Saturday, October 20, 2018

ကျောက်ဂူတောရ ဆရာတော် အကြောင်းစုဆောင်းမိသမျှ ( ၁ )


  
ကျောက်ဂူတောရ ဆရာတော်

ကျွန်​​တော်သိရှိထားသာ ကျောက်ဂူဆရာတော်ကြီး အကြောင်းများစွာထဲ့မှ ကုသိုလ်တိုးရန် အနည်းငယ် ရေးသားတင်ပြအပ်ပါသည် ဘုရား ...

ကျွန်​​နော်နှင့် ဆရာတော်ကြီး ရင်းနှီကျွမ်းဝင်​​နေခဲ့သည်မှာ (၂၆) နှစ်​​ကျော်ရှိခဲ့ပါပြီ ဖားကန့်ကျာက်တွင်လောပန်းသဌေးကြီး ဘဝမှ အားလုံး စွန့်ကြဲး၍ (၀) ထိ ခဝါချ၍ ရဟန်းတစ်ဝါရသည်မှစ၍ အကျွမ်းတဝင် ရှိခဲ့ကြပါသည်...ကျွန်​​တော့ဘဝ အချိန်များစွာကို ဆရာတော်ကြီးနှင့် အနီးကပ် ရှိနေခဲ့ပါသည်..




( ၁ ) ကျောက်ဂူဆရာတော်ကြီးသည် အနားယူ လှဲလျှောင်းအိပ်စက်ခြင်း မရှိပါ ဘုရား(ကျွန်​​တော်သိရှိထားသော ၂၆ နှစ်အတွင်း တစ်ကြိမ်းတစ်ခါမျှ လှဲလျောင်း အိပ်စက် အနားယူဒါ မမြင်ခဲ့ဖူးပါ)

( ၂ ) ကျောက်ဂူဆရာတော်ကြီးတွင် ​​ချွးနံ့ ကိုယ်နံ့ နံခြင်း မရှိပါ ဘုရား (တစ်ခါသောအချိန်က ဆရာတော်ကြီးသည် ဝိပဿနာတရားများ တရွာလျှင် ၃ ရက်ခန့်ဖြင့် မိုးလင်းမိုးချုပ်သင်ပြ၍ ၁၀ ရွာခန့် တစ်လောက်​​ရေမချိုးသင်္ကန်းမလြှဲဖစ်ခဲ့ပါ နေ့တွင်ခန္ဓညဏ်​​ရောက် ရုပ်နမ်ခွဲးခြားတရားများပြ၍ ညတွင်သုဿံဓုဒင် ဆောက်တည်​​နေခဲ့ပါသည် ရက်၃၀ခန့်မှ ရေချိုးဖြစ်ပါသည် အဆိုပါသင်္ကန်းအား တပည်တော် လျှော်ဖွတ်ခဲ့ပါသည် ချွေးနံ့ကိုယ်နံ့ လုံးဝမရှိသည်အပြင် သစ်​​ခေါက်နံ့ပင်ကြိုင်​​သင်နေပါသည်)

( ၃ ) ကျောက်ဂူဆရာတော်ကြီးသည် အချိန်တိုင်း အလုပ်လုပ်​​​နေသောသူ ဖြစ်ပါသည် ဘုရား (၂၄နာရီလုံး တစ်လလုံး တစ်နှစ်လုံး ၂၆နှစ်လုံးလုံး တရားဟောခြင်း စာရေးခြင်မေတ္တာဘာဝနာပွားခြင်း သမထဘာဝနာပွားခြင်း ဝိပသာနာဘာဝနာပွားခြင်း များတစ်ခုမဟုတ်တစ်ခု ပြုလုပ်​​နေပါသည် ခန္ဓာကိုယ်စွမ်းအင်ကုန်ဆုံး၍ ခဏတဖြုတ် ငိုက်မြည်း​​​သွားသည်မှအပ ကျန်အချိန်များတွင် သာသနာ​​တော်ကြီးအတွက် အလုပ်လုပ်​​နေပါသည်)


လွန်​ခဲ့​သော ၂၅ နှစ်​ခန့်​က ​ကျောက်​ဂူဆရာ​တော်
စတင်​တရားကျင့်​ကြံအားထုတ်​ခဲ့စဉ်​က ​ကျောက်​ဂူ
အောင်​​မြေ အတွင်း အပြင်​ မှတ်​တမ်းပုံရိပ် - ဦးသောင်းဟန်


( ၄ ) ကျောက်ဂူဆရာတော်ကြီး မေတ္တာဂရုဏာကြီးစွာဖြင့် အားထဲ့ ပရိတ်ရွတ်ဖတ်တိုင်းတွင် အမြဲတမ်းပင် ပရိတ်​​ရေများဆူပွက်ပါသည်ဘုရား (ရွာကြီးတရွာတွင် ဆရာတော်အား ပင့်ဖိတ်၍ ဝိပသာနာ တရားစခန်းဖွင့်ရန် ပြင်ဆင်ကြစဉ် ရွာဦးကျောင်းဆရာတော်ကြီးနှင့် ရွာသားတချို့မှ တရားစခန်းမဖွင့်ရန် တရားတစ်ပွဲသာလုပ်၍ ပြန်ကြွရန် ​​ကျောက်ဂူဆရာတော်ကြီးအား လျှောက်ထား အရေးဆိုလာပါသည် ဤသို့ဖြစ်၍ ရွာလယ်တွင် မဏ္ဌပ်ထိုး၍ ပရိတ်တရားပွဲသာပြုလုပ်ကြပါသည် ပရိတ်တရားပွဲစသည်နှင့် တရွာလုံးတွင်ရှိသော ရေတွင်းထဲ့မှရေ ရေကန်ထဲ့မှရေ ရေအိုးထဲ့မှရေ ရေခွက်ထဲ့မှရေ ရေဘူးထဲ့မှရေ များ ဆူပွက်လျံထွတ်​​နေကြပါ​​တော့သည် အကျိုးအနေနှင့် ဤရွာကြီးတွင် ဝိပသာနာ တရားစခန်းဖွင့်ခွင့် ရရှိခဲ့ပါသည်)

(နောက်​​တင်ပြမည့် ​​တချို့သော အဖြစ်အပျက်များသည် တချို့သောလူများ လက်မခံမယုံကြည်နိုင်စရာများ ရှိနိုင်ပါသည် အကုသိုလ်မဖြစ်ကြရန် တောင်းပန်အပ်ပါသည် ​​ကျောက်ဂူဆရာတော်ကြီးလည်း သာသနာအတွက် ပင့်ဖိတ်​​သောနေရာများကို မည့်သည်နေရာမဆိုကြွနေဆဲပါ ကျွန်​​တော်လည်း ယနေ့ထိတော့မသေ​​သေးဘဲ ရှိနေပါသေးသည် ဆရာတော်ကြီးအား ကြည်ညို၍ မေးမြန်မည်ဆိုပါက ရိုရိုသေသေ လေးလေးစားစား ​​ဖြေကြားပေးပါမည်
ကုသိုလ်ပွားရန်ရည်ရွယ်၍တင်ပါသော​​ကြောင့် အကုသိုလ်​​တော့ မပွားကြစေရန် တောင်းပန်အပ်ပါသည်)

(၅) ကျောက်ဂူဆရာတော်ကြီးသည် သင်္ကန်း၃ထည် သပိတ်တစ်လုံး တစ်ပါးနေ ကျောင်းသင်္ခန်းဖြင့်သာ ရောင့်ရဲနေထိုင်​​တော်မူပါသည်ဘုရား
(ဆရာတော်ကြီးတွင် ကြီးကျယ် ခန်းနားလှသော ကျောင်းတိုက်ကြီး ၄ တိုက်ရှိပါသည်
(က)ဂန်​​ဂေါမြို့နယ် ကန်၇ရွာ ဘိုးဘွားရိပ်သာ ကျောက်ဂူကျောင်း(ဧက ၃၀၀ ကျယ်ဝန်းပါသည်)
( ခ)သုံးဆယ်မြို့ဓမ္မသုခ ကျောက်ဂူကျောင်း(ဧက ၃၀ ခန့်ကျယ်ဝန်းပါသည်)
( ဂ)ကလေးမြို့စက်မူဇုံ ကျောက်ဂူကျောင်း(ဧက ၁၀ ကျယ်ဝန်းပါသည်
(ဃ)ပေါင်လောင်းမြို့ မူလပထမ ကျောက်ဂူကျောင်း(ဧက ၁၀ ကျော်ကျယ်ဝန်းပါသည်)
ထိုကျောင်းတိုက်ကြီးများတွင်ဆောက်အဦးပေါင်းများစွာ သာသနာ့ဝန်ထမ်း သံဃာ သီလရှင်​​​ပာင်းများစွာ ရှိကြပါသည် နေ့စဉ်​​နေ့တိုင်း ပိတ်ရက်မရှိ ​​ဝိပသာနာတရားများ ဟောကြားနားကြား ပွားများအားထုတ်​​နေကြပါသည်
ရန်ကုန် မန္တလေး ပြင်ဦးလွင် တောင်ကြီး မိုးကုတ် မြို့များတွင်လည်​​​​ကျောက်ဂူကျာင်းတိုက်များ ဖော်​​ဆောင်ရန် ပြင်ဆင်​​နေကြပသည်
ဆရာတော်ကြီးအတွက် အဆင့်မြင်ကောင်းမွန်​​သော ကျောင်​​ဆောင်များကို ဒကာဒကာမ စေတနာရှင် ကုသိုလ်ရှင်များက ဆောက်လုပ်လှူဒါန်းကြသော်လည်း ကုသိုလ်တိုးကြ​​စေရန် ၃ ရက်ခန့်သာ အသုံးပြု သီတင်းသုံး၍ မူလတစ်ပါးကျောင်း တဲကျောင်းတွင်သာ သီတင်းသုံးတော်မူပါသည်)

(၆)ကျောက်ဂူဆရာတော်ကြီးအား နတ်များ နဂါးများ လာရောက်ဖူးမျော် ကြပါသည် ဘုရား (ဆရာတော်ကြီးကိုနတ်များ နဂါးများ လာရောက်ဖူးတွေ့ကြသည်ကို အကြိမ်ကြိမ် ခဏခဏ တွေ့မြင်ဖူးပါသည် တချို့က တရားမေး​​လျှောက်ကြပါသည် တချို့က ဝိပသာနာတရားမပြရန်​​တောင်းပန်ကြသောနတ်များလည်း​​ရှိပာသည် တချို့က ဆရာတော်ကြီး ပျံလွန်​​တော်မူရန် နတ်ရွာစံရန် လျှောက်ထားကြသော နတ်များလည်တွေ့ရပါသည်)

 
15-8-2018 
လွန်​ခဲ့​သော ၂၅ နှစ်​ခန့်​က ​ကျောက်​ဂူဆရာ​တော်
စတင်​တရားကျင့်​ကြံအားထုတ်​ခဲ့စဉ်​က ​ကျောက်​ဂူ
အောင်​​မြေ အတွင်း အပြင်​ မှတ်​တမ်းပုံရိပ်

(၇) ကျောက်ဂူဆရာတော်ကြီးသည် ဓူတင်(၁၃)ပါးဆောင် ဆရာတော်ကြီးဖြစ်ပါသည်ဘုရား (ဓူတင်များထဲ့မှ ဆရာတော်ကြီး၏ သုဿန်ဓုတင်​​ဆောင်ပုံအကြောင်းကို အနည်းငယ်တင်ပြပါမည်
ဆရာ​​တော်ကြီး သုဿန်သင်္ချိုင်းတွင် ညဘက် ဓူတင်​​ဆါင်ရန်ြ​​ကွသောအခါ ကျွန်​​​တော်လိုက်ပါ တတ်ပါသည် ကျွန်​​တော်လိုက်ပါ၍ အိပ်ခဲ့ဖူးသော သင်္ချိုင်းများပင် တစ်ရာကျော်မည်ထင်ပါသည်
တစ်ခြားနိုင်ငံများနှင့် မြို့ကြီးများတွင် ညဘက်သုဿန်ကြွရန်​​ ခက်ခဲပါ၍ နေ့ခင်းဘက်များတွင်သာ မေတ္တာပို့ ကုသိုလ်အမျှဝေ ကြွရောက်တတ်ပါသည် နယ်မြို့များ ကျေးရွာများတွင် အမြဲတမ်းပင် ညဘက်သုဿန်ဓူတင်​​ဆောင်ပါသည်
ဆရာတော်ကြီး၏ သုဿန်ဓူတင်​​ဆောင်ပုံမှာ ည၉နာရီကျော် လူသူလေးပါး အိပ်ပြီးချိန်တွင် သုဿန်သို့ တိတ်ဆိတ်စွာ မေတ္တာပို့ရင်း ဝင်ရပါသည် သင်္ချိုင်းသို့ရောက်လျှင် လူသေကောင် မြေမြုပ်​​သောနေရာ မီးရှို့သောနေရာ ဂူသွင်သော နေရာများ၌ တနေရာစီ ကျွန်​​တော်တို့တရားထိုင်ရပါသည်
တစ်နာရီခန့်တရားထိုင်ပြီးပါက တရားဖြုတ် အမျှဝေပီး အနားယူရန် မနက်၃နာရီကျော် လာပင့်ရန် မိန့်ပါသည် ဤတွင်ဆရာတော်ကြီးနှင့် မျက်တစ်ကွယ် မလှမ်းမကမ်ပေ၃၀၀ခန့်အကွာ သင်္ချိုင်းဇရပ်​​ အုတ်ဂူ​​ပ်ာတို့တွင် အိပ်ရပါသည် ကျွန်​​တော်က သုဿန်ဓူတင်​​ဆောင်ခြင်းမဟုတ်ပါ ဆရာတော်ကြီးအား ပို့ဆောင်ရန် ပင်ဆောင်ရန် လိုက်ပါ၍သချိင်းတွင်လိုက်အိပ် ခြင်းသာဖြစ်ပါသည်
ဆရာတော်ကြီးမှာ တစ်ညတာလုံး မေတ္တာဘာဝနာ သာမထဘာဝနာ ဝိပသာနာဘာဝနာ ကုသိုလ်တရားများအားထုတ်ရင်း မြင်အပ် မမြင်အပ်များနှင့်ရင်းနှီးကျွမ်းဝင်​​​​ စေရန် ညအချိန်ကို ကုန်ဆုံးစေပါသည်
မနက်၃နာရီကျော်တွင် ဆရာ​​တ်ာကြီးထံချည်းကပ် ပင့်ံ​​လျှောက်ရပာသည် တစ်​​​ညလုံးပြုပြုသမျှ ဘာဝနာကုသိုလ်များကို မြင်အပ်မမြင်အပ်ရှိရှိသမျှတို့အား ကုသိုလ်အမျှပေးဝေကြရပါသည်
ဆရာတော်ကြီးနှင့် တစ်ညတာအတူနေရ၍ ရင်းနှီးကျွမ်းဝင်ကြ၍ သာဓုခေါ်ဖြစ်ကြမည် ထင်ပါသည် အမျှ ကုသိုလ်​​တွေရ၍ ကျွတ်လွတ်သွားခြင်း အဆင့်မြင့်သွားခြင်းများ ဖြစ်ကြသည်ဟု သိရှိရပါသည်
မနက်၎နာရီမထိုးခင် လူသူလေးပါးမထခင် သုဿန်မှ မေတ္တာပို့ရင်း တိတ်ဆိတ်စွာထွက်ခွာရပါသည်
တချို့သချိင်္ုင်းများတွင် တစ်ညသာကြွ၍ တချို့သချိင်္ုင်းများကို နှစ်ည သုံးညကြွတတ်ပါသည် ကြွရောက်ရန်ု ကြိုတင်မိန့်ထားလေ့မရှိပါ ည ၉ နာရီကျော် ဆရာတော်ကြီးသင်္ကန်းရုံသည်ကိုကြည့်၍ သာသိရှိရတတ်ပါသည် ကျွန်​​တော်တို့အမြဲတမ်း အဆင်သင့်ဖြစ်ရန်ကြိုးစားနေရပါသည်
အဆင်သင့်မဖြစ်ပါက ဆရာတော်ကြီး တစ်ပါးတည်းသာကြွ သွားပါတော့သည် နောက်မှအမြန်​​ပြေးလိုက်ရပါသည်)

(၈) ကျောက်ဂူဆရာတော်ကြီး၏ ဦး​​ခောင်းကို ​​ခါင်းရိတ်ြ​​ခင်း ကိစ္စအား မိ့မိ့ကိုယ်တိုင်လည်း မရိတ် တပည့်များအားလည်းအရိတ် ခိုင်တား မတွေ့ဘူးပါဘုရား (ထို့ကြောင့် ဆရာတော်ကြီး၏ ဆံတော်များအား လိုခြင်သူ ပောများလှသော်လည်း တစ်​​ယောက်မျှ မရရှိကြပါ)

 
15-8-2018 
လွန်​ခဲ့​သော ၂၅ နှစ်​ခန့်​က ​ကျောက်​ဂူဆရာ​တော်
စတင်​တရားကျင့်​ကြံအားထုတ်​ခဲ့စဉ်​က ​ကျောက်​ဂူ
အောင်​​မြေ အတွင်း အပြင်​ မှတ်​တမ်းပုံရိပ်

(၉) ကျောက်ဂူဆရာတော်ကြီး ညသီတင်းသုံးသော ဝါးရုံပုတ်ကြီးမှ အလင်ရောင်များထွက်ပ်ါလာ၍ တစ်​​တောလုံးလင်းထိန်သွားခဲ့ပါသည်ဘုရား (လွန်ခဲ့သော ၇ နှစ့်ခန့်က ရွာကြီးတစ်ရွာ၏ သုဿန်သင်္ချိုင်းတွင် ဆရာတော် နှစ်ညတာ ဓူတင်​​ဆောင်ခဲ့ပါသည် အထက်ပါဖြစ်ရပ်သည် ဒုတိယညတွင် တွေ့မြင်ခဲ့ရပါသည်
၎င်းသင်္ချိုင်းသည် လူအစိမ်သေများကို မြေမြုတ်​​သော နေရာဖြစ်ပါသည် ည၉နာရီကျော်ခန့်တွင် ဆရာတော်အား သုဿန်အလယ်လာက် တွင်ရှိသော ဝါးရုံပုတ်ကြီးအောက်တွင် နေရာချ၍ ကျွန်​​တော်တို့က သင်္ချိုင်းဇရပ်​​ပေါ်တွင် အိပ်ကြပါသည်
ည၁၂နာရီခန့်တွင် ရွာသား ၁၀ ယောက်ခန့်အပြေးအလွှားရောက်လာ၍ ဆရာတော်ကြီး သီတင်းသုံးသော ဝါးရုံပုတ်ကြီး မီးအကြီးအကျယ်​​လောင်​​နေပြီဆိုပြီးအော်ပြီး ပြေးလာကြပါသည်
ထိုအချိန်တွင် ထိုထဲ့မှလူတစ်​​ယောက်က ​​တောမီးလောင်တာမဟုတ်ဘူး တောမီးလောင်ရင် အသံမြည်တယ် ခုကဘာအသံမှမကြားရဘူးဟု ခပ်ကျယ်ကျယ်​​အော်လိုက်ရာ အားလုံးတိတ်ဆိတ်ငြိမ်သက် သွားကြသည်
ဆရာတော်ကြီး သီတင်းသုံးသော ဝါးရုံပင်ကြီးမှ အလင်ရောင်သည် တစ်​​တောလုံးလင်းထိန်သွားခဲ့ပါသည် ၃မိနစ်ခန့်ကြာမည် ထင်ပါသည် ထို့နောက် တဖြည်းဖြည်းမှိန်သွား၍ အမှောင်အတိ ဖုံးလွှမ်းသွားပါတော့သည်
ထို့​​နာက် ရွာသားများလည်း ပြန်သွားကြ၍ ကျွန်​​တော်လည်း အဖြေမသိသော အတွေးများဖြင့် သင်္ချိုင်းဇရပ်​​ပေါ်တွင် ကျန်​​နေခဲ့ပါတော့သည်။

(၁၀) ကျောက်ဂူဆရာတော်ကြီး၏ မေတ္တာတော်​​ကြောင့် အကြီးအကျယ် ပစ်ခတ်​​နေကြသော တိုက်ပွဲကြီး ရပ်သွားခဲ့ပါသည်ဘုရား
(လွန်ခဲ့သော ၆ နှစ်ခန့်ကဖြစ်ပါသည် ဆရာတော်ကြီးအား တရားဟော တရားပြ ပင့်ဖိတ်ကြ၍ နယ်စပ်​​ဒေသသို့ ကျွန်​​တော်ကားဖြင့်ပင်ဆောင်ခွင့်ရခဲ့ပါသည်
 တောလမ်း ခရီးတွင် ဆရာတော် ချပေးသော မေတ္တာပို့ စာသားများကို ကျယ်နိုင်သမျှ ကျယ်ကျယ် လိုက်ဆို၍ ကားမှန်တံခါးများ ပိတ်ကာ မောင်းနှင်လာခဲ့ပါသည်
ပတ်ဝန်းကျင်မှ့ အသံများကို မကြားရဘဲ ကားကိုအမြန်
မောင်းလာရာ ​​တောလမ်းတ​​နေရာ တာင်ကုန်ကွေ့ အရောက် တွင် အကြီးအကျယ် တိုက်ပွဲဖြစ်​​နကြသော လက်နက်ကိုင် တပ်ဖွဲ့ နှစ်ခုကြားသို့ ဘွားခနဲ့ ရောက်သွားခဲ့ပါသည်
ကားကိုဆက်မောင်းရဲဘဲ အမြန်ရပ်လိုက်ရပါသည် လက်နက်ကြီး ကျရောက်​​ ပေါက်ကွဲသံများကို ဆက်တိုက်​​ကြားရပါသည် သေနတ် ဂတ်လိုက်ဆွဲသံများ ကျည်ဆံသံများ တဒိုင်းဒိုင်း တရွီးရွီးအဆတ်မပြတ် ကြားနေရပါ သည်
ကျွန်​​တော်နှင့် သူရဲကောင်းကြီး ကိုဖိုးအိတို့ လန့်ဖျတ်၍ ကားအောက်သို့ ပြေးဝင်ဝပ် ​​နေရန်ကြံကြပါသည် ဆရာတော်အားကြည့်လိုက်ရာ မေတ္တာပို့မပျက် တည်ငြိမ်စွာ ဆက် လက်မေတ္တာဘာဝနာပွားနေပါသည်
မည်သည်အချိန်မှ စ၍တိုက်ပွဲဖြစ်​​နေသည်ကို မသိပါ ဆရာတော်ကားရပ်ပြီး ​​မကြာမှီ တိုက်ပွဲရပ်၍ အားလုံးတိတ်ဆိပ်သွားပါသည်
ကျွန်​​တော်တို့ကား၏ ညာဖက်​​တောင်ကုန်ပေါ်မှ လက်နက်ကိုင်တပ်ဖွဲ့များ ဆုတ်ခွာသွားပါသည် ကျွန်​​တော်တို့ကား၏ဘယ်ဖက် ချောက်ထဲ့မှ လက်နက်ကိုင်တပ်ဖွဲ့ ၃၀ ခန့် လက်နက်ကိုယ်စီကိုင်၍ ကားလမ်ပေါ်တက်လာကြပါသည် နှစ်ဖက်စလုံး အကျအဆုံးမရှိ တပ်ဆုတ်သွားကြသည် ထင်ပါသည်
ကျွန်​​တော်တို့လည်း တရားပွဲမှီရန် ဆရာတော်ချပေးသော မေတ္တာပို့ကို လိုက်ဆိုရင်း ခရီးဆက်ခဲ့ကြပါသည်)


(၁၁) ကျောက်ဂူဆရာတော်ကြီးသည် တောစောင့်နတ် တောင်​​စောင့်နတ်များ ဖန်ဆင်းလှူဒါန်သော ကျောင်းတွင် တစ်ညတာ သီတင်းသုံး ဖြစ်ခဲ့ပါသည်ဘုရား
(လွန်ခဲ့သော ၇ နစ်​​ခန့်​​လာက်ကဖြစ်ပါသည် ဆရာတော်ကြီးအား ခန္တီ​​​ကျောက်စိမ်မှော်မှ တရားဟော တရားပြ ပင့်ဖိတ်၍ ကျွန်​​တော်ကားဖြင့် ပင့်ခွင့်ရရှိခဲ့ပါသည် မဟာမြိုင်​​တောကြီးကို အလျှားလိုက် ကားဖြင့်ဖြတ်၍ ပင့်ခဲ့ပါ သည်
ထိုအချိန်တုန်းက ကားလမ်းသည် အင်မတန်ပင်ဆိုးရွား ကြမ်းတမ်းလှပါသည် ယခုလည်းသိပ်ကောင်သေးပါ အဆိုပါဒေသသည် ရေလမ်းကိုသာ အသုံးများပါသည် တစ်​​နေ့လုံး တစ်ညလုံး ကားမောင်းခရီးတွင် ကားတစ်စီးမျှ မတွေ့ မရှောင်ရပါ လူနေအိမ် ရွာများလည်း မရှိကြပါ မြစ်​​ကြောင်းတလျှောက်တွင်သာ နေထိုင်ကြသည်ဟုသိရပါသည်
ပင့်ဖိတ်ထားသောနေရာ ဘုန်ကြီးကျောင်းကိုအရောက်တွင် အဆိုပါကျောင်းထိုင်ဆရာတော်ကြီးမှ ​​ကျောင်း​​ပော်မှ တအံတ​​သြ ဆင်း၍ ကျွန်​​တော်ကားနှင့် ကျွန်​​တော်ကို နှစ်ပတ်​​လောက်ပတ်ကြည့်ကာ ကားလည်ကောင်းလွန်း၍ လူလည်းတော်၍ သာရောက်လာသည် မည်သူမျှ ဤခရီးကို ကားနှင့်မလာကြဖူးဘူးဟု မိန့်ခံရပါသည်
လမ်းခရီးတွင် လမ်းကြမ်းလွန်း၍ ကားအမြန်​​မောင်း၍မရပါ ဖြေးဖြေးမှန်မှန် မောင်းလာရပါသည်
နေ့လုံးမောင်းလာပါသည်ရောက်လာခဲ့ပါသည် လမ်းမှာ ကျဉ်မြောင်းလှ၍ လှည်းလမ်းသာ ဖြစ်​​သော်လည်း ကားရှောင်စရာ ကားမတွေ့ ၍ အဆင်​​ပြေပါသည်
လမ်ဘေး နံရံတိုက်မိ့လိုက် သစ်ပင် တိုက်မိ့လိုက် အောက်က တိုက်လိုက်ပေါ်က တိုက်လိုက် ဖြင့်ပင်​​နာက်နေ့ တရားပွဲ မှီရန် မှန်မှန်​​မောင်းလာပာသည်
ည ၁၁ နာရီကျော်လာပါသည် ၁၂ နာရီထိုးရန် ၁၀ မီနစ်ခန့်အလိုတွင် ဆရာတော်ကြီးမှ လမ်းတ​​လျှာက်ပို့လာ​​သော မေတ္တာပို့ကို ခဏရပ်၍ ကျွန်​​တော်ဘက်ကိုလှည့်၍ တစ်​​နေ့လုံး တစ်ညလုံး ဆိုတော့ ကားကောလူကော ပင်ပန်နေလောက်ပီ ရှေ့နားမှာ ကောက်ရိုးပုံ ဖြစ်ဖြစ် သစ်ပင်​​အောက် ဖြစ်ဖြစ် တွေ့ရင် နား ကြမယ် လို့မိန့်ပါသည်
ခဏခန်မောင်းလာပီးချိန်တွင် ကားမီရောင်​​အောက် လမ်ဘေးတွင် ရာဇမတ်ကွက်များကာရံထားသော ခြံကြီးကိုတွေ့ရပါသည် ခြံတံခါး ဖွင့်ထား၍ ကားကိုခြံထဲ့မောင်းဝင်လိုက်ပါသည် ကျွန်​​တော်လည်းကားပေါ်မှ အမြန်ဆင်း၍လူရှိလား လူရှိလား အော်​​ခေါ်ရင်း လူလိုက်ရှာပါသည် မည်သူမှ မတွေ့ရပါ ခြံထောင့်တွင် ဝါးဖြင့်သပ်ရပ်စွာ ဆောက်ထားသော တဲ့လေးတစ်လုံး တွ့ရပါသည် သုံးဖက်ကိုဝါးဖြင့်ကာရံထား၍ ​​အခင်း ကိုလည်း ဝါးကြမ်လေး တဆင့်ခံ ခင်းထားပါသည် သံဃာစင်ကဲသို့ ဖြစ်ပာသည်
ကျွန်​​တော်လည်း ကားပေါ်တွင် ပါလာသော ထိုင်ခုံအားအမြန်ချ၍ ဆရာတော်အား ပိုင်ရှင်တွေ့ကြောင်း တစ်ညတာ ဝါးတဲ​​ကျောင်းအသစ်​​လေး​​ပေါ်တွင် သီတင်းသုံးဖို့ ပင်လျှောက်ခဲ့ပါသည်
ဆရာတော်အား နေရာချပေးပြီး ကျွန်​​တော်လည်း ကားထားရှိရာ ခြံထောင့်သို့ပြန်လာပါသည် ကားဘေးမနီးမဝေးကွင်းပြင်​​တွင် မီးမွေးရန်အသင့်ဖြစ်​​နေသော မီးဖိုကိုတွေ့ရ၍ မီးမွေး၍ မီးလှုံဖြစ်ပါသေးသည် အသင်တွေ့ရသော ပန်းသီးတစ်လုံးကိုလည်း ကျွန်​​တော်၏ညစာအဖြစ် စားခဲ့ပါသေးသည်
ညတစ်နာရီခန့်တွင် ကျွန်​​တော်ကားထဲ့တွင်ဝင်အိပ်ဖြစ်ပါသည် မနက် ၃ နာရီခန့်တွင် ဆရာတော်မှ ကားတံခါးလာခေါက်နိုး၍ ခရီးဆက်ရန် အချိန်တန်ပြီလို့မိန့်၍ ခရီးဆက်ခဲ့ကြပါသည်
မနက် ၈ နာရီခန့်တွင်ပင့်ဖိတ်ထားသော နေရာသို့ရောက်ခဲ့ပါသည် ဆရာတော်ကြီးမှ တရာဟော တရားပြ နှစ်ရက်ပြုလုပ်ဖြစ်ပါသည်
အပြန်​​​နေ့တွင် အားရုံဆွမ်းကပ် နေ့ဆွမ်းအားသပိတ်အတွင်လောင်းလှူ ကပ်လိုက်၍ ပင်ဆောင်လာခဲ့ပါသည် အလာတုံးက ညအိပ်ခဲ့သော ဝါးကျောင်းတဲ့တွင် ​​နေ့ဆွမ်းကပ်မည်ဟု စိတ်ကူးလာခဲ့ပါသည် သို့သော် ထိုခြံတဲနေရာသည်သစ်ကြီးဝါးကြီးအပင်များသာ တွေ့ရပါတော့သည် ထို့နေရာတွင်ပင့် ဆရာတော်ကြီးအား အသင့်ပါလာသော နေ့ဆွမ်းအား ကပ်ဖြစ်ခဲ့ပ်ါသည် )

(၁၂) ကျောက်ဂူဆရာတော်ကြီး၏ တရားတစ်ပွဲ အကြောင်းပြု၍ တစ်ရွာလုံး ဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့ရပါသည်ဘုရား
(အိမ်​​ခြေ တစ်ရာကျော်ရှိသော တောင်​​ပေါ်ရွာလေး တစ်ရွာသည် ဘာသာခြားတစ်ခုမှ စည်းရုံး၍ တစ်ရွာလုံးကျွတ် ဘာသာဝင်ပွဲကြီး စည်ကားစွာကျင်းပရန် ပြင်ဆင်​​နေသော နေ့ဖြစ်ပါသည်
ထိုနေ့သည် မိုးများလည်း ရွာနေပါသည် တောင်ကျရေများလည်းကျနေပါသည် ချောင်ရေများလည်းလျှံနေပါသည်
တောင်​​ပေါ်ရွာ ဖြစ်သဖြင့် လမ်းများလည်း ရွှံစေးများဖြင့် သွားလာရန် အင်မတန် ခက်ခဲ့နေပါသည်
ထိုအချိန်တွင် ဆရာတော်ကြီးသည် ရွာလယ်လမ်းမှ တစ်လှမ်းခြင်း တစ်လှမ်းခြင်း လမ်လျှောက်၍ ရွာထဲသို့ ဝင်လာပါသည်
ထူးခြားမူ့ အနေဖြင့် မိုးရွာနေသော်လည်း သင်္ကန်းများ ရေမစိုပါ လမ်းမှာ ဗွက်နေသော်လည်ခြေ​​ထောက်တို့တွင် ရွှံများမပေကျံပါ
ဘာသာခြားသို့ ကူပြောင်းပွဲလုပ်​​နေသော လူအုပ်ြ​​ကီးသည် ဆရာတော် အနီးတွင် ဝိုင်းအုံလာကြပါသည်
ဆရာတော်ကြီးမှ တစ်နာရီခန့် တရားဟောခဲ့ပါသည်
ဘာသာခြားသို့ မဝင်ဖြစ်​​တော့ဘဲ ဗုဒ္ဓဘာသာသို့သာ တစ်ရွာလုံး ဖြစ်သွား ခဲ့ပါသည်
ထိုရွာလေးသည် ယခုအချိန်ထိ ဆရာတော်ကြီးအား မကြာခဏ ပင့်ဖိတ်၍ ဝိပသာနာ တရားစခန်းများ ပြုလုပ်ဖြစ်ဆဲ ဖြစ်ပါသည်)


(၁၃) ကျောက်ဂူ ဆရာတော်ကြီး၏ အစွမ်းထက်၍ အင်မတန်မှ အသုံးဝင်လှသော ဂါထာ ​​​တော်တစ်ပုဒ်အား ကျွန်​​တော် ရရှိခဲ့ပါသည်ဘုရား
( ထိုဂါထာအား ဆရာတော်ကြီးမှ ရှေ့ကချပေး၍ ကျွန်​​တော်တို့မှ နောက်ကလိုက်ဆိုရင်း အသဲနှစ်လုံးထဲ့ စွဲနေခဲ့ရပါသည်
ဆရာတော်ကြီးကို အနယ်နယ် အရပ်ရပ်မှ ​​​​ပင့်ဖိတ်ကြ၍ ဓမ္မ ခရီး သွားလာ နေထိုင်ရင်း အခက်အခဲများရှိလျှင်​​သော်လည်းကောင်း/ပြဿနာများ/ပင်ပန်းမူ့များ/ဆင်းရဲမူ့များ/အနှောင့်အယှက်များ/ငတ်မွတ်ဆာလောင်မူ့များ/အိပ်ခြင်မူ့များ/​​ဖျားနာမူ့များ/.....စသဖြင့် စသည်ဖြင့် အဆင်မ​​ပြေမူ့များ ကြုံလာတိုင်
၎င်းဂါထာ တော်ကို ဆရာတော်ကြီးမှ ကျယ်ကျယ်လိုက်ဆိုကြရန် မိန့်ကြား၍ ရှေ့မှ ချပေးပါသည် ကျွန်​​တော်တို့လည်း လိုက်ဆိုကြရပါသည်
ကျွန်​​တော့ အတွက်​​တော မည့်သည့် ပြဿနာ များမဆို ၄င်းဂါထာ အတိုင်း ရွတ်ဆို နှလုံးသွင်း ကျင့်သုံးလိုက်ပါက မပြေလည်စရာ အကြောင်း မရှိ အားလုံး အဆင်​​ ပြေသွားပါသည်
ဆရာတော်ကြီး၏ ဂါထာတော်အား လိုက်နာကျင့်သုံးနိုင်ကြပါစေ
[[[* ဘုရားတပည်တော်တို့သည် မြတ်စွာဘုရား သာသနာတော်ကြီး အတွက်ဆိုရင်
* နွားကဲ့သို့ ဆွဲပါမည်
* ကျွဲကဲ့သို့ ရုန်းပါမည်
* မြင်းကဲ့သို့ ​​ပြေးပါမည်
* မြည်းကဲ့သို့ ပိုးပါမည်
* ခြင်္သေကဲ့သို့ ရဲရင့်ပါမည်
* သိုးကဲ့သို့ ရိုးသားပါမည်
* ဆင်ကဲ့သို့ အေါင်းပါမည်
* ရေကဲ့သို့ ပေးဆပ်ပါမည်
* လေကဲ့သို့ အကျိုးပြုပါမည်
* မြေကြီးကဲ့သို့ သီးခံ သည်းခံ ပါတော့မည် ဘုရား သာဓု သာဓု သာဓု ]]]
ရွတ်ဆို ကျင့်သုံးနိုင်ကြပါစေ )

(၁၅) ကျောက်ဂူ ဆရာတော်ကြီးသည် တစ်ချိန်တည်း တွင် နှစ်​​နေရာ၌ တွေ့မြင် ရောက်ရှိနေတတ်ပါသည်ဘုရား
(ဆရာတော်ကြီး ကိုယ်ပွား နှစ်ပါးစီဖြစ် နေတတ်ပုံများကို မကြာခဏ ဆိုသလိုတွေ့ရတတ်ပါသည်
၎င်းများထဲ့မှ့ လေးငါးခုလောက်ကို ကျွန်​​တော် တတ်လောက် ​​ရေးသားတင်ပြပါမည် စာအရေးအသား မကျွမ်းကျင်၍ နားမလည်ပါက သည်းခံ၍ နှစ်​​ခေါက် သုံးခေါက်ဖတ်​​ပေးကြပါရန် တောင်းပန်အပ်ပါသည်
တစ်ခါသောအချိန်က ဆရာတော်ကြီးအား တရားပွဲများပင့်ဖိတ်ကြ၍ ကရင်ပြည်နယ်ဖက်ကို ကျွန်​​တော့်ကားဖြင့်ပင်ဆောင်ခွင့်ရခဲ့ပါသည်
ဆရာတော်ကြီးအား ဘေးမှတင်​​ဆောင်၍ ကားမောင်နေစဉ် ကလေးမြို့မှ ဖုန်းဝင်လာပါသည်
ကျောက်ဂူဆရာတော်ကြီး ဆွမ်းဆန်စိမ်လောင်းပွဲပြီးရင်
ကလေးမြို့ထဲ ကြွအုံးမလားတဲ့
ကျွန်​​တော်က ဘာဖြစ်လို့လဲလို့ ပြန်​​မေးမိ့ပါသည်
တမူးဖက်ကရွာ တရွာမှာ ရွာလုံးကျွတ် ဆွမ်းဆန်စိမ်လောင်းနေတယ် အဲဒါပိးရင် ကလေးမြို့ထဲ့ကိုပင့်ခြင်လို့ ဟု​​ပြောပါသည်
ကျွန်​​တော်လည်း ချက်ခြင်းပင် ကား​​မောင်းရင်း ​​​​ကျောက်ဂူ ဆရာတော်အား ​​လျှောက်လိုက်ပါသည်
တမူးဖက်ကရွာတရွာမှာ ကျောက်ဂူဆရာတော်တစ်ပါး ရောက်နတယ်တဲ့ဘုရား
ဆရာတော်ကလည်း ချက်ခြင်းပင် ရုက္ခစိုးနတ်​​တွေက ချစ်ကြလို့ အဲလိုဘဲ ခဏခဏဖြစ်တယ် ဟုမိန့်ပါသည်

(၁၆) တစ်ခုသော ဘုရားထီးတင်ပွဲတွင် တရားပွဲပင့်ဖိတ်ကျောက်ဂူဆရာတော်ကြီး ကြွရောက်ခဲ့ပါသည်
ဘုရားထီးတင်ရာ၌လည်း ဆရာတော်ကြီးကိုယ်တိုင် ပါဝင်ကုသိုလ်ယူခဲ့ပါသည်
ထီးတင်ရာတွင် အောက်ဖက်ကထီးတော်ကို ရထားပေါ်သို့ တင်ရာ​​နေရာတွင်လည်း ဆရာတော်ကြီးရှိနေ၍
စေတထိပ်​​ပေါ်တွင် ထီးတော်အား ရထားပေါ်မှချ၍ စေတီတွင် တပ်ဆင်ပူဇော်​​သော နေရာတွင်လည်း ဆရာတော်ကြီး ရှိနေ့ခဲ့ပါသည်)



(၁၇) လွန်ခဲ့သော သုံးလေးနှစ်ခန့်က ဆရာတော်ကြီး ပဲခူးတိုင်း သုံးဆယ်မြို့ ကျောက်ဂူကျောင်းတွင် ဝါဆိုဝါကပ်​​သာ အချိန်ကဖြစ်ပါသည်
ကျွန်​​တော်လည်း ဆရာတော်ကြီးနားတွင် ကျောင်းအိပ်​​ကျောင်းစားဖြင့် အချိန်​​ တော်​​တော် များများ ရှိနေဖြစ်ပါသည် ။ တစ်​​နေ့တွင် ဆရာတော်ကြီးမှ ကျွန်​​တော့်အား ခေါ်၍ ကန် (၇) ရွာကို တစ်ရွာတစ်စီး နာရေးကူညီမူ့ ကားများလှူဒါန်းလိုသည် စီစဉ်​​ ဆောင်ရွက်ရန် ကုသိုလ်​​​ ပေးပါ သည်​ ။ကားများဝယ်ယူ ပို့ဆောင်ရင်း ကန်(၇)ရွာ ကျောက်ဂူကျောင်းသို့ ရောက်ခဲ့ပါသည် ရန်ကုန်ပြန်ရန် လိုင်းကားစောင့်ရင်ကျောင်ပေါ်တွင် နှစ်ရက်သုံးရက် နေဖြစ်ခဲ့ပါသည်
ကျောင်းပေါ်တွင် ဘုရားဖူးဧည့်သည် ဆယ်​​ယောက်ခန့် အဖွဲ့တစ်ဖွဲံ တွေ့၍ ထမင်းများစားသွားကြရန် အဆင်သင့်ပြင်ထားကြောင်း ညအိပ်နားကြမည်ဆိုပါကလည်း အဆင်​​ပြေပါကြောင်ကျောက်ဂူဆရာတော်ကြီးတော့ သုံးဆယ်မြို့ မှာဝါဆို၍ မရှိပါကြောင်ပြောသောအခါ

 ဒီကျောင်းကို ခဏ ခဏလာဖူးပါကြောင်း ထမင်းလည်းဆွမ်းတန်းတွင် စားပီးပါကြောင်ကျောက်ဂူဆရာတော်ကြီးကိုလည်း အခုဘဲတစ်ဖွဲ့လုံး ဖူးခဲ့ပီးပါကြောင်း ဝမ်းသာ ပျော်ရွင်စွာပြော၍ ကားပေါ်တက်ကာထွက်ခွာသွားကြပါသည် ။ ခဏအကြာတွင် နောက်ဘုရားဖူးအဖွဲ့ တစ်ဖွဲ့ တွေ့ပြန်၍ ထမင်းများစားသွားကြရန် ဖိတ်ဖြစ်ပါသည်

ကျောက်ဂူဆရာတော်ကြီးကို ဖူးရင်း သင်္ကန်းလာကပ်တာဖြစ်​​ကြောင်း သင်္ကန်းလည်းကပ်ခဲ့ပြီးကြောင်း သီလများလည်​​ပေးလိုက်​​ကြောင်း များစွာဝမ်းသာပါကြောင်း လှူရန်များကို ရုံးကျောင်း ပို့ဖို့ မှာလိုက်​​ကြောင်ပြောပါသည်​ ။ကျွန်​​တော်လည်း ဧည်သည်များကို ရုံးကျောင်းပို့ နောက် ဆွမ်းတန်းပိုပြီးဆရာတော်ကြီး သီတင်းသုံးရာ တဲကျောင်လေးသို့ တိတ်ဆိပ်စွာ တစ်​​ယာက်တည် ​​သွားချောင်းဖြစ်ပါသည်
အေးငြိမ်းဆိတ်ငြိမ် ​​လှသော တဲ့ကျောင်လေးထဲတွင် ဆရာတော် ထိုင်​​နေကြ ထိုင်ခုံပေါ်တွင်​​​နေကထိုင်​​​လေးခင်းထားတာ တွေ့ရပါသည် ဆရာတော်​​တော့မမြင်ရ မတွေ့ရပါ မရှိပါ
ကျွန်​​တော်လည်း ရိုသေစွာ ရှိ့ခိုးဦးချ၍ ဆရာတော်မှ ကားများပို့ခိုင်သော ကိစ္စ ပြီးစီးပါကြောင်နောက်ထပ် ကုသိုလ်​​ပေးအလုပ်ခိုင်းလိုပါက အဆင်သင့် ဖြစ်​​နေပြီဖြစ်ကြာင်း ၊ သုံးဆယ်မြို့ကိုရောက်လျှင် ဆရာတော်နှင်တွေသောအခါ လျှောက်ရန်ရှိသည်များကို(ရီဟာ့ဇယ်) လုပ်ရင်​​လျှောက်ထားလိုက်ပါသည်


By Ko nyi