Tuesday, June 28, 2016

မိုးယုစံ ရဲ. အချစ်ရေး အိမ်ထောင်ရေး





 
Miss Now How ပြိုင်ပွဲမှ စတင်ကာ အနုပညာသက်တမ်း ရှစ်နှစ်နီးပါးစလုံး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ဆက်တိုက်ဆိုသလို ရရှိခဲ့သူကတော့ မိုးယုစံပါ။ ဗီဒီယိုလောကပျက်နေတဲ့အတွက် ကားရိုက်တွေထက်ကြော်ငြာပိုင်းကိုပဲ ဦးစားပေးလုပ်ဖြစ်နေတဲ့ မိုးယုစံက အနုပညာလောကနဲ့အနည်းငယ် အဆက်ပြတ်နေပေမယ့် လက်ရှိမှာ သူမရဲ့မင်္ဂလာသတင်းကလဲ ပရိသတ်တွေရဲ့ စိတ်ဝင်အစားဆုံး သတင်းတစ်ပုဒ်ဖြစ်နေပြန်ပါတယ်။ ၂၀၁၆ ထဲမှာ မင်္ဂလာသတင်းဖြစ်ဖို့များနေတဲ့ မင်းသမီးမိုးယုစံရဲ့ မင်္ဂလာသတင်းအနည်းငယ်နဲ့လက်ရှိအနုပညာအလုပ်များအကြောင်းကို မေးမြန်းပြောဆိုဖြစ်တဲ့အခါ
-မိုးယု အခုနောက်ပိုင်း အနုပညာနယ်ပယ်မှာ နည်းနည်းပျောက်နေသလိုပဲ။
 အနုပညာဖက်ကကျတော့ ညီမအရမ်းကြီးလဲ မရိုက်ဖြစ်တော့ဘူး။ ညီမနဲ့အဆင်ပြေမယ်ထင်တဲ့ဟာ၊ ညီမလုပ်ချင်တဲ့ကားမျိုးလေးတွေလောက်ပဲ ညီမရိုက်ဖြစ်တော့တယ်။ ကြော်ငြာတွေကတော့ ရိုက်ဖြစ်ပါတယ်။ ကားရိုက်ပိုင်းကတော့ သိပ်မရိုက်ဖြစ်တော့ဘူး။ နောက်ပြီးတော့ လူတွေအများကြီးနဲ့ဆက်ဆံရတဲ့ဟာကိုလဲ သိပ်ပြီး စိတ်မပါတော့ဘူး။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်စိတ်ချင်းကလဲ မတူကြဘူးလေ။ လူတွေစိတ်က တစ်ခါတစ်လေ ကိုယ်တွေစိတ်လိုမျိုးမဟုတ်ဘူး။ မကောင်းတဲ့စိတ်တွေက များနေတဲ့အခါကျတော့ အဲ့ဒီလိုလူတွေနဲ့သိပ်ပြီးမဆက်ဆံချင်တော့ဘူး။
-အနုပညာအလုပ်ဆိုတာ လူတွေအများကြီးနဲ့ဆက်ဆံရတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ်လဲတောက်လျှောက်လုပ်လာခဲ့တယ်ပေါ့။ အခုနောက်ပိုင်းက လူတွေအများကြီးနဲ့ဆက်ဆံရတာကို မနှစ်မြို့တော့တာလဲ။
ညီမစောစောကပြောသလိုပေါ့။ တစ်ခါတစ်လေ လူတွေရဲ့စိတ်ကမတူဘူးလေ။ တစ်ခါတစ်လေ သူများစိတ်မပြောနဲ့ကိုယ်ကိုတိုင်ရဲ့စိတ်တောင်မှ အပြောင်းအလဲရှိတော့ ကိုယ့်စိတ်ကိုတောင်ဘာမှန်းမသိတာ သူများစိတ်ဆိုရင် ပိုခန့်မှန်းရခက်တယ်လေ။ လူတွေကမကောင်းတဲ့ဖက်က ပိုများတယ်။ လူတွေနဲ့ဆက်ဆံရတာ တစ်ခါတစ်လေ တချို့လူတွေနဲ့ကြောက်ဖို့ကောင်းတယ်။ ညီမနဲ့အဲ့ဒီလိုက လုံးဝအဆင်မပြေနိုင်ဘူး။ အဲ့ဒီအတွက်တချို့ဟာတွေအဲ့ဒီလိုလူမျိုးတွေနဲ့ပတ်သက်ရမယ်ဆို ညီမရှောင်တာများပါတယ်။
-အရှေ့မှာ ဘယ်လိုအဖြစ်အပျက်မျိုးနဲ့ကြုံခဲ့ဖူးလို့လဲ။
ဒါကတော့လူတိုင်းကြုံမှာပဲ။ လူ့လောကထဲမှာ လူလူချင်းဆက်ဆံရတာဆိုတော့ ညီမတစ်ယောက်တည်းမဟုတ်ဘူး။ အကုန်လုံးကြုံရမှာပါပဲ။ ဘယ်လိုကြုံလဲဘာညာဆိုတော့ ညီမလဲပြန်မပြောပြချင်တော့ပါဘူး။ တစ်ခါတစ်လေတချို့လူတွေက ကိုယ့်အပေါ် ကောင်းသလိုလိုနဲ့မကောင်းတာတွေလဲ ရှိတယ်လေ။ အဲ့ဒါကြောင့်ပါ။ အခုချိန်မှာလဲ ဗီဒီယိုလောကကပျက်နေပြီလေ။ ပျက်နေပြီဆိုတော့ ညီမကတော့ဗီဒီယိုဖက်ကို သိပ်ပြီးစိတ်လဲမ၀င်စားတော့ဘူး။ ညီမအခုလတ်တလောလုပ်နေတာက ကြော်ငြာပိုင်းပေါ့။ ကြော်ငြာပိုင်းက လုပ်ရတာပိုလဲစိတ်ပေါ့ပါးတယ်။ ပိုပြီးတော့လဲ ပျော်ဖို့လဲကောင်းတယ်။
-အခုလက်ရှိ အနုပညာလှုပ်ရှားမှု အနေနဲ့ ဘာတွေလက်ခံထားလဲ။
အခုနောက်ပိုင်းကတော့ မိုးယုကြော်ငြာတွေပဲရိုက်ဖြစ်တယ်။ ကြော်ငာတွေလက်ခံထားတယ်။ အခုနေပြည်တော်မှာ ကြော်ငြာသုံးခုသွားရိုက်ရမယ်။ ပိုးထည်ကြော်ငြာရယ်၊ ရေသန့်ကြော်ငြာရယ်၊ နောက်တစ်ခုကတော့ အတိအကျမသိသေးပါဘူး။ ကြော်ငြာဓာတ်ပုံသွားရိုက်ရမှာပေါ့။ ကြော်ငြာလဲပါတယ်။ အဲ့ဒီမှာ၂ရက်လောက်ပဲကြာပါမယ်။
-လျှောက်လှမ်းလာတဲ့ အနုပညာသက်တမ်း ရှစ်နှစ်ရှိပြီပေါ့။ ဒီအတိုင်းအတာမှာ မိုးယုက နာမည်ပျက်၊ ကောလဟလထွက်တာနည်းတဲ့မင်းသမီးထဲမှာပါတဲ့အတွက်ကိုယ့်ရဲ့ ကိုယ့်ကျင့်တရားပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးထိန်းသိမ်းဖြစ်လဲ။
ညီမစလုပ်ကတည်းက မကောင်းတဲ့သတင်းမထွက်အောင် အတတ်နိုင်ဆုံးနေတယ်။ အားလုံးကို အမှန်ကန်ဆုံးပဲ ဆက်ဆံတယ်။ နောက်ပြီးညီမက အလုပ်နဲ့အိမ်နဲ့ပဲ သွားတာများတယ်။ တခြားလဲ ဘယ်မှမသွားဘူး။ အလုပ်ပြီးရင်အိမ်မှာပဲ။ အပြင်သွားလေ့မရှိဘူး။ အဲ့ဒါကြောင့်တော်ရုံတန်ရုံ သတင်းထွက်တာမရှိဘူး။ ထွက်ခဲ့တဲ့ သတင်းတွေဆိုတာလဲ ညီမတစ်ခါတည်း ရှင်းပစ်တာပေါ့။ သူများတွေ ထင်ရာမြင်ရင်ပြောကြတာမျိုးတွေရှိပါတယ်။ အဲ့ဒါတွေကလဲ တစ်ခုမှမဟုတ်ပါဘူး။ ကာယကံရှင်နှစ်ယောက်စလုံးက အသိဆုံးပဲ။ သူများတွေထင်ရာမြင်ရာလျှောက်ပြောနေတာတွေက တစ်ခုမှမဟုတ်ပါဘူး။
-၇လပိုင်းမှာလဲမွေးနေ့ရှိတယ်နော်။ နှစ်တိုင်းက မွေးနေ့ကို ပရိသတ်တွေနဲ့ ပရဟိတအလုပ်တွေနဲ့ပဲဖြတ်သန်းနေကြဆိုတော့ ဒီနှစ်ရော ဘယ်လိုဖြတ်သန်းဖြစ်မလဲ။
ဒီနှစ်မိုးယု အသက် ၂၅ နှစ်ပြည့်ပါ။ အမှန်အတိုင်းပြောရင်မွေးနေ့တိုင်းကိုညီမ ပရိသတ်တွေနဲ့ပဲဖြတ်သန်းလေ့ရှိတယ်။ အလှူအတန်းတွေ လုပ်ဖြစ်လေ့ရှိတယ်။ ဒီနှစ်လဲအဲ့ဒီလိုပဲလုပ်ဖြစ်ဖို့များပါတယ်။ တစ်ခုခုတော့ပါမယ်။ တခြားအစီအစဉ်လဲပါပါမယ်။ အလှူကြီးပဲသီးသန့်ဖြစ်ချင်လဲဖြစ်မယ်။
-၂၅ နှစ်ပြည့်မွေးနေ့ရောက်တော့မယ်။ အသက်လဲတစ်နှစ်လဲကြီးတော့မယ်ဆိုတော့ ဘယ်လိုခံစားမိလဲ။
အသက်၂၅ ရောက်ပြီပေါ့။ အသက်၂၀ မပြည့်ခင်ကတော့ အသက် ၂၀ အရမ်းကျော်ချင်ခဲ့တယ်။ အသက် ၂၅ နောက်ပိုင်းကိုလဲ အရမ်းရောက်ချင်ခဲ့တယ်။ အခုပြည့်တော့မယ်လဲဆိုရော မြန်လှချည်လား။ မရောက်ချင်တော့ဘူးဖြစ်သွားပြန်ရော။ လူ့လောကထဲမှာနေလာတဲ့တောက်လျှောက်မှာ လူတွေရဲ့စိတ်ရယ်၊ အသက်ကြီးလာတာနဲ့အမျှပိုပြီးတော့စဉ်းစားတွေးခေါ်တတ်လာတယ်။ မကောင်းတာတွေကောင်းတာတွေကိုလဲ ဝေဖန်ပိုင်းခြားတတ်လာတယ်။
-ဒီနှစ်ထဲမှာလဲ မင်္ဂလာဆောင်တော့မယ်ဆိုတဲသတင်းတွေကြားနေရတယ်နော်။
အဲ့ဒါနဲ့ပတ်သက်ပြီးတော့ တစ်ချိန်ချိန်ကျရင်တော့ ညီမအတိအကျပြောပြပါ့မယ်။ အခုကတော့မပြောသေးပါဘူးရှင့်။ ညီမမွေးနေ့ဒါမှမဟုတ် မွေးနေ့အပြီးမှာ သိချင်မဲ့ပရိသတ်ကြီးကိုပြောပြပါ့မယ်။ မေးတာတွေရော ၊ မမေးတာတွေရောကို အကုန်ပြောပြပါ့မယ်။ မင်္ဂလာအစီအစဉ်ကတော့ ဒီနှစ်ထဲမှာဖြစ်ဖို့များနေပါတယ်။
-မိုးယုရဲ့ချစ်သူနဲ့ပုံလေးတွေလဲလူမှုကွန်ယက်ပေါ်မှာပျံ့နေတာမျိုးရှိတယ်။ သူ့ကိုရော ဘယ်လိုအချက်အလက်တွေကြောင့်ရွေးချယ်ဖြစ်သွားတာလဲ။
တစ်ချိန်ကျရင် ကိုယ်အိမ်ထောင်ဖက်အဖြစ်ရွေးချယ်တဲ့အခါ သူ့မိဘ ကိုယ့်မိဘနှစ်ဖက်မိဘကြည်ဖြူပြီးတော့ လက်ထပ်နိုင်တဲ့သူဖြစ်ရမယ်။ နောက်ပြီးတော့ ကိုယ့်ကိုတကယ်သစ္စာရှိရှိ ချစ်ရမယ်။ ညီမကနည်းနည်းတည်တည်ကြည်ကြည်နေတာမျိုးကိုကြိုက်တယ်။ သဘောကျတယ်။ ပြီးတော့ယောကျာ်းလေးဖြစ်တဲ့အတွက် အဓိကဦးဆောင်နိုင်ရမယ်။ နောက်ပြီးမိသားစုအပေါ်တန်ဖိုးထားပြီး တည်ကြည်တဲ့သူကိုညီမကသဘောကျတယ်။ အဲ့ဒီအချက်တွေကြောင့်ရွေးချယ်ဖြစ်သွားတာပါ။
-လတ်တလောမှာ မင်္ဂလာသတင်းပြောလိမ့်မယ်လို့ပရိသတ်တော်တော်များများက မမျှော်လင့်ထားကြဘူး။ ချစ်သူရှိနေတယ်ဆိုတဲ့ သတင်းအစအနမတွေ့ရတဲ့အတွက် မင်္ဂလာသတင်းနဲ့မိုးယုနဲ့ကိုအဝေးဆုံးမှာလို့ထင်နေကြတယ်။ မမျှော်လင့်ပဲနဲ့သိလိုက်ရတော့ နှမြောနေကြတဲ့ ပရိသတ်တွေလဲရှိတော့ သူတို့ကိုရော ဘယ်လိုပြောပြချင်လဲ။
ညီမအချစ်ရေးနဲ့ပတ်သက်ပြီး အတိအကျဖော်ပြတာမျိုးတွေအရှေ့မှာမရှိခဲ့ပါဘူး။ ချစ်သူရည်းစားလဲ မရှိခဲ့လို့ပါ။ အခုကတော့ ညီမချစ်သူရှိနေပါပြီ။ ဘယ်သူဘယ်ဝါလဲဆိုတာကို အတိအကျမပြောပြသေးတာပဲ ရှိပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး တချို့ပရိသတ်တွေကနှမြောကြတယ်။ တကယ့် Fan အစစ်တွေကကျတော့ ညီမအကြောင်းသိတယ်။ Fan တွေနဲ့စကားပြောဖြစ်တဲ့အခါ သူတို့ကပိုပြီး သဘောတူနေကြတယ်။ ဘယ်ဟာပဲဖြစ်ဖြစ် ကံအပေါ်မှာမူတည်တယ်။ ဒီအချိန်မှာ မိုးယုအိမ်ထောင်ပြုရမဲ့ ကံပါလာရင်တော့ ပြုကိုပြုဖြစ်မှာပဲ။ ကံမပါရင်တော့ပြုဖြစ်မှာ မဟုတ်ဘူးလေ။ အဲ့ဒီအတွက်ကြောင့်မို့လို့ကံကိုပဲပုံအပ်ထားတယ်။ အနုပညာအလုပ်နဲ့ပတ်သက်ပြီးတော့လဲ အဲ့ဒီအလုပ်ကို ညီမချစ်လဲချစ်တယ်။ ညီမအနုပညာအလုပ်နဲ့ပဲ ကိုယ့်မိသားစုကိုကျေးဇူးဆပ်ခွင့်ရတယ်။ ဒီအလုပ်ကိုလဲ အရမ်းဝါသနာပါပါတယ်။ အဲ့ဒါကြောင့် ဒီအလုပ်ကိုလဲတတ်နိုင်သလောက် ညီမလုပ်သွားမှာပါ။ ညီမအများကြီးလုပ်တာထက် ဒီအလုပ်ကို တန်ဖိုးထားတယ်။ ညီမကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေကိုတန်ဖိုးထားတယ်။
-ပုံလေးတွေတက်လာတော့ အရမ်းလိုက်တယ်လို့ပြောကြတဲ့ပရိသတ်ရှိသလို တချို့အမျိုးသားပရိသတ်တွေကျတော့ အသည်းကွဲပြီတို့ဘာတို့တင်နေကြတဲ့ ပရိသတ်တွေလဲရှိတော့ အဲ့ဒီအပေါ်ကိုဘယ်လိုမျိုးလေးပြန်ပြောချင်ပါသလဲ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သဘောတူတဲ့သူပဲဖြစ်ဖြစ် မတူပဲ အသည်းကွဲတဲ့သူပဲဖြစ်ဖြစ် ပရိသတ်ကြီးကိုလဲ မိုးယုကချစ်ပါတယ်လို့။ အိမ်ထောင်ကျသွားပြီပဲဖြစ်ဖြစ်၊ မကျသေးဘူးပဲဖြစ်ဖြစ် ပရိသတ်ကြီးက မိုးယုရင်ထဲမှာအမြဲရှိပါတယ်။ နောက်ပြီးကိုယ့်ကိုအားပေးတဲ့သူတင်တဲ့ post မှန်သမျှကိုတော်တော်များများကြည့်ဖြစ်တယ်။ တချို့ဟာတွေဆိုမိုးယုမှတ်မိတယ်။ တချို့အကောင့်တွေဆိုညီမစကားပြောဖြစ်တယ်။ မိုးယုကိုအခုလိုအားပေးပြီးချစ်ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့။
-အန်တီစကားကိုအမြဲနားထောင်တဲ့သမီးအလိမ္မာတစ်ယောက်ဆိုတော့ အခုဆုံးဖြတ်ခဲ့တဲ့ အိမ်ထောင်ရေးကရော အန်တီ့စိတ်တိုင်းကျလား။ မိုးယုစိတ်တိုင်းကျဆုံးဖြတ်ခဲ့တာလား။
အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ညီမသဘော၊ ညီမစိတ်နဲ့ပါပဲ။ နောက်ပြီးတော့ ညီမမိဘတွေရဲ့ဆုံးဖြတ်ချက်လဲ ပါပါတယ်။ နောက် ကောင်လေးရော၊ ကောင်လေးဖက်ကအဖေအမေရော အားလုံးပါပါတယ်။ အားလုံးသဘောတူကြည်ဖြူကြလို့ပါ။
-အန်တီက အနုပညာအလုပ်နဲ့ပတ်သက်ပြီးအရင်က အရမ်းကို ထောက်ပံ့ပေးခဲ့တာဆိုတော့ အခုမိုးယုရဲ့ မင်္ဂလာသတင်းအပေါ်မှာရော သူ့ရဲ့အမြင်ကဘယ်လိုရှိလဲ။
အမေက အနုပညာအလုပ်ကို အရမ်းချစ်တယ်။ အရမ်းကို လုပ်စေချင်တယ်။ အိမ်ထောင်ကျကျ၊ မကျကျလုပ်စေချင်တယ်။ အဓိက အမေကတော့ အမှန်အတိုင်းပြောရရင် ညီမကိုနှမြောနေတယ်။ အနုပညာအလုပ်ကို အရမ်းဝါသနာပါတယ်။ အရမ်းလုပ်စေချင်တော့လေ။ ညီမလဲအိမ်ထောင်ကျသွားတဲ့အခါ ပရိသတ်အားပေးမှုလျော့သွားမှာကို အရမ်းစိုးရိမ်တယ်။ နောက်ပြီးတော့ ပရိသတ်ကြီးအတွက် ညီမသီချင်းလုပ်ဖို့ စီစဉ်ထားတာရှိတယ်။ အဲ့ဒါကြီးကလဲတိုးလို့တန်းလန်းဖြစ်နေတယ်။ ညီမအမှတ်တရအနေနဲ့ Fan တွေအတွက် သီချင်းခွေလုပ်ဖြစ်ခဲ့တယ်ဆိုရင် ဒီနှစ်ထဲမှာအိမ်ထောင်ပြုဖြစ်ခဲ့ရင် သီချင်းခွေကနောက်နှစ်ကိုရွှေ့သွားပြီလေ။ အဲ့ဒါကြောင့် အိမ်ထောင်ပြုဖို့မပြုဖို့ကို ဇဝေဇ၀ါဖြစ်နေတယ်။ ဒါပေမဲ့ ညီမတိုင်ပင်နေကြ Fan တွေရှိပါတယ်။ သူတို့ကတော့ မင်္ဂလာသတင်းကို အားပေးတယ်။ လုပ်စေချင်တဲ့အတွက် ရှေ့ဆက်တိုးနေပါတယ်။ သီချင်းကတစ်ခွေစာပါ။ တေးရေးတွေအပ်ထားပြီးပြီ။ ဆိုဖို့နဲ့တီးဖို့ပဲကျန်တယ်။ မင်္ဂလာပွဲလုပ်ဖို့မလုပ်ဖို့ချိန်နေတုန်းမို့လို့ပါ။ မင်္ဂလာပွဲလုပ်ဖြစ်ခဲ့တယ်ဆိုရင်လဲ ခါတိုင်းလိုပဲမိုးယုကိုအားပေးကြပါလို့ပြောချင်ပါတယ်။ သီချင်းခွေလုပ်နေတာ မိုးယု Fan တွေပဲသိတယ်။ အပြင်ပရိသတ်မသိဘူး။ ဒါပေမဲ့အခုမင်္ဂလာသတင်းကအရင်ပြန့်သွားတော့ မင်္ဂလာသတင်းကိုပဲ စိတ်ဝင်စားနေကြတယ်။
-အခုရွေးချယ်ထားတဲ့အိမ်ထောင်ရေးက နှလုံးသားနဲ့လား။ ဦးနှောက်နဲ့လား။
ပြောရရင်နှစ်ခုလုံးပါပဲ။ အရင်ဆုံး ပထမဆုံးစဉ်းစားလိုက်တာက ဦးနှောက်နဲ့စဉ်းစားလိုက်တာပါ။ နောက်တော့မှ နှလုံးသားပါပါသွားတာပါ။ အခုချိန်မှာတော့ ဦးနှောက်ရော၊ နှလုံးသားရော နှစ်ခုလုံးပါပဲ။
-စိတ်ကူးထဲကမင်္ဂလာပွဲပုံစံကဘယ်လိုမျိုးဖြစ်မလဲ။
စိတ်ကူးကတော့ ဖြစ်နိုင်တာတွေရော မဖြစ်နိုင်တာတွေရော အများကြီးယဉ်ထားတယ်။ မိန်းကလေးလဲဖြစ်တော့ စိတ်ကူးကတော့ယဉ်တယ်။ ဒါပေမဲ့ မိန်းကလေးနဲ့ယောကျာ်းလေးနဲ့ကမတူဘူး။ မင်္ဂလာပွဲလုပ်ဖြစ်ရင် ကိုယ်တစ်ယောက်တည်းဆောင်တာမဟုတ်ဘူး။ ယောကျာ်းလေးနဲ့မိန်းကလေးဖြစ်တဲ့အတွက်
 နှစ်ယောက်စလုံးအဆင်ပြေမဲ့ဟာပဲလုပ်ဖြစ်မှာပါ။
-အပြင်လောကက အမျိုးသားတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့တာကရော ဘယ်လိုကြောင့်များလဲ။
မိုးယုကသ၀န်တိုတတ်တယ်။ အဲ့ဒါကြောင့်အစကတည်းက အိမ်ထောင်ပြုဖြစ်မယ်ဆိုရင် အပြင်လူနဲ့ပဲယူမယ်လို့ဆုံးဖြတ်ထားတာပါ။ ဘာလို့လဲဆိုတော့ အနုပညာသမားအချင်းချင်းဆို အမှန်အတိုင်းပြောရရင် ကိုယ့်ချစ်သူက တခြားသူနဲ့အလုပ်တွဲလုပ်နေတာကိုမကြိုက်ဘူး။ နားလည်မပေးနိုင်ဘူး။ ဒါညီမအမှန်အတိုင်းပြောတာပါ။ ဘယ်လိုပဲစိတ်ချသည်ဖြစ်စေ၊ မချသည်ဖြစ်စေ အနုပညာအလုပ်လုပ်တာကို သဘောမကျပါဘူး။ အဲ့ဒါကြောင့်အပြင်လူပဲရွေးချယ်ဖြစ်ခဲ့တာပါ။
-မိုးယုမင်္ဂလာပွဲကို စောင့်မျှော်နေတဲ့ပရိသတ်တွေကိုရော ဘယ်လိုမျိုးပြောပြချင်သေးလဲ။
အားပေးတဲ့ပရိသတ်တွေကို ကျေးဇူးအရမ်းတင်ပါတယ်။ ညီမလဲအနုပညာနဲ့ပတ်သက်ပြီး တတ်နိုင်သလောက်လုပ်ဆောင်သွားပါမယ်။ အိမ်ထောင်ပြုပြီးရင်မလုပ်တော့ဘူးဆိုတာမျိုးမဟုတ်ပဲ ဆက်လက်လုပ်ကိုင်သွားမှာပါ။ သူကလဲခွင့်ပြုပါတယ်။ လူတစ်ယောက်အလုပ်လေးတစ်ခုရှိရင်ကောင်းတယ်လေ။ သူကလဲ အဲ့ဒီလိုပြောပါတယ်။ မိုးယုရဲ့စိတ်ဆန္ဒအတိုင်းပါပဲ။ အဲ့ဒါကြောင့် ပရိသတ်ကြီးကလဲ ဆက်လက်ပြီးအားပေးပေးကြပါလို့ပြောချင်ပါတယ်။

ခင်ဆွေသက် @ Trend Myanmar

Wednesday, June 15, 2016

ဧရာဝတီတိုင်း မှ နာမည်ကျော် နို.တစ်လုံးစိန် နှင်. ဗိုလ်မှုးကြီး သန်းတင်




 ငယ်ငယ်ကအဖေတို့ပြန်ပြောပြသောဧရာဝတီတိုင်းမှ နာမည်ကြီးကွန်မြူနစ် စစ်ဗိုလ်တော်တော်များများကို နားရည်ဝခဲ့သည်။ ကျောင်းကုန်း မြို့အနားက ဗိုလ်စခါးအကြောင်း၊ဗိုလ်သန်းရှိန် ၊ဂါးမင်း၊ နို့တလုံးစိန်အမည်များနှင့်တိုက်ပွဲများက ကျနော်တို့၏ အိပ်ယာဝင်ပုံပြင်များဖြစ်ခဲ့ရသည်။ဗိုလ်မှူးကြီးသန်းတင်အကြောင်းဖတ်ရတော့တဖြေးဖြေး သမိုင်းများကိုဆက်စပ်လို့ရလာသည်။ ထို့ကြောင့် ဆပ်စပ်မိသော ပီကင်းပြန် နို့တလုံးစိန်ခေါ် မစိန်ဝင်းနှင့် ဗိုလ်မှူးကြီးသန်းတင်အကြောင်း ဆက်စပ်ရေးသားတင်ပြလိုက်ပါပြီ။
အချိန်က၁၉၆၉/၇၀ ခန့်လောက်ကဖြစ်ပါလိမ့်မည်၊ ဧရာဝတီတိုင်း ခလရ(၃၆)အခြေပြု တပ်ရင်းရှိရာ ကျုံပျော်မြို့မှ တပ်မတော် ချောပို့ကားတစီးက(၁၁) မိုင်သာဝေးသော ရေကြည်မြို့နယ်ငါးသိုင်းချောင်းမြို့သို့ တာဝန်ဖြင့် ဦးတည်မောင်းနှင်နေသည်။ ထိုအချိန်ကသောင်းကျမ်းသူများမှာ အနောက်ရိုးမကကိုသာအခြေပြု နေရပြီး ဖြတ်သွားဖြတ်လာလောက်သာလုပ်နိုင်သည်၊တပ်မတော်၏ စစ်ဆင်ရေးပြီး စစ်ဆင်ရေးများကြောင့် အဖြူရောင်နယ်မြေမဖြစ်သေးသော်လည်း မြို့များအနီးသိပ်မကပ်နိုင်ကြ၊ထို့ကြောင့်တပ်မတော်စစ်ချောကားမှာ အစောင့်လိုက်တဦးမှမပါဘဲ အေးအေးဆေးဆေးပင် ငါးသိုင်းချောင်းမြို့သို့ဦးတည်မောင်နှင်နေသည်။ ငါးသိုင်းချာင်းမြို့တွင် ထိုစဉ်က တပ်မတော်ကတပ်စွဲထားခြင်းမရှိပါ၊
အနောက်ရိုးမတောင်ခြေရွာများတွင်စစ်ဆင်ရေးတာဝန်ယူနေသောတပ်များအတွက်ချော ပို့ရာတွင် ငသိုင်းချောင်းမြို့မှတဆင့် စက်လှေများဖြင့် ကုန်းပြင်ချောင်းအတိုင်း သီတာကုန်းပြင်သို့ပေးပို့ရသည်။ ငါးသိုင်းချောင်းမြို့နှင့်(၆)မိုင်ခန့်အကွာ၊ရေကြည်မြို့တွင် ကျုံပျော် ခလရ(၃၆)မှ ဗိုလ်မော်လင်းနှင့် တပ်ခွဲ တခွဲ ဘရင်းကယ်ရီယာ(၂)စီးသာအခြေပြုထားသည်။ ငါးသိုင်းချောင်းမြို့နှင့် (၂)မိုင်အကွာ ခိုတောင်ငှက်သိုက်ကျေးရွာအနီးရောက်သောအခါ ခရီးသွားနေသော တပ်မတော်ယူနီဖေါင်းဝတ် အမျိုးသားတဦးနှင့် အမျိုးသမီးတဦးက လမ်းကြုံလိုက်လိုဟန်ဖြင့် စစ်ချောကားကိုတားရာ၊ကားမောင်းသူက တပ်မတော်သားယူနီဖေါင်းဝတ်မို့ ကားကိုရပ်ပေးလိုက်သည်။ဖြတ်ကနဲကားတံခါးကိုဆွဲဖွင့်ကာ အမျိုးသမီးက ဖွက်ယူလာသော ပစ္စတိုဖြင့် ကားမောင်းသူအားချိန်ကာအောက်သို့ဆင်းခိုင်းလိုက်သည်။ ထိုအမျိုးသမီးမှာ ကွန်မြူနစ်များနှင့်ပြည်သူလူထုအတွင်း နာမည်ကြီးလှသော နစ်ဖြူမယ်၊ နို့တလုံးစိန်(ခ)နော်တလုံးစိန်(ခ) နိုးတူးစိန်ခေါ်(ခ) ပီးကင်းပြန် မစိန်ဝင်းပင်ဖြစ်တော့သည်။

 မစိန်ဝင်းကား ဥက္ကဌကြီးမော်၏ ပီကင်းမှကွန်မြူနစ်ဝါဒရိုက်သွင်းခ်ြင်းခံထားရသူပီပီ၊စိတ်ဓါတ်ပြင်းထံကာ၊သတ္တိလဲအလွန်ကောင်းသည်၊ ငယ်သားများက ကျည်ပြီးသည်ဟုပင် ပြောစမှတ်ပြု ကြပြီး၊ ယောက်ကျားများကိုခေါင်းဆောင်နိုင်သောခပ်ကြမ်းကြမ်း၊ခပ်ရမ်းရမ်း နစ်ဖြူ မယ် တဦးဖြစ်လာတော့သည်။ ပစ္စတိုသေနတ်ကိုခါးတွင် ခါးပတ်ဖြင့်အမြဲပတ်ထားကာ။ ၇ွာသားများကို ကွန်မြူ နစ်သဘောတရားဟောကြားတတ်ပြီး တအိမ်တယောက် မတက်မနေလာရောက်တက်ရောက်နားထောင်ကြရသည်။ မစိန်ဝင်းကားအလွန်တက်ကြွသော ဗဟိုကွန်မြူ နစ်ပါတီမှအားထားရသောခေါင်းဆောင်တဦးဖြစ်လာတော့သည်။ နို့တလုံးစိန် က ငါးသိုင်းချောင်းအသွားစစ်ကားကို စီးနင်းသိမ်းပိုက်လိုက်ပြီးကုက္ကို လ် ပင်ကြီးများနောက်မှ တပ်မတော်ယူနီဖေါင်းများဝတ်ဆင်ထားသော သူပုန်များထွက်လာပြီး ကားပေါ်တက်ကာ ငါးသိုင်းချောင်းမြို့တွင်းသို့ မောင်းနှင်ဝင်ရောက်သွားသည်ကို မည်သူမျှ ဂရုမထားကြ၊ဦးတည်ရာကား ငသိုင်းချောင်းရဲစခန်းရှိရာသို့.... 

ငသိုင်းချေင်းရဲစခန်းအတွင်းအေးဆေးစွါမောင်းဝင်လာသော ယူနီဖေါင်းဝတ်ရဲဘော်များပါသော စစ်ကား အား၊အချုပ်ခန်း အထက်မှ ကင်းတာဝန်ကျရဲသားနှင့်လုံခြုံရေးအစောင့်များက အေးဆေးစွာကြည့်နေစဉ်မှာပင် ကားပေါ်မှဆင်းလာသော တပ်မတော်ယူနီဖေါင်းဝတ်များက စတင်ပစ်ခတ်တော့သည်။
 အလစ်အငူိုက်ဝင်စီးမှု့က သိပ်မကြာခင်မှာပင် ရဲတပ်ဖွဲ့ဝင်(၁၁)ဦးကျဆုံးသွားတော့သည်။ ငါးသိုင်ချောင်းးမြို့၏တဖက်ကမ်းမှအသင့်စောင့်နေသည် ကွန်မြူနစ်များက ငါးဝန်မြစ်ကိုဖြတ်ကာလှေများဖြင့်ကူးလာပြီး ရွေဆိုင်အချို့နှင့် ဈေးဆိုင်များကိုလုယက်သည်။ လုယက်သူများက မျက်နှာကို အ၀တ်များစည်းထားကြသည်။
 ငါးသိုင်းချောင်းမြို့ကိုစီးနင်းခံရကြောင်းသိလျှင်သိခြင်း၊ ၆မူိုင်ခန့်သာကွာဝေးသော ရေကြည်မြို့ရှိ ဗိုလ်မော်လင်းဦးဆောင်သောတပ်ခွဲသည်။ ဘရင်းကယ်ရီယာနှစ်စင်းနှင့်ငါးသိုင်းချောင်းကိုအပြင်းချီတက်သလို၊ခလရ(၃၆)မှစစ်ကြောင်း
တကြောင်းက ဖြတ်
တောက်ရေးစစ်ကြောင်းအဖြစ်ငပိဆိပ်၊ယင်းရှေ လမ်းမှတဆင့် င၀န်မြစ်ကို ဖြတ်ကူးကာ ပိတ်ဆို့ဖြတ်တောက်ရန် ချီတက်သည်။ ကြို တင်ပြင်ဆင်ထားပြီးဖြစ်သော နော်တလုံးစိန် နှင့်အဖွဲ့သည်တပ်မတော်၏ဘရင်းကယ်ရီယာများ ငသိုင်းချောင်းမြို့အ၀င်ရောက်သည်နှင့်၊ရဲစခန်းမှသေနတ်များ၊လုယက်ထားသောပစ္စည်းများနှင့်
အတူင၀န်မြစ်တဖက်
ကမ်းသို့လှေများဖြင့် ဖြတ်ကူးကာ အနောက်ရိုးမသို့ ချီတက်ပျောက်ကွယ်သွားတော့သည်။

 ရပခ တိုင်းတွင် ဗကပများကိုလက်စွမ်းပြခဲ့သော တိုင်းမှူးဗိုလ်မှူးကြီးသန်းတင်သည်၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချု့ပ်ကြီးစန်းယု၏အထူးတာဝန်ပေးချက်အရ ဗကပတို့၏စပါးကျီကိုဖေါက်ရန် ဧရာဝတီတိုင်းသို့ပြောင်းရွှေ့ လာပါပြီ၊ ဗိုလ်မှူးကြီးသန်းတင်ကား ဧရာဝတီတိုင်းသို့ရောက်သည်နှင့် ဖြတ်လေးဖြတ် တိုင်းလုံးအောင်စစ်ဆင်ရေးနှင့်ဧရာမင်းစစ်ဆင်ရေးကြီးကို ပြည်သူ့အကူအညီဖြင့်ဆင်နွှဲ တော့ ရာဗိုလ်မှူးကြီးသန်းတင်အကြောင်းကြားသိပြီးဖြစ်သော နို့တလုံးစိန်ခေါ် မစိန်ဝင်းမှာဧရာဝတီတိုင်းအတွင်းပိတ်ဆို့မှု့ မပြီးမှီ ပဲခူးရိုးမဗကပဗဟိုသို့ရောက်ရှိသွားသည်မှာအလွန်ကံကောင်းလှသည်ဟုပြောနိုင်ပါသည်။
အဘယ်ကြောင့်ဆို့သော် ဧရာဝတီတိုင်းအတွင်းပိတ်ဆို့ခံလိုက်ရသောဗကပများမှာငတ်လို့သေသူသေ၊တပ်မတော်နှင့်
 ပြည်သူ့စစ်များနှင့်တွေ
ကာ သေသူသေ၊အဖမ်းခံသူအဖမ်းခံရ၊ အလင်းဝင်သူများမှာလဲ ဒူးကြီးကိုယ်သေး ဒုတ်ကောက်ဖြင့်လမ်းလျှောက်ကာအလင်းဝင်ရောက်ခဲ့ရပြီးဧရာဝတီတိုင်းတခုလုံးစစ်ဆင်ရေးပြီး
စစ်ဆင်ရေးလုပ်သော်
လည်းဘယ်တုန်းကမှသောင်းကျန်းသူအမြစ်မပြတ်ခဲ့ ၊ခုတော့ဗိုလ်မှူးကြီးသန်းတင်၏ဖြတ်လေးဖြတ်စစ်ဆင်ရေးနှင့် ငစိန်ကျည်ဆံကြောင့်အဖြူ ရောင်နယ်မြေ ဖြစ်ခဲ့ရပါတော့သည်။ 

ဗိုလ်မှုးချုပ် စန်းယု
သို့သော်ပီကင်းပြန် နို့တလုံးစိန်နှင့် ဗကပခေါင်းဆောင်များကြာကြာကံမကောင်းနိုင်ပါ၊အဘယ်ကြောင့် ဆိုသော်.................. ကာကွယ်ရေးဝန်ကြီးဌာန(၄)လပါတ်အစည်းအဝေး..... ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစန်းယုမှ... ဧရာဝတီတိုင်းက ခုဆိုရင် ဗိုလ်သန်းတင်ကြောင့် အဖြူရောင်နယ်မြေဖြစ်တော့မယ် ဖွဲ့စည်းပုံအရ ဗကပနဲ့ကေအမ်ဒီအိုအင်အား(၃၁)ယောက်သာကျန်တော့သည်။ ဒါကြောင့် ဧရာဝတီကတပ်ရင်း(၄)ရင်းကိုပိတ်ဆို့ရေးကထုတ်ပြီး တခြားတိုင်းမှာတာဝန်ပေးချင်တယ်ဟုဆိုလာပါသည်။ ထို့ကြောင့် ဗိုလ်မှူးကြီးသန်းတင်မှ ဧရာဝတီတိုင်းမှာ ယခင်ကစစ်ဆင်ရေးပြီးစစ်ဆင်ရေးဝင်ခဲ့ကြသော်လည်း ယခုလို (၃၁)ယောက်သာကျန်သည်အထိ မဖြစ်ခဲ့ကြပါ၊ယခုပြည်သူအားဖြင့်ဆောင်ရွက်ရာမှာနောက်ထပ်(၂)လသာအချိန်ပေးပါ၊ဧ၇ာဝတီတိုင်း
တခုလုံးရန်သူတဦးမှမကျန်စေရပါ၊ တတိုင်းလုံးကိုအဖြူရောင်နယ်မြေကြေငြာနိုင်ပါပြီ၊ ထိုအချိန်ကြမှကျနော်နှင့် တပ်ရင်းကြီး(၁၀)ရင်းကို ခိုင်းလို့သည့်နေရာတွင်တာဝန်ပေးပါဟု တင်ပြရာ၊အနောက်မြောက်စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးကြီးစိန်လွင်က ဗမကသန်းတင်ပြောတာမှန်ပါသည်။ ယခုလိုလျှင်ကျနော့ထံမှ တပ်ရင်းကြီး၂ရင်းပေးပါမည်ဟု ဆိုသဖြင့် ၂လနှင့်အဖြူရောင်နယ်မြေဖြစ်အောင်ဆောင်ရွက်မည့်အစီအစဉ်အား၊ဦးစီးချုပ်မှသဘောတူခဲ့ပါသည်။ 

ထိုသို့ ကတိပေးပြီးနောက်(၁)လ ပြည့်သည့်အချိန်တွင် ရန်သူ(၃၁)ယောက်အနက်(၂၉)ယောက်ကိုလက်နက်များနှင့်အတူရရှိခဲ့ပြီး ကျန်(၂)ယောက်ကတော့ရိက္ခာပြတ်ကာ တောတောင်ထဲတနေရာရာတွင်သေဆုံးလောက်ပါပြီဟု ဦးချုပ်ထံတင်ပြခဲ့ပြီးနောက်တပါတ်အကြာ.... ဦးစီးချုပ်မှ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဗိုလ်မှူးကြီးသန်းတင်အားကက(ကြည်း)သို့အမြန်သတင်းပို့ရန်ခေါ်
သဖြင့်ကကကြည်း
မှ
လွှတ်သောရဟာတ်ယဉ်ဖြင့်နောက်တနေ့တွင်ကာကွယ်ရေးဦးစီးချုပ်ထံသတင်းပို့ရာ ဦးစီးချုပ်မှ၊ ဗိုလ်မှူးကြီးသန်းတင် ခင်ဗျား နတခ မှာဘယ်လောက်ကြာပြီလဲဟုမေးပါသည်။ယခုဆို၂နှစ်ကျော်၃နှစ်နီးပါးရှိပြီဟုဖြေရာ ခင်ဗျားရဲ့ဖြတ်လေးဖြတ်ဗျူဟာကတော့တကယ်ပါဘဲ..ကျနော်တို့နှစ်ပေါင်း၃၀လောက် စစ်ဆင်ရေးပြီးစစ်ဆင်ရေးတိုက်လာတာခင်ဗျားလို သောင်းကျမ်းသူတယောက်မှမကျန်အောင်မလုပ်နိုင်ခဲ့ဘူး ၊ဧရာဝတီတိုင်းဟာဗကပတွေရဲ့ဝမ်းဗိုက်ပါဘဲ ခင်ဗျားကြောင့် ဗကပတွေဝမ်းဗိုက် ပေါက်သွားတာဘဲ၊ခုတော့ဗကပတွေဝမ်းဗိုက်ပေါက်နေပြီ ဦးခေါင်းပိုင်းကိုရှင်းဖို့ဘဲကျန်တော့တယ်ဟုဆိုရာ၊ဗမကသန်းတင်က ကျနော်နဲ့တပ်ရင်း(၁၀)ရင်းကိုကြိုက်တဲ့နေရာမှာတာဝန်ပေးပါဗိုလ်ချုပ်ဟိုဆိုလိုက်ရာ၊ ဗိုလ်ချုပ်ကပြုံးပြီး ခင်ဗျားတပ်တွေမပါဘူး၊ခင်ဗျားဘဲ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်နဲ့ ပဲခူရိုးမကို ခြေကန်ပြီးသောင်းကျန်းနေတဲ့ဗကပဦးခေါင်းပိုင်းကို ရှင်းလင်းပါဟု တာဝန်ပေးပါတော့သည်။

  ပါပန်ကျုံ ဒေသရှိ ဗကပခြေလက်တွေကိုဖြတ်ခဲ့ရသည်၊ ဧရာဝတီတိုင်းတွင်ဗကပ၀မ်းဗိုက်ကိုဖေါက်ခဲ့ရပြီ၊ခုတော့အဓိကဖြစ်သော ဗကပတို့၏ ဦးခေါ်င်းကိုဖြတ်ရပေတော့မည် ယင်းသည်ပင်ဗကပဗဟိုနှင့် ဗကပပီကင်းပြန် နို့တလုံစိန်(ခ)နော်တလုံးစိန်(ခ) နိုးတူးစိန်နှင့် ဗကပ သခင်ဇင် သခင်ချစ်တို့၏ကံကြမ္မာပင်ဖြစ်ပါတော့သည်။
ဗိုလ်မှူးကြီးသန်းတင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ငူသို့(၁.၆.၇၄)တွင်ရောက်ရှိလာပြီး ဗိုလ်မှူးကြီးမျိုးအောင်နှင့် တာဝန်လဲလှယ်ပါသည်။(၃.၆.၇၄)နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဆင်ရေးအစည်းအဝေးခန်းမတွင် စစ်ဆင်ရေးအစည်းအဝေးစတင်သည်။ဒုတိုင်းမှူး၊ဗမကစိန်ရ၊ ဗမကလှကြည်၊တပ်မ၇၇မှ တပ်မမှူး၊ဗပကရန်နိုင်စိုး၊ ဒုတပ်မမှူးဗမကခင်ကျော်ညို။၊ဗမကခင်မောင်တင့်၊ဗမကကျော်စိန်ဝင်းနှင့်တပ်ရင်းကြီး၁၀ရင်းမှ
တပ်ရင်းမှူးများ၊ ပါတီကောင်စီလူကြီးများပါဝင်သည်။

ပဲခူးရိုးမကားဧရာဝတီတိုင်းနှင့်ခြားနားသည်၊နေထိုင်သူများမှာရိုသားသောကရင်လူမျိုးများဖြစ်
ကာတောင်ယာစပါးများက အထွက်ကောင်းသည်၊တနှစ်စိုက်ပြီး၂နှစ်၃နှစ်စားနိုင်သည်၊သခွါး၊ဘူးဖရုံ စသောခြံထွက်သီးနှံများကလဲအလျှံပါယ်ပေါသည်၊ဗကပတို့၏ ဆန်အိုးကြီးဖြစ်နေသည်။ ဖြတ်လေးဖြတ်ဆောင်ရွက်ရာတွင် ပထမဦးစွါ ရန်သူအမာခံများကိုဖေါ်ထုတ်ကာ သီးခြား နေရာများ တွင်အစောင့်အရှောက်ဖြင့်ထားရမည်၊ ရန်သူဗကပများက ၀င်ရောက်နှူတ်ပိတ်နူိုင်သည်၊ ဒုတိယ ရန်သူကိုရိက္ခာဖြတ်တောက်ရမည်။တောင်ပေါ်ကျေးရွာများမှစိုက်ပျိုးထွက်ရှိသောသီးနှံများရန်သူထံ
မရောက်အောင် သတ်မှတ်နေရာများတွင် စုပုံသိမ်းဆီးထားမည်။မြစ်ဝကျန်းပေါ်ကဲ့သို့ရွာရှောင်များကိုစုပေါင်းလုပ်မရလျှင် တပ်မတော်ကရွာသစ်များတည်ကာ တပ်ရင်းများချထားမည်။ ပြည်သူနှင့်သူပုန်ကိုအဆက်ဖြတ်ရမည် ကျေးရွာပြည်သူစစ်များဖွဲ့ပေးကာ တပ်မတော်နှင့်ပူးပေါင်းပြီး ရန်သူကို အနားမကပ်နိုင်အောင်ဆောင်ရွက်မည်။ ဗကပဗျူ ဟာက၊ရေရှိလျှင်ငါးရှိရမည်၊ပြည်သူရှိလျှင်ဗကပရှိမည်၊ထို့ကြောင့် ပြည်သူနှင့်ဗကပခွဲထုတ်ရမည်။ ငါးမရှိအောင်ရေကိုပက်ထုတ်ရမည်။

 
ထို့ကြောင့် အုတ်တွင်းခလရ၅၇အနီးတွင်အမာခံစခန်းတခုတည်ဆောက်သည်၊ မင်းလှ စိန်ကန့်လန့်ခလရ(၁)အနီး တွင်နောက်တခု၊အမာခန်းနှင့်စစ်ကြောရေးစခန်းများကိုတည်ဆောက်ပြီး၊ဗကပအမာခံဟုနာ
မည်ကြီးသူအားလုံးကို
အမာခံစခန်းသို့ပို့ကာစစ်ဆေးသည်၊ စခန်းများကို သေချာစွါ ခံစစ်ပြင်ထားသည်။ ရွာများကိုရန်သူမှရိက္ခာမလုနိုင်အောင်ခြံစီးရိုးနှစ်ထပ်၊ပြည့်သူစစ်နှင့်တပ်မတော်ကင်းစခန်းများရှိသည်။ ပထမဆုံး အမာခံများထံမှသတင်းရသည်ကဧရာဝတီတိုင်းမှလွတ်သွားသောမန်းသာစိန်နှင့်အင်အား(၈၀)ခန့်
၊ရိက္ခာရရှိရေးလှူပ်ရှားနေ
သည့်သတင်းဖြစ်သည်ဖြူးအုပ်တွင်းအနောက်ဘက်တောင်၃လုံးပေါ်စခန်းချနေသည့်သတင်းစရသည်။ ထို့ကြောင့်တပ်မ(၇၇)မှဒုတပ်မမှူးဗမက ခင်ကျော်ညိုနှင့်အထူးကွန်မန်ဒိုနှင့်အဖွဲ့က ၀င်တိုက်တော့သည်။ ပိတ်ဆို့ရေးစစ်ကြောင်းများကလဲပိတ်ဆို့ထားသည်။

 နံနက်လင်းရောင်ခြည်ကြောင့် ပဲခူးရိုးမတခွင်သာယာနေသည်။ကျေးငှက်တို့၏သာယာသောအိပ်တန်းထတွန်ကြူးသံအောက်တွင် မန်းသာစိန်တို့၏ကင်းအဖွဲ့ မှလွဲကာ အိပ်မောကျနေဆဲ၊ အမှောင်ကိုအားပြုကာချည်းကပ်လာသောတပ်မ၇၇ ကွန်မန်ဒိုစစ်ကြောင်းက မန်းသာစိန်စခန်းအားဝင်စီးတော့သည်။   တိုက်ပွဲက သိပ်မကြောလိုက်ပါ ကင်းအဖွဲ့ တခုလုံးနှင့်၁၅ယောက် အသေရလိုက်ကာ မန်းသာစိန်နှင့် အင်အား၅၀ ခန့် နက်ရှူိ်င်း သောပဲခူးရိုးမတောတွင်းဝင်ပြေးလွတ်မြောက်သွားသည်။ စစ်တောင်းအနောက်ဘက်ကူးတို့ဆိပ်တွင် ပိတ်ဆို့ထားသောပြည်သူ့စစ်များနှင့်တိုက်ပွဲဖြစ်သည်. စစ်တောင်းမြစ်ရိုးအား၊ပြည့်သူ့စစ်၊ဲ ရဲတပ်ဖွဲ့နှင့် တပ်မတော်ကပိတ်ဆို့ထားသည်။စစ်တောင်းမြစ်ကိုဖြတ်ကူးနိုင်သော်လည်းပိတ်ဆို့ရေးအဖွဲ့များက ရှိနေသေးသည်။
 ဒုတိယတဖွဲ့ကတော့ ဧရာဝတီတိုင်းတွင် နာမည်ကျော်ခဲ့သော နို့တလုံးစိန်(ခ) နော်တလုံးစိန်(ခ) နိုးတူးစိန်(ခ) မစိန်ဝင်းနှင့်ဗကပဗဟိုဆေးရုံ သတင်းပင်ဖြစ်သည်။

 ပထမအဆင့်ရိက္ခာပိတ်ပြီးနောက်၊အမာခံစခန်းတခုတွင်အင်အားဂ(၁၀၀၀)ခန့်ဖြစ်လာသည်
၊ဗကပများကိုပြည်သူနှင့်တပ်မတော် ပူးပေါင်းနှီမ်နင်းသည့်သတင်းများကို အမာခံများသိအောင် တပါတ်တကြိမ်ရှင်းလင်းပြသည်။ အမာခံများအားစခန်းမှကျွေးမွေးသည့်အပြင် ကိုယ်တိုင်လဲစိုက်ပျိုးစားသောက်နိုင်ပြီး၊ ပြန်လွှတ်လျှင်လဲဗကပတို့ကသတ်မည်ကိုသိသဖြင့်၊
စခန်းတွင်ပျော်နေကြပြီး ၊သောင်းကျမ်းသူမရှိမှရွာပြန်လို့ရမည်ကိုသိသည်။တပ်မတော်ကိုသိသည့်သတင်းများ
ထုတ်ပြောကာကူညီလဲာကြတော့သည် ၊ဧရာဝတီတိုင်းကလိုရန်သူတယောက်မကျန်အရှင်းခံရမည်ကို ယုံကြည်လာကြတော့ တပ်မတော်ကိုအကူအညီပေးလာတော့သည်။
တောင်ငူအုတ်တွင်းခလရ(၅၇)အနီး အမာခံစခန်းသို့တိုင်းမှူးကြီးရောက်လာတော့ အမာခံတဦးမှတပ်ရင်းမှူးဗိုလ်မှူးမောင်မောင်နားကပ်ကာတီးတိုးပြောသည်။ ဗိုလ်မှူးမောင်မောင်က အရေးကြီးသတင်းတခုတင်ပြစရာရှိလို့။တိုင်းမှူးကြီးတပ်ရင်းရုံးကိုခေတ္တ၀င်ပေးပါဟုဆိုသဖြင့်၊တပ်
ရင်းရုံးသို့ဝင်သည်။ပြီးမှ၊အမာခံတဦးဖြစ်သူ လှမောင်ကတိုင်းမှူးကြီးတို့ ဗဟိုဆေးရုံရပြီလားခင်ဗျ၊မရသေးရင်ကျနော်ပြပေးပါမည်ဟုဆိုလာသည်။ 

လှမောင်ကိုရဟတ်ယာဉ်ဖြင့်တင်ကာညောင်လေးပင်သို့ခေါ်ခဲ့သည်။ တိုင်းမှူးကြီးက ဒီလိုသတင်းအနံ့မျိုးကိုလက်လွတ်ခံလေ့မရှိပေ။ လှမောင်ကဗကပဗဟိုဆေးရုံ တွင်ရိက္ခာပြတ်နေပြီ၊ ရွာသို့ရိက္ခာရှာရန်သွားသောအဖွဲ့မှာလဲ တရွာလုံးသံချောင်းခေါက်၊သံပုံးတီး တရွာနှင့်တရွာအသိပေးကြ၊ တော့ခြေဦးတည့်ရာပြေးခဲ့ကြရာ၊သူကတော့ရွာတရွာဝင်ပြီး အလင်းဝင်ခဲ့ကြောင်းပြောပြပါသည်။ကျနော်ထွက်ပြေးလို့လွတ်သွားလဲ တောထဲကြအသတ်ခံရမှာ
ပါဘဲဟုဆိုရှာ ပါသည်။ ဒီဆေးရုံရဲ့အကြီးအကဲကတော့ ရွာတွေမှာပြောပြောနေတဲ့ ပီကင်းပြန် နို့တလုံးစိန်၊ပေါ့ သူ့ရှေ့မှာတော့နို့တလုံးစိန်လို့မခေါ်ရဲပါဘူး၊ခေါ်ရင်သူကိုယ်တိုင်သတ်မှာဘဲတဲ့၊ နာမည်ရင်းက မစိန်ဝင်းပါ၊ ပီကင်းပြန်တွေထဲမှာ အလွန်သတ္တိလဲကောင်း၊လုပ်ရဲကိုင်ရဲလဲရှိ၊ကွန်မြူနစ်ပါတီအပေါ်လဲအလွန်ယုဲံကြည်တယ် ဗကပ အမျိုးသမီးတွေထဲမှာရှာမှရှား no two ပေါ့။ နျိုးတူးစိန်ကနေ၊ နော်တလုံးစိန်၊ နို့တလုံးစိန် အမျိုးမျိုးခေါ်ကြတာပါ ဟုရှင်းပြသည်


အမာခံလှမောင်၏လမ်းပြမှု့ဖြင့်၊ ညောင်လေးပငိတွင်အရံထားသောကွန်မန်ဒိုစစ်ကြောင်းကို တပ်မမှူး၊ဒုတပ်မမှူးတို့ကခေါင်းဆောင်ကာ၊ညတွင်းချင်း ရိုးမထဲဝင်ခဲ့ကြသည်။ နံနက်မိုးမလင်းခင် ၄နာရီတွင် တော့ ဗကပ ဗဟိုဆေးရုံကို ကွန်မန်ဒိုများက၀ိုင်းမိထားပါပြီ၊လိုအပ်မည့် ထွက်ပေါက်များ၊ ကိုလဲအရံတပ်များက ပိတ်ဆို့ထားလိုက်ပါပြီ၊ ထွက်ပြေးနိုင်သောတောင်ကြောများကလဲများပြားသည်၊ ကွန်မန်ဒိုတပ်စုက စတိုက်မည့်ဆဲဆဲမှာပင် နောက်ကြောဘက်တောင်ကြားလမ်းကလေးမှ အမျိုးသမီးတဦးနှင့် အမျိုးသားတဦးဝင်လာသည်။ အမျိုးသမီးမှာ လုံးကြီးပေါက်လှ တဦးဖြစ်ပြီး၊လှမောင်က အဲဒါဆေးရုံတပ်မှူး၊း နို့တလုံးစိန်၊နဲ့တိုက်တိုင်းအောင်တပ်က တပ်မှူး၊ ဗိုလ်မှူးးညိုမောင်ဖြစ်ကြောင်းပြောသဖြင့်၊ကွန်မန်ဒိုစစ်ကြောင်းမှူးက သူမပစ်ခိုင်းဘဲမပြစ်ရန်သတိပေးပြီး။ မင်းတို့ဗဟိုဆေးရုံကို ဒို့တပ်မတော်က၀ိုင်းထားပြီးဖြစ်တယ်၊အားလုံးလက်နက်ချကြပါ ဟုအော်ပြောရာ၊ လက်နက်ချရမည့်အစား ကျည်ဆံတွေ စုပြုံ ပစ်ကြတော့သည်။
  
တပ်မတော်ကလက်နက်ချရန် ထပ်ပြန်တလဲလဲအော်နေသော်လည်း လက်နက်မချဘဲ တိုက်တိုင်းအောင်ညိုမောင်နှင့် ပီကင်းပြန် နို့တလုံးစိန်တို့ ကသေနတ်တလက်စီကိုင်ကာပစ်ခတ်ရင်း ပြေးထွက်လာတော့ တပ်ကမလွှဲ သာမရှောင်သာပစ်ရတော့သည်၊ တိုက်တိုင်းအောင် ညိုမောင်မှာ နေရာတွင်ပွဲချင်းပြီးကျဆုံးကာ နို့တလုံးစိန်မှာဒဏ်ရာရသည်။ လက်နက်ချရန်အကြိမ်ကြိမ်အော်သောလဲမရဘဲ လက်စွဲတော် ပစ္စတိုသေနတ်ဖြင့် ဒဏ်ရာရသည့်ကြားမှပင်ပြန်လည်ပစ်ခတ်နေသဖြ့်င့် မလွဲမရှောင်သာဘဲ အသေပစ်ခတ်ဖမ်းဆီးရတော့သည်။ တိုက်ပွဲတွင် အသေ(၁၁)ယောက်၊ဒဏ်ရာနှင့်(၇)ယောက်ဖမ်းမိ၊အရှင်၎ ယောက်ဖမ်းဆီးရမိသည်။

 တိုက်တိုင်းအောင်ညိုမောင်နှင့် ပီကင်းပြန်နို့တလုံးစိန်ကိုအသေရမိသည်နှင့် တိုင်းမှူးကြီး၊ထောက်လှမ်းရေးဗိုလ်မှူးကြီးတင်ဦးတို့ ရဟတ်ယာဉ်ဖြင့်ရောက်လာပြီးကြည့်ရှူသည်။ ထောက်လှမ်းရေး ဗိုလ်မှူးကြီးတင်ဦးက ရဲဘော်တဦးအား၊ တလုံးလား၂လုံးလားဟုမေးရာ ရဲဘော်ကရဲကျဲကျဲဖြင့် ၂လုံးပါဟုပြန်ပြောရာ၊ဗိုလ်မှူးကြီးတင်ဦးက ဒီကောင်တွေလှန်ကြည့်ပြီးပြီထင်တယ် ဟု စလိုက်ပါသည်။ ခုတော့ ပဲခူးရိုးမတခွင်ပြည်သူတို့ကြောက်ဲကြရသော တိုက်တိုင်းအောင်တပ်မှူးဗိုလ်မှူးညိုမောင်နှင့်၊ဧရာဝတီတခွင်ပြဲပြဲစင်အောင်တိုက်ခဲ့ပြီး ပြည်သူတို့
၊နို့တလုံးစိန်ဆိုလျှင် ဖိန့်ဖိန့်တုံအောက်ကြောက်ခဲ့ကြရသော ပီကင်းပြန် ၊ရဲ၇ဲတောက် နို့တလုံးစိန်(ခ) နော်တလုံးစိန်(ခ) နိုးတူးစိန်(ခ) မတင်စိန်တယောက် ပဲခူးရိုးမတနေရာတွင် ဗိုလ်မှူးးကြီးသန်းတင်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးတွင် မိုက်ဇာတ်သိမ်းခဲ့သည်ကို ငါးသိုင်းချောင်းမြို့မှနို့တလုံးစိန်လက်ချက်ဖြင့် ကျဆုံးသူရဲဝန်ထမ်း များ၏ မိသားစုများသိမှသိပါလေစ............
Thaung Myint(starshinester)