Thursday, October 18, 2018

F- 7 ပျက်ကျမှု နှင့် နောက်ဆက်တွဲ တင်ပြ ရေးသားမှုများ


 
The Gioitre.Vn


ခုရက်ပိုင်း F – 7 လေယာဉ်ပျက်ကျတဲ့ ကိစ္စရပ်နဲ.ပတ်သက်လို. လေယာဉ်အကြောင်း ၊ လေယာဉ်မှုးများအကြောင်း နဲ.ပတ်သက်လို. တင်ပြထားတာလေးတွေကို စုစည်းဖော်ပြအပ်ပါတယ် ။

ပထမဆုံး လေယာဉ် နဲ.ပတ်သက်လို. မျှဝေရေးသားရာမှာ Aung Pyi ဆိုသူက ခုလိုတင်ပြရေးသားလာပါတယ် ။

Sagar Media

India Air Force မှာ Russia Mig 21ကို Flying Coffin လို့ နာမည်​​ပေးထားတာဖတ်​ရပါတယ်​ အ​ခေါင်းပျံ ဆိုရင်ဖြစ်​လားပဲ ပျက်​ကျတာမနည်းပါဘူး ။ ၆လမှာ ၃စီးပျက်​ကျတဲ့ F7 (Changdu ) J7 က Mig 21 ကို လိုင်​စင်​ယူထားတာပါ ။ ၁၉၆၀မှာ mig 21 ကို တပ်​​တော်​ဝင်​ပြီး​တော့ ဆိုဗီယက်​​ခေါင်း​ဆောင်ခရုရှက်လက်ထက်မှာတရုတ်ကိုနည်းပညာပေးပြီးအဓိကသတ္ထုစပ်နည်းပညာမပါဘူးလို့ သိရပါတယ်​၁၉၆၅မှာပါ ။ Alloys မပါလို့ Reverse Engineening လုပ်​ပြီး အခု J20 ​ရောက်​လာတာပါ ​ငွေ အချိန်​ လူသားအရင်းအမြစ်​ အများကြီးရင်းနှီးရပါတယ်​  ။ ၁၉၆၅ ၂၀၁၃ အထိ အစင်း​ရေ၂၄၀၀ ထုတ်​ပြီးအာဖရိက အာရှက ဆင်းရဲးသားနိုင်​ငံများ အသုံးပြုပါတယ်​ ။ တပ်​မ​တော်​ကို ၁၉၉၀ မှာ ​ရောက်​လာပြီး အင်​ဂျင်​ပြသနာ အဓိက အဆင်းမှာ ပြသနာရှိတဲ့ အမျိုးအစားဖြစ်​ပါတယ်​ ။ Supersonic speed ဆိုတာ mach 1,1 ကစ​ခေါ် ပါတယ် ။ F7 ကအသံထက်​၂ဆ မြန်​ပါတယ်​ တာဘိုအင်​ဂျင်​ဖြစ်​ပြီး ​လောင်​စာများကို အင်​ဂျင်​ nozzieကတွန်းပြီး ပျံသန်းတာ တိုက်​​လေယာဉ်​တိုင်းဖြစ်​ပါတယ်​ ရှပ်​​ပေါ်မှာ compressor and turbuie များတပ်ဆင်ပြီး​ဝင်​ရိုးမှာက​တော့ cantrifugle flow Conpressorနဲ့ Axial Flow compressor တို့ ထိုင်​ပြီး အလုပ်​လုပ်​ပါတယ်​ ။အေ ဘီ ၂ခု ခွဲပြီး afterbumer ကseconderCombustion canmaber လို့ ​ခေါ်ကြပါတယ်​တာဘိုင်​နဲ့ အိပ်​​ဇော nozzie ကြားမှာ ထည့်​ထားပေးပြီး ကန်​ထဲမှာ ​ပေါက်​ကွဲချိန်​ တာဘိုကိုဖြတ်​ပြီးAB ထဲကို ဝင်​လာတာပါ မီးထပ်​​လောင်​ပြီး မလိုချိန်​ပိတ်​ထားပြီး စစ်​ကစားချိန်​ အဆင်းအတက်​မှာသုံးပြီးပါဝါ၅၀%ထပ်​ရ​စေပြီး ​ပေါ့ပါးလာတယ်​လို့ ​ပြောရင်​ဖြစ်​ပါလိမ့်​မယ်​ ။  အခုက အဲဒီပြသနာလို့ ထင်​မိပြီးပျက်​ကျတာ အဆင်းအဖြစ်​များလို့ 70% ​သေချာပါပြီ ။ Y8 G4 mig 29 ပျက်​ကျတာ အရပ်​ဖက်​လို ​ပြောလို့ မရပါဘူး ။ ရန်​သူက ​ဘေးနားမှာရှိ​နေလို့ ဘာကြောင့်​ဆိုတာ ​ပြောလို့ မရပါ ။တရုတ်​ထုတ်​ပဲဖြစ်​ဖြစ်​ ဘာဖြစ်​ဖြစ်​ သဘာဝတရားအတိုင်းပါ US F35 ပျက်​ကျတာ မကြာ​သေးပါဘူး ။နမူနာအရ ဒီဇိုင်း စက်​ ပြုပြင်​​ရေး ​လေသူရဲ ရာသီဥတု နဲ့ တိုင်းတာပါတယ်​ piolt ​ကြောင့်​မဟုတ်​တာက 90% အာမခံပါတယ်​ ။  မြန်​မာဒီ​လောက်​မညံ့ပါဘူး

နောက်တစ်ခါ မြတ်သူရဆိုတဲ့ အကောင့်ကတော့ မြန်မာနိုင်ငံနဲ. F – 7 လေယာဉ်တွေအကြောင်း ခုလိုရေးသားခဲ့ပါတယ် ။

တောင်ငူ ကျွန်းကုန်း ရွာ နှင့် မြောက်ရေကြည် ရွာကြား ဧပြီ ၃ ရက် မနက် ၁၁နာရီ က F-7 ပျက်ကျခဲ့မှု Eleven Media Group

ဒီကနေ့ မင်းဘူး အနီးမှာပျက်ကျသွားခဲ့တဲ့ စစ်လေယာဉ် နှစ်စီးဟာ F-7 လို့လူသိများတဲ့ တရုတ်နိုင်ငံထုတ် လေယာဉ်တွေဖြစ်ပါတယ်
အခု ဖြစ်စဉ်ဖြစ်ပွားခဲ့ရတဲ့ F7 တွေဟာ အနည်းဆုံး နှစ် ၂၀ ခန့်တော့ သက်တမ်းရှိနေကြပြီဖြစ်ပါတယ်ခေတ်ကာလ အခြေအနေအရ ရွေးချယ်စရာ နည်းပါးခဲ့လို့ F 7 တွေဟာ သူ့ခေတ် သူ့ကာလကတော့ အကောင်းဆုံးဖြစ်ခဲ့ပေမယ့် ဒီနေ့အချိန်မှာတော့ သင့်တော်တဲ့ အမျိုးအစားသစ်တစ်မျိုးနဲ့ အစားထိုးဖိုလိုလာပြီ လားဆိုတာ မေးခွန်းဖြစ်လာပြီ ။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း တောင်ငူနားမှာ F7 တစ်စီး ပျက်ကျခဲ့ပြီး လေယာဉ်မှုးလည်း သေဆုံးခဲ့ပါတယ် ဒါ့ အပြင်၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း မင်္ဂလာဒုံလေတပ်စခန်းမှာ F 7 လေယာဉ်တစ်စင်း စက်နှိုးစမ်းသပ်ရင်း တစ်စင်းလုံး မီးလောင်ခံခဲ့ ရပါတယ် ။အခု ဒီကနေ့ ပျက်ကျခဲ့ရတဲ့ နှစ်စီးနဲ့ဆိုရင် ပျက်ကျခဲ့တာ အနည်းဆုံး F7 လေးစီးရှိပြီ ဖြစ်ပါတယ်

F-7 လိုခေါ်ကြတဲ့ ဒီဖိုက်တာလေယာဉ်တွေရဲ့ Model နာမည်က Chengdu F-7M ဖြစ်ပါတယ်တရုတ်ပြည်တွင်းမှာ J-7 လို့ခေါ်ပြီး၊ ပြည်ပကိုတင်ပို့ရောင်းချရာမှာတော့ F-7 လို့နာမည်ပြောင်းပေးပြီး၊ သူ့နောက်ကမှ ဖောက်သည်တိုင်းပြည်ရဲ့နာမည်အတိုကောက် အင်္ဂလိပ်အက္ခရာထည့်ပေးလေ့ရှိပါတယ်။ ဒီလေယာဉ်တွေရဲ့မူလဒီဇိုင်းက ဆိုဗီယက်ထုတ်နာမည်ကြီးတိုက်လေယာဉ် MiG-21 ဖြစ်ပါတယ်။ နည်းပညာလွှဲပြောင်းရာမှာအခန့်မသင့်ပဲအလုံးစုံလွှဲမပေးခဲ့လို့၊တရုတ်တို့ကသူတို့ဖာသာဖြတ်ညှပ်
ကပ်ဒီဇိုင်းလုပ်ပြီး၊ ဈေးပေါပေါနဲ့ဆင်းရဲတဲ့တိုင်းပြည်တွေကိုဂျင်းထည့်ပြီးထုတ်ရောင်းတာပါ။ ထုတ်ရောင်းတဲ့လေယာဉ်တွေကိုလည်း grade နိမ့်ပြီးထားပါသေးသတဲ့။

  
၁၉၆၅ ခုနှစ်ကတည်းက စ, ထုတ်ခဲ့တာ၊ ၂၀၁၃ မေလမှာရပ်လိုက်ပါပြီ။ အစင်းရေ ၂၄၀၀ ကျော်ထုတ်ခဲ့ရာမှာ၊ မြန်မာလေတပ်ကို ၆၂ စင်းတောင်မှရောင်းခဲ့ရပါသတဲ့။ဒီလေယာဉ်တွေဟာ အသုံးပြုတဲ့နိုင်ငံတွေမှာသက်တမ်းကုန်/ခေတ်မမှီတော့လို့စစ်သမိုင်းပြတိုက်တောင်ထားပြီးပြရလောက်အောင် ဟောင်းနွမ်းနေခဲ့ပါပြီ။ ဆင်းရဲလို့ ပေါပေါပဲပဲပစ္စည်းဝယ်သုံးရတာ နားလည်လက်ခံပေမယ့်၊ ၀ယ်ယူကတည်းကအဂတိလိုက်စားပြီး၊ သူများဆီမှာမသုံးတော့မယ့်ဟာပြန်ပြင်ထားတဲ့ refurbished grade တွေသွင်းလာခဲ့ရင်တော့ဖြင့်၊ ခုလိုသူရဲကောင်းလေယာဉ်မှူးတွေဆုံးရှူံးရတာဟာ တိုင်းပြည်အတွက်နစ်နာပါတယ်။
လေယာဉ်တစင်းကိုစက်ရုံကရိုက်ထုတ်တာမကြာပေမယ့်၊လေယာဉ်မှူးတယောက်ဖြစ်ဖို့သင်ယူလေ့ကျင့်
ရတာမလွယ်လှပါဘူး။ ခဏခဏပျက်ကျနေတဲ့ မြန်မာ့တပ်မတော်လေယာဉ်တွေဟာလဲ တရုတ်လေယာဉ်တွေချည်းဖြစ်နေတော့၊ ကြိုးတံတားပျက်ကျတာပြန်စီစစ်သလို၊ လွတ်လပ်တဲ့ကော်မရှင်ဖွဲ့ပြီး ပြန်လည်စစ်ဆေးသင့်တယ်လို့ ထင်မြင်မိပါတယ်။
မြန်မာ့ဝေဟင်သူရဲကောင်းများ ဘေးကင်းလုံခြုံတဲ့ ခေတ်မှီစစ်လေယာဉ်တွေသုံးလို့ အသက်အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။

နောက် ဟန်ငြိမ်းဦး  ဆိုတဲ့အကောင့်ကတော့ ကျဆုံးသွားရတဲ့ လေသူရဲ တွေနဲ.ပတ်သက်လို. သူ.ရဲ. အမြင်ကို ခုလိုတင်ပြထားခဲ့ပါတယ် ။



၁။ ဗိုလ်ကြီး နေမျိုးအောင်  (DSA-31, PC-7 ပျက်ကျ)
၂။ ဗိုလ်ကြီး နေမင်းအောင် (OTC-20,S-2ခရီးစဉ်ပျက်ကျ၊၂၀၀၁/ဖေ)
၃။ ဗိုလ်ကြီး နေလင်းအောင် (DSA-35, မလေးရှားတွင်ပျက်ကျ)
၎။ ဒုမှူးကြီး ထိန်လင်းအောင် (OTC-22, ရုရှားတွင်ပျက်ကျ၊ ၂၀၁၁/မတ်)
၅။ ဗိုလ်မှူး ဇော်ထွန်းအောင် (OTC-22, ရုရှားတွင်ပျက်ကျ၊ ၂၀၁၁/မတ်)
၆။ ဗိုလ်မှူး အောင်မြတ်တိုး  (DSA-35, ပူတာအိုပျက်ကျ၊ ၂၀၁၄)
၇။ ဗိုလ်မှူး အောင်ကျော်မိုး  (DSA-42, နေပြည်တော်၊၂၀၁၆/ဖေ)



* အားလုံးတူညီသောအချက်များမှာ
Ø  ၀ါရင့်လေသူရဲများဖြစ်ခြင်း၊
Ø  နာမည်များမှာလည်း ဆင်နေကြခြင်း၊
Ø  အနေအထိုင်အေးခြင်း၊
Ø  ကျဆုံး ချိန်များတွင်လည်း ရွက်ဟောင်းကြွေသည့် အချိန်လေးများတွင်ဖြစ်တတ်ခြင်း၊
Ø  ၄င်းတို့ ကျဆုံးသွားချိန်တွင် အရွယ်များသည် အသက်၄၀ထက်မကျော်လွန်ခြင်း၊
Ø  အများအားဖြင့် ကျဆုံးချိန်တွင် တစ်ဦးတည်းသော သမီးငယ်လေးတစ်ယောက်စီကျန်ရစ်ခဲ့ခြင်း၊
စသည်တို့ တူညီမှုရှိကြလေသည်။

* ထူးခြားသောအချက်မှာ
နံပါတ်စဉ်(၁)(၂)(၃)ဖြစ်သော  ၊ ဗိုလ်ကြီးနေမျိုးအောင်၊ ဗိုလ်ကြီးနေမင်းအောင်နှင့် ဗိုလ်ကြီးနေလင်းအောင်တို့သုံးဦးမှာ ညီအကိုအရင်းများဖြစ်ကြပြီး၊ ကွဲပြားသောလေယာဉ်အမျိုးအစားများဖြင့် ကွဲပြားသောနှစ်များတွင် တစ်ယောက်ပြီး၊တစ်ယောက်
လေယာဉ်ပျက်ကျသွားသော ညီအကိုအရင်းပင်ဖြစ်ကြသည်မှာ စိတ်မကောင်းစရာပင်ဖြစ်လေသည်။ ၄င်းတို့၏မိခင်ကြီးသည် ခင်ပွန်းသည်သေဆုံးသွားပြီး မုဆိုးမတစ်ဦးပင်ဖြစ်သော်ငြားလည်း မိမိ၏ သားသုံးယောက်စလုံးအား လေသူရဲများဖြစ်အောင်ပြုစုပျိုးထောင်ခဲ့လေသည်။
သို့ပါသော်လည်း ကံတရားရဲ့ရက်စက်ကြမ်းကြုတ်မှုကြောင့် သမင်မွေးရင်း ကျားစားရင်းဆိုသလို အကြီးဆုံးသားမှာ ပီစီ-၇ လေယာဉ်ဖြင့်၎င်း၊ အငယ်ဆုံးသား ဗိုလ်ကြီး နေမင်းအောင်မှာ MI-17, ဗိုလ်ချုပ်ကြီးတင်ဦး ခရီးစဉ်တွင်၎င်း ပျက်ကျသေဆုံးခဲ့ရလေသည်။
မိခင်ကြီးသည်လည်းယူကျုံးမရဖြစ်ကာ ကျန်သော သားလတ်ဖြစ်သူ ဗိုလ်ကြီးနေလင်းအောင်အား တပ်မတော်မှအနားယူခွင့်အား အကြီးအကဲများထံတင်ပြတောင်းဆိုသောကြောင့် အကြီးအကဲများကကိုယ်ချင်းစာကာ နယ်ဘက်စည်ပင်သို့ပြောင်းရွေ့ပေးခဲ့လေသည်။ ကျွန်တော်နှင့် ဗိုလ်ကြီးနေလင်းအောင်သည်လေယာဉ်မောင်းသင်ကျောင်းတွင်လည်းလုပ်ဖော်ကိုင်ဖက်ဖြစ်ကာအလွန်ရင်းနှီး
ခဲ့လေသည်။သူနယ်ဘက်ပြောင်းသွားတော့လည်း တွေ့ဖြစ်ကြသည်။
သို့ပါသော်လည်း လေယာဉ်မောင်းဝါသနာပါသော ဗီဇများပါလာကြလို့လားမသိ၊ နယ်စပ်စည်ပင်မှ ထွက်ကာမလေးရှားသို့လေယာဉ်မောင်းရန်ထွက်ခွာသွားလေသည်။မလေးရှားတွင်လေယာဉ်မောင်းစဉ် လေယာဉ်ပျက်ကျကာ သေဆုံးသွားခဲ့လေသည်။ သူ့အရိုးပြာအိုးလေးကို မြန်မာပြည်သယ်လာတော့ ကျွန်တော်ကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တပ်ခွဲမှူး(တပ်ထဲကအနားမယူသေး)တာဝန်ယူ
စဉ်ကြုံလိုက်ရလို့ လက်တင်အလေးပြုလိုက်ပါသေးတယ်။ ခန့်မှန်း၂၀၁၀ခုနှစ်လောက်များဖြစ်လေမလားပဲ။ မိခင်ကြီးကို ကြည့်ပြီး သနားဖို့ကောင်းလိုက်တာဗျာ။

၂၀၁၆ နိုဝင်ဘာ ၂၃ မနက် ၉နာရီ ၄၀ မိနစ် မင်္ဂလာဒုံ လေတပ်စခန်း ဋ္ဌာနချုပ် တွင် စက်နှိုးစဉ် မီးလောင်သွားသော F - 7 ( တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံး

* နံပါတ်(၄)နှင့်(၅)ဖြစ်သော ဒုမှူးကြီး ထိန်လင်းအောင်နှင့် မှူးဇော်ထွန်းအောင်တို့သည် ကျွန်တော်နှင့် အရင်းနှီးဆုံးမိတ်ဆွေများဖြစ်လေသည်။သူတို့နှစ်ဦးသည်ရုရှားနိုင်ငံတွင်AN148အကြီးစားသယ်သယ်ယူ
ပို့ဆောင်ရေးလေယာဉ်ကြီးအား လေ့ကျင့်ပျံသန်းစဉ် ရော်ရွက်များလွင့်ကြွေချိန်ဖြစ်သည့် ၂၀၁၁ခုနှစ်မတ်လ(၅)ရက်နေ့တွင်လေယာဉ်ပျက်ကျကာတိုင်းပြည်အတွက်အသက်ပေးဆပ်ခဲ့လေသည်။ဗိုလ်
သင်တန်း၊လေယာဉ်မောင်းသင်တန်း၊လေယာဉ်လွှဲပြောင်းသင်တန်း၊အခြားသင်တန်းများ၊အတူတူဖြစ်
သည့်အပြင် ကျဆုံးသည့်အချိန်တွင်လည်း တစ်ချိန်တည်းနှင့် လေယာဉ်အတူဖြစ်နေခြင်း၊ ကျဆုံးချိန်တွင်လည်းသမီးလေးတစ်ယောက်စီကျန်နေခြင်း၊သမီးနှင့်အဖေအသည်းတုန်အောင်ချစ်နေကြတာ
တူနေခြင်းစသည်တို့တူနေပါသည်။ ဗိုလ်ထိန်(ချစ်စနိုးအခေါ်)သည် အလွန်အေးပြီး အမြဲမျက်နှာချိုသည်။ဗိုလ်ဇော်ကတော့ အေးသော်ငြားလည်း ကိုယ်ကစလျှင် ပြန်ဖြေတတ်တယ်။ စရိုက်ခြင်းကတူကြတယ်လေ။ လေယာဉ်မောင်းသင်ကျောင်းများနှင့် အခြားတပ်များတွင် အချိန်ကြာမြင့်စွာ ထမ်းဆောင်ခဲ့သောလုပ်ဖော်ကိုင်ဖက်များဖြစ်သည်၊ ကျွန်တော်နောက်ဆုံး
ဆုံတွေ့ခဲ့တာလေးကတော့ ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာ၃၁ရက် New Year နှုတ်ဆက်တဲ့ပွဲလေ။ အဲဒိညက ကျွန်တော်သီချင်းဆိုတော့ အားလုံးက အတင်းကခိုင်းလို့ အလိုက်သင့်ကနေကြတဲ့ သူတို့နှစ်ယောက်ပုံစံလေးက တောင်ကြီးမောက်မယ်​ကြော်ငြာထဲကလို မျက်စေ့ထဲက မထွက်ပါဘူးဗျာ။၂၀၁၁ခုနှစ် မတ်လ(၅)ရက်နေ့မှာ ရုရှားမှာ နှစ်ယောက်စလုံးလေယာဉ်ပျက်ကျပြီး ကျဆုံးတယ်ကြားလိုက်တော့ မိသားစုနှင့် တော်တော်လေး ၀မ်းနည်းမျက်ရည်ကျခဲ့ရတယ်လေ။အဲဒီနှစ် ၂၀၁၁ခုနှစ်ဇွန်လ(၇)ရက်နေ့မှာပဲ ကျွန်တော်လည်းတပ်မတော်(လေ)ကနေ ပို့ဆောင်ရေးပြောင်းခဲ့ရတယ်လေ။

* နံပါတ်(၆)ဖြစ်သော ဗိုလ်မှူး အောင်မြတ်တိုးသည်လည်း ကျွန်တော်နှင့် ရင်းနှီးခဲ့သော လုပ်ဖော်ကိုင်ဖက်ဖြစ်လေသည်။ သူကပို့ဆောင်ရေးပြောင်းပြီး လေယာဉ်ပြန်မောင်းခြင်ပေမဲ့ လေကြောင်းရဲဘက်ကို ရဲမှူးနှင့်ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ရသောကြောင့် ကျွန်တော်နှင့် ရန်ကုန်လေဆိပ်မှာ အမြဲတွေ့ဖြစ်တယ်။ လေသူရဲတစ်ဦးဖြစ်တာနှင့်အညီ လေယာဉ်မောင်းရတဲ့အလုပ်က လွဲလို့ ကျန်တဲ့အလုပ်ကို စိတ်မ၀င်စားဘူးဆိုတဲ့အကြောင်း ကျွန်တော့်ရုံးခန်းလာတိုင်း ကော်ဖီသောက်ကြရင်းပြောပြတယ်လေ။ သူ့ရည်မှန်းချက်အတိုင်း Air Myanmar Service မှာ လေယာဉ်မှူးဖြစ်သွားတယ်လေ။ ပူတာအိုမှာ ပျောက်ဆုံးနေတဲ့တောင်တက်သမားတွေကို B-4 လေယာဉ်ဖြင့်ရှာဖွေစဉ်မှာ လေယာဉ်ပျက်ကျကာ သေဆုံးခဲ့ရတယ်။

* နံပါတ်(၇)ဖြစ်သောဗိုလ်မှူးအောင်ကျော်မိုးကတော့နောက်ဆုံးဆုံတွေ့ရင်းနှီးခဲ့တဲ့ကြယ်စင်တစ်လုံးပေါ့။ သူကတော့နမ့်စန်မှာ အတူနေခဲ့ရတယ်။ သူမိန်းမတောင်းတော့ ကျွန်တော်လိုက်သွားရသေးတယ်။ အမြဲတမ်းပြုံးနေပြီး အေးဆေးစွာနေတတ်တယ်လေ။ နေပြည်တော်မှာ BEECH ပျံသန်းစဉ်ကျဆုံးသွားတာမို့ အထူးပြောပြစရာမလိုတော့ပါဘူးလေ။ ကျဆုံးသွားချိန်မှာ ဒုမှူးကြီး ထိန်လင်းအောင်နှင့်ဗိုလ်မှူး ဇော်ထွန်းအောင်တို့လိုပဲ ချစ်စရာသမီးလေးတစ်ဦးနှင့် ဇနီးကျန်ရစ်ခဲ့တယ်လေ။



သူဟာ ဒီစာစုကို ဗိုလ်မှူးအောင်ကျော်မိုး ကျဆုံးချိန်မှာရေးခဲ့တာလို.ယူဆရပါတယ် ။ ဒီ.နောက် မှာနောက်ဆက်တွဲ ထပ်ထည့်ရရင် ခု ကျဆုံးသွားတဲ့ ဗိုလ်ကြီးဟိန်းသူအောင်နှင့် ဗိုလ်ကြီးဖြိုးမောင်မောင် တို.ဟာလည်း တိုက်ဆိုင်စွာ သမီးလေး တစ်ဦးစီ ရှိနေခဲ့ကြသူများ ဖြစ်နေပါတယ် ။

Ref ; Aung Pyi , မြတ်သူရ & ဟန်ငြိမ်းဦး

ဆက်စပ်ဖတ်ရှုရန်

 F-7 တိုက်လေယာဉ် ၂စီး ပျက်ကျခြင်း သတင်းစုစည်းမှု


No comments:

Post a Comment