစ်ချင်းတွေ။သိပ်လွမ်းသည်။တွေးတိုင်းလွမ်းသည်။ဆရာကန်တော့ပွဲ သူငယ်ချင်းတွေပြန်ဆုံမည်။ညွှန်မှူးတွေ ဗိုလ်ချူပ်ဗိုလ်ကြီးတွေ လုပ်ငန်းရှင်တွေ ကျောင်းဆရာတွေ လမ်းဘေးဈေးရောင်းသူတွေ။ အားလုံးသည်ကျောင်းတော်ကြီးခြံတံခါးအတွင်းဝင်လိုက်သည်နှင့် အဆောင်အယောင်တွေကျန်ခဲ့သည်။ ချန်ခဲ့ကြသည်။သူငယ်ချင်းငယ်ပေါင်းတွေ ။ခုခေတ်နှင့်ကွာတာက အရင်ခေတ်ကကထိန်လှည့်အပြီး အခန်းထဲမှာ ထမင်းတွေအတူတူစားကြသည်။ အအေးတွေသောက်ကြ

လုသောက်ကြ ။ကကြခုန်ကြရေတွေလောင်းကြလွမ်းမက်မပြေ။ အတေးွနဲ့ပင်အိပ်မက်ပွင့်တွေကြားမှာ။



ဟိုခေတ်ကဖုံးမရှိ။ ဓါတ်ပုံဆရာကိုစန်းလွင်ဦးမြို့မဓါတ်ပုံတိုက်ကိုသိန်းဝင်း ကိုငယ်လေးသူတို့တွေနှင့် outdoor တွေရိုက်ကြသည်။ထိုခေတ်ဓါတ်ပုံဆရာတွေက မင်းသားတွေလိုကြိုမှာထားရသည်။ပန်းကြဲ ညှပ်သင်္ကန်း ဆိုင်းဘုတ် စည်တော်သင်္ကန်းကိုင်များ သနပ်ခါးပါးကွက်ကြားလိမ်းနေကျ သမီးပျိုများရဲ့နဂိုရှိနဂိုင်းထွက်အလှများအတန်းလိုက်ပဒေသာပင်ရုပ်များကြည်နူးနေသောကျောင်းတော်သူ/ သားများ

လမ်းတိုင်းလမ်တိုင်းမှထွက်ကြည်နူးပျော်ရွှင်နေသော မိသားစုများ သူငယ်ချင်းများ မိတ်ဆွေများ။ပြန်လည်မွေးဖွားမရနိုင်ပါသော အိပ်မက်များ။



ဒီဇင်ဘာ ။

ဆရာကန်တော့ပွဲကျင်းပရာ လ။

ဆရာများနှင့် ဆုံနိုင်ခွင့်ရသောလ။

သူငယ်ချင်းများနှင့်ဆုံနိုင်ပါသောအိပ်မက်လ။

မနှစ်က ဆရာများလည်းအကုန်ဆုံနိုင်ပါမည်လား

သူငယ်ချင်းများကောအကုန်တင်ကျန်နေသေးလား။ အနှုတ်တွေရှိမလာစေဖို့ဆုတောင်းပေးနေရသောလ။

အိုမင်းလာသော လက်ကျန်ဆရာသမားများကိုအိုစပြုလာသောတပည့်များက ကန်တော့ပါသောပွဲ။ 

ယခုဆုံသူများနောက်နှစ်ပြန်လည်ဆုံစည်းပါစေကြောင်းလည်းဆုံရင်းဆုတောင်းမိသည်။

နားအတွင်းသို့သီချင်းသံလေးတစ်စတိုးလျဝင်လာသည်။

" ဒီအချိန်ကျောင်းတော်ကြီးရဲ့အလယ်မှာ

စိန်ပန်းတွေလည်းပွင့်နေပီကွာ × × × ×

အချိန်စက်ဝိုင်းများကကုစားမစွမ်းနိုင်ပါ × × ×

အလွမ်းရယ်မပြေဖူး × ×ကျောင်းသားဘဝ ××

ကျောင်းသားဘဝ × × × × × " ။ ။

ဖြူစင်ဘဝကငယ်သူငယ်ချင်းများကိုသတိရလျက်လွမ်းမက်စွာဖြင့်

No comments:

Post a Comment