Saturday, November 29, 2014

ဝါးခယ်မ အထက ၁ ရွှေရတု ကထိန် - ၂၀၁၄




ဝါးခယ်မမြို. အထက ၁ ၏ ရုပ်စုံ မဟာဘုံကထိန် အကြိမ် ၅၀မြောက် ရွှေ၇တု ကထိန်ကို ယခုနှစ်တွင် အခြားနှစ်များနှင်. မတူပဲ ၂၀၁၄ နိုဝင်ဘာ ၂ ရက်နေ.က ထူးခြားစည်ကားစွာ ကျင်းပနိုင်ခဲ့ပါသည် ။

ကထိန်လှည်.လည်ရာတွင်ရှေ.ဆုံးတွင် ပန်းဖလားကိုင်အဖွဲ. ၊ ကျောင်းအုပ်ကြီး နှင်. အဖွဲ. ၊ သာသနာ.အလံကိုင်အဖွဲ. ၊ ထိုနောက်မှ စည်တော် အက ၊ ထို.နောက်မှ ပုဂံ ၀န်း ၊ ထို.နောက်တွင်မူ နဂါးခံထားသောကလပ်ဖြင်. ပင်မကထိန်သင်္ကန်းကိုင် ကျောင်းသား/ကျောင်းသူများအဖွဲ. ၊ ထို.နောက် သင်္ကန်းကိုင် တူညီဝတ်စုံဝတ် ကျောင်းသူလေးများ ၊ ထို.နောက်တွင် အငြိမ်းစား ဆရာကြီး /ဆရာမကြီးများ ၏ ပဒေသာပင်နှင်. အငြိမ်းစား / ဆရာကြီး / ဆရာမကြီးများ ၊ ထို.နောက်တွင် ပဉ္စမ တန်း ( က ) မှစ၍ ဒသမတန်း အထိ အစဉ်လိုက် မိမိတို.အခန်းမှပြုလုပ်သော အရုပ် ၊ မိမိတို.အတန်းသူ/အတန်းသား များ ၊ မိမိတို.အခန်းမှစီစဉ်သောဖျော်ဖြေရေး အစီအစဉ်များ ကို တစ်ခန်းချင်းစီ စီစဉ်ပြီးထို.နောက်မှ နှစ်အလိုက် ကျောင်းသား/သူဟောင်များ ၏ ပဒေသာပင်များနှင်. ကျောင်းသား/ကျောင်းသူဟောင်းများ အစဉ်လိုက်လှည်.လည်ကြပါသည် ။

လှည်.လည်ရာတွင် ကျောင်းမှနေ၍မြူရုံးလမ်း ၊ထို.နောက်ခန်းမဘေးမှကမ်းနားလမ်းသို.ဆင်းပြီး ကမ်းနားလမ်းအတိုင်း ဆက်လက်ထွက်ခွာကာ BOC ထောင်.မှ အကင်စုလမ်းအတိုင်းဈေးဘက်တက်ပြီး ဈေးလမ်းအတိုင်း ဈေးဂုံးတံတား ၊ ထိုမှကမ်းနားဘက်ဆင်းကာ ဦးမောင်ကြီးလမ်းမှမြသိန်းတန်ဘုရားလမ်းသို.၀င်ပြီး မြသိန်းတန်ဘုရားပြီးနောက်မြူရုံးလမ်း ဘက်ပြန်တက်ကာ မြူရုံးလမ်းအတိုင်း ဘုရားကြီးရှေ.အထိ ၊ ထိုမှဘုရားကြီးလမ်းအတိုင်း မင်္ဂလာဝင်းထောင်. ၊ ထိုမှပတ္တမြားရုံလမ်း ၊ ထိုမှခန်းမဘေးအထိသွားပြီး ကမ်းနားဘက်ပြန်ဆင်းကာ ကမ်းနားလမ်းအတိုင်း သံကြိုးတိုင် ၊ ထိုမှပြည်.ဖြိုးဝေထောင်. ၊ ထိုမှမြူရုံးလမ်းအတိုင်း ကျောင်းဆီပြန်အရောက် လှည်.လည်ခဲ့ကြခြင်းဖြစ်သည် ။

လှည်.လည်သော လမ်းတစ်လျှောက် အုန်းကောက်ညှင်း ၊ ရေခဲချောင်း ၊ အအေး ၊ ရေဘူး အပါအ၀င်မုန်.များ လှုဒါန်းခဲ့ကြပြီး လှည်.လည်ရာတွင် လူဦးရေ ၁၅၀၀ မှ ၂၀၀၀ ကြားပါဝင်ခဲ့သည်ဟု သိရပါသည် ။ ပဒေသာပင် စုစုပေါင်း ၇၅ ပင်ပါဝင်ခဲ့ပြီး ကျောင်းသား/သူလေးများ ပဒေသာပင်တန်ဘိုး စုစုပေါင်းမှာ ၅၈၀၂၈၆၀ ကျပ် ဖြစ်၍ ဆရာကြီး /ဆရာမကြီးများနှင်. ကျောင်းသား /သူဟောင်းတို. ၏ ပဒေသာပင် ၄၃ ပင် အတွက် ကော်မတီမှ လှုဒါန်းငွေ ၂၁၅၀၀၀၀ ကျပ် ၊ ကျောင်းသား/သူဟောင်းများ၏ နှစ်အလိုက် ထပ်မံလှုဒါန်းမှု ( ခန်.မှန်း ၂၀၀၀၀၀၀ ကျပ် ) စုစုပေါင်း ပဒေသာပင်အားလုံး၏ခန်.မှန်းတန်ဘိုး သိန်း ၁၀၀ ခန်.ရှိခဲ့သည်ဟု သိရပါသည် ။

ေ၇ွှရတုကထိန် ပီသစွာပင် အထူးစည်ကားခဲ့ပြီး လမ်းဘေးတစ်လျှောက်စောင်.ကြည်.ကြသော မြို.သူ/သားများလည်း ပြည်.နှက်နေခဲ့ပါသည် ။ ကထိန်လှည်.လည်သောေ၇ှ.ဆုံးမှ အလံကိုင်အဖွဲ.က လမ်းမကြီးအတိုင်း လှေကျင်းဘက်မှပြန်ထွက်လာရာ တံတားအောက်ရောက်ချိန်တွင် ကထိန်နောက်ဆုံးတန်းက ကမ်းနားလမ်း တံတားအောက်တွင်သာရှိသေးပြီး မြသိန်းတန်ဘုရားလမ်း နှင်. မြူရုံးလမ်းတစ်လျှောက် လူအပြည်.ဖြစ်နေခဲ့ပါသည် ။

ယခုနှစ်တွင်မူ အငြိမ်းစား ဆရာကြီး/ဆရာမကြီးများ နှင်.ကျောင်းသား/ကျောင်းသူဟောင်းများ ၏ ပဒေသာပင်များနှင်. ပုဂံဝန်းကဲ့သို.သော အစီအစဉ်များ ဖြည်.စွက်ပါဝင်ခဲ့သောကြောင်. ပိုမိုစည်ကားခဲ့ပါသည် ။


 
ဆက်စပ်ကြည်.ရှုရန် များ

* တပ်ဦးကချီ စည်လေသည်. ရွှေရတု ( ဓါတ်ပုံများ )

* ဆန်းသစ်တဲ့ အစဉ်အလာ ထ ၁ ရဲ. ရုပ်စုံ မဟာဘုံ ကထိန်( ဓါတ်ပုံများ )

* ရွှေရတု ပွဲမို. ကျောင်းသားဟောင်းတို.လည်း ၀င်နွဲပျော်( ဓါတ်ပုံများ )

* Eagle- Eye View to Golden Jubliee ဓါတ်ပုံများ

* Back Reached ဓါတ်ပုံများ

* ရွှေရတု ရုပ်စုံကထိန် နှင်.အတူ၂၀၁၄ နိုဝင်ဘာ ၁ ရက်နေ.က ကျင်းပသော မည်သည်.နှစ် မည်သည်.အထက ၁ ကျောင်းသားဟောင်းမဆိုပါဝင်ဆင်နွဲနိုင်သော အာစရိယ ပူဇော်ပွဲအား Sky Net Up to Date မှ ထုတ်လွှင်.ပုံ ( အပိုင်း- ၁ ) Video File




* အာစရိယ ပူဇော်ပွဲအား SkyNet Up to Date မှ ထုတ်လွှင်.ပုံ ( အပိုင်း - ၂ ) Video File




ရွှေရတု ရုပ်စုံကထိန်၂၀၁၄ နိုဝင်ဘာ ၂ ရက်နေ.မနက် လှည်.လည်မှုကို Sky Net Up to Date မှထုတ်လွှင်.သွားပုံ Video File

No comments:

Post a Comment