Thursday, July 31, 2014

Ooredoo Sim Card ၀ယ်မယ်ဆို ဒါလေးတွေတော. သိထားဖို. လိုမယ်


From Shwe Naingan b/s


 ထိပ်တန်း စိတ်ဝင်စားစရာ အကောင်းဆုံး သတင်းတစ်ပုဒ် ဖြစ်လာနေတဲ့ Ooredoo နဲ.ပတ်သက်လို. သိထားသင်.တဲ့ သတင်းအချက်အလက်အချို.ကို ရသလောက် စုစည်းဖော်ပြပေးခြင်းပါ ။ ဒါနဲ.ပတ်သက်လို. အချက်အလက်အားလုံးမှန်ပါတယ်ဆိုတဲ့ သီးခြား အတည်ပြုချက် မ၇ှိပေမယ်. အချို. အချက်အလက်တွေကတော. ခိုင်မာတဲ့ သတင်းရင်းမြစ်အချို.က လာတာကိုတွေ.ရပါတယ် ။

လက်ရှိ ထုတ်ဝေနေတဲ့ Ooredoo Sim Card ကို ရန်ကုန်မှာ ၁ ရက်နေ.စတင်ရောင်းမယ်လို. ပြောထားပေမယ်. မန္တလေးမှာတော. ၂၉ ရက် မနက်တည်းက စတင်ရောင်းချခဲ့သလို နေပြည်တော်မှာလည်း ၂၉ ရက်နေ.က အရောင်းဆိုင်တွေကို ကဒ် ဖြန်.ဝေခြင်းအခမ်းအနား ကို သင်္ဂဟ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ် ။



မန္တလေးမှာ ရောင်းချတဲ့နေရာမှာ ကဒ် တစ်ကဒ်ကို ၁၅၀၀ ရောင်းပေးပြီး Handset နှင်. တွဲရောင်းခြင်းမျိုး မဟုတ်ကြောင်း ၊ ကဒ် အတွက် 3G ရှေ. ကင်မရာ ပါသော Handset များသာ အသုံးပြု၍ ရပြီး အနည်းဆုံး တန်ဘိုး ၉၀၀၀၀ ခန်.ရှိ Handset များနှင်.သာ အဆင်ပြေကြောင်း ဆိုကြပါတယ် ။ Ooredoo ကဒ်ချင်းခေါ်မယ်ဆိုရင် တစ်မိနစ် ၂၅ ကျမှာဖြစ်ပြီး  MPT , MEC ရဲ.ဖုန်းတွေကို ဆက်ရင်တော. တစ်မိနစ် ၃၅ ကျပ်ပါ ။စာပို.ခ ၂၅ ၊ Data ( IBM ) အတွက် ၂၅ ကောက်မယ်လို.သိရပြီး စမ်းသပ်ကာလ သြဂုတ် ၂ ရက်ကနေ ၁၅ ရက်အထိ Ooredoo ကဒ်ချင်းအတွက် မိနစ် ၉၀၀ Message ၉၀၀ အခမဲ့ ဆက်သွယ်နိုင်မှာဖြစ်ပြီး  MPT , MEC ရဲ.ဖုန်းတွေကို ဆက်သွယ်ရင်တော. မိနစ် ၉၀ အခမဲ့ SMS ၉၀ အခမဲ့ ပို.ခွင်.ရမှာဖြစ်ပါတယ် ။ ဒါ.အပြင် အင်တာနက် 20 MB နဲ. Facebook အခမဲ့ သုံးစွဲခွင်.တွေကို ၀န်ဆောင်မှုအဖြစ်ထည်.သွင်းပေးထားတယ်လို.ဆိုပါတယ် ။ ငွေဖြည်.ကဒ်ကတော. ၁၀၀၀ ၊ ၃၀၀၀ ၊ ၅၀၀၀ ၊ ၁၀၀၀၀ ၊ ၂၀၀၀၀ ဆိုပြီးထုတ်ဝေမှာဖြစ်ပေမယ်. လတ်တလောတော. ၅၀၀၀ ကဒ် တစ်မျိုးပဲ ထုတ်ဝေသေးတယ်လို. သိရပါတယ် ။

Ooredoo Sim Card သုံး၍ရသော Handset များ
 ရန်ကုန်မှာတော. ဇူလိုင် ၃၀ ရက် ညနေပိုင်းကစလို. အချို.ဆိုင်တွေမှာ စတင်ရောင်းချနေပြီး ၃၁ ရက်နေ.မှာတော. ဆိုင်တွေမှာ ဆိုင်းဘုတ်တင် ရောင်းလာကြတာမျိုးတွေ.ရပါတယ် ။ ကျပ် ၁၅၀ဝ နဲ.ရောင်းချမယ်.အော်ရီဒူးဆင်းကတ်တွေ ကို စတင် ရောင်းချ ခဲ့ရာမှာဝယ်ယူလိုသူများ ပြားခဲ့တာကြောင့် ဆိုင်အချို့မှာ ဆင်းမ်ကတ် တစ်ကတ်ကိုကျပ် ၅၀၀ဝနှုန်းဖြင့် ရောင်းချခဲ့ကြတယ်လို.လည်း သိရပါတယ် ။ တစ်ချို.ဆိုင်တွေ ရဲ. အပြောအရ  ၂ ရက်နေ.မှ စရောင်းမယ်ဆိုပေမယ်. ကြိုရောင်းလို.ရအောင် ကဒ်တွေ ချလာပေးတာကြောင်. ရောင်းတာဖြစ်ကြောင်း ၊ ခွဲတမ်း ဘယ်လိုချတယ်ဆိုတာမသိသလို ၊ ကဒ်ချပေးတာတွေနဲ. ပတ်သက်လို. တစ်ခြားသူတွေကို မပြောရဘူးလို. လည်းပြောထားတယ်ဆိုပါတယ် ။ ၃၀ ရက် ရက်နေ.မှာ သန်လျှင် ၊ ဒလ ၊ ပန်းဘဲတန်း စတာတွေမှာရောင်းနေပြီး ၃၁ ရက်နေ.မှာတော. ဆိုင်ငယ်လေးတွေက အစ နေရာအတော်များများ ရောင်းချနေတာကိုတွေ.ရပါတယ် ။ Company အနေနဲ.  Partner ၂မျိုးရှိတဲ့အနက် Gold Partner တွေကို အရင်ချပေးတာဖြစ်ပြီး အရင်ဆုံးချပေးတဲ့ ကဒ် ၄၀၀ ကုန်ရင် လိုသလောက်လှမ်းမှာပြီးချက်ချင်းလာချပေးမယ်ဆိုတာမျိုး သိရပါတယ် ။ Handset ကတော. 3G အစစ်မှရမှာမို. အချို.ဆိုင်တွေကတော. Handset ၀ယ်ရင် Card Free ပေးတဲ့ စနစ်စသုံးနေပါပြီတဲ့ ။

Ooredoo Sim Card သုံး၍ရသော Huwai နှင်. မရသော Huwai Handset များ

 ဒါ.အပြင် နည်းပညာ ပိုင်းနဲ.ပတ်သက်တဲ့ မှတ်သားဖွယ်ရာ အချို.ကိုလည်း ဖော်ပြအပ်ပါတယ် ။

၁။ 2230 ကိုမက်ဆေ့ခ်ျပို့ပါ query လို့ရိုက်ပို့ပါ။ ငွေကျန် အင်တာနက် mb ကျန် expire date အသေးစိတ်ပြန်ပို့ပါတယ်

၂။ *133# ကိုရိုက်ရင် main manage box ကျလာပါမယ် အဲဒီထဲမှာ မြန်မာဘာသာပြောင်းတာဘာညာ:)

၃။ 3131 က်ု ခေါ်ပြီး free voice message က်ု activate လုပ်လို့ရပါတယ် mpt က ၁၀၀၀၀ တောင်းတဲ့ဟာမျိုးပေါ့ လူကြီးမင်းခေါ်သောဖုန်းမအားသေးပါသဖြင့် voice message ထားခဲ့နိုင်ပါတယ်ချင့် တို့ဘာတို့:-D

၎။ 3G အပြည့်ရတဲ့ ဖုန်းတွေဆို ooredoo အချင်းချင်း video call ခေါ်လို့ရပါသတဲ့။

၅။ စပြီး ချပေးထားတဲ့ ဖုန်းတိုင်း onnet( ooredoo အချင်းချင်းခေါ်ဆိုမှု) ၁၅ နာရီ။ offnet (ooredoo မှ mpt ) ၁း၃၀ မိနစ်။ high speed internet (1mb/s၀န်းကျင်) တနေ့ 20mb။ normalspeed internet (50 kb/s၀န်းကျင် )5120mb။ onnet sms အစောင်၉၀၀။ offnet sms အစောင် ၉၀။ အလကား (FREE) သုံးလို့ရပါသတဲ့။

**** ကဒ်ကို စက်ထဲ စထည့်ထည့်ချင်း Ooredoo မှ internet setting message ပို့ပါတယ်။ noti bar မှာ setting ပုံ sms ပေါ်ပါမယ်။ အဲဒါနှိပ် INSTALL လုပ် Complete လို့ပြရင် access point ထည့်ထာ ပြီးပါပြီ ကိုယ်တိုင် လိုက်ရိုက်စရာမလိုပါ။

ဝယ်ယူရာမှာတော. နိုင်ငံသားကဒ် မိတ္တူ နဲ. ပတ်စပို. ဓါတ်ပုံတွေ လိုအပ်မှာဖြစ်ပြီး နိုင်ငံသားကဒ် တစ်ခုကို Sim Card တစ်ကဒ် ရတယ်လို.ဆိုပါတယ် ။ ကဒ်ဟာ GSM အမျိုးအစားဖြစ်ပြီး နံပါတ်ကတော. ၉၇ နဲ.စတယ်လို.သိရပါတယ် ။


 ဒါပေမယ်. တစ်ယောက်ကတော. ဒီလို အသိပေးထားပြန်ပါတယ် ။

dvdတကားကြည့်ရင်၂၅၀၀၀ဆိုတော့အင် တာနက်သုံးခကို အူရီဒူးကသူသတ်မှတ်ချင် သလိုသတ်မှတ်တာလား။ဆသရနဲ့ညှိပြီးမှ သတ်မှတ်သ လားစဉ်းစားစရာပဲ။ပြည်သူတွေကိုကုပ်သွေး
စုတ်ရင်တော့ပြည်သူကိုမိဘလိုသ ဘောထားတဲ့ဌာနဆိုင် ရာတွေက ကြည့်နေမှာမဟုတ်ပါဘူး။
ဖတ်မိတာလေးတွေတင် ပေးလိုက်တာပါ။


အော်ရီဒူးဟာ အ ရှေ့တောင် အာရှမှာ ဈေးအကြီးဆုံးလား
(writen by Tawwat Wat)
 
1.5 Gb ကို နှစ်သောင်းခွဲ ဆိုတော့ အင် မတန်ဈေးကြီးတာပေါ့။ Speedသာကောင်းလို့ က တော့1.5 က သီချင်းငါးပုဒ်လောက်ဆိုရင် ပြောင်ပြီ။Video တစ်ကားကြည့်ချင်ရင်တောင် နှစ်သောင်း
ခွဲလောက်ကုန်နေပြီဆိုတော့ ဒါဟာအဆ မတန်ဈေးကြီးတဲ့ အူရီဒူးက ဈေးနှုံး။သြစတျေးလျကကျနော်ကိုင်တဲ့လိုင်းTPG က တော့ တစ်လကိုဒေါ်လာ သုံးဆယ်။
မြန်မာပြည်ကိုဆက် ရင် နှစ် နာရီလာက်ပြောလို့ ရတယ်။သြစီအချင်း ချင်းဆက် ရင် ငါးနာရီကျော်ဆက်လို့ ရတယ်။ အင်တာနက်က1.5 gbရတယ်။ TPG ဖုန်းလိုင်း
အချင်းချင်းဆက်ရင်အခမဲ့။ ဒေါ်လာသုံးဆယ်ဆိုတာ မြန်မာငွေနှစ် သောင်းခွဲနဲ့ ညီမျှတယ်။ သြစီက မိုဘိုင်ဖုန်းက တောင် ထိုင်း၊မလေးရှား၊စင်္ကာပူနဲ့အာရှနိုင်ငတွေထက်ဈေးကြီးတယ်လို့ ဆိုပြီး
သုံးတဲ့သူတွေကဝေဖန်ကြတယ်။အခု အူရီဒူးရဲ အင် တာနက်သုံး ခသြစီထက်တောင် ဈေးကြီးနေမှတော့ ဒါဟာအရမ်းဆင်းရဲတဲ့နိုင်ငံမှာ အမြတ်ကြီး စားဂုတ်သွေးစုတ်တဲ့လုပ် ရပ်တခုပါ။  


Ref ; မြန်မာ.အလင်း ၊ မြန်မာ.သားကောင်း ၊ရွှေနိုင်ငံ ၊  Zar Ni Facebook ၊ Te Tee Facebook ၊ Kham Za Lian Facebook ၊Nay Naw Facebook & DVB .

Wednesday, July 30, 2014

သာသနာ. ဟိတကာရီ ဆရာတော် ၏ အန္တိမ အဂ္ဂိဈာပန





အဂ္ဂမဟာပဏ္ဍိတ
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
နိုင်ငံတော်သြ၀ါဒါစရိယ ဘဒ္ဒန္တ စန္ဒောဘာသာ မထေရ်၏ နောက်ဆုံး အန္တိမ အဂ္ဂိဈာပန ကို  ၂၈ . ၇. ၂၀၁၄ နေ.က ကျင်းပ ပြုလုပ်ခဲ့ပါသည် ။

ရက်သတ္တပတ်တစ်ပတ်တိတိပြည်.မြောက်သော နေ.ဖြစ်သောကြောင်. သံဃာတော် အပါး ၁၂၀ အား ဆွမ်း အစရှိသော လှုဖွယ် ၀တ္တု တို.ကို လှုဒါန်းခဲ့ပြီး ကျုံမငေး အုန်းပင် ဆရာတော် ဟောကြားသော ဆွမ်း အနုမောဓနာ တရားတို.ကိုနာကြားပြီး နောက် ဈာပန အခမ်းအနား ကျင်းပခဲ့ပါသည် ။

အခမ်းအနားတွင် ဆရာတော်ကြီး၏ ထေရုပ္ပတ္တိ တို. ဖတ်ကြားပူဇော်ခြင်း ၊ သာသနာရေးဝန်ကြီး ဋ္ဌာန မှ ပေးပို.လာသော ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ကိုဖတ်ကြားခြင်း ၊ တပည်. ရဟန်း သံဃာတော် တို. မှ ခွှင်.လွှတ်ပါရန် တောင်းပန်တော် မူခြင်း အစရှိသည်တို.ကို ပြုပြီးနောက် လောင်တိုက်သွင်း ပူဇော်မည်. သော်ကဘက်ကမ်း သို. ပို.ဆောင်ရန်ဆွေတော် မျိုးတော်များ ၊ တပည်.ရဟန်း များက ကရ၀ိတ် ဖောင်တော် ဆီ သယ်ဆောင်ကြပါသည် ။

ကရ၀ိတ်ဖောင်တော် ပေါ် တင်ပြီးသည်.နောက် ထို သံကြိုးတိုင်ဆိပ်မှ မနောသုခ ဆိပ် ၊ ထိုမှ မြသိဒ္ဒိ ဆန်စက် ထိုမှ နေ၍ ဖောင်တော် ဆိုက်ကပ်ရမည်. သော်က ဆိပ်ကမ်းဆီသို. မောင်နှင်သယ်ဆောင်ခဲ့ကြပါသည် ။

သော်ကဘက်ကမ်းတွင် စောင်.ဆိုင်းနေသော တပည်.ဒါယိကာ ၊ ဒါယိကာမများ မှ လောင်တိုက်တော် တည်ဆောက်ထားရာေ၇ှးဟောင်းသော်ကစေတိတော် အနီး သို. မြပုခက်ဖြင်. ထမ်းယူ သယ်ဆောင်ကြပါသည် ။ ထို.သို.မြို.တစ်ဖက်ကမ်း သော်ကစေတီတော် အနီးတွင် လောင်တိုက်သွင်း ပူဇော်ရခြင်းမှာ ဆရာတော်ကြီး သည် သော်ကစေတိတော်မြတ်၏ သြ၀ါဒ စရိယ ဆရာတော် တစ်ပါးလည်းဖြစ်သလို စေတိတော် ကြီး၏ ဘက်စုံမွမ်းမံ ပြင်ဆင်မှုများအား အလေးထား ဂရုပြု အမြဲလိုလို စစ်ဆေးကြပ်မတ်နေကျ ဖြစ်သလို ဆရာတော်ကြီး၏ ကိုယ်တိုင်ဆန္ဒတော်ကြောင်. ထိုနေရာတွင် လောင်တိုက်သွင်း ပူဇော်ခြင်းဖြစ်သည်ဟု သိရသည် ။



ထို.အပြင် ဆရာတော်ကြီးအား ပူဇော်သည်. နံ.သာတုံးများအနက် ဆရာတော်ကြီးကိုယ်တိုင် သာသနာ.ဟိတကာရီကျောင်းတိုက် သို.စာချဆရာတော်အဖြစ် ရောက်ရှိစဉ်ကပင် စတင်စိုက်ပျိုးထားပြီး သူဘ၀နတ်ထံ ပျံလွန်တော် မူပါက နံ.သာထင်းအဖြစ် ထည်.သွင်းအသုံးပြု လိုသော သနပ်ခါးပင်အားလည်း ဆရာတော်ကြီး၏ တူတော်များကိုယ်တိုင်ခုတ်ဖြတ် သန်.စင် ထည်.သွင်း ပူဇော် ပေးခဲ့ပါသည် ။
တေဇော ဓါတ်ဖြင်. ပူဇော်အပြီး ကြွင်းကျန်ရစ်သော အ၇ိုးပြာများအနက် ခါးအထက်ပိုင်း အရိုးပြာများကို ရွှေအိုးဖြင်. လည်းကောင်း ၊ ခါးအောက်ပိုင်း အရိုးပြာများကို ငွေအိုးဖြင်. လည်းကောင်း ထည်.သွင်းလျှက် ၀ါးခယ်မမြစ်အတွင်း ရေမျှော ပူဇော်တော် မူခဲ့ပါသည် ။

ဆရာတော်ကြီး၏ ဈာပန အခမ်း အနား တစ်ခုလုံးတွင် မြတ်စွာ ဘုရားအလိုကျ မည်သည်.ချဲ.ကား စိစဉ်မှုမျှ ထည်.သွင်း ခြင်းမပြုလုပ်ပဲ (  ၊ အဆို ၊အငို စသည်ဖြင်. ) ညစဉ် တရားပူဇော်ပွဲများသာ ပြုလုပ်ခဲ့သလို လောင်တိုက်တော် မှအစ လိုအပ်သည်ထက် ပို၍ချဲ.ထွင်တည်ဆောက်ခြင်း မပြုခဲ့ပဲ အရိုးရှင်းဆုံး ဈာပန တစ်ခုအဖြစ်သာ ပူဇော် လုပ်ဆောင်ခဲ့ကြပါသည် ။ ဓလေ.အရ ကရ၀ိတ်ဖောင်တော် နှင်. သယ်ဆောင်စဉ်ကသာလျှင် တက်ခုတ်ယိမ်း ဆိုင်းငယ်တစ်ခုပါခဲ့ပါသည် ။ 

အများအကျိုး အလို.ငျာ လောင်တိုက်တော် မှ သစ်တို.ဖြင်. ဆောက်အပ်သော သံကြိုးတိုင် ဆိပ် ရေဆင်းတံတားသစ်

 ဆရာတော် ကြီး၏ ရုပ်ကလပ်တော် အား တေဇော ဓါတ်ဖြင်. ပူဇော်ခဲ့သော နေရာတွင် လွမ်းစေတီတစ်ဆူသာ တည်ရန် တပည်. ဒါယိကာ / ဒါယိကာမများက ကြိုးစားအားထုတ်လျှက် ရှိပါသည် ။ ဆရာတော်ကြီး၏ ဆွေတော် မျိုးတော် တို.ကလည်း ဆရာတော်ဇာတိရပ်တွင် လွမ်းစေတီတစ်ဆူ တည်ထားမည်ဟု သိရပါသည် ။ ဆရာတော်ကြီး၏ လောင်တိုက်တော် မှသစ်များကို မူ အများပြည်သူ သွားလာရလွယ်ကူစေ၇န် သံကြိုးတိုင် ကမ်းနားတွင် ဆိပ်ခံ တံတား တစ်ခု တည်ဆောင် လှုဒါန်းခဲ့ကြသည် ဟု သိရပါသည် ။

ဆက်စပ် ဖတ်ရှုရန် 



ဓါတ်ပုံများ အပြည်.အစုံ ကြည်.ရှုနိုင်ရန်


ဈာပန အတွက် ပြင်ဆင်မှုများ


* ကျောင်းတိုက်တော် မှ ဆွေတော် မျိုးတော် တပည်. များကပင်.ဆောင်ကြပုံများ    











သာသနာ.ဟိတကာရီ ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသာ မထေရ်






အဂ္ဂမဟာပဏ္ဍိတ
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
နိုင်ငံတော်သြ၀ါဒါစရိယ ဘဒ္ဒန္တ စန္ဒောဘာသာ မထေရ် ၏ ထေရုပ္ပတ္တိ အကျဉ်း


ဆရာတော် အလောင်းအလျာကို ၁၂၉၃ ပထမ ၀ါဆိုလဆန်း ၉ ရက် ( ၁၉၃၁ ဇွန်လ ၂၃ ရက် ) အင်္ဂါနေ.တွင် ခမည်းတော် ဦးပန်းဆိုင် မယ်တော် ဒေါ်ဒေါ်ယု တို.မှ မွေးဖွားသန်.စင်ခဲ့ပါသည် ။ ဆရာတော်၏ ဖွားရာ ဇာတိမှာ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို.နယ် ကျားနေအိုင် ကျေးရွာအုပ်စု ရေငံကျောင်းကုန်းရွာ ဖြစ်ပါသည် ။

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို.နယ် သန်းကြီးကုန်း ဆရာတော် ဦးသာသန ကို ဥပဇ္ဈာယ် ပြု၍ ၁၃၀၅ တပေါင်းလဆန်း ၁၂ ရက် နေ.တွင် ခမည်းတော် နှင်. မယ်တော် တို. ၏ ပစ္စယာ နုဂဟ ကို ခံယူ၍ ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ဘွဲ.အမည်မှာ ရှင် စန္ဒောဘာသ ဖြစ်သည် ။
၁၃၁၃ နယုန်လပြည်.ကျော် ၈ ရက်နေ.တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို.နယ် ဆီမီးခုံ ငါ.နန်းတောရကျောင်း ခဏ္ဍသိမ် တွင် ဆီမီးခုံမြို. ယွန်းကျောင်းဆရာတော် ဦးဥာဏိန္ဒ ကို ဥပဇ္ဈယ်ပြုလျှက် ညောင်ပင်သာ ကျေးရွာ ဦးသာကြူး + ဒေါ်ရွှေမြိုင် ၊ ညီမ ဒေါ်ရွှေပိုင်တို.၏ ပစ္စယာ နုဂဟ ကို ခံယူလျှက် မြင်.မြတ်သော ရဟန်းအဖြစ်သို.ရောက်ရှိခဲ့ပါသည် ။


ဆီမီးခုံ နှင်. မန္တလေး တို.တွင် ပညာသင်ယူတော် မူခဲ့ပြီး ၁၃၁၂ တွင် အစိုးရ ပထမငယ်တန်း ၊ ၁၃၁၄ တွင် အစိုးရပထမလတ်တန်း ၊ ၁၃၁၆ တွင် အစိုးရ ပထမကြီးတန်း ၊ ၁၃၂ ၁ တွင် သာသနာ. ဓမ္မာစရိယ တန်းတို.ကို အစဉ်လိုက် အောင်မြင်တော် မူခဲ့သလို သာသနဓဇ ဓမ္မာစရိယ ၊ စူဋ္ဌ ဂန္တ၀ါစက ပဏ္ဍိတ ဘွဲ.တံဆိပ်တော်များလည်း ရရှိခဲ့ပါသည် ။နိုင်ငံတော်မှ ချီးမြှင်. ပူဇော်တော်မူသော အဂမဟာပဏ္ဍိတ ဘွဲ.ကို ၁၉၉၅ တွင် လက်ခံတော် မူခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် အဂမဟာ သဒ္ဒမဇောတိကဓဇ ကိုဆက်လက်လက်ခံတော် မူခဲ့ပါသည် ။ ဆရာတော်မှာ သုဓမ္မာ ဆရာတော် တစ်ပါးဖြစ်ပါသည် ။

ပထမအကြိမ် ဂိုဏ်းပေါင်းစုံ စည်းဝေးပွဲကြီး ဖြစ်မြောက်ရေးအတွက် ၀န်ဆောင် ၆၆ပါး ရွေးချယ်ရန် ၀ါးခယ်မမြို. အခြေခံဒေသ ၀န်ဆောင်ရွေးချယ်ရေး အဖွဲ.၀င်အဖြစ်ဆောင်ရွက်ခြင်း ၊ သံဃာ.အဖွဲ.အစည်းအဆင်.ဆင်. ရွေးချယ်ပွဲတွင် ဒုတိယနှင်. တတိယ ၅ နှစ်သက်တမ်း သံဃသမ္မုတိရ သံဃာ.ကိုယ်စားလှယ် ၊ ပထမ ၅ နှစ်သက်တမ်း တွင်မြို.နယ် အကျိုးဆောင် ၊ ဒုတိယ ၅ နှစ် သက်တမ်း နှင်. တတိယ ၅ နှစ်သက်တမ်းတွင် မြို.နယ် သံဃာ.နာယက ဥက္ကဋ္ဌ ဆရာတော် အဖြစ်လည်းကောင်း ၊ စတုတ္ထ ၅ နှစ်သက်တမ်းမှစ၍ ယခုအချိန်အထိ နိုင်ငံတော် သြ၀ါဒ စရိယ အဖြစ် ရွေးချယ်ခံရပြီး သံဃာ.အဖွဲ.အစည်းအဆင်.ဆင်. လုပ်ငန်းတာဝန်များကို ကျေပြွန်စွာ ဆောင်ရွက်ခဲ့ပါသည် ။

သာသနာ. ဟိတကာရီကျောင်းတိုက် အား နောက်ဘက်မှ မြင်ရပုံ
 
၁၃၂၉ ခုနှစ် မှစ၍ ၀ါးခယ်မမြို. သံကြိုးတိုင် ရပ်ကွက် သာသနာ.ဟိတကာရီ ကျောင်းတိုက်တွင် စာဝါပို.ချတော် မူခဲ့ပြီး ၁၃၃၇ ခုနှစ် တွင် ယင်းကျောင်းတိုက်၏ ဦးစီးပဓါန နာယက ဖြစ်တော် မူခဲ့သည် ။ လွန်ခဲ့သော ၁၇ နှစ် ခန်.က စာရင်းအရပင်လျှင် စာသင်တိုက် ၆ ခုကို တည်ထောင်တော် မူခဲ့ပြီး သာသနာရေးဆိုင်ရာ အသင်းအဖွဲ.ပေါင်း ၁၆၃ ဖွဲ.တွင် ဥက္ကဋ္ဌ ၊ နာယက ၊ သြ၀ါဒစရိယစသည်ဖြင်. ဆောင်ရွက်တော် မူခဲ့သည် ။

ဆရာတော်သည် သက်တော် ၈၅ နှစ် သိက္ခာတော် ၆၅ ၀ါအရ ၁၃၇၆-ခုနှစ်၊ ၀ါဆိုလပြည့်ကျော်( ၉ ) ရက် ( ၂၀ ရက် ၇လ ၂၀၁၄ ရက် )တနင်္ဂနွေနေ့ ည( ၁၁း၄၅ ) နာရီ တွင် ဘ၀နတ်ထံ ပျံလွန်တော် မူခဲ့ပါသည် ။