Sunday, October 11, 2020
ပြုံယမ်း မွ နျေပည်တော်၏ အနာဂါတ်သို့ ( 9/10 ) - မိုးဝင်း ၊ ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( 9/10 ) - မျိုးဝင်း
  ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ် သို့ (9)
10-5-2009 မှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကဒ်ကမ်းဘဲလ် နဲ့ အရှေ့အာရှဖစိဖိတိရေးရာ အတွင်းဝန်အဖွဲ့ဟာ မြန်မာပြည်ကို ရောက်လာပါတယ် ။ သူတို့က ဦးသန်းရွှေ နဲ့ တွေ့ဆုံခွင့်တောင်ဆိုပေမယ့် အညာသားက အဖက်လုပ်ပြီး မတွေ့ပဲ ပြန်ုကြားရေးဝန်ကြီး ဦးကျော်ဆန်း နဲ့ ပဲ တွေ့ခွင့်ရခဲ့ပါတယ် ။
ကမ်းဘဲလ်တို့က နေအိမ်အကျယ်ချုပ်ကျနေသူ ဒေါ်စုကြည်နဲ့တွေ့ဖို့ တောင်းဆိုလို့ ဒေါ်စုကြည်သာမကဘူး NLD CEC တွေနဲ့ပါ နိုင်ငံတော်ဧည့်ရိပ်သာမှာ ပေးတွေ့ခဲ့ပါတယ် ။ ဦးဝင်းတင်က စစ်အစိုးရကို ယခုထက်ပို၍ ခပ်စပ်စပ်လေး ဖိအားပေးဖို့ တောင်းဆိုခဲ့ပါတယ် ။ ကမ်းဘဲလ်ဟာ အခြားနိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပြီး ၂ ရက်နေသွားပါတယ် ။
ရန်ကုန်ရှိ အမေရိကန်သံရုံးမှာ ကမ်းဘဲလ်က " အမေရိကန်ပြည်ထောင်စုသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ လှုပ်ရှားမှုအား ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း " ပြောသွားပါတယ် ။
အပြန် ဘန်ကောက်ရောက်တော့
"ဂုဏ်သိက္ခာမဲ့သော မြန်မာစစ်အစိုးရနှင့် ဆက်ဆံရသည်မှာ များစွာစိတ်ပျက်ဖွယ်ကောင်းကြောင်း ၊ အပြစ်ကင်းစင်သည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မတရားဖိနှိပ်ချုပ်ခြယ် ဖမ်းဆီးခံထားရသော်လည်း စစ်ခေါင်းဆောင်များအပေါ်ခွင့်လွှတ်နေသည်ကို အံ့သြဖွယယ်တွေ့မြင်ရကြောင်း "
ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ် ။ ကမ်းဘဲလ်ရဲ့ မြန်မာပြည်ခရီးဟာ စစ်အစိုးရနဲ့ အပြုသဘောဆောင် ဆက်ဆံဖို့ မဟုတ်ပါဖူး ။ အတိုက်အခံပါတီကို အားပေးအားမြှောက်လာရင်း စစ်အစိုးရကို သတိပေးချင်လို့ လာတာပါ ။
ဘာကို သတိပေးချင်တာလည်းဆိုရင် အမေရိကန်ရဲ့ ဗဟိုပြုမူဝါဒ အရွှေ့ကို ပြောမှ ရှင်းသွားပါတယ် ။ 2000 ပြည့်နှစ်အပြီး 21 ရာစုထဲ ဝင်လာတော့ အမေရိကန်ရဲ့ အရှေ့လယ်ပိုင်း ဗဟိုပြုမူဝါဒ ကနေ အရှေ့အာရှ ပစိဖိတိ ဗဟိုပြုမူဝါဒသို့ စိတ်ဝင်စားလာလို့ ဖြစ်ပါတယ် ။
21 ရာစုမှာ အမေရိကန်ကို ယှဉ်ပြိုင်လာနိုင်မယ့် တရုတ်ပြည်ကို နီးကပ် ထိမ်းချုပ်နိုင်ဖို့ အာရှ ပစိဖိတ် ဒေသကို မဏ္ဍိုင်ပြုဖို့ ဆုံးဖြတ်ကြပါတယ် ။
တရုတ်ကို အနီးကပ်စောင့်ကြည့်နိုင်ငံ မြန်မာနိုင်ငံ ဟာ အမေရိကန်အတွက် အရေးပါလာပါပြီ ။ ယခုလို ကမ်းဘဲလ် လာခဲ့တာဟာ တရုတ်က ပါတီပေါ်လစ်ဗျူရို ၉ ဦး မှ နံပါတ် ၃ အဆင့်ရှိသူ ဝမ်းကျားပေါင် မြန်မာပြည်ခရီးစဉ်လာရန် ရှိတဲ့အတွက် အမေရိကန်က ကြိုလာတာပါ ။
ဝမ်ကြားပေါင်ဟာ 2003 မှ 2013 ထိ 10 နှစ်အတွင်း တရုတ်အစိုးရရဲ့ အထက်မြက်ဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသူ ဆရာကြီးဖြစ်ပါတယ် ။ TIME ရဲ့ 2000 နှစ်အတွက် Wen's World အဖြစ် သတ်မှတ်ပြီး သြဇာကြီးသူ သတ်မှတ်တဲ့ အဆင့်မှာလည်း အိုဘားဗားရှေ့က နေရာယူထားသူဖြစ်ပါတယ် ။
ကမ်းဘဲလ်က ဝမ်ရဲ့ အရင်လာတယ်အတိုက်အခံခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး မြှောက်ပေးခဲ့တယ် ။ ဒါတွေဟာ စစ်အစိုးရအနေနဲ့ ဝမ်ကြားပေါင်လာချိန်မှာ တရုတ် နဲ့ နီးကပ်စွာ ဖက်ကင်းတလဲမဆက်ပါနဲ့ အဲလိုလုပ်ရင် ငါတို့အမေရိကန်တွေက တိုက်အခံ NLD ပါတီကို အားပေးမယ်လို့ ဖိအားပေး ခြိမ်းခြောက်တာပါ ။
ကမ်းဘဲလ်က ဘယ်လိုပဲ ခြိမ်းခြောက်နေပါစေ ဦးသန်းရွှေကတော့ အရေးလုပ် စဉ်းစားမနေပဲ သူလုပ်စရာရှိတာကို သူဘာသာ ခရီးရောက်အောင် စိတ်အေးလက်အေး ဆောင်ရွက်နေပါတယ် ။
အဲလို အေးဆေးနေရတာ အကြောင်းရှိပါတယ် ။ အညာသားကြီးရဲ့ကံဇာတာတက်ချင်တော့ သူ့အတွက် အမေရိကန်ကို အကြပ်ပြန်ကိုင်ရမယ့် ဘုရားပေးတဲ့ လက်ဆောင်ရထားပြီလေ ။
အဲဒါကတော့ အားလုံးသိထားတဲ့ အမေရိကန် ရေကူးချန်ပီယံ ဂျွန်ယက်တောပဲ ဖြစ်ပါတယ် ။ 4-5-2009 မှာ ယက်တောကြီးက အင်းယားကန်ထဲကနေ ဒေါ်စုကြည်ခြံထဲကို ရေကူးဝင်လာပါတယ် ။ အင်မတန်ပင်ပန်းလှတဲ့ အတွက် ၂ ညအိပ် ၃ ရက် အနားယူရပါတယ် ။
6-5-2009 မှာ ပြန်အထွက်မှာ အစောင့်တွေက ဖမ်းပါတော့တယ် ။ ယက်တောကို စစ်ဆေးတော့ ရူးချင်ယောင်ပြီး တောပြောတောင်ပြော ပြောနေပါတယ် ။ ထိုအချိန်က ယက်တောဟာ အသက် 52 နှစ် ဒေါ်စုကြည်က 60 ရှိပါပြီ ။
ဦးသန်းရွှေကတော့ ရူးချင်ယောင်ဆောင်နေတဲ့ ယက်တောကို ထောင် ၇ နှစ် အရူးကို ဖွက်ပေးထားတဲ့ ဒေါ်စုကြည်ကို တနှစ်ခွဲ အကျယ်ချုပ် နဲ့ နှပ်ထားလိုက်ပါတယ် ။
21-7-2009 မှာ ဟီလာရီကလင်တန်က အာဆီယံ အစည်းအဝေး မှာ မြန်မာစစ်အစ်ုးရအနေနဲ့ နျူကလီးယား နည်းပညာတွေ ရယူဖို့ လုပ်ဆောင်နေတာ ရပ်ဆိုင်းဖို့ မြောက်ကိုးရီးယားနဲ့ အဆက်အသွယ်မလုပ်ဖို့ ခြိမ်းခြောက်ပါတယ် ။
အမေရိကန်တွေဟာ တရုတ်နဲ့ မြန်မာဆက်ဆံရေးကို ကန့်သတ်ဖို့ ၊ နျူအကြောင်းပြဖိအားပေးဖို့ နဲ့ ဒေါ်စုကြည်ကို အကျယ်ချုပ်က လွှတ်ပေးပြီး လွှတ်တော်ထဲ သွင်းကာ အာဏာရစေဖို့ အကွက်ရွှေ့နေတာကို ဘရွှေကြီးက နားမလည်တဲ့ ပုံစံနဲ့ ထုံပေပေလုပ်ပြီး ဘာတခုမှ မတုန့်ပြန်ခဲ့ပါဘူး ။
အမေရိကန်တို့ဟာ တရုတ်ကို အနီးကပ်ထိမ်းချုပ်ဖို့ ဒေါ်စုကြည် အစိုးရ ဖြစ်မှ အဆင်ပြေမှာမို့ ဒေါ်စုကြည်ကို လွှတ်တော်ထဲ ရောက်ဖို့ ဖိအားပေးနေတာ သိနေတဲ့ ဦးသန်းရွှေဟာ သူ့အိတ်ထဲကဖား ဒေါ်စုကြည်ကို ဒီအတိုင်း ပဲ ကြည့်နေပါတယ် ။
ဦးသနိးရွှေ ဇာတာတက်ပြီး စိတ်တိုင်းကျ ကစားနိုင်ဖို့ ယက်တောဆိုတဲ့ အမေရိကန်ဖားကြီး ကားကနဲ ထပ်ရောက်လာတော့ ဘရွှေတို့ ပြုံပန်းဝေဆာ ဖြစ်ရလေပြီ ။
အမေရိကန် အစိုးရတိုင်းဟာ American is the first ဆိုတာကို အလွန်ဂုဏ်ယူကြလေ့ ရှိပါတယ် ။ အမေရိကန်နိုင်ငံသားတွေ အခြားဘယ်နိုင်ငံမှာပဲ ဒုက္ခရောက်နေပါစေ ကူညီပြီး အမေရိကန်ကို ပြန်ခေါ်ရမယ်ဆိုတဲ့ မူပေါ့ ။
ဒီတော့ ရေကူးချန်ပီယံကြီးကို ပြန်ရအောင်ခေါ်ဖို့ အမေရိကန် သမ္မတ အိုဘားမား ရဲ့ တာဝန်ဖြစ်သွားရပါပြီ ။ ဒီတော့ အမေရိကန်လွှတ်တော်မှာ သြဇာကြီးတဲ့ ဆီနိတ်တာ Jim Webb ကို မြန်မာပြည်လွှတ်ပြီး ထောင် ၇ နှစ် ကျနေတဲ့ ယက်တော လွတ်မြောက်ရေးအတွက် ကြိုးစားရပါပြီ ။
Jim Webb ဟာ 14-8-2009 မှာ ရောက်လာပြီး စစ်အစိုးရရဲ့ တွေရန်ခက်ခဲလှတဲ့ ခေါင်းဆောင် ဦးသန်းရွှေ နဲ့ တွေ့ခွင့်ရခဲ့တာ ထူးခြားမှု တခုပါပဲ ။ သူတို့ နှစ်ယောက်ဘာတွေ ဆွေးနွေးသဘောတူကြတယ် မသိပါဘူး Jim Webb ပြန်တော့ ထောင်ထဲက ယက်တောပါ ပါသွားလေရဲ့ ။
Jim Webb ဟာ 15-8-2009 မှာ ဒေါ်စုကြည်နဲ့ အင်းယားလိတ်ဟိုတယ်မှာ 45 မိနစ်ကြာ တွေ့ဆုံသွားရပါတယ် ။
18-8-2009 မှာ Jim Webb ဟာ ဘန်ကောက်လေဆိပ်မှာ သတင်းထောက်တွေကို " နေပြည်တော် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရတာ အောင်မြင်ကြောင်း နှင့် နအဖ အစိုးရရဲ့ အပြုသဘောဆောင်သည့် ဒီမိုကရေစီကြိုးပမ်းမှုများကို အသိအမှတ်ပြုပါကြောင်း " ထူးဆန်းစွာ ပြောသွားပါတယ် ။
ဘရွှေရဲ့ ဆွေးနွေးတောင်းဆိုမှုဟာ ဒါနဲ့ ရပ်မသွားပါဘူး ။ အမေရိကန်လွှတ်တော်မှာ ဥပဒေသစ် ၃ ခု ပြဌာန်းအတည်ပြုအောင် အဆိုတင်သွင်းခဲ့တဲ့ သြဇာကြီး အမတ် Jim Webb ဟာ 25-8-2009 မှာ နယူးရော့တိုင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော် မှာ
" ကျွနုပ်တို့ လျစ်လျူမရှုနိုင်တော့သည့် မြန်မာ"
ဆိုတဲ့ ခေါင်းစဉ်နဲ့
"မြန်မာအားဒီအတိုင်းပစ်ပယ်ထားပါက တရုတ်ဖက်သို့ ပိုမိုနီးကပ်သွားပြီး တရုတ်၏ သြဇာခံဖြစ်သွားမည်ဖြစ်ရာ ဒေသတွင်းတည်ငြိမ်ရေး တဖက်စောင်းနင်းဖြစ်ကာ အန္တရာယ်များပါကြောင်းနှင့် အတိုက်အခံပါတီအပေါ် စစ်ခေါင်းဆောင်များက လိုလားနှစ်သက်မှု မရှိသလို တရုတ်ကလည်း အလားတူ သဘောထားနေပါကြောင်း " ရေးသားခဲ့ပါတယ် ။
{ သူဆိုလိုတာကတော့ စစ်အစိုးရကို တရုတ်ဖက် ရောက်မသွားစေရန် အမေရိကန်က ကူညီစေဖို့ နဲ့ စစ်အစိုးရ မနှစ်သက်တဲ့ အတိုက်အခံကို မထောက်ပံ့တော့ဖို့ ပြောတာပါပဲ}
အဲဒီလို Jim Webb ရဲ့ တိုက်တွန်းမှုကတကြောင်း အမေရိကန်ရဲ့ Pivotal diplomacy အရ လည်းကောင်း အိုဘားမားရဲ့ အစိုးရဟာ မြန်မာအပေါ် သဘောထား ပျော့ပျောင်းစွာနဲ့ ညင်သာစွာ ချည်းကပ်ဖို့ မူဝါဒ ပြောင်းရပါတော့တယ် ။
ဒီနေရာမှာ အမေရိကန်တွေက pivotal သုံးဖို့ ကြံစည်အကွက်ပြောင်းတုန်း ရှိပါသေးတယ် ။ အညာသားကြီးက အဲဒီ Povital ကို Jim Webb နဲ့ တွေ့ဆုံ ဆွေးနွေးချိန်မှာပဲ သုံးခဲ့ပြီး ဖြစ်ကြောင်း တွေ့ရပါတယ် ။
ဦးသန်းရွှေဟာ ယက်တော ၊ ဒေါ်စုကြည် နဲ့ မြောက်ကိုရီးယား နျူတွေကို Povit ထားပြီး နိုင်ငံရေးကစားသွားလို့သာ သူလိုချင်တဲ့ စစ်တပိုင်း အစိုးရကို ၂၀၁၀ မှာ ဒေါ်စုကြည်မပါပဲ အနှောက်အယှက်မရှိ သာသာယာယာ ဖွဲ့စည်းပေးနိုင်ခဲ့တာပါ ။
ဦးသန်းရွှေအတွက် အမေရိကန်ဆီက ဒေါ်စုကြည်နဲ့ ပါတ်သပ်တဲ့ ဖိအားတွေကို ဖယ်ရှားပြီးနောက် အရေးကြီးတဲ့ ကိစ္စတခု ဆုံးဖြတ်ရပါတော့မယ် ။ အဲဒါကတော့ သူနားပြီးတဲ့ နောက်မှာ တပ်မတော်ကို ဘယ်သူ့လက်ထဲ စိတ်ချလက်ချ အပ်ထားရမလဲဆိုတဲ့ ပြဿနာပါပဲ ။
သာမန်အားဖြင့် ဒု ချုပ်ကို လွှဲအပ်ရမှာ ဖြစ်ပေမယ့် ဦးသန်းရွှေက အရက်အလွန်အကျွံသောက်တတ်တဲ့ ဦးမောင်အေးကို စိတ်မချပါဘူး ။ ဒါကြောင့် သူနဲ့ အတူနားစေဖို့ ဆုံဖြတ်ထားပြီး အခြားဆက်ခံသူရှာနေတာပါ ။
ပထမတော့ နံပါတ် ၃ သူရရွှေမန်းကို လျှာထားခဲ့ပုံပါပဲ ။ နီးစပ်သူအသိုင်းအဝိုင်းများက ပြောဆိုနေကြပေမယ့် ဦးသန်းရွှေနှုတ်ကတော့ တခါမှ မပြောဖူးဘူးလို့ ကြားသိရပါတယ် ။ အဲဒီလျှာထားမှုဟာ တရားဝင်ဟုတ်ပေမယ့် ပယ်ဖျက်မှုကတော့တရားဝင်ဖြစ်သွားပါတယ် ။
2009 မေလ မှာ သူရရွှေမန်းရဲ့ ပြုံယမ်းခရီးစဉ် ပေါက်ကြားမှုကြီးကြောင့် နိုင်ငံတကာမှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံခဲ့သူ အဖြစ် အမည်ပျက်နေလို့ သူရရွှေမန်းသာ တပ်ချုပ်ခန့်လိုက်လျှင် မကြာခင် ကျင်းပပေးမယ့် ရွေးကောက်ပွဲ မှာ အယုံအကြည်နည်းသွားလိမ့်မယ် လို့ အကြောင်းပြပါတယ် ။
နောက်တချက်က ဦးရွှေမန်း သားဟာ ဦးခင်ရွှေ သမီးနဲ့ လက်ထပ်ပြီး စီးပွါးရေးအုပ်စုတွေ ထူထောင်ကာ သောင်းကျန်းနေလို့ သူရရွှေမန်းသာ တပ်ချုပ်ဖြစ်သွားရင် တိုင်းပြည်ရော တပ်မတော်ရော အပျက်ဖက် ဦးတည်သွားနိုင်တယ်လို့ ယူဆတာလည်း ပါနေပြန်ပါတယ် ။
( ပြုံယမ်းခရီးစဉ် ပေါက်ကြားမှု မဖြစ်ခဲ့လျှင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်)
ဦးသန်းရွှေဟာ တပ်ချုပ်လောင်းလျှာ စာရင်းတွေယူပြီး စစ်ရုံးသို့ခေါ်ပြီး သူကိုယ်တိုင်တာဝန်ပေးကာ အနီးကပ်စောင့်ကြည့် လေ့လာအကဲခတ်ပါတယ် ။
တစ်နှစ်လောက်ကြာမှ တပ်ချုပ်လောင်းစာရင်းထဲက ရခတ တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်ကို လျှာထားအတည်ပြုကြောင်း စာရင်းထွက်လာပါတယ် ။
လျှာထားအတည်ပြုစာရင်းထွက်လာခါရှိသေးတယ် တိုင်းမှူးတွေ နဲ့ ကွပ်ကွဲမှုမှူး များဟာ ဗိုလ်ချုပ်မြင့်အောင်ထံ အလုအယက် ဂါကြရာ ဦးသန်းရွှေသိသွားပြီး စိတ်ဆိုး၍ ပယ်ဖျက်လိုက်ပါတယ် ။
ပြီးတော့ ချွေးသိပ်တဲ့အနေနဲ့ အစိုးရသစ်မှာ ကာကွယ်ရေးဝန်ကြီး ခန့်မယ်လို့ ပြောခဲ့ပေမယ့် ဗိုလ်ချုပ်မြင့်အောင်က လက်မခံပဲ တပ်ကနေ အပြီးထွက်သွားခဲ့ပါတယ် ။
အဲဒီနောက် ဘယ်သူမှ ထင်မှတ်မထားတဲ့ တတိယမျိုးဆက် အရာရှိ ဗိုလ်ချုပ်မင်းအောင်လှိုင်ကို စီနီယာများအား ကျော်လွန်၍ တပ်ချုပ်ကြီး အဖြစ် လျာထားအတည်ပြုလိုက်ပါတယ် ။
ဦးသန်းရွှေဟာ ရွေးကောက်ပွဲနီးလာလေ အလု့ပ်ပိုလုပ်လေ ဖြစ်နေပါတယ် ။ ပြည်ပခရီး ထွက်ခဲလှသော ဦးသန်းရွှေဟာ တရုတ် မြန်မာ သံဆက်သွယ်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ 4-9-2010 ကနေ 7-9-2010 ထိ ၄ ကြာခရီးကို ထွက်ခွါလာခဲ့ပါတယ် ။
တကယ်တန်းကျတော့ တရုတ်သမ္မတ ဟူကျင်းတောင်နဲ့ လာတွေ့တာပါ ။ ဦးသန်းရွှေနဲ့အတူ ဗိုလ်ချုပ်မင်းအောင်လှိုင်လည်း ပါခဲ့ပါတယ် ။ သူကိုယ်တိုင် တရုတ်ကို လာရတဲ့ အကြောင်းက
- ရွေးကောက်ပွဲကို တရုတ်က အသိအမှတ်ပြု ထောက်ခံပေးဖို့
- တရုတ်မြန်မာ နယ်စပ်ရှိ လက်နက်ကိုင်တွေအရေးကို ညှိနှိုင်းဖြေရှင်းပေးရတော့မယ့် တပ်ချုပ်အသစ် ကို တရုတ်သမ္မတနဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်ပါတယ် ။ ဦးသန်းရွှေ အကြောင်းသိနေတဲ့ CNN သတင်းဌာနကတော့ "မြန်မာခေါင်းဆောင် တရုတ်ထံက ဘာလိုချင်သလဲ" ဘာညာ နဲ့ ကလိပါသေးတယ် ။
အပြန်ခရီးမှာ ဝမ်ကြားပေါင်က ပါတီ နဲ့ အစိုးရ ပူးတွဲချိတ်ဆက်မှုဟာ အရေးကြီးကြောင်း အကြံပေးပါတယ် ။ ကဲ ဦးသန်းရွှေ တယောက် 2010 ရွေးကောက်ပွဲကို ဘယ်လို လုပ်ပေးမလဲ ? ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ စီနီယာတွေကို ဘယ်လိုထိမ်းမလဲ ဆိုတာကတော့ ,,,,,,,,,,,,,,,,,,,,,?
ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ် သို့ (10)
ဦးသန်းရွှေ တရုတ်ပြည်ကို ကိုယ်တိုင်သွားပြီး ဘာတွေ ပြောခဲ့သလဲဆိုတော့ ဒေါ်စုကြည်ဟာ အနောက်အုပ်စုထောက်ပံ့ပေးနေတဲ့ အနောက်ယိမ်းဒီမိုသမား ဖြစ်ကြောင်း ၊ အကယ်၍ သူမသာ 2010 မှာ အာဏာရသွားခဲ့လျှင် တရုတ်ရဲ့ အနောက်တံခါး လှေခါးခုံမှာ ဒီမိုအုပ်စုကြီး ရောက်လာပြီး တရုတ်ကို အနီးကပ်စောင့်ကြည့်နေတော့မည် ဖြစ်ကြောင်း ၊ ဒါကြောင့် 2010 မှာ သူ့ရဲ့ စစ်တပိုင်းအစိုးရ အာဏာရရန် အရေးကြီးကြောင်း နဲ့ သူ့တို့ကို တရုတ်က 2010 ရွေးကောက်ပွဲမှာ ထောက်ခံပေးဖို့ လိုကြောင်း တရုတ်ကို ဒီမိုသရဲ နဲ့ ခြိမ်းခြောက်ပါတယ် ။
အဲဒါကြောင့် တရုတ်အစိုးရ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး ဂျန်ယု က
"စစ်အစိုးရ ပြုတ်ကျသွားလျှင် တိုင်းပြည်ရဲ့တံခါးပေါက်လှေခါးခုံမှာ အနောက်ကို မှီမယ့် ဒီမိုကရေစီ အစိုးရကို အစားထိုးမလား ဘာလား ဆိုတာ တရုတ်ခေါင်းဆောင်တွေကြား တိတိကျကျမရှိသေးပါဘူး "
ဆိုပြီး သံတမန်စကား နဲ့ ဦးသန်းရွှေကို ထောက်ခံလိုက်ပါတယ် ။ ဒီလိုနဲ့ ဦးသန်းရွှေဟာ တရုတ်ကို ဒီမိုသရဲနဲ့ခြောက်လိုက် ၊ ရေနံပိုက်လိုင်း စီမံကိန်း ၊ လက်ပန်းတောင် စီမံကိန်း ၊ မြစ်ဆုံစီမံကိန်းတွေ နဲ့ ချော့လိုက်နဲ့ ဆွဲဆောင်လိုက်တာ တရုတ်အစိုးရက 2010 ရွေးကောက်ပွဲကို ထောက်ခံပေးမယ်လို့ ကတိပြုလိုက်ရပါတော့တယ် ။
ဦးသန်းရွှေဟာ အမေရိကန်ကိုလည်း ရေကူးချန်ပီယံ ဖားကြီး ၊ မြောက်ကြီးရဲ့ နျူတွေ နဲ့ ဂျင်းထဲ့ပြီး Jim Webb ကနေတဆင့် ခါးပိုက်ထဲ ထည့်ထားနိုင်ပြီဆိုတော့ ရှေ့သွားရမယ့်လမ်း ဖြောင့်တန်းသွားပေပြီ ။
ဦးသန်းရွှေဟာ 2010 ရွေးကောက်ပွဲကနေ တက်လာမယ့် စစ်တပိုင်းအစိုးရသည်
သူခင်းတဲ့လမ်းအတိုင်း လျှောက်လှမ်းရန် ၊ နိုင်ငံတကာကလည်း လေးစားအသိအမှတ်ပြုရန် ၊ ဒီမိုကရေစီစနစ်ကိုလည်း အမှန်အကန် ဖော်ဆောင်နိုင်ရန် ရည်မှန်းပြီး လုပ်ဆောင်နေပါတယ် ။
သူဟာ ထင်မထားအောင် လည်လွန်းသူဖြစ်ပြီး အနောက်အုပ်စုက ကြောင်လက်သည်း လို့ အမည်ပေးရလောက်အောင် ခန့်မှန်းရခက်လှပါတယ် ။ ကမ္ဘာလှည့်ပြီး လူလည်ကျနေတဲ့ အမေရိကန်တွေတောင် ထူထူပိန်းပိန်း အညာသားပုံစံနဲ့ ဦးသန်းရွှေရဲ့ လှည့်ကွက်တွေမှာ ဒီမိုကရေစီတိုက်ကွက် ပျောက်အောင် လုပ်နိုင်ခဲ့ပါတယ် ။
အခုတော့ အမေရိကန်ရော တရုတ်ကိုပါ စည်းရုံးထားနိုင်ပြီ ဖြစ်လို့ နိုင်ငံရေးကစားကွက်ကို သူစိတ်ချသွားပါပြီ ။ သူတကယ်စိတ်မအေးသေးတာက 3 rd generation ဗိုလ်ချုပ်မင်းအောင်လှိုင် ( DSA 19) အား တပ်ချုပ် ခန့်ထားခြင်းအပေါ် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ပါပဲ ။
သူ့တုန်းကလည်း အလိုပဲ စီနီယာဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းကြည်တို့ ဗိုလ်ချုပ်ကျော်ဘတို့ နဲ့ ဖြစ်ခဲ့ဖူးလို့ အခု အဲလိုမဖြစ်အောင် စီစဉ်ပါတယ် ။
စီနီယာ ဗိုလ်ချုပ်ကြီး ၈ ဦးကို တပ်ကနေအနားပေးလိုက်ပါတယ် ။ သူရရွှေမန်း နဲ့ ရှစ်လုံးကြီးကို ပါတီဖက် ရွှေ့လိုက်ပါတယ် ။ အဲလိုနဲ့ တပ်ဖက်ကို စိတ်ချအောင် စီစဉ်ပေးပြီးမှ ပါတီဖက် ပြန်လှည့်နိုင်ပါတော့တယ် ။
ဦးသန်းရွှေဟာ ကြံ့ခိုင်ရေးပါတီ ထူထောင်ထားပေမယ့် သူအဓိကထားတာ တပ်ပဲဖြစ်ခဲ့ပါတယ် ။ ပါတီကို မည်ကာမတ္တဆင့်ပဲ လုပ်ခဲ့တာပါ ။ သူဟာ မဆလ ခေတ်တုန်းက Politician ဖြစ်ခဲ့ပေမယ့် ၈၈ မှာ သန်းနဲ့ချီတဲ့ ပါတီဝင်တွေရဲ့ ဖောက်ပြန်မှု ကိုယ်ကျိုးကြည့်မှုကြောင့် ပါတီ တို့ ကေဒါတို့ဆို မကြားချင်လောက်အောင် မုန်းတီသူဖြစ်ပါတယ် ။
ဒါပေမယ့် စစ်ဖက်ရော နိုင်ငံရေးရော နားဖို့ ဆုံးဖြတ်ထားတော့ ပါတီ နဲ့ အစိုးရအဖွဲ့မှာ နေရာပေးဖို့ သူဆုံးဖြတ်ရပါပြီ ။ ဦးရွှေမန်းဟာ တပ်ချုပ်မဖြစ်ရလို့ မကျေမနပ်ဖြစ်နေပြီး အစိုးရဖွဲ့လျှင် သမ္မတနေရာ မှန်းထားမှန်း ဦးသန်းရွှေ ကောင်းစွာ သိပါတယ် ။
လူသည်ဖောက်ပြန်တတ်သော သဘော ရှိတယ်ဆိုတဲ့ အညမည သဘောတရားကို ဦးသန်းရွှေသိပါတယ် ။ တပ်ချုပ်နေရာမရလို့ မကျေနပ်တဲ့သူကို နိုင်ငံရေးပါဝါ အမြင့်ဆုံး သမ္မတနေရာ ပေးလိုက်ရင် သူ့ရဲ့ တပ်ချုပ်အသစ်လေး နဲ့ ပွတ်တိုက်မှုတွေဖြစ်ပြီး သမ္မတကို သူမထိမ်းနိုင်ရင် တိုင်းပြည်နစ်နာမှာ တွေးမိလို့ ပယ်ချခဲ့ပြန်ပါတယ် ။
မကျေမနပ် ဖြစ်နေမယ့် ဦးရွှေမန်းအတွက် အသင့်တော်ဆုံးကတော့ သမ္မတကို ထိမ်းချုပ်စောင့်ကြည့်နိုင်မယ့် လွှတ်တော်ဥက္ကဌ ရာထူးက သင့်တော်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ။
ထို့နောက် သမ္မတအဖြစ် စာတတ်ပေတတ် ရဟန်းလူထွက် လူရိုးကြီးရဲ့ သားဖြစ်သူ ၊ သားသမီးတွေထဲမှာလည်း စီးပွါးရေးလုပ်ငန်းမလုပ်တဲ့သူ ၊ ကိုယ်တိုင်လည်း လောဘရမ္မက်နည်းပြီး နုညံ့သိမ်မွှေ့ ရိုးသားလှတဲ့ ဦးသိန်းစိန်ကို ရွှေးချယ်ပါတယ် ။
ပြီးတော့မှ တပ်ချုပ်အသစ် သမ္မတအသစ် လွှတ်တော်ဥက္ကဌအသစ်တို့ရဲ့ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ပွတ်တိုက်မှုတွေကို ထိမ်းညှိပေးနိုင်မယ့် အမျိုးသားလွှတ်တော် ဥက္ကဌနေရာမှာ သူနဲ့ သဘောထားခြင်း တိုက်ဆိုင်တူညီတဲ့ ဦးခင်အောင်မြင့်ကို ခန့်ထားလိုက်ပါတယ် ။
ထို့နောက် UEC ဥက္ကဌအဖြစ် ဦးသိန်းစိုးအား တာဝန်ပေးပြီး 2010 ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပပေးပြီး အစိုးရ သစ်ထံ ညင်သာစွာ အာဏာလွှဲပြောင်းပေးခဲ့ပြီး စိတိအေးလက်လေး နဲ့ အညာသားကြီး စာအုပ်ဖတ်နေနိုင်ပြီ ဖြစ်ပါတယ် ။
နှစ်ပေါင်းများစွာ ပွတ်တိုက်မှုများခဲ့ရတဲ့ NLD ကို အာဏာချက်ခြင်း လွှဲပြောင်းပေးခဲ့ရရင် ညင်သာတဲ့ အရွှေ့မဖြစ်ပဲ တိုင်းပြည်အတွက် မုန်တိုင်းထန်နိုင်ပါတယ် ။
2011 မှာ အာဏာရယူခဲ့တဲ့ ဦးသိန်းစိန်ဟာ ပြည်တွင်းပြည်ပ ဖိအားများကြောင့် မြစ်ဆုံ စီမံကိန်းကို ရပ်တံ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ဒီလုပ်ရပ်ကြောင့် ပြည်တွင်းထောက်ခံမှု ရခဲ့ပေမယ့် ဘေးထွက်ဆိုကျိုးတွေ တသီကြီး တွေ့လာရပါပြီ ။
မြစ်ဆုံနားတော့ CPI ကလည်း တရုတ်အစိုးရကို ဘဏ်တိုးဆိုင်ငံ့ဖို့ပြော ၊ တရုတ်အစိုးရက လည်း ပြန်လုပ်ဖို့ ဂျီကြနဲ့ အမျိုးမျိုးကြိုးစားပေမယ့် ဦးသိန်းစိန်က သူ့သက်တမ်းမှာ မလုပ်နိုင်ဘူးလို့ ပြတ်သားစွာ ပြောလိုက်ပါတယ် ။
ဒီတေါ့ တရုတ်က ပထမဆုံး နယ်စပ်ကနေ ဆန်ဝယ်ခွင့်ပိတ်လိုက်ပါတယ် ၊ နောက် တရုတ်ထဲခိုးဝင်နေတဲ့ မြန်မာတွေကို ဖမ်းပြီးထောင်ချတယ် ။ နောက်ဆုံးအဆင့် သူပုန်တွေကို နောက်ဆုံးပေါ်လက်နက်တွေ တပ်ဆင်ပေးပြီး တိုက်ခိုင်းပါတယ် ။
တိုက်ပွဲအစ ပထမ သုံးလ မှာပဲ တပ်မတော်ဖက်က 126 ယောက်ကျဆုံးပြီး 359 ယောက် ဒဏ်ရာရခဲ့ ပါတယ် ။ သူတို့ဖက်က ထုတ်ပြန်တာတော့ သူပုန်တွေ 90 ကျပြီး 200 ဒဏ်ရာရသတဲ့ ။
ဖြစ်စဉ်ကို ပြန်သုံးသပ်တော့ လက်နက်ငယ် စွမ်းရည် ကွာနေပါတယ် ။ အထူးသဖြင့် SINIPER တွေကြောင့် အကျအဆုံးများခဲ့ရတာ တွေ့ရပါတယ် ။ ထိုအချိန်က မြန်မာ့တပ်မတော်မှာ Siniper မသုံးသေးပါဘူး ။ ဒါကြောင့် ဗွေဆော်ဦး ကာလတွေမှာ KIA MNDAA တို့နဲ့ တိုက်လိုက်တိုင်း အကျအဆုံးများခဲ့ရတာပါ ။
2009 လောက်ကိုင်တိုက်ပွဲတုန်းက ၂၇ ရက်အတွင်း ချေမှုံးနိုင်ခဲ့ပေမယ့် ယခုတော့ ပြောင်းပြန်ဖြစ်ရလေပြီ ။ အဓိကဇစ်မြစ်ကတော့ တရုတ်အစိုးရရဲ့ ကြီးမားသော အထောက်အပံ့တွေကြောက့်ပါပဲ ။
အဲဒီချိန်မှာ MNDAA တို့ ကံဆိုးပြီး ဦးသိန်းစိန် ကံကောင်းစေမယ့် ကိစ္စတခု ဖြစ်လာပါတယ် ။ အဲဒါကတော့ ဝိုင်းမော်နယ်ထဲက သစ်ခိုးထုတ်နေတဲ့ တရုတ် ၁၅၀ နဲ့ ယာဉ် ယန္တယား ၄၅၅ စီးဖမ်းမိတာပါပဲ ။
တရုတ်အစိုးရက လွှတ်ပေးဖို့ တောင်းဆိုပေမယ့် ဦးသိန်းစိန်အစိုးရက တရုတ်တွေကို ၂ ဦးကလွဲပြီး ကျန်သူအားလုံး ထောင်တစ်သက်ချပစ်ပါတယ် ။ ဒီတော့ တရုတ်တွေလည်း ပျာယာခတ်သွားပါပြီ ။ နာမည်ဆိုးနဲ့ကျော်ကြာနေတဲ့ မြန်မာအကျဉ်းထောင်တွေမှာ ဒီတရုတ်တွေ သေဖို့ပဲ ရှိတယ်ပေါ့ ။
ဒီတေါ့ တရုတ်အစိုးရကလည်း ဦးသိန်းစိန်ကို အပေးအယူလုပ်ပြီး ညှိနှိုင်းရပါပြီ ။ ဒါလိုချင်လို့ တမင် ထောင်တသက် ချပစ်ထားတဲ့ ဦးသိန်းစိန်က
- နယ်စပ်ဆန်အဝယ်ပြန်ဖွင့်ရန်
- တရုတ်ပြည်တွင်း၌ ဖမ်းထားသော မြန်မာများအား ပြန်လွှတ်ပေးရန်
- MNDAA အားထောက်ပံ့နေသော ငွေကြေး လက်နက် လူသူတို့ကို ဖြတ်တောက်ပေးရန် ဆိုပြီး တောင်းဆိုပါတယ် ။
တရုတ်တွေဟာ မူမနေနိုင်ပဲ အားလုံးလိုက်လျှောပေးပြီး MNDAA ရဲ့ ဘဏ်စာရင်းများကိုပါ ပိတ်ပေးခြင်းဖြင် MNDAA ဟာ တမ်မတော်ထိုးစစ်အောက်မှာ ကျဆုံးသွားရပါတယ် ။ ဦးသိန်းစိန်လည်း တရုတ်တွေကို ၈ ရက်နဲ့ လွှတ်ပေးလိုက်ပါတယ် ။
အဲဒီလို အကြောင်းရင်းကို မသိပဲ တရုတ်သစ်သူခိုးတွေကို ၈ ရက်နဲ့ လွှတ်ပေးခြင်းအား ယနေ့ထိ နိုင်ငံရေးတိုက်ကွက်အဖြစ် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ် ။
အဲဒီနောက် မြန်မာ့တပ်မတော်ဟာ ခြေလျှင်တပ်သုံးလက်နက်ငယ်တွေကို အဆင့်မြှင့်ပေးဖို့ လုပ်ဆောင်ပါတော့တယ် ။ တရုတ်ပစ္စည်းများ လုံးဝမသုံးတော့ပဲ ရုရှား ၊ ယူကရိန်း ၊ မြောက်ကိုးရီးယား ၊ ဘရာဇီး ၊ အိန္ဒိယ ၊ ယူဂို အစရှိသဖြင့် ရတတ်သရွှေ့ နောက်ဆုံးပေါ် လက်နက်တွေ ဖြည့်ဆီးပေးခဲ့ပါတယ် ။
အထူးသဖြင့် တရုတ် siniper များထက် သာလွန်ကောင်းမွန်သော siniper များတပ်ဆင်ထားတဲ့ siniper တပ်ဖွဲ့တွေ ဖွဲ့စည်းခဲ့ပါတယ် ။ တပ်မတော်ဟာ ခေတ်မှီလက်နက်များ တပ်ဆင်နိုင်ပေမယ့် တပ်သားသစ်စုဆောင်းရာမှာ အခက်တွေ့နေတယ်လို့ ကြားရပါတယ် ။
19-11-2012 မှာ အိုဘားမားလာတော့ ဦးသိန်းစိန်ဟာ "မြန်မာပြည်သူသန်း ၅၀ ကျော်အတွက် ဒီမိုကရေစီရေးအား ကျနော်အမြဲမျက်နှာမူနေပါတယ် "လို့ပြောလိုက်ပါတယ် ။ ဒေါ်စုကြည်ကို 2012 ကြားဖြတ်မှာပဲ လွှတ်တော်ထဲရောက်အောင်ခေါ်နိုင်ခဲ့တာ ခိုင်မာတဲ့ သာဓကပါပဲ ။
ဒီနေရာမှာ ဦးသန်းရွှေ တည်ဆောက်ခဲ့တဲ့ လမ်းတံတား ၊ ဆည်မြောင်း ၊ ကျောင်းဆေးရုံ ၊ ရေအားလျှပ်စစ်စက်ရုံ အစရှိတဲ့ များပြားလှတဲ့ အခြေခံဆောက်အဦးတွေ ၊ ကာကွယ်ရေး အတွက် လှို့ဝှက်လှိုဏ်ခေါင်းပေါင်း ရာပေါင်းများစွာ တူးဖော်ခြင်း ၊ မြေအောက်ကာကွယ်ရေးစက်ရုံများတည်ဆောက်ခြင်း ၊ ထိုင်း နဲ့ ဘင်္ဂလားသို့ ပစ်ခတ်ချေမှုံးနိူင်သည့် တာတို တာလတ်ပစ် IRBM များ ဝယ်ယူခြင်း ၊ နျူစီမံကိန်း အတွက်ကုန်ကျခြင်း အစရှိတဲ့ လုပ်ငန်းတွေ အပြင် ရန်ကုန် မန္တလေး အမြန်လမ်း ၊ နေပြည်တော် လွှတ်တော် အစရှိတဲ့ တည်ဆောက်မှု အကြီးကြီးတွေ အတွက် ဦးသန်းရွှေ ငွေတွေ ဘယ်လိုရှာခဲ့ပါသလဲ ။
ထင်ထင်ရှားရှား သိခဲ့ရတာကတော့ သဘာဓာတ်ငွေ့ လုပ်ငန်းကနေ အများအပြားရရှိခဲ့ပါတယ် ။ ၁၉၉၅ မှာ စမ်းသပ်ပြီး ၁၉၉၈ မှာ ထုတ်လုပ်ခဲ့တဲ့ လုပ်ငန်းကနေ အစိုးရက 15 % အချိုးကျရရှိခဲ့ပါတယ် ။ 2001 မှ 2006 အထိ US$ 9 ဘီလီယံခန့် သဘာဝဓါငွေ့ကနေ ရခဲ့ပါတယ် ။
အဲဒီကာလတွေက လှို့ဝှက်လှိုဏ်တွေနဲ့ နျူကိစ္စတွေအတွက် ပြုံယမ်းနဲ့ ကျိတ်ပြီး ခိုးလုပ်နေရပါတယ် ။ အဲဒီ MOGE က တရားဝင် ရထားတဲ့ ဒေါ်လာ ၉ ဘီလီယံကို ရသုံးစာရင်းမှာ မှန်တိုင်း ဖော်ပြလိုက်ရင် လှို့ဝှက်လက်နက်ဝယ်တဲ့ ကိစ္စပေါ်သွားနိုင်ပါတယ် ။ ( ငွေသုံးစာရင်းကို ကြည့်ပြီး ဘာလက်နက်တွေဝယ်တယ်ဆိုတာ ခန့်မှန်းကြမည်စိုးရိမ်လို့ပါ )
အဲဒါနဲ့ MOGE ကနေရတဲ့ ဖုံးဖိမရတဲ့ ဝင်ငွေကို ဗဟိုဘဏ် ၌ တဒေါ်လာလျှင် ရိ / နှုံးဖြင့် ဖလှယ်၍ သုံးစွဲပစ်ကြောင်း လိမ်ခဲ့ရပါတယ် ။ အဲဒါကိုလည်း ယခုထိ တိုက်ခိုက်နေဆဲပါပဲ ။
ယနေ့ နားမလည်သူတွေပြောနေတဲ့တပ်မတော်က MEC ထောင်ပြီး စီးပွါးရေး လုပ်နေတယ် ဆိုတဲ့ ကိစ္စကို လေ့လာကြည့်ပါ ။ တပ်မတော်ဟာ နိုင်ငံကာကွယ်ရေးအတွက် ရေရှည်စီမံကိန်းတွေအမြောက်အများ ရေးဆွဲ လုပ်ကိုင်နေရပါတယ်။
ဒီမိုကရေစီ အစိုးရများဟာ ဘက်ဂျက်ဖြက်တောက်လိုက်မယ်ဆိုရင် ဒီလုပ်ငန်းတွေ ရပ်တံ့သွားနိုင်ပါတယ် ။ အဲလို အခြေအနေ နဲ့ မကြုံစေရန် ကြိုတင် ပြင်ဆင်ထားတာပါ ။ ဒါတွေကြောင့်လည်း တပ်မတော်ဟာ အင်အားတည်ဆောက်ခြင်းကို အရှိန်မပျက်ဆက်လက်ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ် ။
ခေတ်မှီ ဂျက်တိုက်လေယာဉ်အသစ်များ ၊ ဖရီးဂိတ်သင်္ဘောများတည်ဆောက်ခြင်း ၊ မစ်ဇိုင်းများ ဝယ်ယူခြင်း ထုတ်လုပ်ခြင်း တွေကို တွေ့မြင်နေရတာ တပ်မတော်ရဲ့ အမျှော်အမြင်ပါပဲ ။
ယခု နှစ်လယ်ကမှ တရုတ်ရဲ့ နောက်ဆုံးထုတ် SRBM SY 400 တာတိုပစ်တွေ ဝယ်ခဲ့ပါတယ် ။ ဘယ်သူ့အတွက်လည်း တွေးကြည့်ပါ ။ ဒါမျိုးတွေ ဖြည့်ဆီးနိုင်ဖို့ တည်ထောင်ထားတဲ့ MEC ကို အထင်မလွဲသက့်ပါဘူး ။
ယနေ့တပ်မတော်ရဲ့ အနေအထားဟာ ဘရွှေလက်ထက်ကထက် အများကြီး တိုးတက်နေတာ သေချာပါတယ် ။ အဲလိုတိုးတက်မှုကို လေးစားသလို ဖြစ်ရပ်မှန်တခုကို ပြောပြချင်ပါတယ် ။
ယနေ့လူငယ်သိပ္ပံရှင်ကို အင်တာဗျူးတော့
"ခင်ဗျားတို့လူငယ်တွေက အိုင်းစတိုင်းထက်ပိုတော်တယ် သူမတီထွင်နိုင်တာတွေ ခင်ဗျားတို့ တီထွင်နိုင်ခဲ့တယ်" လို့ ပြောတော့
"အဲလို မပြောပါနဲ့ အိုင်းစတိုင်းက သူ့တွေ့ရှိချက်သီအိုရီတွေနဲ့ သူ့ပုခုံးပေါ်မှာ ကျုပ်တို့ကို ကြည့်ခွင့်ပေးလိုက်လို့ ကျုပ်တို့က သူ့ထက်ပိုပြီး မြင့်မြင်းကနေ ဝေးဝေးထိ မြင်နေရတာပါ " လို့ ဖြေခဲ့ပါတယ် ။
ယနေ့ ကမ္ဘာ့အဆင့် ဘယ်လောက်ကွဆိုပြီး ရင်ကော့ပြောနိုင်တဲ့ မြန်မာ့တပ်မတော်အတွက် ပခုံးပေါ်ထမ်းပေးခဲ့တဲ့ ဦးသန်းရွှေ ၊ ဦးသန်းရွှေအား ပခုံးပေါ်ထမ်းပေးခဲ့တဲ့ ဦးနေဝင်းတို့ ရဲ့ ကျေးဇူးတရားများအား ထာဝရတန်ဖိုးထားသော မြင့်မြတ်သည့် မြန်မာ့တပ်မတော် အဖြစ် အမြဲတမ်းအောင်လံလွှင့်ထူနေရမယ်လို့ ယုံကြည်လေးစား အားကိုးနေပါတယ် ။
မှတ်ချက် ။ ။ အားလုံးသိချင်နေတဲ့ မြန်မာမှာ နျူရှိပြီလားဆိုတဲ့ မေးခွန်းအတွက် ကိုယ်ဘာသာ စဉ်းစားနိုင်ဖို့ ပြောပြပါ့မယ် ။
ခင်ဗျားတို့ဟာ အုန်းသီးကို အလွန်အမင်း စားချင်နေပါတယ် ။ အုန်းသီးအမြဲရဖို့ အုန်းခြံလည်းစိုက်ဖို့ ငွေကြေးကအစ အခြေအနေ အားလုံးပြည့်စုံနေပါပြီ ။ ကဲ မိတ်ဆွေတို့ အရမ်းစားချင် နေတဲ့ အုန်းသီးကို ဝယ်စားလို့လည်း ရနေပါလျှက် မိတ်ဆွေက ကိုယ်စိုက်တဲ့ အုန်းပင်က သီးမှ စားမယ်ဆိုပြီး စောင့်နေမလား အရင်ဦးဆုံး ဝယ်စားထားမလား တွေးကြည့်ပါ ။ 😁😁😁😁😁
စိတ်ရှည်သည်းခံပြီး ဖတ်ရှုအားပေးကြသော မိတ်ဆွေများ ချမ်းမြေ့သာယာပါစေဗျာ ။
( မူရင်းရေးသားသည့်အတိုင်းကူးယူဖော်ပြခြင်းဖြစ်ပြီး မိမိတို.သီးခြားထင်မြင်ချက် ၊ အယူအဆ ၊ အချက်အလက် နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းများ လုံးဝမပါဝင်ပါ )
မူရင်းရေးသားသူ - မျိုးဝင်း
Related ;
ပြုံယမ်း မွ နျေပည်တော်၏ အနာဂါတ်သို့ ( 1/2 ) - မိုးဝင်း ၊ ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( 1/2 ) - မျိုးဝင်း
ပြုံယမ်း မွ နျေပည်တော်၏ အနာဂါတ်သို့ ( 3/4 ) - မိုးဝင်း ၊ ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( 3/4 ) - မျိုးဝင်း
ပြုံယမ်း မွ နျေပည်တော်၏ အနာဂါတ်သို့ ( 5/6 ) - မိုးဝင်း ၊ ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( 5/6 ) - မျိုးဝင်း
ပြုံယမ်း မွ နျေပည်တော်၏ အနာဂါတ်သို့ ( 7/8 ) - မိုးဝင်း ၊ ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( 7/8 ) - မျိုးဝင်း
 ပြုံယမ်း မှ နေပြည်တော်၏ အနာဂတ် သို့ (7)
2007 ဧပြီလထဲမှာ ရန်ကုန်ရှိ Nikko ဟိုတယ်၌ မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီး နဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဒုဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးကြပြီး နှစ်နိုင်ငံသံရုံးများ ပြန်လည်ဖွင့်လှစ်ဖို့ လက်မှတ်ရေးထိုးလိုက်ပါတယ် ။
အနောက်အုပ်စုနဲ့ အမေရိကန်တို့ဟာ တရုတ်ကျောထောက်နောက်ခံ တခုတည်းနဲ့တောင် သူတို့ထိမ်းချုပ်ချင်သလို ဖြစ်မလာတဲ့ ခေါင်းကျောမာသော မြန်မာ့တပ်မတော် ဗိုလ်ချုပ်ကြီးတွေကို စောင့်ကြည့်နေဆဲမှာပဲ မြန်မာတွေက ဒီလို ကမ္ဘာ့မီးခဲနဲ့ ပြန်ပြီး ရွှေလက်တွဲပြလိုက်တော့ ဆွေ့ဆွေ့ခုန်လေပြီ ။
ဒီလိုနဲ့ ချုပ်အာဏာပိုင် နိုင်ငံတွေရဲ့ အစိုးရတွေက မာမာချာချာ ရှိနေရကား အနောက်အုပ်စု နဲ့ အမေရိကန်တို့ဟာ မြန်မာဗိုလ်ချုပ်ကြီးတွေ နဲ့ ပြုံယမ်းအပေါ် ယခင်ကထက် တင်းကျပ်စေ့စပ်စွာ စောင့်ကြည့်ခြင်း နှင့် လေသေနတ် နဲ့ ပေါက်ပေါက်ဖောက်ခြင်းတို့လောက်ပဲ လုပ်ပြနိုင်ပါတော့တယ် ။
21 - 7 - 2009 မှာ ဘန်ကောက်၌ ကျင်းပသော အာဆီယံညီလာခံတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က
"မြောက်ကိုရီးယားတို့ထံမှ နျူကလီးယားလက်နက်နည်းပညာများကို မြန်မာသို့တင်ပို့နေခြင်းကို ရပ်ဆိုင်းဖို့ အချိန်ရောက်ပြီ ။ မြန်မာကို နျူလက်နက်ကူညီနေခြင်းသည် မိမိမိတ်ဆွေနိုင်ငံငယ်များကို ခြိမ်းခြောက်နေယုံမက ဒေသတွင်းမှာပါ အန္တရာယ်ရှိနိုင်သည်ဖြစ်၍ မြန်မာစစ်အစိုးရအနေဖြင့် ကျင့်ဝတ်ကတိများ လိုက်နာသင့်ပေသည် ။ ဤသို့မဟုတ်ပဲ မြန်မာစစ်အစိုးရအနေဖြင့် မိမိသဘောအတိုင်း ခရီးဆက်သွားနေပါက အမေရိကန် မြန်မာ ဆက်ဆံရေးမှာ ရှေ့ဆက်လို့ မဖြစ်နိုင်ပါ "
ဆိုပြီး တင်းမာစွာ မိန့်ခွန်းပြောသွားပါတယ် ။ ဟီလာရင် ကလင်တန် မိန့်ခွန်းပြောသွားတဲ့ အချိန်မတိုင်မှီက မြန်မာပြည်မှာ နိုင်ငံရေး ပြဿနာ တခုဖြစ်ခဲ့ပါတယ် ။ အဲဒါကတော့ နာမည်ကျော် John Yettaw ရဲ့ ရေကူးပြီး ဒေါ်စုကြည်ထံ လာတွေ့ကာ ၂ ည အိပ် ၃ ရက် နေသွားတဲ့ ပြဿနာဖြစ်ပါတယ် ။
ရေကူးချန်ပီယံကို ထောင် ၇ နှစ် ချမှတ်ထားရာ ၃ လအကြာမှာ ဖြစ်ပါတယ် ။ အမေရိကန် အစိုးရက လွှတ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုနေပေမယ့် စစ်တုရင် ကစားသလို သူ့အကွက်ထဲ မဝင်မချင်း စိတ်ရှည်လက်ရှည် စောင့်နေတဲ့ စစ်တုရင် ချန်ပီယံ အညာသားကြီးကတော့ နားမလည်သလိုလို မကြားလိုက်သလိုလို နဲ့ ရူးချင်ဟန်ဆောင်နေပါတော့တယ် ။
ဒေါ်စုကြည်ကို ထပ်မံတရားစွဲခြင်း နဲ့ အဲဒီရေကူးသမား ကိစ္စကို မကျေနပ်ဖြစ်နေတဲ့ အမေရိကန်တို့ဟာ ယခုလို အာဆီယံအစည်းအဝေးမှာ မြန်မာကို ခြိမ်းခြောက်ခဲ့တာပါ ။
အဲဒီချိန်က Axles of evil မိစ္ဆာဝန်ရိုးတန်း နိုင်ငံများ ( အီရန် အီရတ် ကျူးဘား ဆီးရီးယား မြောက်ကိုးရီးယား ဘယ်လာရုစ် ) ဆိုပြီး သတ်မှတ်ထားတဲ့ အဲဒီ နိုင်ငံ ၆ ခုကို နျူလက်နက်များနဲ့ ဆက်နွယ်သောပစ္စည်းများအား ဆက်သွယ်ဆောင်ရွက်ခြင်းကို ကုလသမဂ္ဂ၏ ခွင့်ပြုချက်မရပဲ မလုပ်ရဆိုပြီး ကန့်သတ်ထားချိန်ဖြစ်ပါတယ် ။
အဲဒီလို အမေရိကန်က နျူနဲ့ ပါတ်သပ်ပြီး သတိပေးကာ ဖိအားပေးလိုက်တော့ ဂျာမဏီကလည်း သူတို့ ရောင်းပေးထားတဲ့ DMG ကုမ္ပဏီက CNC စက်အသစ်တွေရဲ့ ထုတ်ကုန်တွေက ဘာတွေလဲ ဆိုတာ လာစစ်ဆေးမယ်လို့ ကြေညာပါတယ် ။
တကယ်တန်းကျတော့ မြန်မာက CNC တွေရဲ့ တပ်ဆင်ပုံ အသုံးပြုပုံ ထိမ်းသိမ်းပုံတွေကို စတင်သင်ယူကတည်း က ရုရှားပြန် စစ်ဘက်ပညာတော်သင်များကသာ သင်ယူခဲ့ကြတာပါ ။ ဂျာမဏီတွေ သင်ပေးပြီး ပြန်သွားတာနဲ့ မစ်ဇိုင်းထိပ်ဖူး စိတ်အပိုင်းတွေကို ထုတ်လုပ်တာပါပဲ ။ ဒါလုပ်ချင်လို့ ဝယ်ထားတာကိုး ။
ဦးသန်းရွှေဟာ အင်မတန်ပါးနပ်လွန်းသူဆိုတာ ဒီကိစ္စမှာ တချက်ပေါ်လွင်လာပါတယ် ။ ဂျာမဏီ ကောင်ဆယ်လာ လာရောက်စစ်ဆေးတဲ့ 2009 မှာ အဲဒီ လျို့ဝှက် စက်ရုံတွေထဲမှာပဲ ဂျာမဏီတွေကို မူလ ဝယ်စဉ်က ထုတ်လုပ်ပါမယ်လို့ ပြောထားတဲ့ အရပ်ဘက်သုံး ပစ္စည်းတွေ ထုတ်ပြနိုင်တော့ ကျေနပ်အားရစွာ ပြန်သွားရပါတယ် ။
သစ္စာဖောက် စိုင်းသိန်းဝင်းတို့တောင် မသိလိုက်ပဲ အဲလိုဖော်ရှိုးပစ္စည်းတွေကို ထုတ်ခိုင်းထားတဲ့ ဘရွှေရဲ့ ပညာစွမ်းကတော့ အတွင်းသစ္စာဖောက် လောက်ကောက်တောင် ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့ပါတယ် ။
ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် 1718/ 2006 အရ မြောက်ကိုရီးယား အနေနဲ့ နျူနဲ့ ဆက်နွယ်တဲ့ ပစ္စည်းတွေကို ပေးပို့ရောင်းချလို့ မရပါဘူး ။ ဒါပေမယ့် အင်အတန်လည်တဲ့ မြောက်ကိုရီးယား နဲ့ အင်မတန်ပါးနပ်တဲ့ ဦးသန်းရွှေတို့ဟာ ကမ္ဘာကို လှည့်စားပြီး နျူပစ္စည်းတွေ အမြောက်အများ ရအောင် သယ်ယူကြပါတယ် ။
သယ်ပုံတွေကတော့ မြောက်ကိုးရီးယား ဖက်ကနေ တာဝန်ယူရတာက Chilgol မြို့မှာရှိတဲ့ NCG ကုမ္ပဏီကနေ တင်ပို့ပေးရပါတယ် ။ NCG ဟာ ပြုံယမ်းအနုမြူစွမ်းအင်ဗျူရိုရဲ့ ဌာနခွဲတခုပါ ။
ဆီးရီးယားနိုင်ငံထဲမှာ အစ္စရေးတို့ ဗုံးကြဲ ဖျက်ဆီးခဲ့ရတဲ့ နျူဓာတ်ပေါင်းဖိုကို တည်ဆောက်ပေးခဲ့ရတဲ့ ကုမ္ပဏီဖြစ်ပါတယ် ။
ဒီလိုခိုးပို့နေရင်း အစအနတွေ ပေါ်လာရပါတယ် ။ 2009 ဇွန်လထဲမှာ ဂျပန်လူမျိုူ ၃ ဦးကို magnetometer များနဲ့ အတူဖမ်းမိပါတယ် ။ ( megnetometer ဆိုတာ အရပ်ဖက်မှာ သုံးရင် ရှေးဟောင်းသုတေသန လုပ်ငန်းများ နဲ့ ဘူမိရူပ တိုင်းတာတဲ့ နေရာတွေမှာ သုံးရပြီး စစ်ဘက်ဆိုင်ရာမှာဆိုရင် မစ်ဇိုင်းထိပ်ဖူးတွေမှာ magnets and gas centripuge အဖြစ် သုံးစွဲနိုင်ပါတယ်)
မီးခိုးကြွက်လျှောက် စစ်ဆေးကြည့်တော့ ဒီပစ္စည်းတွေကို မလေးရှားကတဆင့် မြန်မာပြည်ကို ပို့မယ်ဆိုတာ ပေါ်သွားရပါတယ် ။ ဖမ်းမိတဲ့ ၃ ယောက်ဟာ MEI ကုမ္ပဏီ အမည်ခံထားတဲ့ ပြုံယမ်းကွပ်ကွဲမှုအောက်က လူတွေ ဖြစ်ပါတယ် ။
ကြားခံ မိတ်ဖက်ကုမ္ပဏီတွေ အဖြစ် ဂျပန်ကုမ္ပဏီတွေ ဖြစ်တဲ့ RDT , TBT , TST ကုမ္ပဏီတွေလည်း တသီကြီး ပေါ်လာပါတယ် ။ ဒီကုမ္ပဏီတွေ အားလုံးဟာ နျူဆက်စပ် ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေချည်းပါပဲ ။
ဒါပေမယ့် သူတို့ရဲ့ အရေခွံမှာတော့ ထုတ်ကုန်တွေဟာ အထည်အလိပ်တို့ ဘာတို့ ပြထားလေ့ရှိပါတယ် ။ TST ကို wikipedia မှာ ရှာကြည့်လိုက် အထည်အလိပ်လုပ်ငန်း ပါတဲ့ ဗျာ ။
အဲဒီလို အလိမ်အညာတွေ ပေါ်သွားတော့လည်း ဂျပန်ကုမ္ပဏီတွေကတော့ ဂျပန်ကုန်သွယ်ရေး ဥပရေအရ ဒဏ်ငွေ US$ 75000 နဲ့ ပြီးသွားတာပါပဲ ။
ကဲ အဲဒီလမ်းကြောင်း ပိတ်သွားတော့ မြန်မာ နဲ့ ပြုံယမ်း ဇာတ်လမ်းပြီးသွားပြီလား ? ဘယ်ပြီးမလဲဗျာ လူလည်ဆရာကြီး အဆင့်တွေ ဆိုတော့ plan A to Z ဆွဲထားပြီးသားဗျ ။
တရုတ် ဆွစ်ဇာလန် အစရှိတဲ့ ကြားခံကုမ္ပဏီတွေကနေ မြန်မာလိုချင်နေတဲ့ နျူနဲ့ဆက်နွယ်တဲ့ ပစ္စည်းတွေကို အရှိန်ဟုန် ပြင်းပြင်းနဲ့ ရအောင် ယူနိုင်ခဲ့ကြပါတယ် ။
(အဲဒီကာလတွေက ရန်ကုန်ဆိပ်ကမ်းကနေ မိုးကာအုပ်ထားတဲ့ ကားကြီးတွေ တဝေါဝေါနဲ့ ညဉ့်နက်သန်းကောင် သယ်နေကြတာ မြင်ဖူးသူအချို့ ရှိပါသေးတယ်)
ပြုံယမ်းဟာ တရုတ် ဟောင်ကောင်တို့မှာ ကုမ္ပဏီရုံးခွဲတွေ ဖွင့်ထားရုံမကဘူး မြန်မာပြည်ထဲအထိ လာဖွင့်ပြန်ပါပြီ ။ KOMID ကုမ္ပဏီဟာ လုပ်ငန်းခွဲ ၇ မျိုးနဲ့ ဖွင့်လှစ်ထားပါတယ် ။
ဗဟန်းမှာရှိတဲ့ Pyongyang Koryo စားသောက်ဆိုင်ဟာ ပြုံယမ်း နဲ့ နေပြည်တော် ရဲ့ ငွေကြေးပေးချေ ဖလှယ်ရာ စင်တာပါပဲ ။ ပိရိလွန်းလို့ နှစ်ပေါင်းများစွာ ဘာသံမှ မကြားရပါဘူး ။
KOMID ဌာနခွဲတွေဟာ လက်နက်ထုတ်လုပ်ခြင်း နဲ့ နှီးနွယ်တာကိုပဲ လုပ်ကိုင်ကြပါတယ် ။ ဦးသန်းရွှေဟာ မြောက်ကိုရီးယားများထံကနေ လှိုဏ်ခေါင်းတူးခြင်း နည်းပညာများ နဲ့ မစ်ဇိုင်းအနည်းငယ်ကို နည်းပညာနဲ့အတူ ဝယ်ယူခဲ့ပါတယ် ။
ဒုံးလက်နက်စက်ရုံတွေ တည်ဆောက်ပြီး ပြည်တွင်းမှာ အလျှံပယ် ကိုယ်တိုင်ထုတ်ဖို့ အားထည့်လုပ်ဆောင်နေတာပါပဲ ။ ဒါကြောင့် ရွာထောင် ရထားခေါင်းတွဲပြင်စက်ရုံ နဲ့ အင်းစိန် ခေါင်းတွဲပြင်စက်ရုံတွေကို ဒုံးလက်နက် အစိတ်အပိုင်းများ ထုတ်လုပ်နိုင်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ခဲ့တာပါ ။
အဲဒီလို စွမ်းစွမ်းတမံ စွန့်စွန့်စားစား ကမ္ဘာကို လှည့်စားပြီး လုပ်ကိုင်နေရချိန်မှာ သစ္စာဖောက် စိုင်းသိန်းဝင်း ကြောင့် သတင်းတွေ ပေါက်ကြားခဲ့ရပေမယ့် အမေရိကန်က မြန်မာကို အထင်သေးစွာ နဲ့ နျူပိုင်ဆိုင်လောက်တဲ့ အခြေအနေ မရှိဘူး ဆိုတဲ့ မှတ်ချက် နဲ့ သစ္စာဖောက် စိုင်းသိန်းဝင်း ယူသွားတဲ့ ဒေတာတွေကို ဂရုမစိုက်ကြလို့ စိုင်းသိန်းဝင်းလည်း တန်ဖိုးကြီးတဲ့ သူလျှိုစာရင်း မဝင်ပဲ ခိုင်းတာလုပ် ပေးတာယူ ကျွေးတာစား အဆင့်နဲ့ ကျွန်အစစ်ဖြစ်နေတာပါပဲ ။
အမေရိကန်တို့ဟာ မြန်မာပြည်တွင်းမှာ သူတို့စကား နားထောင်မယ့် ဒေါ်စုကြည်ကို အရောင်တင်ပေးထားပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေ လူ့အခွင့်အရေး စကားလုံးတွေ နဲ့ နိုင်ငံရေးအရ ဖိအားပေးထားလို့ အညာသားကြီးတော့ လှုပ်မရတော့ဘူး ထင်ပြီး စိတ်အေးလက်အေး ဖြစ်နေပါတယ် ။
အဲဒီအချိန်မှာပဲ ဦးသန်းရွှေဟာ သူတို့ချည်ထားလို့ လှုပ်မရဘူး တွေးနေတဲ့ အမေရိကန်တွေ အတွက် သတင်းဆိုးတခု ကြားလိုက်ရပါတယ် ။ 2009 ခုနှစ်မှာ ကြားလိုက်ရတဲ့ သတင်းကြောင့် ငြိမ်နေတဲ့ ဦးသန်းရွှေဟာ အလွန်ကြီးမားတဲ့ အကြံ နဲ့ အလုပ်ကြီး တခုလုပ်ထားတာ ပေါ်ပေါက်ခဲ့လို့ပါပဲ ။ အဲဒီပြဿနာက 2008 နှောင်းပိုင်းမှာ ပြုံယမ်းကို သွားခဲ့တဲ့ ဦးရွှေမန်းရဲ့ ခရီးစဉ် နဲ့ ပါတ်သပ်တဲ့ မီးစဖြစ်ပါတယ် ။
အဲဒါကတော့ ,,,,,,,,,,,,,,,,,,,,,,,,,,,?
ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ (8)
21-11-2008 မှ 2-1-2009 အထိ မြောက်ကိုးရီးယားမှာ နေခဲ့ရတဲ့ ဦးရွှေမန်းတို့ ရဲ့ ၁၇ ဦးပါ အဖွဲ့ဟာ အလွန်အရေးကြီးတဲ့ စာချုပ်တစောင်ကို ချုပ်ချုပ်ဆိုခဲ့ကြပါတယ် ။
အဲဒါကတော့ မြန်မာ့တပ်မတော် နဲ့ မြောက်ကိုရီးယား တပ်မတော် အကြား အပြန်အလှန် စစ်ရေးအကူအညီပေးပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ဆိုတဲ့ မဟာမိတ်စာချုပ် ချုပ်ဆိုခြင်းပါပဲ ။
အဲဒီစာချုပ်ဟာ 2009 ဧပြီလထဲမှာ တရားခံမသိရပဲ ကမ္ဘာ့သတင်းဌာနတွေဆီကို ဓာတ်ပုံမှတ်တမ်းတွေနဲ့ ပေါက်ကြားသွားပြန်ပါတယ် ။ ဒီသတင်းဟာ အမေရိကန် နဲ့ အနောက်အုပ်စုအတွက်တော့ သတင်းဆိုးတခု ဖြစ်ပြီး ပွက်လောညံသွားပါတော့တယ် ။
သူတို့က မြန်မာနိုင်ငံသည် အချိန်ကာလ တခရောက်တာနဲ့ သူတို့ပြုသမျှနုရမယ့် နိုင်ငံလို့ အပိုင်တွက်ထားကြဟန် ပါပဲ ။ အဲဒီလို တွက်ဆကျေနပ်နေတုန်း သူတို့ အလွန်ခေါင်းခဲနေရတဲ့ ပြုံယမ်းမြွေဆိုးကြီးကို မြန်မာက လည်ပင်းပတ်ပြလိုက်တော့ အားလုံး တုန်လှုပ်သွားကြပါတယ် ။
တကယ်တန်းကျတော့ ဦးသန်းရွှေရဲ့ အစီအမံ အကြံအစည်တွေ နဲ့ 2003 ကတည်းက စတင် တည်ဆောက်နေတဲ့ မဟာဗျူဟာ မြေအောက်လျှို့ဝှက် လှိုဏ်ခေါင်း ကွန်ယက်ကြီး နဲ့ မစ်ဇိုင်းလက်နက်တွေ ရယ် နျူကလီးယားနည်းပညာတွေ လိုအပ်တဲ့ စက်ပစ္စည်းတွေ က အစ ပြည့်စုံအောင် စုဆောင်းသိုလှောင်နေကြတာ 2009 မှာ အနုမြူဓာတ်ပေါင်းဖိုကလွဲရင် အားလုံးပြီးပြည့်သွားပါပြီ ။
အဲဒီအချိန်မှာ ဒီသတင်းပေါက်ကြားသွားခဲ့လို့ ဦးသန်းရွှေ လုပ်ကွက်တခု ပေါက်ကြားသွားပေမယ့် မြန်မာအတွက် ထူးခြားတဲ့ နစ်နာမှု မရှိလောက်တော့ပါဘူး ။ ဒါပေမယ့် သတင်းပေါက်ကြားမှု အတွက် အရေးယူမှုတွေ ပြုလုပ်ခဲ့ရပါပြီ ။
ဒါမှသာ အနာဂါတ်အတွက် သတင်းလုံခြုံမှု ရှိစေမှာပါ ။
- စစ်ရုံးရှိ အရာရှိ ၆ ဥိး နေရာရွှေ့ ရပါတယ် ။ ၁ ဦးက ဗိုလ်မှူးကြီး ဝင်းသိန်း ပါ ။ သူက သူရရွှေမန်းရဲ့ စစ်ဦးစီးပထမတန်း G1 ဖြစ်ပါတယ် ။ သူ့ကို ယင်းသတင်းပေါက်ကြားမှု အတွက် တာဝန်ရှိတယ်လို့ သုံးသပ်ပြီး ရမခ သို့ ဒု တိုင်းမှူး အဖြစ် ပြောင်းရွှေ့လိုက်တာပါ ။ ဒါမျိုးကို ရာထူးတိုးပေးတယ်လို့ သတ်မှတ်ဖို့ခက်ခဲကြောင်း စစ်ရေးသုတေသီ ဦးဝင်းမင်းက သုံးသပ်ပါတယ် ။
ကျန်တဲ့ ဒု ဗိုလ်မှူးကြီး တွေကိုတော့ ရှမ်းပြည် ၁ ဦးနဲ့ ရခိုင်ဒေသကွပ်ကဲမှု အဖွဲ့သို့ ရွှေ့ပြောင်းစေခဲ့ပါတယ် ။
စစ်ရုံးအဖွဲ့ မရွှေ့မှီ တလခန့်က ဒုတိယ ဗိုလ်မှူးကြီး ၃၀ ခန့်ကို ရာထူး နေရာ များ ပြောင်းရွှေ့ထားတာကတော့ သာမန် လုပ်ရိုးလုပ်စဉ်ပါလို့ ဗကပ ကေဒါဟောင်း ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ် ။
ဆက်လက်ပြီး အရေးယူကြရာမှာ ကာကွယ်ရေးဝန်ကြီး ဌာန နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန တို့က ဝန်ထမ်းတဒါဇင်လောက်ကို တရားစွဲဆို အရေးယူခဲ့ကြပါတယ် ။
နိုင်ငံခြားရေးဝန်ကြီးဌာန မှ ဗိုလ်မှူးဝင်းနိုင်ကျော် နှင့် ရုံးအဖွဲ့ အရာရှိတဦးအား သေဒဏ် နဲ့ နောက်တဦးကို ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ပါတယ် ။
နအဖ ကောင်စီရုံး (SPDC ) မှ ညွှန်ချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းအား ပြန်လည်ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း ဖော်ပြထားပါတယ် ။
ဦးသန်းရွှေသက်တမ်းမှာ 2005 တုန်းက ခရစ်စတီးကျွန်း ပြဿနာ အတွက် အောင်လင်းထွဋ် သစ္စာဖောက်လို့ ဝေဖန်ပြစ်တင်ခံရဖူးပါတယ် ။
ယခု 2009 မှာ ဦးရွှေမန်း နဲ့ မြောက်ကိုးရီးယား ပြဿနာဟာ သစ္စာဖောက်တွေကြောင့်ပဲ ပေါ်ပေါက်လာရပြီး ဝေဖန်ခံရပြန်ပါတယ် ။
နောက်ဆုံး သစ္စာဖောက် စိုင်းသိန်းဝင်းရဲ့ စာရွက်စာတမ်းတွေ ဓာတ်ပုံတွေ နဲ့ ဝေဝေဆာဆာ ဖွင့်ချပြီး ထုတ်ဖော်ခဲ့တဲ့ ပြဿနာအတွက်လည်း ဝေဖန်ကြပြန်ပါတယ် ။
ဦးသန်းရွှေဟာ ဒါတွေကို ဘာကြောင့် အတင်းလုပ်နေရသလဲဆိုရင် အမေရိကန်တို့ရဲ့ လက်နက်အားကိုး နဲ့ ဗိုလ်ကျမှုကြောင့် ကျဆုံးသွားရတဲ့ အာဏာရှင် ဆဒမ် နဲ့ ကဒါဖီ တို့ကို နမူနာယူပြီး သင်ခန်းစာရနေလို့ပါပဲ ။ သူလည်းအာဏာရှင်ကိုး ။
သူုကောက်ချက်ချတာက ဆဒမ်သည် မလုံခြုံသော မြေအောက်ဗုံးခိုကျင်းထဲ၌ တဦးတည်း ပုန်းအောင်းပြီး အဖမ်းခံရ၏ ။ ကဒါဖိသည်လည်း တဦးတည်း ပုန်းအောင်းစဉ်း ဖမ်းဆီသတ်ဖြတ်ခံခဲ့ရ၏ ။
အဲဒါကြောင့် မြေအောက်လှိုဏ်ဂူတွေများစွာ စနစ်တကျ လုံခြုံလှို့ဝှက်စွာ တည်ဆောက်ထားတယ် ။ နောက်ပြီး အမိန့်ပေးအဖွဲ့ကို စုစုစည်းစည်း နဲ့ စီမံကွပ်ကဲနိုင်အောင် လူ ၁၀၀၀ လောက် ချောင်ချောင်ချိချိ ခိုအောင်းနေထိုင်ဖို့ စားနပ်ရိက္ခာ အပြည့်အစုံနဲ့ လှိုဏ်ဂူတွေကို တနိုင်ငံလုံး သိုဝှက်ထားပြီး ကွန်ယက်တခုလုံး ချိတိဆက် ဖောက်လုပ်ထားတယ် ။
လှိုဏ်ဂူတွေထဲမှာ လှို့ဝှက်လက်နက်စက်ရုံတွေ ၊ မစ်ဇိုင်းဒုံးတွေ ၊ ကွပ်ကဲမှုဌာနတွေ ဖြန့်ကျက်ထားရှိမယ်ဆိုပြီး ငွေပေါင်းများစွာ အသုံးပြု တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ် ။
ဒီလိုနဲ့ ဦးသန်းရွှေဟာ တိုင်းပြည်အတွက် စီးပွါးရေး လုပ်ငန်းများနဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံရေးဖိအားများအတွက် တရုတ်ကို ကျောထောက်နောက်ခံပြုထားပြီး စစ်ဘက်ဆိုင်ရာ အဆင့်မြင့်လက်နက်များ နဲ့ ကာကွယ်ရေးအတွက်တော့ ပြုံယမ်းကို ကျောထောက်နောက်ခံ ပြုထားနိုင်ခဲ့ပါတယ် ။
အစစ အရာရာ တရုတ်ကို အားကိုးနေရတဲ့ အနေအထားကနေ ရှောင်လွဲနိုင်စပြုလာပါပြီ ။ အဲဒီလိုဖြစ်အောင် စစ်ဘက်ဆိုင်ရာ အင်အားစုများအတွက် တောင့်တင်းခိုင်မာဖို့ အားထုတ်ခဲ့ခြင်း ဖြစ်ပါတယ် ။
ဒါဟာ မှန်ကန်ကြောင်း အောင်လင်းထွဋ်က ပြောပြပါတယ် ။
"ငါတို့က တရုတ်ကို ချစ်လွန်းလို့များထင်နေသလား ၊ မြောက်ကိုရီးယားနဲ့ပေါင်းလို့ ငါတို့မှာ အင်အားရှိလာရင် တရုတ်ကိုလည်း ဂရုစိုက်စရာ မလိုတော့ဘူးပေါ့ကွာ"
လို့ ဦးသန်းရွှေက ပြောခဲ့ဖူးပါသတဲ့ ။
ဦးရွှေမန်းတို့ အဖွဲ့ဟာ ကြည်းတပ်သုံး ဒုံးလက်နက်များ ၊ လေကြောင်းရန်ကာကွယ်ရေး မစ်ဇိုင်းဒုံးများ ၊ ရေဒါများကိုလေ့လာရန်သာမကပါဘူး လေတပ် နဲ့ ရေတပ်ကိုလည်း အဆင့်မြှင့်ပေးဖို့ လေ့လာခဲ့ရပါသေးတယ် ။
ရေတပ်ဆိုလျှင် 23-7-2003 ကတည်းက ပြုံယမ်းကကူညီခဲ့ပါတယ် ။ သံလျှင်ရေတပ်ဧည့်ရိပ်သာမှာ တည်းနေတဲ့ မြောက်ကိုရီးယား ၁၈ ဦးခန့်ဟာ ၁၉၉၀ က တရုတ်ထံမှ ဝယ်ယူခဲ့တဲ့ ပဲ့ထိမ်းဒုံးတပ် ကင်းလှည့်ရေယာဉ် ၆ စီးကို အဆင့်မြှင့်ပေးခဲ့ကြောင်း Far Eastern Economic Weely သတင်းမှာ ဖော်ပြဖူးပါတယ် ။
ဦးရွှေမန်း မြောက်ကိုရီးယား ခရီး မသွားမှီ 2008 အောက်တိုဘာလထဲ မှာ မြောက်ကိုရီးယား ကုန်သင်္ဘော Kang Nam 1 ဟာ ရန်ကုန်ကို ရောက်လာပါတယ် ။ ညဖက်မှာ အနက်ရောင်အဝတ်စတွေ အုပ်ထားတဲ့ နျူထိပ်ဖူးတပ် Scud ဒုံးတွေ နဲ့ ဆက်စပ်ပစ္စည်းတွေကို စစ်ကားတွေနဲ့ တင်သွားပြီး နေ့လည်မှာ အရပ်သားကားတွေနဲ့တင်လာတဲ့ ဆန်တွေကို သင်္ဘောပေါ် တင်ကြပါတယ် ။
ဒါကိုဘယ်လိုသိကြသလဲ ဆိုတော့ သင်္ဘောစပြီး နိုင်ငံတကာရေပိုင်နက်ရောက်ကတည်းက အမေရိကန် ကင်းထောက်သင်္ဘောက နောက်ကတောက်လျောက်လိုက်စုံစမ်းနေပါတယ် ။ မြန်မာ့ရေပိုင်နက်ထဲ ဝင်သွားတော့ တောင်ကိုရီးယား ဂြိုလ်တု ကို စောင့်ကြည့်စေလို့ ခုလို သိသွားကြတာပါ ။
သေချာတာက အမေရိကန်ဟာ မြောက်ကိုရီးယား နဲ့ မြန်မာကို တင်းတင်းကျပ်ကျပ်စောင့်ကြည်နေပြီ ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ် ။
အဲဒီအချိန်မှာ အမေရိကန်၌ အိုဘားမား တက်လာပါပြီ ။ အမေရိကန်အစိုးရဟာ မြန်မာပြည်အရေးကို ပြန်လည်သုံးသပ်ကြရာမှာ စီးပွါးရေးပိတ်ဆို့လာတာ နှစ်ပေါင်း၂၀ နီးပါးရှိလာသည့်တိုင် မြန်မာစစ်အစိုးရဟာ အင်အားပျော့မသွားပဲ ပိုမိုတောင့်တင်းလာနေတာ တွေ့ရလို့ အပြုသဘောဆောင်တဲ့ ချည်းကပ်မှု ပေါ်လစီပြောက်းဖို့ ဆုံးဖြတ်ကြပါတယ် ။
အဲဒီအချိန် 2009 မှာ ဦးသန်းရွှေ အနေနဲ့ နိုင်ငံရေးကဏ္ဍ မှာ ခွါစစ်ဆင်ဖို့ အတွက် 2008 ခြေ / ဥ ကိုလည်း အတည်ပြုပြီးပြီ ။ နောက်ချန် 25 % အင်အားနဲ့ လွှတ်တော်ကို မိမိတို့အား ရန်မပြုနိုင်အောင် ထိမ်းချုပ်ထားနိုင်ဖို့ စီမံပြီးပါပြီ ။
နောက်စစ်ရေး ကဏ္ဍမှာ မိမိနိုင်ငံအတွက် ကာကွယ်ရေးမဟာဗျူဟာမြောက် ခံစစ်အခင်းအကျင်းတွေကို ပြည်စုံအောင် တည်ဆောက်ပြီးသွားပြီ ဖြစ်တယ် ။ ဒါကြောင့် အမေရိကန်ရဲ့ အပြုသဘော ချည်းကပ်လာမှုကို အကောင်းဆုံးတုန့်ပြန်နိုင်ဖို့ ဘရွှေ စဉ်းစားအကွက်ချရပြန်ပါပြီ ။
နိုင်ငံတကာမှာ လူ့အခွင့်အရေးနဲ့ ပါတ်သပ်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ နအဖ အစိုးရ ကိုယ်စား စစ်တပိုင်းအစိုးရ အသစ်ဖွဲ့ရမယ် ။ နိုင်ငံတကာနဲ့ အစိုးရသစ်တို့ တန်းတူညီတူ ဆွေးနွေးနိုင်မယ့် အစိုးရဖြစ်ဖို့ လိုပြီလို့ သတ်မှတ်ပါတယ် ။
ဦးသန်းရွှေဟာ 2008 ခြေ / ဥ အရ အာဏာကို ညင်သာစွာ လွှဲပြောင်းမပေးမှီ အမေရိကန်နဲ့ ထိပ်တိုင်မတွေ့ဖို့ စီစဉ်ပါတယ် ။
နောက်တခါ သူအနားယူပြီး ကာလမှာ နိုင်ငံတော်ကို ကာကွယယ်ဖို့အတွက် နျူလက်နက်တွေ ပိုင်ဆိုင်ထားကြောင်း တစွန်းတစ သိအောင် သက်သေပြထားနိုင်မှ လူလေးစားတဲ့ နိုင်ငံဖြစ်မယ်လို့ လဲ တွက်ချက်ပြီး 2008 ခြေ / ဥ အား အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။
ဒီနေရာမှာ မြန်မာပြည်ရဲ့ အနာဂါတ်ခေါင်းဆောင်းတွေအဖြစ် အာဏာခွဲဝေရာမှာ အံ့သြစရာတွေ တွေ့လာရပြန်ပါတယ်
- နံပါတ် ၃ ဦးရွှေမန်း တပ်ချုပ်မဖြစ် သမ္မတ မဖြစ်တာ ဘာကြောင့်လည်း
- ဦးသိန်းစိန် သမ္မတ ဘာကြောင့်ဖြစ်သလဲ
- ဂျူနီယာ တတိယမျိုးဆက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရှေ့က စီနီယာတွေကို ကျော်ပြီး ဘယ်လို တပ်ချုပ်ကြီး ဖြစ်လာသလဲ ဆိုရင် ,,,,,,,,,,,,,,,,,,,?
 ( မူရင်းရေးသားသည့်အတိုင်းကူးယူဖော်ပြခြင်းဖြစ်ပြီး မိမိတို.သီးခြားထင်မြင်ချက် ၊ အယူအဆ ၊ အချက်အလက် နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းများ လုံးဝမပါဝင်ပါ )
Related ;
ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်ဆီသို့ (5)
မြေအောက်လှိုဏ်ခေါင်းတွေ အားလုံးကို ဗုံးဒဏ်ခံအောင် တည်ဆောက်ထားတယ် ။ လျှပ်စစ် ရေ လေဝင်လေထွက် အားလုံးကောင်းမွန်အောင် ပြည့်စုံစွာ တည်ဆောက်ထားခဲ့တယ် ။ အဲလို ပရောဂျက်မျိုးမျိုး ၆၀၀ ကျော် တည်ဆောက်ခဲ့ပါတယ် ။
ကုန်ကျစရိတ်ကတော့ Project pp 216 တခုတည်းရဲ့ ကုန်ကျစရိတ် US$ 21 သန်း ရှိပါတယ် ။ ၆၀၀ ကျော်အတွက် တွက်ကြည့်ကြပါ ။
ဒီငွေတွေကို ဘယ်ကရှာရမယ် ထင်ပါသလဲ ? စီးပွါးရေးပိတ်ဆို့ထားတဲ့ ကြားထဲကနေ ဒီလို နိုင်ငံခြားငွေ ရှာရတာ မလွယ်ကူပါဘူး ။ ဘယ်ကနေ ဘယ်လိုရှာကြသလဲဆိုတာ ဦးသန်းရွှေ ၊ ဦးမောင်အေး ၊ ဦးရွှေမန်း တို့နဲ့ ထပ်သီးခရိုနီ ဦးတေဇ တို့လောက်ပဲ တိတိကျကျ ပြောနိုင်ပါလိမ့်မယ် ။
ဘာဒါစနစ်နဲ့ ပေးချေရတာ တပိုင်း လှို့ဝှက်တတ်လွန်းစွာ လုပ်ကိုင်နိုင်စွမ်း ရှိကြတာ တကြောင်း တို့ကြောင့် ဒီလေါက်များပြားတဲ့ ပမာဏအပေါ် မြောက်ကိုးရီးယားအား မြန်မာက ပေးချေမှုများကို လူမသိပဲ သတင်းအစအနတောင် ထွက်မလာတာ အံ့သြစရာပါပဲ ။
အဲလို မြေအောက်အဆင့်မြင့် လှိုဏ်ခေါင်း ကဏ္ဍလေ့လာပြီးရင် နျူကလီးယားဒုံးလက်နက် နဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုအကြောင်း သမိုင်းလှန်ပြီး လေ့လာကြည့်ကြပါစို့ ။
နဝတ အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲပြီးတော့ အနိုင်ရတဲ့ NLD ပါတီကို အလုံးစုံသောအာဏာ မလွှဲသေးပဲ ခြေ / ဥ ကို ဦးစွာရေးဆွဲပါ ပြီးရင် လွှဲပေးမယ်ဆိုတာကို အမေရိကန်က မခံစားနိုင်ဖြစ်နေပါတယ် ။ ဒါကြောင့် စစ်အစိုးရကို ဖိအားပေး အကျပ်ကိုင်နေပါတယ် ။
အဲဒီအချိန်မှာ ပင်လယ်ကွေ့စစ်ပွဲ ဟာ 1991 သြဂုတ်ကနေ 1992 ဖေဖော်ဝါရီ ထိ ဖြစ်ပွါးခဲ့ပါတယ် ။ အဲဒီတိုက်ပွဲရဲ့ ရလာဒ်နဲ့ အမေရိကန်ရဲ့ စစ်ရေးပါဝါကို သုံးသပ်ပြီး မြန်မာ့တပ်မတော်က ဘာဆက်လုပ်ရမလဲ ဆိုတဲ့ စီမံချက် ရေးဆွဲကြရပါပြီ ။
ပထမဆုံး မြောက်ကိုရီးယား အစိုးရနဲ့ တရားမဝင် တွေ့ဆုံမှုကို ထိုင်းမှာ ပြုလုပ်ပါတယ် ။ ဒီလို နျူလက်နက်ရရေးအတွက် ထိုင်းမှာ မြောက်ကိုရီးယားတွေနဲ့အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးနေစဉ်ကာလအတွင်း မိမိတို့ရဲ့ နျူရရန် ကြိုးပမ်းနေမှုကို ဖုံးကွယ်ရန် လုပ်ဆောင်ခဲ့ပါတယ်။
အဲဒါကတော့ 1992 ၌ နျူကလီးယား မပြန့်ပွါးရေး စာချုပ် (NTP) မှာ လက်မှတ်ရေးထိုးခဲ့တာပါပဲ ။ ဒါဟာ အာရုံလှည့်စားမှု ဗျူဟာတခုသာဖြစ်ကြောင်း သက်သေတခုရှိနေပြန်ပါတယ် ။
2000 ခုနှစ်မှာ မြန်မာအစိုးရက IAEA ထံသို့ 10 Megawatt Thermal ရှိ နျူကလီးယားဒြပ်ပေါင်းဖို တည်ဆောက်ခွင့် အကြောင်းကြားပါတယ် ။ 2002 အထိ IAEA က မသိကျိုးနွံပြုနေတော့ ဦးသန်းရွှေက IAEA ကို သောက်ဖက်လုပ်မနျေတာ့ပဲ 2002 မှာပဲ ရုရှားနဲ့ ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ စာချုပ် ချုပိပစ်လိုက်ပါတယ် ။
စာချုပ်ထဲမှာ ဓာတ်ခွဲခန်း ၂ ခု တည်ဆောက်ရန်ပါပေမယ့် 2007 အထိ ၁ ခုသာပြီးပါသေးတယ် ။ ဒီလိုထလုပ်လိုက်တော့ အနောက်အုပ်စုက မြန်မာတွေ ယူရေနီယံရှာနေတဲ့ ဒေသတွေအကြောင်း အစီရင်ခံစာ တင်တဲ့ စာထွက်လာပါတယ် ။
မကွေး ၊ တောင်းတွင်းကြီး ၊ မိုးကုတ် ( ကျောက်ဖြူကုန်း ၊ ကျောက်ဆင် ၊ ပိန်းပြင်) အစရှိတဲ့ ငါးနေရာမှာ ရှာဖွေနေကြောင်း ဖော်ပြထားပါတယ် ။
အဲဒီအချိန်က ပြုံယမ်း နဲ့ နေပြည်တော်ရဲ့ ဆက်ဆံရေးအပေါ် အမေရိကန်တို့ ဖိအားပေးဖို့ တွန့်ဆုတ်နေခဲ့ရပါတယ် ။ အကြောင်းကတော့ ရုရှား နဲ့ တရုတ်တို့ ဝန်းရံထားခြင်း နဲ့ ပြုံယမ်းအား ပေါက်ကရလုပ်မည်စိုးရိမ်ပြီး အမေရိကန်ကိုယ်တိုင်ပင် ရိက္ခာ ဆေးဝါးဓာတ်ဆီများပေးကမ်းထောက်ပံ့ပြီး ချော့မော့နေရလို့ပါပဲ ။
ဦးသန်းရွှေဟာ နျူစီမံကိန်းအတွက် မြောက်ကြီးပိုပဲ တလက်ကိုင်အားကိုးထားသလား ဆိုတော့ မဟုတ်ပါဘူး ။ အလွန်လည်တဲ့ အညာသားကြီးက ပါကစ္စတန် နဲ့ပါ ချိတ်ဆက်ထားပါတယ် ။
2001 ခုနှစ်ကုန်ခါနီးမှာ ပါကစ္စတန်က နျူပညာရှင် မိုဟာမက်အလီမုက္ခတာ နဲ့ ဆူလေမန်အာဆတ် တို့ နှစ်ဦး မြန်မာပြည် ရောက်လာခဲ့ပြီး ရန်ကုန်ရှိ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန (ခွဲ) နဲ့ ပူးပေါင်းပြီး နျူကိစ္စ ပူးပေါင်းဆောင်ရွက်ဖို့ တိုင်ပင်ကြပါတယ် ။
အဲဒီနှစ်တွေက ပါကစ္စတန် နျူဖခင်ကြီး AQ Khan ကို အယ်လ်ကိုင်ဒါ အဖွဲ့အား နျူနည်းပညာပေးတယ်ဆိုပြီး စွတ်စွဲထားချိန်ဖြစ်ရကား ယခုလို ပါကစ္စတန် နျူပညာရှင် ၂ ဦး မြန်မာသို့ လာရောက်တဲ့ အခါ အနောက်အုပ်စု အတွက် ဖင်ဝမီးစနဲ့ အထိုးခံရသကဲ့သို့ ပူစပ်ပူလောင် ဖြစ်ကုန်ရပြန်ပါတယ် ။
အဲဒီလို မြောက်ကြီးက နျူပညာရှင်လာလိုက် ပါကစ္စတန်က နျူပညာရှင် လာခိုက် နဲ့ သူတို့ပြောသမျှ လုပ်သမျှ မြန်မာတွေကနားမလည်ပဲ ခေါင်းညိမ့်နေခဲ့ရသလား ဆိုတော့ မဟုတ်ဖူး ဗျ ။ မြန်မာ အစိုးရမှာ အလွန်ကောင်းတဲ့ အောက်မှောက်ဖဲ တချပ်ရှိနေပါသေးတယ် ။
1950 ဦးနုလက်ထက်တုန်းက အမေရိကန် အီလီနွိုက်တက္ကသိုလ်ကနေ Nuclear Physics နဲ့ မဟာဘွဲ့ရထားတဲ့ နျူဆရာကြီး ဦးသိန်းဦးဖိုးစော ဆိုတာ ရှိပါတယ် ။
ဆရာကြီးက 1962 မှ 1983 ထိ မေမြို့စစ်တက္ကသိုလ်မှာ ရူပဗေဒဘာသါရပ်အား သင်ကြားပေးခဲ့သူ ဖြစ်ပါတယ် ။
ဦးသန်းရွှေကလွဲရင် ဦးမောင်အေး ၊ နည်းပညာဝန်ကြီး ဦးသောင်းကအစ ကျန်တဲ့ ဗိုလ်ချု့ပ်တွေအားလုံး သူ့တပည့်တွေချည်းပါပဲဗျာ ။
"ဟေ့မင်းတို့ကောင်တွေ ကြည့်လုပ်ကြဦး ကမ္ဘာက သောက်မြင်ကပ်နေပြီ "
ဆိုပြီး ဒိပ်ဒိပ်ကျဲ ဗိုလ်ချုပ်ကြီးတွေကို ကလေးငေါက်သလို ငေါက်ရဲတာ မြန်မာပြည်မှာ သူတဦးတည်းပဲ ရှိပါတယ် ။ သူပြောရင်လည်း ဒါးထက်ပါတယ်ဆိုတဲ့ ဦးမောင်အေးက အစ ရီကြဲကြဲလေးတွေပဲတုန့်ပြန်ကြတဲ့ထိ လေးစားဖွယ် ပညာဂုဏ်နဲ့ ပြည့်စုံလှသူဖြစ်ပါတယ် ။
တပ်မတော်ဟာ သူတို့ရဲ့ နျူစီမံကိန်းအတွက် ဆရာကြီးကို ဦးဆောင်ပေးဖို့ တောင်းဆိုကြရပါတယ် ။ တိုင်းပြည်အတွက်သော်လည်းကောင်း ချစ်တပည့်များအတွက်သော်လည်းကောင်း ဆရာကြီးလည်း မငြင်းသာပဲ လက်ခံပြီး လုပ်ပေးရှာပါတယ် ။
ဒီတေါ့ ပါကစ္စတန်နျူပညာများ နဲ့ရုရှားနည်းပညာသုံး မြောက်ကိုရီးယား နျူပညာရှင်များကို အမေရိကန်နည်းပညာ နျူပညာရှင် မြန်မာလူမျိုး ဆရာကြီးက လယ်ဗယ်တန်း ဆွေးနွေးနိုင်ခဲ့ပါတယ် ။ သူတို့လုပ်ချင်တိုင်းလုပ်မရခဲ့တော့ပါဘူး ။ Counterpart အဖြစ် ဆရာကြီးအား နဝတက ထည့်ပေးခဲ့ခြင်း ဖြစ်ပါတယ် ။
အဲဒီ အပြင် IAEA အကြီးအကဲ Robert Kelley နဲ့လည်း ရင်းနှီးသူဖြစ်ပါတယ် ။ Robert Kelley ဆိုတာ ဗီယက်နမ်စစ်ပွဲတွေမှာ မီးလောင်ကြဲချသူ နောက်ပြီး 1992 နဲ့ 2001 တွေမှာ အီရတ်က နျူဓာတ်ပေါင်းဖိုတွေကို စစ်ဆေးခဲ့ရတဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ် ။
ဦးသိန်းဦးဖိုးစောဟာ ညောင်နှစ်ပင်ညီလာခံမှာ နိုင်ငံတော်၏ မြေ ၊ သစ်တော ၊ စွမ်းအင် ၊ မြေအောက်သတ္တု အရင်းအမြစ်များကို နိုင်ငံတော်မှသာ စီမံခန့်ခွဲသင့်ကြောင်း အဆိုပြုခဲ့သူဖြစ်ပါတယ် ။ နောင်တချိန်မှာ စွမ်းအင် နဲ့ သိပ္ပံအတွက် မြေကို အသုံးချရန် လိုအပ်လာနိုင်မည်ကို တွက်ဆပြီး နိုင်ငံတော်ကထိမ်းသိမ်းထားစေရန် ရည်ရွယ်ပြီး အဆိုတင်ခဲ့တာဖြစ်ပါတယ် ။
ဒီနေရာမှာ အံ့သြစရာကောင်းတာက ဒီနျူစီမံကိန်းကို ဦးသန်းရွှေ တစ်ဦးတည်းကအတင်းလုပ်ချင်နေပြီး ကျန်ဗိုလ်ချုပ်ကြီးတွေက အင်တင်တင် ဖြစ်နေခဲ့ကြပါတယ် ။ မြောက်ကိုရီးယားနဲ့ ပူးပေါင်းပြီးလုပ်ဆောင်ရမယ့် နျူကလီးယားစီမံကိန်းဟာ ငွေကုန်ကြေးကျများခြင်း ၊ ရေရှည်ထိမ်းသိမ်းရန် မလွယ်ကူခြင်း တို့ကြောင့် မလုပ်ချင်ကြပါဘူး ။
ဒါပေမယ့် သြဇာကြီးလှတဲ့ အာဏာရှင်ခေါင်းဆောင် ဦးသန်းရွှေရဲ့ အစီအမံဆိုတော့ ဆက်လက်အကောင်အထည် ဖော်နေကြရတာပါပဲ ။
2009 မှာ စိုင်းသိန်းဝင်းဆိုတဲ့ သစ္စာဖောက်လောက်ကောင်ဟာ ထိုင်းကို ထွက်ပြေးသွားပါတယ် ။ ကြိုတင်ချိတ်ဆက်ထားတဲ့ BBC မှ သတင်းထောက် မျိုးအေး နှင့် တွေ့ဆုံပြီး ဖွင့်ချခဲ့ပါတယ် ။ ခိုးယူလာတဲ့ စာရွက်စာတမ်းများနဲ့ ဖော်ကောက်လုပ်ခဲ့ပါတယ် ။
မြန်မာ့တပ်မတော်ရဲ့ ရည်မှန်းချက်ဆိုပြီး Aljazeera ရုပ်သံကနေ အပိုင်း ၄ ခု ခွဲပြီး ထုတ်လွှင့်ခဲ့ပါတယ် ။ သူပါဝင်ခဲ့ရတဲ့ မစ်ဇိုင်းထုတ်လုပ်ရေးအတွက် စက်ပစ္စည်းတွေ စတင်တပ်ဆင်နေပုံ ၊ ထုတ်လုပ်နေပုံတွေ နဲ့ အခြားချက်တွေ အားလုံး ဖွင့်ချလိုက်ရာမှ ပေါက်ကြားသွားရပါတော့တယ် ။
သစ္စာဖောက် စိုင်းသိန်းဝင်း ရဲ့ ယုတ်မာကောက်ကျစ်မှုကြောင့် နှစ်ပေါင်းများစွာ သိုသိပ်စွာ ကြိုးစားလာခဲ့ရတဲ့ မြန်မာ့တပ်မတော်ရဲ့ လှီု့ဝှက်ချက်တွေ ပေါက်ကြားသွားခဲ့ရတဲ့ ဂယက်ကြောင့် မြန်မာပြည်ကို 2009 သြဂုတ်လမှာ လာမယ့် အမေရိကန် အမတ် Jim webb ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းရတဲ့ အထိ ဖြစ်ခဲ့ရပါတယ် ။
"ကျနော်စစ်ယူနီဖောင်းဝတ်ရတာကိုက အရှက်ရပြီး ပြည်သူတွေရှေ့မှာ ဒီမြန်မာ့တပ်မတော်ယူနီဖောင်းဟာ ဂုဏ်သိက္ခာမရှိတော့ပါဘူး ။ ဒါကြောင့် ကျနော်အဲဒီအသိုင်းအဝိုင်းကနေ ဒီလို တိတ်တဆိတ် စွန့်ခွါလာခဲ့ရတာပါပဲ ။ ဒါပေမယ့် စစ်တပ်ရဲ့ အလွန်လှို့ဝှက်လှတဲ့ နျူကလီးယားလုပ်ငန်းကြီးမှာ ပါခဲ့မိတယ် ။ ကျနော် ဒီကို ပြေးမလာမှီ ဒီအကြောင်းကို ဘယ်သူ့ကိုမှ ထုတ်မပြောရဲဘူး ကြောက်တော့ ကြောက်တာပေါ့ "
လို့ လူယုတ်မာ သစ္စာဖောက်က ပြောခဲ့ပါသေးတယ် ။ သူထပ်မံပြီး ဖော်ထုတ်ပြောပြခဲ့တဲ့ ဦးသန်းရွှေရဲ့ လုပ်ဆောင်ထားတဲ့ နျူကလီးယား လုပ်ငန်းတွေကတော့ ,,,,,,,,?
ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ (6)
သစ္စာဖောက် ဆက်ပြီး ဖော်ကောင်လုပ်တာကတော့ မြန်မာ့တပ်မတော်မှာ နျူကလီးယား တပ်ရင်း တပ်ဖွဲ့တွေ ဖွဲ့စည်းပြီးဖြစ်ကြောင်း နဲ လောလောဆယ် အင်အား ၁၀၀၀ ကျော်ရှိကြောင်း ပြောပါတယ် ။
သူဟာ 2001 ကနေ 2005 အထိ နျူကလီးယားအင်ဂျင်နီယာ အဆင့်မြင့်သင်တန်းအား ရုရှားမှာ သင်ယူခဲ့ရကြောင်း နဲ့ မြောက်ကိုရီးယား သင်တန်းသားတွေ နဲ့ပါ ခင်မင်ခဲ့ကြောင်း ပြောပါတယ် ။ ဗဟိုခွါအားစနစ်သုံးလောင်စာ အကြောင်းအထူးပြုသင်ခဲ့ရကြောင်းပြောပါတယ် ။
မြန်မာပြည်ပြန်လာတော့ မြိုင်မြို့နယ်ရှိ နျူတပ်ရင်းမှာ တာဝန်ကျကြောင်း (အင်အား ၁၀၀ ခန့်ရှိ) မြေပြင်ပေါ်ရှိ အဆောက်အဦးမှာ သာမန်မြေစိုက်တဲသာ ဖြစ်ကြောင်း ပြောပြပါတယ် ။
{ ဇာတ်လမ်းအဖွင့်မှာ နှမ်းစားကျင်းရွာမှာ ယန္တယားတွေများစွာ နဲ့ ၂ နှစ်ကြာ တည်ဆောက်ခဲ့ရတဲ့ စက်ရုံဟာ မြေပေါ်မှာ သာမန်မြေစိုက် အဆင့်ပဲ ရှိတယ်ဆိုတော့ မြေအောက်မှာ ဘယ်လောက်လုပ်ထားမလဲ တွေးကြည့်နိုင်ပါတယ်)
အဲဒီ မြိုင်စက်ရုံကနေ အဓိကထုတ်လုပ်နေတာက ဒုံးပျံထိပ်ဖူးတွင် တပ်ဆင်မည့်
Supersonic nozzel , turbopump ,
turbine jet တို့ ရဲ့ အစိတ်အပိုင်းတွေကို ထုတ်လုပ်ပါတယ် ။
သစ္စာဖောက်ဟာ သူနဲ့အတူ ခိုးယူသွားတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ထုတ်ပြတဲ့အခါ နျူပညာရှင် ရောဘတ်ကယယ်လီက
5-5-2011 မှာထုတ်တဲ့ စာစောင်တခုမှာ
" နျူကလီးယား လုပ်ငန်းများ နဲ့ စစ်ဆေးခြင်းလုပ်ငန်းများကို နှစ် ၃၀ ကျော်လုပ်ခဲ့ရတဲ့အတွေ့အကြုံအရ မြန်မာ နဲ့ မြောက်ကိုရီးယားတို့ ရဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ နျူကလီးယား လုပ်ငန်းတွေဟာ အစပျိုးမှန်းဆချက်သာ ရှိနေပြီး နျူကလီးယားထုတ်လုပ်ဖို့ အလှမ်းဝေးသေးတယ် "
လို့ ရေးသားခဲ့ပါတယ် ။
သစ္စာဖောက်ဟာ နောက်ထပ် ဦးသန်းရွှေရဲ့ ကမ္ဘာကို လှည့်စားပြီး ဂျာမဏီ နဲ့ ဆွတ်ဇာလန်တို့ကို မျက်လှည့်ပြကာ သူလိုချင်တာကို ရအောင် ယူခဲ့ပုံအား ပြောပြပါတယ်။
နျူကလီးယားကို ကိုယ်ပိုင်ထုတ်ဖို့ ရည်မှန်းထားတဲ့ ဦးသန်းရွှေအတွက် လိုအပ်တဲ့ ပစ္စည်းအားလုံးကို မြောက်ကိုရီးယားကနေ မရနိုင်ပါဘူး ။ အလွန်အရေးကြီးတဲ့ သေးစိတ်တွက်ချက်ရသော Computer Numerically Controlled
(CNC ) စက်ပစ္စည်း ရဖို့ လိုအပ်ပါတယ် ။
အဲဒါတွေဟာ ဂျာမဏီ နဲ့ ဆွတ်ဇာလန်မှာ ရှိပါတယ် ။ သို့သော် မြောက်ကိုးရီးယား နဲ့ မြန်မာ နှစ်နိုင်ငံလုံးဟာ sanction ပိတ်ထားတဲ့ နိုင်ငံများ ဖြစ်တဲ့တွက် ဒီလိုအဆင့်မြင့်တဲ့ စက်ပစ္စည်းတွေကို ဝယ်ယူဖို့ ခက်ခဲလှပါတယ် ။
ဒါပေမယ့် အညာသားကြီးကတော့ အသာတကြည်ပဲ လှည့်စားပြီး သူလိုချင်တာကို ရအောင်ယူခဲ့ပါတယ် ။ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ စက်မှုအသက်မွေးအတတ်ပညာဌာန (DTVZ ) တွက် အသုံးပြုရန်ဆိုပြီး ဂျာမဏီ ရဲ့ DMG ကုမ္ပဏီကနေ CNC စက်များကို ဝယ်ယူပါတယ် ။
ဂျာမဏီအစိုးရဟာ ယင်းစက်များကို အရပ်ဖက် သင်တန်းသားများအတွက်ဆိုပြီး ရောင်းချပေးခဲ့ပါတယ် ( သစ္စာဖောက်ကတော့ သူသိတာ ၂ လုံးလို့ ပြောပါတယ် မသိတာလည်း ရှိနိုင်ပါတယ်) ။ CNC စက်အသစ် ၂ လုံးကိုတော့ တလုံးကို မြိုင်စက်ရုံမှာ ထားပြီး နောက်တလုံးကိုတော့ မေမြို့အနီးက စက်ရုံမှာ ထားပါတယ် ။
CNC စက်အသစ်တွေ ရောက်လာပေမယ့် နောက်ပြဿနာတခု ရှိပါသေးတယ် ။ စက်တွေကို တပ်ဆင်လည်ပတ်ဖို့ ဂျာမဏီDMG ကုမ္ပဏီက ပညာရှင်တွေလိုက်ပါမှ ရမှာဆိုတော့ နောက်ထပ်သဘာဝကျကျလိမ်ရပြန်ပါတယ် ။
လှို့ဝှက်စက်ရုံတွေမှာ အဆင့်မြင့် CNCစက်အသစ်တွေ ကို DMG က ပညာရှင်တွေ တပ်ဆင်ပေးပြီး အသုံးပြုပုံတွေ သင်ကြားရာမှာ နျူတပ်ရင်းမှ ရဲဘော်တွေကို အရပ်ဝတ်တွေနဲ့ အရပ်သားသင်တန်းသား အဖြစ် အသွင်ယူပြီး သင်ကြားစေခဲ့ပါတယ် ။ သဘာဝကျအောင် အမျိုးသမီးစစ်အင်ဂျင်နီယာများကိုပါ သင်တန်းသူများ အဖြစ် ထည့်သွင်းသင်ကြားစေခဲ့ပါတယ် ။
အဲဒီလိုနဲ့ ဆန်ရှင်တွေ ကျော်ဖြတ်ပြီး နည်းပညာတွေကို လှလှပပရယူပြလိုက်တာကတော့ ဘရွှေကြီးရဲ့ ပညာရပ်တွေပါပဲ ။
ဦးသန်းရွှေဟာ 2006 နှစ်ဦးမှာ လှိုဏ်ဂူတူးဖော်ခြင်းတွေ ပြီးတာနဲ့ 2008 မကုန်မှီထိ မြောက်ကိုရီးယားမှ မြေပြင်ပစ် အမြောက်ကြီးများ ၊ အမြှောက်တင်ယာဉ်များ ၊ 240 mm အတွဲလိုက်ပစ် MRLS များကို မည်သူမျှမရိပ်မိအောင် သယ်ယူခဲ့ပြန်ပါတယ် ။
အဲဒီပစ္စည်းတွေ နဲ့ အတူ ဒုံးလက်နက်တွေကို တင်ပို့ပေးခဲ့တဲ့ မြောက်ကိုရီးယားဟာ နည်းပညာကိုတော့ ဆရာစားချန်ပြီး ပေးပါတယ် (ဒါတေါ့ ထုံးစံပါပဲ) ။
မြန်မာကို နည်းပညာ နဲ့ ဒုံးတွေ တွဲပေးလိုက်တာက Hwasong 5 , 6 balbst missile အဆင့်တွေပဲ ဖြစ်ပါတယ် ။ ပြုံယမ်းမှာတော့ Hwasong 12 ထိ ထုတ်လုပ်ပိုင်ဆိုင်နေပါပြီ ။
နည်းပညာအခြေခံကတော့ ရုရှားရဲ့ စကာ့ဒ် မျိုးအစားပါပဲ ။ တာတိုပစ်အဆင့်ပဲ ရှိပါတယ် ။ စကာ့ဒ်တွေကတော့ အားလုံးသိတဲ့အတိုင် 1980 ကနေ 1988 ထိ ဖြစ်ခဲ့တဲ့ အီရန် အီရတ် စစ်ပွဲမှာ အများဆုံး သုံးခဲ့တဲ့ အမျိုးအစားတွေပါပဲ ။ နှစ်ဖက်စုစုပေါင်း 516 လုံးအထိ ပစ်ခဲ့တယ်လို့ ဆိုကြပါတယ် ။
ဇစ်မြစ်ကတော့ ဟစ်တလာ ရဲ့ V2 ဖြစ်ပြီး ရုရှားမှာ R11 M စကာ့ဒ်တွေကို A,B,C,D ဆိုပြီး အဆင့်မြှင့်သုံးနေပါတယ် ။
မြန်မာ့တပ်မတော်မှာ ရှိနေတဲ့ Hwasong 5 , 6 တွေဟာ ပေါက်ကွဲအားပြင်း ထိပ်ဖူးတပ်ဆင် ပစ်ခတ်လျှင် ကီလိုမီတာ 500 ( မိုင် 300) နဲ့ နျူကလီးယားထိပ်ဖူး တပ်ဆင်ပစ်ခတ်လျှင် ကီလိုမီတာ 300 ( မိုင် 180) အထိ ထိရောက်စွာ ပစ်ခတ်နိုင်ပါတယ် ။
{ ယခု လက်ရှိအနေအထားအရ တရုတ် ထိုင်းတို့နဲ့ ဆက်ဆံရေး အဆင်ပြေနေတဲ့မြန်မာတပ်မတော်ပိုင် Hwasong missile တွေကို အမ်း နဲ့ ပဒါန်း ရှိ မြေအောက်လှိုဏ်ဂူတွေထဲမှာ ဘာကြောင့် ဖြန့်ကျက်ချထားသလဲ ဆိုတာ တွေးကြည့်နိုင်ပါတယ် }
ပြုံယမ်းကို 2008 မှာ သွားခဲ့ကြတဲ့ ဦးရွှေမန်းရဲ့ ခရီးစဉ်နဲ့ ပါတ်သပ်ပြီး တင်ပြပါ့မယ် ။ ဦးရွှေမန်းတို့ဟာ မြောက်ကိုရီးယားရှိ မြေအောက် စစ်လက်နက်စက်ရုံပေါင်း များစွာကို သွားရောက်ခဲ့ရသလို ဖြနိ့ကျက်ထားတဲ့ မြေအောက်လှိုဏ်ခေါင်းထဲမှ ဒုံးလက်နက်တွေကို လေ့လာကြရပါတယ် ။
သူတို့ဟာ မြေအောက်လှိုဏ်ဂူလေ့လာဖို့ သွားကြတာ မဟုတ်ပါဖူး ။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ စနစ်ကျတဲ့ အဆင့်မြင့် လှိုဏ်ဂူ ၆၀၀ ကျော် တူးပြီးပါပြီ ။
လှိုဏ်ဂူတွေထဲမှာ စက်ရုံတွေတည်ဆောက်ထားပုံ နဲ့ ဒုံးလက်နက်တွေ သိုလှောင်ထိမ်းသိမ်း ဖြန့်ကျက် ထားပုံတွေကို လေ့လာဖို့ ဖြစ်ပါတယ် ။
မြန်မာ့ကာကွယ်ရေးစက်ရုံများ ဆိုင်ရာ ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို ထည့်ပေးလိုက်တာ အဲဒီရည်ရွယ်ချက်ပါပဲ ။
ဦးရွှေမန်းတို့ အဖွဲ့ဟာ အဓိကကျတဲ့ ရည်မှန်းချက်ကတော့ မြောက်ကိုရီးယားက ရောက်ရှိလာမယ့် နျူကလီးယားလက်နက်တွေကို လှိုဏ်ဂူတွေထဲမှာ စနစ်တကျ ဘယ်လိုထားမလဲ ? ဘယ်လို ဖြန့်ကျက်ထားရမလဲ ? ဘယ်လိုလုံခြုံအောင် ထားရမလဲ ? ဆိုတဲ့ အချက်တွေကို တိတိကျကျ မှတ်သားလေ့လာဖို့ပဲ ဖြစ်ပါတယ် ။
ဦးရွှေမန်းတို့ ခရီးစဉ်ပေါက်ကြားပြီး အနောက်အုပ်စုတွေ စိုးရိမ်နေကြချိန်မှာပဲ ဦးသန်းရွှေဟာ အမေရိကန် အပါအဝင် နောက်အုပ်စုတွေ လန့်သွားစေတဲ့ ကိစ္စတခု ထ လုပ်လိုက်ပြန်ပါတယ် ။ အဲဒါကတော့ 2007 ဧပြီလ မှာ ,,,,,,,,,,,,,,,,,,,?
( မူရင်းရေးသားသည့်အတိုင်းကူးယူဖော်ပြခြင်းဖြစ်ပြီး မိမိတို.သီးခြားထင်မြင်ချက် ၊ အယူအဆ ၊ အချက်အလက် လုံးဝမပါဝင်ပါ )
Related Posts ;
ပြုံယမ်း မှ နေပြည်တော် အနာဂါတ်ဆီသို့ (3) 
မြန်မာဟာ 1990 ကျော်ကာလများမှာ ပြုံယမ်းနဲ့ သံအဆက်အသွယ် ဖြတ်ထားလို့ တရားဝင် ဆက်သွယ်ဖို့ မလွယ်ကူပါဘူး ။ ပြဿနာက 10-10-1983 မှာ ရန်ကုန်မြို့ အာဇာနည် ဗိမ္မာန်အား မြောက်ကိုရီးယား မှ လာရောက် ဗုံးဖောက်ခွဲ၍ ဖြစ်ပါတယ် ။
အဲဒီမတိုင်ခင်က 1977 မှာ ဦးနေဝင်းကို ဖိတ်ခေါ်လို့ မြောက်ကိုးရီးယားကို သွားခဲ့ရသလို 1980 မှာလည်း မြောက်ကိုရီးယား အလုပ်သမားပါတီ ရဲ့ ဆဌမအကြိမ်မြောက် ကွန်ဂရက်အစည်းအဝေးကို ဖိတ်ခေါ်လို့ မဆလ အဖွဲ့ဝင်တွေ သွားခဲ့ရပါတယ် ။
အဲဒီခရီးစဉ်တွေမှာ မြန်မာအဖွဲ့ကို တာဝန်ခံယူပြီး ဧည့်ခံခဲ့ရတာ ကင်အီဆွန်း ရဲ့ လူယုံ ကင်ယုံနစ် ဖြစ်ပါတယ် ။ သံဖြတ်ထားပြီး 1990 နောက်ပိုင်းမှာ မြန်မာ နဲ့ မြောက်ကိုရီးယားတို့ တိတ်တတိတ် ပြန်ဆက်သွယ်ကြရာမှာ 1983 အဖြစ်ဆိုးကို ဘယ်သူကမှ အစပြန်ဖော်ကြမှာ မဟုတ်ပါဘူး ။
အဲဒီလို တိတ်တဆိတ် ဆက်သွယ်ဆောင်ရွက်နေစဉ်ကာလမှာပဲ 8-7-1994 မှာ ကင်အီဆွန်း ကွယ်လွန်သွားပါတယ် ။ ဆက်ခံသူအား ရွေးခြယ်မသွားနိုင်ပဲ ကွယ်လွန်ခဲ့တဲ့ အတွက် ခြေ / ဥ အရ နိုင်ငံခြားရေးဝန်ကြီး ကင်ယုံနမ် (ပေါလစ်ဗျူရို အမှတ်စဉ် ၄ ) က ခေတ္တထိမ်းသိမ်းထားခဲ့ရပါတယ် ။
8-7-1994 မှ 5-9-1998 အထိ အုပ်ချုပ်ခဲ့တဲ့ ကင်ယုံနမ်အကြောင်း ပြောပြချင်ပါတယ် ။ မြန်မာ့အရေးနဲ့ ပါတ်သက်သူ မို့ပါ ။
ကင်ယုံနမ်ဟာ တရုတ်ပိုင်နက်ထဲမှာ မွေးခဲ့တဲ့ ကိုရီးယားလူမျိုးဖြစ်ပါတယ် ။ 1950 ကိုရီးယားစစ်ပွဲမှာ တရုတ်အပျော်တမ်း တပ်တွေနဲ့ ပြုံယမ်းဖက်ကနေ ဝင်တိုက်ပေးသူဖြစ်ပါတယ် ။
စစ်ပွဲပြီးတော့ ဆိုဗီယက်ကို သွားပြီး ဘွဲ့ရအောင် ကျောင်းတက်ခဲ့ပါတယ် ။ ဘွဲ့ယူပြီး မြောက်ကိုရီးယားကို ပြန်လာပါတယ် ။ နိုင်ငံခြားရေး ဌာနမှာ အလုပ်လုပ်ရင်း ရုရှား တရုတ် မြောက်ကိုရီးယား သုံးပွင့်ဆိုင် ကိစ္စရပ်များမှာ ကောင်းစွာ ညှိနှိုင်းပေးသူ ဖြစ်ခဲ့ရပါတယ် ။
ကင်အီဆွန်းအပေါ် ကားမက်စ် နဲ့ လီနင်အတွေးအခေါ်တွေကို သင်ပေးနိုင်သူဖြစ်ပါတယ် ။ သံတမန်ရေးရာ ကိစ္စများကို စီမံရသူဖြစ်ပြီး 1990 နောက်ပိုင်း မြန်မာ နဲ့ ဆက်သွယ်ရေးလုပ်ဖို့ တရုတ် နဲ့ ရုရှားက တဆင့် စီစဉ်နိုင်သူလည်း ဖြစ်ပါတယ် ။
သို့သော် မြန်မာနဲ့ မြောက်ကိုရီးယား တပ်မတော် ၂ ခု အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှုများကိုတော့ ခေါင်းဆောင်သစ် ကင်ဂျုံအီး (ကင်အီဆွန်း သား) ကသာ ဆုံးဖြတ်ပါတယ် ။
မြန်မာအစိုးရ အတွက် မြောက်ကိုရီးယားကို ပေါ်ပေါ်ထင်ထင် သွားခဲ့ရတဲ့ ခရီးကတော့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးသွားခဲ့ရတဲ့ မြောက်ကိုရီးယား ခရီးစဉ်ဖြစ်ပါတယ် ။
29-10-2008 မှာ မြန်မာနိုင်ငံခြားရေးဝန်င်္ကြး နဲ့ အဖွဲ့ မြောက်ကိုရီးယားကို ထွက်ခွါခဲ့ရတဲ့ ခရီးစဉ်ကတော့ ကင်ယုံနမ်က စတင်ဖိတ်ခေါ်လို့ပါပဲ ။
ဦးဉာဏ်ဝင်းရဲ့ ခရီးစဉ်အပြီးမှာ မြန်မာ့တပ်မတော်အတွက် အလွန်အရေးကြီးတဲ့ ခရီးစဉ်တခု ဖြစ်ပေါ်လာခဲ့ရပါတယ် ။ အဲဒီခရီးကိုတော့ ကင်ဂျုံအီရဲ့ ခွင့်ပြုမှု နဲ့ မြောက်ကိုရီးယား စစ်ဦးချုပ် Kim Kyak Sik ၏ ဖိတ်ကြားမှုကြောင့် သွားခဲ့ရတဲ့ မြန်မာ့တပ်မတော် ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ် ဖြစ်ပါတယ် ။
ဒီခရီးစဉ်ကိုတော့( 21-11-2008 )မှ (12-12-2008) ထိ ကြာမြင့်စွာ သွားရောက်ခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ နံပါတ်စဉ် ၃ ဖြစ်သူ ဗိုလ်ချုပ်ကြီးသူရရွှေမန်းက ဦးဆောင်ခဲ့ရပါတယ် ။
ဒီခရီးစဉ်ကို သွားကြတဲ့အခါ သံရုံးများ တရားဝင် ပြန်ဖွင့်မထားရသေးလို့ ဦးရွှေမန်းတို့ အဖွဲ့ဟာ တပ်မတော် ယူနီဖောင်းများနဲ့ ဘေဂျင်းကို ဦးစွာသွားကြပါတယ် ။ နောက် အရပ်ဝတ် ( ဥရောပဝတ်စုံ) တွေနဲ့ ဘေဂျင်း မှ ပြုံယမ်း သို့ 883 မိုင် ခရီးအား ရထားဖြင့် ဆက်လက်ထွက်ခွါခဲ့ရာ ၂၄ နာရီမျှ စီးနင်းခဲ့ရပါတယ် ။
ထူးခြားချက်ကတော့ ဦးရွှေမန်းတို့နဲ့ အတူ ပြုံယမ်းသို့ တရုတ်တပ်မတော် စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး Chen Bingde ကိုယ်တိုင် အတူလိုက်ပါလာခြင်းပဲ ဖြစ်ပါတယ် ။
မြောက်ကိုရီးယားကို ရောက်သွားတဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်းတို့ အဖွဲ့ဟာ
- ဒုံးကျည်စက်ရုံများ
- စကာ့ဒ်ဒုံးများအဆင့်မြှင့်မှုများ
- နျူကလီးယားဒြပ်ပေါင်းဖို တည်ဆောက်ခြင်းများ
- မြေအောက်ဥမင်လှိုဏ်ခေါင်းတူးဖော်ခြင်းများ ကို အထူးပြု လေ့လာ မှတ်သားကြပါတယ် ။
အဲဒီနောက် စစ်ဘက်ဆိုင်ရာ အကူညီပေးရေး စာချုပ်များ ချုပ်ဆိုခဲ့ပါတယ် ။ အရေးကြီးတဲ့ နျူကလီးယား သဘောတူညီချက်များအတွက် မြောက်ကိုရီးယား ရဲ့ တနိုင်ငံထဲ သဘောနဲ့ ဆောင်ရွက်မရတဲ့ အတွက် ရုရှား နဲ့ တရုတ်တို့က သွယ်ဝှိက်ကူညီနိုင်မှ အဆင်ပြေမှာ ဖြစ်လို့ တရုတ်စစ်ဦးစီးချုပ်ကိုယ်တိုင် ပြုံယမ်းကို လိုက်ပါလာခြင်း ဖြစ်ပါတယ် ။
ဦးသန်းရွှေဟာ သူတစ်ပါးအမှားကနေ သင်ခန်းစာယူပြီး နိုင်ငံအတွက် အကောင်းဆုံးတည်ဆောက်နေတာ တွေ့ရပါတယ် ။ သူက အီရတ်ပြဿနာကို လေ့လာကြည့်ပါတယ် ။
အီရတ်တပ်မှူးကြီးတွေဟာအလွန်အမင်း ကြွားဝါပြီး အလုပ်မဖြစ်တဲ့စီမံချက်တွေနဲ့ ဆဒမ်ကို လိမ်ညာခဲ့ကြပါတယ် ။ စစ်ဇုံကြီး ၅ ဇုံနဲ့ ခုခံထားပြီး အတွင်းဆုံးက ဇုံအတွက် ဆဒမ်ရဲ့ ယောက်ဖကိုယ်တိုင် ကွပ်ကဲပြီး တိုက်မတဲ့ ။ ဒီလို ရေပက်မဝင်တဲ့ စီမံချက်တွေ တင်ပြခဲ့ပြီး ရွှန်းရွှန်းဝေအောင် ကြွားဝါခဲ့တဲ့ အီရတ်တပ်မှူးတွေဟာ တကယ်တိုက်တော့ ၅၉ ရက်ပဲ ကြာပါတယ် ။
ခေတ်မှီလေယာဉ်တွေဆို ဂိုဒေါင်ထဲကတောင် မထုတ်လိုက်ရပဲ ရှုံးသွားခဲ့ပါတယ် ။ 13-12-2013 မှာ လုံခြုံမှု မရှိတဲ့ ဗုံးခိုကျင်းထဲမှာ ဆဒမ်ကို အထီးကျန်စွာ ဖမ်းမိသွားတာကို သင်ခန်းစာယူပါတယ် ။
- ကြိုတင်ပြင်ဆင်မထားတဲ့ ဗုံးကျင်းထဲမှာ ခိုအောင်းခြင်း
- သစ္စာဖောက်တဦးဥိးက သတင်းပေးခြင်း
- အသံလွှင့်၍ ကျူးကျော်သူယမ်းကီးတွေကို ချေမှုံးကြ ဘာညာ နဲ့ နေ့စဉ်ပြောနေသောကြောင့် ရေဒီယိုလှိုင်းမှ ခြေရာခံသွားခြင်း
အစရှိတဲ့ ဆဒမ်ရဲ့ ကိုးယို့ကားယား အမှားတွေကို သုံးသပ်ပြီး ငါသာဆိုဘာလုပ်မလဲ ဆိုတဲ့ ဆုံးဖြတ်ချက်ချဖို့ အားထုတ်ပါတော့တယ် ။
မြေအောက်လှိုဏ်ခေါင်း ကွန်ယက်ရတွေကို စနစ်တကျ ဖြန့်ကျက်ထားပြီး ကွပ်ကဲမှု ဗဟိုဌာနချုပ် (GHQ) တွေရဲ့ တည်နေရာကို လျှို့ဝှက်နေရာတွေမှာ ထားနိုင်မယ်ဆိုရင် အချိန်ကာလ အတော်ကြာ တောင့်ခံနိုင်မယ်လို့ တွက်ဆပါတယ်။
အဲဒါကြောင့် 2005 မှာ အစိုးရရဲ့ အုပ်ချုပ်မှုယန္တယားတခုလုံးကို နေပြည်တော်သို့ ပြောင်းရွှေ့ဖို့ စီစဉ်နေဆဲ မှာပဲ စစ်ဘက်ကွပ်ကွဲမှု ဌာနချုပ်ကိုလည်း နေပြည်တော်ရဲ့ အရှေ့ဖက် ၁၂ မိုင်အကွာက ပေါင်းလောင်းတောင်စောင်းနေရာမှာ စနစ်တကျ ရွှေ့ပြောင်းထားပါတော့တယ် ။
ဦးသန်းရွှေဟာ အလွန်စနစ်ကျတဲ့ တွက်ချက်မှုတွေနဲ့ နိုင်ငံရေး စစ်ရေး အခြေအနေများကို မိမိလိုသလို စေ့စေ့စပ်စပ် ဖော်ဆောင်ခဲ့ပါတယ် ။
နိုင်ငံရေးခွါစစ်အတွက် 2008 ခြေ / ဥ ကို နောက်ချန်တပ် 25 % နဲ့ ရင်ဆိုင် ထိမ်းချုပ်ထားပြီး သက်တောင့်သက်သာ ဆုတ်ခွါဖို့ စီမံထားသလို စစ်ရေးလုံခြုံမှုအတွက် မြောက်ကိုရီးယား နဲ့ ဆက်ဆံရေးတိုးမြှင့်ပြီး ဘက်စုံကာကွယ်ရေးစနစ် မြှင့်တင်နိုင်ရန် ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို မြောက်ကိုရီးယားသို့ စေလွှတ်ခြင်း ဖြစ်ပါတယ် ။
အင်မတန် စကားနည်းလှပြီး သူဖြစ်ချင်တာကို ကျိတ်ပြီး ကြံစည်တတ်၍ အောင်မြင်အောင် လုပ်ဆောင်လေ့ ရှိတဲ့ အလွန်ပါးနပ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဦးရွှေမန်းကို ယုံကြည်ကိုးစားပြီး မြောက်ကိုရီးယားကို လွှတ်လိုက်တဲ့ နေရာမှာ ဦးရွှေမန်း ဘာတွေ ဆောင်ရွက်လာမလဲ ဆိုတာ လေ့လာကြည့်တော့ ,,,,,,,,,,,,,,,?
ပြုံယမ်း မှ နေပြည်တော် အနာဂါတ်ဆီသို့ (4)
ဦးရွှေမန်းတို့ အဖွဲ့ဟာ ပြုံယမ်းမှာ 2008 ကုန်ပိုင်းကာလ၌ ချုပ်ဆိုခဲ့တဲ့ စစ်ရေးစာချုပ်တွေမှာ ဘယ်အချက်တွေ ပါဝင်နေပါသလဲ ? စိတ်ဝင်စားစရာ ကောင်းတဲ့ ပိုင်းက စလာပါပြီ ။
သာမန် လှိုဏ်ခေါင်းတူးခြင်း ၊ နျူထိပ်ဖူးတပ် ဒုံးများထုတ်လုပ်ရန် စက်ရုံတည်ဆောက်ခြင်းများ အတွက် မဟုတ်ပါဘူး ။ ဒီထက်ကြီးမားတဲ့ ကိစ္စများအတွက် စာချုပ်ချုပ်ဆိုခဲ့ကြတာပါ ။
အထက်က ပြောခဲ့တဲ့ လှိုဏ်ခေါင်းတူးတာ ၊ ဒုံးစက်ရုံတည်ဆောက်တာတွေက 2003 မှ 2006 အတွင်း ကြံစည်လုပ်ဆောင် အကောင်အထည် ဖော်ပြီးခဲ့ပါပြီ ။ ယခု 2008 မှာ တပ်မတော်ရဲ့ နံပါတ် ၃ ခေါင်းဆောင် ပြုံယမ်းအထိ သွားပြီး ချုပ်ခဲ့တဲ့ စစ်ရေးစာချုပ်အတွက် ဒီထက်အရေးကြီးတာတွေ ပါမယ်ဆိုတာ ခန့်မှန်းလို့ ရနေပါပြီ ။
ဒီလှိုဏ်ခေါင်းတွေ နဲ့ ဒုံးစက်ရုံတွေအကြောင်းကို ဘာတီးလတ်တနာက RFA ကနေ သတင်းရေးသားထုတ်လွှင့်ခဲ့တာ 18-6-2009 က ဖြစ်ပါတယ် ။
သူ့ဆောင်းပါးပါ မြောက်ကိုရီးယား နဲ့ မြန်မာစစ်အစိုးရတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မှန်ကန်ကြောင်း ထပ်မံအတည်ပြုပေးလိုက်တာက မြောက်ကိုရီးယား သစ္စာဖောက် Kim Kwang Jin ဖြစ်ပါတယ် ။
သူဟာ စင်္ကာပူမှာ ငွေကြေးဝန်ဆောင်မှုလုပ်ကိုင်သူအဖြစ် ဟန်ဆောင်ပြီး မြောက်ကိုရီးယားအတွက် နိုင်ငံခြားငွေ ရှာပေးနေရသူဖြစ်ပြီး အာဏာရှင်မိသားစုနဲ့ ရင်းနှီးကြွမ်းဝင်သူ ဖြစ်ပါတယ် ။
အာဏာရှင် မိသားစုရဲ့ ငွေကြေးအတွင်းသတင်းတွေ ပေါက်ကြားမှုမှာ သူ့ကို မသင်္ကာဖြစ်နေမှန်း သိချိန်မှာပဲ တောင်ကိုရီးယားကို မိသားစုလိုက်ထွက်ပြေးပြီး ခိုလှုံနေသူဖြစ်ပါတယ် ။ RFA မှာလည်း ကော်လံစားသတင်းထောက်လုပ်ကိုင်ရင်း ယခုလို ဘာတီးလတ်တနာ ရဲ့ ဆောင်းပါးကို ထောက်ခံလိုက်တာပါ ။
မြောက်ကိုရီးယား ထိပ်သီးအာဏာရှင် မိသားစုနဲ့ ရင်းနှီးသူဖြစ်လို့ သူလည်း မြန်မာ နဲ့ ပြုံယမ်းရဲ့ ဆက်ဆံရေးလမ်းကြောင်းကို သိနိုင်ပါတယ် ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ပြုံယမ်း နဲ့ ပူးပေါင်းဆက်ဆံ ဆောင်ရွက်ရာမှာ အပိုင်းကဏ္ဍ ၂ ခု ခွဲထားပါတယ်
၁ ။ လျှို့ဝှက်ဥမင်လှိုဏ်ခေါင်းများတူးခြင်း
၂ ။ တာလတ်ပစ်ဒုံးများ နဲ့ နျူကလီးယား ဒြပ်ပေါင်းဖို တည်ဆောက်ခြင်း
ဆိုပြီး လုပ်ဆောင်ထားခဲ့ပါတယ် ။
မြောက်ကိုရီးယားတွေဟာ မြေအောက် လှိုဏ်ခေါင်းတူးဖော်ခြင်း နည်းပညာမှာ ထိပ်ဆုံးက နိုင်ငံဖြစ်ပါတယ် ။ ပါလက်စတိုင်းတွေက အစ္စရေးနိုင်ငံထဲ အထိ မြေအောက်လှိုဏ်ခေါင်းများတူးပြီး ဝင်ရောက်ဖောက်ခွဲခြင်းတွေ လက်နက်အသွင်းအထုတ် မှောင်ခိုလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ကြပါတယ် ။
အင်မတန်လည်လှပါသော အစ္စရေး နဲ့ အမေရိကန်တွေ လုံးဝမသိခဲ့ရပဲ နှစ်များစွာကြာမှ လှိုဏ်ခေါင်းတွေကို တွေ့ရှိကြပါတယ် ။ အဲဒီလှိုဏ်ခေါင်းတွေကို အီရန်က ငှါးပေးလို့ မြောက်ကိုရီးယားတွေက တိတ်တဆိတ် တူးပေးခဲ့ကြတာပါ ။
မြောက်ကိုရီယားဟာ အီရန်နိုင်ငံကို တာတိုပစ်ဒုံးလက်နက် နည်းပညာတွေ ရောင်းပေးခဲ့ပါတယ် ။
ဒါ့အပြင် ဆီးရီးယားနိုင်ငံရှိ ယူဖရေးတီးဖြစ်ဘေးမှာ နျူကလီးယား ဒြပ်ပေါင်းဖိုတခု တည်ဆောက်ပေးခဲ့တာလည်း မြောက်ကိုရီးယားပါပဲ ။ တည်ဆောက်ပြီးဆီးခါနီး 2007 စက်တင်ဘာလ မှာ အစ္စရေးက ဗုံးကြဲဖျက်ဆီးလိုက်လို့ မြောက်ကိုရီးယား နျူပညာရှင် 10 ယောက် သေဆုံးခဲ့ရဖူးပါတယ် ။
ပြောချင်တာက မြောက်ကိုရီးယားရဲ့ ပြည်ပပို့ကုန်ဟာ လှိုဏ်ခေါင်းတူးပေးခြင်း ၊ နျူကလီယား ထုတ်လုပ်ခြင်း နဲ့ တာတို တာလတ် တာဝေး ပစ် ဒုံးလက်နက် နဲ့ နည်းပညာရောင်းစားခြင်း ဆိုတာ သိစေချင်လို့ ဖြစ်ပါတယ် ။
ဒီလိုနည်းပညာတွေ ပိုင်ဆိုင်ထားပြီး နျူလက်နက်တွေ လက်ဝယ်ကိုင်ထားတဲ့ မြောက်ကိုးရီးယားဟာ နိုင်ငံပေါက်စ ခေါင်းဆောင်ပေါက်စ ( အသက်ငယ်) လေးက ကမ္ဘာ့ငပွကြီး အမေရိကန် ထရမ့်ရဲ့ နားရွက်ကို အကြိမ်ကြိမ်တံတွေးစွပ်ပြနေတာ ထရမ့်ကြီး မလှုပ်ရဲတာကို သဘောပေါက်ကြမှာပါ ။
သူတချက် တချက် ထဖောက်လိုက်ရင် အင်အားကြီး အနောက်နိုင်ငံခေါင်းဆောင်ကြီးတွေ ခေါင်းခဲနေရတာဟာ နည်းပညာ နဲ့ လက်နက်တွေကြောင့်ဆိုတာ ဦးသန်းရွှေကောင်းစွာ သဘောပေါက်လို့ မြောက်ကိုရီးယားနဲ့ ပူးပေါင်းဖို့ ကြိုးစားခဲ့တာပါပဲ ။
2004 ကုန်ခါနီးမှာ မြောက်ကိုရီးယား မှ ပညာရှင် ၁၀၀ လောက် နေပြည်တော်ကို စတင်ရောက်ရှိလာပါတယ် ။ သူတို့ထဲမှာဥမင်လှိုက်ခေါင်းတူးပညာရှင်များ ၊ နျူကလီးယားပညာရှင်များ ၊ နျူကုန်ကြမ်း ယူရေနီယံရှာဖွေရေးပညာရှင်များ အထိ ပါဝင်နေပါတယ် ။
အဲဒီ ပညာရှင်တွေကို ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ အကယ်ဒမီ(DSTA) မှာ နေရာချထားပေးပြီး ဌာနချုပ်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ် ။ သူတို့နဲ့ အတူ ကာကွယ်ရေးဝန်ကြီးဌာန သိပ္ပံနဲ့နည်းပညာသုတေသန မှာ ထူးချွန်သူ အရာရှိများနဲ့ စစ်သည်များအား တွဲဖက်တာဝန်ချထားပေးခဲ့ပြီး နည်းပညာများ သင်ယူစေခဲ့ပါတယ် ။
2004 နဲ့ 2005 ခုနှစ်တွေမှာ နေပြည်တော်ကို အကြီးအကျယ် တည်ဆောက်နေချိန်ဖြစ်လို့ တရုတ်တွေနဲ့ တူတဲ့ မြောက်ကိုရီးယားတွေကို ဒေသခံတွေကတော့ မြင်ဖူးနေကျ တရုတ်တွေလို့ပဲ ထင်မှတ်နေကြပါတယ် ။
{ 2009 - မှာ အမေရိကန်ကို ထွက်ပြေးပြီး ဖော်ကောင်လုပ်ခဲ့တဲ့ သစ္စာဖောက်လောက်ကောင် စိုင်းသန်းဝင်းဟာ 2001 မှ 2005 အထိ ရုရှားမှာ နျူပညာသင်ယူနေရလို့ ယခုအကြောင်းတွေကို သူမသိပါဘူး ။ ရွံရှာဖွယ် သစ္စာဖောက်အကြောင်း နောက်မှရေးပါ့မယ်}
2004 က စပြီးရောက်လာတဲ့ မြောက်ကိုရီးယားပညာရှင်တွေဟာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ၊ ဖြစ်နိုင်ခြေဆန်းစစ်ခြင်း ၊ မြေသားဓာတ်ခွဲခြင်း ၊ ဘူမိရူပ အကြိုလုပ်ငန်း ( မြေသား ကျောက်သား ဥမင်လှိုဏ်ခေါင်းများဟာ သာမန် သိုလှောင်ရုံ သွားလာရုံမဟုတ်ပဲ ဆက်သွယ်ရေးစက်များနဲ့ပါ အလုပ်လုပ်နိုင်ရန်အတွက် သံလိုက်စက်ကွင်း တိုင်းတာရခြင်း ကဲ့သို့သော အချက်များနဲ့ ထောင့်စေ့အောင် တွက်ချက်ပြီးမှ တိကျစွာ ဆောင်ရွက်ရပါတယ် ) လုပ်ကိုင်ကြပါတယ် ။
နောက်ပြီး တဆက်တည်းမှာပဲ ပေါင်းလောင်းတောင်ကျောရှိ ပမာဏကြီးမားသော မူရွှေသိုက် (primary) တွေပါ ရှာဖွေကြပါတယ် ။ မြစ် ချောင်း များမှာ တွေ့ရတဲ့ အမှုံအမွှားတွေဟာ မူလရွှေသိုက်မှ တိုက်စားပြီး ပါလာရတဲ့ ရွှေသာဖြစ်ပြီး မူလရွှေသိုက်များမှာတော့ ကျောက်ချပ်များ ကြားညှပ်နေသော ရွှေချပ်များ အစိုင်အခဲများ တွေ့ရတတ်ပါတယ် ။
ဒီလိုတလက်စတည်း ရှာဖွေတာ ကျွဲကူးရေပါ လုပ်နည်းပါပဲ ။ မြောက်ကိုရီးယား နဲ့ မြန်မာတို့ရဲ့ အဆိုပါလုပ်ငန်းများအတွက် အခကြေးငွေ သတ်မှတ်ရာမှာ ဒေါ်လာနဲ့ မပေးချေပဲ ဆန် သီးနှံ ရာဘာ သစ် ရွှေ တို့နဲ့ ပေးချေဖို့ ( barter စနစ်) သဘောတူထားလို့ ဖြစ်ပါတယ် ။
ဘာတီးလတ်တနာ ပြောခဲ့ဖူးပါတယ် ။ မြောက်ကိုရီးယားကို လေယယာဉ်နဲ့ ပျံဝဲပြီး အပေါ်စီးကလိုက်ကြည့်ပါတဲ့ ။ တောင်ကြိုတောင်ကြား တနေရာမှာ မီးခိုးထွက်နေရင် သေချာပြီး မြေအောက်မှာ မြောက်ကိုရီးယားတွေ အလုပ်တခုခု လုပ်နေကြပြီ တဲ့ ။
ဟုတ်ပါတယ် မြောက်ကိုရီးယားတွေဟာ အလုပ်လုပ်ရင် လျှို့ဝှက်လုပ်လေ့ရှိကြပြီး မြေအောက်လှုဏ်ခေါင်းတွေမှာ သူတို့ရဲ့ နျူလက်နက်တွေ သိုဝှက်ထားတာ ကြည့်ပါ ။
မြန်မာပြည်အတွက် လှို့ဝှက်နေရာ ၇ နေရာ သတ်မှတ်ပြီး လုပ်ငန်းစတင်ဖို့ Lay out plan ဆွဲပြီးပါပြီ ။ ထိုနေရာများသို့ လုပ်ကိုင်ရန် မြောက်ကိုရီးယာ ပညာရှင် 1000 ဟာ 2005 နှစ်စမှာ ရောက်လာပါပြီ ။ နေပြည်တော် နဲ့ ပြင်ဦးလွင်မှာ နေရာခွဲထားလိုက်ပါတယ် ။
နေပြည်တော် ၊ တောင်ကြီး ၊ မင်းဘူး ၊ ရခိုင်ရိုးမ အန်း ၊ ပြင်ဦးလွင် ၊ ရွာထောင် စက်ခေါင်းပြင်ရုံ ၊ အင်းစိန်စက်ခေါင်းရုံ ၊ စသည့် နေရာတွေမှာ မြေအောက် လှိုဏ်ခေါင်းတွေ ဖောက်ကြပါတယ် ။
ရခိုင်ပြည်နယ် မအီတောင်ခြေက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီး ဖောက်လုပ်ခဲ့တဲ့ မြေအောက်လှိုဏ်ခေါင်းထဲမှာ တိုက်ခိုက်ရေး ဂျက်တိုက်လေယာဉ်များ နဲ့ ဘင်္ဂလားဒေ့ရ် အား အချိန်တိုအတွင်း ချေမှုံးဖျက်ဆီးနိုင်တဲ့ တာတိုပစ် ဒုံးကျည် အမြောက်အများကို ဖြန့်ဝေ ချထားပြီး ဖြစ်ပါတယ် ။
ဂြိုလ်တု ဓာတ်ပုံများအား လှည့်စားနိုင်ရန် လျှပ်စစ်စီမံကိန်းများနဲ့ ပုံဖျက်တည်ဆောက်ထားပါတယ် ။
အချို့သော ဥမင်လှိုဏ်များသည် ရှစ်မိုင်အထိ ရှည်လျှားပြီး အကျယ် ပေ ၂၀ အမြင့် ၁၅ ပေ အထိ ရှိကြပါတယ် ။ လျှပ်စစ် ၊ ရေ နဲ့ မီးငြိမ်းသတ်ရေး စနစ်အထိ ပြည့်စုံစွာ တည်ဆောက်ထားကြပါတယ် ။
ကားတစီး ချောင်ချိစွာ မောင်းနှင်နိုင်ပြီး ချို့နေရာများမှာ ပြီးပြည့်စုံတဲ့ အစည်းအဝေးခမ်းမတွေအထိ ထည့်သွင်း ဖောက်လုပ်ထားပါတယ် ။
ဒီလိုတွေ စနစ်တကျ လျို့ဝှက်စွာ တည်ဆောက်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပေါ် သူ့ရဲ့ ပြောစကားတွေ ဟန်ပန် အမူအရာတွေ အပေါ်ကြည့်ပြီး သူ့ရဲ့ ပင်ကိုယ်စိတ် နဲ့ အရည်အချင်းကို မခန့်မှန်းနိုင်ပါဘူး ။
ပြည်ပက ဝေဖန်သူတွေကတော့ ဦးသန်းရွှေဟာ ခန့်မှန်းရခက်ခဲတဲ့ ကြောင်လက်သည်းဝှက်လို လူစားလို့ ပြောဆိုကြပါတယ် ။
သူ့အာဏာသက်တမ်း ၂၃ နှစ်လောက်မှာ တပ်မတော်နေ့အခမ်းအနားများမှာ မိန့်ခွန်းပြောခြင်း နဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲများမှာ တိုတိုတိတိ မိန့်ခွန်းပြောခြင်းမှ အပ အခြားအခမ်းအနားတွေမှာ ပြောလေ့မရှိပါဘူး ။
အဲဒီလို ပိပိရိရိ နေထိုင်တတ်ပြီး ထူထူထိုင်းထိုင်း အောက်သိုးသိုးမျက်နှာကြီး နဲ့ မရယ်မပြုံး နေတတ်တဲ့ အညာသားကြီးကို ပြည်ပကလူတွေ မပြောနဲ့ သူနဲ့ အနီးကပ်နေရတဲ့ တပ်မှူးကြီးတွေတောင် မခန့်မှန်းနိုင်ကြပါဘူး ။ ဘယ်လက်က လုပ်တာ ညာလက်က မသိစေနဲ့ ဆိုတဲ့ လူစားကိုး ဗျ ။
သူရဲ့ ပိရိသေသပ်တဲ့ အနေအထိုင်နဲ့ နျူစီမံချက်တွေဘယ်လိုပါတ်သပ်နေသလဲဆိုတာ နိဂုံးချုပ်မှာ တွေ့လာပါမယ် ။
ဇာတ်ကြောင်းပြန်စရမယ်ဆိုရင် ဒီလို လျှို့ဝှက်လှိုဏ်ဂူတွေ ဖောက်လုပ်နေတဲ့ လုပ်ငန်းတွေဟာ 2006 မှာ အားလုံးနီးပါး ပြီးသွားပါပြီ ။
- ကုန်ကျငွေ ဘယ်လောက်လဲ ?
- ဘယ်ကရှာကြမလဲ ?
ဆိုတာကတော့ ,,,,,,,,,,,,,?
( မူရင်းအတိုင်းသာ ကူးယူဖော်ပြခြင်းဖြစ်ပါသည် )
 Facebook တွင် မျိုးဝင်း ဟူသော အကောင့်မှ ရေးသားတင်ပြထားသည့် ပြုံယမ်း မှ နေပြည်တော်  ၏ အနာဂတ် သို. ဟူသော စာစုအပိုင်း ၁၀ ပိုင်းအား စုစည်း ကူးယူဖော်ပြပါသည် ။
ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( 1 )
2004 ခုနှစ်၏ နိုင်ငံတော်အဆင့် မိတ်ဆုံစားပွဲ တခုတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အတူ တဝိုင်းထဲထိုင်၍ အတူစားသောက်နေသော ဝန်ကြီး ၂ ပါးကတော့ ကျောက်ဆည်သား ငယ်သူချင်း ၂ ဦးဖြစ်သူ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်း နဲ့ တံတားဦးမြို့နယ် ဥမင်ရွာသား သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းတို့ပဲ ဖြစ်ပါတယ် ။
ဒီပွဲရဲ့ မင်းသားကြီး သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်းသည်ကား ခေသူမဟုတ်ပါ ။ DSA 1 st batch ရဲ့ best cadet ပင် ဖြစ်ပါတော့တယ် ။ ထွေရာလေးပါး ပြောနေရင်းရဲ့ တပ်ချုပ်ကြီး ဦးသန်းရွှေက
"ကိုသောင်းရေ အနုမြူလက်နက်မရှိတဲ့ ဒို့နိုင်ငံကို အနုမြူရှိတဲ့ကောင်တွေက ဗိုလ်ကျတယ်ကွ ။ ဒါကြောင့် ထန်းသီးလောက်ပဲဖြစ်ဖြစ် ရှိတဲ့ အနုမြူတလုံး လုပ်စမ်းကွာ"
ဆိုပြီး ရုတ်တရက်ပြောလိုက်ပါတယ် ။ ရုတ်တရက် ဒီလို ကောက်ခါငင်ခါ ပြောလိုက်တော့ ဦးသောင်းလည်း သောက်စားနေတဲ့ ဝိုင်းဖြစ်နေရကား ဗ်ုလ်ချုပ်မှူးကြီး အသောက်များပြီး ပြောသလား ဆိုကာ ပုလင်းကိုကြည့်မိတော့လည်း အရာသိပ်မယွင်းသေးကြောင်း တွေ့ရပါတယ် ။
ငယ် သူငယ်ချင်းတွေ ဆုံမိတဲ့ ဝိုင်းမှာ ရီစရာ ပြောတာလား ဘာလား ခွဲခြားမရတဲ့ ဦးသောင်း အဖို့ ဒီစကားဟာ တကယ့်ကို ဦးသန်းရွှေရင်ထဲက လာတဲ့ စကားဆိုတာ မကြာခင်မှာပဲ သိလိုက်ရပါတော့တယ် ။
အဲဒီ စကားဝိုင်းပြောခဲ့တဲ့ စားပွဲအပြီးမှာ မကြာလှပါဘူး ပခုက္ကူခရိုင် မြိုင်မြို့နယ်ထဲက နှမ်းစားကျင်း ဆိုတဲ့ အရပ်ဒေသက တောင်ကြိုတောင်ကြားတွေထဲက ယာမြေတွေကို လူစိမ်းတွေ ဝင်ထွက်လေ့လာနေပါပြီ ။
ထို့နောက် မြေစာရင်းတွေရုံးမှာ အလုပ်ရှုပ်များနေတာ တွေ့ရပြီး ရက်ပိုင်း အတွင်းမှာပဲ အဆိုပါ တောင်ကြိုကြားက စိုက်ပျိုးနေတဲ့ ယာမြေတွေကို မြေသိမ်းမိန့် ထုတ်ပြန်ပြီး တရားဝင် သိမ်းပစ်ပါတယ် ။ မူလစိုက်ပျိုးနေတဲ့ တောင်သူတွေကို ထွက်ခွါသွားစေခဲ့ပါတယ် ( လယ်ယာမြေ လျှော်ကြေးပေး မပေး မူလပို့စ် မှာ ရေးမထားပါဘူး )
အဲဒီလို ဒေသခံတွေ ထွက်ခွာသွားပြီးတဲ့ နောက်မှာတော့ အင်မတန်တောခေါင်လှတဲ့ နှမ်းစားကျင်းတောင်ကြားလေး ဆီသို့ ခေတ်မှီယန္တရားကြီးတွေ အစီးပေါင်းများစွာ ဟာ ရုတ်ချည်း အုပ်စုလိုက် ရောက်လာကြပါတယ် ။
များပြား ကြီးမားလှတဲ့ ယန္တရား တွေဟာ လမ်းတွေဖောက်တဲ့ သူကဖောက် လျှပ်စစ်သွယ်တန်းမှုတွေ လုပ်သူကလုပ် အဆောက်အဦးတွေ တည်ဆောက်သူက တည်ဆောက်ကြနဲ့ ပန်းပျားခပ်အောင် များပြားလှတဲ့ ယန္တရားအင်အား လုပ်သားအင်အားတွေ နဲ့ လုပ်ကိုင်နေကြတာကို တွေ့ကြရပါတယ် ။
အဲဒီလောက် အင်အားကြီးနဲ့ ကြိုးစားလုပ်နေတဲ့ အဆောက်အဦးတွေဟာ ၂ နှစ်အကြာမှ ရုပ်လုံးပေါ်လာပါတယ် ။ ဒါကြောင့် စက်ရုံရဲ့ အရွယ်အစား နဲ့ အရေအတွက် ပမာဏကို ခန့်မှန်းကြည့်လို့ ရနိုင်ပါပြီ ။
ယန္တရားကြီးတွေ ပြန်လည်ဆုတ်ခွာသွားကြပေပြီ ။ အလုပ်သမားတွေလည်း ပြန်ကြလေပြီ ။ အဲဒီ တောင်ကြိုကြားနေရာမှာတော့ အမျိုးအမည်မသိရတဲ့ မည်သူမျှဝင်ခွင့်မရှိသော တားမြစ်နယ်မြေ တခုနဲ့ စက်ရုံသစ်ကြီး ထီးထီးမားမား ကြီးကြီးထွားထွား ပေါ်ထွက်ခဲ့ရချေပါပြီ ။
သိုသိပ်ပိရိစွာ တည်ဆောက်ထားတဲ့ စက်ရုံကြီး အကြောင်းကို 2009 မှာ တစွန်းတစ သိခွင့်ရလိုက်တဲ့ ကမ္ဘာ့သတင်းလောက လှုပ်ခတ်သွားတဲ့ သတင်းတပုဒ်အဖြစ် ထွက်ပေါ်လာခဲ့ရပါတယ် ။
သတင်းဇစ်မြစ်ကတော့ 2009 ခုနှစ်မှာ အမေရိကန် နိုင်ငံကို ခိုလှုံသွားတဲ့ တပ်မတော်အင်ဂျင်နီယာ ဗိုလ်မှူးစိုင်းသိန်းဝင်း ဆိုတဲ့ ပြည်တွင်းသစ္စာဖောက်ဆီက သတင်း နဲ့ ဓာတ်ပုံတွေကြောင့်ပါပဲ ။ စက်ရုံအတွင်းပိုင်းမှာ ကိုရီးယားစာတွေ နဲ့ ခေတ်မှီစက်ကရိယာ အစိတ်အပိုင်းတွေ တွေ့မြင်ရပြီး ကမ္ဘာ့သတင်း ဖြစ်သွားရတာပါပဲ ။
ကျနော်တို့ အတိတ်ကို ပြန်သွားကြည့်ရပါအုံးမယ် ။ 2004 ခုနှစ်မှာ ဦးသန်းရွှေဟာ ဦးခင်ညွှန့်ဦးဆောင်တဲ့ ထောက်လှမ်းရေးအဖွဲ့ကြီးကို ဖျက်သိမ်းလိုက်ပါတယ် ။ ထို့နောက် တပ်မတော်ထဲမှာရော အစိုးရအဖွဲ့ထဲမှာပါ မိမိအား လုံးဝပြန်မလှန်ရဲသည့် သစ္စာခံများကို ရာထူးများ တိုးပေးပြီး အကြွင်းမဲ့ အာဏာရှင်စနစ် ပုံသွင်းပါတော့တယ် ။
ဦးသန်းရွှေဟာ မဟာမိတ်နိုင်ငံအဖြစ် အမာခံအနေနဲ့ တရုတ်ကိုသာ အားပြုပေါင်းသင်းနေရတဲ့ အခြေအနေကို သဘောမကျပါဘူး ။ ကြာလေ တရုတ်တွေရဲ့ နိုင်ထက်စီးနင်း အခြေအနေက ပိုဆိုးလာလေ ဖြစ်မယ်ဆိုတာကို တွက်ဆနိုင်ခဲ့ပါတယ် ။
အဲဒါကြောင့် မိတ်ဖက်အသစ်ရှာပြီး တရုတ်တစ်နိုင်ငံတည်းအား အားပြုနေရတဲ့ အနေအထားကို ပြောင်းလဲပြီး တရုတ်ရဲ့ အခန်းကဏ္ဍ ကို လျှော့ချနိုင်ဖို့ ကြိုးစားလာပါတယ် ။ အနောက်အုပ်စုရဲ့ ဖိအားနဲ့ ပြစ်တင်မှုတွေ လျော့ချနိုင်စေရန် တရုတ်နဲ့ ခပ်ခွါခွါ ဆက်ဆံနိုင်ဖို့ မဟာဗျူဟာ ချမှတ်ပြီး မဟာမိတ်အသစ် ရှာဖွေနေပါပြီ ။
အဲဒီမှာ အသင့်တော်ဆုံးလို့ ယူဆရတဲ့ မြောက်ကိုရီးယားကို ရွေးချယ်လိုက်ပါတယ် ။ မြောက်ကိုရီးယားဟာ အာဏာရှင် စနစ်ကျင့်သုံးနေတဲ့ နိုင်ငံဖြစ်ပါတယ် ။ လက်နက်နည်းပညာ ထွန်းကားတိုးတက်သလောက် စားနပ်ရိက္ခာရှားပါးလွန်တဲ့ တိုင်းပြည်ပါပဲ ။
သူတို့က စားနပ်ရိက္ခာလိုအပ်တယ် မြန်မာတို့ကလည်း ဘက်စုံသုံးတိုက်ခိုက်ရေး စစ်လက်နက်တွေ လိုအပ်နေတယ် ။ ဒါကြောင့် သူလိုတာ ကိုယ်ပေး ကိုယ်လိုတာ သူပေးဆိုတဲ့ စနစ်နဲ့ နှစ်နိုင်ငံလုံး အဆင်ပြေမယ့် Win - Win ပေါ်လစီ စတင်ပါတော့မယ် ။
ဒီနေရာမှာ မြောက်ကိုရီးယာရဲ့ အာဏာရှင်စနစ် တည်တံ့ရေးအတွက် လုပ်ဆောင်ချက်တွေကို ကြည့်ပါ ။ 1948 မှာ လွတ်လပ်ရေးရခဲ့တဲ့ မြောက်ကိုးရီးယားဟာ မာ့က်စ် လီနင် ဝါဒကို ကျင့်သုံးပါတယ်။
ကင်အီဆွန်းဟာ ပါတီဥက္ကဌ ၊ နိုင်ငံတော်ကြီးအကဲ ၊ ကာကွယ်ရေးကော်မရှင် အဓိပတိ စတဲ့ ရာထူးတွေ နဲ့ ရာသက်ပန်ရယူဖို့ ခြေ / ဥ ရေးဆွဲထားပါတယ် ။ အဲဒီခြေ / ဥ ကတော့ ဂျူချီ ( Juche) လို့ ခေါ်ပါတယ် ။
အခန်း ၇ ခန်းပါဝင်ပြီး ပုဒ်မ ၆၉ ခု ပါတဲ့ ဒီခြေ / ဥ ကို 1992 မှ 2019 ထိ ၈ ကြိမ် ပြင်ဆင်ထားပါတယ် ။ ဒီခြေ / ဥ ကြောင့်ပဲ ကင်အီဆွန်းရဲ့ မျိုးဆက်တွေပဲ တဦးတည်းသော အာဏာရှင်အဖြစ် ယနေ့တိုင် ချုပ်ကိုင်ထားနိုင်တာ ဖြစ်ပါတယ် ။
နောက် ကိုရီးယား ၂ နိုင်ငံနဲ့ ဂျပန်တို့ဟာ နိုင်ငံရေး တည်ငြိမ်တာ တွေ့ရပါမယ် ။ လေ့လာသူများရဲ့ အဆိုအရ နိုင်ငံရေးတည်ငြိမ်တာ ဘာသာရေး ပဋိပက္ခ မရှိလို့ဆိုပြီး ပြောပါတယ် ။
သူတို့ရဲ့ ဘာသာရေးကိုးကွယ်မှုက ဘာသာမဲ့ 60 % နဲ့ Koream shamanism 16 %: ရှိပြီး ကျန်ဘာသာဝင်ဘအနည်းငယ် နဲ့ မွှတ် မရှိသလောက် နည်းပါသတဲ့ ။ အဲဒါကြောင့် နိုင်ငံရေး တည်ငြိမ်သတဲ့ လေ့လာကြည့်ပါ ။
2004 ညစာ စားပွဲမှာ ထန်းသီးလုံးလောက် အနုမြူစိတိကူးယဉ်ပြတာ ဟာ တိုင်းပြည်အတွက် ပါသလို သူ့အတွက် ပုဂ္ဂိုလ်ရေး လိုအပ်ချက်လည်း ပါတယ်လို့ ဆိုကြပါတယ် ။ အဲဒါကတော့ ဘာလဲ ဆိုတော့ ဦးသန်းရွှေရဲ့ အိပ်မပျော်ဖြစ်ခဲ့ရတဲ့ အတိတ်က လုပ်ရပ်အကြောင်း နဲ့ ဆက်နွယ်နေပါတယ် ။
ဦးသန်းရွှေ အတွက် အတိတ်ရဲ့ အရိပ်မည်းက ဘာတွေလည်း ဆိုတော့ ..........?
ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ (2)
1998 မေလ မှာ " ပင်လယ်ပြင် စိုးမိုးရေး " ဆိုတဲ့ စီမံချက် ပြုလုပ်ပြီး မြန်မာ့ပင်လယ်အတွင်းရှိ ကျွန်းများ အပေါ်မှာ တရားမဝင် လာရောက်နေထိုင်သူများအား ဖယ်ရှားဖို့ ဆောင်ရွက်ပါတယ် ။
မြန်မာ့ရေပိုင်နက် ကော့သောင်းခရိုင် ခရစ်စတီးနားကျွန်းပေါ်မှာ သစ်ခိုးထုတ်နေတဲ့ မိသားစုများ လူပေါင်း ၈၁ ဦးကို ခြေလျှင်တပ် တခုက ဖမ်းဆီးမိပါတယ် (မည်သည့်လူမျိုး ဆိုတာမသိအပ်ပါ) ။ အဲဒါကြောင့် မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို အမိန့်တောင်းခံရာတွင် ဗိုလ်ချုပ်မှူးကြီးက
"အစိတ်သားတောင် မချန်နဲ့ အကုန်ရှင်းပစ်"
လို့ အမိန့်ပေးလိုက်ပါတော့တယ် ။ သူအမိန့်ပေးစဉ်က စစ်ဦးစီး (တ) ဗိုလ်ကြီးအောင်လင်းထွဋ် ရှိနေပါတယ် ။ ဗိုလ်ကြီးအောင်လင်းထွဋ်ဟာ ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို အလွန်လေးစားသူ ဖြစ်ပါတယ် ။
ဗိုလ်ကြီးအောင်လင်းထွဋ်ဟာ ဝါရှင်တန်မှာ မြန်မာသံမှူးအဖြစ် ဗိုလ်မှူးရာထူးတိုးမြင့်ပြီး တာဝန်ထမ်းဆောင်နေစဉ်ကာလမှာပဲ 2004 မှာ ဦးခင်ညွှန့်တို့ကို ဖြုတ်ချပြီး ထောက်လှမ်းရေးတဖွဲ့လုံးအား ဖျက်သိမ်းခဲ့ခြင်းအပေါ် မကျေနပ်သူဖြစ်ပါတယ် ။
သူဟာ သံရုံးတာဝန်နဲ့ ဆက်စပ်နေတဲ့ စာရင်းဇယားတွေကို စနစ်တကျ လွှဲပြောင်းပေးပြီးတာ နဲ့ သံရုံးကနေ နှုတ်ထွက်ပြီး 25-5-2005 မှာ VOA နဲ့ တွေ့ဆုံကာ ဦးသန်းရွှေရဲ့ ခရစ်တီးနားကျွန်း ပြဿနာကို အစဆွဲထုတ်ပြီး သူကိုယ်တိုင် လိုက်ပြနိုင်ကြောင်း အငြိုးကြီးစွာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ။
ဗိုလ်မှူးအောင်လင်းထွဋ်ဟာ ဘာကြောင့် ဒီကိစ္စကို ထောက်လှမ်းရေးတွေ ဖြုတ်ပြီးလျှင် ပြီးခြင်း 2004 ကတည်းက အစမဖော်ခဲ့ပဲ ယခု 2005 ကျမှ ဘာကြောင့် ပြောရသလဲ ? ဦးသန်းရွှေကရော ဘာကြောင့် အိပ်မပျော်ခဲ့ရသလဲ ဆိုတာကို ကမ္ဘာ့ အရေးအခင်းတွေ နဲ့ ချိန်ထိုးကြည့်မှ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါမယ် ။
အမေရိကန်တွေဟာ အီရတ်နိုင်ငံမှာ ဖျက်အားပြင်း ဓာတုလက်နက် ( WMD )တွေ ရှိတယ် ဆိုပြီး ကြေညာပြီး စစ်တိုက်ဖို့ စီစဉ်ပါတယ် ။
ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအများစုက ကန့်ကွက်ခဲ့ပေမယ့် အမေရိကန်ဟာ ကုသမဂ္ဂရဲ့ မျက်နှာကို ဖနောက်နဲ့ ပေါက်ပြပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုကို 19-3-2003 မှာ ဝင်တိုက်ပါတယ် ။
စစ်ပွဲကို 59 ရက် တိုက်ခိုက်ပြီး လက်စသတ်နိုင်ခဲ့ပါတယ် ။ ပုန်းအောင်းနေရတဲ့ ဆဒမ်ဟူစိန်ကို 13-12-2003 မှာ ကတုတ်ကျင်းဟောင်း တခုထဲကနေ အထီးကျန်စွာ ဖမ်းဆီးရမိခဲ့ပါတယ် ။
2004 ထိ ဆဒမ်ကို ဘဂ္ဂဒက်ရှိ အမေရိကန် စစ်စခန်းတခုမှာ ဖမ်းဆီးထားပြီး 2005 မှာ အီရတ်ကြားဖြတ်အစိုးရထံ လွှဲပေးပြီး စွဲချက်တင် ခဲ့ပါတယ် ။
မူလက စွတ်စွဲခဲ့တဲ့ ဖျက်အားပြင်းဓာတုလက်နက်တွေကို တခုမှ မတွေ့လို့ ရှက်ကွဲခဲ့ရတဲ့ အမေရိကန်တို့ဟာ ဆဒမ်အပေါ် စွဲချက်တင်နိုင်ဖို့ အကွက်ရှာရာမှာ 1982 က ပြဿနာတခုကို တွေ့သွားပါတယ် ။
အီရတ်မြောက်ပိုင်းက Dujail ရှိ ရှီဟိုက်မွှတ်ဆလင်တွေကို အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်ခဲ့ရာ လူပေါင်း 145 ဦး သေဆုံးမှုမှာ ဆဒမ်သာ တာဝန်ရှိတယ်ဆိုပြီး စွဲချက်တင်ခဲ့တာပါ ။
အမေရိကန်တွေဟာ စွဲချက်တင်တရားစွဲခြင်း ဆုံးဖြတ်ခြင်းတွေကို ကိုယ်တိုင်မလုပ်ကြပါဘူး ။ 5-4-2005 မှာ ပြည်သူ့ဆန္ဒရဆိုပြီး ခန့်အပ်ထားခဲ့တဲ့ အီရတ်သမ္မတ Jalal Talabani က ဆုံးဖြတ်တာဆိုပြီး လုပ်ခဲ့ပါတယ် ။
(29-12-2006 မှာ ဆဒမ်ဟူစိန်ကို သေဒဏ်ချမှတ်ခဲ့ကြပါတယ် ။ )
အဲဒီ အမေရိကန်ရဲ့ အီရတ်ကျူးကျော်မှုကို ကြည့်ပါ ။ ကုလသမဂ္ဂ ရဲ့ တားမြစ်ချက်ကို ဂရုမစိုက်ပဲ အင်အားကြီးသူ ဘာလုပ်လုပ် အမှန်ဆိုတဲ့ သီအိုရီနဲ့ လုပ်ချင်ရာ လုပ်သွားတာကို မြင်တွေ့နိုင်ပါတယ် ။
ဒီလိုမျိုး လူ 145 သေဆုံးမှုအတွက် ဆဒမ်ပေါ် စွဲချက်တင်ပြီး တရားရုံးပို့ခဲ့တာ 5-4-2005 မှာ ဖြစ်ပြီး အဲဒါကို နမူနာကြည့်၍ ဗိုလ်မှူးအောင်လင်းထွဋ်က 25-5-2005 မှာ VOA ကနေ ဦးသန်းရွှေကို လူ 81 ဦး သေဆုံးမှုမှာ တာဝန်ရှိတယ် ဆိုပြီး စတင် ဒုက္ခပေးဖို့ ကြံစဉ်တာပါပဲ ။
ဒီပြဿနာကြောင့် 2005 မှာ ဦးသန်းရွှေ အိပ်မရဖြစ်ခဲ့ရမှာပါပဲ ။ (VOA အင်တာဗျူးလာပြီးနောက် အဲဒီကျွန်းပေါ်က သက်သေတွေကို ဖျောက်ဖျက်ဖို့တော့ လုပ်ဆောင်လိမ့်မယ် ထင်ပါတယ်) ။ အဲဒီချိန်မှာ နိုင်ငံရေးလူရွှင်တော်များရဲ့
"စိန်တောင်မခံနိုင်တာ ရွှေဆို ပိုဆိုးမှာပေါ့ "
ဆိုတဲ့ ခနိုးခနဲ့ လှောင်ပြောင်မှုတွေကလည်း သူ့အတွက် စိတ်နှောက်အယှက် ဖြစ်စေမှာပဲ ဖြစ်ပါတယ် ။
သံဝေဂ သင်ခန်းစာ ရယူဖို့ အချက်တွေရှိနေပါတယ် ။ 2004 မှာ ဦးသန်းရွှေဟာ ဦးခင်ညွှန့်တို့ရဲ့ ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းပြီးပြီ ၊ အရေးပါ အင်အားကြီးတဲ့ အဓိကလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ လည်း အပစ်ရပ်ထားနိုင်ပြီ ၊ ညောင်နှစ်ပင်ညီလာခံ နဲ့ တိုင်းရင်းသားတွေရော နိုင်ငံရေးသမားအုပ်စုတွေရော ထိမ်းထားနိုင်ပြီ ဖြစ်လို့ စိတ်အေးနေခဲ့ရတဲ့ ကာလ ဖြစ်မှာပါ ။
ဒါပေမယ့် အင်မတန်အားကိုးခဲ့ရတဲ့ ဦးခင်ညွှန့် ရဲ့ ထောက်လှမ်းရေး အဖွဲ့ကြီးကို မြစ်ပြတ် ဖယ်ရှားလိုက်တဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ခရစ်စတီးကျွန်း ကိစ္စ အစပေါ်ခဲ့ခြင်း ဖြစ်ပါတယ် ။
( တိုင်းပြည်ရဲ့ လုံခြုံရေး ကဏ္ဍမှာ ကြီးစွာသော အရေးပါလှတဲ့ စွမ်းရည်မြင့် ထောက်လှမ်းရေးအဖွဲ့ကြီးအား အပြီးတိုင် ချေမှုံးလိုက်တဲ့ ဦးသန်းရွှေ ရဲ့ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံရဲ့ အခိုင်ခန့်ဆုံး လုံခြုံရေးစည်းရိုးကြီး ကျိုးပေါက်သွားခဲ့ရပြီး ယနေ့တိုင် ပြည်သူတွေအတွက် တရားဥပဒေစိုးမိုးမှု မရှိတဲ့ ရိုက်ခတ်မှုတွေ ခံစားနေရဆဲပါ)
ဦးသန်းရွှေဟာ ယခုလို ဖြစ်ပေါ်ခဲ့တဲ့ အမေရိကန်ရဲ့ ကျူးကျော်စစ်နဲ့ အခြေအနေကို အကဲခတ်ပြီး အနုမြူစီမံချက်ကို အကောင်အထည်ဖော်ဖို့ မဟာမိတ်အသစ် ရွေးချယ်ရှာဖွေခဲ့ပါတယ် ။
ရန်သူ ရဲ့ ရန်သူဟာ မိတ်ဆွေဆိုတဲ့ သဘောတရားအရ အမေရိကန်ရဲ့ ရန်သူများထဲမှ မိမိအတွက် အသုံးတဲ့မယ့် မိတ်ဆွေကို ရှာဖွေရာမှာ မြောက်ကိုးရီးယားဟာ့အသင့်တော်ဆုံးလို့ ဦးသန်းရွှေ သတ်မှတ်ရွှေးချယ်ခဲ့ပါတယ် ။
{ ဒီနေရာမှာ ဦးသန်းရွှေဟာ ဆဒမ်ကို နမူယူပြီး သူ့ရဲ့ ပုဂ္ဂလိက လုံခြုံရေးအတွက် အနုမြူဗုံးလိုချင်နေခြင်းများလား ဆိုပြီး မူလ ပို့စ် မှာ တွေးပြထားပါတယ် ။ ကျနော်တွေးမိတာကတော့ အဲဒါ ပါရင်တောင် နောက်မှ ပါလာတာ ဖြစ်ပါလိမ့်မယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဆဒမ်ကို ဖမ်းဆီးပြီး တရားစွဲခဲ့တာ 2005 လေးလပိုင်း ဖြစ်ပြီး ဦးသန်းရွှေ အကောင်အထည်ဖော်ခဲ့တာ 2004 ဆိုတော့ သူကြိုတင်စိတ်ကူးနေခဲ့ရတာ ကြာလှပြီဖြစ်မှာ ဆိုတော့ကား လူပုဂ္ဂိုလ်လုံခြုံရေးထက် တိုင်းပြည်အတွက် ဦးစွာစဉ်းစားမိမှာလို့ တွေးမိပါတယ် ။ မူရင်းဆရာရဲ့ ကောက်ချက်အပေါ် ဝေဖန်လိုခြင်း မဟုတ်ပါဘူး အချိန်သမိုင်းအရ ဖြစ်နေခြေရှိတာကို ပြည့်စုံစွာ ချိန်ထိုးနိုင်ရန် တွက်ဆပြခြင်းသာ ဖြစ်ပါတယ် ။ }
ဦးသန်းရွှေဟာ မြောက်ကိုးရီးယား နဲ့ ဆက်သွယ်ဖို့ လမ်းကြောင်းရှာရပါပြီ ။ အဲဒီအချိနိက မြောက်ကိုရီးယား နဲ့ မြန်မာဟာ သံဆက်အသွယ် ဖြတ်ထားဆဲ ကာလ ဖြစ်ပါတယ် ။ မြောက်ကိုရီးယားကို စီးပွါးရေး ပိတ်ဆို့ထားတာ တချက် မြန်မာကိုယ်တိုင်ကလည်း စီးပွါးရေးပိတ်ဆို့ခံထားရတာ တချက်တို့ကို ကျော်လွှားပြီး ထူထူပိန်းပိန်း ညာသားပုံစံနဲ့ ဦးသန်းရွှေ ဘယ်လိုထိုးဖောက်မလဲ ဆိုတော့ ,,,,,,,,,,,,?