ယနေ့တွင်နာမည်ကြီးနေသောတက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ မှာကျွန်မ၏
အဘွား ဒေါ်အေးခင် ကိုယ်တိုင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်.။ အင်းယား ကန်စပ်မှာမြေ ၂ ဧကကို
တန်ဖိုး ၈၀၀၀၀ ကျပ် နှင့်ဝယ်ယူပြီးEnglandမှarchitectကိုဒီဇိုင်းအပ်နှံပြီးဆောက်လုပ်ခဲ့ရာကျပ်ငွေ၁၅၀၀၀၀ခန့်ကုန်ကျခဲ့ပါသည်.။
အဖိုးနဲ့အဖွား ခြံအမှတ် ၅၄ အိမ်မှာပဲ
မင်္ဂလာဆောင်စဉ် |
အိမ်ပိုင်ရှင်အဘွား ဒေါ်အေးခင် (ရန်ကုန် ဇာတိ) နဲ့အဘိုးဦးကံမြင့်
( သုံးခွ ဇာတိ) တို့မှာ ကျွန်မ အဖွား ဒေါ်အုန်းကြည်အပါအဝင်သားသမီး ၆ ဦးထွန်းကားခဲ့ပါသည်
။အဘိုးဦးကံမြင့်ဟာ ငယ်ရွယ်စဉ်မှာပဲ ရောဂါနဲ့ဆုံးပါးသွားရလို့ သားသမီးများနဲ့ ကျန်ခဲ့တဲ့
အဘွားကိုအဘိုးရဲ့ ညီအရင်းဖြစ်သူဦး သိန်းမောင်နဲ့ လက်ထပ်စေခဲ့ပါသည်.။ ဦး သိန်းမောင်နဲ့
သားတစ်ဦး ထပ်မံထွန်းကားခဲ့ပါသည်.
အဖိုး ဦးကျင်သောင်း |
စစ်ကြီးပြီးသွားချိန်မှာဦးသိန်းမောင်ဟာစစ်တွင်းလက်ကျန်ပစ္စည်းများလေလံတင်ရာမှာစီးပွားရေးလုပ်လို
သဖြင့်အဘွား ဒေါ်အေးခင်နှင့်ပြောဆိုကြရာသဘောတူညီမှုမရသဖြင့် အိမ်ဂရံကို ပေါင်၍ လုပ်ကိုင်ရန်ကြိုးစားခဲ့ပါသည်.
ဒေါ်အေးခင် မကျန်းမာနေခိုက် ဘဏ်တွင်လူစားထိုး လက်မှတ်ထိုး၍ ပေါင်ခဲ့ပါသည်.။
ထိုအတော အတွင်းမှာပဲဒေါ်အေးခင်မှာ အသက် ၅၀ မပြည့်မှီတွင်ပဲနာမကျန်းဖြစ်ကာဆုံးပါးခဲ့ပါသည်.။အဘိုးရော
အဘွားမှာ ၎င်းတို့ကိုယ်တိုင်ဆောက်ခဲ့ပြီးမြတ်နိုးလှသော အိမ်ကြီးတွင်ပင်သက်တမ်းစေ့မနေရပဲ
ခေါင်းချခဲ့ကြသည်.
အဖွား ခြံအမှတ် ၅၄ တွင် အိမ်နောက်ခံနှင့် |
ထိုအချိန်တွင်ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက်ကျန်ရစ်သူဒေါ်ခင်ကြည်အားနိုင်ငံတော်မှစောင့်ရှောက်ရန်မေးမြန်း
ရာကန်စပ်နှင့်
အိမ်အမျိုးအစားကို နှစ်ခြိုက်ကြောင်းပြောကြားခဲ့ပါသည်.
ထိုအချိန်က ရန်ကုန်တွင်အင်းယားကံစပ်၌ဆောက်ထားသောအိမ်သုံးလုံးတိတိသာရှိပါသည်.။တစ်ခုမှာ
သတင်းစာ သမားတစ်ဦး၏အိမ်၊ တစ်ခု မှာ မျက်နှာဖြူစာသင်ကျောင်းဖွင့်ထားသောအိမ်နှင့် တစ်ခုမှာ
ကျွန်မတို့ အဘွား၏အိမ်ဖြစ်ပါသည်.
တချိန်ထဲ မှာပဲ တဖက်တွင်ဂရံပေါင်ထားကြောင်းသိရှိ၍ငွေကြေးအလုံအလောက်နှင့်ရွေးရန်ကြိုးစားရာ(
ဒေါ်ခင်ကြည်၏ပယောဂတစ်စုံတရာမပါပါ)အခက်အခဲများကြောင့်မရွေးနိုင်ခဲ့ပဲဦးနုမှတဆင့်ဒေါ်ခင်ကြည်
လက်ထဲရောက်ခဲ့သည်ဟုသာပြောလိုပါသည်
ဒေါ်အေးခင်၏သမီးရင်းကျွန်မ၏အဖွားဒေါ်အုန်းကြည်မှာအဖိုးဦးကျင်သောင်းနဲ့လက်ဆက်ခဲ့ပြီးသားသမီး
၇ ယောက် အဖတ်တင်ခဲ့ပါသည် ။ ဒေးဒရဲသား အဖိုးနှင့်အဖွား၏ပထမသားသမီး ၅ ယောက်မြောက်ထိခြံအမှတ်
၅၄ မှာ ပဲမွေးဖွားနေထိုင်ကြီးပြင်းခဲ့ရပြီးထို ၅ ဦးထဲက ၄ ဦးမှာယခုထိ သက်ရှိထင်ရှားရှိနေပါတယ်.
တစ်ဦးကတော့ ကွယ်လွန်သွားပါပြီ.။
အငယ်ဆုံး နှစ်ယောက်ဖြစ်တဲ့ကျွန်မ အမေနဲ့ အဒေါ်ကိုတော့ အမှတ် ၅၄ကနေရွှေ့ပြောင်းခဲ့ရပြီးမှ
ဆရာစံလမ်းကအိမ်အသစ်တွင်မွေးဖွားခဲ့ပါသည် ။
အဖိုးနဲ့ အဖွား ခြံအမှတ် ၅၄ တွင် အင်ယားကန် နောက်ခံနှင့် |
ဤ အကြောင်းများဖော်ပြရာတွင်
Ø *သမိုင်းရေးရာတွင်ဖယ်ချန်ခဲ့၍မရသောအမွေအနှစ်တစ်ခုအကြောင်းပိုမိုသိရှိစေချင်ခြင်း
Ø *မိမိ အဘိုး အဘွား များဆောက်ခဲ့၍ ဂုဏ်ယူမိခြင်း
Ø *ထိုအိမ်ကြီးသည်နိုင်ငံတွင်အလွန်အရေးပါသောအခန်းကဏ္ဍများစွာတွင်အထောက်အပံ့ဖြစ်ခဲ့ခြင်းကြောင့်
မိမိဘဝတွင် အမှတ်တရဖြစ်ခဲ့ရခြင်းတို့သာ စိတ်ထဲရှိပါသည်.
မည်သည့် လူမှုရေး စီးပွားရေး နိုင်ငံရေး ကျော်ကြားရေးအကျိုးအမြတ်
တစုံတရာမျှပါဝင်ပတ်သတ်လိုမှု တစိုးတစဉ်းမျှ မရှိပါကြောင်း ပြတ်သားစွာအသိပေးအပ်ပါတယ်ရှင်.
ကန်စပ် |
**ယခုကဲ့သို့ဖော်ပြရာတွင်မိမိတို့အမျိုးသာခြံပိုင်ရှင်အစစ်အမှန်ဖြစ်သည်ဟုပြောလိုခြင်းလုံးဝမပါဝင်ပါ.
"မူလပိုင်ရှင်"သာဖြစ်ပါသည်.။SocialMediaပေါ်
တွင်အဓိပ္ပါယ်သွေလဲသွားစေသောအရေးအသားများအားတွေ့ရသဖြင့်ထပ်မံဖြည့်စွက်လိုက်ပါသည်.။
မည်သည့်
interview ကိုမျှလဲ ဖြေကြားရန် အစီအစဉ်မရှိပါ. ။ကျေးဇူးတင်ပါသည်ရှင်
No comments:
Post a Comment