Wednesday, October 17, 2018

F-7 တိုက်လေယာဉ် ၂စီး ပျက်ကျခြင်း သတင်းစုစည်းမှု






 ယမန်နေ. ( ၂၀၁၈ အောက်တိုဘာ ၁၆ )  မနက်ပိုင်း မှာဖြစ်ပွားခဲ့တဲ့ တိုက်လေယာဉ် ၂ စင်းပျက်ကျမှု နဲ.ပတ်သက်ပြီး သတင်းဋ္ဌာနတွေက အသီးသီးဖော်ပြကြပါတယ် ။

ခောတ်သစ်သတင်းဋ္ဌာန က မင်းဘူးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်အမတ် ၁ ဦးကျော်စွမ်းရည်နှင့် မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း တို.ကိုကိုးကားပြီး ခုလိုဖော်ပြခဲ့ပါတယ် ။

မင်းဘူးမြို့နယ် ဆားဗွက်ချောင်းအနီးတွင် တိုက်လေယာဉ်တစ်စီး၊ သနပ်ပင်စုကျေးရွာအနီးတွင် တိုက်လေယာဉ် တစ်စီး စုစုပေါင်း တိုက်လေယာဉ် ၂ စီးပျက်ကျခြင်းဖြစ်ပြီး လေယာဉ်မှူး ၂ ဦး သေဆုံးကြောင်း အမတ် ၂ ဦးက အတည်ပြုသည်။

"ပျက်ကျတာက စစ်လေယာဉ် ၂ စီး၊ ကျနော်တို့ အခုအားလုံး ချိတ်ဆက်ပြီးသွားနေတယ်။ အခုက အရေးကြီးနေလို့။ အသေအပျောက်လည်း ရှိတယ်" ဟု တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော်စွမ်းရည်က ပြောသည်။

သနပ်ပင်စုကျေးရွာ ဘက်တွင် ပျက်ကျသော တိုက်လေယာဉ်သည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး လေယာဉ်မှူး၏ အလောင်းကိုလည်း လေထီးနှင့်အတူ တွေ့ရကြောင်း၊ ကျဉ်ဆန်နှင့် လက်နက်များတွေ့ရှိရကြောင်း၊ ရာသီဥတုကောင်းမွန်ချိန် တိုက်လေယာဉ် နှစ်စီး ပျက်ကျခြင်းဖြစ်၍ နားလည်ရခက်ကြောင်းမင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။



"တိုက်လေယာဉ် နှစ်စီးပါ။ တစ်စီးက မင်းဘူး ဆားဗွက်ချောင်းနားမှာ။ ကျနော်တော့ အဲဒီဘက်ကို မရောက်ဘူး။လွှတ်တော်အမတ် ဦးကျော်စွမ်းရည်သွားတယ်။ တစ်စီးက သနပ်ပင်စုရွာရဲ့ အနောက်ဘက် ငရုတ်ခင်းတွေတောထဲမှာ။ ကျနော်က သနပ်စုရွာဘက်မှာ။ သနပ်ပင်စုရွာဘက်မှာ ပျက်ကျတဲ့ ငရုတ်ခင်းတောထဲမှာ အလောင်းတစ်လောင်း တွေ့တယ်။ အဓိက တိုက်လေယာဉ်တွေ။ ကျဉ်ဆန်တွေလည်း တွေ့တယ်။ လက်နက်တွေလည်းတွေ့တယ်။ ရာသီဥတုက ကောင်းတယ်။ သူတို့ချင်း ဘယ်လိုဖြစ်တာလဲမသိဘူး။ စက်ချို့ယွင်းတာလား။ မောင်းတဲ့သူတွေရဲ့ အားနည်းချက်လား သူတို့မှ သိတာကိုး။ ရာသီဥတုက ဒီဘက်မှာ ကောင်းတယ်။ အဲဒီသနပ်ပင်စုကွင်းပြင်မှာ ပျက်ကျတဲ့နေရာမှာ ကျနော်ရှိနေတယ်။ လေထီးပွင့်တယ်။ဒါပေမယ့် အလောင်းက အဲဒီနားမှာရှိနေတာ။ အလောင်းကိုလည်း သေချာမကိုင်ဘူး။ တာဝန်ရှိတဲ့သူတွေလာကာမှပဲ ကိုင်မယ်။ လေတပ်ကိုလည်း အကြောင်းကြားထားပြီးသား။ သွားပြီးတော့ မကိုင်ပါနဲ့တဲ့။ အကုန်လုံး အစိတ်စိတ်အမွှာမွှာ။ တခြားစီ။ ဖြစ်သွားတာ။ ၁ မိုင်ကျော်ကျော်လောက် ပစ္စည်းတွေက ပျံ့သွားတဲ့ပုံစံတွေ့ရတယ်။ အဲဒီဘက်မှာ မြို့နယ်အုပ်ချုပ်ရေးနဲ့ လွှတ်တော်အမတ် ဦးကျော်စွမ်းရည်က ဆားဗွက်ချောင်းဘက်မှာ။ ၀န်ကြီးချုပ်လည်း ပျက်ကျတဲ့နေရာ နှစ်ခုလုံးကို ကွင်းဆင်းလာနေပြီ" ဟု ဦးဝင်းဝင်းက ပြောသည်။
လို.တင်ပြရေးသားလာခဲ့ပါတယ်။

DVB TV News က ဒီလွှတ်တော်အမတ် ၂ယောက်ကိုပဲ ကိုးကားပြီး ထုတ်လွှင့်ခဲ့ရာမှာ 


မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ထဲမှာ တိုက်လေယာဉ်နှစ်စီး ပျက်ကျပြီး လေယာဉ်မှူးနှစ်ဦး သေဆုံးကာ လေယာဉ်စမှန်လို့ ကျောင်းသူတဦး သေဆုံးသွားတယ်လို့ မင်းဘူးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော်စွမ်းရည်က ပြောပါတယ်။

မင်းဘူးမြို့အနီး ဆက်သွယ်ရေးတာဝါတိုင်ကို တိုက်မိကာ တစီးပျက်ကျခဲ့တာဖြစ်ပြီး နောက်တစီးကတော့ မင်းဘူးမြို့နယ်၊ သနပ်ပင်စုကျေးရွာအနီးမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

“လေယာဉ်နှစ်စီး ပျက်ကျသွားတာပါ။ တစီးက ရွာဘက်မှာ၊ တစီးက မင်းဘူးမြို့ ဆားပွက်ချောင်းအနီးမှာ ပျက်ကျတာပါ။ မနက် ၇ နာရီခွဲလောက်က ဖြစ်တာပါ။ တိုက်လေယာဉ်ပါ။ ပျံနေတဲ့အချိန်မှာ မင်းဘူးမြို့ပေါ်က တာဝါတိုင်ကို တိုက်ပြီးတော့ ပျက်ကျသွားတာပါ။ ကျနော်တို့ အခုမှ ပျက်ကျတဲ့နေရာဆီကို သွားနေတုန်းပါ။ တစီးက ရွာဘက်မှာပါ။ မင်းဘူးမြို့ပေါ်မှာတော့ ကျောင်းသူလေးတယောက် လေယာဉ်အပိုင်းအစမှန်ပြီး ဆုံးသွားပါပြီ။”

သေဆုံးသွားတဲ့ ကျောင်းသူဟာ မင်းဘူးမြို့ အမှတ် ၁ ရပ်ကွက် ဘော်ဒါဆောင်မှာ ပဉ္စမတန်းတက်နေတဲ့သူဖြစ်ပြီး ဒဏ်ရာရလို့ ဆေးရုံကိုပို့ဆောင်ခဲ့ပြီးနောက်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ပျက်ကျတဲ့ တိုက်လေယာဉ်တွေကတော့ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားပါတယ်။



လေယာဉ်ပျက်ကျခဲ့တဲ့ မင်းဘူး စကုမြို့နယ်၊ သနပ်ပင်စုကျေးရွာ အနောက်ဘက် ကွင်းအမှတ် 1220A မှာ ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက “လေယာဉ်က တစစီပျက်သွားပြီးတော့ သေသွားတဲ့ လေယာဉ်မှူးအလောင်းတော့ တွေ့တယ်။ ဒီအခြေအနေမှာတော့ ပြည်သူတွေကတော့ ဝိုင်းပြီးတော့ မမြင်ဘူးလို့ လာကြည့်ကြတာပေါ့ဗျာ။ လေယာဉ်မှူးက အသက်မရှိတော့ဘူး။ ကျနော်တို့ရောက်ကတည်းက၊ လေတပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက အကြောင်းကြားတော့ ချက်ချင်းလာပါ့မယ်။ ဘယ်သူမှ ဘာမှ မထိပါနဲ့ဦး၊ သူတို့လာခါမှပဲ အကုန်လုံး ပစ္စည်းတွေကောက်မယ်၊ စစ်ဆေးမယ်ပေါ့နော်။ အဲလိုပြောတော့ ကျနော်တို့ ဒီမှာ စောင့်နေတာ။ ဝန်ကြီးချုပ်ကတော့ ကွင်းထဲရောက်တော့မယ်” လို့ပြောပါတယ်။

လေယာဉ်နှစ်စီးဟာ တစီးနဲ့တစီး ၈ မိုင်လောက်အကွာမှာ ပျက်ကျခဲ့တာဖြစ်ပြီး ဒေသခံတွေကတော့ တပ်မတော်တာဝန်ရှိသူတွေ လာရောက်အလောင်းကောက်ယူမှာကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

လို.ထုတ်လွှင့်သွားခဲ့ပါတယ် ။

F 7 မတော်တဆဖြစ်စဉ်တွင် ကျဆုံးခဲ့ရသူများ


ဒီဖြစ်စဉ် နဲ.ပတ်သက်လို. တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ.  သတင်းထုတ်ပြန်ချက်မှာတော့
မကွေးလေတပ်စခန်းဌာနချုပ်မှ အက်ဖ်- ၇ လေယာဉ်နှစ်စီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျမှုဖြစ်ပွား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
နေပြည်တော် ၊ အောက်တိုဘာ - ၁၆

မကွေးလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းမှုဆောင်ရွက်နေသော အက်ဖ်- ၇ လေယာဉ် နှစ်စီးသည် ယနေ့နံနက်ပိုင်းတွင် လေ့ကျင့်ပျံသန်းမှုများပြုလုပ်ပြီး မကွေးလေတပ်စခန်းဌာနချုပ် လေယာဉ်ကွင်းသို့ ပြန်လာစဉ် ရာသီဥတုဆိုးရွားမှုနှင့် ရုတ်တရက်ကြုံတွေ့ရပြီး နံနက် ၇ နာရီခွဲအချိန်ခန့်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်အနေဖြင့် မကွေးလေတပ်စခန်းဌာနချုပ်မှ အက်ဖ်-၇ လေယာဉ် ၄ စီးသည် ယနေ့နံနက် ၆ နာရီ ၂၀ မိနစ်တွင် အုပ်စုဖွဲ့လေ့ကျင့်ပျံသန်းမှုများစတင်ဆောင်ရွက်ခဲ့ပြီး လေတပ်စခန်းဌာနချုပ်သို့ပြန်လာစဉ် ရာသီဥတုဆိုးရွားမှု နှင့် ရုတ်တရက်ကြုံတွေ့ခဲ့သဖြင့် လေယာဉ်များအား ကြိုးစားထိန်းချုပ်ဆင်းသက်ခဲ့သည်။
ထိုသို့ဆင်းသက်စဉ် အုပ်စုဖွဲ့လေ့ကျင့်ပျံသန်းနေသော လေယာဉ် ၄ စီးအနက် ၂ စီးမှာ လေယာဉ်ကွင်းသို့ အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီး ကျန်လေယာဉ် ၂ စီး မှာ ရာသီဥတုဆိုးရွားမှုကို ဆက်လက်ကြိုးစား ထိန်းသိမ်းမောင်းနှင်ခဲ့သော်လည်း မင်းဘူးမြို့၏ တောင်ဘက်ဆားဗွက်ချောင်းတံတားအနီးတွင် ၁ စီး၊ မင်းဘူးမြို့၊ သနပ်ပင်စုကျေးရွာ၏ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ လယ်ကွင်းအနီးတွင် ၁ စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူးများဖြစ်သော ဗိုလ်ကြီးဟိန်းသူအောင်နှင့် ဗိုလ်ကြီးဖြိုးမောင်မောင် တို့မှာ သေဆုံး ခဲ့ကြောင်းသိရှိရသည်။

ဆားဗွက်ချောင်းတံတားအနီးပျက်ကျခဲ့သော ဖြစ်စဉ်တွင် မင်းဘူးမြို့၊ အမှတ် (၄) ရပ်ကွက်၊ အေးသာယာလမ်းနေ ဦးဖိုးဖြူ၏ သမီးဖြစ်သော ပဉ္စမတန်းကျောင်းသူ မသွယ်ဇင်ငြိမ်းသည် အဆိုပါ ပျက်ကျလေယာဉ်၏ အစိတ်အပိုင်းများ ထိမှန်ဒါဏ်ရာရရှိခဲ့သဖြင့် မင်းဘူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေခဲ့သော်လည်း ၈ နာရီ ၄၀ မိနစ်ခန့်တွင်သေဆုံးသွားခဲ့သဖြင့် နယ်မြေခံတပ်မှ တာဝန်ရှိ သူများက ကျန်ရစ်သူမိသားစုများအား သွားရောက်တွေ့ဆုံ၍ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ လေယာဉ်ပျက်ကျမှု ဖြစ်ပွားရာ နေရာများသို့ သက်ဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ အသေးစိတ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

လို.ထုတ်ပြန်ခဲ့ပါတယ် ။

Facebook Account တစခုမှာ ဒီဖြစ်စဉ်နဲ.ပတ်သက်လို. ခုလိုရေးသားထားတာလေးတွေ.ရပါတယ် 




မနက်​ ၇နာရီခွဲ​လောက်​ကတည်းက ​ခေါင်း​ပေါ်ဖြတ်​ပျံတာ အ​တော်​နိမ့်​တယ်​ စက်​သံကပုံမှန်​မဟုတ်​တာသတိထားမိတယ်​ ခါတိုင်းကွင်းဆင်းရင်​ ဒီ​လောက်​မနိ​မ့်​တတ်​ဘူး ခ​န​နေ​တော့ ဒုန်းခနဲ အသံ၂ချက်​ထွက်​တယ်​ စက်​သံ​ပျောက်​သွားတယ်​ အမူ့မဲ့အမှတ်​မဲ့​နေမိတယ်​ ခန​နေ​တော့ လူနာအဘကြီး တစ်​​ယောက်​အိမ်​​ဆေးခန်း​ရောက်​လာတယ်​ ဆရာရယ်​ အိမ်​​ဘေး ​လေယာဉ်​ကြီးပြုတ်​ကြတာ လန့်​လို့ ​သွေး​တွေတက်​လို့လာပြတာဆိုမှ အ​ကြောင်းသိရ​တော့မှ ချက်​ခြင်းသွားကြည့်​ဖြစ်​တယ်
ကောက်​ချက်​ချမိတာ​တော့ မြို့​ပေါ်ဖြတ်​ပျံကတည်းက ထိန်းမရပုံဘဲ မြို့အစွန်​ ဆာပွက်​​ချောင်းနဲ့ ဧရာဝတီမြစ်​ဆုံတဲ့​နေရာက ရွှံ့​ပျော့​မြေထဲ ထိုးချဖို့ကြံစည်​ပုံရပါတယ်​ ကံဆိုးခြင်​​တော့ အဲ့နားကTower တိုင်​နဲ့ ချိတ်​မိပြီး ​အောက်​က ကုက္ကိုလ်​ပင်​နဲ့ ​ညောင်​ပင်​အုပ်​ထဲထိုးကျတယ်​ pilot က zero ejection လုပ်​တယ်​မရဘူး ​လေထီးပွင့်​​ပေမယ့်​ တစ်​စစီဖြစ်​သွားတယ်




ကံဆိုးတာ သစ်​ပင်​ကြီး​တွေနဲ့ ရိုက်​မိပြီး ​လေယာဉ်​​ရော လူ​ရောတစ်​စစီဘဲ။နောက်​တစ်​ချက်​က ​လေယာဉ်​က mission တစ်​ခုနဲ့ပျံ​နေတာ ​လေ့ကျင့်​​နေတာမဟုတ်​ဘူး ဆို​တော့က သူ့မှာ ပါသင့်​တဲ့ဟာအကုန်​ပါလာတယ်​ ဆီ​တွေလဲအိုင်​လို့ ဆီနံ့​တွေလဲမွန်​ထူလို့ ကံ​ကောင်းလွန်းလို့သာ ရွံ့ထဲကျလို့ အကုန်​ကာလနာတိုက်​မသွားတာ
ဘောမတယ်​​ပြော​ပြော ဘာ​ပြော​ပြော အမြင်​အတိုင်း​ရေးရရင်​ pilot ​နောက်​ဆုံးထွက်​သက်​မှာလုပ်​သွားတာ တာဝန်​​ကြေတယ်​ သူသာ​သွေး​ကြောင်​ရင်​ ​လေယာဉ်​မှာ တပ်​ထားတဲ့ဟာ​တွေနဲ့တင်​ ​အောပ်​ကမြို့ထဲကျပြီး ကိုယ်​ပါ​သေတဲ့အထဲပါနိုင်​တယ်

မ​ကွေး​လေတပ်​စခန်းအတွက်​ ကံဆိုမိုး​မှောင်​ကျတဲ့​နေ့ဘဲ စကု သနပ်​ပင်​မှာ ​သူနဲ့အတူတက်​တဲ့ ​နောက်​တစ်​စီးပါ ပျက်​ကြတယ်
RIP ပါ PIOLT ၂​ယောက်

ထပ်​ဖြည့်​ပါဦးမယ်​ ​​Crash site ကို​ရောက်​လာတဲ့ pilot နဲ့အရာရှိကြီး​တွေက ကျဆုံးသူမိသားစုကို သနား​သောအားဖြင့်​ တစ်​စစီဖြစ်​​နေတဲ့အ​လောင်းပုံကိုမတင်​ကြပါနဲ့ ​လေယာဉ်​ပုံဘဲတင်​ကြပါလို့ ငိုသံပါကြီးနဲ့ ​အော်​ပြီး လိုက်​​တောင်းပန်​တယ်​ ဒါ​ပေမယ့်​ လိုင်း​ပေါ်မှာ အဲ့ပုံ​တွေပွထလို့


ထပ်​ရတဲ့သတင်းအရ ၅တန်းက​လေးတစ်​​ယောက်​ပါ ​လေယာဉ်​အစမှန်​ ကွယ်​လွန်​သွားပါတယ်
ဆေးရုံပို့​ပေမယ့်​ ​ဘေလုံးကွဲ အခြားကိုယ်​တွင်းအဂါင်္​တွေပါပျက်​စီးပြီး ​သွေးထွက်​လွန်​ကာ ဆုံးပါးသွားပါတယ်
ည​နေမှာ တိုင်းအစိုးရက ​ထောက်​ပံ့​ငွေ ၁၀သိန်းစီ ​ပေးဖို့စီစဉ်​ထားပါတယ်
လို.တွေ.ရပါတယ် ။




အဲ့ဒီမတော်တဆဖြစ်စဉ်မှာ ထိခိုက်သေဆုံးခဲ့ရတဲ့ မင်းဘူးမြို့ အမှတ်( ၁) အောင်မြေ ရပ်ကွက် မှကျောင်းသူလေး မသွယ်ဇင်ငြိမ်း  အသက်(၁၃)နှစ်ရဲ.ကျန်ရစ်သူမိဘများကို အလယ်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှုး အပါအ၀င် စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများလွှတ်တော်ကိုယ်စားလှယ်များ ၊ ခရိုင်/မြို့နယ် ထွေအုပ် အဖွဲ့အစည်းမှလူကြီးများ ၊ကျောင်း ဆရာ/ ဆရာမများ သွားရောက် အားပေးစကားပြောကြားခဲ့​ကြပြီး ယနေ့ညနေ (၄ ) နာရီ အချိန်မှာမီးသဂြိုလ်စက်သို့ ပို့​ဆောင် သဂြိုလ်ခဲ့တယ်လို.သိရပါတယ် ။



Ref ; Khit Thit Media , DVB TV News , Ko Nay Chan Nyein & Min Htet Paing
 


No comments:

Post a Comment