ဝါးခယ်မမြို.လေး၏ အဖြစ်အပျက် ၊အကြောင်းအရာ ၊သမိုင်းများကို လေ.လာသိရှိနိုင်စေရန် ၊ ဂုဏ်ယူနိုင်စေရန် ရှာဖွေစုဆောင်း တင်ပြထားခြင်းဖြစ်ပြီး အခြား စိတ်ဝင်စားဖွယ် ၊ ဗဟုသုတ ရဖွယ်ရာများ ကိုဖတ်ရှုနိုင်ရန်အတွက်လည်းကောင်း ၊ဤ ဘလော.မှတစ်ဆင်. အခြားဘလော.များ သတင်းဋ္ဌာနများကို အလွယ်တကူသွားရောက်လေ.လာနိုင်ရန်အတွက်လည်းကောင်း တရားဝင် မြူနီစပယ် မြို.အဖြစ်ရပ်တည်ခွင်.ရသည်.မြို.လေး၏ ၁၀၆ နှစ်ပြည်.မွေးနေ. ဖြစ်သော၁-၁၀-၂၀၁၂ တွင်ဝါးခယ်မ ဘလော.ကို စတင်ဖွဲ.တည်ပြိး ၁၂ ရက် ၁၂ လ ၂၀၁၂ တွင် အပြီးသတ်လွှင်.တင်သည်
Showing posts with label ချက်ကြမယ်ဟေ. ကောင်းကောင်း. Show all posts
Showing posts with label ချက်ကြမယ်ဟေ. ကောင်းကောင်း. Show all posts
Friday, May 29, 2020
ကချင်ရိုးရာအစားအစာ ဆာ့ဖျယ် ပြုလုပ်နည်း - ဆာ့ဖျယ် ပြုလုပ်နည်း
ကချင်ရိုးရာအစားအစာ ဆာ့ဖျယ် ပြုလုပ်နည်း
ငရုတ်သီးစိမ်း
ငါးညှီမြစ်
ဖက်ဖယ်
ရှမ်းနံနံ
ကြူးဆိုင်
သံပုရာသီး
မန်ကျည်းကြိုထားတဲ့အရည်
ငံပြာရည်
အချိုမှုန့်
သကြား
ကြိုက်နှစ်သက်ရာအသားနှင့် ရေစိမ်ခေါက်ဆွဲ
မြင်းခွာရွက်
ဆာ့ဖြယ်(ချဉ်စပ်)ပြုလုပ်နည်း
ဆိုင်မှာဝယ်စားရင် တစ်ပွဲ 2000~2500ကျပ်ပေးဝယ်စားရသော ဆာဖြယ်ကို Stay Homeကာလမှာကိုယ်တိုင်ပြုလုပ်ပြီးတစ်မိသားစုလုံးအဝစားလို့ရအောင် ပြုလုပ်နည်းလေးရေးပေးပါမယ်။
ပြုလုပ်နည်းတွေကတော့အမျိုးမျိုးရှိပေမယ့်အိမ်မှာလုပ်စားတဲ့နည်းလေးအတိုင်းမျှဝေပေးတာပါ။
လိုအပ်သော ပစ္စည်းများ
*မုန့်ဖတ်(ဆာဖြယ်မုန့်ဖတ်လို့မေးဝယ်ပါ။)
50ကျပ်သားဝယ်ရင် လူ၁၀ဦးအဝစားလို့ရပါပြီ။
*အချဉ်ရည်ဗူး (ဘူးသေး)
(ဆာဖြယ်အချဉ်ဘူးလို့မေးဝယ်ပါ။)
*ကြက်သား ၂၅ကျပ်သား
(မိမိနှစ်သက်ရာအသားနဲ့ပြုလုပ်နိုင်ပါတယ်)
*ဖက်ဖယ်
*ကုလားနံနံ(ရှမ်းနံနံ)
*ငါးညှီမြှစ်
*ကျူးဆိုင်
*သံပုရာသီး
*ရှောက်ကောမှုန့်
*ငရုပ်သီး
ဆာဖြယ်ထဲထည့်စားရန်
*မြင်းခွာရွက်
*ဆလပ်ရွက်
*သခွားသီး
*တိုဟူးဝါ
ပထမဆုံးအနေနဲ့ မုန့်ဖတ်ကိုမပြုတ်ရင်ရေအရင်စိမ်ထားပါ။ရေမစိမ်ပဲပြုတ်ရင် မုန့်ဖတ်ကမပျော့ပဲ အပြင်မှာပွပြီးအတွင်းမှာမာနေတတ်လို့ပါ။
၁၅မိနစ်ခန့်စိမ်ပြီးသွားရင် ဆယ်ယူပြီးရေနွေးဆူထဲ၂မိနစ်ခန့်ထည့်ပြုတ်ပါ။ ရေအေးနဲ့တစ်ထပ်ဆေးပြီးရေစစ်ထားပါ။
အသားကို တောက်တောက်စဉ်းပြီး ရှောက်ကောမှုန့်အနည်းငယ် ၊ဆားအနည်းငယ် ရေအနည်းငယ်ထည့်၍ ရေခမ်းသည်အထိ(အသားကျက်သည်အထိ)ပြုတ်ထားပါ။
(ဝက်သား၊အမဲသားများအသုံးပြုပါက အချိန်အတော်ကြာပြုတ်ပေးရပါမယ်။)
အရိုးများကိုသီးသန့်ပြုတ်ထားပါ။
အအေးခံထားပါ။.
ဆာဖြယ်အချဉ်စပ်နည်း
*ဖက်ဖယ်
*ကုလားနံနံ
*ငါးညှီမြှစ်
*ကျူးဆိုင်တို့ကိုရေဆေးပြီး၁၅မိနစ်ကြာဆားနဲ့စိမ်ထားပါ။ ပြီးမှ ရေနှစ်ထပ်ခန့်ပြန်ဆေးပြီး ပါးပါးလှီးထားပါ။
*ငရုပ်သီးကိုညက်အောင်ထောင်းပါ။
ဇလုံတစ်လုံးထဲတွင်ဆာဖြယ်အချဉ်ရည်(ဘူးသေး)အကုန်၊သံပုရာသီး (၂)လုံးညှစ်ထည့်ပါ။ ရေခမ်းအောင်ပြုတ်ထားသောအသားနှင့်ငရုပ်သီး၊ ငါးညှီမြှစ် ပါးပါးလှီးထားသည်ကိုအရင်ရောမွှေပေးပါ။ ဆား၊ အချိုမုန့် မိမိကြိုက်နှစ်သက်သလောက်ထည့်ပါ။ အအေးခံထားသောအရိုးပြုတ်ရည်ကိုလောင်းထည့်ပါ။ ထို့နောက် လှီးထားသောအရွက်များကိုထည့်ပြီးရောမွှေပါ။ အရည်ကိုမပျစ်မကျဲလေးပဲထားပေးပါ။အပေါ့အငန်လေးမြည်းပြီးလိုအပ်သလိုထည့်နိုင်ပါတယ်။
ဒီအဆင့်လေးတွေပြီးသွားရင်တော့ ကိုယ်တိုင်နှစ်သက်တဲ့အရသာနဲ့ဆာဖြယ်အချဉ်ရည်လေးရပါပြီ။
ရေစစ်ထားတဲ့မုန့်ဖတ်ကို ပန်းကန်ထဲ၊ဇလုံထဲတွင်ထည့်ပြီး၊
*မြင်းခွာရွက်
*ဆလပ်ရွက်
*သခွားသီး
*တိုဟူးဝါတို့နဲ့ အတူချဉ်စပ်လေးနဲ့တွဲဖက်စားသုံးလို့ရပါပြီ။
ဆာဖြယ်အချဉ်ရည်ဗူးဝယ်မရရင် မန်ကျည်းသီးအနှစ်တိုက်ပြီးအစားထိုးလုပ်စားလို့ရပါတယ်။
ငရုတ်သီးစိမ်း
ငါးညှီမြစ်
ဖက်ဖယ်
ရှမ်းနံနံ
ကြူးဆိုင်
သံပုရာသီး
ငံပြာရည်
အချိုမှုန့်
သကြား
မြင်းခွာရွက်
*အချဉ်ရည်ဗူး (ဘူးသေး)
*ကြက်သား ၂၅ကျပ်သား
*ဖက်ဖယ်
*ကုလားနံနံ(ရှမ်းနံနံ)
*ငါးညှီမြှစ်
*ကျူးဆိုင်
*သံပုရာသီး
*ရှောက်ကောမှုန့်
*ငရုပ်သီး
ဆာဖြယ်ထဲထည့်စားရန်
*မြင်းခွာရွက်
*ဆလပ်ရွက်
*သခွားသီး
*တိုဟူးဝါ
အအေးခံထားပါ။.
ဆာဖြယ်အချဉ်စပ်နည်း
*ဖက်ဖယ်
*ကုလားနံနံ
*ငါးညှီမြှစ်
*မြင်းခွာရွက်
*ဆလပ်ရွက်
*သခွားသီး
Credit - fb တခွင် & Dr Phyo Kyaw
Friday, August 11, 2017
ထန်းသီးမုန်. ဘယ်လိုလုပ်
![]() | |||
| Photo from Khin Sabel Phyu |
မြန်မာ အစားအစာတွေထဲက တစ်ခုဖြစ်တဲ့ ထန်းသီးမုန့်ကို ကြားဖူးကြမှာပါ။ မုန့်အ၀ိုင်းပုံစံ အ၀ါရောင်လေးမှာ အုန်းသီးဖြူဖြူလေးတွေကို ဖြူးပြီး စားရတဲ့ မုန့်ပါ။ အနံ့ သင်းသင်းလေးနဲ့
ချိုမြမြ အရသာကြောင့် စားဖူးသူတိုင်း ကြိုက်ကြပါတယ်။ မြန်မာမှာတော့ အညာက ထန်းသီးမုန့်တွေက နာမည်ကြီးပါတယ်။ ရေစကြို ထန်းသီးမုန့်ဆို အထက်ပိုင်းမှာ မသိသူ မရှိသလောက်ပါပဲ။
ထန်းသီးမုန့်ဟာ စီးပွားဖြစ် ထုတ်ကုန် တစ်မျိုး မဟုတ်ပေမယ့် အိမ်တွင်းစီးပွားရေး လုပ်ငန်းတစ်ခု အနေနဲ့ လုပ်ကိုင်ကြပါတယ်။ နွေရာသီဟာ ဆန်စပါးနဲ့ ထန်းသီး ပေါတဲ့ အချိန်ဖြစ်လို့ ကျေးလက်တွေမှာတော့ ဒီအချိန်ဆို လုပ်စားတတ်ကြတဲ့ မုန့်တစ်မျိုးပါ။ ရှင်ပြုအလှူပွဲတွေမှာ အချိုပွဲအဖြစ် ဧည့်ခံကျွေးမွေးတဲ့ မုန့်ဖြစ်ပြီး အိမ်သစ်တက်ပွဲတွေမှာလည်း ဆောက်လုပ်ပေးတဲ့ လက်သမားတွေကို ထန်းသီးမုန့် ကျွေးရတဲ့ ဓလေ့ အညာဘက်မှာ ရှိပါတယ်။
ထန်းသီးမုန့်မှာ အဓိက ပါဝင်တာတွေကတော့
ဆန်မှုန့်
ထန်းသီးနှစ်
ထန်းလျက်
ဆား အနည်းငယ်
ကြက်ဥ (မထည့်လည်းရပါတယ်)
ပထမဆုံး ထန်းသီးမှည့်မှည့်ကို အခွံ့ခွာပြီး ထန်းသီးဆန်တွေကို အနှစ်တိုက်ရပါတယ်။ အနှစ်တိုက်ရာမှာ အမြုပ်ထလာတောင် တိုက်ရပါတယ်။
ဆန်ကို အမှုန့်ကြိတ်တာဖြစ်ဖြစ် ဆန်မှုန့်ကို ဖြစ်ဖြစ် သုံးလို့ရပါတယ်။ မုန့်ဆန်ရည် မပျစ်မကျဲ အနေအထားမှာ ထန်းလျက်နဲ့ ထပ်ရောရပါတယ်။ ဆားအနည်းငယ်ထည့်ပါ။ တချို့ကတော့ သကြားသုံးပါတယ်။ အညာစစ်စစ် ထန်းသီးမုန့်ကတော့ ထန်းလျက်နဲ့ပဲ လုပ်ပါတယ်။ ပြီးရင် အနှစ်တိုက်ထားတဲ့ ထန်းနှစ်နဲ့ရောစပ်ပါ။ ပြီးရင် လေလုံအောင် အဖုံးအုပ်ပြီး အနည်းဆုံး ၆နာရီထားပါ။ တချို့ကတော့ တစ်ညအိပ်ပြီး မနက်မှ လုပ်ပါတယ်။ ထန်းသီးနံ့လေး ပိုထွက်ပါတယ်။
မုန့်ရည်တွေကို အနည်းဆုံး ၆နာရီထားပြီးရင်တော့ အ၀ကျယ်အိုးနဲ့ ရေနွေးဆူဆူတည်ပြီး အငွေ့တွေ တက်လာရင် ဇကာ (သို့) ဇကောကို အိုးပေါ် တင်ထားရပါမယ်။ အဲ့ပေါ်မှာ ပိတ်ဝသန့်သန့်လေး ခင်းပြီး ရောထားတဲ့ ဆန်မုန့်ရည်တွေကို လောင်းလိုက်ပါ။ ရေနွေးငွေ့နဲ့ ပေါင်းသလိုပါပဲ။ ပြီးရင် အုပ်စရာတစ်ခုခုနဲ့ အုပ်ထားပါ။
![]() |
| Photo: moemoekitchen |
အငွေ့လုံစေဖို့ အုပ်ထားတဲ့ ပတ်ပတ်လည်တွေကို အ၀တ်ကို ရေစွတ်ပြီး ကာထားပါ။
မိနစ် ၂၀-၂၅ မိနစ်လောက်ဆို ထန်းသီးမုန့်လေးတွေ ရပါပြီ။ စားခါးနီး အုန်းသီးကို ခြစ်ပြီး ဖြူးစားလို့ ရပါတယ်။ တချို့ကတော့ အုန်းသီးကြော်တွေ ဖြူးစားကြပါတယ်။
ရန်ကုန်မှာတော့ တချို့ဈေးတွေထဲမှာ ရောင်းပါတယ်။ ကော်ဖီလေးနဲ့ တွဲပြီး စားရတဲ့ အရသာဟာ ဆိမ့်ဆိမ့်ချိုချိုလေးနဲ့ စွဲမက်ဖွယ်ပါ။
MyFood Myanmar
Thursday, January 12, 2017
ရန်ကုန် ၊ မော်လမြိုင် ၊ မြိတ် ( ဘိတ် ) ၊ မြောင်းမြ မုန်.ဟင်းခါး ချက်နည်းများ
လူကြိုက်များတဲ့မုန့်ဟင်းခါးချက်နည်း ၄ မျိုး
(ရန်ကုန်/မော်လမြိုင်/မြိတ်/မြောင်းမြ)
အိမ်ရှင်မများအလွယ်တကူချက်ပြုတ်နိုင်စေရန်စုစည်းထားတာပါ
အိမ်ရှင်မများအလွယ်တကူချက်ပြုတ်နိုင်စေရန်စုစည်းထားတာပါ
ရန်ကုန် မုန့်ဟင်းခါး
၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာ
၂။ ငါးခူ – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)
၃။ ဌက်ပျောအူ – ၁အူ (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)
မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန်ဖြစ်သည်။
၎။ ဆန်လှော်မှုန့် – ၁၀၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)
၅။ ကုလားပဲ – ၁၀ကျပ်သား (နူးအိအောင် ရေဖြင့်ပြုတ်ထားပြီ blenderဖြင့် ကြိတ်ထားပေးပါ)
မှတ်ချက် ။ ။ ကုလားပဲပြုတ်ရည် အချိုရည်များကို မုန့်ဟင်းခါးချက်ထဲ ထည့်ရန် သိမ်းထားပါ။
၆။ နံနံပင်၊ ပဲသီး၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)
၇။ ပဲကြော်
၈။ ဘဲဥ – ၁၀လုံး (ကျက်အောင် ပြုတ်ထားပေးပါ)
၉။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)
ဆီသတ်ရန် ပါဝင်ပစ္စည်းများ
၁။ ကြက်သွန်နီ – ၂၀ကျပ်သား (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)
၎။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ – ၁၀ကျပ်သား
၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ)
ရ။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက်
ပြင်ဆင်နည်း
၁။ ငါးခူကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ကို ချည်ပြီ ပြုတ်ပေးထားပါ။ငါးပိကြိုက်ကငါးပိစိမ်းစားအနည်းငယ်ထည့်နိုင်၏။
၂။ ပြီးလျှင် ပြုတ်ပြီသား ငါးခူးကို အသားနွင်းပေးပါ။
၃။ ရလာသော ငါးခူးအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောပြုတ်ပေးပါ။ ပြီမှ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။
၂။ ပြီးလျှင် ပြုတ်ပြီသား ငါးခူးကို အသားနွင်းပေးပါ။
၃။ ရလာသော ငါးခူးအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောပြုတ်ပေးပါ။ ပြီမှ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။
ချက်ပြုတ်နည်း
၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသတ်ပေးပါ။
၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။
၃။ ပြီနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။
၎။ အရသာအပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ
မုန့်ဟင်းခါး စချက်ပါတော့မည်
၅။ ငါးဆီသတ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (ငါးဆီသတ်၊ ပဲပြုတ်ရည်၊ ငါးအရိုးပြုတ်ရည်များ၊ ရေ(၂လီတာ)၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။
၆။ ပြီလျှင် ရေဖြင့်ဖျော်ထားသော ဆန်လှော်မှုန့်၊ blender နဲ့ကြိတ်ထားသော ပဲများကို ထည့်ပြီ ရောမွှေပေးပါ။
ရ။ ထို့နောက် ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် ကြက်သားမှုန့်၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။
၈။ ဆန်လှော်မှုန့် ပွလာမှ ဌက်ပျောအူများ ထည့်ပေးပါ။
၉။ ဌက်ပျောအူနူးပြီဆိုလျှင် ပြုတ်ထားသော ဘဲဥများ နှင့် ငရုတ်ကောင်းမှုန့်(စားပွဲတင်ဇွန်း တ၀က်) ဖြူးပေးပါ။
၁၀။ ကျက်ခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။
၁၁။ ကြက်သွန်နီများ နူသွားလျှင် မီးပိတ်ထားပြီ ပန်းကန်တစ်ခုထဲ မုန့်ဟင်းခါးဖတ် ၁၀ကျပ်သား၊ နံနံပင်၊ ပဲကြော်များဖြင့် ပြင်ဆင်ထားပါ။
၁၂။ မုန့်ဟင်းခါးရည်များထည့်ပြီ အိုးဘဲဥ ရန်ကုန်မုန့်ဟင်းခါးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…..
၁။ မုန့်ဟင်းခါးဖတ် – ၄၀ကျပ်သား
၂။ ငါးခူ – ၃၀ ကျပ်သား (ငါးခူကို ထန်းညက် ၃ခဲ၊ ငါးငံပြာရည်၊ ဆား၊ စပါးလင်တို့ဖြင့် ပြုတ်ရမည်)
၃။ ဌက်ပျောအူ – ၁ပင် (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)
မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန်ဖြစ်သည်။
၎။ ဆန်လှော်မှုန့် – ၁၀၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)
၅။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)
၆။ နံနံပင်၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)
ရ။ ပဲကြော် – ၁၀ခု
၈။ ကြက်သွန်ဖြူ ဆီချက် – ၁ခွက် (ကြက်သွန်ဖြူ ၆မွှာကို ထောင်းပြီ ဆီသပ်ပေးပါ)
၂။ ငါးခူ – ၃၀ ကျပ်သား (ငါးခူကို ထန်းညက် ၃ခဲ၊ ငါးငံပြာရည်၊ ဆား၊ စပါးလင်တို့ဖြင့် ပြုတ်ရမည်)
၃။ ဌက်ပျောအူ – ၁ပင် (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)
မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန်ဖြစ်သည်။
၎။ ဆန်လှော်မှုန့် – ၁၀၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)
၅။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)
၆။ နံနံပင်၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)
ရ။ ပဲကြော် – ၁၀ခု
၈။ ကြက်သွန်ဖြူ ဆီချက် – ၁ခွက် (ကြက်သွန်ဖြူ ၆မွှာကို ထောင်းပြီ ဆီသပ်ပေးပါ)
ဆီသတ်ရန် ပါဝင်ပစ္စည်းများ
၁။ ကြက်သွန်နီ – ၂၀ကျပ်သား (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ – ၁၀ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)
၎။ စပါးလင် – ၁ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
၆။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ရ။ ငရုတ်သီး(အရောင်တင်)မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၁။ ဒယ်အိုးထဲ စပါးလင်(၂ပင်)ကို ထုချည်ပြီ ခင်းပေးပါ။ ပြီမှ ငါးခူ၊ ထန်းညက် အညှိ(၃ခဲ)၊ ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ရေ(ငါးမြုပ်ရုံ) ထည့်ကာ ငါးကျက်သည်အထိ ပြုတ်ပေးထားပါ။ငါးပိကြိုက်ကစိမ်းစားငါးပိအနည်းငယ်ထည့်ပါ။
မှတ်ချက် ။ ။ ငါးပြုတ်ရည်ကို သိမ်းထားပေးပါ။
၂။ ပြီးလျှင် ပြုတ်ပြီသား ငါးခူကို အသားနွင်းပေးပါ။
၃။ ရလာသော ငါးခူအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောထောင်းပေးပါ။ ပြီမှ ရေဖြင့်ကျင်ကာ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။
ငါးဆီသတ် ချက်ပြုတ်နည်း
၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသတ်ပေးပါ။
၂။ နောက်မှ ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။
၃။ ပြီနောက် ငါးအသားများထည့်၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်မွှေလိုက်ပါ
၂။ နောက်မှ ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။
၃။ ပြီနောက် ငါးအသားများထည့်၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်မွှေလိုက်ပါ
မုန့်ဟင်းခါး စချက်ပါတော့မည်
၎။ ငါးဆီသတ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (အကွင်းလှီးထားသော ဌက်ပျောအူများ၊ ငါးဆီသတ်နှင့် ငါးပြုတ်ရည်၊ ငါးအရိုးထောင်းရည်များ၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။
၅။ ဌက်ပျောအူထဲ အချိုအရသာများ စိမ့်ဝင်သွားရန် အနည်းငယ် တည်ထားပေးပါ။
၆။ ဌက်ပျောအူ နွမ်းသွားပါမှ ရေနွေး(၃လီတာ)ကို ထည့်ပါ။
ရ။ ပြီလျှင် ရေဖြင့်ဖျော်ထားသော ဆန်လှော်မှုန့် ထည့်ပြီ ရောမွှေပေးပါ။
၈။ ပြန်ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။
၉။ ဆန်လှော်မှုန့် ပွလာမှ ချခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။
၁၀။ ကြက်သွန်နီများ နူသွားပြီ အရသာအနေတော်လျှင် ရပါပြီ။
၁၁။ ပန်းကန်ထဲ မုန့်ဟင်းခါးဖတ်၊ နံနံပင်၊ ပူစီနံ၊ ပဲကပ်ကြော်၊ ကြက်သွန်ဖြူ ဆီချက် ထည့်၍ အပေါ်မှ ငါးဟင်းရည် လောင်းထည့်ကာ အရသာရှိစွာ တည့်ခင်းသုံးဆောင်နိုင်ပါပြီ…..
၂။ ငါးကြင်း – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)
၃။ ဌက်ပျောအူ – ၁ပင် (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)
မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန်ဖြစ်သည်။
၎။ နံနံပင်၊ ပဲသီး၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)
၅။ ကြိုက်နှစ်သက်ရာ အကြော်
၁။ ကြက်သွန်နီ – ၃၀ကျပ်သား (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)
၎။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ – ၁၀ကျပ်သား
၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ)
ရ။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက်
၉။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)
၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)
၎။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ – ၁၀ကျပ်သား
၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ)
ရ။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက်
၉။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)
ပြင်ဆင်နည်း
၁။ ငါးကြင်းကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ကို ချည်ပြီ ပြုတ်ပေးထားပါ။ငါးပိကြိုက်သူများငါးပိအနည်းငယ်ထည့်နိုင်၏။
၂။ ပြီးလျှင် ပြုတ်ပြီသား ငါးကြင်းကို အသားနွင်းပေးပါ။
၃။ ရလာသော ငါးကြင်းအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောထောင်းပေးပါ။ ပြီမှ ရေဖြင့်ကျင်ကာ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။
၂။ ပြီးလျှင် ပြုတ်ပြီသား ငါးကြင်းကို အသားနွင်းပေးပါ။
၃။ ရလာသော ငါးကြင်းအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောထောင်းပေးပါ။ ပြီမှ ရေဖြင့်ကျင်ကာ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။
ချက်ပြုတ်နည်း
၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသတ်ပေးပါ။
၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။
၃။ ပြီနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။
၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။
၃။ ပြီနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။
မုန့်ဟင်းခါး စချက်ပါတော့မည်
၎။ ငါးဆီသတ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (အကွင်းလှီးထားသော ဌက်ပျောအူများ၊ ငါးဆီသပ်၊ ငါးပြုတ်ရည်၊ ငါးအရိုးထောင်းရည်များ၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။
၅။ ဌက်ပျောအူထဲ အချိုအရသာများ စိမ့်ဝင်သွားရန် အနည်းငယ် တည်ထားပေးပါ။
၆။ ဌက်ပျောအူ နွမ်းသွားပါမှ ရေနွေး(ရလီတာ)ကို ထည့်ပါ။
၇။ ပြီလျှင် ပြန်ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် ကြက်သားမှုန့်၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။
၈။ ကျက်ခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။
၉။ ကြက်သွန်နီများ နူးသွားလျှင် မုန့်ဟင်းခါးဖတ်၊ နံနံပင်၊ ပဲသီး၊ ပူစီနံ မိမိကြိုက်နှစ်သက်ရာ အကြော်များ ထည့်၍ တည့်ခင်းသုံးဆောင်နိုင်ပါပြီ…..
Credit-Wutyee Food house
မြောင်းမြမုန့်ဟင်းခါး
******************
မြောင်းမြ မုန်ဟင်းခါးချက်နည်းတွင် လျှို့ဝှက်ချက် ရှိနေတယ။်Nan Nan Granaryချက်နည်းပါရှင်။ အများအားဖြင့် သိသူနည်းနေပါတယ်။ နာမည်ကြီးတဲ့ဆိုင်ကချက်နည်းနော်။
ငါးရံ့ ငါးခူ ငါးကြင်းဖြူ များနှင့်ချက်လျှင်ပိုကောင်းပါတယ်။
အချိုးအစားက နှစ်သက်သလိုထည့်ပါ။
ငါးပြုတ်ရန်ရေနွေးတည်ထားပါ စပါးလင်. ဂျင်းကြက်သွန်ဖြူ နှင့်ဆူပွက်လာရင် ငါး ...ငံပြာရည် ထည့်ကာ ဆီနည်းနည်း နနွင်းမု့န့် အနည်းငယ်ဖြင့် ငါးများနူးလာသည်အထိပြုတ်ပေးပါ။
ရေဆူပြီးမှ့ငါးထည့်သည့်အတွက် ငါးညှီနံမရှိတော့ပါ။
ဟင်းရည်ချက်ရန် ငါးအသားနွှာပါကြေမသွားစေရ ငါးအသားမြှောင်းလေးလှလှလေးဖြစ်နေပါစေ။
ဂျင်းကြက်သွန်ဖြူ ထောင်းကာဆီသတ် ပြီးလျှင် ငါးပြုတ်ရေအိုးထဲသို့ထည့်ကာဆူပွက်သည့်အချိန်တွင် နွှာထားသောငါးပြုတ်ထည့်ပါ ..ငါးပြုတ်ဆီမသတ်ရ
ဟင်းရည် ဆူပွက်၍ အနံ့မွှေးလာရင် ဆန်လှော်မှုန့် ပဲမှုန့်အကြက်ရေဖျော်ပြီဖြေးဖြေးလောင်းထည့်ပါ။ ဟင်းရည်ဆူချိန်ရောက်မှ့အပေါ့အငံတွက်ငံပြာရည်ထည့်ပါ။
ဆူပွက်ချိန်မရောက်ခင်ထည့်ရင် ငံပြာရည် အနံ့ထွက်တတ်သည်။
ကြက်သွန်နီထည့် ငရုတ်ကောင်း ပြီးလျှင် အနံအရသာဖြင့်ပြည့်စုံသော မုန့်ဟင်းခါးဟင်းရည် ရပါပြ။ီ အကြော်နှစ်သက်သလိုထည့်စားပါ
**** အရသာရှိရှိမုန့်ဟင်းခါးကြိုက်ကြတဲ့မြန်မာလူမျိုးများ လွယ်ကူစွာချက်ပြုတ်နိုင်ကြပါစေ****
မူရင်းတင်ဆက်သူ အားကျေးဇူးတင်ရှိပါသည် ။ ပုံများမှာ နီးစပ်ရာသာ တွဲဆက် ဖော်ပြထားခြင်း ဖြစ်ပါသည်
Friday, January 3, 2014
ရှမ်းထမင်းချဉ် (သို. ) ငါးထမင်းနယ်
နှစ်ဦးမှာ ထူးတဲ့ အစားအစာ လေးနဲ.ပဲ မိတ်ဆက်ပေးလိုက်ပါတယ်။
တကယ်ကတော. တိုင်းရင်းသားအစားအစာတွေထဲမှာ လူကြိုက်အတော်များတတ်ကြတဲ့ ရှမ်းတိုင်းရင်းသားအစားအစာ ထဲက တစ်ခုပါပဲ
ရှမ်းခေါက်ဆွဲပြီးရင် လူသိအများဆုံး အစားအစာတစ်ခုပါပဲ
ငါးထမင်းချဉ် (သို. ) ရှမ်းထမင်းချဉ် ပါ
နေရာဒေသ အတော်များများမှာ ရတတ်ပြီး ကိုယ်.ဘာသာအိမ်မှာ လုပ်စားချင်ရင်လည်း စားလို.ရအောင် ကူးယူဖော်ပြပေးတာပါ ။
ရှမ်းအစားအစာဖြစ်တဲ့ ငါးထမင်းချဉ် လုပ်နည်းလေးပါ။ ရေချိုငါးကို ပြုတ်ပြီ ငါးအသားနဲ့ ထမင်းကို နုယ်ထားတဲ့ ငါးထမင်းချဉ်လေးပါ။ ငရုတ်ပွနီတောင့်ကြော်၊ ဂျူးမြစ်၊ ကြက်သွန်ဖြူတို့ နှင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။ မနက်စာ၊ ညနေစာ၊ အစာပြေ မိမိကြိုက်နှစ်သက်သလို လုပ်စားနိုင်ပါတယ်။ ပါဝင်ပစ္စည်းများ ရေချိုငါး (ငါးရံ့(သို့) ငါးကြင်း) – ၂၀ကျပ်သား (အတုံးကြီးများ တုံးထားပါ) ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ) ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း အာလူး – ၂လုံး (ပြဲအောင် ရေဖြင့် ပြုတ်ထားပေးပါ) ဆနွင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ) ဂျူးမြစ် – တွဲဖက် သုံးဆောင်ရန် ငရုတ်သီးနီခြောက် – ၈ခု (ဆီဖြင့် ကြော်ထားပေးပါ) ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်စဉ်း) (ဒယ်ထဲ ဆီထည့် ဆနွင်းမှုန့်၊ ကြက်သွန်ဖြူ ထည့်ပြီ ဆီချက် ချက်ထားပါ) မှတ်ချက် ။ ။ ဆီချက် ဆီနှင့် ကြက်သွန်ဖြူ ကြော်များကို သက်သက်စီခွဲထားပါ
ပြင်ဆင်နည်း
၁။ အရင်ဆုံး စတီအိုးတစ်ခုထဲတွင် ရေအပြည့်ထည့်ပြီ အာလူးများကို ပြဲသည်အထိ တည်ထားပေးပါ။
၂။ အာလူး တည်ထားစဉ် နောက် ဒယ်အိုးတစ်ခုထဲတွင် ရေချိုငါး၊ ခရမ်းချဉ်သီး၊ ဆနွင်း၊ ငါးငံပြာရည်၊ ရေ(၂ခွက်) တို့ကို ထည့်ပြီ ရေအနည်းငယ် ကျန်သည်အထိ အဖုံးအုပ်ပြီ တည်ထားပေးပါ။
၃။ ပုံတွင် ပါသည့်အတိုင်း ရေအနည်းငယ်ကျန်ပြီ ခရမ်းချဉ်သီးများ ပြဲသွားလျှင် မီးပိတ်လိုက်ပါ။
၎။ ထို့နောက် ငါးများကို ဆယ်ပြီ အရိုး၊ အရေခွံများဖယ်ကာ အသားနွှင်းပေးပါ။
ငါးထမင်းချဉ် လုပ်နည်း
၁။ ငါးထမင်းချဉ် စနုယ်ပါမည်။ ဇောက်ခွက်တစ်ခုထဲ ထမင်း(၃ယောက်စာ)၊ ပြုတ်ထားသော အာလူး(လက်ဖြင့်ခြေပြီ)၊ ငါးအသား၊ ခရမ်းချဉ်သီး အနှစ်၊ ကြက်သွန်ဖြူ ဆီချက် ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း)၊ ဆား၊ ကြက်သားမှုန့် တို့ကို ထည့်ပါ။
၂။ ထို့နောက် ထမင်း နှင့် ငါး၊ အာလူး၊ ခရမ်းချဉ်သီး နှစ်များကို သမအောင် ရောနုယ်ပေးပါ။
၃။ အရသာ အနေတော်ပြီဆိုလျှင် အပေါ်မှ ကြက်သွန်ဖြူကြော်၊ ကြက်သွန်မြိတ် များဖြူးပေးပါ။
၎။ အရသာကောင်းမွန်သော ငါးထမင်းချဉ်ကို ဂျူးမြစ်၊ ငရုတ်သီးကြော်၊ ကြက်သွန်ဖြူ တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ ။
ကူးယူဖော်ပြသော Original Link - http://www.wutyeefoodhouse.com
ဆက်စပ်ဖတ်ရှုရန် .....ငါးထမင်းနယ်
Monday, May 20, 2013
ကဲ ၀ါးခယ်မမုန်.ဟင်းခါး စမ်းချက်ကြည်.ကြ မလား
အချို.ကတော. ၀ါးခယ်မုန်.ဟင်းခါးချက် ၊မြောင်းမြမုန်.ဟင်းရည်ချက် ပုံတို.ကိုတောချက်ဟုခေါ်လေ.ရှိသည် ။လက်ခံပါသည် တောဆိုသည်က လတ်ဆတ်သော အသား .ငါး ၊လတ်ဆတ်သော အသီးအနှံ တို.ဖြင်. သဘာဝအရောင် အနံ. အရသာတို.ကို အလေးထားပြီး စီးပွးရေးဆန်လွန်းသော လောဘများလွန်းသော ဖန်တီးမှု မဟုတ်ပဲ စေတနာဖြင်.ချက်လုပ်သောကြောင်. ကျန်းမာရေးအရ ဘေးထွက်ဆိုးကျိုးမျိုးမရှိသလို စီးပွားရေးအရ အလွယ်တကူ ၀ယ်ယူစားသုံးနှိုင်သော နှုံးထားသာ ရှိနေပါသည် ။တောချက်ဟုခေါ်ကြသော ထိုဝါးခယ်မမုန်.ဟင်းခါး ကိုပင် ၇န်ကုန်မြို.ကြီးဆီက နာမည်ကြီးဆိုင်တို.က နာမည်တပ်ရောင်းချနေကြရသည်ကို တွေ.ရသောအခါ...............................
အကယ်၍များ ၀ါးခယ်မ မုန်.ဟင်းခါးကို ၀ါးခယ်မအရသာစစ်စစ် စားချင် ၊၀ယ်ဖို.ကလည်း အခက်အခဲဖြစ် နေပါလျှင်တော. ကိုယ်တိုင် စမ်းသပ် ချက်လုပ်ကြည်.နိုင်ပါသည် ။ သုံးရသော ကုန်ကြမ်း ၊ထည်.သွင်းသော အချိုးအစား တို.အပေါ် မူတည်၍ အရသာ အနည်းငယ် အပြောင်းအလဲ ရှိကောင်းရှိမည် ဖြစ်သော်လည်း စားလိုက်မိသည်နှင်. တော. ၀ါးခယ်မ မုန်.ဟင်းခါးဟု လက်ခံပါလိမ်.မည် ။ မူကွဲအမျိုးမျိုး ရှိသည်.အနက် ရရှိသော နည်း တစ်နည်းကိုဖော်ပြအပ်ပါသည် ။
- ငါးကျီး (သို.)ငါးခူ (မရနိုင်လျှင် ငါးကြင်း ၊ငါးမြစ်ချင်း) ၂၅ ကျပ်သားခန်.
- ငါးငံပြာရည်စစ်စစ်
- ကြက်သွန်နီ အနေတော် အရွယ် ၁၅ လုံးခန်.
- ဆန်အကျက်မှုန်. ၁ထုပ်
- ဘဲဥ ပြုတ်ပြီးသား ၃ လုံး
- ငြုပ်ကောင်း အစိ ၁၅ လုံး ခန်.
- ဆနွင်းမှုန်.စစ်စစ် အနည်းငယ်
- မုန်.ဟင်းခါးဖတ် နှင်. ညှပ်ခေါက်ဆွဲဖတ် ၅၀ သားစီ
၂ ။ ထိုသို.ပြုတ်ပြီးပါက ငါးအား အရိုးနွှင်ကာ အရိုးသပ်သပ် ၊အသားသပ်သပ် ပန်ကန်တစ်ခုအတွင်း ထည်.ထားရပါမည်။
၃ ။ ထို.နောက် ငါးပြုတ်ထားသောရေကို မီးဖိုပေါ်တင်ပြီး ဆူလာအောင်တည်ပေးရပါမည်။ထိုအချိန်တွင် နွှင်ထားသော အရိုးများကို ငြုပ်ဆုံ တစ်ခုအတွင်းထည်.ထောင်းကာ အရိုးများဖယ်ပြီး ရလာသော အနှစ်ကို ငါးပြုတ်ရည်အိုးထဲ ထည်.ရပါမည်။
၎ ။ ထိုငါးပြုတ်ရေအိုးဆူမလာမှီ နွှင်ထားသော ငါးအသားများကို ဆနွင်းအနည်းငယ် ထည်.ပြီး ဆီသတ်ထားရပါမည် ။(အချို.ကတော. ထိုငါးများကို ဆီမသတ်ပဲ ငါးပြုတ်ရည်တွင်ထည်.မွှေကာ တိုက်ရိုက်ချက်လေ.ရှိပါသည် ၊ အကယ်၍ ငါးပြုတ်စဉ်က စပါးလင် ထည်.ပြုတ်လျှင် သိပ်ပြဿနာမရှိသော်လည်း ထိုစဉ်က စပါးလင်ထည်.မထားလျှင်တော. ငါးကိုဆီသတ်ချက်သည်က အညှီနံ. ကင်းစေပါသည် ။တစ်ခုသတိပြုရန်မှာ ငါးမြစ်ချင်း ၊ငါးကြင်းကဲ.သို. ကန်ငါးများသုံးချက်လျှင်တော. ဆီသတ်သည်က ပိုစိတ်ချရပါသည်)။ဆီသတ်ရာတွင် သဘာဝအရောင်အတိုင်းသာရှိနေရန် ဆနွင်းမှုန်.မှလွဲပြီး အခြားဘာမှသုံးစရာမလိုသလို ကြည်.ရုံနှင်. မနှစ်သက်ချင်စရာ ဟင်းရည်ပေါ်ဆီများဝေ.နေခြင်းမဖြစ်ဖို.ဆီကို အနည်းဆုံးလိုအပ်သလောက်သာထည်.ရမည်ဖြစ်ပြီး တူးနံ.မရှိအောင်တော.ဂရုစိုက်ရပါမည်။
၅ ။ ထို.နောက်အခွံနွှာထားသော ကြက်သွန်နီအနေတော်လေးများပါ အလုံးလိုက် (သို.)အခြမ်းလိုက် ဆီထည်.သတ်ပါ ။ထိုသို.ဆိထည်.သတ်သဖြင်. ကြက်သွန်နီသည် စိမ်းနံ. လုံးဝမရှိတော.သလို အချိုဓါတ်လည်း ပိုကဲစေပါသည်။
၆ ။ ငါးပြုတ်ရည်အိုးဆူလာလျှင် ထိုဆီသတ်ထားသော ငါးနှင်. ကြက်သွန်နီများ အိုးထဲလောင်းထည်.လိုက်ပါ ။ဆိုင်ဆိုလျှင်တော. ကြက်သွန်နီ ဥလိုက်တောင်းမည်.သူများအတွက် ကျက်သည်နှင်. ဖယ်ရန်လိုသော်လည်း အိမ်တွင်ချက်စားလျှင်တော. ထိုကြက်သွန်နီများပျော်ဝင်နေသော ဟင်းရည်က ပိုချိုသလို ပိုလည်း ပျစ်စေပါသည်။
၇ ။ ထိုအချိန်တွင် ၀ယ်ယူလာသော ဆန်ကျက်မှုန်.ကို ဒယ်အိုးအခြောက်နှင်. ဘာမှထည်.စရာမလိုပဲ မွှေးလာသည်ထိ လှော်ပေးရပါမည် ။ယခင်ကတော. မြို.တွင်ဆန်စိမ်းမှုန်.ကို ၀ယ်ကာ ကိုယ်.ဘာသာအိမ်တွင်လှော်ကြပါသည်။ယခုကတော. ဆန်ကျက်မှုန်.များက အလွယ်တူ ၀ယ်ယူရရှိနေပါသည်။မတူးစေရန် အထူးသတိထား၇မည်ဖြစ်သော်လည်း မွှေးလာသည်အထိတော. အချိန်ယူ၍ မီးအေးအေးနှင်.လှော်ပေးရပါမည် ။မွှေးလာသည်နှင်. ထိုဆန်အကျက်မှုန်.ကို ရေနှင်. ပျစ်ပျစ်ဖျော်ထား၇န် လိုပါသည်။
၈ ။ တည်ထားသော ဟင်းရည်အိုး ဆူလာချိန်တွင် ဖျော်ထားသော ဆန်ကျက်မှုန်.ရည်တို.ကို အိုးထဲထည်.ကာ ခဲမသွားစေရန်မွှေပေးနေရပါမည် ။ထိုဆန်ကျက်မှုန်.များ အပြီးတိုင်ပွလာသည်အထိ မီးပြင်းပြင်းနှင်. ပွက်ပွက်ဆူအောင် တည်ပေးရပါမည် ။
၉ ။ ထိုအချိန်တွင် ကြက်သွန်ဖြူများကို အခွံနွှာပြီးငြုပ်ဆုံတွင်ထည်.၍ ထိုက်သင်.သလောက် ကျေညက်နေအောင်ထောင်းထားရပါမည်။ကြိတ်ထားသော အရသာနှင်.ထောင်းသောအရသာ ယှဉ်စားကြည်.လျှင် မတူသကဲ.သို. ရှမ်းကြက်သွန်အမွှာအကြီးများနှင်. ဗမာကြက်သွန်ဖြူ အလုံးသေးများအနံ.အရသာကလည်း ကွာသဖြင်. ဖြစ်နိုင်လျှင် ဗမာကြက်သွန်ဖြူအသေးများကိုသာ စိတ်ရှည်ရှည်ထား ခွာပြီးထောင်းသင်.ပါသည်။
၁၀ ။ ဟင်းရည်အိုးကို ကြည်.လိုက်ပြီး ဆန်မှုန်.များကောင်းစွာပွနေပြီဆိုပါက ထောင်းထားသော ကြက်သွန်ဖြူများ ဟင်းရည်ထဲသို.ထည်.လိုက်ပါ ။ထို.နောက် ၀ယ်ယူထားသော ငြုပ်ကောင်း စိများကို မီးသွေးခဲပေးတင်ပြီး အနံ.မွှေးလာသည်အထိ လှိမ်.ပါ (မြို.လေးတွင်တော. မြေစလောင်းဖုံး (သို.)ဒါန်အိုးဖုံး တစ်ခုပေါ် ငြုပ်ကောင်းစိများတင် ထိုအပေါ်မီးသွေးခဲတင် ပြီးအနံ.မွှေးလာသည်အထိ လှိမ်.ပါသည်) ထိုကျက်သွားသော ငြုပ်ကောင်းစိများကို ပုလင်းတစ်ခုနှင်.(သို.)အဆင်ပြေရာ တစ်ခုနှင်. ကွဲကြေသည်အထိကြိတ် ပြီး ဟင်းရည်အိုးထဲထည်.ပါ(အသင်.ရောင်းသော လှော်ပြီးသား ငြုပ်ကောင်းအချို.မှာ အနံ.မကောင်းတတ်ပါ) ။
၁၁ ။လိုအပ်သော အချို အငန်တို.ကို ထည်.ပါ ။ငှက်ပျောအူကြိုက်လျှင် ငှက်ပျောအူ အနုလေးများထည်.ပါ (အချို.က ဟင်းရည်ကျဲသည်ဟုဆိုကာ ငှက်ပျောအူ ထည်.လေ.မရှိသလို အချို.ကလည်း လျှာယားသည်ဆိုကာ မကြိုက်သဖြင်. မထည်.ကြပါ)။
၁၂ ။ ပြုတ်ပြီးသား ဘဲဥများကို အစိတ်လေးများစိတ်ပြီး ဟင်းရည်ထဲထည်.ပါ (အစိမ်းကို ခေါက်ထည်.ပါက ဟင်းရည် ပျစ်သွားသလိုရှိသော်လည်း ပြုတ်ထားသော ဘဲဥအစိတ်များကသာ ၀ါးခယ်မမုန်.ဟင်းခါး အရသာစစ်စစ် ဖြစ်စေသလို မြုပ်တစ်ဝက် ပေးတစ်)က် ဘဲဥစိတ်များကသာ ၀ါးခယ်မမုန်.ဟင်းခါး မြင်ကွင်းအစစ်ဖြစ်သည်)အရသာ အနေတော်ဖြစ် ဟင်းရည်လည်း ပွက်ပွက်ဆူ ငြုပ်ကောင်းနံ.လေးလည်း လှိုင်လှိုင်ထွက်လာ ပြီဆိုလျှင်တော. စား၍ရပြီပေါ. ။
တကယ်က ၀ါးခယ်မ မုန်.ဟင်းခါး ပြင်ပုံကိုက အခြား မုန်.တို.နှင်.မတူပါ
စားပွဲဝိုင်းတွင် နံနံပင် ပုဂံ... ရှောက်သီးပုဂံ... ငံပြာရည် ပုဂံ... ငြုပ်သီးအလှော်မှုန်. ..ဆီချက်ပုဂံ.. ပဲမှုန်.ပုဂံ အကြော်ပုဂံ ..အလည်တည် ဟင်းရည် ပုဂံ စသည်တို.ပါမှ ဖွဲ.စည်းပုံအပြည်.ဖြစ်သည်။
မုန်.ဖတ်ပေါ် ကြက်သွန်အဖြူ၊အနီရောသတ်ထားသော ဆီချက်ဝါ၀ါလေးရွှဲရွှဲဆမ်း
ပဲမှုန်.လေး မုန်.ပေါ် အနည်းငယ်ဖြူး
အကြော်လေးတင်
ရှောက်သီး ၊နံနံပင် ၊ငြုပ်သီးမှုန်.၊ငံပြည်ရည် လိုအပ်သလိုထည်.
ပြီးမှ ဟင်းရည် ခပ်စီးစီးလေးဆမ်းပြီးနယ်
အလည်တည် ပုဂံ ထဲက ဟင်းရည်လေးခပ်သောက်..................
ကဲ.............
ကိုယ်.ဘာသာကိုယ် လက်တည်.စမ်းချင်သူများအတွက် မေးမြန်းလေ.လာ၍ရသလောက် ရေးပေးလိုက်ပါပြီဗျာ
မူကွဲတွေလည်း အမျိုးမျိုးရှိတာမို. လိုသလို စိတ်ကွန်.မြူးပြီး စမ်းသပ်ချက်ပြုတ်ကြည်.လို.တော. ရလောက်ပြီထင်ပါရဲ.
ဆက်စပ်ဖတ်ရှုရန် မြို.လေးနှင်. မုန်.ဟင်းခါး ယဉ်ကျေးမှု ( ၀ါးခယ်မ မုန်.ဟင်းခါး )
Monday, May 13, 2013
ငှက်ပျောဖူးသုပ်နဲ. ငှက်ပျောဖူးချက်
ဒါကတော. ဖြိုးဇာသွင် (Phyo’s Cooking Adventure)ရဲ. ချို၊ ချဉ်၊ ငန်၊ စပ် ငှက်ပျောဖူးသုပ်ပါ
ဒါလေးကတော. Burmese taste - Iora ရဲ. ငှက်ပျောဖူးချက်ပါ
ရေဆေးထားတဲ့ငှက်ပျောဖူးရွက်လေးထဲကို လှအောင်လို့ ခပ်ထဲ့ပါတယ်။ ခရင်းလေးနဲ့ ကော်ပြီးစားလိုက်တာခဏလေး နဲ့ စားလို့ ကုန်သွားပါတယ်။ တကယ်တော့ထမင်းနဲ့ စားဘို့ ပါ။ ဒီတိုင်းလည်းစားလို့ ကောင်းပါတယ်ရှင်။
ဒီတစ်ပတ်တော့ ငှက်ပျောဖူးကို သုပ်စားဖို့ စီစဉ်ထားပါတယ်။ နေကလည်း ပူတော့ ဘာစားစား
အရသာ သိပ်မတွေ့လှတာကြောင့် ချို၊ ချဉ်၊ ငန်၊ စပ် အသုပ်လေးတွေနဲ့ ခံတွင်း တွေ့အောင်ရယ်၊
မီးဖိုထဲမှာလည်း သိပ်ပြီးအကြာကြီး မနေချင်တာရယ်ကြောင့် အသုပ်လေးတွေကို တန်းစီပြီး ရေးဖို့
စီစဉ်ထားပါတယ်။
အရသာ သိပ်မတွေ့လှတာကြောင့် ချို၊ ချဉ်၊ ငန်၊ စပ် အသုပ်လေးတွေနဲ့ ခံတွင်း တွေ့အောင်ရယ်၊
မီးဖိုထဲမှာလည်း သိပ်ပြီးအကြာကြီး မနေချင်တာရယ်ကြောင့် အသုပ်လေးတွေကို တန်းစီပြီး ရေးဖို့
စီစဉ်ထားပါတယ်။
မိဘအိမ်မှာ နေတုန်းကဆို အမေက ငှက်ပျောဖူးကို ပုစွန်ခြောက်လေးနဲ့ပဲ နှပ်ပြီး ချက်လေ့ရှိပြီး ဖြိုး
တို့ညီအစ်မတွေ အကြိုက်ဆုံး ဟင်းတစ်ခွက်ပေါ့။ ငှက်ပျောဖူးသုပ်ကိုတော့ ဆစ်ဒ်နီရောက်မှ ထိုင်း
စားသောက်ဆိုင်တွေမှာ စားဖူးတာပါ။
တို့ညီအစ်မတွေ အကြိုက်ဆုံး ဟင်းတစ်ခွက်ပေါ့။ ငှက်ပျောဖူးသုပ်ကိုတော့ ဆစ်ဒ်နီရောက်မှ ထိုင်း
စားသောက်ဆိုင်တွေမှာ စားဖူးတာပါ။
ငှက်ပျောဖူး စိမ်းကို ပါးပါးလှီးပြီး သုပ်ထားပေမယ့် မဖန်ပဲ စားလို့ကောင်းပါတယ်။
ပုစွန်နဲ့ တွဲပြီး သုပ်လေ့ရှိသလို ကင်းမွန်/ ပြည်ကြီး ငါးကို မီးကင်ပြီးတော့လည်း ရောသုပ်လေ့ရှိကြ
တယ်။
တယ်။
သူက အရသာထက် ထုတ်ထုတ်လေးနဲ့ ပါးစပ်ထဲမှာ ၀ါးရတာက ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာ
ပါ။
ပါ။
ဖန်တန်တန် အရသာ ရှိတတ်တာမို့ ချို၊ ချဉ်၊ ငန်၊ စပ် အရသာနဲ့ တွဲမှ စားလို့ ကောင်းပါတယ်။
ရန်ကုန် ပြန်ရောက်ကတည်းက နေရာတကာမှာ တွေ့တဲ့ ငှက်ပျောဖူးတွေကို မျက်စောင်း ထိုးထား
တာ အခုမှပဲ သေချာသုပ်စားဖြစ် တော့တယ်။
တာ အခုမှပဲ သေချာသုပ်စားဖြစ် တော့တယ်။
ငှက်ပျောဖူးကို အမျိုးမျိုး သုပ်စားကြပေမယ့် ဒီနွေပူမှာ ခံတွင်း တွေ့စေမယ့် ဗီယက်နမ်စတိုင်နဲ့
ထိုင်းစတိုင် အသုပ်နှစ်မျိုးကို မျှဝေလိုက်ပါတယ်။
ထိုင်းစတိုင် အသုပ်နှစ်မျိုးကို မျှဝေလိုက်ပါတယ်။
နောက်ကြုံရင် တခြားနည်းလေးတွေ ထပ်ဝေမျှ ပေးပါဦးမယ်။
ငှက်ပျောဖူးသုပ် (ထိုင်း)
ပါဝင်ပစ္စည်းများ
(ခြောက်ယောက်စာ)
ငှက်ပျောဖူး (အသေး) နှစ်ဖူး
ပုဇွန် (အသေး) ၆-၈ ကောင်
ကြက်သွန်နီ နှစ်လုံး
နံနံပင် (လှီးပြီးသား) ၁/၄ ခွက်
ငရုတ်သီး အနီ ၁/၂ တောင့်
ကြက်သွန်နီကြော် စားပွဲဇွန်းတစ်ဇွန်း
ပုစွန်ခြောက် စားပွဲဇွန်းနှစ်ဇွန်းခွဲ
ထန်းလျက် (အဖြူ - ခြစ်ပြီးသား) စားပွဲဇွန်း နှစ်ဇွန်းခွဲ
သံပရာရည် (ညှစ်ယူပါ) ၁/၃ ခွက် (၈၀ မီလီလီတာ)
ငံပြာရည် စားပွဲဇွန်း ၁/၃ ခွက် (၈၀ မီလီလီတာ)
ငရုတ်သီးဆီချက်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း တစ်ဇွန်း
ငှက်ပျောဖူး
ပြင်ဆင်ပုံ
ငှက်ပျောဖူးများမှ အခွံအနီများကို ခွာပါ။ အ၀ါနုရောင် (သို့) အရောင် ဖျော့ဖျော့ ရောက်သည်အထိ
အခွံများ ကို ခွာပါ။
အခွံများ ကို ခွာပါ။
အထဲမှ ငှက်ပျောသီး သေးသေးလေးများကို ထုတ်ပစ်ပါ။
ပြီးတဲ့အခါ ငှက်ပျောဖူး လှီးပြီးသားများကို စိမ်ဖို့အတွက် အချဉ်ဓာတ်ပါသောရေကို အရင်ပြင်ပါ။
ရေ တစ်လီတာတွင် သံပရာရည် ၁/၄ ခွက် (၆၀ မီလီလီတာ)ထည့်ပြီး မွှေပါ။
ထို့နောက် ငှက်ပျောဖူးများကို အကွင်းလိုက်ပါးပါးလှီးပြီး ပြင်ထားသော ရေထဲသို့ ချက်ချင်း ထည့်၍
စိမ်ပါ။
စိမ်ပါ။
ငှက်ပျောခွံများထဲမှ အရွက်ကြီးပြီး လှသော အဖတ် ၁-၂ ခုကို ဖယ်ပြီး ရေစင်အောင်ဆေးကာ
သေချာစစ်ထားပါ။
သေချာစစ်ထားပါ။
ဟင်းပွဲ ပြင်ရာမှာ သုံးလို့ရပါတယ်။
ငှက်ပျောဖူး ချက်
ငှက်ပျောဖူးဝယ်ထားတာတပါတ်လောက်ရှိပါပြီ။ မအားလို့ ခုမှချက်စားဖြစ်ပါတယ်။
သုတ်စားရင်ကောင်းမလား၊ချက်စားရင်ကောင်းမလားဆိုပြီးတွေးနေတာ။
သုတ်ရင်များနေမယ်ထင်လို့ ချက်ဘဲချက်လိုက်ပါတယ်။
ဦးဆုံးအပေါ်လွှာအကြမ်းတွေကိုနုတာရောက်တဲ့ထိ တလွှာပြီးတလွှာ
ခွာထုတ်ပစ်ရပါတယ်။ အဖူးလေးတွေနုတာတွေ့ ရင်လည်း ခြွေပြီးယူထားပါတယ်။
လွှာရင်းလွှာရင်း နဲ့ မကျန်သလောက်ပါဘဲ။ ဒါပေမဲ့
မလောက်မှာတော့ပူစရာမလိုပါဘူး။ သူကဒီလိုမျိုးဆိုမနည်းပါးစပ်ထဲခွံ
့ကျွေးမှစားတာဆိုတော့လေ။
ပန်းဖူးလေးတွေကအပေါ်ကနုညံ့ပေမဲ့ အတွင်းက၀တ်ဆံတိုင်တွေက
(ပုံထဲမှာအမဲရောင်လေးတွေပါ) ကြမ်းလို့ ဖဲ့ပြီးဆွဲထုတ်ပစ်မှကောင်းပါတယ်။
အချိန်မရရင်လည်းဒီတိုင်းထဲ့လိုက်တာပါဘဲ။
အဲဒါဆိုရင်စားရင်တော့ဖယ်ဖယ်ပစ်ရပါတယ်။ပါးစပ်ရှုပ်ပါတယ်။
ဖယ်ရင်း ခွာရင်းနဲ့ သိပ်တောင်မကျန်တော့ပါဘူး။
လူများရင်တော့နှစ်ဖူးသုံးဖူးတော့ဝယ်ရမယ်ထင်တယ်။ ပြီးရင် ခပ်ပါးပါးလှီး ရေဆေး ပြီးဆားရည်စိမ်ထားပါတယ်။ ကြက်သွန်ဖြူ၊ နီ ဆီသတ်၊ ငြုတ်သီးမှုန့် ထဲ့၊ ခရမ်းချဉ်သီးလေးနဲနဲထဲ့၊ ပုဇွန်ခြောက်မှုန့် ထဲ့ပြီး မွှေးလာရင် ဆားရည်စိမ်ထားတဲ့ ငှက်ပျောဖူးတွေကို အဖန်ရည်တွေထွက်သွားအောင်ညှစ်ပစ်ပြီး ဆီသတ်တဲ့ထဲထဲ့မွှေပြီး ဆားပြား၊ အချိုမှုန့် ထဲ့ပါတယ်။ ငပိလေးကြိုက်ရင်နဲနဲလေးအောင်ထဲ့နိုင်ပါတယ်။ ကျမကဒီနေ့ ငန်ပြာရည်နဲနဲထဲ့ပါတယ်။ ခဏလုံးပြီးရင်တော့ ဆန်မှုန့် လေးနဲနဲရေဖျော်ပြီးထဲ့ပါတယ်။ ကျမတော့အရှိန်လွန်သွားလို့ ဆန်မှုန့် နဲနဲများသွားပါတယ်။ ဆန်မှုန့် ကြိုက်တတ်ရင်တော့ အိုကေမှာပါ။ ကျမကသိပ်စေးပျစ်ပျစ်ကိုမကြိုက်တတ်လို့ ပါ။ ဆီပြန်ရင် ချနိုင်ပါပြီ။ ကျမတော့ ရေနဲနဲချန်ထားပါတယ်း မပျစ်သွားအောင်လို့ ပါ။ ချခါနီး အစပ်ကြိုက်လို့ ငြုတ်သီးစိမ်းခွဲထဲ့ပြီး နံနံပင်အုပ်လိုက်ပါတယ်။ ဒါပါဘဲ လွယ်ပါတယ်။
လူများရင်တော့နှစ်ဖူးသုံးဖူးတော့ဝယ်ရမယ်ထင်တယ်။ ပြီးရင် ခပ်ပါးပါးလှီး ရေဆေး ပြီးဆားရည်စိမ်ထားပါတယ်။ ကြက်သွန်ဖြူ၊ နီ ဆီသတ်၊ ငြုတ်သီးမှုန့် ထဲ့၊ ခရမ်းချဉ်သီးလေးနဲနဲထဲ့၊ ပုဇွန်ခြောက်မှုန့် ထဲ့ပြီး မွှေးလာရင် ဆားရည်စိမ်ထားတဲ့ ငှက်ပျောဖူးတွေကို အဖန်ရည်တွေထွက်သွားအောင်ညှစ်ပစ်ပြီး ဆီသတ်တဲ့ထဲထဲ့မွှေပြီး ဆားပြား၊ အချိုမှုန့် ထဲ့ပါတယ်။ ငပိလေးကြိုက်ရင်နဲနဲလေးအောင်ထဲ့နိုင်ပါတယ်။ ကျမကဒီနေ့ ငန်ပြာရည်နဲနဲထဲ့ပါတယ်။ ခဏလုံးပြီးရင်တော့ ဆန်မှုန့် လေးနဲနဲရေဖျော်ပြီးထဲ့ပါတယ်။ ကျမတော့အရှိန်လွန်သွားလို့ ဆန်မှုန့် နဲနဲများသွားပါတယ်။ ဆန်မှုန့် ကြိုက်တတ်ရင်တော့ အိုကေမှာပါ။ ကျမကသိပ်စေးပျစ်ပျစ်ကိုမကြိုက်တတ်လို့ ပါ။ ဆီပြန်ရင် ချနိုင်ပါပြီ။ ကျမတော့ ရေနဲနဲချန်ထားပါတယ်း မပျစ်သွားအောင်လို့ ပါ။ ချခါနီး အစပ်ကြိုက်လို့ ငြုတ်သီးစိမ်းခွဲထဲ့ပြီး နံနံပင်အုပ်လိုက်ပါတယ်။ ဒါပါဘဲ လွယ်ပါတယ်။
ရေဆေးထားတဲ့ငှက်ပျောဖူးရွက်လေးထဲကို လှအောင်လို့ ခပ်ထဲ့ပါတယ်။ ခရင်းလေးနဲ့ ကော်ပြီးစားလိုက်တာခဏလေး နဲ့ စားလို့ ကုန်သွားပါတယ်။ တကယ်တော့ထမင်းနဲ့ စားဘို့ ပါ။ ဒီတိုင်းလည်းစားလို့ ကောင်းပါတယ်ရှင်။
ခင်မင်လေးစားသော..
အိုင်အိုရာ..
အိုင်အိုရာ..
Source ; /myanmar.mmtimes.com & http://mamaiora.blogspot.com
Monday, April 8, 2013
အင်းလေးအာလူးထမင်းနယ်၊ ငါးမွှေကြော်နှင့် ခရမ်းချဉ်သီးဖျော်
ဒီတစ်ပတ်တော့ အင်းလေးက အာလူးထမင်းနယ်ကို လွမ်းလွမ်းရှိတာနဲ့ အိမ်မှာလုပ်စားရင်း စာဖတ်
ပရိသတ်ကြီးကို မျှဝေလိုက်ပါတယ်။
ပရိသတ်ကြီးကို မျှဝေလိုက်ပါတယ်။
လွယ်လွန်းလှသလို လူတိုင်းလည်း လုပ်စားဖူးကြ မှာပါ။ ဒါပေမဲ့ ဩစတြေးလျက ခေတ်သစ်
ဟင်းလျာများကို အားကျအတုယူပြီး ထုံးစံအတိုင်း ဖြိုးရဲ့ ကိုယ်ပိုင်စတိုင်လေးတွေ ထည့်သွင်းပေါင်း
စပ်တာမို့ နည်းနည်းတော့ ထူးတယ်လို့ ပြောရမှာပေါ့။
ဟင်းလျာများကို အားကျအတုယူပြီး ထုံးစံအတိုင်း ဖြိုးရဲ့ ကိုယ်ပိုင်စတိုင်လေးတွေ ထည့်သွင်းပေါင်း
စပ်တာမို့ နည်းနည်းတော့ ထူးတယ်လို့ ပြောရမှာပေါ့။
ရိုးစင်းတဲ့ ဒီအာလူးထမင်းနယ်ကို ငှက်ပျောဖက်နံ့လေး သွင်းထာတာမို့ အနံ့ရော၊ အရသာပါ ခံစား
နိုင်ပြီး ခံတွင်းမြိန်စေပါတယ်။
နိုင်ပြီး ခံတွင်းမြိန်စေပါတယ်။
နောက် ငါးကို ပြုတ်ပြီး ကြက်သွန်ဖြူများများလေးနဲ့ မွမွလေးဖြစ်အောင် မွှေကြော်လေးကြော်ပါ
တယ်။
တယ်။
ချဉ်၊ ငန်၊ စပ် ခရမ်းချဉ်သီးဖျော်လေးနဲ့ဆိုတော့ စေးကပ်ကပ်ထမင်း နယ်ရယ်၊ ရှတတ ငါးမွမွလေး
တွေရယ်၊ ရသာစုံ အရည်စပ်စပ် ခရမ်းချဉ်သီးဖျော် နဲ့ လျှာပေါ်မှာအရသာရော၊အတွေ့အထိ ရောပြီး
ပြည့်စုံအောင်ပေးစွမ်းနိုင်ပါတယ်။
တွေရယ်၊ ရသာစုံ အရည်စပ်စပ် ခရမ်းချဉ်သီးဖျော် နဲ့ လျှာပေါ်မှာအရသာရော၊အတွေ့အထိ ရောပြီး
ပြည့်စုံအောင်ပေးစွမ်းနိုင်ပါတယ်။
Oven ကို သုံးပြီး ထမင်းထုပ်လေးတွေကို အပူပေးကာ အနံ့သွင်းလေ့ရှိပေမယ့် ဒီမှာတော့ အိုးပူ
လေးပဲ တိုက်ထားပါတယ်။
လေးပဲ တိုက်ထားပါတယ်။
လူတိုင်း လိုက်လုပ်လို့ လွယ်တာပေါ့။ အခုလိုကာလမှာ မိတ်ဆွေ နိုင်ငံခြားသားများကို Fine Dining
ပုံစံမျိုးနဲ့ ဧည့်ခံလို့လည်းရတာပေါ့။
ပုံစံမျိုးနဲ့ ဧည့်ခံလို့လည်းရတာပေါ့။
အချိုမှုန့်ပါမှာလည်း စိုးရိမ်စရာ မလိုတော့ဘူးပေါ့။ နောက်ပြီး အတူတူတွဲစား ဖို့ပဲဖြစ်ဖြစ်၊ အမြည်း
အနေနဲ့ပဲဖြစ်ဖြစ် စားလို့ရမယ့် ပဲပုပ်နဲ့ မြေပဲကြော်ကိုလည်း ဖော်ပြလိုက်ပါတယ်။
အနေနဲ့ပဲဖြစ်ဖြစ် စားလို့ရမယ့် ပဲပုပ်နဲ့ မြေပဲကြော်ကိုလည်း ဖော်ပြလိုက်ပါတယ်။
ပါဝင်ပစ္စည်း
(ခြောက်ယောက်စာ)
(ခြောက်ယောက်စာ)
ရှမ်းဆန် နှစ်ခွက်
ခရမ်းချဉ်သီးမှည့်အလုံးကြီး ရှစ်လုံး
အာလူး အလုံးကြီး လေးလုံး
ငါးကြင်း ၃၀၀-၄၀၀ ဂရမ်
ရှမ်းနံနံ နှစ်ပင်
ကြက်သွန်မြိတ် နှစ်ပင်
နံနံပင် ၁/၄ ခွက် (နုပ်နုပ်စင်းလျက်)
ငရုတ်သီးစိမ်းတောင့် ၅-၆ တောင့်
ကြက်သွန်ဖြူ ၁၂-၁၄ မြွှာ (နှစ်မြွှာနုပ်နုပ်စဉ်းလျက်/ ကျန်တာအားလုံးပါးပါးလှီးလျက်)
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
paprika လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း
ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ၁/၄ ဇွန်း
ပဲငံပြာရည် စားပွဲဇွန်း ၁ ၁/၃ ဇွန်း
ရှမ်းဆန်ကို ရေဆေးပြီး ခါတိုင်းထက် ရေ ၁/၄ ခွက်ပိုထည့်ကာ ကြိုက်နှစ်သက်ရာ နည်းအတိုင်း
ချက်ပါ။
ချက်ပါ။
ပျော့ပြဲပြဲ လေးဖြစ်လေ ပိုကောင်းလေပါ။ ထမင်းကျက်လျှင် ဇလုံထဲတွင် ထည့်ပြီး အအေးခံထားပါ။
ငါးကို ရေဆေးသန့်စင်ပြီးလျှင် ဆား လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း၊ နနွင်းနှင့် ငံပြာရည် လက်ဖက်ရည်
ဇွန်း တစ်ဇွန်းတို့ဖြင့် နယ်ကာနှပ်ထားပေးပါ။
ဇွန်း တစ်ဇွန်းတို့ဖြင့် နယ်ကာနှပ်ထားပေးပါ။
အာလူးတွေကို ရေစင်အောင်ဆေးကာ နူးအိလာသည်အထိပြုတ်ပြီး အအေးခံကာ အခွံခွာထားပါ။
ကြက်သွန်ဖြူဆီချက်ချက်ဖို့အတွက် ဆီ တစ်ခွက်ကို မီးမပြင်းတပြင်းဖြင့် အပူပေးပါ။
ဆီတွေပူလာပြီဆိုလျှင် မီးလျှော့ကာ မီးအေးအေးလေးဖြင့် နနွင်း လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း၊
paprika လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း တို့ကို ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။
paprika လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း တို့ကို ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။
နောက် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူများကို ရွှေဝါရောင်သန်းလာသည်အထိ ကြော်ကာ ဆယ်
ထားပါ။
ထားပါ။
ပြီးလျှင် ဆီကော၊ ကြက်သွန်ဖြူကော အအေးခံကာ အားလုံးအေးသွားမှ ပုလင်းထဲသို့ ရောထည့်
ကာ ထားပါ။
ကာ ထားပါ။
ဇလုံကြီးကြီးတစ်ခုထဲသို့ ကြက်သွန်ဖြူ ဆီချက် ၁/၄ ခွက်၊ ထမင်း သုံးပုံတစ်ပုံ၊ အာလူးတချို့ထည့်
ကာ ဖိခြေခြေပြီး နယ်ပါ။
ကာ ဖိခြေခြေပြီး နယ်ပါ။
အားလူခြေတဲ့ဇွန်းပြား (သို့)လက်ဖြင့် စေးကပ်ပြီးသမအောင်ခြေဖို့လိုပါတယ်။
ထမင်းနဲ့ အာလူးနှံ့ပြီး ကြေလာရင် နောက်ထပ် ထမင်းနဲ့ အာလူးကို ထပ်ထည့်ကာ ရောခြေပြီး
နယ်ပါ။
နယ်ပါ။
ထိုနည်းအတိုင်း အာလူးနဲ့ ထမင်းကုန်သည်အထိ စေးကပ်အောင် နယ်ပါ။
အရသာအတွက် ဆားကို လိုသလောက်ထည့်ပေးပါ။ ပြီးရင် ၂၀ x ၁၆ စင်တီမီတာရှိ သန့်စင်ပြီးသား
ငှက်ပျောဖက်တွေကို အပေါင်းလက္ခဏာပုံစံ ကန့်လန့်စီ ထပ်လျက် ခင်းပါ။
ငှက်ပျောဖက်တွေကို အပေါင်းလက္ခဏာပုံစံ ကန့်လန့်စီ ထပ်လျက် ခင်းပါ။
ထမင်းကို လက်တစ်ဆုပ်ကျော်ကျော်ဆုပ်ပြီး ခင်းထားတဲ့ ငှက်ပျောဖက်များအလယ်မှာ လေးထောင့်
ကျကျ အထူညီညီခင်းကာ ငှက်ပျောရွက်နဲ့ ထုပ်ပါ။ ရှစ်ထုပ်ခန့် ရအောင် ထုပ်ပါ။
ကျကျ အထူညီညီခင်းကာ ငှက်ပျောရွက်နဲ့ ထုပ်ပါ။ ရှစ်ထုပ်ခန့် ရအောင် ထုပ်ပါ။
ငါးတွေကို ရေတစ်ခွက်၊ ရှမ်းနံနံ၊ ကြက်သွန်မြိတ် နှစ်ပင်ခန့်တို့ဖြင့် ပြုတ်ပါ။
ငါးတွေကျက်ရင် အအေးခံပြီး အရိုးများထုတ်ကာ အရေခွံနွှာပြီး အသားတွေ သီးသန့်ဖယ်ထားပါ။
ဟင်းသီးဟင်းရွက်ဆီ ၁/၄ ခွက်ကို Non stick အကြော်ဒယ်ပြားထဲသို့ ထည့်ကာ ထောင်းထားတဲ့
ကြက်သွန်ဖြူများကို ဆီသတ်ပါ။
ကြက်သွန်ဖြူများကို ဆီသတ်ပါ။
ထို့နောက် ငါးများကို ထည့်ပြီး မွှေကြော်ကြော်ပါ။ သစ်သား ယောက်မနဲ့ ငါးများကိုခြေပြီး မွှေပေးပါ။
အရမ်းကြီး ကြွပ်နေတာမျိုးမဟုတ်ဘဲ ငါးအသားဖတ်လေးများ စိုထန့်ထန့်နှင့် ဖွာဖွာလေးဖြစ်နေ
အောင် ဆီနဲ့ လှိမ့်ပေးပါ။
အောင် ဆီနဲ့ လှိမ့်ပေးပါ။
ခရမ်းချဉ်သီးများကို ပြုတ်ပြီး အခွံ နွှာကာ နုပ်နုပ်လေးဖြစ်အောင်ညှပ်ပါ။ ထို့နောက် ခရမ်းချဉ်သီးများ
ကို အိုးတစ်လုံးထဲမှာ ငံပြာရည်စားပွဲဇွန်း တစ်ဇွန်း၊ နုပ်နုပ်စင်းထားတဲ့ နံနံပင်၊ ငရုတ်သီးတို့ ဖြင့်
မီးအေးအေးလေးနဲ့ တည်ကာ အရည်များခန်းလာသည်အထိ ချက်ပါ။
ကို အိုးတစ်လုံးထဲမှာ ငံပြာရည်စားပွဲဇွန်း တစ်ဇွန်း၊ နုပ်နုပ်စင်းထားတဲ့ နံနံပင်၊ ငရုတ်သီးတို့ ဖြင့်
မီးအေးအေးလေးနဲ့ တည်ကာ အရည်များခန်းလာသည်အထိ ချက်ပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ငှက်ပျောဖက်နဲ့ ထုပ်ထားတဲ့ထမင်းနဲ့ အာလူးနယ်များကို အကြော်
ဒယ်ပြား အိုးထဲမှာထည့်ကာ မီးမပြင်းတပြင်းဖြင့် အိုးပူတိုက်ပါ။
ဒယ်ပြား အိုးထဲမှာထည့်ကာ မီးမပြင်းတပြင်းဖြင့် အိုးပူတိုက်ပါ။
ငှက်ပျောဖက်များ ညှိုးလာပြီး ထမင်းနယ်အတွင်းကို ငှက်ပျောနံ့ လေးစွဲသွားတာကြောင့် စားရတာ
ပိုပြီး အနံ့အရသာနဲ့ ပြည့်စုံစေမှာပါ။
ပိုပြီး အနံ့အရသာနဲ့ ပြည့်စုံစေမှာပါ။
ထို့နောက် ငှက်ပျောဖက်ကိုဖြေပြီး ထမင်းပေါ်မှာ ခရမ်းချဉ်သီးအဖျော်ကို တင်၊ ငါးအစိုကြော်လေးကို
ဖြူး၊ ကြက်သွန်ဖြူဆီချက်လေးကို ဆမ်းကာ စားသုံးနိုင်ပါတယ်။
ဖြူး၊ ကြက်သွန်ဖြူဆီချက်လေးကို ဆမ်းကာ စားသုံးနိုင်ပါတယ်။
ဂျူးမြစ်၊ နံနံပင်၊ ငရုတ်သီးကြော်၊ ဆီတို့ဟူး၊ ရှမ်းမုန်ညင်းစိမ်းချဉ်၊ ပဲပုပ်ကြော်/ ထောင်း၊ မြေပဲကြော်
တို့နှင့် တွဲဖက်ပြင်ဆင်ပြီးလည်း စားသုံးမယ်ဆိုရင်တော့ ပိုပြီးတော့ အရသာ စုံလင်တာပေါ.။
တို့နှင့် တွဲဖက်ပြင်ဆင်ပြီးလည်း စားသုံးမယ်ဆိုရင်တော့ ပိုပြီးတော့ အရသာ စုံလင်တာပေါ.။
Subscribe to:
Posts (Atom)